အခန်း (၄၃၃-၄၃၄)
Vol. 44 Ch. 433-434
အခန်း (၄၃၃) ချွမ်ယွမ်ဝေ၏ ဟောကိန်း
ပိုးမွှားသန့်စင်ခြင်း လုပ်ငန်းစဉ်များ ပြုလုပ်ပြီးနောက် စီမာယွမ်က သံချပ်ကာကားကို ကားရပ်နားရန် နေရာ၌ ရပ်တန့်လိုက်လေသည်။ သူတို့ခြောက်ယောက်သည် ကားထဲမှ ထွက်လာကြပြီး ထပ်ဆောင်း ပိုးမွှားသန့်စင်ခြင်းများ ပြုလုပ်ရန် အဖြူရောင် အခန်းငယ်လေးတစ်ခုဆီသို့ ဦးတည်သွားခဲ့ကြလေသည်။
ပြီးစီးသွားသောအခါ ယောင်ရန်က အဖွဲ့သားများဘက် လှည့်ကာ ပြောလိုက်လေသည်။
"ဒီမစ်ရှင်မှာ ကျွန်မနဲ့အတူ လိုက်ပါပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…."
တင်းကျန့်ဖုန်းက သူ၏ ခါးရှိ သေနတ်ကို ပုတ်ကာ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်လေသည်။
"ဒီလက်ဆောင်အတွက် မရီးကို ကျေးဇူးတင်ရမှာက ကျွန်တော်တို့ပါ…"
သူ၏စကားကြောင့် ယောင်ရန် ပြုံးလိုက်လေသည်။ သူမ၏ နာရီမှ အချိန်ကို ကြည့်လိုက်ပြီး သူမက
ပြောလိုက်လေသည်။
"ကျွန်မ လုပ်စရာလေးတွေ ကျန်သေးတယ်… ရှင်တို့နဲ့ နောက်မှ ပြန်တွေ့ကြတာပေါ့…"
တင်းကျန့်ဖုန်းက ခေါင်းညိတ်ပြလိုက်လေသည်။
"ကောင်းပါပြီ…"
သူမ မထွက်ခွာမီမှာပင်၊ ချွမ်ယွမ်ဝေက ရုတ်တရက် စကားဆိုလာခဲ့လေသည်။
"အစ်မယောင်... ကျွန်တော်တို့ သီးသန့်စကားနည်းနည်း ပြောလို့ရမလား…."
မျက်ခုံးအနည်းငယ် ပင့်လိုက်ရင်း ယောင်ရန်က ခေါင်းညိတ်ပြလိုက်လေသည်။
"ရပါတယ်…"
သူတို့တွင် ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိနေကြောင်းကို မြင်သောအခါ မာဘန်ရွှမ်က အလိုက်သိစွာ ဖြင့် ထွက်သွားပေးလိုက်လေသည်။
"ကျွန်တော်တို့ အရင်သွားနှင့်တော့မယ်…"
"ကောင်းပြီလေ… နောက်မှ တွေ့ကြတာပေါ့…"
ချွမ်ယွမ်ဝေက ပြန်ဖြေလိုက်လေသည်။
သူတို့နှစ်ယောက်တည်း ကျန်ခဲ့ချိန်တွင် ယောင်ရန်က မေးလိုက်လေသည်။
"အစ်ကိုချွမ်၊ ကျွန်မကို ဘာပြောချင်လို့လဲ…"
ချွမ်ယွမ်ဝေက သူမကို ကြည့်ကာ မေးလိုက်လေသည်။
"အစ်မယောင်၊ လော့ချန်မြို့ကို သွားဖို့ စီစဉ်နေတာလား…"
ယင်းကိုကြားသောအခါ ယောင်ရန်၏ မျက်ဝန်းများက ခေတ္တမျှ တုန်လှုပ်သွားခဲ့လေသည်။
ဤအစီအစဉ်နှင့် ပတ်သက်၍ မည်သူ့ကိုမျှ သူမ မပြောရသေးသလို လုံယုကလည်း အခြားသူများကို အသိပေးရန် အချိန်မရသေးပေ။ သို့ရာတွင် ချွမ်ယွမ်ဝေသာ ကြိုသိနေခဲ့မည်ဆိုလျှင် သူ၏ ကြိုတင်ခန့် မှန်းနိုင်စွမ်းဖြင့် တစ်စုံတစ်ရာကို မြင်တွေ့ခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။
သူ၏ ကြိုတင်ခန့်မှန်းချက်များက များသောအားဖြင့် မည်မျှ တိကျလေ့ရှိကြောင်းကို တွေးတောမိသော အခါ ယောင်ရန်၏ မျက်နှာအမူအရာက လေးနက်သွားခဲ့ပေသည်။
"အစ်ကိုချွမ်... ဘာတွေမြင်ခဲ့လို့လဲ…." ဟု သူမက မေးလိုက်သည်။
သူ၏ စွမ်းရည်ကို အသုံးပြုခဲ့ကြောင်း သူမ ခန့်မှန်းမိလောက်ပြီဟု သိထားသောကြောင့် ချွမ်ယွမ်ဝေက သူမကို သတိပေးရန် ဆုံးဖြတ်လိုက်ပေသည်။
သူက စကားမပြောမီ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ…၊
"အစ်မယောင်... ကျွန်တော် မြင်ခဲ့ရတာတွေက သိပ်မရှင်းလင်းလှဘူး… တစ်ချိန်တည်းမှာပဲ မြင်ကွင်း အချို့ကို ကျွန်တော် မြင်ခဲ့ရတယ်…"
"ပထမမြင်ကွင်းမှာ အနက်ရောင်ဝတ်ထားတဲ့ အမျိုးသားတစ်ယောက်က ကလေးတစ်စုကို ကာကွယ် ပေးနေရင်းနဲ့ ပုံပျက်နေတဲ့ သတ္တဝါဆိုးတွေရဲ့ ဝိုင်းရံတာကို ခံထားရတယ်… ဒုတိယမြင်ကွင်းမှာတော့ မျက်မှန်တပ်ထားတဲ့ အမျိုးသားတစ်ယောက်က အဆောက်အအုံတစ်ခုရဲ့ အပေါ်မှာ ရပ်နေပြီး အဲဒီ အနက်ရောင်ဝတ် အမျိုးသားက သူ့အသက်နဲ့ သူ့နောက်က လူတွေအတွက် အသေအလဲ တိုက်ခိုက် နေတာကို စောင့်ကြည့်နေတယ်…"
"ပုံပျက်နေတဲ့ သတ္တဝါဆိုးတွေရဲ့ ရေအတွက်က အရမ်းများပြီးတော့ အနက်ရောင်ဝတ် အမျိုးသားက ကြောက်မက်ဖွယ်ကောင်းတဲ့ ဇာတ်သိမ်းနဲ့ ကြုံတွေ့ခဲ့ရတယ်… သူ သေဆုံးသွားပြီးတဲ့နောက်တော့ သူ ကာကွယ်ပေးခဲ့တဲ့ ကလေးတွေကလည်း ပုံပျက်နေတဲ့ သတ္တဝါဆိုးတွေအဖြစ် ပြောင်းလဲသွားကြ တယ်ဒါပေမဲ့ သူတို့က လူစိတ်ရှိနေတဲ့ပုံတော့ပေါ်တယ်…"
"နောက်ဆုံးမြင်ကွင်းမှာကျတော့ မျက်မှန်နဲ့ အမျိုးသားရှေ့မှာ ခင်ဗျား လဲကျသွားတာကို ကျွန်တော် မြင်လိုက်ရတယ်… အဲဒီနောက်ပိုင်းတော့ အရာအားလုံး အမှောင်ကျသွားတော့တာပဲ…"
ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ချွမ်ယွမ်ဝေက ထပ်ပြောလိုက်လေသည်။
"အစ်မယောင်၊ ခင်ဗျား လော့ချန်မြို့ကို လုံးဝမသွားသင့်ဘူး… ဒီနိမိတ်တွေအားလုံးက မှောင်မိုက်တဲ့ အနာဂတ်ကို ညွှန်ပြနေတာပဲ…"
သူ၏ စကားများကို ကြားပြီးနောက် ယောင်ရန် နက်ရှိုင်းသော တွေးတောမှုထဲ နစ်ဝင်သွားတော့သည်။ အချိန်ခဏမျှ စဉ်းစားပြီးနောက် သူမက ပြောလိုက်လေသည်။
"သတိပေးတဲ့အတွက် ကျေးဇူးပါပဲ အစ်ကိုချွမ်"
လော့ချန်မြို့သို့ သွားရန် သူမ ရည်ရွယ်ထားဆဲဖြစ်ကြောင်းကို ချွမ်ယွမ်ဝေ သိလိုက်ပေသည်။
စိတ်ထဲမှ သက်ပြင်းချလိုက်ရင်း သူက ပြောလိုက်လေသည်။
"ကျွန်တော့်စွမ်းရည်က အနာဂတ်ကို ကြိုတင်မြင်တွေ့နိုင်ခွင့် ပေးထားပေမဲ့၊ အနာဂတ်ဆိုတာ အမြဲတမ်း ပြောင်းလဲနေတတ်တာမျိုးပဲလေ… ခင်ဗျားက သွားဖို့ ဆုံးဖြတ်ထားပြီးပြီဆိုမှတော့ သတိထားပြီးတော့ သွားပါ…"
သူ၏ စိုးရိမ်ပူပန်မှုမှ နွေးထွေးမှုကို ယောင်ရန် ခံစားလိုက်ရပြီး ခေါင်းညိတ်ပြလိုက်လေသည်။
"ကျွန်မ နားလည်ပါပြီ…"
ပြောသင့်ပြောထိုက်သည်များကို ပြောပြီးသွားပြီဖြစ်၍ ချွမ်ယွမ်ဝေက ပြောလိုက်လေသည်။
"အစ်ကိုယီရွှယ်နဲ့ အစ်မကျားရှန်တို့ကို ကူညီပေးဖို့ အလုပ်ရုံဆီ ကျွန်တော် သွားလိုက်ပါဦးမယ်… ခင်ဗျား... အပြင်သွားတဲ့အခါ ဂရုစိုက်ပါဦး…"
"နားလည်ပါပြီ…"
ထို့နောက် ချွမ်ယွမ်ဝေ ထွက်သွားပြီး ယောင်ရန်သည် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီပေးရန် အာရုံစိုက်လိုက်လေတော့သည်။
သုံးရက်ကြာပြီးနောက် သံလိုက်စက်ကွင်း ရွေ့လျားမှုက နှေးကွေးသွားပြီး မြေပြင်ပေါ်သို့ ဂြိုဟ်တုများ ထပ်မံပြုတ်ကျလာခြင်း မရှိတော့ပေ။ ရွှီချီဖုန်က ကယ်ဆယ်ရေးလုပ်ငန်းများကို မရပ်တန့်မီ ကယ် ဆယ်ရေးမစ်ရှင်ကို နောက်ထပ် ဆယ်ရက်တိုင်တိုင် ဆက်လက်လုပ်ဆောင်ခဲ့လေသည်။
မစ်ရှင်ကို တရားဝင် ရပ်ဆိုင်းလိုက်ပြီး နောက်တစ်နေ့တွင်၊ အသက်ရှင်ကျန်ရစ်သူများသည် အရေးပေါ် ကယ်ဆယ်ရေးစခန်းများ၌ပင် ဆက်လက်နေထိုင်နေလျက်ရှိကြပေသည်။ လေကြောင်းရန်ခိုလှုံရေး စခန်းက အစားအစာနှင့် ရေများကို ဆက်လက်ပေးပို့နေသောကြောင့် အသက်ရှင်ကျန်ရစ်သူများသည် ထွက်ခွာသွားရန် တွန့်ဆုတ်နေကြတော့သည်။
အခမဲ့ ထောက်ပံ့ရေးပစ္စည်းများကို အခွင့်ကောင်းယူရန်အတွက် အသက်ရှင်ကျန်ရစ်သူများ ပိုမိုနေထိုင် လာကြသောအခါ ရွှီရွှီချီဖန်းက အစည်းအဝေးတစ်ခု ခေါ်ယူလိုက်လေသည်။
စားပွဲ၏ ထိပ်ဆုံးတွင် ထိုင်နေသော ရွှီရွှီချီဖန်းက ယောင်ရန်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ရှောင်ရန်၊ သမီးတို့ကို ဒုက္ခပေးမိတဲ့အတွက် ဦးလေး တောင်းပန်ပါတယ်… ပြီးတော့ ပြီးခဲ့တဲ့ရက်တွေက သမီးနဲ့ သမီးသူငယ်ချင်းတွေ ကူညီပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်…"
သူပြောသည်ကို ကြားသောအခါ ယောင်ရန်က ခေါင်းခါပြလိုက်လေသည်။
"ဒါက ဦးလေးရွှီရဲ့ အမှားမဟုတ်ပါဘူး… ဦးလေးရဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်… အသက်ရှင် ကျန်ရစ်သူတွေက သူတို့ကို အကန့်အသတ်မရှိ ကျွေးမွေးထားဖို့ မျှော်လင့်လာကြလိမ့်မယ်ဆိုတာကို ဦးလေး ကြိုတင်ခန့်မှန်းနိုင်စရာ အကြောင်းမှ မရှိခဲ့တာပဲလေ…"
သူမ ပြောပြီးနောက် ရွှီရူဟန်က မေးလိုက်လေသည်။
"ဦးလေး... သူတို့အတွက် ဘယ်လိုအစီအစဉ် ရှိလဲ…"
ရွှီရွှီချီဖန်းက ခေတ္တမျှ တွေးတောပြီးမှ ပြန်ဖြေလိုက်လေသည်။
"သူတို့ကို ငါတို့ ကယ်တင်ခဲ့ပြီးပြီဆိုမှတော့ ဒီအတိုင်း သေခိုင်းလိုက်လို့မှ မရတာ… ဒါပေမဲ့၊ သူတို့ကို အကန့်အသတ်မရှိ ကျွေးမွေးထားဖို့ဆိုတာလည်း ငါတို့အတွက် မဖြစ်နိုင်ဘူး… ငါတို့မှာ စေတနာရှိရင် တောင်မှ အဲဒီလောက် အရင်းအမြစ်တွေ မရှိဘူးလေ…"
"ဒီတောင်ကြီးကို ငါတို့ရဲ့ အခြေစိုက်စခန်းအသစ်အဖြစ် ပြောင်းလဲဖို့ ဦးလေး စီစဉ်ထားတယ်… အသက် ရှင်ကျန်ရစ်သူတွေကို ငါတို့အဖွဲ့ထဲ ပေါင်းထည့်ပြီး ဆောက်လုပ်ရေးအပိုင်းမှာ သူတို့ကို ကူညီခိုင်းမယ်… သူတို့က ဆောက်လုပ်ရေးအလုပ်တွေကို ကိုင်တွယ်ပေးရင် မင်းတို့နဲ့ စွမ်းအားရှင်တွေက ထောက်ပံ့ရေး ပစ္စည်းတွေ ရှာဖွေတာ ဒါမှမဟုတ် အစားအစာ စိုက်ပျိုးရေးဘက်မှာ ပိုပြီး အာရုံစိုက်နိုင်မှာပေါ့…"
သူပြောသည်ကို ကြားသောအခါ အကြီးတန်းအရာရှိများသည် အချင်းချင်း တီးတိုးပြောဆို ဆွေးနွေးကြ လေသည်။ ရွှီရွှီချီဖန်းက သူတို့အချင်းချင်း ဆွေးနွေးနေသည်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးခဲ့လေ သည်။
အချိန်အနည်းငယ် ကြာပြီးနောက် အကြီးတန်းအရာရှိတစ်ဦးက စကားဆိုလာခဲ့လေသည်။
"တပ်မှူးကြီး... ကျွန်တော်တို့ နေရာရွှေ့ပြောင်းလာတုန်းက ထောက်ပံ့ရေးပစ္စည်း အများကြီး မသယ်လာ နိုင်ခဲ့ဘူး… ကယ်ဆယ်ရေးမစ်ရှင်က ကျွန်တော်တို့ဆီမှာ ကျန်နေတဲ့ ပစ္စည်းအများစုကို ကုန်သွားစေခဲ့ပြီ… အခုအချိန်မှာ လူဒီလောက်အများကြီးကို ကျွန်တော်တို့ ထောက်ပံ့ပေးနိုင်မယ် မထင်ဘူး…"
အခြားအရာရှိတစ်ဦးကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ကာ ထပ်ဖြည့်ပြောလိုက်လေ သည်။
"ဒါအမှန်ပဲ… အပြင်ဘက်က ထောက်ပံ့ရေးပစ္စည်းတွေကလည်း ဘေးအန္တရာယ်တွေကြောင့် ပျက်စီး သွားတာ ဒါမှမဟုတ် လုယက်ခံလိုက်ရတာမျိုး ဖြစ်နေနိုင်တယ်… ကျွန်တော်တို့ ကိုယ့်ဖာသာကိုယ် ဖူလုံအောင် မလုပ်နိုင်သရွေ့ ဒီပြဿနာက ပြေလည်သွားမှာ မဟုတ်ဘူး…"
အစည်းအဝေးခန်းအတွင်း တီးတိုးဆွေးနွေးနေမှုများကြားတွင် ချင်ယုံဟန်က အကြံပြုချက်တစ်ခု ပေး လာခဲ့လေသည်။
"တပ်မှူးကြီး... တကယ်လို့ ကျွန်တော်တို့ မျိုးစေ့အသစ်တွေ ရနိုင်မယ်ဆိုရင် ကျွန်တော့်အဖွဲ့နဲ့ သစ်သား၊ ရေ၊ မြေ အစရှိတဲ့ စွမ်းရည်ပိုင်ရှင်တွေ ပေါင်းပြီး ကောက်နှံ ဒါမှမဟုတ် ဟင်းသီးဟင်းရွက်တွေကို စိုက် ပျိုးနိုင်ကောင်း စိုက်ပျိုးနိုင်ပါလိမ့်မယ်…"
သူ၏ အကြံပြုချက်ကို ကြားသောအခါ ရွှီချီဖုန်က နက်ရှိုင်းသော တွေးတောမှုထဲ နစ်ဝင်သွားတော့သည်။ စိုက်ပျိုးရေးတက္ကသိုလ်မှ သိပ္ပံပညာရှင်များပင်လျှင် မျိုးစေ့မရှိဘဲ မည်သည့်အရာကိုမျှ စိုက်ပျိုးနိုင် မည်မဟုတ်ကြောင်း တွေးမိသောအခါ သူ၏ စိုးရိမ်ပူပန်မှုက ပိုမိုနက်ရှိုင်းသွားခဲ့ပေသည်။
အခန်းတွင်း တိတ်ဆိတ်သွားစဉ် ယောင်ရန်က သူမ၏လက်ကို မြှောက်လိုက်လေသည်။ သူမက သူတို့ အားကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။
"အားလုံးပဲ... ကျွန်မ မျိုးစေ့တချို့ ထောက်ပံ့ပေးနိုင်ပါတယ်…"
သူမ၏ စကားသံ အဆုံးတွင်၊ လူတိုင်းက သူမကို အံ့သြတကြီး လှည့်ကြည့်လာခဲ့ကြပေသည်။
"အစ်မယောင်... တကယ်ပြောနေတာလား…."
မျှော်လင့်ချက်များဖြင့် တောက်ပနေလျက်ရှိသော မျက်ဝန်းများနှင့်အတူ ချင်ယုံဟန်က မေးလိုက်လေ တော့သည်။
အချိတ်အဆက် မိမိဖြင့် ဆီလျော်အောင် ဘာသာပြန်ဆိုထားသည့် စာသားဖြစ်ပါသည်။
အခန်း (၄၃၄) ထာဝရည၏ အဆုံးသတ်
ယောင်ရန်က ခေါင်းညိတ်ပြရင်း ရှင်းပြလိုက်လေသည်။
"ဟုတ်ကဲ့၊ ကျွန်မတို့ဆီမှာ ဖန်လုံအိမ်တွေနဲ့ ရေသွင်းစိုက်ပျိုးရေးစနစ်သုံး အခန်းတွေရှိပါတယ်… အပြင် ဘက်မှာလည်း စားလို့ရတဲ့ မျိုးရိုးဗီဇပြောင်းအပင်တွေ စိုက်ပျိုးဖို့ မြေအချို့ ပြုပြင်ထားပါတယ်… အမျိုး အနွယ် သိပ်မစုံသေးပေမဲ့ လူတိုင်းကို ကျွေးမွေးဖို့တော့ လုံလောက်မှာပါ…"
"အသားအတွက်ဆိုရင်တော့ မျိုးရိုးဗီဇပြောင်း တိရစ္ဆာန်တွေကို အမဲလိုက်ဖို့ အဖွဲ့တွေ ဖွဲ့လို့ရပါတယ်… ပြီးတော့ ကျွန်မဆီမှာ ပိုလျှံနေတဲ့ မွေးမြူရေး တိရစ္ဆာန်တွေ၊ ကြက်ငှက်တွေနဲ့ ငါးတွေလည်း ရှိတယ်၊ အားလုံးကို ဝေမျှပေးဖို့ အသင့်ပါပဲ…"
သူမ စကားဆုံးသွားချိန်တွင် တစ်ခန်းလုံး တိတ်ဆိတ်သွားပြီး အားလုံး မှင်တက်သွားကြလေတော့သည်။ ယနေ့ခေတ်ကာလတွင် သာမန်တိရစ္ဆာန်များ ကျန်ရှိနေသေးသည်ဟူသောအချက်က ယုံနိုင်စရာပင် မရှိ တော့ပေ။
ခဏကြာမှ သတိပြန်ဝင်လာသော ရွှီချီဖန်က မျှော်လင့်တကြီး မေးလိုက်လေသည်။
"ရှောင်ရန်... ဒီပစ္စည်းတွေအတွက် အပြန်အလှန်အနေနဲ့ မင်း ဘာလိုချင်သလဲ…"
မဟာမိတ်အချင်းချင်း ဖြစ်သော်လည်း ရှင်းလင်းပြတ်သားသည့် သဘောတူညီမှုရှိရန် အရေးကြီး ကြောင်း ယောင်ရန် ကောင်းကောင်းသိပေသည်။ အစကတည်းက မပြတ်မသား လုပ်ထားပါက နောင်တွင် စေတနာကို အခွင့်ကောင်းယူသည့် အခြေအနေမျိုး ဖြစ်လာနိုင်ပေသည်။
သူမ ခေတ္တစဉ်းစားပြီးနောက် ပြန်ဖြေလိုက်လေသည်။
"လောလောဆယ်တော့ ကျွန်မ ဘာမှမလိုပါဘူး… ဒီလိုလုပ်ရင်ကော... ဒီရိက္ခာတွေအတွက် အပြန် အလှန်အနေနဲ့ ဦးလေးရွှီက ကျွန်မကို ကတိတစ်ခု ပေးရမယ်…"
ရွှီချီဖန်သည် အဖွဲ့တွင် ရာထူးအမြင့်ဆုံးဖြစ်ပြီး လုပ်ပိုင်ခွင့်နှင့် အရှိန်အဝါ ကြီးမားသူဖြစ်ပေသည်။ အထူး သဖြင့် သေတ္တာတော် အဖွဲ့ကို ရင်ဆိုင်ရမည့် အနာဂတ်ကာလတွင် သူ၏အကူအညီ လိုအပ်လာနိုင်သည် ကို ကြိုတင်တွက်ဆကာ ယောင်ရန်က ယနေ့တွင် သူ၏ကတိကို ရယူထားလိုက်ခြင်းဖြစ်ပေသည်။
ရွှီချီဖန်က သူမကို ခေတ္တမျှ စူးစမ်းကြည့်ပြီးနောက် လေးနက်စွာ မေးလိုက်လေသည်။
"မင်း တကယ်ပဲ ကတိတစ်ခုတည်း လိုချင်တာ သေချာရဲ့လား…"
"သေချာပါတယ်…."
ယောင်ရန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်။
ရွှီချီဖန် စဉ်းစားပြီးနောက် ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။
"ကောင်းပြီလေ၊ မင်းကို ငါ ကတိတစ်ခု ပေးပါတယ်… လိုအပ်တဲ့အချိန်ကျရင် ငါ့ကို ပြောလိုက်ပါ…"
သူ၏ သဘောတူညီမှုကြောင့် ယောင်ရန် ကျေနပ်စွာ ပြုံးလိုက်မိလေသည်။
"ကျေးဇူးတင်ပါတယ် ဦးလေးရွှီ၊ အချိန်တန်ရင် ကျွန်မ ပြောပါ့မယ်…"
မျိုးစေ့များ၊ မွေးမြူရေး တိရစ္ဆာန်များနှင့် ငါးများအတွက် စီစဉ်ပြီးနောက် အဖွဲ့သားများသည် စခန်းတည် ဆောက်ရေးကို စတင်ဆွေးနွေးကြတော့သည်။ သူမဘက်မှ လုပ်ဆောင်ပေးစရာ မရှိတော့သဖြင့် ထွက် ခွါရန် နှုတ်ဆက်လိုက်သည်။
"ကျွန်မမှာ တခြားကိစ္စလေးတွေ ရှိသေးလို့ ခွင့်ပြုပါဦးနော်… ရိက္ခာတွေကိုတော့ ကျွန်မအဖွဲ့သားတွေက နောက်မှ လာပို့ပေးပါလိမ့်မယ်…."
ရွှီချီဖန်က ခေါင်းညိတ်လျက် ပြောလိုက်လေသည်။
"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် ရှောင်ရန်…"
သူမ ထွက်သွားပြီးနောက် မုရှီးချန်က ရွှီရူဟန်၏ နားနားကပ်ကာ တိုးတိုးလေး မေးလိုက်လေသည်။
"ရူဟန်... မင်း ဒီနားတစ်ဝိုက်မှာ မွေးမြူရေး တိရစ္ဆာန်တွေ တွေ့ဖူးလား…"
ရွှီရူဟန်က ခေါင်းခါပြကာ ဖြေလိုက်လေသည်။
"မတွေ့ဖူးပါဘူး…"
"ငါလည်း မတွေ့ဖူးဘူး…"
မုရှီးချန်က ပိတ်သွားသော တံခါးဘက်ကို လှမ်းကြည့်ရင်း ရေရွတ်မိလေသည်။
"ညီမလေး ရန်ရန်မှာ ဒါတွေကို မွေးထားတဲ့ လျှို့ဝှက်နေရာများ ရှိနေမလား…"
ရွှီရူဟန်က ထိုအချက်ကို စဉ်းစားကြည့်သော်လည်း….၊
"ငါလည်း မသိဘူး… ဒါက ငါတို့နဲ့ မဆိုင်ဘူးလေ… သူက ငါတို့ကို ဝေမျှပေးတာကိုပဲ ငါ ကျေးဇူးတင်လှ ပါပြီ…" ဟု ဖြေလိုက်လေသည်။
ရွှီရူဟန်က စပ်စုလိုစိတ် မရှိသည်ကို မြင်သောအခါ မုရှီးချန်က သူ့အား အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ပေ။
ရွှီချီဖန်နှင့် သူ၏အဖွဲ့သားများ စခန်းသစ်တည်ဆောက်ရေးတွင် အလုပ်များနေစဉ် ယောင်ရန်နှင့် လုံယု တို့သည် လော့ချန်မြို့သို့ သွားရန် ပြင်ဆင်မှုများ ပြုလုပ်နေခဲ့ကြပေသည်။
ဆယ်ရက်အကြာတွင် ယောင်ရန်သည် ထုံးစံအတိုင်း စောစောနိုးလာခဲ့ပြီး အပြင်ဘက်ရှိ စိုက်ပျိုးမြေကို စစ်ဆေးရန် ခိုလှုံရာစခန်းမှ ထွက်လာခဲ့လေသည်။ တံခါးကို ဖွင့်လိုက်သည်နှင့် ထူးခြားမှုတစ်ခုကို သူမ သတိထားမိလိုက်လေသည်။
အပြင်ဘက်တွင် လင်းထိန်နေသည်ကို မြင်သောအခါ သူမက တွေးမိလိုက်လေသည်။
*နေရောင်ခြည်သုံး မီးအိမ်တွေကို အလင်းလျော့ထားရမှာ မဟုတ်လား၊ ဘာလို့ ဒီလောက်လင်းနေ တာလဲ…*
တစ်စုံတစ်ယောက်က မှားယွင်းစွာဖြင့် ခလုတ်များ ချိန်ညှိထားသည်ဟု ထင်မှတ်ကာ ယောင်ရန်က တံခါးကို တွန်းဖွင့်၍ အပြင်သို့ ထွက်လိုက်လေသည်။ သို့သော် အပြာရောင် သန်းနေသော ကောင်းကင် ယံကို မြင်လိုက်ရသည့် ခဏ၌ သူမ အံ့အားသင့်ကာ မှင်တက်သွားရပေတော့သည်။
အခြေအနေကို သူမ အပြည့်အဝ နားမလည်နိုင်သေးခင်မှာပင် စိုက်ပျိုးမြေသို့ သွားနေသော အလုပ် သမားများနှင့် အပြင်ဘက်ရှိ ကင်းလှည့်ရဲဘော်များမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြတော့သည်။
"နေမင်းကြီးပဲ… နေထွက်လာပြီဟေ့… ငါ အိပ်မက်မက်နေတာလား…."
လူငယ်တစ်ဦးက သူ၏သူငယ်ချင်းဖြစ်သူ လက်ကို ဆွဲခါရင်း ကောင်းကင်ကို လက်ညှိုးထိုးပြကာ အော်ဟစ်လိုက်လေသည်။
သူ့စကားကြောင့် အားလုံး သတိဝင်လာပြီးနောက် ပျော်ရွှင်စွာ အော်ဟစ်သံများ လေထုထဲတွင် ပျံ့လွင့် သွားခဲ့လေတော့သည်။
အဘိုးအိုတစ်ဦးမှာ ဒူးထောက်ကျသွားပြီး မျက်ရည်များ ဝဲလျက် ငိုကြွေးကာ အော်ဟစ်နေတော့သည်။
"မိုးနတ်မင်းကြီးက နောက်ဆုံးတော့ သနားညှာတာပြီ… မိုးနတ်မင်းကြီးက နောက်ဆုံးတော့ သနားညှာ တာပြီ…."
သုံးလတိုင်တိုင် မှောင်မိုက်နေသော အခြေအနေကို ခံစားခဲ့ရသဖြင့် အသက်ရှင်ကျန်ရစ်သူ အများ အပြားမှာ စိတ်ဓာတ်ကျနေခဲ့ကြပေသည်။ ဒေါသထွက်လွယ်ကာ ရန်ပွဲများ ခဏခဏ ဖြစ်ပွားလေ့ရှိ သဖြင့် ကင်းလှည့်ရဲဘော်များပင် မကြာခဏ ဝင်ရောက်ထိန်းသိမ်းခဲ့ရပေသည်။ ယခုအခါ အလင်းရောင် စဦးကို မြင်တွေ့လိုက်ရသဖြင့် မှိန်ဖျော့နေဦးမည် ဖြစ်သော်လည်း အားလုံး၏ စိတ်ဓာတ်များ ပြန်လည် နိုးကြားလာခဲ့ပေတော့သည်။
မိနစ်အနည်းငယ်အကြာတွင် ပထမဆုံးသော နေရောင်ခြည်သည် အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှ ဖြည်း ဖြည်းချင်း စတင်ထွက်ပေါ်လာခဲ့လေသည်။ ထိုအလင်းမှာ စူးရှခြင်း မရှိဘဲ မှိုင်းညို့ညို့ ဖြစ်နေသော် လည်း လနှင့်ချီ၍ အမှောင်ထဲတွင် နေခဲ့ရသူများအတွက်မူ အလွန်ပင် လှပလွန်းနေခဲ့ပေတော့သည်။
ထာဝရည ကုန်ဆုံးသွားပြီဟူသော သတင်းကြောင့် လူအများအပြား အပြင်သို့ ထွက်လာကြပြီး သုံးလ ကျော်အတွင်း ပထမဆုံးသော နေထွက်ချိန်ကို စောင့်ကြည့်ကာအောင်ပွဲခံကြလေသည်။
ထိုအချိန်တွင် ယောင်ရန်မှာမူ မလှုပ်မယှက် ရပ်နေပြီး အရောင်ပြောင်းလဲလာသော ကောင်းကင်ကို စိုက်ကြည့်နေမိခဲ့လေသည်။ ယခင်ကကဲ့သို့ ပြာလွင်သော ကောင်းကင်မျိုး မဟုတ်ဘဲ ယခုအခါတွင် ဖုန်မှုန့်နှင့် ပြာများ ဖုံးလွှမ်းနေသော မြူကဲ့သို့ ဖြစ်နေခဲ့ပေသည်။
ထူထပ်သော မြူများထဲတွင် လွင့်မျောနေသော အမှုန်အမွှားများကို ကြည့်ကာ ယောင်ရန် မျက်မှောင် ကြုတ်လျက် အလေးအနက် စဉ်းစားနေခဲ့မိပေသည်။ ထိုစဉ် လုံယုက သူမအနားသို့ ရောက်လာပြီး သူမကို နောက်ကျောမှ သိုင်းဖက်လိုက်လေသည်။
"ရန်ရန်... ကောင်းသောနံနက်ခင်းပါ…"
သူက တိုးတိုးလေး နှုတ်ဆက်လိုက်လေသည်။
သူမ အတွေးထဲမှ သတိပြန်ဝင်လာပြီး သူ့ကို မော့ကြည့်ကာ ပြုံးပြလိုက်လေသည်။
" ကောင်းသောနံနက်ခင်းပါ အာယု…"
သူမ၏ မျက်ဝန်းထဲမှ စိုးရိမ်ရိပ်ကို မြင်သောအခါ လုံယုက မေးလိုက်လေသည်။
"တစ်ခုခုကို စိတ်ပူနေတာလား…"
ယောင်ရန်က မှိုင်းညို့နေသော ကောင်းကင်ကို ပြန်ကြည့်ရင်း လေးပင်စွာ ပြန်ဖြေလိုက်လေသည်။
"ထာဝရည ပြီးဆုံးသွားပြီ ဆိုပေမဲ့ လေထဲက မြူတွေနဲ့ ဖုန်မှုန့်တွေက ကျွန်မကို စိတ်ပူစေတယ်… ဒါက နောက်ထပ် ဘေးအန္တရာယ်တစ်ခုဆီကို ဦးတည်သွားမှာ စိုးမိတယ်…"
သူမ၏ စိုးရိမ်မှုကို ကြားသောအခါ လုံယုက ခေတ္တမျှ စဉ်းစားပြီး ပြန်ဖြေလိုက်လေသည်။
"ဒီမြူတွေနဲ့ ပြာတွေကြောင့် ဖျားနာတာတွေ ဖြစ်လာနိုင်လို့ ကျိကျိနဲ့ ဦးလေးဟန်တို့ကို ဆေးဘက်ဝင် အပင်တွေ ပိုပြင်ထားဖို့ ငါ ပြောလိုက်မယ်…"
ယောင်ရန်က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လေသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေ သည်။
"ကျွန်မရဲ့ နေရာလွတ် ထဲကနေ ဆေးဘက်ဝင်အပင် အသစ်တစ်သုတ် ထပ်ပြီး ရိတ်သိမ်းထားတာ ရှိတယ်… ဆရာဝန်တွေ အသုံးပြုလို့ရအောင် အဲဒါတွေကို ဆေးခန်းဆီ ပို့ပေးလိုက်မယ်လေ…"
သူမ ထိုသို့ပြောနေစဉ် အနီးနားရှိ လူတစ်ဦးက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဟေ့... ဒီဖုန်မှုန့်တွေက ဘယ်ကနေ ရောက်လာတာလဲ…"
အနားတွင် ရပ်နေသော တခြားလူတစ်ဦးကလည်း သူ၏မျက်နှာကို သုတ်လိုက်ရာ လက်ချောင်းများတွင် ဖုန်မှုန့်အလွှာပါးလေး တင်ကျန်နေသည်ကို တွေ့လိုက်ရလေသည်။ သူက အနီးကပ် စစ်ဆေးကြည့်ပြီး နောက် သူငယ်ချင်းဖြစ်သူကို မေးလိုက်လေသည်။
"ဒါ... မီးတောင်ပြာတွေ မဟုတ်ဘူးလား…"
သူ့စကားကြောင့် လူတိုင်း သတိထားမိသွားကြလေတော့သည်။ အားလုံးက မိမိတို့၏ မျက်နှာကို ထိ ကြည့်လိုက်ကြပြီး ခန္ဓာကိုယ်ပေါ်တွင် ကပ်ငြိနေသော ပြာမှုန့်များကို သတိပြုမိသွားခဲ့ကြလေသည်။
မီးတောင်ပြာများ တစ်စက္ကန့်ထက်တစ်စက္ကန့် ပိုမို ထူထပ်လာသောကြောင့် ယောင်ရန်က ညွှန်ကြားလိုက် တော့သည်။
"အားလုံးပဲ အထဲကို ပြန်ဝင်ကြပါ၊ အပြင်မှာ အလုပ်လုပ်မယ့်သူတွေကို နှာခေါင်းစည်း တွေ ဝေပေးပါ မယ်… အပြင်ထွက်မယ့်သူတွေ အနေနဲ့ ရောဂါမရအောင် နှာခေါင်းကို သေချာဖုံးအုပ်ထားကြပါ…"