အခန်း (၂၉၉၅-၂၉၉၆)
Vol. 300 Ch. 2995-2996
အခန်း (၂၉၉၅) - ဧကရာဇ် ခြောက်ပါးနှင့် မိဖုရား သုံးပါး
"ဟမ်းဟမ်း... အားလုံးပဲ၊ ငါတို့လည်း မတွေ့ရတာ ကြာပြီ မဟုတ်လား။"
ဆန်းကြယ်လှသော ဟင်းလင်းပြင်နယ်မြေ ထဲတွင် ရှူးဖူ ရုတ်တရက် ပေါ်ထွက်လာသည်နှင့်တပြိုင်နက် စခန်းနယ်မြေ အသီးသီးမှ စခန်းတာဝန်ခံများကို တွေ့လိုက်ရသည်။
အချို့က ထျန်းရွှမ်စခန်းမှ ဖြစ်ကြပြီး၊ အချို့က ဘောက်ကျင်းစခန်းမှ၊ အချို့က ချင်းရှစ်စခန်းမှ၊ အချို့က ရေခဲပြင်မြေစခန်းမှ... ဖြစ်ကြသည်။
"ရှူးဖူ၊ ငါတို့ မတွေ့ရတာ တကယ်ပဲ နှစ်တွေ အများကြီး ကြာသွားပြီပဲ၊ မင်းရဲ့ ရလဒ်တွေ မကောင်းတော့တာ၊ လုပ်ငန်းစွမ်းဆောင်ရည် ညံ့ဖျင်းလာတာနဲ့ ဝူရှန်းပေမြိန့်စခန်းကို ပို့ဆောင်ခံလိုက်ရပြီးတဲ့နောက်မှာပေါ့။"
"အနည်းဆုံး နှစ်ငါးသောင်းတောင် ရှိသွားပြီ၊ ငါတို့ တစ်ခါမှ မတွေ့ဖြစ်ကြတော့ဘူး မဟုတ်လား။"
ထျန်းရွှမ်စခန်းမှ စခန်းတာဝန်ခံက အေးအေးလူလူပင် ပြုံးလျက် ဆိုလိုက်သည်။
ရှူးဖူက ထိုသူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်
"ထင့်ချီမင်၊ မင်း လူလိုသူလို ပြောတတ်ရဲ့လား။ ငါက ဝူရှန်းပေမြိန့်စခန်းကို အငြိမ်းစားယူဖို့ သွားခဲ့တာကွ။"
စခန်းတာဝန်ခံ အားလုံးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြသည်။
"မင်းတို့ကို ဆက်ပြောနေဖို့ အချိန်မရှိဘူး။"
ရှူးဖူက နှာမှုတ်လိုက်ပြီး သူ၏ အကြည့်များကို သူတော်စင် အားလုံး၏ အလယ်ဗဟိုရှိ ရွှေရောင် အလင်းတန်းကြီးဆီသို့ ပို့ဆောင်လိုက်သည်။
အထဲတွင်ကား ရှည်လျားသော စားပွဲဝိုင်းကြီး၏ ရှေ့မှောက်ရှိ မြင်ကွင်းပင် ဖြစ်ပေသည်။
ထင့်ချီမင်က အပြုံးလေးဖြင့် ဆိုလိုက်သည်
"ရှူးဖူ၊ ဝူရှန်းပေမြိန့်စခန်းမှာ ဒီလို သေးငယ်တဲ့ ကာလအတိုလေးအတွင်းမှာ အရန်ကိုယ်စားလှယ်သူတော်စင်တွေ ဒီလောက်တောင် အများကြီး ထွက်ပေါ်လာတယ်ဆိုတော့... မင်းရဲ့ လုပ်ရပ်တွေက တကယ်ကို သတိကြီးလွန်းပြီး လေတောင်မထိုးဖောက်နိုင်အောင် တင်းကျပ်လွန်းလှချေလား၊ တိတ်တဆိတ်နဲ့ အခြေခံအမြစ်တွေကို နှစ်ပေါင်းများကြီး စုဆောင်းလာခဲ့တာ မဟုတ်လား။"
ရှူးဖူက ပြုံးစစဖြင့် ဆိုလိုက်သည်
"မင်းက ဟုတ်တယ်လို့ ပြောရင်လည်း ဟုတ်တာပေါ့ ။"
ထင့်ချီမင်က သက်ပြင်းချလိုက်သည်
"နှမြောစရာပဲ။"
သူက ရွှေရောင် အလင်းတန်းကြီးထဲမှ မြင်ကွင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။
"စခန်းနယ်မြေ အသီးသီးက လူငယ်လေးတွေ အားလုံးက ကောင်းကောင်း သိထားကြတယ်၊ မင်းတို့ရဲ့ ဝူရှန်းပေမြိန့်စခန်းကို စားပွဲပေါ် တက်ခွင့်မပေးရဘူးဆိုတာကိုလေ။"
"ဒီတစ်ကြိမ် တိုက်ပွဲမှာတော့ မင်းတို့ဘက်က အကြီးအကျယ် ထိခိုက်နစ်နာရတော့မှာ သေချာတယ်။"
"မင်း ဒါတွေ ထပ်ပြောနေစရာ မလိုပါဘူး၊ ငါက ကြိုတင်ပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားပါ၊ ဒါပေမဲ့ သူတို့အနေနဲ့ ယဲ့ထျန်းဂူ၊ လီဖန်၊ လော့ထျန်းဝမ်နဲ့ ချိုင်ကျင်းတို့ကို သတ်ချင်တိုင်း သတ်လို့တော့ လွယ်ကူမယ် မထင်ဘူး။"
ရှူးဖူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်အေးဆေးလျက် ရှိနေသည်။
"ဒီလူငယ်လေး လေးယောက်က ဒီလမ်းကြောင်းကို ရွေးချယ်ပြီးသွားပြီဆိုမှတော့ သဘာဝကျကျပဲ ဘေးဥပဒ် ဒုက္ခအမျိုးမျိုးကို ဖြတ်သန်းဖို့အတွက် ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်မှာပေါ့။"
"ဒီဘဝမှာ ရှုံးနိမ့်သွားခဲ့ရင်တောင် ဘာဖြစ်လဲအခွင့်အရေးကတော့ အမြဲတမ်း ရှိနေမှာပါပဲ။"
ထင့်ချီမင်နှင့် အခြားသော စခန်းတာဝန်ခံများသည် ရှူးဖူ ဤကဲ့သို့ ပြောဆိုလိုက်သည်ကို ကြားလိုက်ရသဖြင့် ဆက်၍ မပြောကြတော့ဘဲ တစ်ဖက်တွင်လည်း ပြုံးရယ်ရင်း ရွှေရောင် အလင်းတန်းကြီးထဲမှ မြင်ကွင်းများကိုသာ ဆက်လက် စူးစမ်း ကြည့်ရှုနေကြတော့သည်။
ထိုသို့သော အချိန်အခါမျိုးတွင် ရှူးဖူတို့ကဲ့သို့သော စခန်းတာဝန်ခံများသာမကဘဲ...
စခန်းနယ်မြေ အသီးသီးမှ သူတော်စင်များသည်လည်း အလွန်တရာမှ အာရုံစိုက်လျက် စောင့်ကြည့်နေကြပြီး အကောင်းဆုံး၊ အကြမ်းဆုံး တိုက်ပွဲကြီးကို လက်လွှတ်မခံလိုကြပေ။
အာဏာလုပွဲ ကျင်းပရာ နေရာဒေသ။
ထုံယိုဧကရာဇ် သည် လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ပါးစပ်မှလည်း တစ်စုံတစ်ရာကို တတွတ်တွတ် ရွတ်ဆိုနေသည်။
ချန်နန်ခယ် မှာမူ နားထောင်ရတာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာသဖြင့် သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
"နင် ဘာတွေ တတွတ်တွတ် ရွတ်ဆိုနေတာလဲ။"
"ဪ, ငါ မကြာသေးခင်ကမှ ထူးခြားဆန်းကြယ်တဲ့ စွမ်းအင်ပညာရပ် တစ်ခုကို နားလည်သဘောပေါက်ထားခဲ့တယ်၊ အမည်ကတော့ ကောင်းကင်မင်္ဂလာဆုတောင်းခြင်း လို့ ခေါ်တယ်၊ ဒါရဲ့ စွမ်းအင်က အလွန်ထူးခြားဆန်းကြယ်တယ်၊ အစ်ကိုကြီးတို့ ဒီတစ်ကြိမ် တိုက်ပွဲမှာ အလံတလူလူနဲ့ အောင်ပွဲခံနိုင်ဖို့အတွက် ငါက ကောင်းချီးဆုတောင်းပေးလို့ ရမလားဆိုတာကို စမ်းကြည့်နေတာပါ။"
ထုံယိုဧကရာဇ်က ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်ပြီး ဆက်လက်၍ တတွတ်တွတ် ရွတ်ဆိုနေပြန်သည်။
သူတော်စင် အားလုံး၏ မျက်နှာအမူအရာများမှာ ထူးဆန်းနေကြပြီး သူ့ကို လုံးဝ တုံ့ပြန်ခြင်း မပြုကြတော့ဘဲ ကောင်းကင်ယံရှိ ရှည်လျားသော စားပွဲဝိုင်းကြီးဆီသို့သာ မော့ကြည့်နေကြတော့သည်။
စားပွဲဝိုင်းကြီး၏ ရှေ့မှောက်တွင် မဟာနတ်ဆိုးကြီးက အပြုံးပျက်မရှိဘဲ သွေးစဥ်းနတ်ဆိုး ဘက်သို့ လှည့်ကြည့်လိုက်သည်။
"သွေးစဥ်းနတ်ဆိုး, မင်း ဒီတစ်ကြိမ် ဝင်ရောက်ခဲ့တာ ဘယ်လို ရှေးဟောင်း အင်အားစုကြီးထဲကိုလဲ။"
အေးစက်သော ဘုရင်မနှင့် စစ်ဘုရင် တို့သည်လည်း သွေးစဥ်းနတ်ဆိုး ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
သွေးစဥ်းနတ်ဆိုး၏ အမူအရာမှာ အေးစက်တည်ငြိမ်လျက် ရှိနေသည်။
"မိစ္ဆာသတ်ဖြတ်ရေး နန်းတော် ။"
"ဪ, တကယ်ပဲ မိစ္ဆာသတ်ဖြတ်ရေး နန်းတော်ကိုး, ဒါဆိုရင် မင်းရဲ့ စွမ်းဆောင်ရည်က တော်တော်လေး ကောင်းမွန်တယ်လို့ ဆိုရမှာပဲ၊ ငါသိရသလောက်ဆိုရင် မိစ္ဆာသတ်ဖြတ်ရေး နန်းတော်က အရန်ကိုယ်စားလှယ်သူတော်စင်တွေကို ရွေးချယ်တဲ့ သတ်မှတ်ချက်က ကြေးနီ သူတော်စင်နန်းတော်ထက် အနည်းငယ် ပိုပြီး တင်းကျပ်တယ်လို့ သိရတယ်။"
"တကယ်လည်း အဲဒီလိုပါပဲ။"
"သွေးစဥ်းနတ်ဆိုး, မင်းရဲ့ အနာဂတ်က တကယ်ကောင်းမွန်တယ်။"
မိစ္ဆာသတ်ဖြတ်ရေး နန်းတော်မှ လာကြသည့် အရန်ကိုယ်စားလှယ်သူတော်စင် အားလုံးက အပြုံးကိုယ်စီဖြင့် လှမ်း၍ ပြောဆိုလိုက်ကြသည်။
"ဘယ်လို ဖြစ်တာလဲ ငါတို့က ဘာလို့ ဒီနေရာမှာ ဆက်ပြီး ချုပ်နှောင်ခံထားရတာတုန်း။"
မဟာနတ်ဆိုးကြီးက ရုတ်တရက် သူ့၏ မျက်ခုံးများကို တွန့်ချိုးလိုက်သည်။
သွေးစဥ်းနတ်ဆိုးက ရုတ်တရက် ဝင်ပြောလိုက်သည်။
"မကြာသေးခင်က မိစ္ဆာသတ်ဖြတ်ရေး နန်းတော်က အကြီးအကဲ တစ်ယောက် ငါ့ကို စကားတစ်ခွန်း ပိုပြောခဲ့တယ်။"
"ဪ ဟုတ်လား"
သူတော်စင် အားလုံးက တစ်ပြိုင်နက်တည်း သူ့ဘက်သို့ လှည့်ကြည့်လာကြသည်။
အေးစက်သော ဘုရင်မ က အေးအေးလူလူပင် မေးလိုက်သည်။
"မင်းကို ဘာတွေ ပြောခဲ့လို့လဲ။"
"ဒီတစ်ကြိမ် အရန်ကိုယ်စားလှယ်သူတော်စင်တွေအကြားက တိုက်ပွဲက အဆင့်ဆင့် တက်လှမ်းရမယ့် စနစ် တဲ့။"
"အခြားသော စခန်းနယ်မြေတွေက သာမန်သူတော်စင်တွေအတွက် ယှဉ်ပြိုင်ကြတဲ့ အာဏာလုပွဲတွေ အားလုံး ပြီးဆုံးသွားတာကို စောင့်ရမယ်၊ အဲဒီနောက်မှာမှ အဆင့်ဆင့် တက်လှမ်းတဲ့ နည်းလမ်းနဲ့ အရန်ကိုယ်စားလှယ်သူတော်စင်တွေအကြားက ပြိုင်ပွဲတွေကို ဆက်ပြီး ကျင်းပသွားမယ်လို့ ပြောတယ်။"
သွေးစဥ်းနတ်ဆိုးက ရှင်းပြလိုက်သည်။
"အဓိပ္ပာယ်ကတော့... ငါတို့အချင်းချင်းကြားမှာ အနိုင်အရှုံးကို အဆုံးသတ်ပြီးသွားရင်တောင်မှ တစ်ဆင့်ပြီး တစ်ဆင့် အပေါ်ကို ဆက်တက်သွားရဦးမယ်၊ တခြား အနိုင်အရှုံး ထွက်ပေါ်ပြီးသား ဖြစ်ကြတဲ့ အရန်ကိုယ်စားလှယ်သူတော်စင်တွေနဲ့ နောက်တစ်ကြိမ် ထပ်ပြီး တိုက်ခိုက်ရဦးမယ် လို့ ဆိုလိုတာလား။"
မဟာနတ်ဆိုးကြီး၏ အမူအရာ တစ်ချက် ပြောင်းလဲသွားကာ အလွန်တရာမှ လေးနက်သွားခဲ့သည်။
"ဘာလို့ ဒီလို လုပ်ရတာလဲ ဒါမှမဟုတ်ရင် ဒီတစ်ကြိမ်မှာ အဓိက ရှေးဟောင်း အင်အားစုကြီး ခုနစ်ခုက ငါတို့ရဲ့ စွမ်းအားတွေကို စစ်ဆေးဖို့အတွက် မဟုတ်ဘဲနဲ့, ငါတို့ထဲကနေ ထိပ်တန်း အထွတ်အထိပ် ပုဂ္ဂိုလ် တစ်ယောက် ဒါမှမဟုတ်အများအပြားကို ရွေးချယ်ထုတ်နုတ်ချင်နေကြလို့များလား။"
အခြားသော အရန်ကိုယ်စားလှယ်သူတော်စင်များသည် ထိုစကားကို ကြားလိုက်ရသဖြင့် မည်သို့မျှ မပြောကြတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားကြကာ ၎င်းတို့၏ အကြည့်များမှာ အနည်းငယ် လေးနက်သွားကြသည်။
အရန်ကိုယ်စားလှယ်သူတော်စင် တစ်ဦးက ရုတ်တရက် လှောင်ပြောင်ရယ်မောလိုက်သည်။
"ဒါဆိုရင် ငါတို့တွေ ဒီနေရာမှာ အမှတ်သုံးမှတ်ကို စုဆောင်းမိကြရင်တောင်မှ မဟာလောက အနှစ်သာရစွမ်းအင်နဲ့ လဲလှယ်ခွင့် ရဖို့ မသေချာဘူးပေါ့။"
"အသက်နဲ့ရင်းပြီး ရယူရမယ်၊ ဒါပေမဲ့ ခံစားစံစားဖို့ကျတော့ အသက်မရှိတော့ဘူးပေါ့။"
အရန်ကိုယ်စားလှယ်သူတော်စင် တစ်ဦးချင်းစီသည် ဤစကားကြောင့် အလွန်တရာမှ စိတ်နှလုံးလေးလံလာကြရသည်။
သူတို့၏ ကိုယ်ပိုင် စွမ်းဆောင်ရည်အပေါ်တွင်မူ ၎င်းတို့ အလွန်တရာမှ ယုံကြည်မှု အပြည့်အဝ ရှိကြပေသည်။
သို့သော်လည်း ဆန်းနယဲ့ စစ်မြေပြင်ကြီးက ဤမျှလောက်အထိ ကျယ်ပြန့်လှပေသည်။
စခန်းနယ်မြေပေါင်းများစွာကလည်း အလွန်တရာမှ များပြားလှသည်။
အာဏာပါဝါ ကြီးမားကြပြီး ထိပ်တန်းရောက်နေကြသည့် ထိုစခန်းနယ်မြေများထဲတွင် ၎င်းတို့ပင်လျှင် အလွန်တရာမှ ကြောက်ရွံ့တုန်လှုပ်ရမည့် အရန်ကိုယ်စားလှယ်သူတော်စင် အများအပြား ရှိနေဆဲပင် ဖြစ်ပေသည်။
"အကယ်၍သာ ဧကရာဇ် ခြောက်ပါးနှင့် မိဖုရား သုံးပါး နဲ့ ဆုံခဲ့မယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ။"
မဟာနတ်ဆိုးကြီးက ရုတ်တရက် ပြောလိုက်သည်။
အရန်ကိုယ်စားလှယ်သူတော်စင် အားလုံး ချက်ချင်းပင် စကားသံ တိတ်ဆိတ်သွားကြတော့သည်။
ဖန့်ချန်က လီတောက်ယဲ့ ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။
"ဘယ်လို ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါးလဲ။"
လီတောက်ယဲ့၏ အမူအရာမှာ ထူးဆန်းနေသည်
"ငါလည်း ဘယ်တုန်းကမှ မကြားဖူးဘူး။"
အေးစက်သော ဘုရင်မ က ထိုသူနှစ်ဦးဘက်သို့ လှည့်ကြည့်လိုက်သည်။
"မင်းတို့ရဲ့ အတွေ့အကြုံက နုနယ်လွန်းအားကြီးတော့ ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါး အကြောင်းကို မသိတာ မဆန်းပါဘူး။"
" ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါး ဆိုတာက လက်ရှိအချိန်မှာ ရှိနေကြတဲ့ အရန်ကိုယ်စားလှယ်သူတော်စင် အားလုံးထဲမှာ အသန်မာဆုံးနဲ့ အထွတ်အထိပ် ရောက်နေကြတဲ့ ပုဂ္ဂိုလ် ကိုးပါးကို ဆိုလိုတာပဲ။"
လီတောက်ယဲ့က ပြုံးလျက် ဆိုလိုက်သည်
"မင်းတို့ သတ်မှတ်ထားတာလား သူတို့က အသန်မာဆုံး ပုဂ္ဂိုလ် ကိုးပါးပါလို့ ပြောလိုက်တိုင်း အဲဒါက အသန်မာဆုံး ဖြစ်သွားရောလား။"
အရန်ကိုယ်စားလှယ်သူတော်စင် တစ်ဦးက လီတောက်ယဲ့ ဘက်သို့ လှည့်ကြည့်လာသည်။
"မင်းရဲ့ အတွင်း ကြယ်တာရာ ဘယ်နှစ်ခုကို ကျင့်ကြံပြုပြင်ပြီးပြီလဲ။"
"မင်း နဲ့ ဘာဆိုင်လို့လည်း ဒါက ငါ့ရဲ့ လျှို့ဝှက်ချက်ပဲ။"
လီတောက်ယဲ့က သတိကြီးစွာဖြင့် ထိုသူ့ကို စိုက်ကြည့်လိုက်သည်၊
"ဒီနေရာမှာ လာပြီး မစုံစမ်းနဲ့။"
ထိုသူက ပြုံးလျက် ဆိုလိုက်သည်
"ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါး မှာတော့ ဘယ်လို လျှို့ဝှက်ချက်မှ မရှိဘူး၊ သူတို့က အတွင်း ကြယ်တာရာ (၈၁) ခုအထိ ပြည့်ဝအောင် ကျင့်ကြံပြုပြင်ပြီးသွားကြပြီ။"
"..."
လီတောက်ယဲ့၊ လော့ထျန်းဝမ်နှင့် ချိုင်ကျင်းတို့ပင်လျှင် ဤစကားကို ကြားလိုက်ရသဖြင့် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြရသည်။
"တကယ်လား။"
ဖန့်ချန်၏ မျက်ဝန်းများ လင်းလက်သွားသည်။
သူ့အနေဖြင့် လက်ရှိတွင် အတွင်း ကြယ်တာရာ (၃၆) ခုကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး၊ နောက်ထပ် တစ်ခုတည်း ထပ်မံ၍ ပြုပြင်တည်ဆောက်လိုက်သည်နှင့် ကမ္ဘာကြီး သူတော်စင် အဆင့်အတန်းဆီသို့ တက်လှမ်းရန်အတွက် မထိန်းချုပ်နိုင်တော့ဘဲ ဖြစ်သွားလိမ့်မည် ဖြစ်ပေသည်။
ဆန်းနယဲ့ စစ်မြေပြင်ကြီးထဲတွင် အတွင်း ကြယ်တာရာ (၈၁) ခုအထိ တည်ဆောက်ပြုပြင်နိုင်ပြီးကမ္ဘာတည်ဆောက်ခြင်း နောက်ဆုံးအဆင့် တွင် ဆက်လက် ရပ်တည်နေဆဲဖြစ်သည့် လူသားများ ရှိနေသေးသည် လို့လား။
၎င်းတို့၏ ဤကဲ့သို့သော အမူအရာများကို မြင်လိုက်ရသဖြင့် အရန်ကိုယ်စားလှယ်သူတော်စင် အများအပြားမှာ ဟက်ဟက်ပက်ပက် ရယ်မောလာကြသည်။
စစ်ဘုရင် က အပြုံးလေးဖြင့် ဆိုလိုက်သည်
"ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါးကိုတော့ လေးစားရမှာပဲ၊ သူတို့က မွေးရာပါ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိရုံသာမကဘဲ, သူတို့ရဲ့ ကျောနောက်မှာလည်း မင်းနဲ့ငါတို့ မယုံကြည်နိုင်လောက်အောင် ကြီးမားတဲ့ အရင်းအမြစ်တွေနဲ့ ပြုစုပျိုးထောင်ပေးမှုတွေကို ရရှိထားကြတာကြောင့်သာကမ္ဘာတည်ဆောက်ခြင်း နောက်ဆုံးအဆင့်မှာ အတွင်း ကြယ်တာရာ (၈၁) ခုကို တည်ဆောက်နိုင်ခဲ့ကြပြီး အခြေခံအုတ်မြစ်တွေကို အပြည့်အဝ ခိုင်မာစေခဲ့ကြတာပေါ့။"
စကားခေတ္တ ရပ်လိုက်ပြီးနောက်
"ဒါပေမဲ့ အားလုံးလည်း သက်ပြင်းချစရာ မလိုပါဘူး ငါတို့တွေ ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါးကို သွားတွေ့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။"
အရန်ကိုယ်စားလှယ်သူတော်စင် အားလုံးသည် ထိုစကားကို ကြားလိုက်ရသဖြင့် စိတ်အေးလက်အေး ဖြစ်သွားကြပြီး သက်ပြင်းရှည်ကြီး ကိုယ်စီ ချလိုက်ကြသည်။
မှန်ပေသည်၊ ၎င်းတို့အနေဖြင့် ဧကရာဇ် ခြောက်ပါးနှင့် မိဖုရား သုံးပါးတို့နှင့် မည်သို့သော အကြောင်းရင်းကြောင့် သွားပြီး ဆုံတွေ့ရမည်နည်း။
ထိုပုဂ္ဂိုလ် ကိုးပါးနှင့် ၎င်းတို့မှာ လုံးဝ တန်းတူအဆင့် မဟုတ်ပေ။
ထိုပုဂ္ဂိုလ် ကိုးပါးသည် နောင်တစ်ချိန်တွင် မိစ္ဆာသတ်ဖြတ်ရေး နန်းတော်ကဲ့သို့သော ရှေးဟောင်း အင်အားစုကြီး ခုနစ်ခု၏ ဗဟိုချက်မထဲမှ ဗဟိုချက်မ ဖြစ်လာကြမည်မှာ သံသယရှိစရာပင် မလိုပေ။
အချိန်နာရီများသည် ဤကဲ့သို့ပင် တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားခဲ့သည်။
စခန်းနယ်မြေ အသီးသီးမှ ပုဂ္ဂိုလ်များသည် ယခုအချိန်တွင် အံ့သြထိတ်လန့်နေကြပြီး အကြောင်းရင်းကို ကောင်းကောင်း မသိရှိကြသေးသော်လည်း အရေးအပါဆုံး မြင်ကွင်းတိုင်းကို လက်လွှတ်မခံလိုကြေတော့ပေ၊ မျက်တောင်မခတ်တမ်းဖြင့် ဤနေရာရှိ မြင်ကွင်းများကို စိုက်ကြည့်နေကြသည်။
အချိန် သုံးနှစ်ခန့် ကြာမြင့်သွားပြီးနောက်...
ရုတ်တရက် ကောင်းကင်ယံမှ ရောင်ခြည်တန်း ကိုးခု ပြိုဆင်းလာခဲ့သည်။
ရွှေရောင် အလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ပုံရိပ်ကိုးခုသည် သူတော်စင် အားလုံး၏ ရှေ့မှောက်တွင် တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခဲ့ကြသည်။
"အခြား စခန်းနယ်မြေတွေက အရန်ကိုယ်စားလှယ်သူတော်စင်တွေက တကယ်ကို အားနည်းလွန်းတယ်။"
"ငါတို့တွေ နေရာအနှံ့ လျှောက်သွားခဲ့ကြတာတောင်မှ ငါတို့ရဲ့ နေရာကို အစားထိုးနိုင်မယ့်သူ တစ်ယောက်တောင်မှ မတွေ့ရဘူးလား။"
"ဟာ... ငါတို့တွေ အဆင့်တက်လှမ်းသွားပြီးသွားရင် ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါး ဆိုတာတွေလည်း ရှိတော့မှာ မဟုတ်လောက်ဘူး။"
ဤပုံရိပ် ကိုးခု ပေါ်ထွက်လာကြပြီးနောက်တွင် ၎င်းတို့ဘာသာ အေးအေးလူလူ စကားစမြည် ပြောဆိုနေကြသည်။
စားပွဲဝိုင်းကြီး၏ ရှေ့မှောက်ရှိ အံ့သြမှင်တက်နေကြသည့် မျက်ဝန်းစုံများကို လုံးဝ လှည့်ပင် မကြည့်ခဲ့ကြပေ။
အခန်း (၂၉၉၆) - ယဲ့ထျန်းဂူ၊ မင်း လာခဲ့လေ
"ဒါ ဘာအဓိပ္ပာယ်လဲ။ ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါးက ဘာလာလုပ်ကြတာလဲ။"
ရှူးဖူက အံ့သြတုန်လှုပ်လျက် မော့ကြည့်လိုက်သည်။
ထိုင်နေကြသည့် စခန်းတာဝန်ခံများသည်လည်း အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြပြီး ၎င်းတို့၏ အမူအရာများမှာ အနည်းငယ် လေးနက်သွားကြသည်။
ထင့်ချီမင်က မျက်ခုံးများကို တွန့်ချိုးကာ ပြောလိုက်သည်။
"ခဏစောင့်ကြ၊ ငါ မေးကြည့်လိုက်မယ်။"
သူက မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်ချလိုက်သည်။
အချိန် အနည်းငယ် အကြာတွင်မှ မျက်လုံးများကို ပြန်ဖွင့်ကာ ခါးသီးစွာ ပြုံးလိုက်သည်။
"ဒီတစ်ကြိမ် ဆန်းနယဲ့ စစ်မြေပြင်ရဲ့ အာဏာလုပွဲက တကယ်တော့ ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါးအတွက် ဆက်ခံမယ့်သူတွေကို ရွေးချယ်ပေးနေတာ။"
"သူတို့တွေက ကမ္ဘာကြီးသူတော်စင် အဆင့်အတန်းဆီကို အဆင့်တက်လှမ်းတော့မှာ။"
"အရင်တုန်းက အာဏာလုပွဲ ပြီးဆုံးသွားကြတဲ့ စခန်းနယ်မြေတွေဆီကို သူတို့တွေ အစဉ်အတိုင်း သွားရောက်ပြီးပြီ။"
"စခန်းနယ်မြေ အာဏာလုပွဲ တစ်ခုချင်းစီတိုင်းကနေ သူတို့မျက်စိကျတဲ့ သူတော်စင် အချို့ကို ရွေးချယ်ထုတ်နုတ်သွားကြပြီး သူတို့နဲ့ တိုက်ခိုက်စေမှာ။"
"အကယ်၍ သူတို့ရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့မယ်ဆိုရင် သူတို့ အဆင့်တက်လှမ်းပြီးသွားတဲ့နောက်မှာ ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါး ရဲ့ ဘွဲ့နာမကို ဆက်ခံခွင့် ရရှိမှာ။"
"နောင်လာမယ့် အချိန်တွေမှာလည်း ဆန်းနယဲ့ စစ်မြေပြင်က ဒီလို ဆက်ခံသူတွေကို အဓိကထားပြီး ပြုစုပျိုးထောင်ပေးသွားမှာ ဖြစ်သလို ကမ္ဘာတည်ဆောက်ခြင်း နောက်ဆုံးအဆင့် သူတော်စင် အဆင့်မှာ အတွင်း ကြယ်တာရာ (၈၁) ခုအထိ တည်ဆောက်နိုင်ဖို့အတွက် အခွင့်အလမ်း ပေးသွားမယ်။"
ဤစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုနေရာတွင် ရှိနေကြသည့် စခန်းတာဝန်ခံ အားလုံး အလွန်တရာမှ အံ့သြသွားကြကာ အမောတကော ရှိုက်ထုတ်လိုက်ကြသည်။
၎င်းတို့၏ မျက်ဝန်းများထဲတွင် အံ့သြထိတ်လန့်နေသည့် အရိပ်အယောင်များ ပေါ်ထွက်လာသလို အချို့မှာလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။
"ဒါက ရှားပါးလှတဲ့ အခွင့်အရေး တစ်ရပ်ပဲ"
"တကယ်တော့ ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါးကို ရွေးချယ်တာကိုး"
"နှမြောစရာပဲ၊ ဒီလူငယ်လေးတွေရော ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်မလား မသိဘူး။"
"ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါး ရဲ့ အရည်အချင်းက ငါတို့ထက် အများကြီး အများကြီး သာလွန်တယ်။ ဒီလူငယ်လေးတွေက သူတို့ရဲ့ လက်ချက်အောက်မှာ အဘယ်လောက်ကြာကြာ ခံနိုင်ရည် ရှိမလဲ မသိဘူး..."
"အလုပ်တွေ အများကြီး ရှုပ်ပြီးမှ အထက်လူကြီးတွေက သွေးသစ်တွေ ထပ်ဖြည့်ချင်နေကြတာ၊ ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါး ကို အစားထိုးဖို့အတွက် သူတော်စင်တွေကို ရှာနေတာပေါ့။"
ရှူးဖူ၏ အမူအရာမှာ အနည်းငယ် လေးနက်သွားသည်။
"ထျန်းရွှမ်စခန်း၊ ဘောက်ကျင်းစခန်း၊ ချင်းရှစ်စခန်း..."
ရွှေရောင် အလင်းတန်းများဖြင့် ဝန်းရံခံထားရသည့် ပုံရိပ် ကိုးခုသည် ယခုအခါတွင် စားပွဲဝိုင်းကြီး ရှိရာဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ကြသည်။
ထိုအထဲမှ တစ်ဦးက တိုးညှင်းစွာဖြင့် ရွတ်ဆိုလိုက်ပြီး စကားအဆုံးတွင် သူ့၏ အကြည့်များသည် ဖန့်ချန်နှင့် လီတောက်ယဲ့တို့ ရှိရာဘက်သို့ ကျရောက်သွားသည်။
"မင်းတို့က... ဝူရှန်းပေမြိန့်စခန်းကလား။"
"သူတို့တွေက ဝူရှန်းပေမြိန့်စခန်းကနေ ဆင်းသက်လာကြတာ အမှန်ပဲ၊ မင်းတို့က... ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါး လား။"
"ကျွန်မက ထျန်းရွှမ်စခန်းက အေးစက်သော ဘုရင်မ ရှောက်ချင်ရွှေ ပါ။"
အေးစက်သော ဘုရင်မ က ဦးဆောင်ပြီး စကားစတင် ပြောလိုက်ပြီး သူမ၏ အမူအရာမှာ အနည်းငယ် လေးနက်နေသည်။
စခန်းနယ်မြေ အသီးသီးမှ သူတော်စင်များသည်လည်း ခေါင်းများကို မော့ထားကြပြီး သံသယများ၊ စိုးရိမ်မှုများဖြင့် ထိုပုံရိပ် ကိုးခုကို စိုက်ကြည့်နေကြသည်။
သူတော်စင်များသည်လည်း ထိုနည်းတူပင် ဖြစ်ကြပြီး ၎င်းတို့၏ မျက်ဝန်းများထဲတွင် သံသယများနှင့် ပြည့်နှက်နေကာ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။
ဒီပုဂ္ဂိုလ် ကိုးပါးက ဘယ်သူတွေလဲ၊ ၎င်းတို့က အာဏာလုပွဲကို ဘာအတွက်ကြောင့် ရောက်လာကြတာလဲ။
"အေးစက်သော ဘုရင်မ ရှောက်ချင်ရွှေလား မင်းရဲ့ နာမည်ကို ငါ အရင်နှစ်တွေတုန်းက ကြားဖူးသလိုပဲ၊ မင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကြေးနီ သူတော်စင်နန်းတော်က ရွေးချယ်ထားတဲ့ အရန်ကိုယ်စားလှယ်သူတော်စင် မဟုတ်ဘူးလား။"
"ဘာလို့ ဒီလောက်တောင် ကြာတာတောင်မှ ကမ္ဘာကြီး သူတော်စင် အဆင့်ကို မတက်လှမ်းနိုင်သေးတာလဲ။"
ထိုပုဂ္ဂိုလ်က အတွေးထဲနစ်မြောနေဟန်ဖြင့် မေးလိုက်သည်။
သူ့ဘေးနားရှိ ပုံရိပ်က ၎င်းကို မြင်လိုက်ရသဖြင့် ပြုံးလျက် ဆိုလိုက်သည်။
"အာဏာပိုင်ဘုရင် ၊ မင်း မေ့သွားပြီလား သူတို့အနေနဲ့ မဟာလောက အနှစ်သာရစွမ်းအင်ကို ရရှိဖို့ဆိုတာ အဲဒီလောက် မလွယ်ကူပါဘူး။"
"ဒီတစ်ကြိမ် ဆန်းနယဲ့ စစ်မြေပြင်က ငါတို့ရဲ့ နေရာကို အစားထိုးနိုင်မယ့် တကယ့် ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ်ဖို့ ပြင်ဆင်ထားမှသာ ဒီလိုမျိုး ထူးကဲတဲ့ ဆုလာဘ်တွေကို ပေးအပ်တာပေါ့။"
အာဏာပိုင်ဘုရင် က သဘောပေါက်သွားဟန်ဖြင့် -
"ဒါလည်း ဟုတ်တာပါပဲ။"
"ဘာလဲ... ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါး ကို အစားထိုးမှာ လို့လား။"
"ဒီတစ်ကြိမ် အာဏာလုပွဲက တကယ်တော့ ဒီလို ရည်ရွယ်ချက်မျိုးနဲ့ကိုး။"
"အာ... ဒါကြောင့်မို့လို့ပါလား..."
ထိုနေရာတွင် ရှိနေကြသည့် အရန်ကိုယ်စားလှယ်သူတော်စင် အားလုံး၏ မျက်နှာများပေါ်တွင် တုန်လှုပ်စရာ အမူအရာများ ပေါ်ထွက်လာကြသလို တစ်ချိန်တည်းမှာပင် ၎င်းတို့၏ စိတ်နှလုံးများမှာ တဖြည်းဖြည်းနဲ့ စိတ်လှုပ်ရှားလာကြသည်။
ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါး ရရှိနိုင်မည့် ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းသော ပြုစုပျိုးထောင်မှုကို တွေးမိလိုက်သည်နှင့် ၎င်းတို့မှာ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
အောက်ဘက်ရှိ စခန်းနယ်မြေ အသီးသီးမှ သူတော်စင်များသည်လည်း ယခုအခါတွင် အလွန်တရာမှ အံ့သြတုန်လှုပ်နေကြသည်။
စစ်ဘုရင် က ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါး ရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို အခုလေးတင် ရှင်းပြခဲ့ရုံသာ ရှိသေးသည်၊ ရုတ်တရက် မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့ကို တကယ်တမ်း တွေ့လိုက်ရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်ထားလိမ့်မည် မဟုတ်ပေ။
"ကဲပါ၊ ငါတို့ရဲ့ လာရာရင်းမြစ်ကို မင်းတို့ သေချာပေါက် သိကြလောက်မယ် ထင်ပါတယ်။"
အာဏာပိုင်ဘုရင် က အေးအေးလူလူပင် ပြုံးလျက် ဆိုလိုက်သည်။
"ငါတို့ကတော့ ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါး ဖြစ်ကြပြီး၊ ငါကတော့ ဧကရာဇ် ခြောက်ပါးထဲက တစ်ပါးဖြစ်တဲ့ အာဏာပိုင်ဘုရင် ပဲ။"
"အခု မင်းတို့ကို စည်းကမ်းတွေကို ရှင်းပြမယ်၊ မင်းတို့ရဲ့ နားတွေကို သေချာစိုက်ပြီး ကောင်းကောင်း နားထောင်ထားကြ။"
"မှန်ပါ့"
အရန်ကိုယ်စားလှယ်သူတော်စင် အားလုံးက လေးစားသမှုဖြင့် ပြန်လည် ဖြေကြားလိုက်ကြသည်။
"ငါတို့ ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါး က အထက်လူကြီးတွေရဲ့ အမိန့်ကို ခံယူပြီး ကမ္ဘာကြီး သူတော်စင် အဆင့်အတန်းဆီကို အဆင့်တက်လှမ်းရမှာ ဖြစ်တဲ့အတွက် ဒီနေရာက နေရာ ကိုးခုကို မဖြစ်မနေ လွတ်မြောက်အောင် လုပ်ရမယ်။"
"ဒါကြောင့်မို့လို့ ဒီတစ်ကြိမ် အာဏာလုပွဲ ပေါ်ပေါက်လာရတာပဲ။"
"ရည်ရွယ်ချက်ကတော့ ဆန်းနယဲ့ စစ်မြေပြင်ထဲက အဆုံးအစမရှိတဲ့ စခန်းနယ်မြေတွေထဲကနေ ငါတို့ရဲ့ ဆက်ခံသူတွေကို ရွေးချယ်ဖို့ပါပဲ။"
"ဒါပေမဲ့ ဘယ်သူမဆို ငါတို့ရဲ့ ရှေ့မှောက်မှာ ရပ်တည်နိုင်ဖို့ အရည်အချင်း ရှိကြတာတော့ မဟုတ်ဘူး။"
"မင်းတို့ အခုလုပ်ရမှာက အနိုင်အရှုံးကို အဆုံးသတ်ဖို့ပါပဲ၊ ထိပ်ဆုံးက သုံးယောက်ကသာ ငါတို့ရဲ့ ရှေ့မှောက်မှာ ရပ်တည်ပြီး ငါတို့ရဲ့ စစ်ဆေးမှုကို ခံယူခွင့် ရှိကြတယ်။"
"ဒီလိုလုပ်ကြစို့၊ ငါ မင်းတို့အတွက် စည်းကမ်းတစ်ခု ချမှတ်ပေးမယ်၊ တရားမျှတပြီးတော့ မင်းတို့ရဲ့ စွမ်းရည်တွေကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်မယ့် စည်းကမ်းမျိုးပေါ့။"
အာဏာပိုင်ဘုရင် က ထိုနေရာရှိ အရန်ကိုယ်စားလှယ်သူတော်စင် အားလုံးကို တစ်ချက် လှမ်းကြည့်လိုက်သည်။
"ဘယ်သူက ပထမဆုံး ထွက်လာပြီး စိန်ခေါ်ချင်လဲ၊ အကယ်၍ ပွဲသုံးပွဲဆက်တိုက် အနိုင်ရရှိသွားမယ်ဆိုရင် ငါ့ရဲ့ ရှေ့မှောက်မှာ တိုက်ရိုက် ရပ်တည်နိုင်မယ့် အခွင့်အရေးကို ရရှိမှာ။"
"ခဏနေရင် ငါ ကိုယ်တိုင်ပဲ စစ်ဆေးပေးမယ်။"
ဤစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုနေရာရှိ အရန်ကိုယ်စားလှယ်သူတော်စင်များ၏ မျက်ဝန်းများ ချက်ချင်း တောက်လောင်သွားကြသည်။
ပွဲသုံးပွဲဆက်တိုက် အနိုင်ရလိုက်ရုံနဲ့ အာဏာပိုင်ဘုရင် ရဲ့ စစ်ဆေးမှုကို ခံယူမယ့် အခွင့်အရေးကို တိုက်ရိုက် ရရှိမှာလား။
မဟာနတ်ဆိုးကြီးက ချက်ချင်းပင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ဒါဆိုရင် ငါ အရင်ဆုံး စလုပ်မယ်"
စက္ကန့်ပိုင်းအတွင်းမှာပင် သူ့ကို ချုပ်နှောင်ထားခဲ့သည့် ရွှေရောင် အလင်းတန်းများ ပျောက်ကွယ်သွားသည်ကို သူ တွေ့လိုက်ရသဖြင့် အနည်းငယ် ဝမ်းသာအားရ ဖြစ်သွားသည်။
သူက ချက်ချင်းပင် နေရာမှ ထရပ်လိုက်ပြီး ဖန့်ချန်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဝူရှန်းပေမြိန့်စခန်းက ယဲ့ထျန်းဂူ၊ ငါ မင်းကို စိန်ခေါ်တယ်"
ဖန့်ချန်က သူ့ကိုယ်သူ ပတ်လည်ရှိ ရွှေရောင် အလင်းတန်းများလည်း ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသဖြင့် စိတ်ထဲတွင် အနည်းငယ် အံ့သြသွားသည်။
ဆန်းနယဲ့ စစ်မြေပြင်ထဲရှိ ဤဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါး ရဲ့ အခွင့်အာဏာက သူထင်ထားတာထက် အများကြီး ပိုပြီး ကြီးမားနေတာပဲ။
"လာခဲ့လေ။"
ဖန့်ချန်က ထရပ်လိုက်ပြီး သူ၏ ကိုယ်ခန္ဓာကို အကြောဖြေလိုက်သည်။
ဒီနေ့ကို ရောက်လာဖို့အတွက် အတော်လေးကို စောင့်ဆိုင်းခဲ့ရပေပြီ။
စခန်းနယ်မြေ အသီးသီးမှ သူတော်စင်များသည် ချက်ချင်းပင် အသက်ရှူရပ်သွားကြသည်အထိ အာရုံစိုက်လိုက်ကြသည်။
အထူးသဖြင့် ဝူရှန်းပေမြိန့်စခန်းမှ သူတော်စင်များသည် ဖန့်ချန်၏ စွမ်းဆောင်ရည်ကို ကောင်းကောင်း သိရှိထားကြသူများ ဖြစ်ကြသဖြင့် ယခုအခါတွင် မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြသည်။
"ဝူရှန်းပေမြိန့်စခန်းက ယဲ့ထျန်းဂူလား ဪ၊ တကယ်တော့ မင်းက ယဲ့ထျန်းဂူ ကိုး။"
အာဏာပိုင်ဘုရင် ၏ အကြည့်များသည် ဖန့်ချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားပြီး အပြုံးလေးဖြင့် ဆိုလိုက်သည်။
"ငါ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက မင်းရဲ့ နာမည်ကို ကြားဖူးတယ်။"
"ဟား..."
အရန်ကိုယ်စားလှယ်သူတော်စင် အားလုံးနီးပါးမှာ တိတ်တဆိတ် အမောတကော ရှိုက်ထုတ်လိုက်ကြသည်။
ဒါ တကယ်ပဲလား
ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါး က ယဲ့ထျန်းဂူ ရဲ့ နာမည်ကို တကယ်ပဲ ကြားဖူးတယ် လို့ ပြောတာလား။
"ကြိုးစားပါကွာ၊ မင်း ဒီတစ်ကြိမ်မှာ ငါ့ရဲ့ ရှေ့မှောက်မှာ ရပ်တည်နိုင်ဖို့ တကယ်ကို အခွင့်အလမ်း ရှိပါတယ်။"
အာဏာပိုင်ဘုရင် က အပြုံးလေးဖြင့် အားပေးစကား ဆိုလိုက်သည်။
မဟာနတ်ဆိုးကြီး၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ချက်ချင်းပင် လေထုထဲသို့ ပျံသန်းထွက်သွားကာ ဖန့်ချန်ကို ကြိမ်းဝါးလိုက်သည်။
"ယဲ့ထျန်းဂူ၊ မင်း လာခဲ့လေ"
စက္ကန့်ပိုင်းအတွင်းမှာပင် မဟာနတ်ဆိုးကြီး၏ ကိုယ်ခန္ဓာထဲမှ မည်းနက်နေသော မိစ္ဆာအခိုးအငွေ့များ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့၏ ကိုယ်ခန္ဓာမှာ ချက်ချင်းပင် အဆပေါင်းများစွာ ကြီးထွားလာကာ ဧရာမ မည်းနက်နေသော ဘီလူးကြီး တစ်ပါးအဖြစ်သို့ ပြောင်းလဲသွားသည်။
"မသေနိုင်တဲ့ မိစ္ဆာကိုယ်ခန္ဓာ၊ ဒါက မဟာနတ်ဆိုးကြီး နာမည်ကြီးစေခဲ့တဲ့ ထူးခြားဆန်းကြယ်တဲ့ စွမ်းအင်ပညာရပ် တွေထဲက တစ်ခုပဲ။"
အရန်ကိုယ်စားလှယ်သူတော်စင် အားလုံးက မျက်လုံးများ ပြူးကျယ်သွားကြပြီး မဟာနတ်ဆိုးကြီးက အစတည်းက အပြင်းထန်ဆုံး စွမ်းအင်ပညာရပ်ကို ထုတ်သုံးလိုက်ခြင်းမှာ အနည်းငယ် တန်ဖိုးမရှိလှပေ၊ ပထမဆုံးအနေနဲ့ အခြေအနေကို အရင်စောင့်ကြည့်သင့်ပြီးမှ တစ်ဆင့်ချင်း တုံ့ပြန်သင့်သည်ဟု တွေးလိုက်ကြသည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင်မူ ဖန့်ချန်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပို၍ ကြောက်မက်ဖွယ်ကောင်းပြီး သန်မာလှသည့် ဧရာမ ဘီလူးကြီး တစ်ပါးအဖြစ်သို့ ပြောင်းလဲသွားသည်ကို ၎င်းတို့ တွေ့လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မဟာနတ်ဆိုးကြီးကို မြေကြီးပေါ်သို့ ဖိချလိုက်ပြီး သူ့၏ မျက်နှာပေါ်သို့ လက်သီးချက်များကို တစ်ချက်ပြီး တစ်ချက် ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။
ဘုန်း ဘုန်း ဘုန်း
မဟာနတ်ဆိုးကြီးက လက်သီးချက် တစ်ချက်တည်းကို ခံလိုက်ရုံဖြင့် အသိစိတ် မရှိတော့ဘဲ သတိလစ်သွားခဲ့သည်။
လက်သီးချက် တစ်ချက်ချင်းစီတိုင်းက သူ့၏ ကိုယ်လက်အင်္ဂါများကို မထင်မှတ်ဘဲ တုန်ခါသွားစေသည်။
"..."
"အစ်ကိုကြီးက... အရင်တုန်းက ဒီစွမ်းအင်ပညာရပ်ကို သုံးဖူးပုံမရဘူး၊ ဒါ ဘယ်လို စွမ်းအင်ပညာရပ်လဲ။"
ထုံယိုဧကရာဇ်က မသိစိတ်ဖြင့် ရှဲ့အာမန်နှင့် ဝမ်ချုံစန်း တို့ ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
"ကလေးတွေက ဒါတွေ လာမမေးနဲ့၊ နင် မမြင်ဖူးတဲ့ စွမ်းအင်ပညာရပ်တွေ အများကြီး ရှိသေးတယ်။"
ချန်နန်ခယ် က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။
ထုံယိုဧကရာဇ်လည်း ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
ဘောက်ကျင်းစခန်းမှ သူတော်စင်များသည် ဤမြင်ကွင်းကို ကြည့်နေရင်း စိတ်နှလုံးများ ကွဲအက်သွားကြရသည်။
နောက်ထပ် လက်သီးချက် အနည်းငယ် ထပ်ထိုးလိုက်သည်။
မဟာနတ်ဆိုးကြီး၏ သတိမေ့နေသော အသံတိုးတိုးလေး ထွက်ပေါ်လာသည်ကိုသာ ကြားလိုက်ရပြီး၊ မကြာမီမှာပင် သူသည် မည်းနက်နေသော မီးခိုးငွေ့တန်းလေး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါး သည် အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အားလုံး၏ မျက်ဝန်းများထဲတွင် အနည်းငယ် အံ့သြနေကြသည့် အရိပ်အယောင်များကို တွေ့လိုက်ရသည်။
အာဏာပိုင်ဘုရင် က ရယ်မောလျက် လက်ခုပ်တီးလိုက်သည်။
"ကောင်းတယ်၊ တကယ်ကို ကောင်းတယ်။"
"မင်းအနေနဲ့ နောက်ထပ် လူနှစ်ယောက်ကို ဆက်ပြီး စိန်ခေါ်လို့ ရသေးတယ်၊ ရွေးလိုက်တော့။"
စားပွဲဝိုင်းကြီး၏ ရှေ့မှောက်တွင် ရှိနေကြသည့် အရန်ကိုယ်စားလှယ်သူတော်စင်များသည် ထိုစကားကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် ကျောရိုးထဲမှ စိမ့်တက်လာသည်အထိ ကြောက်ရွံ့လာကြသည်။
ဖန့်ချန်က မော့ကြည့်လိုက်သောအခါတွင် ထိုအရန်ကိုယ်စားလှယ်သူတော်စင် အားလုံးသည် သဘာဝကျကျပင် ၎င်းတို့၏ အကြည့်များကို လွှဲဖယ်လိုက်ကြပြီး လေးနက်စွာ တွေးတောနေကြဟန် ဆောင်နေကြသည်ကို တွေ့လိုက်ရပေသည်။