အခန်း (၂၉၉၉-၃၀၀၀)
Vol. 300 Ch. 2999-3000
အခန်း (၂၉၉၉) - ယဲ့ထျန်းဂူ၊ ငါတို့ မင်းကို ထောက်ခံတယ်
"အေးစက်သော ဘုရင်မ ငါတို့ သေဆုံးရတာ ဘယ်လောက်တောင် အပြစ်ကင်းစင်လိုက်ရမလဲ။ အကယ်၍သာ ဒီကောင်ရဲ့ စွမ်းအားကို တိတိကျကျ မတွက်ချက်နိုင်ခဲ့ဘူးဆိုရင် ငါတို့တွေ ဒီလို ရှေ့ထွက်ပြီး အစမ်းသပ်ခံရမယ့် အနေအထားမျိုးမှာ ရှိလာစရာ အကြောင်းကို မရှိပါဘူး။"
မဟာနတ်ဆိုးက မျက်နှာပေးမှာ အနည်းငယ် တွေဝေလျက် ပြောလိုက်သည်။
အေးစက်သော ဘုရင်မ သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှ မပြောပေ။ သူမ၏ မျက်ဝန်းများထဲတွင်မူ အနည်းငယ် တွေဝေနေဆဲ ပင် ဖြစ်သည်။
သူမ၏ စိတ်ထဲတွင် ဤအကြိမ် အာဏာလုပြိုင်ပွဲ ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကမ္ဘာကြီး သူတော်စင်အဆင့်သို့ အတန်အသင့် တက်လှမ်းနိုင်မည် ဖြစ်သည်။
ထို့နောက်တွင် အစဥ်အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကာ အထွတ်ထိပ်တာအို သူတော်စင်အဆင့်သို့ ရောက်ရှိလာသည့်အခါမှသာ ကြေးနန်းသူတော်စင်နန်းတော်၏ တရားဝင် အဖွဲ့ဝင် တစ်ဦး ဖြစ်လာနိုင်ပေလိမ့်မည်။
သို့သော်လည်း……
"ဒါနဲ့လေ မင်းရဲ့ အစ်ကိုသာ မင်း သူ့လက်ချက်နဲ့ သေဆုံးသွားတယ်ဆိုတာကို သိသွားခဲ့မယ်ဆိုရင် မင်းအတွက် လက်စားချေပေးလိမ့်မယ် ထင်တယ်၊ ဟုတ်လား။"
မဟာနတ်ဆိုးက ရုတ်တရက် မေးလိုက်သည်။
"အစ်ကို တဲ့လား……"
အေးစက်သော ဘုရင်မ သည် အနည်းငယ် တွေဝေသွားပြီး သူမ၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းပူဆွေးနေသည့် အရိပ်အယောင်လေး တစ်ခု ပေါ်ထွက်လာသည်။
"သနားစရာပဲ၊ အစ်ကိုနဲ့အတူ ဆက်ပြီး လျှောက်လှမ်းသွားဖို့အတွက် မဖြစ်နိုင်တော့ဘူး……"
"ယဲ့ထျန်းဂူ တစ်ယောက် ဘာတွေ လုပ်နေတာလဲ။"
"သူက အရန်ကိုယ်စားလှယ်သူတော်စင် ငါးဦးကို ဆက်တိုက် အမည်တပ် ခေါ်ဆိုနေပြီလေ၊ ဒါကို ခံနိုင်ရည် ရှိပါ့မလား။"
"အရင်တုန်းကဆိုရင် သူက တန်းတူအဆင့်တွေထဲမှာ လူအနည်းငယ်နဲ့ လူအများကြီးကို တိုက်ခိုက်ခဲ့သလို အားနည်းတဲ့သူနဲ့ အားကြီးတဲ့သူကိုပါ အနိုင်ယူပြခဲ့ပြီးပြီ၊ သူက ဒီတစ်ခေါက် ကျရင်ရော ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါး ရဲ့ ရှေ့မှောက်မှာ သူ့ကိုယ်သူ အထူးတလည် သက်ပြေပြချင်နေတာများလား။"
"လမ်းမှားကို ရွေးချယ်နေတာပဲ၊ နောက်ဆုံးတော့ ခြေချော်လက်ချော် ဖြစ်ပြီး အလွယ်တကူ ကျဆုံးသွားဖို့ပဲ ရှိလိမ့်မယ် "
အဓိက စခန်းနယ်မြေ အသီးသီးမှ ကမ္ဘာကြီး သူတော်စင်အဆင့် အဆင့်မြင့်ပုဂ္ဂိုလ်များသည် ဤအချိန်တွင် ကြီးမားလှသော မျက်နှာပြင်ကြီးထဲတွင် ရှိနေသည့် ဖန့်ချန်ကို စိုက်ကြည့်နေကြသည်။
သူတို့၏ မျက်ဝန်းများထဲတွင် အံ့သြတုန်လှုပ်နေကြသည့် ပုံစံများ၊ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထိတ်လန့်နေကြသည့် ပုံစံများနှင့် လှောင်ပြောင်နေကြသည့် ပုံစံများ အသီးသီး ပေါ်ထွက်နေကြသည်။
ဧကရာဇ်ခြောက်ပါးနှင့် မိဖုရား သုံးပါး တို့သည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီး အာဏာပိုင်ဘုရင် က တွေးတောရင်း ဆိုလိုက်သည်။
"ယဲ့ထျန်းဂူ၊ မင်း ဘာလုပ်ချင်နေတာလဲ။"
"တစ်ယောက်ချင်း တိုက်နေရတာက တအား နှေးလွန်းတယ်။"
ဖန့်ချန်က ပြောလိုက်သည်။
အမည်တပ် ခေါ်ဆိုခြင်း ခံလိုက်ရသည့် အရန်ကိုယ်စားလှယ်သူတော်စင် ငါးဦး၏ ရင်ထဲတွင် အလွန်တရာမှ တုန်လှုပ်ခြောက်ခြားသွားကြပြီး ထိုကောင်က တကယ်ပဲ သူတို့ ငါးယောက်လုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ချင်နေတာလား ဟူ၍ တွေးတောမိကြသည်။
အာဏာပိုင်ဘုရင် မှာ အနည်းငယ် စကားမပြောနိုင် ဖြစ်သွားရသော်လည်း ဖန့်ချန်၏ လုပ်ရပ်ကို မတားဆီးခဲ့ဘဲ သူ၏ မျက်ဝန်းများထဲတွင်မူ စူးစမ်းလိုစိတ်များ ပိုမို တိုးပွားလာကြသည်။
အမည်တပ် ခေါ်ဆိုခြင်း ခံလိုက်ရသည့် အရန်ကိုယ်စားလှယ်သူတော်စင် ငါးဦးသည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် ရှည်လျားသော စားပွဲဝိုင်းဘေးမှ ထွက်လာကြကာ ဖန့်ချန်၏ မလှမ်းမကမ်းတွင် ဘေးချင်းယှဉ်လျက် ရပ်တည်လိုက်ကြသည်။
"မင်းတို့ကို တစ်ခါလောက် ထပ်မံ မေးပါရစေ၊ ဝူရှန်းပေမြိန့်စခန်းကော ဒီစားပွဲဝိုင်းမှာ နေရာယူဖို့ အရည်အချင်း ရှိရဲ့လား။"
ဖန့်ချန်က အေးအေးလူလူပင် ဆိုလိုက်သည်။
ဤအရန်ကိုယ်စားလှယ်သူတော်စင် ငါးဦးသည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် တစ်ဦးက ရုတ်တရက် လှောင်ပြောင်လိုက်သည်။
"မရှိရင် မရှိဘူးပေါ့, မင်းတို့ ဝူရှန်းပေမြိန့်စခန်းရဲ့ အရင်းအမြစ်တွေက အရမ်းကို အားနည်းလွန်းတယ်, ငါတို့နဲ့ ယှဉ်ပြိုင်ဖို့ ဘယ်လိုမှ အရည်အချင်း မရှိဘူး။"
"မင်းက တစ်ယောက်တည်းနဲ့ ငါတို့ ငါးယောက်ကို တိုက်ချင်နေတယ်ဆိုတော့ ငါတို့ကတော့..."
"သွားသေလိုက်တော့။"
ဖန့်ချန်က ထိုသူကို တစ်ချက် လှမ်းကြည့်လိုက်သည်။
မြှားတစ်စင်းသည် အထက်မှနေ၍ တဝုန်းဝုန်းဖြင့် ကျဆင်းလာပြီး အဆိုပါသူ၏ ဦးခေါင်းခွံထိပ်မှ ထိုးဖောက်ဝင်ရောက်လာကာ တစ်ကိုယ်လုံးကို ဖောက်ထွင်းသွားသဖြင့် ထိုနေရာတွင်ပင် ချက်ချင်း အသက်ပျောက်သွားခဲ့သည်။
ကျန်ရှိနေသေးသော အရန်ကိုယ်စားလှယ်သူတော်စင် လေးဦး၏ မျက်နှာထားများမှာ တစ်ရှိန်ထိုး ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။
သူတို့သည် ရှေးဟောင်းအင်ပါယာ ခုနစ်ပါး၏ အရန်ကိုယ်စားလှယ်သူတော်စင်များ ဖြစ်ကြသည့်အလျောက် သက်ဆိုင်ရာ စခန်းနယ်မြေ အသီးသီးတွင် အနိုင်မရှိ အရှုံးမရှိ ဆိုသလို အကြွင်းမဲ့ အခွင့်အာဏာ ရှိကြသူများ ဖြစ်ကြသည်။
ထို့ကြောင့် ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူတို့ လုံးဝ မစိမ်းပေ။
သာမန် ကမ္ဘာကြီး သူတော်စင်အဆင့် ရှိသူများကို သူတို့ တိုက်ခိုက်သည့်အခါမျိုးတွင်လည်း ဤကဲ့သို့ တစ်ချက်တည်းဖြင့် အဆုံးသတ်ပစ်တတ်ကြသည် ချည်းသာ ဖြစ်သည်။
ယခုမူ အလားတူ အခြေအနေမျိုးက သူတို့၏ ကိုယ်ပေါ်သို့ ကျရောက်လာခဲ့ပြီ ဖြစ်သော်လည်း သူတို့ကိုယ်တိုင်က အားသာချက်ရှိသည့် ဘက်တွင် မရှိနေကြဘဲ ချက်ချင်းပင် အလွန်တရာမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ခံစားလိုက်ရသည်။
"အဲဒီကောင် ပြောသွားတဲ့ စကားတွေက ဘာအဓိပ္ပာယ်လဲ"
၎င်းတို့ထဲမှ တစ်ဦးက အခြေအနေကို အမြန်သဘောပေါက်သွားကာ ချက်ချင်းပင် အော်ဟစ်လိုက်ပြီးနောက် ဖန့်ချန်ဆီသို့ လက်အုပ်ချီလျက် ဆိုလိုက်သည်။
"ညီအစ်ကိုယဲ့၊ မင်းတို့ ဝူရှန်းပေမြိန့်စခန်းက ဒီစားပွဲဝိုင်းမှာ နေရာယူဖို့ အပြည့်အဝ အရည်အချင်း ရှိပါတယ်။"
အခြားသူတစ်ဦးကလည်း အမြန်ပင် ခေါင်းညိတ်ပြလိုက်သည်။
"မှန်တယ် မင်းကို မဆိုလိုပါဘူး၊ လီဖန်၊ ချိုင်းကျင်းနဲ့ လော့ထျန်းဝမ် တို့ရဲ့ စွမ်းအားတွေကလည်း လုံးဝ မညံ့ကြပါဘူး။"
"ဝူရှန်းပေမြိန့်စခန်းမှာ မင်းတို့လို လူတွေ ရှိနေတာပဲဟာ အရင်းအမြစ်တွေက လုံလောက်နေပါပြီ။"
"ကျွန်တော် ထောက်ခံပါတယ်။"
"ကျွန်တော်လည်း တူတူပါပဲ။"
ဤလေးဦးစလုံးသည် ဖန့်ချန်ကို ကြည့်ကာ ဖျော့တော့တော့ အပြုံးလေးများ ပြုံးပြနေကြသော်လည်း ၎င်းတို့၏ နဖူးပြင်များပေါ်တွင်မူ အေးစက်စက် ချွေးစေးများ ထွက်ပေါ်လာနေကြသည်။
"ဒီလိုဆိုတာကမှ မှန်တာပေါ့။"
ဖန့်ချန်က လက်ကို မြှောက်လိုက်ကာ ၎င်းတို့ တစ်ယောက်ချင်းစီကို တစ်ချက်စီ ရိုက်ချလိုက်သဖြင့် အားလုံးမှာ ရှည်လျားသော စားပွဲဝိုင်းပေါ်သို့ လွင့်စင်ပြန်ကျသွားကြသည်။
"ထိုင်ကြတော့ မင်းတို့က ငါ့ရဲ့ပြိုင်ဘက်တွေ မဟုတ်ဘူး။"
"ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်။"
ဤအရန်ကိုယ်စားလှယ်သူတော်စင် လေးဦးသည် မည်သည့် အမူအရာမျှ မပြောင်းလဲဘဲ မူလနေရာတွင် ပြန်လည် ထိုင်ချလိုက်ကြသည်။
သူတို့သည် ဖန့်ချန်၏ ပြိုင်ဘက် ဟုတ် မဟုတ်ဆိုသည့် အချက်ကို လွန်ခဲ့သည့် တစ်ချက်နှစ်ချက် တိုက်ခိုက်မှုအတွင်းကတည်းက ရှင်းလင်းစွာ သိရှိပြီး ဖြစ်ကြသည်။
ဤကဲ့သို့သော အရှက်တကွဲ ဖြစ်ရခြင်းမျိုးသည် ၎င်းတို့၏ အသက် နှင့် ယှဉ်လိုက်မည်ဆိုပါက ဘာမှ မဟုတ်ပေ။
ရှည်လျားသော စားပွဲဝိုင်းရှေ့မှ အခြားသော သူတော်စင်များမှာလည်း တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
အဓိက စခန်းနယ်မြေ အသီးသီးမှ သူတော်စင်များ, အထူးသဖြင့် အာဏာလုပြိုင်ပွဲတွင် ပါဝင်ကြပြီး အောက်ဘက်နားလေးတွင် အနီးကပ် ကြည့်ရှုနေကြသူများ ဖြစ်စေ၊ သို့မဟုတ် အာဏာလုပြိုင်ပွဲတွင် မပါဝင်ဘဲ ကောင်းကင်ထက်မှ မှော်မျက်နှာပြင်ကြီးမှတစ်ဆင့် ကြည့်ရှုနေကြသူများ ဖြစ်စေ
အားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေကြသည်။
ဝူရှန်းပေမြိန့်စခန်းမှ သူတော်စင်များကမူ စိတ်လှုပ်ရှား ဝမ်းမြောက်နေကြသည်။
"အစ်ကိုကြီးက တကယ်ကို လုပ်ပြလိုက်ပြီ"
"ဒီတစ်ခေါက် တိုက်ပွဲအပြီးမှာဆိုရင် ဒီစခန်းနယ်မြေတွေက သူတော်စင်တွေက ငါတို့ ဝူရှန်းပေမြိန့်စခန်းကို ဘယ်လိုလုပ်ပြီး အထင်သေးဝံ့တော့မှာလဲ။"
"နောင်လာမယ့် အချိန်တွေမှာ ငါတို့နဲ့ တွေ့တဲ့အခါ ဘယ်ရာထူးအဆင့်မှာပဲ ဖြစ်နေပါစေ သုံးပုံတစ်ပုံလောက်ကိုတော့ လေးစားကြရလိမ့်မယ် "
"ဖြန်း ဖြန်း ဖြန်း။"
အာဏာပိုင်ဘုရင် က လက်ခုပ်တီးလျက် ပြုံးကာ ဆိုလိုက်သည်။
"ကောင်းတယ် တကယ်ကို ကောင်းတယ်။"
ကျန်ရှိနေသေးသော ဧကရာဇ်များ နှင့် မိဖုရား သုံးပါး သည် ဘာမှ ထပ်မံ မပြောကြတော့သော်လည်း ၎င်းတို့၏ အမူအရာများကို ကြည့်ခြင်းအားဖြင့် ဤအချက်အပေါ်တွင် အလွန်တရာမှ အံ့သြသွားကြသလို အလွန်လည်း ကျေနပ်နေကြကြောင်း သိသာထင်ရှားနေသည်။
ဖန့်ချန်က လက်ကို ယမ်းလိုက်ကာ နောက်ထပ် သူတော်စင် ငါးဦးကို ထပ်မံ အမည်တပ် ခေါ်ဆိုလိုက်သည်။
အမည်တပ် ခေါ်ဆိုခြင်း ခံလိုက်ရသည့် အရန်ကိုယ်စားလှယ်သူတော်စင်များ၏ မျက်နှာပေးမှာ အလွန်တရာမှ လေးနက်တင်းမာနေကြသည်။
စားပွဲဝိုင်းဘေးမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် အနေအထားကို တင်ပြကြသည်။
"ဝူရှန်းပေမြိန့်စခန်းက ဒီစားပွဲဝိုင်းမှာ နေရာယူဖို့ အပြည့်အဝ အရည်အချင်း ရှိပါတယ် ယဲ့ထျန်းဂူ ငါတို့ မင်းကို ထောက်ခံတယ်။"
"ကောင်းပြီလေ။"
ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီး ရှေးဟောင်း စည်းမျဉ်းအတိုင်း တစ်ယောက်ကို တစ်ချက်စီ ရိုက်ချလိုက်ကာ မူလနေရာတွင် ပြန်လည် ထိုင်စေလိုက်သည်။
ဤကဲ့သို့ အကြိမ်ကြိမ် ပြုလုပ်နေခဲ့ရာ မကြာမီမှာပင် အရန်ကိုယ်စားလှယ်သူတော်စင် အများစုမှာ အမည်တပ် ခေါ်ဆိုခြင်း ခံရပြီး ဖြစ်နေပြီ ဖြစ်သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင်မူ ဖန့်ချန် အမည်တပ် ခေါ်ဆိုလိုက်သည့် အရန်ကိုယ်စားလှယ်သူတော်စင် ငါးဦးသည် စားပွဲဝိုင်းဘေးမှ ထွက်လာကြသော်လည်း ချက်ချင်း အနေအထားကို မပြကြဘဲ အလွန်တရာမှ သဘောတူညီချက် ယူထားကြဟန်ဖြင့် စွမ်းအင်ပညာရပ် ရေစီးကြောင်းကြီးများကို တစ်ပြိုင်နက်တည်း ပေါင်းစပ်ကာ ဖန့်ချန်ဆီသို့ အပြင်းအထန် ဖိနှိပ် ချေမှုန်းလာကြသည်။
"ငါတို့ရဲ့ အမှတ်တွေ မလုံလောက်လို့ စိတ်ပူနေတာနဲ့ အတော်ပဲ မင်းက ကိုယ်တိုင် လာပို့ပေးတာပဲကိုး။"
ဖန့်ချန်က အနည်းငယ် ပြုံးလိုက်ပြီး ဘာမှ မလုပ်ခဲ့ပေ။
ဤသူ ငါးဦးသည် အေးစက်သော ဘုရင်မ ကဲ့သို့ပင် သတ်ဖြတ်ခြင်းခုနစ်ပါးသူတော်စင်မျက်လုံး ၏ ပြန်လည် တိုက်ခိုက်မှုဒဏ်ကို ခံလိုက်ရကာ ၎င်းတို့၏ ခန္ဓာကိုယ်များမှာ ထိုနေရာတွင်ပင် ပေါက်ကွဲပျက်စီးသွားပြီး အသက်ပျောက်သွားခဲ့ကြသည်။
အရင်တုန်းက အမည်တပ် ခေါ်ဆိုခြင်း ခံခဲ့ရဖူးပြီး ယခုထိ အသက်ရှင်ကျန်ရစ်နေသေးသည့် အရန်ကိုယ်စားလှယ်သူတော်စင်များသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အလွန်တရာမှ ကြောက်ရွံ့သွားကြပြီး ကျောရိုးထဲမှစ၍ အေးစက်သွားကာ ချွေးစေးများ ထွက်လာကြသည်။
"အေးစက်သော ဘုရင်မ လိုပဲ တစ်ပုံစံတည်း သေသွားတာပဲ "
"သူတို့ တကယ်ပဲ ဘယ်လို သေသွားကြတာလဲ။"
အရန်ကိုယ်စားလှယ်သူတော်စင် အများအပြားက တိုးတိုးလေး အချင်းချင်း ဆက်သွယ် ကြံစည်နေကြသည်။
လော့ထျန်းဝမ် က အလွန်အတွေးနက်နေဟန် ပေါ်ထွက်လာသည်။ အကယ်၍သာ သူ မှားယွင်းမတွေးမိဘူးဆိုရင် သူလည်း ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ခဲ့ဖူးသော်လည်း ထိုစဥ်တုန်းကမူ သူ မသေဆုံးခဲ့ပေ။
"ဒီနတ်ဘုရားစွမ်းအင်ပညာရပ်ကို မင်းတို့ မှတ်မိကြရဲ့လား။"
ဧကရာဇ်ခြောက်ပါးနှင့် မိဖုရား သုံးပါး သည် ဤအချိန်တွင် အချင်းချင်း တိတ်တဆိတ် ဆွေးနွေးနေကြသည်။
အဆိပ်မိဖုရားက ခေါင်းခါယမ်းလိုက်သည်
"ဒီလို စွမ်းအင်မျိုးကို တစ်ခါမှ မမြင်ဖူးသေးဘူး သူနဲ့ တိုက်ခိုက်ဖူးပြီး ဒီစွမ်းအင်ရဲ့ တန်ခိုးစွမ်းအားကို တိုက်ရိုက် ရင်ဆိုင်ဖူးမှသာ ဒါ ဘာလဲဆိုတာကို ခွဲခြားနိုင်လိမ့်မယ် ထင်တယ်။"
"ဒါဆိုရင်လည်း ကောင်းတာပေါ့ မကြာခင်မှာပဲ သူ ငါတို့ရှေ့မှာ ရပ်တည်နိုင်တော့မှာပါ အဲဒီကျရင် ငါတို့ ကိုယ်တိုင် စမ်းသပ်ကြည့်လို့ ရပြီပေါ့။"
"အင်း။"
ထိုသူ ငါးဦး သေဆုံးသွားခဲ့ပြီးနောက် ကျန်ရှိနေသေးသည့် အရန်ကိုယ်စားလှယ်သူတော်စင်များသည် ယခင်ကထက် ပိုမို၍ပင် နာခံတတ်လာကြသည်။
မသိလိုက်မသိဘာသာဖြင့် ရှည်လျားသော စားပွဲဝိုင်းရှေ့တွင် ရှိနေကြသည့် အရန်ကိုယ်စားလှယ်သူတော်စင်များသည် လီဖန် တို့မှလွဲ၍ အားလုံးမှာ အမည်တပ် ခေါ်ဆိုခြင်း ခံပြီးကြပြီ ဖြစ်သည်။
"ကဲ ရပြီ, မင်းက..."
အာဏာပိုင်ဘုရင် ၏ မျက်နှာပေါ်တွင် အပြုံးယဲ့ယဲ့လေး တစ်ခု ပေါ်ထွက်လာသည်။
သို့သော်လည်း သူ၏ စကားပင် မဆုံးသေးမီမှာပင် ဖန့်ချန်က ချိုင်းကျင်းကို လက်ညှိုးထိုးပြလိုက်သည်။
"မင်း ထွက်လာခဲ့။"
အာဏာပိုင်ဘုရင် သည် စကားကို ချက်ချင်း ရပ်တန့်လိုက်ပြီး ဘေးနားမှ အခြားသူများကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ကိုယ့်လူကိုယ်တောင် တိုက်မှာလား။
သူတို့ အနည်းငယ် နားမလည်နိုင် ဖြစ်သွားကြသည်။
"ငါ့ကိုလား။"
ချိုင်းကျင်း၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားသည်။
အောက်ဘက်မှ ကျင့်ကြံသူများသည် ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် တုန်လှုပ်ခြောက်ခြားသွားကြကာ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။
ချိုင်ရွှီက လှုပ်ရှားလိုက်ကာ ချက်ချင်းပင် ချန်နန်ခယ် ကို လှမ်းကြည့်လိုက်သည်။
"ချန်နန်ခယ် ငါ့အစ်ကိုအတွက် ဝင်ပြီး စကားလေး တစ်ခွန်းလောက် ပြောပေးပါဦး၊ ငါတို့ သွေးနတ်ဘုရားအင်ပါယာ က လက်ဆောင်ပဏ္ဏာတွေ ဆက်သပါ့မယ်၊ ကျေးဇူးပြုပြီး ယဲ့ထျန်းဂူကို သူ့ကို တစ်ချက်လောက် လွှတ်ပေးဖို့ ပြောပေးပါ၊ သူက အခက်အခဲတွေကြားထဲကနေ အရန်ကိုယ်စားလှယ်သူတော်စင် ဖြစ်လာခဲ့ရတာပါ, ဒီလို အာဏာလုပြိုင်ပွဲကြီးထဲမှာ ဒီလိုနဲ့ သေသွားလို့တော့ မဖြစ်ဘူးလေ"
"ဘယ်မျက်နှာနဲ့ ပြောပေးရမှာလဲ။ အရင်တုန်းက နင့် ရဲ့အစ်ကိုက ငါတို့ကို ရောင်းစားခဲ့တာ မဟုတ်ဘူးလား ငါ့နဲ့အတူ လိုက်လာခဲ့ကြတဲ့ သူတော်စင်တွေထဲက အခု ဘယ်လောက်တောင် ကျန်တော့လို့လဲ။"
ချန်နန်ခယ် က အေးစက်စက် လှောင်ပြောင်လိုက်သည်။
ချိုင်ရွှီ ၏ ရင်ထဲတွင်မူ ပြောမပြတတ်အောင် ခက်ခဲပင်ပန်းနေပြီး သူ အစိုးရိမ်ဆုံး ကိစ္စက အမှန်တကယ်ပင် ဖြစ်လာတော့မည် ဖြစ်ကြောင်းကို သိလိုက်ရလေတော့သည်။
အခန်း (၃၀၀၀) - နောက်ဆုံးရပ်နားရာ
ချိုင်းကျင်းသည် ရှည်လျားသော စားပွဲဝိုင်းဘေးမှ ဖြည်းဖြည်းချင်း ထွက်လာကာ ဖန့်ချန်နှင့် ကျိုးကျိုးစားစား ဆက်လက်၍ ဆွေးနွေးရန် ကြိုးစားလိုက်သည်။
"ယဲ့ထျန်းဂူ၊ ငါက မင်းကို နိဗ္ဗာန်တားမြစ်နယ်မြေ တစ်ရာ ပေးနိုင်တယ်။"
"ပြန်သွားပြီး ထိုင်လိုက်တော့။"
"အင်း"
ချိုင်းကျင်းမှာ သက်ပြင်းချလိုက်ပြီး အမူအရာ တစ်စုံတစ်ရာ မပြောင်းလဲဘဲ မူလနေရာတွင် ချက်ချင်း ပြန်လည် ထိုင်ချလိုက်သည်။
ချန်နန်ခယ်မှာ အံ့သြမှင်တက်သွားပြီး သူမ၏ မျက်နှာပေးမှာ အနည်းငယ် မသာယာလှသော်လည်း ထပ်မံ၍ မည်သည့်စကားမျှ ဆက်မပြောတော့ပေ။
ချိုင်းရွှီကမူ ရင်ဘတ်ကို အသာအယာ ပုတ်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် နိဗ္ဗာန်တားမြစ်နယ်မြေ တစ်ရာဆိုသည်မှာ သွေးနတ်ဘုရားအင်ပါယာအတွက်ပင်လျှင် အသည်းနာလောက်သည်အထိ ထိခိုက်နာကျင်စေနိုင်သော်လည်း
သူ့အစ်ကို မသေသေးသမျှ ကာလပတ်လုံး အရာရာ အဆင်ပြေပါသေးသည်။
"အာဏာပိုင်ဘုရင် ငါ အခု စာမေးပွဲ စစ်ဆေးမှုကို ခံယူနိုင်ပြီလား။"
ဖန့်ချန်က အာဏာပိုင်ဘုရင်ကို ကြည့်ကာ ပြုံးလျက် လက်အုပ်ချီ မေးလိုက်သည်။
"နိဗ္ဗာန်တားမြစ် နယ်မြေ တစ်ရာနဲ့တင် မင်းကို လာဘ်ထိုးပြီး သိမ်းသွင်းလို့ ရသွားပြီလား။"
အာဏာပိုင်ဘုရင်က စူးစမ်းချင်စိတ် အနည်းငယ်ဖြင့် ပြောလိုက်သည်။
ဖန့်ချန်က သက်ပြင်း အသာအယာ ချလိုက်သည်
"မဟုတ်ရပါဘူး၊ သူပေးတဲ့ အကြောင်းပြချက်က အရမ်းကို ယုတ္တိရှိလို့ လက်ခံလိုက်ရတာပါ။"
"နိဗ္ဗာန်တားမြစ်နယ်မြေ တစ်ရာဆိုတာ တကယ်တော့ နည်းလှတဲ့ ပမာဏတော့ မဟုတ်ပါဘူး။"
အဆိပ်မိဖုရားက အသံတိုးတိုးဖြင့် ပြောလိုက်သည်
"အကယ်၍သာ ငါ့ဘက်ကလည်း နိဗ္ဗာန်တားမြစ်နယ်မြေ တစ်ရာကို ထုတ်ပေးနိုင်မယ်ဆိုရင် အဲ့ဒီ နတ်ဘုရားစွမ်ူအင်ပညာရပ် ကို ငါ့ကို ရောင်းချပေးဖို့ သဘောတူနိုင်မလား။"
"မရောင်းဘူး၊ ဘိုးဘေးတွေ လက်ဆင့်ကမ်းပေးခဲ့တဲ့ ပစ္စည်းကို ဒီလိုမျိုး အတိုင်းအတာနဲ့ တိုင်းတာလို့ မရဘူး။"
ဖန့်ချန်က တည်ငြိမ်စွာ ဖြေကြားလိုက်သည်။
အဆိပ်မိဖုရားမှာ စဉ်းစားတွေးတောနေဟန် ပေါ်လာပြီးမှ ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။
"ကောင်းပြီလေ၊ ဒါဆိုရင် နောက်လာမယ့် စာမေးပွဲ စစ်ဆေးမှုကို ငါ ကိုယ်တိုင် လုပ်ဆောင်ပေးမယ်။"
သူတော်စင် အားလုံး၏ မျက်နှာထားများမှာ အနည်းငယ် တုန်လှုပ်သွားကြသည်။
ဤယဲ့ထျန်းဂူဆိုသူက ထိုသူ့ကို တစ်ကြိမ်ပြီး တစ်ကြိမ် အခွင့်အရေး ပေးခဲ့သော်လည်း တစ်ဖက်လူသာ စာမေးပွဲ စစ်ဆေးမှုကို ဝင်လုပ်မည်ဆိုပါက သေချာပေါက် အပြင်းအထန် တိုက်ခိုက်လိမ့်မည်မှာ သေချာနေပေသည်။
အရန်ကိုယ်စားလှယ်သူတော်စင် အများအပြားမှာ မိမိတို့၏ စိတ်နှလုံးထဲတွင် အကျပ်အတည်းနှင့် ကြုံတွေ့ရသဖြင့် ပျော်ရွှင်ဝမ်းမြောက်နေကြသလို ဖြစ်လာကြသော်လည်း အပြင်ပန်းတွင်မူ တင်းမာလေးနက်နေဟန်ကို တမင်သက်သက် ဟန်ဆောင်ပြနေကြသည်။
ဝမ်ချုံစန်း က ရှဲ့အာမန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဒီအဆိပ်မိဖုရားဆိုတဲ့ အမျိုးသမီးက ဖန့်ချန်ကို စိတ်ထဲမှာ အာဃာတ တော်တော်ကြီးပွားနေပြီ ထင်တယ်၊၊"
ရှဲ့အာမန်က အဆိပ်မိဖုရားကို မည်သည့်အမူအရာမျှ မပြဘဲ စိုက်ကြည့်နေရင်း -
"နံပါတ်ကိုးရဲ့ စွမ်းအားကို သံသယဝင်စရာ လုံးဝ မလိုဘူး၊ ဒီအဆိပ်မိဖုရားကတောင် သူ့ကို ဖိနှိပ်ဖို့ ကြိုးစားချင်ရင်တောင် အဲ့လောက်လွယ်ကူလိမ့်မယ် မဟုတ်ဘူး။"
အာဏာပိုင်ဘုရင်က အဆိပ်မိဖုရားကို တစ်ချက် လှမ်းကြည့်လိုက်သည်။
"ဒီလိုလုပ်လို့ ဖြစ်ပါ့မလား။ ငါ ကိုယ်တိုင်ပဲ စစ်ဆေးလိုက်မယ်လေ၊ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့ရဲ့ ကြေးနီ သူတော်စင်နန်းတော်က အရန်ကိုယ်စားလှယ်သူတော်စင် တစ်ဦးပဲ မဟုတ်လား။"
"အာဏာပိုင်ဘုရင်၊ ဒီတစ်ကြိမ် အာဏာလုပြိုင်ပွဲက ငါတို့ စစ်နတ်ဘုရားနန်းတော်ကို အဓိက ဦးတည်တာလေ။ ငါသာ ဒီစာမေးပွဲ စစ်ဆေးမှုကို ဝင်လုပ်ချင်တယ်ဆိုရင်တော့ ဘေးမှာပဲ ရပ်ပြီး ငြိမ်ငြိမ်လေး နေပေးရလိမ့်မယ်။"
အဆိပ်မိဖုရားက အပြုံးယဲ့ယဲ့လေးဖြင့် ပြောလိုက်သည်။
အာဏာပိုင်ဘုရင်၏ မျက်နှာပေးမှာ တောင့်တင်းသွားပြီး သက်ပြင်းတစ်ချက် ချလိုက်ကာ ထပ်မံ၍ မည်သည့်စကားမျှ ဆက်မပြောတော့ပေ။
"စစ်နတ်ဘုရားနန်းတော် ဟုတ်လား။ ငါလည်း စစ်နတ်ဘုရားနန်းတော်ထဲမှာ ပါတာပဲလေ၊ ယဲ့ထျန်းဂူက ငါ့ရဲ့ ညီအစ်ကို ဖြစ်နေတဲ့အလျောက် ကျေးဇူးပြုပြီး အဆိပ်မိဖုရား သက်ညှာပေးပါဦး။"
လီတောက်ယဲ့ က အမြန်ပင် လက်ကို ဝမ်းသာအားရ လှုပ်ယမ်းကာ ပြောလိုက်သည်။
အဆိပ်မိဖုရားက လီတောက်ယဲ့ကို တစ်ချက် စွေကြည့်လိုက်သည်။
"ငါ နင့်ကို မသိဘူး။"
လီတောက်ယဲ့မှာ အနည်းငယ် အံ့သြသွားပြီးနောက် သက်ပြင်း အသာအယာ ချလိုက်ကာ ဖန့်ချန်ဘက်သို့ "ကိုယ့်ကိုယ်ကိုယ် သတိထားတော့" ဆိုသည့် အဓိပ္ပာယ်မျိုးဖြင့် မျက်လုံးချင်း စာနာပြလိုက်သည်။
အဆိပ်မိဖုရား၏ အကြည့်တို့သည် ဖန့်ချန်၏ ကိုယ်ပေါ်သို့ ပြန်လည် ကျရောက်လာပြီး အပြုံးလေးဖြင့် ဆိုလိုက်သည်။
"ခုနက ကိစ္စနဲ့ပတ်သက်လို့ ပြန်ပြီး ညှိနှိုင်းလို့ရမယ့် အခွင့်အလမ်းများ ရှိသေးလား။"
ဖန့်ချန်က ပြုံးလျက် ဖြေကြားလိုက်သည်
"မရှိတော့ဘူး။"
"ကောင်းပြီလေ။"
အဆိပ်မိဖုရားက အပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အာဏာပိုင်ဘုရင်မှာ သည်းမခံနိုင်တော့ဘဲ ဖန့်ချန်ဘက်သို့ လှည့်ကာ တိုးတိုးလေး သတိပေးလိုက်သည်။
"မင်း သေချာစဉ်းစားဦးလေ။"
"အာဏာပိုင်ဘုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ထပ်ပြီး စဉ်းစားစရာ ဘာမှ မရှိတော့ပါဘူး။"
ဖန့်ချန်က စကားဆုံးသည်နှင့် တစ်ပြိုင်နက် အဆိပ်မိဖုရားဘက်သို့ လှည့်ကာ လက်အုပ်ချီ အရိုအသေ ပေးလိုက်သည်။
"အဆင်သင့် ဖြစ်နေပါပြီ။"
အဆိပ်မိဖုရားက ဘာမှ ထပ်မံ မပြောတော့ဘဲ သူမ၏ ခန္ဓာကိုယ်အတွင်း၌ ကြယ်တာရာ အလုံး (၈၁) လုံး တောက်ပလာသကဲ့သို့ ခံစားလိုက်ရသည်။
ဤခဏတာအတွင်းမှာပင် သူမ၏ ကိုယ်မှ ထွက်ပေါ်လာသည့် အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အလွန်တရာမှ ပြင်းထန်လာခဲ့သည်။
ရှည်လျားသော စားပွဲဝိုင်းရှေ့တွင် ထိုင်နေကြသည့် အရန်ကိုယ်စားလှယ်သူတော်စင်များ၏ အမူအရာများမှာ ရုတ်တရက် ပြောင်းလဲသွားကြပြီး တစ်ယောက်ပြီး တစ်ယောက် လေးနက်တင်းမာလာကြသည်။
တစ်ဖက်လူသည် အတွင်း ကြယ်တာရာ (၈၁) လုံးကို ငွေ့ရည်ဖွဲ့ စုစည်းထားခဲ့ခြင်း ဖြစ်ရာ သူမ၏ စွမ်းအားမှာ သူတို့ မြင်တွေ့နေရသည်ထက် အဆပေါင်းများစွာ ပိုမို၍ အားကောင်းနေကြောင်း ထင်ရှားနေသည်။
"အကယ်၍သာ ငါသာ အဆိပ်မိဖုရားနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ဆယ်ခါလောက် တိုက်ခိုက်တာနဲ့ တင် အင်အားကုန်ဆုံးသွားမှာ သေချာတယ်။"
"ဒီ ဧကရာဇ်ခြောက်ပါးနဲ့ မိဖုရား သုံးပါး ရဲ့ စွမ်းအားက တကယ်ပဲ တန်းတူအဆင့်တွေထဲမှာ အထွတ်အထိပ် အဆင့်အတန်းကို ရောက်ရှိနေပြီပဲ။"
"ဒါပေမဲ့ သူမက အစွမ်းကုန် မထုတ်သုံးသေးဘူး ထင်တယ်၊ သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် အရိပ်အယောင်လေးတောင်မှ မပြသေးဘူး။"
"ဒါက တကယ်ပဲ စာမေးပွဲ စစ်ဆေးမှုသက်သက်ပဲလား။ ငါက သူ့ကို နတ်ဘုရားစွမ်းအင်ပညာရပ် ကို မရောင်းပေးလို့ သူက တမင်တကာ အစွမ်းပြပြီး ဒဏ်ရာပြင်းထန်အောင် လုပ်မယ့် သဘောလား။"
ထိုအချက်ကို စဉ်းစားမိလိုက်သည်နှင့် ဖန့်ချန်က ချက်ချင်းပင် နတ်ဘုရားစွမ်းအင်ကို ထပ်မံ၍ စတင် အသုံးပြုလိုက်သည်။
သူ့လက်ထဲတွင် ပျော့ခွေနေပြီး လုံးဝ မလှုပ်ရှားတော့သည့် အမည်းရောင် မြွေငယ်လေး တစ်ကောင် ချက်ချင်း ပေါ်ထွက်လာသည်။
အဆိပ်မိဖုရားမှာ အနည်းငယ် အံ့သြသွားပြီး သူမ၏ မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်လေး တစ်ခု ဖြတ်ပြေးသွားကာ ပိုမို၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ စွမ်းအင်များကို တစ်ရှိန်ထိုး ပေါက်ကွဲထုတ်လွှတ်လိုက်သည်။
ထိုစဉ်မှာပင် အာဏာပိုင်ဘုရင်က ရုတ်တရက် ဝင်ရောက် ပြောဆိုလိုက်သည်။
"တော်တော့၊ စာမေးပွဲ စစ်ဆေးမှု ပြီးဆုံးသွားပြီပဲ၊ မင်းအနေနဲ့ ထပ်ပြီး လက်ရဲဇက်ရဲ တိုက်ခိုက်စရာ မလိုတော့ဘူး။"
အဆိပ်မိဖုရား၏ ကိုယ်ပေါ်မှ အရှိန်အဝါ စွမ်းအင်များ တဖြည်းဖြည်း ငြိမ်ကျသွားပြီးနောက် ဖန့်ချန်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်ကာ ဆိုလိုက်သည်။
"ငါ့ဆီ ပြန်ပေးပါ။"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ လက်ထဲတွင် ရှိနေသော စွမ်းအင်ကို တစ်ပါတည်း ပြန်လည် ပေးအပ်လိုက်သည်။
"ငါ အခုလေးတင် တွေးမိသေးတယ်၊ မင်းသာ ဧကရာဇ်ခြောက်ပါးနဲ့ မိဖုရား သုံးပါး ရဲ့ ရာထူးနေရာကို လိုချင်လို့ ငါ့ရဲ့ တောင်းဆိုချက်ကို သဘောတူခဲ့မယ်ဆိုရင် တကယ်တမ်းကျရင် ငါ မင်းကို သတ်ပစ်လိုက်မှာ။
ဒါပေမဲ့ မင်းက လက်မခံခဲ့ဘူး၊ ဒါကြောင့် မင်းမှာ ဧကရာဇ်ခြောက်ပါးနဲ့ မိဖုရား သုံးပါး ရဲ့ ရာထူးနေရာကို ရယူပိုင်ဆိုင်ခွင့် အပြည့်အဝ ရှိလာတာပေါ့။
အခုလို ကြည့်ရတာ ငါ အလကားနေရင်း သံသယဝင်မိသွားတာပဲ၊ နင့်ရဲ့ စွမ်းအားက တကယ်ပဲ မညံ့ပါဘူး။
အတွင်း ကြယ်တာရာ ဘယ်လောက်အထိ ငွေ့ရည်ဖွဲ့ စုစည်းပြီးပြီလဲ။ ငါ့ကို တစ်ချက်လောက် ထုတ်ပြစမ်းပါဦး။"
အဆိပ်မိဖုရားက အေးစက်စက် လှောင်ပြောင်လျက် ပြောလိုက်သည်။
"ဒါက ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်ဖြစ်လို့ ဘယ်သူ့ကိုမှ ပြစရာ အကြောင်း မရှိပါဘူး။"
ဖန့်ချန်က ထပ်မံ၍ ငြင်းပယ်လိုက်ပြန်သည်။
"ကောင်းပြီလေ။"
အဆိပ်မိဖုရားက ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။
"နင်က ငါ့ရဲ့ စာမေးပွဲ စစ်ဆေးမှုကို အောင်မြင်သွားပြီဖြစ်တဲ့အတွက် ငါ့ရဲ့ နောက်လိုက်နေရာကို ဆက်ခံခွင့် ရှိသွားပြီ။ ငါ့အတွက် နာမည်ကောင်းလေး တစ်ခုခု စဉ်းစားပေးမယ်လေ။"
"ယဲ့ထျန်းဂူ တစ်ယောက် တကယ်ပဲ ဧကရာဇ်ခြောက်ပါးနဲ့ မိဖုရား သုံးပါး ရဲ့ အဆင့်အတန်းကို တက်လှမ်းတော့မှာလား……"
ထိုခဏတာအတွင်းမှာပင် သူတော်စင် အားလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားကြပြီး ၎င်းတို့၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းလှသော တောင့်တမှု အငွေ့အသက်များသာ လွှမ်းခြုံနေကြတော့သည်။
သို့သော်လည်း ဖန့်ချန်မှာမူ တစ်စုံတစ်ရာ မူမမှန်သည်ကို ရိပ်မိလိုက်သည်။
"ခဏနေပါဦး။"
ဖန့်ချန်က လက်ကို မြှောက်လိုက်ကာ သံသယ နှင့် မေးလိုက်သည်။
"နောက်လိုက်နေရာ ဟုတ်လား။ ကျွန်တော်က ဧကရာဇ်ခြောက်ပါးထဲက တစ်ပါးပါး ဖြစ်လာရမှာ မဟုတ်ဘူးလား။"
အဆိပ်မိဖုရားက ပြုံးလျက် ပြောလိုက်သည်
"ဧကရာဇ်ခြောက်ပါးနဲ့ မိဖုရား သုံးပါး မှာ မရေးထားတဲ့ စည်းမျဉ်းတစ်ခု ရှိတယ်၊ ဘယ်သူက စာမေးပွဲ စစ်ဆေးတာကို လုပ်ဆောင်ပေးသလဲဆိုတာအပေါ် မူတည်ပြီး အဲ့ဒီသူရဲ့ ဆက်ခံသူ ဖြစ်လာရတယ်။
အကယ်၍သာ အာဏာပိုင်ဘုရင်က နင့်ကို စာမေးပွဲ စစ်ဆေးပေးခဲ့မယ်ဆိုရင် ဧကရာဇ်ခြောက်ပါးရဲ့ ဘွဲ့နာမည်ကို ဆက်ခံခွင့် ရှိမှာပေါ့။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ငါ ကိုယ်တိုင် ကိုင်တွယ်ပြီး စစ်ဆေးပေးခဲ့တာဖြစ်လို့ နင်က ဖိဖုရားသုံးပါး ထဲက တစ်နေရာကိုပဲ ဆက်ခံရမှာပေါ့။
ငါ သေချာ စဉ်းစားကြည့်ရဦးမယ်၊ နင့်ရဲ့နာမည်က ယဲ့ထျန်းဂူ ဆိုတော့ 'ညဘက် မိဖုရား' လို့ ခေါ်ရင် ကောင်းမလား။
နားထောင်လို့ သိပ်မကောင်းဘူး။
'ရှေးဟောင်း မိဖုရား' လို့ ခေါ်ရမလား။
ဒါလည်း သိပ်အဆင်မပြေဖိဖုရား
အင်း၊ ကောင်းကင် ဖိဖုရား လို့ပဲ ပေးလိုက်မယ်လေ။ နင် ဘယ်လို ထင်လဲ။
ငါ ရာထူးကနေ မြှင့်တင်ပြီး ထွက်သွားတဲ့အခါ ကျရင် နင်က နောက်ထပ် ကောင်းပင်မိဖုရား ဖြစ်လာတော့မှာပေါ့။"
ဖန့်ချန်၏ မျက်နှာပေးမှာ လုံးဝ တောင့်တင်းသွားသည်။
"ငါ ဘာမှ မထင်ဘူး၊ မိဖုရား ဘွဲ့ကိုလည်း လုံးဝ လက်မခံဘူး။"
"ဟာ၊ ဒါက ဘာမှ မဖြစ်စရာ ကိစ္စမဟုတ်ပါဘူး၊ ဒါက ဘွဲ့နာမည် သက်သက်ပါပဲ။ နင် မတွေ့ရဘူးလား၊ ဧကရာဇ် ခြောက်ပါးနဲ့ မိဖုရား သုံးပါး ထဲမှာတောင်မှ ယောက်ျားလေး ဖြစ်နေပြီး မိဖုရား ဘွဲ့ကို ရယူထားတဲ့သူ ရှိနေသေးတာပဲလေ။"
အဆိပ်မိဖုရားက ပြုံးလျက် ပြောလိုက်သည်။
သူတော်စင် အားလုံးမှာ အံ့သြသွားကြပြီး ချက်ချင်းပင် အာရုံစိုက်ကာ ကြည့်လိုက်ကြရာ ရင်ထဲတွင် အေးစက်သွားကြသည်။
တကယ် ဟုတ်နေတာပဲ
ခုနစ်ယောက်က ယောက်ျားလေးတွေ ဖြစ်ပြီး နှစ်ယောက်က မိန်းကလေးတွေ ဖြစ်သည်။
ဒါဆိုရင် ဖိဖုရားသုံးပါး ထဲမှာ တစ်ယောက်က ယောက်ျားလေး ဖြစ်နေတာ သေချာနေပြီပေါ့။
"ယဲ့ထျန်းဂူက ဘာကို ငြင်းနေသေးတာလဲကွ။ ဒါက ဧကရာဇ်ခြောက်ပါးနဲ့ မိဖုရား သုံးပါး ရဲ့ ရာထူးနေရာလေ၊ ဘွဲ့နာမည် ဆိုတာက အဓိပ္ပာယ်မှ မရှိတာ၊ ငါသာဆိုရင် ချက်ချင်းကို လက်ခံလိုက်မှာပဲ "
အရန်ကိုယ်စားလှယ်သူတော်စင် အများအပြားမှာ တိတ်တဆိတ် ကျိတ်ပြီး ဝေဖန်နေကြကာ ထိုနေရာတွင် ရှိနေရမည့်သူမှာ မိမိကိုယ်တိုင်သာ ဖြစ်ခဲ့ပါက မည်မျှ ကောင်းလေစွဟု တောင့်တနေကြသည်။
အာဏာပိုင်ဘုရင် ကလည်း အားပေးစကား ဆိုလိုက်သည်။
"ယဲ့ထျန်းဂူ၊ မင်း ဒီကိစ္စတွေကို သိပ်ပြီး အလေးမထားနေပါနဲ့။ တကယ်လို့ မင်း မကြိုက်ဘူးဆိုရင် တခြားနာမည်တစ်ခုခုကို ကိုယ်တိုင် ပြန်စဉ်းစားလို့ ရပါတယ်။"
ဖန့်ချန်မှာ အတွေးနက်သွားပြီးမှ အောက်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ရာ ဝမ်ချုံစန်းမှာ မိမိကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် အဆိပ်မိဖုရားဘက်သို့ လှည့်ကာ အလွန်တရာမှ တည်ကြည်လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။
"ငါ လက်မခံဘူး၊ အာဏာပိုင်ဘုရင်ကို စာမေးပွဲ ပြန်စစ်ဆေးပေးဖို့ တောင်းဆိုပါတယ် "