အခန်း ၂၅၁
Vol. 26 Ch. 251
အခန်း (၂၅၁) သွေးမမြင်ဘဲ ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ
အခု သူက သူမ၏ခန္ဓာကိုယ်အကြောင်းကို အသိဆုံးသူဖြစ်နေပြီဖြစ်တဲ့အတွက် မနေ့ညက ဖြစ်ပျက်ခဲ့သမျှကိုလည်း သဘာဝကျကျပင် သိရှိနားလည်နေသည်။
နောက်ပိုင်းမှာ သူ မထိန်းချုပ်နိုင်ခဲ့သဖြင့် သူမကို မတော်တဆ နာကျင်စေခဲ့မိပေမယ့် ဒီကောင်မလေးကတော့ အသံတစ်ချက်မထွက်ဘဲ တိတ်ဆိတ်စွာ အံကြိတ်သည်းခံနိုင်လွန်းတယ်။ သူမသာ အစွန်ဆုံးအထိ တွန်းပို့မခံရဘူးဆိုရင် ညည်းတွားသံ တစ်ချက်လေးတောင် ထွက်လာမှာ မဟုတ်ဘူး။
စောင်ထဲမှ ထွက်နေသော သူမ၏ နူးညံ့သည့် ဆံပင်လေးများကို ညင်သာစွာ ပွတ်သပ်ပေးရင်း လီချန်ချဲ့၏ ရင်ထဲတွင် နာကျင်သွားကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"စောပါသေးတယ်"
ရွှယ်နင်ကတော့ အခုချိန်မှာ သူ့ကို မျက်နှာမပြချင်သေးတာကြောင့် စောင်ထဲကနေ ထွက်ဖို့ ငြင်းဆန်နေသည်။
"ကျွန်မ... ကျွန်မ အိပ်ချင်မပြေသေးဘူး။ ပြန်အိပ်တော့မယ်"
သို့သော် လီချန်ချဲ့က သူမကို အခွံထဲ ပုန်းနေသည့် လိပ်တစ်ကောင်လို ဆက်ပုန်းနေခွင့် မပေးပေ။
"မနေ့ညက ကိုယ် မင်းအပေါ် အရမ်းကြမ်းတမ်းသွားခဲ့သလား။ အခု ဘယ်လိုနေသေးလဲ"
အမျိုးသား၏ အသံက နူးညံ့ကာ ဆွဲဆောင်မှုရှိနေပြီး သူ၏ ကြီးမားသော လက်တစ်ဖက်က စောင်အောက်သို့ တိုးဝင်သွားသည်။
ရွှယ်နင်၏ လက်သေးသေးလေးကို သူက တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တာကြောင့် သူမရဲ့ နှလုံးသားက မိုးကြိုးပစ်ချလိုက်သကဲ့သို့ တဒိန်းဒိန်း ခုန်ပေါက်သွားပြီး မျက်နှာတစ်ခုလုံးလည်း မီးဟပ်ခံရသလို နီရဲသွားသည်။
"ကျွန်မ... အခု အဆင်ပြေသွားပါပြီ"
ခန္ဓာကိုယ်တစ်ခုလုံး ဖြုတ်ပြီး ပြန်တပ်ထားရသလိုမျိုး နာကျင်နေတာကလွဲရင်ပေါ့။
အိပ်ရေးမဝတာကြောင့်လည်း ဖြစ်နိုင်တယ်၊ သူမရဲ့ စိတ်အာရုံတွေကလည်း ဝေဝါးနေတယ်။
ဘာပဲဖြစ်ဖြစ် မနေ့ညက သူက ဆာလောင်နေတဲ့ ဝံပုလွေတစ်ကောင်လို ဖြစ်နေခဲ့ဝာာလေ။
သူက သူမကို အကြိမ်ကြိမ်အခါခါ တောင်းဆိုခဲ့တာကြောင့် သူမမှာ လုံးဝကို အင်အားကုန်ခမ်းသွားခဲ့ရတယ်။
ဒါက သူမအတွက် ပထမဆုံးအကြိမ်ဖြစ်တာကြောင့် သူမ ဘယ်လိုမှ မခံနိုင်ခဲ့ပေ။
နောက်ပိုင်း... နောက်ပိုင်းမှာတော့ သူမက သူ့သဘောအတိုင်းသာ လွှတ်ထားပေးလိုက်ရတော့သည်။
လီချန်ချဲ့က သူ့လက်ထဲရှိ နူးညံ့သော လက်ချောင်းလေးများကို ညှစ်လိုက်ရင်း စောင်ကို အနည်းငယ် ဆွဲချလိုက်ရာ သူ့ရင်ထဲရှိ ဆိုးယုတ်သော မီးတောက်များ ပြန်လည် တောက်လောင်လာခဲ့သည်။
ကောင်မလေး၏ ဖြူဖွေးပြီး ပန်းသွေးရောင်သန်းနေသော နဖူးလေး၊ လှပကြည်လင်နေသော မျက်လုံးလေးများနှင့် ရဲတွတ်နေသော နှာတံလေး၊ သူမ၏ အစိတ်အပိုင်းတိုင်းက သူ့ရင်ထဲရှိ ရမ္မက်ဆန္ဒများကို သွေးဆောင်ဖြားယောင်းနေသည်။
ရွှယ်နင်က အရည်လဲ့နေတဲ့ မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
"အားချဲ့၊ ရှင် အပြင်သွားရမှာ မဟုတ်ဘူးလား။ ဘာလို့ မသွားသေးတာလဲ"
လီချန်ချဲ့၏ အကြည့်များ ပိုမိုနက်ရှိုင်းသွားကာ သူမ၏ မျက်ခုံးရိုးလေးကို လက်မဖြင့် ပွတ်သပ်လိုက်သည်။
"ခဏနေမှ သွားမယ်"
"ဒါဆို—ဘာလို့ ကျွန်မကို လာထိနေတာလဲ"
လီချန်ချဲ့က အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
"ကိုယ် မင်းကို နမ်းချင်လို့"
ရွှယ်နင်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။
သူမ တုံ့ပြန်ချိန်တောင် မရလိုက်ဘဲ လီချန်ချဲ့က ခေါင်းငုံ့ကာ သူမ၏ နှုတ်ခမ်းများကို အာဏာရှင်ဆန်ဆန် အပြင်းအထန် သိမ်းပိုက်လိုက်သည်။
သူမကို နမ်းနေစဉ်မှာပင် သူ့လက်ကြီးက ဂနာမငြိမ်ဖြစ်လာပြီး စောင်အောက်သို့ တိုးဝင်ကာ သူမ၏ ခန္ဓာကိုယ်အနှံ့ မီးပွားများ လောင်ကျွမ်းစေခဲ့သည်။
"ရှင်... ရှင် ဒီနေ့ တရားရေးဝန်ကြီးဌာနမှာ စုကျန်းနဲ့ တွေ့စရာရှိတယ်ဆို... ဘာလို့... အား..."
"မလောပါဘူး။ သူ့ကို စောင့်ခိုင်းထားလိုက်"
"မလုပ်နဲ့... အဲ့ဒီနေရာကို မနမ်းနဲ့"
"နင်နင်၊ ကိုယ်က ဘယ်နေရာကို မနမ်းရမှာလဲ"
ရွှယ်နင်သည် အလွန်ရှက်သွေးဖြာသွားပြီး သူမ၏ လက်သေးသေးလေးများဖြင့် အမျိုးသား၏ တောင့်တင်းသော ရင်အုပ်ကို တွန်းဖယ်ကာ မျက်နှာလေးနီရဲစွာဖြင့် တီးတိုးပြောလိုက်သည်။
"အားချဲ့၊ အဲ့ဒီလောက် အရှက်မရှိတဲ့ စကားမျိုး မပြောဘဲ နေလို့မရဘူးလား"
အမျိုးသား၏ ချောမောသော မျက်နှာက တိုးကပ်လာကာ ရွှယ်နင်၏ နူးညံ့သော ပါးပြင်လေးကို ပွတ်သပ်နမ်းရှိုက်လိုက်သည်။
"ဒီစကားတွေကို ကိုယ် မင်းတစ်ယောက်တည်းကိုပဲ ပြောတာပါ"
သူ့အနမ်းများကြောင့် ရွှယ်နင်၏ စိတ်အာရုံများ မူးဝေလာပြီး သူမကိုယ်တိုင်လည်း သူ့ရင်ခွင်ထဲသို့ ပွေ့ချီခံလိုက်ရကြောင်း ခံစားလိုက်ရသည်။
သူမက ပါးလွှာသော ဂါဝန်ရှည်တစ်ထည်ကိုသာ ဝတ်ဆင်ထားသော်လည်း သူက သူမကို သူ့ပေါင်ပေါ်သို့ ဆွဲတင်ဖိချလိုက်သည်။
သူမ ခါးလေးကို မသက်မသာ ကော့လိုက်မိပြီး သူ၏ မနားတမ်း အနမ်းများအောက်တွင် သူမ၏ မျက်လုံးလေးများ အရည်လဲ့လာတော့သည်။
အမျိုးသား၏ ပြင်းထန်သော အသက်ရှူသံများက သူမ၏ နားထဲတွင် ပဲ့တင်ထပ်နေပြီး ရွှယ်နင်က သူ့ရင်ခွင်ထဲသို့ အားပျော့စွာ မှီချလိုက်ကာ သူမ၏ မေးစေ့လေးကို သူ့ပုခုံးကြားထဲသို့ နက်နက်ရှိုင်းရှိုင်း တိုးဝှက်ထားလိုက်သည်။
ဆယ်စုနှစ်တစ်ခုကျော်လောက် ရှောင်ကြဉ်လာခဲ့တဲ့ ယောက်ျားတစ်ယောက်က ဒီလောက်တောင် ကြောက်စရာကောင်းလိမ့်မယ်လို့ သူမ တစ်ခါမှ မတွေးထားခဲ့မိဘူး။
အပြင်ထွက်ရန် ပြင်ဆင်နေသူက သူ့ရဲ့ ရုံးဝတ်စုံကိုပင် ချွတ်ချလိုက်ပြီး သူမကို ကုတင်ပေါ်သို့ ပြန်လည် ပွေ့ချီသွားခဲ့လေပြီ။
နောက်တစ်ကြိမ် ပြီးဆုံးသွားချိန်တွင်တော့ ရွှယ်နင်သည် ချွေးများရွှဲနစ်နေကာ မျက်နှာလေး နီရဲပြီး မျက်ရည်များ ဝဲနေလျက် သူ့ရင်ခွင်ထဲတွင် မှီနေသည်။ သူမ၏ စိုစွတ်နေသော ဆံပင်များက ပါးပြင်ပေါ်တွင် ကပ်နေပြီး လေဒဏ်မိုးဒဏ် ခံထားရသူတစ်ယောက်နှင့် တူနေတော့၏။
လီချန်ချဲ့က သူမကို သူ့ရင်ခွင်ထဲ မှီထားခွင့်ပေးကာ ညင်သာစွာ အသက်ရှူနေပြီး သူ့လက်ကြီးက သူမ၏ နူးညံ့သော မျက်နှာပြင်လေးကို ပွတ်သပ်ရင်း လုံးဝကို ကျေနပ်အားရနေမိသည်။
ရွှယ်နင်ကတော့ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီး သူမ၏ မျက်နှာသေးသေးလေးကို သူ၏ တောင့်တင်းသော ရင်အုပ်ပေါ်တွင် ဖိကပ်ထားသည်။
ဒီအချိန်မှာတော့ သူမ ရှက်နေဖို့ အချိန်မရတော့ပေ။
သူမ တစ်စုံတစ်ခုကို စဉ်းစားမိသွားကာ အတင်းအားယူပြီး ထထိုင်လိုက်ပြီး ကုတင်တစ်ပြင်လုံး လိုက်ရှာနေတော့သည်။
လီချန်ချဲ့က မျက်လုံးများ ပင့်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ"
ရွှယ်နင်က ခေါင်းငုံ့ကာ ကုတင်ပေါ်တွင် ရှာကြည့်လိုက်သော်လည်း သွေးစက်များကို မတွေ့ရပေ။
သူမ၏ အကြည့်ကို မော့ကြည့်လိုက်ချိန်တွင် မျက်နှာလေး အနည်းငယ် ဖြူရော်သွားသည်။
"ဘာလို့ သွေးမရှိရတာလဲ"
ထူထဲသော ကုတင်ခန်းဆီးများကြားတွင် ကောင်မလေး၏ နှုတ်ခမ်းများက ခပ်ဖွဖွ တုန်ယင်နေသည်။
သူမ ဘာကြောင့် ရုတ်တရက် ဒီလောက်တောင် စိတ်ပူသွားရလဲဆိုတာကို လီချန်ချဲ့ နားမလည်နိုင်ပေ။ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကာ သူမကို သူ့ရင်ခွင်ထဲသို့ ပြန်ဆွဲယူလိုက်ပြီး သွယ်လျသော ခါးလေးကို ဖက်ထားရင်း သူ့ရင်ဘတ်တွင် မှီထားစေလိုက်သည်။
"အဲ့ဒါက အရေးကြီးလို့လား"
ရွှယ်နင်က မေးစေ့ကို ပင့်လိုက်သည်။
"ဒါပေမဲ့—"
သွေးရှိတာက မိန်းကလေးတစ်ယောက်ရဲ့ သန့်ရှင်းစင်ကြယ်ခြင်း သင်္ကေတမဟုတ်ဘူးလား။
ဘာလို့ အားချဲ့က လုံးဝ ဂရုမစိုက်ရတာလဲ။
ကောင်မလေး၏ မျက်လုံးထဲမှ ရှုပ်ထွေးနေမှုများကို မြင်လိုက်ရတဲ့အခါ လီချန်ချဲ့က ခေါင်းငုံ့ကာ သူမ၏ ရောင်အမ်းနေသော နှုတ်ခမ်းလေးများကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။
"အဲ့ဒါ အရေးမပါပါဘူး"
"ဘာလို့လဲ။ သွေးထွက်ရမှာ မဟုတ်ဘူးလား။ အဲ့လိုမှမဟုတ်ရင် ကျွန်မ ဖြူစင်သန့်ရှင်းတယ်ဆိုတာကို ဘယ်လို သက်သေပြနိုင်မှာလဲ"
လီချန်ချဲ့က သူမ၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး သူ၏ မျက်ဝန်းများက နက်ရှိုင်းကာ ခန့်မှန်းရခက်နေသည်။
"မင်း သန့်ရှင်းလား၊ မသန့်ရှင်းဘူးလားဆိုတာ ကိုယ် အသိဆုံးပါ"
ကုတင်ခန်းဆီးများကြားမှ ရင်းနှီးကျွမ်းဝင်မှုများကြားတွင် အမျိုးသားတစ်ယောက်နှင့် နှစ်ကိုယ်တည်း ရှိနေချိန် သူ့အသံက တိုးရှနေပြီး ဆွဲဆောင်မှုရှိနေတာကြောင့် ရွှယ်နင်၏ မျက်နှာလေး နီရဲသွားသည်။
"ဘယ်... ဘယ်လိုလုပ် ရှင်က အသိဆုံးဖြစ်မှာလဲ"
သူမတောင်မှ သံသယတွေ အပြည့်ဖြစ်နေတာကို သူက ဘယ်လိုလုပ် ဒီလောက်တောင် သေချာနေရတာလဲ။
လီချန်ချဲ့က ကျေနပ်တဲ့ အပြုံးတစ်ခုကို ပြသလိုက်ကာ ကောင်မလေး၏ နီရဲနေသော နားရွက်နားသို့ ကပ်၍ အသံသြသြဖြင့် တီးတိုးပြောလိုက်သည်။
"နင်နင်၊ မင်းက ဘယ်လိုထင်လို့လဲ"
သူတစ်ယောက်တည်းသာလျှင် သူမ၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ရာနေရာနှင့် အနီးကပ်ဆုံး ရှိခဲ့သူဖြစ်တာကြောင့် သူမ၏ သန့်ရှင်းစင်ကြယ်မှုကို သက်သေပြရန် အစွမ်းအစအရှိဆုံးသူ ဖြစ်တယ်လေ။
ရွှယ်နင်လည်း သူဆိုလိုတာကို နားလည်သွားကာ အရှက်သည်းလွန်း၍ မျက်နှာများ ပိုနီလာပြီး သူ့ဘက်မှ မျက်နှာလွှဲကာ ကျောခိုင်းလိုက်တော့သည်။
လီချန်ချဲ့ကတော့ သူမကို သူ့အနားမှ ထွက်သွားခွင့်ပေးရန် ရည်ရွယ်ချက် မရှိပေ။ သူ့ကိုယ်လုံးကြီးက တိုးကပ်လာကာ သူမ၏ ကျောပြင်ကို ဖိကပ်ထားလိုက်သည်။
"နင်နင်၊ မနေ့က ကိုယ် မင်းကို နာကျင်စေခဲ့မိလား"
"အဆင်ပြေပါတယ်..."
သူမ ထင်ထားသလောက်တော့ မနာကျင်ခဲ့ပေ။
သို့သော် လီချန်ချဲ့က သာမန်ယောက်ျားတစ်ယောက် မဟုတ်တာကြောင့် အနည်းငယ်တော့ ခံနိုင်ရည်ရှိရန် ခက်ခဲခဲ့သည်။
ဒါပေမဲ့လည်း အဲ့ဒီအချိန်တုန်းက သူ့အနမ်းများကြောင့် သူမ အရမ်းကို တုန်လှုပ်နေခဲ့ပြီး စိတ်အာရုံများ ဝေဝါးကာ ခန္ဓာကိုယ်လည်း အားနည်းနေခဲ့သည်။
သူမ မှတ်မိသမျှကတော့... အနည်းငယ် ပွေ့မခံလိုက်ရတာကိုပဲ။
ပြီးနောက်မှာတော့ အရာအားလုံးက သဘာဝကျကျ အံဝင်ခွင်ကျ ဖြစ်သွားခဲ့တော့တယ်။
အစပိုင်းမှာ အနည်းငယ် မသက်မသာဖြစ်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ သူမ သာယာမှုကို ခံစားလာရတယ်။ ဒါတောင်မှ သူမ အတော်လေး ငိုခဲ့ရသေး၏။
သို့သော် အဲ့ဒါက နာကျင်လို့တော့ မဟုတ်ခဲ့ပေ။
အာ... ပထမဆုံးအကြိမ်ဆိုတာ အမြဲတမ်း နာကျင်ရမယ်လို့ သူမ ထင်ထားခဲ့တာကြောင့် အစပိုင်းတုန်းက ရင်းနှီးကျွမ်းဝင်ဖို့ကို ငြင်းဆန်နေခဲ့မိတာ။
အခုတော့ အဲ့ဒါက လုံးဝမနာကျင်ဘူးဆိုတာကို သူမ သိသွားခဲ့ပြီလေ။
သူ့ရင်ခွင်ထဲမှ ကောင်မလေး၏ သနားစရာကောင်းပြီး အပြစ်ကင်းကာ တွေဝေနေသော မျက်နှာလေးကို ကြည့်ရင်း လီချန်ချဲ့၏ ရင်ထဲတွင် ရမ္မက်ဆန္ဒများ ထောင်းခနဲ ထကြွလာခဲ့သည်။
သူက အမြဲတမ်း တည်ငြိမ်ပြီး သူ့ကိုယ်သူ ထိန်းချုပ်နိုင်သူတစ်ယောက်ဖြစ်ကာ မည်သည့်အရာအတွက်နှင့်မျှ ထိန်းချုပ်မှု ကင်းမဲ့သွားလေ့ မရှိပေ။
သို့သော် ညတစ်ညတည်းနဲ့တင် သူ့ရင်ခွင်ထဲမှ နှင်းပွင့်လေးလို ကောင်မလေးကို လက်မလွှတ်ချင်တော့ဘဲ သူမကို သူ့ခန္ဓာကိုယ်ထဲ လုံးဝ ပျော်ဝင်သွားစေချင်ကာ ကုတင်ပေါ်မှ သာယာမှုများထဲတွင် သူမနှင့်အတူ အဆုံးမရှိ နစ်မွန်းနေချင်မိတော့သည်။
သို့သော် ဒီနေ့တော့ အချိန်မဟုတ်သေးပေ။ ဒါက သူမအတွက် ပထမဆုံးအကြိမ်ဖြစ်တာကြောင့် သူမ ရင်းနှီးရမှာကို ကြောက်ရွံ့သွားပြီး နောင်တစ်ချိန် သူ့အနားကပ်ဖို့ကို ရှောင်ဖယ်သွားမှာ စိုး၍ သူကိုယ်သူ အနည်းငယ် ထိန်းချုပ်ထားရန် လိုအပ်တယ်။
မကြာခင် စုကျန်းနှင့် တွေ့ရမည့်အကြောင်းကို သူ တွေးမိသွားသည်။
လီချန်ချဲ့၏ မျက်ဝန်းများက ပို၍ပင် မှောင်မိုက်နက်ရှိုင်းသွား၏။
သူက သန်မာသော လက်တစ်ဖက်ဖြင့် ရင်ခွင်ထဲမှ ကောင်မလေးကို သူ့ဘက်သို့ လှည့်လိုက်ကာ သူ့နှာခေါင်းက သူမ၏ နှာခေါင်းလေးနှင့် ပွတ်တိုက်မိသွားပြီး သူ၏ အသက်ရှူသံများ ပိုမို ပြင်းထန်လာခဲ့သည်။
သူ၏ ပြင်းထန်သော အကြည့်များအောက်တွင် ရွှယ်နင် နေရခက်လာပြီး သူ ထပ်ပြီး ထိန်းချုပ်မှု လွတ်သွားမှာကို စိုးရိမ်လာသည်။
သူမက ကမန်းကတန်းပင် အဝတ်အစားများကို သပ်ရပ်စွာ ပြင်ဝတ်လိုက်ပြီး ကိုယ်လက်သန့်စင်ရန် ထဖို့ ပြင်ဆင်လိုက်၏။