အခန်း ၂၅၂
Vol. 26 Ch. 252
အခန်း (၂၅၂) တမင်သက်သက် နောက်ကျခြင်း
"ဟင့်အင်း... ကျွန်မ မရတော့ဘူး... တကယ် မရတော့ဘူး... အားချဲ့။"
သူမ၏ ပါးလေးများ ဖောင်းကားနေပြီး မျက်လုံးများတွင် မျက်ရည်များ ဝဲနေကာ - ရှင်းရှင်းလင်းလင်းပင် ငြင်းဆန်နေသည့်ဟန် ပေါက်နေသော်လည်း၊ သူမက အားအင်ကုန်ခမ်းကာ ပျော့ခွေနေလေသည်။
"ကျွန်မ ရေချိုးချင်တယ်... စေးကပ်ကပ်နဲ့ နေလို့မကောင်းဘူး။"
သူမ၏ အကြည့်အောက်တွင် လီချန်ချဲ့တစ်ယောက် ပူနွေးလာမှုကို ခံစားလိုက်ရသော်လည်း သူ့ဆန္ဒများကို ထိန်းချုပ်လိုက်နိုင်သည်။
"ကိုယ် မင်းကို ခေါ်သွားပေးမယ်။"
ရွှယ်နင်က သူ့ရင်ခွင်ထဲသို့ လုံးလုံးလျားလျား ကျဆင်းသွားသည်။
သူမ၏ ဖရိုဖရဲဖြစ်နေသော အခြေအနေကို ကိုယ်တိုင်တောင် ပြန်ကြည့်ဖို့ ရှက်နေတာကြောင့် သူမ၏ မျက်နှာလေးကို သူ့ရင်ခွင်ထဲသို့ တိုးဝှက်ထားလိုက်၏။
လီချန်ချဲ့က သူ့ရင်ခွင်ထဲမှ ကောင်မလေးကို အလွန်ချစ်စရာကောင်းတယ်လို့ ထင်သွားပြီး စနောက်လိုက်သည်။
"နင်နင်က ဘာလို့ တစ်ခွန်းမှ မပြောရတာလဲ။"
သူမ ရှက်သွားစေရန် သူ ရည်ရွယ်လိုက်ခြင်းဖြစ်ပြီး ရွှယ်နင်၏ မျက်နှာလေးကလည်း ချက်ချင်းဆိုသလိုပင် သစ်ကိုင်းပေါ်တွင် တုန်ခါနေသည့် နွေဦးရာသီမှ မက်မွန်သီးလေးတစ်လုံးအလား နီမြန်းသွားသည်။
"ရှင်က ကျွန်မကို ဘာပြောစေချင်လို့လဲ။"
လီချန်ချဲ့က တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်။
"မင်း ကိုယ့်ကို ဝေဖန်အကြံပြုချက်လေးတွေ ပေးလို့ရတာပဲ၊ ဒါမှမဟုတ် မင်းရဲ့ အတွေးလေးတွေ မျှဝေပေးလေ၊ ဥပမာ ဘယ်လို အနေအထားမျိုး—"
အပြင်ပန်းတွင် အေးစက်ပြီး သူ့ကိုယ်သူ ထိန်းချုပ်နိုင်ပုံရတဲ့ သူမ၏ ခင်ပွန်းက ရင်းနှီးကျွမ်းဝင်ပြီးနောက်တွင် ဒီလောက် အရှက်မရှိဖြစ်လာလိမ့်မည်ဟု ရွှယ်နင် တစ်ခါမှ မတွေးထားခဲ့ပေ။ သူမက ကမန်းကတန်းပင် ဖြတ်ပြောလိုက်သည်။
"ကျွန်မ—ကျွန်မမှာ ဝေဖန်စရာ မရှိပါဘူး—"
သူမမှာ ဘယ်လို ဝေဖန်အကြံပြုချက်မျိုး ရှိနိုင်မှာလဲ။ သူမကိုယ်တိုင်တောင် တစ်ဝက်လောက်ပဲ နားလည်ခဲ့တာလေ။
သို့သော် အားချဲ့၏ စွမ်းရည်များက လျော့နည်းမနေခဲ့ပေ။ တကယ်တမ်းပြောရလျှင် အလွန်ကောင်းမွန်သည်ဟုပင် ဆိုနိုင်သည်။
"ဒါဆို မနေ့က မင်းယောက်ျား စွမ်းဆောင်ရည် အတော်လေး ကောင်းခဲ့တယ်ပေါ့။"
မျက်နှာလေးနီရဲနေလျက် ရွှယ်နင်က သူ၏ ပွေ့ချီခြင်းခံရကာ ရေထဲသို့ ရောက်သွားသည်။ သူမက သူမ၏ ရင်ဘတ်ကို ဖုံးကွယ်ထားပြီး သူ့ကို အထိမခံတော့ပေ။
လီချန်ချဲ့က မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး သူ၏ အေးစက်သော မျက်ဝန်းများတွင် ဖော်ပြ၍မရသော ဆန္ဒများ ရောယှက်နေသည်။
"ကိုယ် မမြင်ဖူးသေးတဲ့ မင်းရဲ့ အစိတ်အပိုင်းများ ရှိနေသေးလို့လား။"
"ရှင်—အာ..အာ..အာ... ရှင် ကျေးဇူးပြုပြီး ဆက်မပြောဘဲ နေလို့မရဘူးလား"
ရွှယ်နင်မှာ အရှက်သည်းလွန်း၍ သေချင်စော်ပင် နံသွား၏။
လီချန်ချဲ့က ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူ့လက်ကြီးက သူမ၏ နူးညံ့သောအသားအရည်ကို ပွတ်သပ်နေသည်။
"ကိုယ် သေချာ မလုပ်ပေးနိုင်ခဲ့တာရှိရင် ကိုယ့်ဇနီးလေးက ပြောပြလို့ရပါတယ်။ မင်းကို ပျော်ရွှင်စေသရွေ့ မင်းယောက်ျားက ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်။"
သူက တကယ်ကို ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိနေတာ—မနေ့ကဆိုလျှင် သူက သူမရဲ့ ခန္ဓာကိုယ် လက်မတိုင်းနီးပါးကို နမ်းရှိုက်ခဲ့တယ်လေ။
သူမကို ရွံစရာကောင်းတယ်လို့ သူ နည်းနည်းလေးမှ မထင်ဘူးလား။
ရွှယ်နင် တွေးမိလေလေ၊ သူမ၏ မျက်နှာလေးက ပို၍ပူထူလာလေလေပင်။
ဤမျှ အပြစ်ကင်းစင်ပြီး နတ်သက်ကြွေလာသူလို အမျိုးသားက ရမ္မက်ကိစ္စများတွင်လည်း အသိစိတ်လွတ်ကာ ထိန်းချုပ်မှု ကင်းမဲ့သွားနိုင်တယ်ဆိုတာကို တွေးကြည့်ဖို့ ခက်ခဲလှသည်။
လီချန်ချဲ့က ရွှယ်နင်ကို ရေချိုးပေးရာတွင် သူ၏ မျက်လုံးများကို ဟိုဟိုဒီဒီ မကြည့်စေဘဲ လူကြီးလူကောင်းဆန်ဆန် ပြုမူကာ မသင့်တော်သည့်အရာ တစ်ခုမှ မလုပ်ခဲ့ပေ။
သူမကို ရေထဲမှ ဆွဲတင်လိုက်ချိန်မှသာ သူ့အကြည့်များက သူမ ရင်ဘတ်ပေါ်ရှိ အမာရွတ်ကို ခဏတာ ဖြတ်ပြေးသွားခဲ့သည်။
ရွှယ်နင်မှာ လုံးဝကို အင်အားကုန်ခမ်းနေပြီ။
အမျိုးသားက သူမ၏ ခန္ဓာကိုယ်ကို ခြောက်သွေ့အောင် သုတ်ပေးပြီးနောက် ကုတင်ပေါ်သို့ ပြန်ပွေ့ချီသွားချိန်တွင် သူမ ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
လီချန်ချဲ့က ကုတင်ဘေးတွင် မတ်မတ်ထိုင်နေပြီး သူ၏ နက်ရှိုင်းသော မျက်ဝန်းများက အိပ်မောကျနေသူ၏ မျက်နှာလေးပေါ်တွင် စူးစိုက်စွာ တည်ရှိနေသည်။
မနေ့ညက ပြီးဆုံးသွားပြီးနောက်၊ သူက အခြားစောင်တစ်ထည်ကို သေတ္တာထဲသို့ ထိုးထည့်လိုက်သည်။
အခုမှစပြီး သူတို့နှစ်ယောက်ကို လင်မယားအဖြစ်မှ မည်သူမျှ ခွဲခွာနိုင်မည်မဟုတ်တော့ပေ။
ရွှယ်နင်က ဒီလောက်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည်။ သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေးက ထူထဲသော အိပ်ယာခင်းများကြားတွင် ကွေးကွေးလေးဖြစ်နေပြီး ဖြူဖွေးကာ ပန်းသွေးရောင်သန်းနေသော မျက်နှာလေးကိုသာ ဖော်ပြနေသည်။ စောစောက သူတို့၏ ရမ္မက်ဆန္ဒများကြောင့် နီမြန်းနေမှု၏ အရိပ်အယောင်လေးများက သူမ၏ နူးညံ့သော မျက်ခုံးများကြားတွင် ကျန်ရစ်နေသေးကာ သူမကို ပို၍ပင် ချစ်စရာကောင်းအောင် ဖန်တီးပေးနေ၏။
လီချန်ချဲ့က ကုတင်ဘေးတွင် ထွက်နေသော သူမ၏ လက်သေးသေးလေးကို ပွတ်သပ်လိုက်ပြီး၊ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ သူမ၏ နူးညံ့သော နှုတ်ခမ်းလေးများကို နမ်းရှိုက်ရန် ခေါင်းငုံ့လိုက်သည်။
သူ ဘယ်လောက်ပဲ ရရှိနေပါစေ၊ ဘယ်တော့မှ မလုံလောက်နိုင်သလို ခံစားရကာ အမှတ်မထင်ပင် အနမ်းများကို ပိုမိုနက်ရှိုင်းသွားစေလိုက်တော့သည်။
အသက်ရှူရကြပ်သွား၍လားမသိ၊ ရွှယ်နင်၏ လက်သေးသေးလေးက အမျိုးသား၏ သပ်ရပ်ချောမောသော မျက်နှာကို ခပ်ဖွဖွ ရိုက်လိုက်သည်။
"မလုပ်နဲ့—အားချဲ့—နေလို့မကောင်းဘူး—"
ကောင်မလေး၏ အိပ်ယောင်ယမ်းသံလေးကပင် အသည်းယားစရာကောင်းလွန်းနေသည်။
လီချန်ချဲ့က သူမ၏ နုနယ်ပြီး အားနွဲ့သော ပုံစံလေးကို အလွန်မြတ်နိုးနေ၏။ အရိုက်ခံရသည့်တိုင်အောင် သူ အနည်းငယ်မျှပင် ဒေါသမထွက်ခဲ့ပေ။ ထို့အစား သူမ၏ အငြိမ်မနေသော လက်သေးသေးလေးကို သူ့လက်ကြီးဖြင့် ဆုပ်ကိုင်ကာ နှုတ်ခမ်းဆီသို့ ယူဆောင်သွားပြီး ကျေနပ်စွာ နမ်းရှိုက်လိုက်သည်။
"ရှီဇီ၊ အချိန်နောက်ကျနေပါပြီ—"
ဖူရှန်းက မနက်စောစောကတည်းက တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သည်။
ဒါက ရှီဇီ၏ တံခါးအပြင်ဘက်တွင် သူ ဤမျှကြာအောင် စောင့်ဆိုင်းရသည့် ပထမဆုံးအကြိမ်ပင်။
နေမင်းကြီး အတော်မြင့်နေပြီဖြစ်တာကို မြင်လိုက်ရသဖြင့်၊ တရားရေးဝန်ကြီးဌာနသို့ အမြန်မသွားလျှင် ရှီဇီစုနှင့် အရာရှိများက အထင်လွဲကြမှာကို သူ စိုးရိမ်နေ၏။
သို့သော် မနေ့က ရှီဇီနှင့် သခင်မလေးတို့၏ မင်္ဂလာဦးည အခါကောင်းဖြစ်နေသောကြောင့် အစေခံတစ်ယောက်အနေဖြင့် သူ ဆက်တိုက် မတိုက်တွန်းရဲပေ။
ဘာပဲဖြစ်ဖြစ်၊ ရှီဇီက ဒီနေ့အတွက် သူ့ကိုယ်သူ သန့်ရှင်းစင်ကြယ်စွာ စောင့်ထိန်းလာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ။ ရှီဇီနှင့် သခင်မလေးတို့သာ မင်္ဂလာဦးညကို အောင်မြင်စွာ ပြီးမြောက်သွားပါက ကြီးမားကျယ်ပြန့်သော ကျန်းကော်နယ်စားမင်းအိမ်တော်ကြီးမှာ မကြာမီ သခင်လေးတစ်ယောက် ရလာတော့မယ်။
သတင်းက ဟယ်ကျန့်ရှိ အိမ်တော်ဟောင်းသို့ ရောက်သွားပါက အရှင်သခင်ကြီး ဘယ်လောက် ဝမ်းသာသွားမလဲဆိုတာကို ဘယ်သူသိနိုင်မလဲ။
ဖူရှန်းက ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ဝမ်းသာနေမိသည်။ ခဏရပ်ပြီးနောက် သူက ပြုံးကာ ထပ်မေးလိုက်၏။
"ရှီဇီ? ရှီဇီ? ဒီနေ့ တရားရေးဝန်ကြီးဌာနကို သွားမှာလား။"
လီချန်ချဲ့က ကိုယ်ဝန်တားပုတီးစေ့ကို ရွှယ်နင်၏ ခါးပတ်တွင် ချိတ်ဆွဲပေးလိုက်ပြီး သူ၏ မျက်ဝန်းများက မှောင်မိုက်ကာ ဖတ်ရခက်နေသည်။
"ခဏလောက် ထပ်စောင့်လိုက်ဦး"
...
"ရှီဇီလီ ဘယ်မှာလဲ။"
"ရှီဇီလီက ဘာလို့ မရောက်သေးတာလဲ။"
"တရားရေးဝန်ကြီးဌာနက လူဒီလောက်အများကြီးက သူ့တစ်ယောက်တည်းကို စောင့်နေရလို့ အချိန်တွေ၊ အားအင်တွေ အလဟဿ ဖြစ်ကုန်ပြီ!"
"သူက ကျန်းကော်နယ်စားမင်းအိမ်တော်ရဲ့ ရှီဇီဆိုပေမယ့်၊ အခုမှ ခန့်အပ်ခံရတဲ့ ထန်ဟွာတစ်ယောက်ပဲ ရှိသေးတာလေ။ တရားရေးဝန်ကြီးဌာနက လူဒီလောက်အများကြီးကို ဒီလောက်ကြာအောင် စောင့်ခိုင်းရလောက်တဲ့အထိ သူက ဘာအခွင့်အရေးများ ရှိနေလို့လဲ။"
"သခင်စု၊ အခု ကျွန်တော်တို့ ဘာလုပ်သင့်တယ်လို့ ထင်ပါသလဲ။"
"အလောင်းအများကြီးကို ကျန်းကော်နယ်စားမင်းအိမ်တော်က လူတွေ စောင့်ကြပ်နေလို့ ကျွန်တော်တို့ စစ်ဆေးလို့တောင် မရဘူး။ ဒီအချိန်ထိလည်း ရှီဇီလီ အရိပ်အယောင်တောင် မတွေ့ရသေးဘူး။ သခင်စု၊ ဒီကိစ္စကို အရှင်မင်းကြီးဆီ အစီရင်ခံသင့်လား။"
ခမ်းနားထည်ဝါသော တရားရေးဝန်ကြီးဌာန၏ အတွင်းဆောင်ခန်းမတွင် စုကျန်းက အရာရှိသုံး ကုလားထိုင်ကြီးပေါ်တွင် မတ်မတ် ထိုင်နေသည်။
အောက်ဘက်မှ အရာရှိကြီးငယ်များ၏ ဆူညံသံများကို ကြားလိုက်ရသောအခါ သူက ပင်ပန်းနွမ်းနယ်စွာဖြင့် နှာတံကို ဖိနှိပ်လိုက်၏။
ရေတွင်းဟောင်း အလောင်းစွန့်ပစ်မှုအမှုက စတင်တွေ့ရှိသည်နှင့် တစ်ပြိုင်နက် နန်းတွင်းနှင့် ပြည်သူလူထုတစ်ရပ်လုံးကို တုန်လှုပ်သွားစေခဲ့ပြီး ဧကရာဇ်မင်းမြတ်ကိုယ်တိုင်ပင် အထူးစိတ်ဝင်စားနေခဲ့သည်။
စစ်ဆေးရေးခန်းအတွင်း သပ်ရပ်စွာ စီရီထားသော အလောင်းများကို မြင်တွေ့ရချိန်တွင် အောက်လူများမှာ ကြောက်ရွံ့တုန်လှုပ်နေခဲ့ကြသည်။
တုန်းကျင်းမြို့တော်တွင် လူသတ်မှုများက မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း၊ လူအများအပြား သေဆုံးရသည့် ဒီလိုရက်စက်ကြမ်းကြုတ်သော အမှုမျိုးကတော့ ရှားပါးသည်။
တရားရေးဝန်ကြီးဌာနတွင် အမှုများကို အမှန်တကယ် ဖော်ထုတ်နိုင်သူ သိပ်မရှိလှပေ။ အများစုမှာ အလုပ်မလုပ်ဘဲ အလကားစားနေသည့် အရည်အချင်းမရှိသော အရာရှိများသာ။
ယခင်က တရားရေးဝန်ကြီးဌာနတွင် အမှုကြီးများကို ကိုင်တွယ်ဖြေရှင်းရန် စုကျန်းတစ်ယောက်တည်းသာ စွမ်းဆောင်ရည်ရှိသူဖြစ်၏။
သို့သော် ယခု အရေးကြီးသည့် လူသတ်မှုအမှုတွဲတွင် ဟန်လင်ပညာရှင်မျှသာဖြစ်သူကို ပါဝင်ခွင့်ပြုထားခြင်းမှာ အရှင်မင်းကြီး၏ အကြံအစည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။
ယခုရှိနေသည့် အရာရှိအများစုမှာ စုကျန်း၏ လက်အောက်ငယ်သားများဖြစ်ကြပြီး သူတို့က စုကျန်းကိုပဲ အဓိကထား အားကိုးနေကြသည်။
တရားရေးဝန်ကြီးဌာန ဝန်ကြီးကျူးက အပြုံးဖြင့် ရှေ့သို့ တိုးလာသည်။
"သခင်စု၊ ကျွန်တော် ကျန်းကော်နယ်စားမင်းအိမ်တော်ကို လူလွှတ်ပြီး စုံစမ်းခိုင်းရမလား"
စုကျန်းက မျက်လုံးများကို အောက်သို့ ငိုက်စိုက်ချလျက် ဘာမှမပြောဘဲ နေလိုက်ရာ လူအားလုံးမှာ သူ့အတွေးကို မခန့်မှန်းနိုင်ဘဲ စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။
စုကျန်း တိတ်ဆိတ်နေတာကို ကြည့်ပြီး ဝန်ကြီးက ဆက်ပြောသည်။
"မနေ့က ရှီဇီလီ တာဝန်ကနေ ထွက်ခွာပြီးတဲ့နောက် ရှန်းယဲ့ရပ်ကွက်ဘက်ကို တမင်သက်သက် ဖြတ်သွားရင်း ဒီလူသတ်မှုအမှုကို တွေ့ခဲ့တာလို့ ကြားသိရပါတယ်။ ကျွန်တော် လူလွှတ်စုံစမ်းခိုင်းလိုက်တော့ ရှီဇီလီက မင်းသမီးကြီးရဲ့ စံအိမ်ကနေ သူ့ဇနီးသစ်ကို သွားခေါ်တာလို့ ပြောကြတယ်"
စုကျန်းက ရုတ်တရက် အထေ့အငေါ့ဖြင့် ရယ်မောလိုက်သည်။
"ရွှယ်နင်ကို သွားခေါ်တာလား"
ဝန်ကြီးက ရယ်လျက်-
"အပြည့်အစုံတော့ မသိရသေးပါဘူး၊ ဒါပေမဲ့ အဲ့လိုတော့ ကြားရပါတယ်"
စုကျန်းက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး မျက်လုံးထဲတွင် အပြုံးမပါဘဲ ပြုံးလိုက်သည်။
"ရှီဇီလီနဲ့ သူ့ဇနီးသစ်က မင်္ဂလာဆောင်ပြီးတာတောင် လပေါင်းများစွာကြာတဲ့အထိ အတူမနေကြတာကို၊ ရွှယ်နင်အတွက်နဲ့ ရှန်းယဲ့ရပ်ကွက်ဘက်ကို တမင်ဖြတ်သွားစရာ အကြောင်းရှိလို့လား"
ဝန်ကြီးမှာ ကြောင်အသွားသည်။
"ဒီကိစ္စကတော့—"
"ဒါက လီချန်ချဲ့က ကျွန်တော်တို့ကို ခြိမ်းခြောက်ဖို့ ကြိုးစားတာသက်သက်ပဲ"
စုကျန်းက အထေ့အငေါ့ဖြင့်ပင်-
"တံခါးဝကို စစ်ဆေးဖို့ လူလွှတ်လိုက်ပါ။ ရှီဇီလီ မရောက်သေးဘူးဆိုရင် ကျန်းကော်နယ်စားမင်းအိမ်တော်ရဲ့ အဓိကဝင်ပေါက်မှာ စောင့်ခိုင်းထားလိုက်။ ဒီအမှုရဲ့ တာဝန်ခံတစ်ယောက်အနေနဲ့ သူ ဘယ်လိုပျင်းရိနေလဲဆိုတာကို တိုင်းပြည်ထဲက သာမန်လူတန်းစားတွေအားလုံး မြင်ပါစေ"
"သခင်စု၊ အဲ့လိုလုပ်ဆောင်ချက်ကတော့ တကယ်ကို ရက်စက်လွန်းရာ ရောက်နေပါပြီ"
တရားရေးဝန်ကြီးဌာန၏ အတွင်းဆောင်ခန်းမ တံခါးဝတွင် အရပ်ရှည်ရှည် လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်။
စောစောကတည်းက ဆူညံနေသည့် ခန်းမအတွင်းမှ လူအုပ်ကြီးမှာ ထိုလူသစ်ကို မြင်လိုက်ရသည့်အခါ လုံးဝ တိတ်ဆိတ်သွားတော့သည်။
စုကျန်းက ထရပ်လိုက်ပြီး သူ့နောက်တွင် တရားရေးဝန်ကြီးဌာနမှ အရာရှိကြီးငယ် တစ်ဒါဇင်ကျော်က ကပ်ပါသွားသည်။
သူက သူ၏ ဖီးနစ်မျက်လုံးများကို ပင့်မော့ကာ လီချန်ချဲ့ကို အလေးအနက် စိုက်ကြည့်လိုက်သည်။