အခန်း ၂၅၄
Vol. 26 Ch. 254
အခန်း (၂၅၄) - သူ ကလေးမယူချင်ဘူး
သူ၏ရှီဇီက သခင်မလေးရွှယ်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စများကို ဘာလို့ ဒီလောက်အထိ ဂရုတစိုက်ရှိနေရတာလဲဆိုတာကို မော့ပိုင် နားမလည်နိုင်ပေ။ သူက နှုတ်ခမ်းကိုစေ့ကာ မေးလိုက်၏။
"ရှီဇီက သခင်မလေးရွှယ်အပေါ် စိတ်ဝင်စားနေတာလား"
စုကျန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ရယ်စရာကောင်းသည်ဟု ထင်လိုက်သည်။
သူက ရွှယ်နင်အပေါ် ဘယ်လိုလုပ် ခံစားချက်ရှိနိုင်မှာလဲ။ ဒါက အကြီးမားဆုံး ဟာသတစ်ခု မဟုတ်ဘူးလား။ သူ့မှာ တရားဝင်ဇနီးမယားရှိပြီးသားပဲ၊ သူမရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဘာလို့ ဂရုစိုက်နေရမှာလဲ။
သူ စိတ်ဝင်စားတာက သူမအနေဖြင့် လီချန်ချဲ့ကို တကယ်ပဲ ဆွဲဆောင်နိုင်မလားဆိုတာကို သိချင်ရုံသက်သက်ပဲ။
သို့သော်လည်း သူ ဘာမှမပြောတော့ပေ။ ဝတ်ရုံစကိုမကာ အလွန်တက်ကြွသော စိတ်ဓာတ်ဖြင့် အတွင်းခန်းမဆောင်သို့ ဝင်သွားလိုက်သည်။
"ရှီဇီ—"
သူက မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြန့်ကျက်လျက် ရွှင်လန်းစွာ ပြောလိုက်သည်။
"ကျွန်တော် ခင်ဗျားကို ကူညီဖို့ လာခဲ့ပြီ"
လီချန်ချဲ့က သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။ ထိုအကြည့်တွင် လှောင်ပြောင်မှုနှင့် ရွံရှာမှုတို့ ရောယှက်နေ၏။ သို့သော် သူ၏မျက်လုံးထဲမှ ရန်စလိုသော အရိပ်အယောင်များကို အမြန်ပင် ပြန်လည်ရုပ်သိမ်းလိုက်သည်။
စုကျန်းက ရွှယ်နင်အပေါ် ဘာအကြွေးမှမတင်ဘူးဟု ယုံကြည်ကာ သူ့ကိုယ်သူ ကျေနပ်ဂုဏ်ယူနေခဲ့ကြောင်းကို မသိခဲ့ပေ။
သို့သော် ရက်အနည်းငယ်အကြာ နန်းတွင်းညစာစားပွဲတွင်မူ... သူ ရင်ကွဲမတတ် နာကျင်မှုနှင့် ဝိညာဉ်ကြေမွသွားရမည့် ဝေဒနာကို ခံစားရတော့မည်။
...
ရွှယ်နင်သည် ရေပေါ်တွင် ရည်ရွယ်ချက်မဲ့ မျောပါနေသော မှော်ပင်လေးတစ်ပင်လို ခံစားရသည့် မှုန်ဝါးဝါး အိပ်မက်ထဲသို့ လွင့်မျောသွားခဲ့သည်။
ထို့နောက် ချစ်စရာကောင်းပြီး သွက်လက်သော ကလေးငယ်လေးတစ်ဦး ရုတ်တရက် ခုန်တက်လာကာ သူမ၏ ဝမ်းဗိုက်ထဲသို့ တိုးဝင်သွားသည်ဟု အိပ်မက်မက်လိုက်သည်။
သူမ လန့်နိုးသွားကာ ချပ်ရပ်နေသော ဝမ်းဗိုက်ကို လက်သေးသေးလေးများဖြင့် အုပ်ကိုင်လျက် အိပ်ရာပေါ်မှ ထထိုင်လိုက်၏။
"သခင်မလေး"
"နောက်ဆုံးတော့ နိုးလာပါပြီလား"
အိပ်ရာအပြင်ဘက်တွင် စောင့်နေသော ပေါင်ချန်သည် လှုပ်ရှားသံကို ကြားလိုက်ရသဖြင့် သူမ၏ခေါင်းကို အမြန်ပြူကြည့်လိုက်သည်။
သူမ၏အကြည့်က နီမြန်းနေသော သခင်မလေး၏ မျက်နှာပေါ်သို့ ကျရောက်သွားချိန်တွင် အကြည့်များ ရုတ်တရက် ရပ်တန့်သွားပြီး အသံက ထူးထူးခြားခြား ရှက်ရွံ့နေသည့်အသံ ဖြစ်သွားသည်။
"သခင်မလေး၊ ဒီနေ့ သခင်မလေးကြည့်ရတာ တော်တော်လေး ပြောင်းလဲနေတယ်"
ကြည်လင်သော ရေပြင်မှ ထွက်ပေါ်လာသည့် ကြာပန်းလေးတစ်ပွင့်ပမာ မည်သည့်အလှဆင်မှုမှ မပါဘဲ သဘာဝအတိုင်း လှပနေသည်။
မိတ်ကပ်မလိမ်းထားသော်လည်း သူမ၏ ပန်းရောင်သန်းနေသော ပါးပြင်လေးများက တောက်ပနေပြီး အလွန်အမင်း ဆွဲဆောင်မှုရှိနေသည်။ ညဘက် လေနှင့်မိုးဒဏ်ကို ခံရပြီးနောက် ပိုမိုနူးညံ့ကာ ဆွဲဆောင်မှုရှိလာသည့် နှင်းစက်များခိုတွဲနေသော ပျိုနီပန်းလေးများကဲ့သို့ပင်။
ပေါင်ချန်သည် ရွှယ်နင်ကို ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူမက အိပ်ရာလိုက်ကာများကို အမြန်ဆွဲဖွင့်လိုက်ပြီး စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။
"သခင်မလေး၊ ပြီးခဲ့တဲ့ညက သခင်မလေးနဲ့ သခင်လေးတို့ လင်မယားအရာ မြောက်သွားကြပြီလား"
ရွှယ်နင်မှာ သူမ၏အသံကြောင့် အစခံလိုက်ရသဖြင့် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားသည်။
ဒီကောင်မလေးက သူမနဲ့ အားချဲ့တို့ အခန်းထဲမှာ ဘာဖြစ်ခဲ့လဲဆိုတာကို ဘယ်လိုလုပ် သိနေရတာလဲဟု တွေးမိသွား၏။
ပေါင်ချန်က တခစ်ခစ်ရယ်လိုက်သည်။
"ကျွန်မတို့အားလုံး ကြားလိုက်ရတယ်လေ"
ရွှယ်နင် အလန့်တကြားဖြစ်သွားပြီ။
"ဘာ?!"
"မနေ့ညက ရှီဇီက ကျွန်မတို့ကို ရေနွေးပြင်ခိုင်းထားပြီး အချိန်မရွေး အခစားဝင်နိုင်အောင် တံခါးအပြင်ဘက်မှာ စောင့်နေဖို့ အမိန့်ပေးခဲ့တယ်။ ကျွန်မ တစ်ညလုံး မအိပ်ရဘဲ အခန်းထဲကို ရေအကြိမ်ကြိမ် လာပို့ပေးခဲ့ရတာ"
ပြီးခဲ့သည့်ညက အဖြစ်အပျက်များကို ပြောနေရင်း ပေါင်ချန်၏ မျက်နှာလည်း ပူနွေးလာသည်။
အစပိုင်းတွင် ဘာဖြစ်နေမှန်း သူမ နားမလည်ခဲ့ပေ။
သို့သော် နောက်ပိုင်းတွင် အခန်းထဲမှ အသံများ ကြားရပြီး အစ်မချွန်းချီက ရှင်းပြလိုက်သောအခါ သူမ၏မျက်နှာ ချက်ချင်း နီမြန်းသွားခဲ့သည်။
ထိုအချိန်မှသာ ရှီဇီက သူတို့နှစ်ဦး လင်မယားအရာမြောက်ရန်အတွက် ရေနွေးပြင်ခိုင်းထားခြင်းဖြစ်ကြောင်း သူမ သဘောပေါက်သွားခဲ့သည်။
နောက်နာရီအနည်းငယ်ကြာသည်အထိ သူမက အစ်မချွန်းချီ နှင့် ရှလန်တို့နှင့်အတူ တံခါးအပြင်ဘက်တွင် စောင့်နေခဲ့ကြသည်။
သဘာဝကျစွာပင် အခန်းတွင်းမှ အဆက်မပြတ် ရှိုက်ငိုသံများနှင့် မသဲကွဲသော အမောတကော အသက်ရှူသံများကို သူတို့ ကြားနေခဲ့ရ၏။
ပေါင်ချန်က အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ သူမ၏ ပူနွေးနေသော ပါးပြင်များကို ပုတ်လိုက်ပြီး ရွှယ်နင် ထထိုင်နိုင်ရန် ကူညီပေးဖို့ ရှေ့သို့တိုးလာသည်။
"သခင်မလေး၊ ရှက်နေစရာ မလိုပါဘူး။ ကိုယ့်ခင်ပွန်းနဲ့ လင်မယားအရာမြောက်တယ်ဆိုတာ မိန်းမတစ်ယောက်ရဲ့ ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပဲလေ။ နောက်တော့လည်း ကျင့်သားရသွားမှာပါ။ ဟီးဟီးဟီး၊ အခုတော့ အားလုံးအဆင်ပြေသွားပြီ။ သခင်မလေးက အချိန်မရွေး သခင်လေးရဲ့ ရင်သွေးကို ကိုယ်ဝန်ဆောင်နိုင်ပြီး ကျန်းကော်နယ်စားမင်းအိမ်တော်မှာ အမြန်ဆုံး ခြေကုပ်ယူနိုင်ပြီပေါ့။"
အားလုံးက သိနေနှင့်ပြီးသားဖြစ်ရာ ရွှယ်နင်မှာ သိပ်ပြီးမရှက်တော့ပေ။ အထူးသဖြင့် ပေါင်ချန်က သူမလူဖြစ်နေသောကြောင့်ပင်။
သို့သော်လည်း သူမ၏ ပါးပြင်ထက်တွင် အနီရောင်အကွက်နှစ်ခု ကျန်ရစ်နေဆဲဖြစ်ပြီး ပြန်ချေပလိုက်သည်။
"နင်က အရာရာကို သိနေတဲ့ပုံပဲ"
"အစ်မချွန်းချီဆီက ကြားတာပါ။"
"ဒါဆို ချွန်းချီတို့လည်း သိတာပေါ့။"
"ဟုတ်တယ်၊ မနေ့က ကျွန်မတို့အားလုံး အဲဒီမှာ ရှိနေခဲ့ကြတာ"
ရွှယ်နင်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။
"..."
သူမကို အခုပဲ သတ်လိုက်ပါတော့။ လင်မယားအရာ မြောက်သွားရုံလေးနဲ့ ဒီလောက်တောင် ရုတ်ရုတ်သဲသဲဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
"ပြီးတော့ ဟိုရွှေတွေနဲ့ ပြည့်နေတဲ့ သေတ္တာလေ။"
ပေါင်ချန်က သူမ၏ သွယ်လျသော လက်လေးဖြင့် ညွှန်ပြလိုက်သည်။
ရွှယ်နင်သည် သူမ၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ အခန်းမကြီးရှိ အကာအရံနောက်တွင် ချထားသော နှင်းဆီသစ်သားသေတ္တာကြီးတစ်လုံးကို မြင်လိုက်ရသည်။
သူမ၏ နှုတ်ခမ်းများ တုန်ယင်သွားပြီး မျက်နှာက ပို၍ပင် နီမြန်းလာ၏။
"အဖေပါ သိသွားတာလား။"
ပေါင်ချန်၏ နှုတ်ခမ်းများ ကွေးတက်သွားသည်။
"ဟုတ်တယ်၊ ကျန်းကော်နယ်စားမင်းအိမ်တော် တစ်ခုလုံး သိသွားကြပြီ! အဲဒါက နယ်စားမင်းဆီက ဂုဏ်ပြုလက်ဆောင်လေ၊ ဒုတိယသခင်မဆီက ကျောက်စိမ်းရူရီ တစ်ခုလည်း ပါသေးတယ်။ ပြီးတော့ သခင်မဝမ်ကလည်း ပန်းချီကားတစ်ချပ် ပို့လိုက်သေးတယ်!"
"..."
ရွှယ်နင် သေချင်စိတ်တောင် အနည်းငယ် ပေါက်သွားတယ်။ ဒါပေမဲ့ တကယ်တော့ သူမ မသေချင်ပါဘူးလေ။
ကဲပါလေ... ကိုယ်ချစ်တဲ့သူနဲ့ ရင်းရင်းနှီးနှီး နေတယ်ဆိုတာ လူ့သဘာဝပဲ မဟုတ်လား။ သူမ ဒါကို ကျင့်သားရအောင် နေရမှာပဲ။ ရှက်စရာ ဘာမှမရှိပါဘူး—သူမက အခု ရှစ်ဇီရဲ့ ဇနီးဖြစ်နေပြီလေ။ နောက်တစ်ခါဆို ပိုပြီး သတိထားလိုက်ရုံပါပဲ။
နောက်ပြီး အားချဲ့က စိတ်ကူးပေါက်လို့ လုပ်လိုက်ရုံသက်သက်ပါ။
စုံတွဲတော်တော်များများက အချိန်တွေကြာလာတာနဲ့အမျှ သခင်မကျန်းနဲ့ နယ်စားမင်းစုတို့လိုပဲ ဖြစ်သွားကြပြီး သူတို့ရဲ့ ရင်းနှီးတဲ့ဘဝက စောစောစီးစီးပဲ ပျောက်ကွယ်သွားကြတာပဲလေ။
ရွှယ်နင် အများကြီး ဆက်မတွေးဝံ့တော့ပေ။ သူမ မျက်လုံးတွေကို မှိတ်လိုက်သည်နှင့် မနေ့က မသဲကွဲသော မြင်ကွင်းများက ချက်ချင်းဆိုသလို လွှမ်းမိုးလာသည်—သူမအပေါ် ဖိချကာ သိမ်းပိုက်လွှမ်းမိုးခဲ့သော အမျိုးသား၏ ပုံရိပ်များပင်။
စုကျန်းနဲ့ အတူရှိစဉ်တုန်းက သူမ မကြုံဖူးခဲ့တာတော့ မဟုတ်ဘူးလေ။ ဒါပေမဲ့ အကြိမ်တိုင်းက အနေရခက်ပြီး သည်းမခံနိုင်လောက်အောင် နာကျင်ရတာချည်းပဲ။ မနေ့က အတွေ့အကြုံကတော့ ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရသလို ခံစားရတယ်။
"သခင်မလေး၊ ထပြီး မျက်နှာသစ်၊ ကိုယ်လက်သန့်စင်တော့မလား"
ရွှယ်နင်၏ မျက်နှာက ပူထူလာပြီး သူမ ခေါင်းညိတ်လိုက်သည်။
"အင်း"
သူမ လှုပ်ရှားလိုက်သည်နှင့် အောက်ပိုင်းမှ နက်ရှိုင်းသော သက်တောင့်သက်သာမရှိမှုကို ခံစားလိုက်ရသည်။
"သခင်မလေး၊ နေမကောင်းဘူးလား။ ကျွန်မ ကြည့်ပေးရမလား"
ရွှယ်နင်၏ မျက်နှာ တစ်ပြင်လုံး ရဲတက်သွားသည်။
"မ-မလိုပါဘူး၊ ငါ အဆင်ပြေပါတယ်၊ တကယ်ပါ။"
ပေါင်ချန်က အမြန်ဖြည့်စွက်ပြောလိုက်သည်။
"ဒီလိမ်းဆေးက သခင်လေး ပြင်ဆင်ပေးထားခဲ့တာ။ နောက်မှ လိမ်းပေးလိုက်ဖို့ ပြောခဲ့တယ်—"
ရွှယ်နင်က နှုတ်ခမ်းကိုကိုက်ကာ ဆေးကို ဆွဲလုယူလိုက်သည်။ သူမ၏ မျက်နှာနှင့် နှာခေါင်းထိပ်လေးမှာ နူးညံ့သော ပန်းရောင်သန်းနေသည်။
"ငါ့ဘာသာ လိမ်းလိုက်မယ်။"
ပေါင်ချန်၏ အပြုံးက ပိုမိုနက်ရှိုင်းသွားသည်။
"သခင်မလေး၊ တကယ် ရှက်စရာမလိုပါဘူး။ မာမားကျန်းက ပြောတယ် ကလေးမွေးရတာက ဒီထက်တောင် ပိုပြီး... ပြင်းထန်သေးတယ်တဲ့။"
ရွှယ်နင်က သူမကိုယ်ပိုင် ကလေးလေးတစ်ယောက်တော့ လိုချင်ပါတယ်၊ သို့သော် ဤကိစ္စနှင့်ပတ်သက်၍ လီချန်ချဲ့၏ ခံစားချက်ကိုတော့ သူမ မသေချာပေ။
သူမ ရုန်းကန်၍ ထထိုင်လိုက်ရာ သူမ၏ခါးမှ တွဲလောင်းကျနေသော ကြည်လင်တောက်ပသည့် ပုတီးစေ့တစ်လုံးကို သတိထားမိလိုက်သည်။
"ဒါက ဘာလဲ—"
ပေါင်ချန်က ရေနွေးခွက်ကို ယူဆောင်လာပြီး စင်ပေါ်တွင်ချထားလိုက်ကာ ထိုလှပသော ပုတီးစေ့ကို တစ်ချက်ကြည့်လိုက်သည်။
"ကျွန်မလည်း မသိဘူး။"
ရွှယ်နင်သည် ထိုပုတီးစေ့ကို ပွတ်သပ်ရင်း ခဏတာ တိတ်ဆိတ်သွားပြီးမှ အကြောင်းစုံကို ပြန်လည်အမှတ်ရလာသည်။ သူမက လီချန်ချဲ့အား မင်းသမီးယန်ရန်အပေါ် စိတ်ဝင်စားနေသည်ဟု အထင်မှားကာ အရက်မူးပြီးနောက် ရထားလုံးပေါ်တွင် လီချန်ချဲ့က သူမအား ရှင်းပြခဲ့ဖူးသည်။
မင်းသမီးယန်ရန်ဆီသို့ သွားခဲ့သည့်နေ့က ဤပုတီးစေ့ကို ပြန်ယူရန်အတွက်သာ ဖြစ်ကြောင်း ပြောခဲ့ခြင်းဖြစ်သည်။
ဤပုတီးစေ့မှာ သန္ဓေတားပုတီးပင်။
ရွှယ်နင် ခေါင်းထဲ၌ မူးဝေသွားသလို ခံစားလိုက်ရသည်။
မိမိသခင်မလေး အိပ်ရာဘေးတွင် ငေးငိုင်နေတာကို မြင်ရသဖြင့် ပေါင်ချန်က မော့ကြည့်လိုက်သည်။
"သခင်မလေး၊ ဘာတွေတွေးနေတာလဲ။"
"ဘာမှမဟုတ်ပါဘူး—"
ရွှယ်နင်က ရယ်ပြလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"အားချဲ့ကများ သန္ဓေတားဆေးတွေ ဘာတွေ ပြင်ဆင်ခိုင်းထားတာမျိုး ရှိသေးလား။"
"မရှိပါဘူး၊ ဘာမှမရှိပါဘူး။"
ပေါင်ချန်က ပြန်ဖြေသည်။
"သခင်မလေးက သခင်လေးရဲ့ တရားဝင်ဇနီးပဲ။ အခုမှ လင်မယားအရာ မြောက်ထားတာကို သန္ဓေတားဆေးတွေ ဘာလို့ လိုမှာလဲ။ နောက်ပြီး အဲဒီဆေးတွေက အေးလွန်းပြီး ခန္ဓာကိုယ်ကို ထိခိုက်စေတယ်။ သခင်မလေး လုံးဝမသောက်သင့်ဘူး။"
လီချန်ချဲ့ ပြောခဲ့တဲ့ စကားအချို့ကို ရွှယ်နင် ခပ်သဲ့သဲ့ မှတ်မိနေသည်။ သို့သော် သူမ မူးနေသည့်အချိန်ဖြစ်ပြီး စိတ်ကလည်း ဝေဝါးနေသဖြင့် အတိအကျ ပြန်မတွေးတတ်တော့ပေ။ သို့သော် ဤသန္ဓေတားပုတီးစေ့ကို မြင်လိုက်ရသည့်အခါ သူ ကလေးယူချင်စိတ် မရှိကြောင်း သူမ ရိပ်မိလိုက်၏။
ရှင်းပြ၍မရသော ဆုံးရှုံးမှုခံစားချက်တစ်ခုက သူမ၏ ရင်ထဲသို့ လှိုင်းထန်စွာ ဝင်ရောက်လာပြီး အသက်ရှူရသည်အထိ နာကျင်လာသည်။
"သခင်မလေး?"
"ဘာမှမဟုတ်ပါဘူး။"
ရွှယ်နင် အသိစိတ်ပြန်ဝင်လာပြီး မျက်နှာကို သန့်စင်လိုက်သည်။
ထို့နောက် အကာအရံနောက်သို့ ပြန်ဝင်ကာ လိမ်းဆေးကို သူမကိုယ်တိုင် လိမ်းပြီး အဝတ်အစားလဲလိုက်သည်။ သို့သော် ထိုသန္ဓေတားပုတီးစေ့ကို ဖြုတ်ထားရမလား၊ သို့မဟုတ် ဆက်လက်ဆောင်ထားရမလားဆိုတာကိုတော့ သူမ ဝေခွဲမရ ဖြစ်နေမိတော့သည်။