← Chapters

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း (၂၅၆) - မလျှော့သော ရည်မှန်းချက်

ဝူရှီ၏ အပြုံးက အနည်းငယ် မှေးမှိန်သွားသော်လည်း သူမ၏ မျက်ဝန်းများကမူ ညင်သာစွာ ကွေးညွတ်နေပြီး ဆွဲဆောင်မှု ရှိနေဆဲပင်။

"ဒါဆိုရင်လည်း ဒီကိစ္စအတွက် သခင်မလေးကိုပဲ အလုပ်ရှုပ်ခံပြီး ကူညီခိုင်းရတော့မှာပေါ့။"

ရွှယ်နင်က နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုကို သက်တောင့်သက်သာ ပြုံးလိုက်သည်။

"ဒါဆိုရင်လည်း အားချဲ့ ပြန်လာတဲ့အခါ မြို့တော်ထဲက အလားအလာရှိတဲ့ လူငယ်လေးတချို့ကို ရွေးခိုင်းပြီး သခင်မလေး ကျင်းယီကို ရွေးချယ်ခိုင်းလိုက်မယ်လေ။ ဘယ်လိုသဘောရလဲ။"

ဒီထက် ရွံစရာကောင်းတာ ဘာမှရှိမှာ မဟုတ်ဘူး။

ရွှယ်နင်က သူမချစ်ရတဲ့သူကို သူမအတွက် ခင်ပွန်းရွေးချယ်ခိုင်းချင်နေတာလား။

ဝူကျင်းယီသည် အံကိုတင်းတင်းကြိတ်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို အတင်းဖန်တီးလိုက်သည်။

"သခင်မလေး.. တကယ်တော့ ကျွန်မက မလောသေးပါဘူး။ အဒေါ့်အနားမှာပဲ နောက်ထပ် အချိန်နည်းနည်းလောက် ဆက်နေပြီး ပြုစုပေးချင်ပါသေးတယ်။"

"ဘယ်လိုလုပ် မလောဘဲ နေလို့ရမှာလဲ"

ရွှယ်နင်က ပြောသည်။

"အစ်မ ကျင်းယီက ဆယ့်ရှစ်နှစ်တောင် ပြည့်နေပြီ မဟုတ်လား။ အမြန်အိမ်ထောင်မပြုရင် လူတွေက အတင်းပြောကြတော့မှာပေါ့။"

ဝူကျင်းယီ၏ မျက်နှာအမူအရာမှာ ပို၍ကြည့်ရဆိုးလာပြီး ရွှယ်နင်ကိုကြည့်သော အကြည့်များကလည်း ပို၍အေးစက်ကာ ရန်လိုလာသည်။

ဒီလိုမျိုး မလိုမုန်းထားတဲ့ အကြည့်မျိုးများကို စုမိသားစုတွင် ရှိစဉ်ကတည်းက ရွှယ်နင် အများကြီး မြင်ဖူးခဲ့ပြီးဖြစ်၏။

သူမက ဂရုမစိုက်ဘဲ ဝူရှီဘက်သို့ ပြုံးကာ လှည့်လိုက်သည်။

"အဒေါ် ဘယ်လိုထင်လဲ။"

ဝူရှီ အတင်းပြုံးလိုက်သည်။

"သခင်မလေး ပြောတာ သင့်တော်ပါတယ်။"

ဝူကျင်းယီ ဘာကြံစည်နေလဲဆိုတာကို ရွှယ်နင် အတိအကျ သိတယ်။ နယ်စားမင်းအိမ်တော်မှာ နေထိုင်တဲ့အချိန် အားချဲ့နှင့် နီးနီးကပ်ကပ်နေပြီး တစ်နေ့မှာ သူ့အိပ်ယာပေါ်ရောက်ရန် မျှော်လင့်နေတာထက် မပိုပေ။

သူမက သဘောထားသေးသိမ်သူ မဟုတ်ပေမယ့် အဲ့လိုမျိုး မရိုးသားသည့် ရည်ရွယ်ချက်များရှိတဲ့ ဝူကျင်းယီလို မိန်းမမျိုးကိုတော့ သည်းမခံနိုင်ဘူး။

အားချဲ့အတွက် ကိုယ်လုပ်တော် စီစဉ်ပေးရမည်ဆိုလျှင်တောင် အန္တရာယ်မရှိဘဲ အပြစ်ကင်းစင်တဲ့ မိန်းကလေးများကိုပဲ ရွေးချယ်ပြီး သူ့အနား ပို့ပေးမှာ။

"ဒါဆိုရင်လည်း"

ရွှယ်နင်က ဝူကျင်းယီကို တောက်ပစွာ ပြုံးပြရင်း ပြောလိုက်သည်။

"ဒီကိစ္စကို ကျွန်မ မှတ်ထားလိုက်ပါမယ်။ စိတ်မပူပါနဲ့ အစ်မကျင်းယီ။ ဝူမိသားစုကို အရှက်မကွဲစေရအောင် မျိုးရိုး၊ အကျင့်စာရိတ္တနဲ့ ရုပ်ရည် ပြည့်စုံတဲ့ ခင်ပွန်းကောင်းတစ်ယောက်ကို သေချာပေါက် ရှာပေးပါ့မယ်။"

ဝူကျင်းယီ၏ မျက်နှာ မှောင်မိုက်သွားသော်လည်း လီလင်းဖုန်းရှေ့တွင်တော့ ဘာမှမပြောရဲပေ။

ဝူရှီက ပြုံးလိုက်ပြီး အခြေအနေကို ပြေလည်အောင် ဝင်ထိန်းလိုက်သည်။

"သခင်မလေးက မှတ်ထားပေးမယ်ဆိုရင် ကောင်းတာပေါ့။ စကားမစပ် ဒီဆေးက သမားတော်က ကျွန်မအတွက် အထူးဖော်စပ်ပေးထားတာပါ။ အမျိုးသမီးတွေရဲ့ ချီစွမ်းအင်နဲ့ သွေးကို အားဖြည့်ပေးဖို့ အသင့်တော်ဆုံးပါပဲ။ သခင်မလေး မျက်စိကျလောက်တဲ့ လက်ဆောင်မျိုး ကျွန်မဆီမှာ မရှိပေမယ့် ဒီဆေးက ကျွန်မရဲ့ စေတနာပါ၊ သခင်မလေး လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်။"

ရွှယ်နင် ဆေးဘူးကို ယူလိုက်ပြီး ပေါင်ချန်ကို ကမ်းပေးလိုက်သည်။

ဝူကျင်းယီနှင့် ဝူရှီမှလွဲ၍ ကျန်လူများအတွက်မူ စားသောက်ရသည်မှာ အတော်လေး ပျော်စရာကောင်းခဲ့သည်။

ဝူကျင်းယီသည် ထမင်းအနည်းငယ်သာ စားပြီးနောက် အစားအသောက်ပျက်သွားတော့၏။ ဝမ်းနည်းနာကြည်းမှုများဖြင့် နီရဲကာ မျက်ရည်များဝဲနေသော မျက်ဝန်းများဖြင့် စုန့်ဟယ်ခန်းမမှ ပထမဆုံး ထွက်သွားခဲ့သည်။

ပြဿနာတစ်ခုခု လုပ်မိမှာကို စိုးရိမ်သဖြင့် မကြာမီမှာပင် ဝူရှီလည်း သူမနောက်မှ လိုက်သွားခဲ့သည်။

ဝူကျင်းယီသည် အမြဲတမ်း အေးဆေးငြိမ်သက်တတ်သူဖြစ်ပြီး သူမ၏ အတွေးများ၊ ခံစားချက်များကို မည်သည့်အခါမျှ ထုတ်ဖော်ပြသလေ့မရှိပေ။

သို့သော် ယနေ့တွင်မူ ရွှယ်နင်က သူမကို အလွန်အမင်း ဒေါသထွက်စေခဲ့သဖြင့် တစ်ကိုယ်လုံး တုန်ယင်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။

ကျောက်တောင်တုတစ်ခုကို မှီရင်း သူမ၏ မျက်ဝန်းများတွင် မျက်ရည်များဖြင့် ဝေဝါးနေသည်။

"ကျွန်မ ရောက်လာတာ နောက်ကျသွားလို့ပါ။ သူ(မ)က သူ(မ)ကိုယ်သူ(မ) အရမ်း ထူးကဲနေတယ်လို့ ထင်နေတာလား။ အားကိုးရာမဲ့ မိဘမဲ့ကောင်မလေးတစ်ယောက်က ကျွန်မရှေ့မှာ ဆရာမကြီး လာလုပ်ဖို့ ဘာအခွင့်အရေးများ ရှိလို့လဲ။ ကျွန်မသာ နယ်စားမင်းအိမ်တော်ကို စောစောလေး ရွှေ့လာခဲ့ရင် ရှီဇီက အခုဆိုရင် အဲဒီကောင်မစုတ်ကို မဟုတ်ဘဲ ကျွန်မကို လက်ထပ်မှာပဲ!"

ဝူရှီက ဘေးဘီကို ဝေ့ကြည့်လိုက်သည်။

"ကဲ... တော်တော့၊ မငိုနဲ့တော့။ ဖြတ်သွားဖြတ်လာ အစေခံတွေ ကြားသွားရင် ဘယ်လိုထင်ကုန်မလဲ။"

ဝူကျင်းယီ၏ ဝမ်းနည်းမှုများက ရင်တွင်းအနက်ရှိုင်းဆုံးဆီမှ လှိုက်တက်လာသည်။ စောစောက စာကြည့်ဆောင်ထဲမှ အမျိုးသားတစ်ဦး၏ မောင်းထုတ်ခံခဲ့ရပုံကို ပြန်တွေးမိပြီး သူမ အရှက်ကွဲသလို ခံစားနေရပြီဖြစ်သည်။

ထို့ပြင် ရှီဇီပြောခဲ့သောစကားများ— သူ၏ကိုယ်လုပ်တော်ဖြစ်ချင်ပါက ရွှယ်နင်၏ခွင့်ပြုချက်ကို တောင်းခံရမည်ဟူသော စကားကို ပြန်တွေးမိလေ သူမ ရင်ထဲ၌ အမုန်းတရားများ ပြည့်နှက်လာလေပင်။

သူမရဲ့ နောက်ခံမျိုးရိုးက မမြင့်မားပေမယ့် မိဘမဲ့ကောင်မလေးတစ်ယောက်ထက်တော့ သာနေသေးတယ် မဟုတ်ဘူးလား။

အခုမှ ဘာလို့ ရွှယ်နင်ရဲ့ အရိပ်အောက်မှာ နေရမှာလဲ။

"အဒေါ်၊ ကျွန်မ အရမ်း မခံမရပ်နိုင် ဖြစ်ရတယ်"

ဝူကျင်းယီက ဝူရှီ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး သူမ၏ မျက်ဝန်းများက ပို၍ နာကျင်ကာ မျက်ရည်များ ပြည့်လျှံလာသည်။

ဝူရှီက ဝူကျင်းယီ၏ ကျောပြင်လေးကို ပုတ်ပေးလိုက်သည်။

"ငိုတာက ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် လူတိုင်းက အခက်အခဲကြုံလာတိုင်း အားရပါးရ ငိုလိုက်ကြမှာပေါ့။"

"ဒါဆို ကျွန်မ ဘာလုပ်ရမလဲ။ သူ(မ)လေသံကို အဒေါ် ကြားတယ်မလား။ ကျွန်မကို အလှူပေးနေသလိုမျိုးပဲ။ ကျွန်မတစ်ယောက်တည်းကိုဆိုရင် ထားလိုက်ပါတော့၊ ဒါပေမဲ့ သူ(မ)က ကျွန်မတို့ ဝူမိသားစုကိုရော အဒေါ့်ကိုပါ တမင်ပစ်မှတ်ထားနေတာ။ မြို့တော်ကိုရောက်ပြီး အိမ်တော်ထဲ ဝင်လာကတည်းက သူ(မ)ကျွန်မတို့နဲ့ ရင်းရင်းနှီးနှီး မနေခဲ့ဘူး။ အခုလည်း နယ်စားကြီးရှေ့မှာ အဲဒီစကားတွေကို တမင်သက်သက် ပြောတာ— ဒါ ကျွန်မကို ကျန်းကော်နယ်စားမင်းအိမ်တော်ကနေ မောင်းထုတ်ချင်နေတာ မဟုတ်ဘူးလား။"

ဝူကျင်းယီက ဆက်ပြောသည်။

"အဒေါ်.. ကျွန်မရဲ့ အိမ်ထောင်ရေးကိုသာ သူ(မ)က တကယ် အဆုံးအဖြတ်ပေးရမယ်ဆိုရင် ကျွန်မကို အသုံးမကျတဲ့ ယောကျ်ားတစ်ယောက်နဲ့ ပေးစားလိုက်မှာကို စိုးရိမ်တယ်။ တွေးမိလေ ပိုဝမ်းနည်းရလေပဲ..."

ဝူရှီသည်လည်း သူမအပေါ် ရွှယ်နင်၏ ခပ်တန်းတန်း ဆက်ဆံမှုကို မသိဘဲမနေပေ။

သို့သော် သူမက ကျင့်သားရနေခဲ့ပြီ။ နယ်စားမင်းအိမ်တော်ရှိ လူတိုင်းက မုဆိုးမဖြစ်တဲ့ သူမကို အမြဲတမ်း အထင်သေးခဲ့ကြတယ်။

အချို့ အစေခံများကပင် သူမ၏ ကွယ်ရာမှာ အတင်းပြောရဲကြ၏။

နှစ်များတစ်လျှောက် ကလေးနှစ်ယောက်၏ ဘဝပိုမိုကောင်းမွန်စေရန်အတွက် အိမ်တော်အတွင်း၌ သူမကိုယ်သူမ ဖြစ်နိုင်သမျှ နှိမ့်ချနေထိုင်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။ သို့တိုင်အောင် သူမ ပြန်ရခဲ့တာက အခြားသူများ၏ လျစ်လျူရှုမှုများပင်။

သူမက ဝူမိသားစုကို ဂုဏ်တက်စေရန် ရည်ရွယ်ချက်ဖြင့် ဝူကျင်းယီကို တုန်းကျင်းမြို့သို့ ခေါ်လာခဲ့ခြင်းဖြစ်၏။

တုန်းကျင်းတစ်မြို့လုံးမှာ လီချန်ချဲ့ထက် ပိုပြီး ထူးချွန်တဲ့ လူငယ်တစ်ယောက်များ ရှိပါသေးသလား။

အကယ်၍ ဝူကျင်းယီသာ ရှီဇီကို လက်မထပ်ရပါက သူမ ကျန်းကော်နယ်စားမင်းအိမ်တော်မှာ ဘယ်တော့မှ ခေါင်းမော့နိုင်တော့မည် မဟုတ်ပေ။

အေးစက်သော မျက်နှာထားဖြင့် ဝူရှီက ခပ်ရေးရေးပြုံးကာ ဝူကျင်းယီကို ပြောလိုက်သည်။

"လိမ္မာပါတယ် ကလေးရယ်.. မငိုနဲ့တော့။ မျက်ရည်တွေကို သုတ်လိုက်။"

ဝူကျင်းယီ ရှိုက်ငိုရင်း ပြောသည်။

"အဒေါ်.. ကျွန်မ ဘာလုပ်ရမလဲ။ ကျွန်မ ဒီလိုကြီးတော့ လက်မထပ်နိုင်ဘူး။"

"ဒီလိုကြီး လက်မထပ်နိုင်တာကတော့ သေချာတာပေါ့"

ဝူရှီက လေးနက်စွာ ပြောသည်။

"နင် လက်မထပ်ရသေးသရွေ့ အခွင့်အရေး ရှိနေသေးတယ်။"

ဝူကျင်းယီ အံ့သြသွားသည်။

"ဒါပေမဲ့ ရှီဇီက... ကျွန်မကို သဘောကျပုံ မပေါ်ဘူး။"

ဝူရှီက အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်၏။

"နင့်ရဲ့ ဆေးကို အသုံးမချရသေးဘူး မဟုတ်လား"

ဝူကျင်းယီ အကြည့်လွှဲလိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

အရင်က သူမ အရမ်း မာနထောင်လွှားခဲ့ပြီး သူမရဲ့ ရုပ်ရည်ဖြင့် ဘယ်ယောကျ်ားကိုမဆို အလွယ်တကူ မြှူဆွယ်နိုင်မယ်လို့ ယုံကြည်ခဲ့တယ်။

ဒါပေမဲ့ လီချန်ချဲ့က သာမန်ယောကျ်ားတစ်ယောက် မဟုတ်ဘဲ လုံးဝမတုန်လှုပ်ခဲ့ဝာာကိုတော့ သူမ မမျှော်လင့်ထားခဲ့ပေ။

ထိုအဖြစ်အပျက်ပြီးနောက် စာကြည့်ဆောင်သို့ ချဉ်းကပ်ရန် နောက်ထပ် အခွင့်အရေး မရခဲ့တော့သလို ကျိုယင်းဆောင်သို့ အကြိမ်ကြိမ် သွားခဲ့သော်လည်း ရှီဇီ၏ အရိပ်အယောင်ကိုပင် မတွေ့ခဲ့ရပေ။

"တော်ပြီ.. ဒီတစ်ခါ သင်ခန်းစာရသွားပြီဆိုရင်လည်း စိတ်ထဲ သေသေချာချာ မှတ်ထားလိုက်တော့"

ဝူရှီက နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွတ်ရင်း ပြောလိုက်သည်။

"ကြားရသလောက်တော့ မကြာခင်မှာ ကြင်ယာတော်ရှုရဲ့ မွေးနေ့အထိမ်းအမှတ် နန်းတွင်းစားသောက်ပွဲ ကျင်းပတော့မယ်။ အဲဒီအချိန်ကျရင် နင်လည်း အတူတူလိုက်ခဲ့ရမယ်။ ရှီဇီရဲ့ အစားအစာထဲကို ဆေးခတ်နိုင်မယ့် နည်းလမ်းကို ရှာ၊ ဒါဆိုရင် ဒီကိစ္စက အလိုလို ပြီးပြတ်သွားလိမ့်မယ်။"

ဝူကျင်းယီ၏ မျက်ဝန်းများ တောက်ပသွားပြီး စိတ်လှုပ်ရှားလွန်းသဖြင့် သူမ၏ မျက်ရည်များကိုပင် မေ့လျော့သွားတော့သည်။

"ဒါက နန်းတွင်းစားသောက်ပွဲ မဟုတ်ဘူးလား။ ကျွန်မ တကယ် လိုက်သွားလို့ရမှာလား။"

ဝူရှီက ယုံကြည်မှုအပြည့်ဖြင့် ခပ်တိုးတိုး ရယ်မောလိုက်သည်။

"အဒေါ့်မှာတော့ နင့်ကို ခေါ်သွားနိုင်မယ့် နည်းလမ်း အလိုလို ရှိတာပေါ့။"

ဝူကျင်းယီ၏ မျက်ခုံးအစုံကြားရှိ မှိုင်းညို့နေမှုများမှာ နောက်ဆုံးတွင် လုံးဝ လွင့်စင်သွားတော့သည်။

တစ်နေ့မှာ ရွှယ်နင်၏ အထက်သို့ တက်လှမ်းနိုင်လိမ့်မယ်ဆိုတာ သူမ သိနေတယ်။

ထိုနေ့ရောက်လာပါက သူမက ရွှယ်နင်ကို သေချာပေါက် အလဲအကွဲ ရှုံးနိမ့်စေရမယ်။

...................

စုန့်ဟယ်ဆောင်မှ ထွက်လာပြီးနောက် လီချန်လဲ့သည် ရွှယ်နင်၏ ဘေးတွင် ကပ်ပါလာခဲ့သည်။

"အစ်မအားယီက သူ(မ)အရည်အချင်းနဲ့မမျှအောင် ရည်မှန်းချက်တွေ ကြီးလွန်းတယ် ယောင်းမ။ အစ်မအားယီကို အစ်ကိုကြီးရဲ့ ကိုယ်လုပ်တော်အဖြစ် ဘယ်လိုမှ အဖြစ်မခံပါနဲ့။"

ရွှယ်နင် အံ့သြသွားသည်။

"ညီမလေးက ဒါကို သိနေတာလား။"

"ပြီးခဲ့တဲ့တခေါက်က ကျွန်မ မတော်တဆ ကြားလိုက်တာ"

လီချန်လဲ့က ပြောသည်။

"အမေက အစ်ကိုကြီးကို တစ်ခုခု ပေးဖို့တောင် ပြောနေသေးတယ်။ အဲဒါ ဘာလဲဆိုတာ ကျွန်မ မသိပေမယ့် ကောင်းတဲ့အရာတော့ သေချာပေါက် မဟုတ်ဘူး။ ယောင်းမ.. သတိထားနော်။ ပြီးတော့ အမေ ယောင်းမကို ပေးလိုက်တဲ့ ဆေးကိုလည်း ဘာပဲဖြစ်ဖြစ် လုံးဝမသောက်နဲ့ဦး။"

ဆွေမျိုးမငဲ့ဘဲ တရားဘက်က ရပ်တည်ပေးနေသော လီချန်လဲ့ကို ကြည့်ပြီး ရွှယ်နင် မရယ်ဘဲ မနေနိုင်တော့ပေ။

"စိတ်မပူပါနဲ့၊ နင့်ရဲ့ယောင်းမက အစကတည်းက သောက်ဖို့ စိတ်မကူးထားပါဘူး။"

လီချန်လဲ့က ပျော်ရွှင်စွာဖြင့် ရွှယ်နင်၏ အနားသို့ ပိုတိုးကပ်လိုက်သည်။

"ကျွန်မ သိသားပဲ.. ယောင်းမက တော်တော်လေး ထက်မြက်တာပဲ။ သူ(မ)က ကျွန်မရဲ့ အမေအရင်း ဖြစ်နေပေမယ့်လည်း သတိထားတာက အကောင်းဆုံးပဲလေ။ ယောင်းမ.. ကျွန်မအမေကိုလည်း အပြစ်မတင်ပါနဲ့နော်၊ သူ(မ)က မကောင်းတဲ့စိတ်နဲ့ လုပ်တာမဟုတ်ပါဘူး။ ကျွန်မလည်း ယောင်းမအတွက် အမေ့ကို ကူပြီး စောင့်ကြည့်ပေးပါ့မယ်။”

All Chapters