← Chapters

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း (၂၅၇) ဆေးလူးပေးခြင်း

ရွှယ်နင်၏ မျက်ဝန်းနှင့် မျက်ခုံးများက နူးညံ့သိမ်မွေ့နေသည်။

"သူ(မ)က ကျိုယင်းဆောင်ဘက်ကို လက်မလျှိုသရွေ့တော့ သူ(မ)ဘာလုပ်လုပ် ငါ သိပ်ပြီး ဝင်မစွက်ဖက်ပါဘူး။ နင်တို့ ဒုတိယအိမ်တော်ခွဲရဲ့ လစဉ်ထောက်ပံ့ကြေးတွေကိုလည်း ငါ သင့်တင့်သလို တိုးပေးပါ့မယ်။ တစ်ခုခုစားချင်တာပဲဖြစ်ဖြစ်၊ ဝယ်ချင်တာပဲဖြစ်ဖြစ် ဒီယောင်းမကို ပြောလို့ရတယ်။"

လီချန်လဲ့က ကပျာကယာ ပြန်ပြောလိုက်သည်။

"အစ်ကိုကြီးက ကျွန်မတို့ကို ဘယ်တုန်းကမှ မျက်နှာမလိုက်ခဲ့ပါဘူး။ ဒီနှစ်တွေထဲမှာ ရှီဇီက ဒုတိယအိမ်တော်ခွဲရဲ့ စားသောက်စရိတ်အတွက် လိုတာထက်တောင် ပိုပေးခဲ့တာပါ။ တတိယအစ်ကိုရဲ့ အစောပိုင်းပညာသင်ကြားမှုကနေ အခုအချိန်အထိ ဆရာတွေကို အစ်ကိုကြီးကိုယ်တိုင် ရွေးချယ်ပေးခဲ့တာလေ။ ကျွန်မဆိုရင် တတိယအစ်ကိုနဲ့အတူ မိသားစုစာသင်ကျောင်းကိုတောင် လိုက်တက်ခဲ့ရသေးတယ်။ ကျွန်မတို့ လီမိသားစုမှာ ယောကျ်ားလေးရော မိန်းကလေးပါ မိသားစုစာသင်ကျောင်းမှာ စာသင်ခွင့်ရှိတယ်လေ။ နှမြောစရာကောင်းတာက မိသားစုထဲမှာ မိန်းကလေးနည်းလွန်းနေတာပဲ။ ယောကျ်ားကြီးတွေကြားထဲမှာ စာသင်ရတာကို သိပ်မကြိုက်လို့ အစ်ကိုကြီးက ကျွန်မအတွက် သီးသန့် အမျိုးသမီးဆရာမတစ်ယောက် ငှားပေးခဲ့သေးတယ်။ ဒီလောကကြီးမှာ ဒုတိယအိမ်တော်ခွဲအပေါ် အစ်ကို့လောက် ကောင်းတဲ့သူ မရှိတော့ပါဘူး။"

လီချန်လဲ့တစ်ယောက် အားချဲ့ကို 'အစ်ကိုကြီး' ဟု ချစ်ချစ်ခင်ခင် ခေါ်နေတာ အံ့သြစရာမရှိပေ။

ရွှယ်နင်က ညင်သာစွာ ပြုံးလိုက်သည်။

လီချန်လဲ့က ရိုးရှင်းပြီး စိတ်ထားကောင်းသော မိန်းကလေးတစ်ဦးဖြစ်ကြောင်း ထင်ရှား၏။

ဝူရှီလိုလူမျိုးက လီချန်လဲ့လို ပူပင်သောကကင်းသည့် သမီးမျိုးနှင့် လီချန်ဟိန်လို ဖြောင့်မတ်တည်ကြည်သော သားမျိုးကို ပြုစုပျိုးထောင်နိုင်လိမ့်မယ်ဟု ဘယ်သူက ထင်ထားမှာလဲ။

"ယောင်းမ... ယောင်းမနဲ့ အစ်ကိုကြီး တကယ်ပဲ လင်မယားအရာ မြောက်သွားပြီလားဟင်။ လင်မယားအရာမြောက်တယ်ဆိုတာ ဘယ်လိုခံစားရလဲ။ ဦးလေးကရော ဘာလို့ အဲ့ဒီလောက်တောင် ပျော်နေရတာလဲ။"

ရွှယ်နင် အနေရခက်သွားတယ်။

လီချန်လဲ့က ငယ်သေးပြီး အိမ်ထောင်ပြုရမည့်အရွယ် မရောက်သေးသော်လည်း သူမ၏စကားများက အလွန်ပွင့်လင်းလွန်းပြီး ရွှယ်ယန်ရန်နှင့် အနည်းငယ် တူနေသည်။

"ဘာမှမဖြစ်ပါဘူး... တစ်နေ့ ညီမလေး အိမ်ထောင်ကျလာရင် နားလည်သွားမှာပါ။"

"အဲ့ဒါက အဝေးကြီး လိုပါသေးတယ်။"

လီချန်လဲ့သည် ရွှယ်နင်ကို တကယ်ချစ်ခင်သဖြင့် သူမ၏လက်မောင်းကို ဂရုတစိုက် ချိတ်တွယ်လိုက်သည်။

"ဒါဆို ယောင်းမရဲ့ ဗိုက်ထဲမှာ ရတနာလေးတစ်ပါး ရှိနေပြီလားဟင်။"

ရွှယ်နင်သည် သူမ၏ ယုတ္တိမတန်သော ထူးဆန်းသည့် အိပ်မက်ကို တွေးမိကာ ခါးရှိ ကိုယ်ဝန်တားပုတီးစေ့ကို ငုံ့ကြည့်ရင်း ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"အဲ့ဒီလောက် မမြန်ပါဘူး။ ကိုယ်ဝန်ရဖို့ဆိုတာ သိပ်မလွယ်ဘူးလေ။"

စုကျန်းနှင့် အိမ်ထောင်သက် ငါးနှစ်အကြာမှ သူမ ကိုယ်ဝန်တစ်ခါ ရခဲ့ဖူးသည်။ ထိုအချိန်အတွင်း သူမတို့၏ အိမ်ထောင်ရေးမှာ မည်သည့် ကိုယ်ဝန်တားဆေးမှ မသုံးခဲ့ပေ။ သို့တိုင်အောင် ကိုယ်ဝန်ရရန် ခက်ခဲခဲ့၏။

ထို့ပြင် ဤဘဝတွင်လည်း သူမ၏ ကျန်းမာရေးက သိပ်မကောင်းပေ။ သူမအနေဖြင့် ကိုယ်ဝန်ရရန် ခက်ခဲနိုင်ပြီး ဂရုတစိုက် အားဖြည့်ပေးရန် လိုအပ်ကြောင်း သမားတော်များက ပြောထားခဲ့သည်။

ကလေးတစ်ယောက်လိုချင်ရုံနှင့် မလွယ်ကူပေ။

ရွှယ်နင် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။

ထားလိုက်ပါတော့။ လက်ရှိကြုံတွေ့နေရတဲ့ အဓိကကိစ္စအနည်းငယ်ကို အရင်ဖြေရှင်းဖို့က ပိုအရေးကြီးတယ်။

ညဘက်ရောက်သော် လီချန်ချဲ့ ပြန်လာခဲ့သည်။

သူ ရေချိုးပြီးသွားသောအခါ စုန့်ဟယ်ခန်းမဆောင်တွင် စောစောက ဖြစ်ပျက်ခဲ့တာများကို ရွှယ်နင် ပြောပြလိုက်ပြီး လီချန်လင်၏ ကျန်းမာရေး ဆိုးရွားလာမှုကို တွေးမိကာ နတ်သမားတော်လိုင်ကို စံအိမ်တော်သို့ ဖိတ်ခေါ်ရန်ပါ အကြံပြုလိုက်သည်။

လီချန်ချဲ့က မကြားလိုက်သည့်အတိုင်း ရွှယ်နင်ကို ဖက်ထားပြီး သူမ၏ ပုခုံးပေါ် မေးတင်ကာ ကိုယ်သင်းနံ့လေးကို ရှူရှိုက်နေသည်။

"နင်နင် ခုနက ဘာပြောလိုက်တာလဲ။"

ရွှယ်နင်၏ ခါးကို အမျိုးသားက ဆုပ်ကိုင်ထားပြီး သူမ၏ ဝမ်းဗိုက်အောက်ပိုင်းက သူ့ကိုယ်နှင့် တင်းကြပ်စွာ ဖိကပ်နေလေသည်။

ထိုအမျိုးသားတွင် ကျယ်ပြန့်သော ပုခုံး၊ ကျဉ်းမြောင်းသော ခါးနှင့် ကြည့်ရုံဖြင့် မျက်နှာကို နီမြန်းပူရှိန်းသွားစေနိုင်သည့် လှပပြတ်သားသော ဝမ်းဗိုက်ကြွက်သား ရှစ်တုံးဖြင့် ထူးကဲကောင်းမွန်သော ခန္ဓာကိုယ်အချိုးအစား ရှိသည်။

သူက အားပြင်းစွာဖြင့် တိုးကပ်လာတဲ့အခါ ရွှယ်နင်မှာ သူ့ကို လုံးဝ မယှဉ်နိုင်တော့ပေ။

"အား... အားချဲ့၊ မလုပ်နဲ့ဦး... ကျွန်မပြောတာက မိန်းကလေးဝူကို စောစောစီးစီး အိမ်ထောင်ချပေးလိုက်တာ ပိုကောင်းမယ်လို့..."

လီချန်ချဲ့က မိန်းကလေးဝူ၊ မိန်းကလေးကျောက် ဆိုတာများကို ဂရုမစိုက်နိုင်ပါ။ သူ ဂရုစိုက်တာ သူ့ရှေ့က မိန်းကလေးရွှယ်က သူ့ဆီ ကိုယ်ခန္ဓာကို အပ်နှင်းမလား ဆိုတာကိုပင်။

မနေ့ကတင် သူ အနည်းငယ် ထိန်းချုပ်နိုင်သေးတယ်။

သို့သော် ယခုတော့ သူ လုံးဝ မအောင့်အီးနိုင်တော့ပေ။ သူမ၏ နှုတ်ခမ်း၊ လည်ပင်း၊ ရင်ဘတ်နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကိုသာ နမ်းရှိုက်ချင်နေမိသည်။

ညစာပင် မစားရသေးမီ ရွှယ်နင်မှာ သူ့ပွေ့ချီတာကို ခံရကာ ကုတင်ထက်သို့ ရောက်သွားခဲ့ပြီ။

ထိုအမျိုးသားတွင် အင်အားများ ဘယ်လောက်တောင် ရှိနေလဲဆိုတာမသိပေ။ သူမကတော့ နုံးခွေနေပြီဖြစ်သော်လည်း ထိုအမျိုးသားကတော့ ပို၍ပင် တက်ကြွလာပုံရတယ်။

"အားချဲ့—"

ရွှယ်နင်၏ ပါးပြင်များ အနည်းငယ် နီမြန်းနေပြီး ပြင်းထန်စွာ အသက်ရှူရင်း ပြောလိုက်သည်။

"ကျွန်မ ရှင့်ကို အတည်ပြောနေတာနော်။"

လီချန်ချဲ့၏ အကြည့်များက နက်ရှိုင်းပြီး ပူလောင်နေကာ သူ့လက်ဖဝါးကြီးများက မိန်းကလေးငယ်၏ ခါးထက်မှ ဂါဝန်စကို စုစည်းလိုက်ရင်း အသက်ရှူသံများ ပိုမို ပြင်းထန်လာသည်။

"ကိုယ် အခုလုပ်နေတာလည်း အတည်ပဲလေ။"

ရွှယ်နင်၏ မျက်နှာတစ်ခုလုံး နီရဲသွားသော်လည်း ထိုယောကျ်ား၏ ခန္ဓာကိုယ်ကြီးကို တွန်းဖယ်၍ မရပေ။ သူမ ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်ကဲ့သို့ ပူလောင်နေသလို ခံစားရသည်။

သို့သော် မနေ့ညကတည်းက ယခုအချိန်အထိ သူမ ကောင်းကောင်း မနားရသေးပေ။

အောက်ပိုင်းတွင် စူးရှရှ နာကျင်မှုက ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် သူ၏ သွယ်လျသော လက်ချောင်းများ တိုးကပ်လာချိန်တွင် ပို၍ သိသာသည်။

ရွှယ်နင် အသက်ရှူသံ ပြတ်တောင်းသွားကာ နာကျင်မှုကြောင့် မျက်ရည်များ ဝဲတက်လာသည်။

လီချန်ချဲ့ ချက်ချင်း အသိဝင်လာပြီး သူ့လက်ဖဝါးကြီးများဖြင့် မိန်းကလေး၏ နူးညံ့သော ခါးလေးကို ထိန်းကိုင်ကာ အကြည့်များတွင် ပျာယာခတ်မှုများ ဖြတ်ပြေးသွား၏။

"ကိုယ် မင်းကို နာအောင် လုပ်မိသွားတာလား။"

ရွှယ်နင်က သူမ၏ လက်ဖဝါးလေးများဖြင့် သူ့ရင်ဘတ်ကို တွန်းထားရင်း အသက်ကို ခပ်မြန်မြန် ရှူကာ မျက်ဝန်းတွင် မျက်ရည်များ အပြည့်ဖြင့် ပြောလိုက်သည်။

"အားချဲ့... ဒီညတော့ မလုပ်ပါနဲ့ဦးနော်။"

လီချန်ချဲ့သည် ခန္ဓာကိုယ်ထဲမှ တားမနိုင်ဆီးမရ ဖြစ်နေသော ရမ္မက်ဆန္ဒကို ထိန်းချုပ်ရင်း လည်စေ့ကို လှုပ်ရှားလိုက်ပြီး သူမ၏ နှုတ်ခမ်းနားသို့ ငုံ့ကာ အလိုလိုက်သော အနမ်းတစ်ပွင့် ခြွေလိုက်သည်။

"ကောင်းပါပြီ။"

ရွှယ်နင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သာမန်အမျိုးသမီးတစ်ဦးအနေဖြင့် သူမ ချစ်ရသူ၏ ကြင်နာယုယမှုကို ခံယူရတာ စိတ်ချမ်းမြေ့စရာ ကောင်းသည်။

သို့သော် ထိုကြီးမားထည်ဝါတဲ့ တည်ရှိမှုကြီးကိုတော့ သူမ အနည်းငယ် ကြောက်ရွံ့မိဆဲပင်။

သူမ ထိုအမျိုးသားကို ခိုးကြည့်လိုက်၏။ ချက်ချင်းပင် သူမ၏ အသက်ရှူသံများ ရပ်တန့်မတတ် ဖြစ်သွားရသည်။

လီချန်ချဲ့သည် ဝတ်ရုံရှည်တစ်ထည်ကိုသာ ဝတ်ဆင်ထားခြင်း ဖြစ်သည်။

ဝတ်ရုံအောက်မှ ထိုအရာ၏တည်ရှိမှုက ပေါ်လွင်နေသည်။

ထို့ပြင် သူက သာမန်ထက် ပိုမို ကြီးမားထည်ဝါ၏။ မြင်ရုံမျှနှင့်ပင် လူကို ရင်တုန်ပန်းတုန် ဖြစ်စေရန် လုံလောက်သည်။

ရွှယ်နင်၏ မျက်နှာ နီမြန်းသွားပြီး နှလုံးခုန်သံများ မြန်ဆန်လာသည်။

ထိုအမျိုးသားက သူမကို ကုတင်ပေါ်မှ ချီမလိုက်သည့်အထိ သူမ၏ ခြေထောက်များက အနည်းငယ် တုန်ရင်နေဆဲပင်။

လီချန်ချဲ့က သူမကို ကုတင်ပုလေးပေါ်သို့ ပွေ့ချီသွားပြီး စိတ်နှလုံး နူးညံ့သွားကာ ပြောလိုက်သည်။

"မနေ့က ကိုယ် မတော်တဆ မင်းကို နာအောင် လုပ်မိသွားတယ်။ ဒါ ခင်ပွန်းဖြစ်တဲ့ ကိုယ့်အပြစ်ပါ။ နောက်တစ်ခါကျရင် ကိုယ် ပိုသတိထားပါ့မယ်။"

ရွှယ်နင်၏ မျက်နှာလေး နီမြန်းသွားပြီး လိမ္မာသိတတ်စွာဖြင့် ပြန်ပြောလိုက်သည်။

"ရပါတယ်... ဒါက သာမန်ပဲ ဖြစ်မှာပါ..."

ဘာပဲဖြစ်ဖြစ်လေ သူက... တကယ်ကို ထူးကဲလွန်းတာပဲ။ ဘယ်သူက အပြည့်အဝ ခံနိုင်ရည်ရှိမှာတဲ့လဲ။

လီချန်ချဲ့က ကျေနပ်စွာ ပြုံးလိုက်ပြီး သူ့လက်ဖဝါးကြီးဖြင့် သူမ၏ နူးညံ့သော မျက်နှာလေးကို ပွတ်သပ်လိုက်ကာ သူမကို ကုတင်ပုလေးပေါ်တွင် ခြေထောက်နှစ်ဖက် ခွဲထိုင်စေလိုက်သည်။

"ကိုယ် မင်းအတွက် ဆေးလူးပေးမယ်။"

ရွှယ်နနင် အံ့သြသွားတယ်။

သူမ ဒဏ်ရာရသွားတာကို သူ မှတ်မိနေပြီး သူမကို ကိုယ်တိုင် ဆေးလူးပေးလိမ့်မယ်လို့ သူမ တစ်ခါမှ မတွေးထားခဲ့ဘူး။

စုကျန်းနှင့် အိမ်ထောင်ကျခဲ့စဉ်ကဆိုလျှင် ဆေးလူးပေးရန်မဆိုထားနှင့်၊ အကြိမ်တိုင်းတွင် သူမဘာသာ တိတ်တဆိတ် ကြိတ်ခံခဲ့ရပြီး သူမ၏ ခန္ဓာကိုယ် အပြည့်အဝ နာလန်ထူလာစေရန် ရက်အတော်ကြာ အချိန်ယူခဲ့ရသည်။ ကံကောင်းသည်မှာ သူတို့၏ အတူနေခြင်းများက တကယ်ကို နည်းပါးလွန်းခဲ့ခြင်းပင်။

"ဘာဖြစ်လို့လဲ။"

ရွှယ်နင် တွေးဝေနေရင်း သူမ၏ ခြေထောက်များကို စေ့ထားလိုက်သည်။

လီချန်ချဲ့က သူမ ကြောက်နေတယ်ထင်ကာ သူမ၏ ဒူးခေါင်းများကို ညင်သာစွာ ပွတ်သပ်ပေးရင်း ချော့မော့ပြောဆိုလိုက်သည်။

"မကြောက်ပါနဲ့၊ မနာစေရပါဘူး။"

ကျယ်ဝန်းသော အိပ်ဆောင်ထဲတွင် သူတို့နှစ်ဦးတည်းသာ ရှိနေပြီး တစ်ယောက်၏ ပူနွေးသော အသက်ရှူငွေ့ကို အခြားတစ်ယောက် ခံစားသိရှိနိုင်လောက်သည်အထိ သူတို့၏ ခန္ဓာကိုယ်များက နီးကပ်နေလေသည်။

ရွှယ်နင်သည် အရင်က ဒီလိုမျိုး မြတ်နိုးကြင်နာခြင်း မခံခဲ့ရဖူးသဖြင့် သူမ၏ မျက်ဝန်းများ အနည်းငယ် ပူနွေးလာသည်။

သူမ၏ ထောင့်မှကြည့်လျှင် ထိုအမျိုးသား၏ ထူထဲရှည်လျားသော မျက်တောင်များနှင့် တင်းမာသော ဓားပုံစံ မျက်ခုံးများကို မြင်နေရသည်။

သူမ လက်တွေ့ကမ္ဘာသို့ အသိပြန်ဝင်လာပြီး ရှက်သွေးဖြာသွားသည်။

"မလိုပါဘူး၊ ကျွန်မဘာသာ လုပ်လို့ရပါတယ်။"

လီချန်ချဲ့က အလွတ်မပေးပေ။

"မင်းဘာသာ ဘယ်လိုလုပ် မြင်ရမှာလဲ။"

ရွှယ်နင်၏ မျက်နှာ နီရဲသွားသည်။

"...ဒါ မဖြစ်နိုင်ဘူးလေ။"

လီချန်ချဲ့က သူမ၏ ခေါင်းကို ချစ်ခင်မြတ်နိုးစွာ ပုတ်ပေးလိုက်သည်။

"ကိုယ်တို့က လင်မယားတစ်သားတည်း ဖြစ်နေပြီပဲ နင်နင်ရယ်။ ရှက်နေစရာ မလိုပါဘူး။"

လီချန်ချဲ့က သူမ သောက်လက်စ လက်ဖက်ရည်ခွက်ထဲမှ သောက်ခြင်း၊ သူမ စားကြွင်းစားကျန်များကို စားခြင်းတို့ကို မြင်ရစဉ်က လူနှစ်ယောက် ဘယ်လောက်အထိ ရင်းနှီးနိုင်ကြောင်း ရွှယ်နင် အရင်က ထူးဆန်းနေခဲ့တာ။ သို့သော် မနေ့ညက အဖြစ်အပျက်ပြီးနောက်တွင်တော့ လူတို့က ထိုထက်ပို၍ပင် ရင်းနှီးကျွမ်းဝင်စွာ ဆက်နွှယ်နိုင်ပြီး တစ်သားတည်းအဖြစ်ပင် ပေါင်းစပ်နိုင်ကြောင်း သူမ သဘောပေါက်သွားခဲ့၏။

ထိုအမျိုးသား၏ ပူလောင်သော လက်ဖဝါးက သူမ၏ ဒူးများကို အုပ်ကိုင်လိုက်သည်။

ရုန်းထွက်၍ မရတော့သဖြင့် သူမက လည်ပင်းခုအုံးလေးကို လိမ္မာစွာ မှီချထားလိုက်ရုံသာ တတ်နိုင်တော့သည်။

ဒါပေမဲ့ ဒီအနေအထားက တကယ်ကို ရှက်စရာကောင်းလွန်းတယ်။

ရွှယ်နင်၏ ပါးပြင်များ ပူနွေးလာပြီး ထိုအမျိုးသား၏ စူးရှသော အကြည့်များကို မရင်ဆိုင်ရဲသဖြင့် မျက်နှာကို တစ်ဖက်သို့ လွှဲထားလိုက်သည်။

"အားချဲ့... မြို့တော်မှာ မိန်းကလေးဝူရဲ့ အိမ်ထောင်ရေးအတွက် သင့်တော်တဲ့ မိသားစုတွေများ ရှိလားဟင်။”

All Chapters