← Chapters

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း (၂၆၀) - မယားငယ်

ရွှယ်နင်သည် အပြစ်ကင်းစင်ဟန်ဖြင့် ပြုံးကာ သခင်မလင်အား ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် သူ(မ)က အိမ်တော်ထဲကို ပြောင်းရွှေ့လာမယ့်သူဆိုတော့ သူ(မ)နောက်ခံအကြောင်းကို သေချာသိထားတာ ပိုကောင်းမယ်လေ။ သခင်မရော ဘယ်လိုထင်လဲ"

သခင်မလင်မှာ အလွန်ကျေနပ်အားရသွားသည်။

"နင်နင် ပြောတာမှန်တယ်။ ဒါဆို မိန်းကလေးယွင်အိမ်ကို သွားကြတာပေါ့။ အချိန်သိပ်ပိုပေးရမှာမှ မဟုတ်တာ"

ဘာပဲဖြစ်ဖြစ် ဝေ့အိမ်တော်နှင့် ထုံရှင်းလမ်းကြားက သိပ်ပြီး နီးနီးကပ်ကပ်ကြီးတော့ မဟုတ်ပေ။

အသွားအပြန်ဆိုလျှင် တစ်နာရီကျော်ခန့် ကြာမြင့်မည်ဖြစ်သည်။ ယနေ့သာ လွဲသွားလျှင် နောက်တစ်ခေါက် ဘယ်တော့လာဖြစ်မည်မှန်း မသိနိုင်ပေ။

သူတို့ ထပ်မံ ထွက်ခွာလာခဲ့ကြသည်။

ရှည်လျားသော လမ်းမကြီးကို ဖြတ်သန်းပြီးနောက် ယွင်မိသားစု၏ အိမ်ပေါက်ဝသို့ ရောက်ရှိလာသောအခါ ရွှယ်နင်သည် သခင်မလင်၏ဘေးတွင် တည်ငြိမ်စွာ ရပ်နေခဲ့သည်။

သို့သော် သူမ၏ ရင်တွင်း၌မူ လုံးဝ တည်ငြိမ်မနေခဲ့ပေ။

အကယ်၍ အရင်ဘဝကတည်းက ယွင်၏နေအိမ်ကို စောစောစီးစီး သိခဲ့ရပါလျှင်၊ ယန်ယန်တစ်ယောက် အိမ်ထောင်ရေးဆိုသည့် အကျဉ်းထောင်ထဲသို့ ခြေချမိမည်မဟုတ်သလို၊ ထိုယုတ်မာသော စုံတွဲ၏ နှိပ်စက်မှုကြောင့် လူမမည် သရဲမမည် ဘဝသို့ ရောက်ခဲ့ရမည် မဟုတ်ပေ။

မင်္ဂလာပွဲ မတိုင်ခင်က အဖြစ်အပျက်ကို သူမ မှတ်မိနေဆဲပင်။

စုမိသားစုနှင့် ဝေ့မိသားစုတို့ မင်္ဂလာရက် သတ်မှတ်ပြီးချိန်ဖြစ်သည်။

ဝေ့ကျန့်ယန်လည်း သူမ၏ မင်္ဂလာဝတ်စုံကို စတင်ပြင်ဆင်နေပြီဖြစ်၏။

ဝေ့အိမ်တော်သည် ပန်းထိုးသမားတစ်ဦး ထပ်မံလိုအပ်လာပြန်သည်။

ထိုအချိန်က စုယွီသည် နောက်ခံမကောင်းသော်လည်း လက်ရာအလွန်ကောင်းမွန်သည့် မိန်းကလေးတစ်ဦးကို ဝေ့အိမ်တော်သို့ ရုတ်တရက် အကြံပြုလာခဲ့သည်။

ထိုစဉ်က သူမကိုယ်တိုင်လည်း စုကျန်းနှင့် သူမ၏ အိမ်ထောင်ရေးကိစ္စများတွင် ရှုပ်ထွေးနေခဲ့သောကြောင့် ဝေ့ကျန့်ယန်၏ မင်္ဂလာပွဲကို ဂရုစိုက်ရန် စိတ်မပါခဲ့ပေ။

ထို့ကြောင့် ဝေ့ကျန့်ယန်၏ မင်္ဂလာဝတ်စုံကို ပန်းထိုးရန် ဝေ့အိမ်တော်သို့ အကြံပြုခံရသူမှာ အခြားသူမဟုတ်ဘဲ စုယွီ၏ တိတ်တိတ်ပုန်းမယားငယ် မိန်းကလေးယွင် ဖြစ်နေကြောင်းကို နောက်ပိုင်းမှသာ သူမ သိရှိခဲ့ရသည်။

ယွင်သည် ဝေ့အိမ်တော်ထဲသို့ ဝင်ရောက်လာသည်နှင့်တပြိုင်နက် ယန်ယန်နှင့် တစ်မိုးအောက်တည်းတွင် နေ့ရောညပါ နေထိုင်ခဲ့သည်။

ယန်ယန်၏ ကျန်းမာရေးမှာလည်း တစ်နေ့တခြား ပိုမိုဆိုးရွားလာခဲ့၏။

ယွင် ပန်းထိုးထားသည့် မင်္ဂလာဝတ်စုံမှာ အလွန်လှပသေသပ်သော်လည်း၊ ဖီးနစ်ငှက်အမြီးပိုင်း၏ အောက်တွင်မူ ထက်မြက်သော ပန်းထိုးအပ်များကို ဝှက်ထားခဲ့သည်။

ယန်ယန်က စိတ်သဘောထား ပြည့်ဝသူဖြစ်တာကြောင့် သူမ၏ လက်ချောင်းများ အပ်စူးခံရချိန်တွင်ပင် ယွင်အား တစ်ခွန်းမျှ အပြစ်မတင်ခဲ့ချေ။

သို့သော် ယွင်ကမူ စုယွီ၏ရှေ့တွင် "အဘက်ဘက်မှ မတရားခံရသည့်ဟန်" ဆောင်ကာ၊ ယန်ယန်က သူမအား " ဘယ်လောက်အနိုင်ကျင့် နှိပ်စက်ကြောင်း" ငိုယိုကာ တိုင်တန်းလေတော့သည်။

မိမိချစ်ရသူ၏ စေ့စပ်ထားသူအတွက် မင်္ဂလာဝတ်စုံကို ကိုယ်တိုင် ချုပ်လုပ်ပေးရသဖြင့် ယွင်၏ ရင်တွင်း၌ မကျေနပ်မှုများနှင့် မနာလိုဝန်တိုမှုများ ပြည့်နှက်နေခဲ့ပြီးဖြစ်သည်။

သို့ပေမယ့် ယန်ယန်၏ရှေ့တွင်မူ သူမက တက်ကြွပြီး နူးညံ့သိမ်မွေ့ဟန် ဆောင်နေခဲ့သည်။

စုယွီ၏ရှေ့တွင်မူ မျက်ရည်ခံထိုးကာ သနားစရာကောင်းအောင် နေပြ၏။

စုယွီလည်း ဝေ့အိမ်တော်တွင် သူမ ခံစားရသည့် ဒုက္ခများအတွက် ရင်ကွဲမတတ် နာကျင်ခဲ့ရသည်။

မင်္ဂလာဦးညတွင် သူက ယန်ယန်အား သေမတတ် နှိပ်စက်ခဲ့လေသည်...

ထို့အပြင် ထိုသူနှစ်ဦးသည် ယန်ယန်၏ကွယ်ရာတွင် ခိုးကြောင်ခိုးဝှက် ဆက်ဆံရေးများပင် ရှိခဲ့ကြသေး၏။

ဝေ့အိမ်တော်အတွင်း၊ ယန်ယန်၏ ခြံဝင်းထဲရှိ ဘေးဘက်အခန်းမှာပင် လုပ်ရဲခဲ့ကြတယ်!

သူတို့က ယန်ယန်ကို မေ့ဆေးခိုးတိုက်ခဲ့ပြီး၊ ယန်ယန်၏ အိပ်ရာထက် သူမရှေ့မှာတင် တပ်မက်ဖွယ်ရာ ကိစ္စရပ်များကို ကျူးလွန်ခဲ့ကြတယ်!

သူတို့က ဝေ့အိမ်တော်အတွင်း ဘာထိန်းချုပ်မှုမျှမရှိဘဲ ဥပဒေမဲ့ ရမ်းကားကာ ယန်ယန်အား ထင်သလို ကစားခဲ့ကြတယ်!

မင်္ဂလာပွဲ မတိုင်မီကပင် စုယွီနှင့် ယွင်တို့က ဤအပြင်ဘက်နေအိမ်၌ပင် သူတို့၏ ညစ်ညမ်းသော လုပ်ရပ်များကို ကျူးလွန်ခဲ့ကြခြင်းဖြစ်၏။

ဒီနေအိမ်ကိုလည်း ယွင်အတွက် စုယွီကိုယ်တိုင် စီစဉ်ပေးထားတာပဲ!

စုယွီနှင့် ယွင်တို့က ယန်ယန့်ကွယ်ရာတွင် အနည်းဆုံး နှစ်နှစ်၊ သုံးနှစ်ခန့်ကပင် ခိုးကြောင်ခိုးဝှက် ပတ်သက်နေခဲ့ကြတာ!

ထိုယုတ်မာတဲ့ စုံတွဲ၏ လုပ်ရပ်များက... မှတ်တမ်းတင်ရခက်လောက်အောင် များပြားလှပြီး ရွံရှာဖွယ် အကောင်းဆုံးပင်!

ယန်ယန် သူမ မသေဆုံးမီက ပြောပြခဲ့ဖူးသည့် အတိတ်ကို ပြန်တွေးမိသောအခါ ရွှယ်နင်၏ သွေးများ ဆူပွက်လာသည်။

သူမ၏ မျက်လုံးများမှာ ချက်ချင်းပင် သွေးရောင်လွှမ်းသွားပြီး နာကျင်လာ၏။

"နင်နင်..."

သခင်မလင်သည် စိတ်လွင့်နေသော ရွှယ်နင်အား ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်သည်။

ဝေ့ကျန့်ယန်၏ ကြည်လင်သန့်ရှင်းသော မျက်လုံးများကလည်း စိုးရိမ်တကြီးဖြင့် ကြည့်လာသည်။

ရွှယ်နင်သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး ရင်ထဲမှ တဟုန်းဟုန်းတောက်လောင်နေသော ဒေါသကို မြိုသိပ်ကာ အနည်းငယ် ပြုံးလိုက်သည်။

"တံခါးခေါက်လိုက်ပါ"

ကြေးတံခါးလက်ခုပ်ကို ညင်သာစွာ ခေါက်လိုက်သည်။ ခဏအကြာတွင် တံခါးမှာ အတွင်းဘက်မှ ပွင့်လာသည်။

တံခါးအတွင်းမှ တဖြည်းဖြည်း ပေါ်လာသည့် အရပ်ရှည်ရှည် ပါးလျလျ ပုံရိပ်ကို မြင်လိုက်ရသောအခါ၊

ရွှယ်နင်၏ အကြည့်တို့မှာ ထက်မြက်သွားပြီး သူမ၏ နှုတ်ခမ်းထောင့်များမှာ နောက်ဆုံးတွင် ဖြည်းညှင်းစွာ ကွေးညွတ်သွားသည်။

"ဘယ်လိုလုပ်ပြီး မင်း ဖြစ်နေရတာလဲ!"

ဧည့်သည်၏ မျက်နှာကို သေချာမြင်လိုက်ရပြီးနောက် သခင်မလင်မှာ အံ့အားသင့်သွားပြီး သူမ၏ မျက်နှာအမူအရာမှာလည်း ချက်ချင်း ပြောင်းလဲသွားသည်။

တံခါးလာဖွင့်သူ စုယွီလည်း သခင်မလင်၊ ရွှယ်နင်နှင့် သူတို့ကို မြင်လိုက်ရတဲ့အခါ လျှပ်စီးကြောင်းနှင့် ထိမှန်လိုက်သကဲ့သို့ပင် ဖြစ်သွားပြီး၊ သူ၏ ချောမောသော မျက်နှာမှာ ချက်ချင်းပင် ဖျော့တော့သွားသည်။

သူ ခဏမျှ အေးခဲသွားပြီး သူ၏ မျက်ဝန်းတို့၌ စိုးရိမ်တကြီး ဖြစ်မှုတို့ တဖျပ်ဖျပ်လက်သွားကာ အလျင်အမြန်ပင် ပြောလိုက်၏။

"သခင်မလင်၊ ယန်ယန်၊ မင်းတို့... ဘာလို့ ဒီကို ရောက်လာကြတာလဲ"

"ဘာလို့ ရောက်လာရတာလဲ ဟုတ်လား"

သခင်မလင် မျက်မှောင်ကြုတ်လိုက်သည်။

ဘယ်လောက်ပဲ အသိဉာဏ်နည်းပါးသူပင်ဖြစ်စေ ယခုအခြေအနေကို နားလည်နိုင်တယ်။

သူမက နှာခေါင်းရှုံ့ကာ-

"ငါကပဲ မင်းကို မေးရမှာပေါ့၊ ဒုတိယသခင်လေးစု! မင်းက ဘာလို့ မိန်းကလေးယွင်ရဲ့ နေအိမ်မှာ ရောက်နေတာလဲ"

"သခင်မလင်၊ ကျွန်တော်—ကျွန်တော် ရှင်းပြပါ့မယ်!"

"ဖယ်စမ်း!"

သခင်မလင်သည် ဂရုမစိုက်တော့ဘဲ စုယွီကို တွန်းဖယ်ကာ အိမ်ထဲသို့ တန်းတန်းမတ်မတ် လျှောက်ဝင်သွားသည်။

ခြံဝင်းမှာ ကြီးမားလှသည်မဟုတ်၊ အကာအရံနံရံကို ကျော်လွန်လိုက်သည်နှင့် အဓိက ခြံဝင်းသို့ ရောက်သည်။

သူမက အိမ်တံခါးဝသို့ လျင်မြန်စွာ လျှောက်သွားလိုက်ရာ၊ အပ်ချုပ်ဆိုင်မှ ထွက်ခွာသွားသော အမျိုးသမီး လှလှလေးတစ်ဦးမှာ ခေါင်မိုးအောက်တွင် ရပ်နေတာကို အမှန်ပင် တွေ့လိုက်ရသည်။ သူမက အပြင်ဘက်ကို နားမလည်နိုင်ဟန်ဖြင့် ငေးကြည့်နေ၏။

သူမက လူအုပ်ကြီး ရုတ်တရက် ဝင်ရောက်လာတာကို ကြည့်နေမိသည်။

"အားယွီ—"

မိန်းကလေးယွင်မှာ စိုးရိမ်ပူပန်ကာ မငြိမ်မသက်ဖြစ်သွားသည်။

"သူတို့က ဘယ်သူတွေလဲ"

သခင်မလင်သည် ဒေါသထွက်လွန်းသဖြင့် အေးစက်စက် ရယ်မောလိုက်၏။

"မင်းက ငါတို့ဘယ်သူလဲဆိုတာတောင် မသိသေးဘူးပေါ့လေ"

"ကျွန်မ..."

မိန်းကလေးယွင်သည် အနိုင်ကျင့်ခံရသလိုနှင့် စိုးရိမ်စိတ်တို့ ဖြစ်ပေါ်လာသည်။ သူမက စုယွီကို ကြည့်လိုက်ပြီး မျက်ရည်များ ဝဲကာ တုန်ရီသော အသံဖြင့် ခေါ်လိုက်သည်။

"အားယွီ..."

စုယွီ၏ စိတ်ထဲတွင် ဗလာဖြစ်သွားပြီး သူ့မျက်နှာမှာ သေလူတစ်ယောက်ကဲ့သို့ ဖျော့တော့နေသည်။

ဝေ့ကျန့်ယန်သည် ထိုအမျိုးသမီး၏ မျက်နှာကို သေချာကြည့်လိုက်သည်။ သူမက နူးညံ့သိမ်မွေ့ပြီး၊ ပါးလျသော မျက်ခုံးမျက်လုံး၊ ပါးလွှာသော နှုတ်ခမ်းနှင့် ဖျော့တော့သော အသားအရေကြောင့် သနားစရာကောင်းသည့် ပုံစံမျိုး ပေါက်နေသည်။

ယခုမူ စုယွီနှင့် သူမတို့ နှစ်ယောက်တည်း အခန်းထဲမှာ အတူရှိနေကြတယ်။ ယောကျာ်းတစ်ယောက်နှင့် မိန်းမတစ်ယောက်၊ တူညီသော အခန်းထဲတွင် ရှိနေခြင်းပင်။

ဆိုင်ရှင်ကလည်း ယနေ့က မိန်းကလေးယွင်၏ မွေးနေ့ဖြစ်ပြီး သူမရဲ့စေ့စပ်ထားသူက သူမနှင့်အတူ လာရောက်ကျင်းပပေးတယ်လို့ ပြောခဲ့သေးတယ်။

အရာအားလုံး ရှင်းလင်းသွားပြီ။ သူမ၏ စေ့စပ်ထားသူ စုယွီက ဤမိန်းကလေးယွင်ရဲ့ စေ့စပ်ထားသူလည်း ဖြစ်နေတယ်။

စုယွီတစ်ယောက် သူမနှင့် မင်္ဂလာမဆောင်ခင်မှာပင် အပြင်မှာ မယားငယ်ထားလိမ့်မည်ဟု သူမ လုံးဝ မတွေးခဲ့မိပေ။

ဤအမျိုးသမီးကို ရုတ်တရက် မြင်လိုက်ရသည့်အခါ ဒေါသနှင့် စိတ်ပျက်မှုတို့အပြင် နင်နင် သူမအား ပြောပြခဲ့သည့် စကားများကို ပြန်သတိရလိုက်သည်။

သူမ၏ နှုတ်ခမ်းနီရဲရဲကို ကိုက်လိုက်ပြီးနောက် မိခင်ဖြစ်သူ၏ ရှေ့သို့ တိုးထွက်ကာ မိန်းကလေးယွင်အား လက်ညှိုးထိုး၍ မျက်ရည်ဝဲသော မျက်လုံးများဖြင့်။မေးလိုက်သည်။

"အစ်ကိုစုယွီ၊ သူ(မ)က တကယ်ပဲ ဘယ်သူလဲ"

သခင်မလင်၏ ဒေါသတို့မှာ အရှိန်ပြင်းစွာ တောက်လောင်နေပြီး ဝေ့ကျန့်ယန်၏ ငိုသံတို့မှာလည်း မခံမရပ်နိုင်သည့် ဝမ်းနည်းမှုတို့ဖြင့် ပြည့်နှက်နေသည်။

စုယွီသည် ရေခဲပြင်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး မိန်းကလေးယွင်လည်း ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်ဖြင့် အကြပ်ရိုက်နေ၏။

မြင်ကွင်းတစ်ခုလုံးမှာ မွှေထားသည့် ဂျုံပြုတ်အိုးကဲ့သို့ ရှုပ်ထွေးနေတော့သည်။

သူမရဲ့ တစ်ဦးတည်းသောသမီးလေး၏ ပျော်ရွှင်မှုအတွက် သခင်မလင်သည် စုယွီက မင်္ဂလာမဆောင်ခင် အပြင်မှာ မယားငယ်ထားတာကို လုံးဝ သည်းခံမည်မဟုတ်ပေ။

ရွှယ်နင်၏ လည်ချောင်းထဲတွင် တင်းကြပ်နေခဲ့သော ရင်ခုန်သံတို့မှာ နောက်ဆုံးတွင် တည်ငြိမ်သွားတော့သည်။

"ယန်ယန်၊ စိတ်မဆိုးပါနဲ့ဦး။ အရာအားလုံးက မင်းထင်သလို မဟုတ်ပါဘူး"

စုယွီသည် တည်ငြိမ်ဟန်ဆောင်ကာ ဝေ့ကျန့်ယန်ဆီသို့ လျှောက်သွားပြီး အတင်းပြုံးပြလိုက်သည်။

"ကိုယ် အရာအားလုံးကို ရှင်းပြနိုင်ပါတယ်။ ကိုယ့်ကို မယုံကြည်ဘူးလား။ ကိုယ့်စိတ်ထဲမှာ မင်းတစ်ယောက်တည်း ရှိတာပါ။ မကြာခင် မင်္ဂလာဆောင်ကြတော့မှာပဲ။ သခင်မလင်ကို အရင် ပြန်ပို့လိုက်ပါလား၊ ကိုယ် နောက်မှ အသေးစိတ် ရှင်းပြပါ့မယ်"

"နောက်မှလား"

ရွှယ်နင်က တိုးတိုးလေး ရယ်မောလိုက်ပြီး တည်ငြိမ်စွာပင် ပြောလိုက်သည်။

"ဒုတိယသခင်လေးစု၊ ဘာလို့ အခု မိန်းကလေးယွင်ရှေ့မှာတင် ရှင်းမပြနိုင်ရတာလဲ"

မိန်းကလေးယွင်မှာ မျက်နှာပုဝါ မအုပ်ထားသဖြင့် သူမ၏ ပုံပန်းသွင်ပြင်မှာ အတော်လေး နုနယ်လှသည်။ ဤစကားကို ကြားလိုက်ရသောအခါ သူမ တုန်လှုပ်သွားပြီး စိုစွတ်နေသော သူမ၏မျက်ဝန်းတို့မှာ စုယွီဆီသို့ တိုက်ရိုက် ရောက်သွား၏။

စုယွီက သူမ၏ အကြည့်ကို ခဏမျှ ရင်ဆိုင်လိုက်ပြီးနောက် အပြစ်ရှိသလိုဖြင့် မျက်လွှာချလိုက်သည်၊

တစ်စုံတစ်ခုသော လျှို့ဝှက်ချက် ပွင့်ထွက်သွားသကဲ့သို့ပင်။

သူက စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။

"ရွှယ်နင်၊ နင်ပဲ ပြဿနာရှာနေတာမလား!"

စုယွီ၏ ခုခံမှုများ ပျက်စီးသွားတာကို မြင်လိုက်ရသောအခါ ရွှယ်နင်၏ အပြုံးမှာ ပေါ့ပါးပြီး သိမ်မွေ့နေသည်။

"ဒုတိယသခင်လေးစု၊ ခေါင်းစဉ်မလွှဲပါနဲ့။ ကျွန်မမှာ ပြဿနာရှာနိုင်တဲ့ စွမ်းရည်ရှိရင်တောင်၊ ရှင်တို့ရဲ့ ဖောက်ပြန်တဲ့ သဘာဝကိုတော့ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ မင်္ဂလာမဆောင်ခင်မှာတင် နောက်အမျိုးသမီးတစ်ယောက်နဲ့ အပြင်မှာ စုံတွဲလိုမျိုး အတူနေထိုင်နေတာ။ ဒုတိယသခင်လေးစုက ဂုဏ်သိက္ခာကို ဂရုမစိုက်ပေမယ့်၊ မိန်းကလေးယွင်သက အိမ်ထောင်မပြုရသေးတဲ့၊ ဂုဏ်သရေရှိမိသားစုက ပန်းပွင့်လေးတစ်ပွင့် မဟုတ်လား။ သူများရဲ့ မယားငယ်အဖြစ်နဲ့ ဘယ်လိုလုပ်ပြီး အဆင့်လျှော့ကျသွားရတာလဲ"

"ရွှယ်နင်၊ နင် ဘာတွေ လျှောက်ပြောနေတာလဲ! နင့်ကို အိမ်တော်မှာ ငါကောင်းကောင်း မဆက်ဆံခဲ့လို့ နင် ငါ့ကို မုန်းနေမှန်း ငါသိတယ်! နင်က ယန်ယန်နဲ့ ငါ့ကြားထဲမှာ သွေးခွဲပြီး ငါ့ကို အဆင်မပြေဖြစ်စေချင်တာမလား! ဒါပေမဲ့ ငါပြောမယ်၊ ငါ ယန်ယန်ကို လုံးဝ သစ္စာမဖောက်ဘူး!"

ရွှယ်နင်၏ လေသံမှာ ပေါ့ပါးနေသော်လည်း အလွန်ပင် လေးနက်နေသည်။

"ဒါက တကယ်ပဲ ဟုတ်လို့လား”

All Chapters