← Chapters

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း (၂၆၂) - စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခြင်း။

"ကျွန်တော် မှားမှန်းသိပါပြီ။"

စုယွီသည် နောင်တများဖြင့် ပြည့်နှက်နေပြီး ဝေ့ကျန့်ယန်၏ ရှေ့တွင် ဒူးထောက်ကာ မျက်ဝန်းများ နီမြန်းလျက် စစ်မှန်သော နောင်တရမှုများ မျက်နှာထက်တွင် အထင်သား ရှိနေသည်။

"ယန်ယန်... ကိုယ့်ကို နောက်တစ်ကြိမ်လောက်ပဲ ယုံပေးပါဦး။ နောက်ဆိုရင် မင်းတစ်ယောက်တည်းအပေါ်ပဲ ကောင်းပါ့မယ်လို့ ကတိပေးပါတယ်၊ ဟုတ်ပြီလား။"

ဝေ့ကျန့်ယန်က သူမ၏ ဒူးပေါ်တွင် တင်ထားသော ထိုလက်ဖဝါးကြီးများကို ကြည့်လိုက်သည်။

ထိုလက်များကပင် အခြားအမျိုးသမီးတစ်ယောက်ကို ပွေ့ဖက်ခဲ့ဖူးတယ်ဆိုသည့် အတွေးက သူမအား အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေသည်။

သူမက ဒီလက်ထပ်ပွဲကနေ ရုန်းထွက်ချင်နေခဲ့တာ ကြာပြီဖြစ်ပေမယ့် မိသားစုနှစ်ခုကြား မဟာမိတ်ပြုခြင်းက သူမလို မျိုးဆက်သစ်လူငယ်တစ်ဦးတည်း သဘောဖြင့် ဆုံးဖြတ်နိုင်တဲ့အရာ မဟုတ်ပေ။

သခင်မကြီးရှဲ့က ဇွတ်တရွတ် ငြင်းဆန်ပြီး အလျှော့မပေးလျှင် ဘယ်လိုလုပ်မလဲ။

သူမ စိုးရိမ်ပူပန်နေစဉ်မှာပင် တံခါးအပြင်ဘက်မှ မော့လီ၏ အရေးတကြီး အော်သံ ထွက်ပေါ်လာသည်။

"သခင်လေး... မကောင်းတော့ဘူး! မိန်းကလေးယွင် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချလိုက်ပါပြီ!"

အားလုံး၏ အကြည့်များက ရှုပ်ထွေးသွားကြပြီး မော့လီထံသို့ စုပြုံကြည့်လိုက်ကြသည်။

ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော စုယွီသည် မျက်နှာဖြူလျော်သွားပြီး ရုတ်တရက် ထရပ်လိုက်သည်။

"ဘာလဲ။"

မော့လီက စိတ်ကိုတင်းထားပြီး ပြောလိုက်၏။

"သခင်လေး ထွက်လာတာနဲ့ မိန်းကလေးယွင်က ပိုးသားအဖြူစကို ယူပြီး—"

စုယွီ၏ မျက်နှာသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားသည်။ မော့လီ စကားပင် ဆုံးအောင်မစောင့်ဘဲ သူက ဝတ်ရုံစကို ခါထုတ်ကာ အပြင်သို့ အပြေးအလွှား ထွက်သွားတော့သည်။

"စုယွီ!"

သခင်မကြီးရှဲ့သည် အလွန်အမင်း ဒေါသထွက်ကာ ယိုင်လဲမတတ် ဖြစ်သွားသည်။

"နင် အခုချက်ချင်း ရပ်လိုက်စမ်း။"

စုယွီက လှည့်ပင်မကြည့်ချေ။

"အဘွား... ကျွန်တော်ပြန်လာမှ အားလုံးကို ဆွေးနွေးကြတာပေါ့။ ကျွန်တော် ယွင်နျန် သေသွားတာကိုတော့ ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူး။"

သခင်မလင်က ထပ်ခါတလဲလဲ လှောင်ရယ်လိုက်ပြီး သူမ၏ လေသံမှာ ရွဲ့စောင်းမှုများ ပြည့်နှက်နေသည်။

"သခင်လေးစုက တကယ့်ကို အချစ်ကြီးတဲ့သူပဲနော်။ မြင်တဲ့သူတိုင်းကတော့ သူ့ကို သဘောကျ အားကျမိမှာ အသေအချာပဲ။"

"အားယွီက အဲဒီလိုလူမျိုး မဟုတ်ပါဘူး—"

လျိုရှီက တစ်ခုခု ဆက်ပြောချင်သေး၏။

သို့သော် သခင်မကြီးရှဲ့၏ စူးစိုက်ကြည့်မှုကြောင့် သူမ ပါးစပ်ပိတ်သွားရသည်။

သခင်မကြီးရှဲ့က ဟန်ဆောင်ရယ်မောကာ ဖျောင်းဖျရန် ကြိုးစားလိုက်သည်။

"သခင်မလင်ရယ်... ယန်ယန်နဲ့ အားယွီကြားမှာ သံယောဇဉ်ရှိကြပါတယ်။ သူ ဒီလိုလုပ်တာက အဲဒီမိန်းကလေး အလဟဿ အသက်မဆုံးရှုံးစေချင်ရုံတင်ပါ။ သူ့ကို ခဏထားလိုက်ပြီး ကလေးနှစ်ယောက်ရဲ့ လက်ထပ်ပွဲကို အရင်ဆွေးနွေးကြရအောင်နော်။ သူပြန်လာရင် သူ့အမှားကို သိစေဖို့ မိသားစုစည်းကမ်းအတိုင်း ကျွန်မကိုယ်တိုင် အပြစ်ပေးပါ့မယ်။"

"သူ့ကို ထားလိုက်ရမယ် ဟုတ်လား။ သူက ယန်ယန်ရဲ့ စေ့စပ်ထားသူလေ။ ဒါကို ယန်ယန်ကို ပစ်ထားပြီး အခြားမိန်းမဆီကို သွားတယ်! သခင်မကြီးမှာကတော့ ကျွန်မတို့ ဝေ့မိသားစုနဲ့ လက်ထပ်ပွဲအကြောင်း ထိုင်ဆွေးနွေးဖို့ စိတ်ကူးရှိနေသေးတယ်ပေါ့။"

သခင်မလင်သည် ရင်ထဲတွင် အောင့်တက်လာသည်အထိ ဒေါသထွက်သွားသည်။

"ကျွန်မတို့ ဝေ့မိသားစုက ရှင့်တို့ စုမိသားစုနဲ့ မဟာမိတ်မပြုရင် မဖြစ်ဘူးလို့ မထင်နဲ့။ ရှင့်တို့က ကျွန်မတို့ကို အထင်သေးတယ်ဆိုရင်လည်း သမီး ယန်ယန်ကို လက်ထပ်ချင်တဲ့သူတွေ တပုံကြီးရှိတယ်!"

"အထင်သေးတာ မဟုတ်ပါဘူး... ကျွန်မတို့ ယန်ယန်ကို တကယ် သဘောကျလို့ပါ—"

"တော်စမ်းပါ။"

သခင်မလင်သည် စုမိသားစု၏ အပြုအမူကို ပို၍ပင် ရွံရှာမုန်းတီးသွားကာ နှာခေါင်းရှုံ့လိုက်သည်။

"ဘာမှ ထပ်မပြောနဲ့တော့။ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ကြစို့။"

သခင်မကြီးရှဲ့နှင့် ကျန်တဲ့လူများမှာ ဆွံ့အသွားကြသည်။

ဝေ့ကျန့်ယန်သည် တိတ်တဆိတ် သက်ပြင်းချနိုင်သွားပြီး လုစစ်လင်ကို အကဲခတ်သလို လှမ်းကြည့်လိုက်၏။

သို့သော်လည်း စုယွီက သူမ၏ သိက္ခာကို မငဲ့ကွက်ဘဲ ဒီနေရာမှာ တစ်ယောက်တည်း ပစ်ထားခဲ့ခြင်းမှာ တကယ့်ကို ရင်နာစရာကောင်းတယ်လို့ ခံစားရသည်။

ဘာပဲဖြစ်ဖြစ် သူတို့ကြားမှာ နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ သံယောဇဉ်က ရှိနေသေးတယ် မဟုတ်ဘူးလား။

စုယွီ၏ ကျောခိုင်းထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း သူမက ကြောင်တောင်တောင်ဖြင့် မျက်တောင်ခတ်မိကာ ဝမ်းနည်းခြင်းမျက်ရည်တစ်စက် ကျဆင်းလာခဲ့သည်။

စုယွီ ထွက်သွားခြင်းကြောင့် သခင်မကြီးရှဲ့ပင်လျှင် အနေရခက်သွားတော့သည်။

သခင်မလင်က စိတ်ထဲမှ တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်ပြီး အဖြေတစ်ခုကို အမြန်ဆုံး ထုတ်ပေးရန် သခင်မကြီးရှဲ့အား ဖိအားပေးလိုက်သည်။

ဝေ့ကျန့်ယန်ကမူ စေ့စပ်ပွဲ မပျက်သွားမှာ စိုးရိမ်သဖြင့် မျက်ရည်များကို သုတ်လိုက်သည်။

ရုတ်တရက် သူမက ထရပ်ကာ မျက်နှာကို လက်ဝါးဖြင့်အုပ်ပြီး အပြင်သို့ ပြေးထွက်သွားတော့၏။

"အစ်ကိုစုယွီက ကျွန်မအပေါ် ဒီလိုဆက်ဆံတယ်... ကျွန်မ... ကျွန်မလည်း ဆက်မအသက်ရှင်ချင်တော့ဘူး!"

ထို့နောက် "ပလုံ" ဟူသောအသံနှင့်အတူ သူမက ဝမ်ရှို့ခန်းမအပြင်ဘက်ရှိ ကြာကန်ထဲသို့ ခုန်ချလိုက်လေသည်။

ထိုအခါတွင်... အလွန်အမင်း တုန်လှုပ်စရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။

အဝတ်အစားများ ဖရိုဖရဲဖြစ်နေသော ဝေ့ကျန့်ယန်ကို လုစစ်လင်က ရေထဲမှ ဆယ်ယူပေးခဲ့သည်။

နွေဦးဝတ်စုံက ပါးလွှာလွန်းလှရာ ကန်ရေစိုရွှဲသွားသောအခါ မိန်းကလေး၏ ပြည့်ဖြိုးသော ကိုယ်လုံးကိုယ်ပေါက်နှင့် လှပကျော့ရှင်းသည့် အကောက်အကွေးလိုင်းများက ထင်ထင်ရှားရှား ပေါ်လွင်နေတော့သည်။ ခြေဆုံးခေါင်းဆုံး ရေစိုရွှဲနေသော ထိုအမျိုးသားက သူမကို ပွေ့ချီလိုက်စဉ် အမှတ်မထင် မိန်းကလေး၏ ရှက်သွေးဖြန်းစရာ နေရာတစ်ခုပေါ်သို့ လက်ရောက်သွားမိသည်။

သူ၏ ကြီးမားသော ခန္ဓာကိုယ်ဖြင့် ဝေ့ကျန့်ယန်၏ သွယ်လျသော ကိုယ်လုံးလေးကို အစွမ်းကုန် ကွယ်ပေးရန် ကြိုးစားသော်လည်း ကာကွယ်ပေးလေလေ သူတို့နှစ်ယောက်၏ အနေအထားက ပို၍ စိုးရိမ်စရာနှင့် ရှက်စရာ ကောင်းလာလေလေပင်။

အမျိုးသားက အရပ်ရှည်ပြီး ခန့်ညားကာ မိန်းကလေး၏ ပါးပြင်နှစ်ဖက်ကမူ နီမြန်းလျက် ရှိနေသည်။

သူတို့နောက်သို့ လိုက်ထွက်လာကြသော လူအုပ်ကြီးမှာ မှင်သက်သွားကြတော့၏။

သခင်မလင်၏ ဘေးမှ အစေခံမလေးက ပထမဆုံး သတိဝင်လာပြီး သူမ၏ အပေါ်ဝတ်ရုံကို အမြန်ချွတ်ကာ ရေစိုရွှဲနေသော ဝေ့ကျန့်ယန်အား ပတ်ပေးလိုက်သည်။

ညနေခင်း နေဝင်ဆည်းဆာက အတိုင်းအဆမရှိ လှပနေသည်။ ရွှယ်နင်က တံခါးပေါက်ကို ပျင်းရိစွာ မှီထားရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု စွန်းထင်နေ၏။

အခုတော့—

စုမိသားစုက စေ့စပ်ပွဲကို ဖျက်သိမ်းရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

...

စုယွီက သူ၏ မယားငယ်ကို ပြောင်ပြောင်တင်းတင်း ဘက်လိုက်ခဲ့သဖြင့် သခင်မကြီးရှဲ့မှာ မတတ်နိုင်တော့ပေ။

သူမကိုယ်တိုင်ပင် ဒူးထောက်မတတ် ဖြစ်ကာ ဤလက်ထပ်ပွဲကို ဆက်ထိန်းသိမ်းပေးရန် သခင်မလင်အား တောင်းပန်တော့မည့် အခြေအနေသို့ ရောက်နေသည်။

သို့သော် ဝေ့ကျန့်ယန်က အလွန်အမင်း စိတ်ကြေကွဲဝမ်းနည်းကာ ရေထဲသို့ပင် ခုန်ချခဲ့လေပြီ။ သခင်မလင်၏ စိတ်နှလုံးက ဘယ်လိုမှ မပျော့ပြောင်းနိုင်တော့ပေ။

ထို့ကြောင့် စေ့စပ်ပွဲကို အတင်းအကျပ် ဖျက်သိမ်းလိုက်ကြသည်။

စုမိသားစုသည် စေ့စပ်ကြောင်းလမ်းမှု စာချုပ်ကို လွှဲအပ်ရန်မှတစ်ပါး အခြားမရှိတော့ဘဲ သခင်မလင်က ထိုနေရာမှာတင် စုတ်ဖြဲပစ်လိုက်၏။

"ဒီနေ့ ကျွန်မ သမီးရဲ့ ဇာတာကို ပြန်ယူသွားမယ်။ နောက်နောင်ကျရင် ဒီကလေးနှစ်ယောက်က အခြားသူတွေနဲ့ လက်ထပ်နိုင်ပြီ၊ သူတို့ကြားမှာ ဘာပတ်သက်မှုမှ မရှိတော့ဘူး။"

သခင်မလင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ကျွန်မသမီးက ရွှမ်းယီနယ်စားမင်းအိမ်တော်မှာ သေလုမတတ် ဖြစ်ခဲ့ရတယ်။ မိခင်တစ်ယောက်အနေနဲ့ ရှင်တို့အားလုံးနဲ့ စကားအရှည်ကြီးပြောပြီး ဒီမှာ ဆက်မနေချင်တော့ဘူး။ မနက်ဖြန်ကျရင် သခင်လေးစုရဲ့ ဇာတာနဲ့ စေ့စပ်လက်ဆောင်တွေကို လူလွှတ်ပြီး ပြန်ပေးခိုင်းလိုက်မယ်။ ယန်ယန်က ကိုယ်ခန္ဓာ အားနည်းနေတာမို့ ကျွန်မ သူ(မ)ကို အိမ်ပြန်ခေါ်သွားတော့မယ်။"

အပြင်သို့ ထွက်ခွာလုဆဲဆဲတွင် သခင်မလင်က လှည့်ကြည့်လိုက်ရာ ငေးငိုင်စွာ ရပ်နေသော သခင်မကျန်းကို လှမ်းမြင်လိုက်ရသည်။

"ကျန်းနျန်... နင် ဘာဖြစ်နေတာလဲ။"

"တကယ်လို့ အရင်က နင်ဆိုရင် ဒီလို စိတ်လွင့်ပြီး သက်မဲ့ရုပ်လို ဖြစ်နေမှာ မဟုတ်ဘူး။ တကယ်လို့ မန်မန်သာ ယန်ယန့်လို ခံစားခဲ့ရရင် နင် ဒီလောက်အထိ အေးတိအေးစက် နေနိုင်ပါ့မလား။"

သခင်မကျန်းက ခေါင်းယမ်းလိုက်သည်။

"ငါ မဟုတ်—"

သခင်မလင်က နာကျင်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။

"ဒီလိုတိုတောင်းတဲ့အချိန်လေးအတွင်းမှာ ဘယ်လိုလုပ် ဒီလိုအခြေအနေထိ ရောက်သွားရတာလဲ။"

သခင်မကျန်းသည် ကြက်သေသေသွားပြီး သူမ၏ ဗလာဖြစ်နေသော မျက်ဝန်းများတွင် ထုံပေပေအကြည့်များသာ ပြည့်နှက်နေသည်။

ဝေ့မိသားစု၏ အိမ်တွင်းရေးက အေးချမ်းသည်။ ပညာရှိအမတ်ကြီးဝေ့သည် တင်းကျပ်ပြီး ရှေးရိုးစွဲဖြစ်ကာ မိသားစုစည်းကမ်းများကလည်း တင်းကျပ်လှသည်။

သခင်မလင်မှလွဲ၍ မယားငယ်များ သို့မဟုတ် အစေခံမောင်းမများ မရှိပေ။

သခင်မလင်က သခင်မကျန်း၏ အခြေအနေကို နားမလည်သလို သူမ၏ နာကျင်မှုကိုလည်း မသိနိုင်ပေ။

သူမက ကူကယ်ရာမဲ့သော အကြည့်တစ်ခုကိုသာ ပေးနိုင်ခဲ့သည်။

"အပြင်ဘက်ကို ခဏခဏ ထွက်ပါ။ ဒီအိမ်ကြီးထဲမှာပဲ တစ်နေ့လုံး အောင်းနေပြီး ကိုယ့်စိတ်ဝိညာဉ်ကို အလဟဿ အသေမခံပါနဲ့။"

ထိုစကားကိုပြောပြီးနောက် သခင်မလင်သည် စုအိမ်တော်မှ နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။

သူမ၏ သားသမီးနှစ်ယောက်လုံး၏ စေ့စပ်ပွဲများ တစ်ခုပြီးတစ်ခု ဖျက်သိမ်းခံလိုက်ရပြီး စုယင်မှာလည်း ယခုအခါ ဒုက္ခိတတစ်ဦးနှင့် စေ့စပ်လိုက်ရပြီဖြစ်သည့်အတွက် လျိုရှီသည် ရင်ကွဲမတတ် ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။

သူမ၏ သနားစရာကောင်းတဲ့ အခြေအနေကို မြင်သောအခါ သခင်မကြီးရှဲ့သည် ဒေါသများ ပေါက်ကွဲထွက်လာသည်။

သူမက လျိုရှီကို ဆက်မမြင်ချင်တော့သဖြင့် တစ်စုံတစ်ယောက်အား လျိုရှီကို ချက်ချင်း ခေါ်ထုတ်သွားရန် အမိန့်ပေးလိုက်သည်။

စုယွီ နယ်စားမင်းအိမ်တော်သို့ ပြန်ရောက်လာချိန်တွင် ရှုပ်ပွနေတာများကို အတော်များများ ရှင်းလင်းပြီးသွားလေပြီ။

သူက ရှင်းလင်းဗလာဖြစ်နေသော ဝမ်ရှို့ခန်းမထဲတွင် ကြောင်တောင်တောင် ရပ်နေမိပြီး ရှင်းပြမရနိုင်သော စိုးရိမ်ထိတ်လန့်မှုတစ်ခုက သူ့ရင်ထဲတွင် မြင့်တက်လာသည်။

"ယန်ယန် ဘယ်မှာလဲ။"

ထွက်မသွားသေးတဲ့ ရွှယ်နင်က သူ စင်္ကြံအောက်မှာ တစ်ယောက်တည်း ရပ်နေတာကို မြင်တဲ့အခါ လှမ်းပြောလိုက်သည်။

"သူ(မ) ထွက်သွားပြီလေ"

စုယွီက မယုံကြည်နိုင်ပေ။

ဝေ့ကျန့်ယန်က အနူးညံ့ဆုံး စိတ်သဘောထားရှိပြီး ချိုသာကာ စကားနားထောင်သူဖြစ်၏။ သူ စောင့်ခိုင်းတိုင်း သူမက သူ့ကို စိတ်ရှည်လက်ရှည် စောင့်နေတတ်သည်။

ဘာကြောင့်များ ဒီတစ်ခေါက် သူပြန်လာတဲ့အချိန်မှာ သူမကို မတွေ့ရတော့တာလဲ။

"သူ(မ) ဘာလို့ ငါ့ကို မစောင့်ရတာလဲ။"

သူ ညည်းတွားလိုက်စဉ် သူ၏ မျက်ဝန်းထဲမှ အမှောင်ထုက ပိုမိုနက်ရှိုင်းသွားသည်။

ရွှယ်နင်က တိုးတိုးလေး ရယ်မောလိုက်ပြီး အေးအေးလူလူပင် ပြောလိုက်သည်။

"ဘယ်သူကမှ ရှင့်ကို တစ်နေရာတည်းမှာ ထာဝရ စောင့်နေမှာ မဟုတ်ဘူး။ ဒီနေ့ ရှင် မိန်းကလေးယွင်ကို လူသိရှင်ကြား ရွေးချယ်လိုက်ကတည်းက ယန်ယန်နဲ့ လမ်းခွဲဖို့ ကံကြမ္မာဖန်လာတာပဲ။"

ရုတ်တရက် စူးရှသော နာကျင်မှုတစ်ခုက သူ့ရင်ဘတ်ကို ထိုးဖောက်သွားသည်။

စုယွီသည် မျက်မှောင်ကြုတ်လျက် သူ့ရင်ဘတ်ကို ဖိကိုင်ထားလိုက်သည်။

အရေးကြီးတဲ့ အရာတစ်ခုခုက တဖြည်းဖြည်း လွတ်ထွက်သွားသလိုမျိုး သူ ခံစားနေရတယ်။

"ရွှယ်နင်! အားလုံး နင့်အပြစ်တွေချည်းပဲ!"

"အဲ့တော့ ဘာဖြစ်လဲ။"

ရွှယ်နင်က လှောင်ပြောင်သရော်စွာ နှာခေါင်းရှုံ့လိုက်သည်။

"စုယွီ... ရှင်တောင် နောင်တရပြီး ဒေါသထွက်တတ်တဲ့ အချိန်တွေ ရှိတာပဲလား။"

စုယွီ၏ မျက်လုံးများက ဒေါသကြောင့် ပြူးကျယ်နေပြီး သွေးကြောများ နီရဲနေသော အကြည့်များဖြင့် ရှေ့သို့ ပြေးဝင်သွားတော့သည်။

"နင့်ကို ငါသတ်မယ်!”

All Chapters