← Chapters

အခန်း ၂၆၅

Vol. 27 Ch. 265

အခန်း ၂၆၅

Vol. 27 Ch. 265

အခန်း (၂၆၅) - "မင်းတို့... အတူတူ ရှိကြပြီလား။"

သူ့နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားပြီး မျက်ဝန်းထက်၌ မှိုင်းညှို့ရိပ်များ ချက်ချင်း ဖုံးလွှမ်းသွားကာ နှုတ်ခမ်းထောင့်မှ အပြုံးရိပ်တို့သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

"မင်းတို့... လင်မယားအရာ မြောက်သွားကြပြီပေါ့..."

သူ့အကြည့်တို့က မှင်သက်နေပြီး တုန်လှုပ်မှု၊ အံ့ဩမှုတို့ဖြင့် ပြည့်နှက်နေ၏။

ရွှယ်နင်က သူမ၏အင်္ကျီလက်ကို အမြန်ဆွဲချလိုက်ပြီး သူ့ကို စကားဖက်ပြောရန် စိတ်ရှည်မှု ကုန်ဆုံးနေတာ ကြာလှပြီ။

အိမ်မှာ ကြောင်လေးတွေ၊ လိပ်ကလေးတွေ ရှိသလို သူမကို စောင့်နေမယ့် ချောမောလွန်းတဲ့ ခင်ပွန်းသည်လည်း ရှိသေးတယ်။

သူမက ဘာလို့ စုကျန်းနှင့် ဒီနေရာမှာ အချိန်ဖြုန်းနေရမှာလဲ။

"ရှင့်အလုပ် မဟုတ်ဘူး။"

စုကျန်းက မျက်မှောင်ကြုတ်ကာ အေးစက်သော အသံဖြင့်-

"ရွှယ်နင်၊ ငါ မင်းကို မေးနေတာ!"

သူက ဘာလို့ ရုတ်တရက် ဒေါသထွက်သွားလဲဆိုတာကို သူကိုယ်တိုင်ပင် နားမလည်ဘဲ ရင်ဘတ်ထဲမှာ ဒေါသအဟုန်တို့ အလိပ်လိုက် တက်လာကာ ဆင်ခြင်တုံတရားတို့ ကင်းမဲ့သွားသလို ခံစားလိုက်ရသည်။

သူက မျက်နှာကို တင်းမာထားလျက် လက်ဆန့်ကာ ရွှယ်နင်၏ သွယ်လျသော လက်မောင်းကို လှမ်းဖမ်းလိုက်သည်။

သူမ၏အင်္ကျီလက်ကို အလောတကြီး ပင့်တင်လိုက်သောအခါ တစ်ချိန်က တောက်ပထင်ရှားခဲ့သော ရှို့ကုန်းရှား (အပျိုစင်အမှတ်အသား) မှာ အစအနပင် မရှိတော့ပေ။

စုကျန်းသည် တစ်ချက် ဆွံ့အသွားပြီး မျက်မှောင်ကြုတ်လျက် မျက်ဝန်းတို့မှာ မှေးမှိန်သွား၏။

ရွှယ်နင်လည်း သူ့ကို တမင်သက်သက် ပြလို၍ ရုန်းကန်ခြင်း မပြုခဲ့ပေ။

"ဘာလဲ။"

"သခင်စုက တကယ့်ကို ထူးဆန်းတာပဲ။"

ရွှယ်နင်၏ မျက်ဝန်းထဲတွင် လှောင်ပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားသည်။

"ကျွန်မရဲ့ခင်ပွန်းနဲ့ လင်မယားအရာ မြောက်တာကို ရှင့်ကို သတင်းပို့နေရဦးမှာလား။"

"မဖြစ်နိုင်တာ။"

စုကျန်းသည် နှုတ်ခမ်းပါးကို တင်းတင်းစေ့ထားလျက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"မင်း ရှို့ကုန်းရှားကို တမင်ဖျက်ဖို့ တစ်ခုခု လုပ်ထားတာ နေမှာ။"

ရွှယ်နင်က နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်၏။

"အဲဒီစကားကို ရှင့်ဘာသာရော ယုံရဲ့လား"

"ငါ မင်းအကြောင်းကို သိတယ်။"

စုကျန်းက မထီမဲ့မြင် ပြုလိုက်သည်။

"လီချန်ချဲ့ အကြောင်းလည်း ငါသိတယ်၊ သူ မင်းကို ဘယ်တော့မှ ထိမှာ မဟုတ်ဘူး။"

ရွှယ်နင် ဒေါသထွက်လွန်းသဖြင့် မျက်စောင်းထိုးလိုက်မိသည်။

အရင်တုန်းက စုကျန်းရဲ့ ဘယ်အချက်ကို သဘောကျခဲ့မိလဲဆိုတာ သူမ တကယ်ပဲ စဉ်းစားမရတော့ဘူး။

အခြေအနေတွေ ဒီအဆင့်ထိ ရောက်နေတာတောင် သူက ဇွတ်ငြင်းနေတုန်းပဲ။

သူ့မျက်လုံးထဲမှာ သူမက ဘယ်သူမှ မလိုချင်တဲ့သူ ဖြစ်နေလို့လား။

"လွှတ်စမ်း။"

သူမက မျက်နှာကို အေးစက်အောင် ထားလျက် စုကျန်း၏ လက်ကြီးကို ခါချလိုက်ပြီး မျက်ဝန်းတို့တွင် သရော်ရိပ်များ ပြည့်နှက်နေသည်။

"ကျွန်မ ပြန်တော့မယ်။ အားချဲ့နဲ့ ကျွန်မက လင်မယားအရာ မြောက်ပြီးပြီ၊ နောက်နှစ်ကျရင် ဝဝဖြိုးဖြိုး ကလေးလေးတစ်ယောက် ယူဖို့တောင် စီစဉ်ထားသေးတယ်။ ရှင်ယုံချင်ယုံ မယုံချင်နေ။"

စုကျန်းသည် တွန်းထုတ်ခံလိုက်ရသဖြင့် အနည်းငယ် ယိုင်သွားပြီး မျက်နှာမှာ မင်ရည် စိုရွှဲနေသကဲ့သို့ မည်းမှောင်သွားတော့သည်။

ရွှယ်နင် လှည့်ထွက်ရန် ခြေတစ်လှမ်း လှမ်းလိုက်စဉ်မှာပင် ဘေးရှိ လူသွားလမ်းငယ်လေးမှ လျှောက်လာသော လီချန်ချဲ့ကို လှမ်းမြင်လိုက်ရသည်။

ထိုအမျိုးသားသည် ခန့်ညားထည်ဝါပြီး မြင့်မြတ်လှကာ ဓားသဏ္ဌာန်မျက်ခုံး၊ ကြယ်ပမာမျက်ဝန်း၊ မြင့်မားသော နှာတံနှင့် စူးရှသောအကြည့်တို့ ရှိသည်။

ကိုယ်ကျပ် အစိမ်းရောင် ကော်လံဝိုင်း ဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် သူက ပို၍ပင် ခန့်ညားပြီး အေးစက်ထူးခြား ထင်ပေါ်နေ၏။

"အားချဲ့!"

ရွှယ်နင်၏ မျက်နှာထက်၌ ပျော်ရွှင်မှုများ ချက်ချင်း ဝေဆာသွားသည်။

သူမသည် အနောက်က စုကျန်းကို ဂရုမစိုက်တော့ဘဲ သစ်တောထဲသို့ ပြန်လာသည့် ငှက်ငယ်လေးကဲ့သို့ ထိုအမျိုးသားထံသို့ ပြေးဝင်သွားတော့သည်။

လီချန်ချဲ့က သူမကို မြဲမြံစွာ ဖမ်းပွေ့လိုက်ပြီး ရင်ခွင်ထဲသို့ ထည့်ကာ ထိုမိန်းကလေး၏ ဖြူဝင်းသည့်မျက်နှာလေးကို ငုံ့ကြည့်လိုက်သည်။

သူက မနေနိုင်ဘဲ လက်ကို မြှောက်ကာ သူမ၏ ပါးပြင်လေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်မိ၏။

သူမ၏ အသားအရေမှာ သိုးဆီကျောက်စိမ်းကဲ့သို့ နုညက်ချောမွေ့သည်။

ရွှယ်နင်က သူမ၏ စိုလဲ့သော မျက်ဝန်းများကို ပင့်လျက် ထိုအမျိုးသား၏ ကျယ်ပြန့်သော ရင်ခွင်ပေါ်သို့ မေးစေ့တင်ကာ နူးညံ့သိမ်မွေ့သောအသံဖြင့် မေးလိုက်သည်။

"ဘာလို့ ရောက်လာတာလဲ"

သူမ၏ မျက်ဝန်းများတွင် ဝမ်းသာမှုတို့ဖြင့် တောက်ပနေဆဲဖြစ်ပြီး ဉာဏ်နီဉာဏ်နက်များကာ ဆွဲဆောင်မှုရှိသော အကြည့်တို့၌ နောက်ပြောင်လိုသည့် အရိပ်အယောင်များ စွက်ဖက်နေ၏။

လီချန်ချဲ့က သူမက စုကျန်းကို တမင်သက်သက် ပြသနေခြင်းဖြစ်မှန်း သိသော်လည်း သူမကို အလိုလိုက်ရန် လိုလားသဖြင့် ချစ်မြတ်နိုးစွာဖြင့် သူ့လက်မောင်းကြီးကို သူမ၏ ခါးထက်သို့ ရစ်ပတ်ပွေ့ဖက်လိုက်သည်။

"မင်း ရွှမ်းယီနယ်စားမင်းစံအိမ်ကို လာတယ်လို့ ကြားလို့ လမ်းကြုံတုန်း လာခေါ်တာ။"

"အားချဲ့... ရှင်ကပဲ ကျွန်မအပေါ် အကောင်းဆုံး။ ရှင်နဲ့ လက်ထပ်ခွင့်ရတာက ကျွန်မရဲ့... အကြီးမားဆုံး... ကံကောင်းခြင်းပဲ။"

စုကျန်း သေချာမကြားရမှာ စိုးသဖြင့် ရွှယ်နင်က နောက်ဆုံးစကားလုံးများကို တမင်သက်သက် အသံဆွဲ၍ ပြောလိုက်ခြင်းပင်။

လီချန်ချဲ့က မော့ကြည့်လိုက်ပြီး မလှမ်းမကမ်းတွင် ရပ်နေသော စုကျန်းကို လှမ်းကြည့်လိုက်၏။

သူ၏ မည်းမှောင်နေသော မျက်နှာပေး၊ တွန့်ချိုးနေသော မျက်ခုံးများနှင့် ဂနာမငြိမ်ဖြစ်နေသော အမူအရာတို့ကို မြင်ရုံဖြင့် ဘာဖြစ်ခဲ့လဲဆိုတာကို သူ အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။

ရွှယ်နင်က မိုက်မဲသည့် မိန်းကလေးတစ်ယောက် မဟုတ်ပေ။ သူမက ခေါင်းမာရုံသာ ဖြစ်၏။

စုမိသားစုတွင် နှစ်ပေါင်းများစွာ နာကျည်းခံပြင်းခဲ့ရမှုများက သူမကို ဤသို့ ဖြစ်လာစေခဲ့ခြင်းပင်။

သူက ရင်ထဲ၌ ကရုဏာသက်သွားကာ အကြည့်ကို နှိမ့်ချလိုက်ပြီး နှုတ်ခမ်းပါးတို့ဖြင့် သူမ၏ နှာခေါင်းထိပ်ဖျားလေးကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။

ထိုအမျိုးသားက အသာအယာ တိုးကပ်လာပြီး သူ၏ ပူနွေးသော အသက်ရှူသံတို့က ရွှယ်နင်၏ မျက်နှာပေါ်သို့ ကျရောက်လာတော့သည်။

သူမ၏ နှလုံးသားလေးမှာ အနည်းငယ် လှုပ်ခတ်သွားပြီး နက်မှောင်သော မျက်တောင်ရှည်များလည်း လိုက်ပါတုန်ခါသွားရ၏။

"လူတစ်ယောက် ကြည့်နေသေးတယ်လေ..."

"ကြည့်ပစေပေါ့။"

နှုတ်ကသာ ကြမ်းပြနေပေမယ့် စုကျန်း၏ ရှေ့မှာ အားချဲ့နှင့် နမ်းရှိုက်ရခြင်းက လုံးဝ တခြားစီပဲ။

ရွှယ်နင်၏ ပါးပြင်လေးများ အနည်းငယ် နီမြန်းသွားပြီး သူမ၏ ကြည်လင်သန့်စင်သော အကြည့်တို့တွင် ဆွဲဆောင်မှုရှိသော အရိပ်အယောင်လေးများ စွက်ဖက်နေသည်။

"အားချဲ့။"

"ဟင်..."

"အိမ်ပြန်ကြစို့။ ဒီနေ့ ကျွန်မ လုပ်ခဲ့တဲ့ ကိစ္စကြီးတွေအကြောင်း ရှင့်ကို အကုန်ပြောပြမယ်။"

လီချန်ချဲ့၏ အကြည့်တို့က စုကျန်း၏ မှောင်မိုက်သော ဖီးနစ်မျက်ဝန်းဆီသို့ ဖြတ်သန်းသွားပြီးနောက် သူ၏ နှုတ်ခမ်းထောင့်တို့ အနည်းငယ် ကွေးညွတ်သွားသည်။

"ကောင်းပါပြီ။ ကိုယ်က မင်းရဲ့ ခင်ပွန်းပဲ... ဘာပဲဖြစ်ဖြစ် ကိုယ့်ကို ပြောပြလို့ ရတာပေါ့"

ရွှယ်နင်က သူမ၏လက်ကို ထိုအမျိုးသားက ဆုပ်ကိုင်လိုက်တာကို ခံစားလိုက်ရပြီး သူ၏ သွယ်လျသော လက်ချောင်းများက သူမ၏ လက်ချောင်းများကြားသို့ ယှက်နွှယ်ဝင်ရောက်လာသည်။

သူတို့၏ လက်ချောင်းချင်း ယှက်နွှယ်လျက် လက်ချင်း တင်းတင်းဆုပ်ကိုင်ထားကြ၏။

သူမ၏ ပါးပြင်များမှာ တစ်ဖန် ထိန်းမနိုင်သိမ်းမရ နီမြန်းသွားပြန်သည်။ သူမက မျက်နှာလေးကို အနည်းငယ် စောင်းလျက် သူ၏ စင်းထွက်နေသော နှာတံကို စိုက်ကြည့်နေမိသည်။

နေဝင်ဆည်းဆာ အလင်းတန်းက မီးတောက်ကဲ့သို့ တောက်ပနေပြီး ကောင်းကင်ပြင် တစ်ဝက်ကို ဖုံးလွှမ်းထား၏။

လီချန်ချဲ့က သူတို့ ဆုပ်ကိုင်ထားသော လက်များကို စုကျန်းဘက်သို့ မြှောက်ပြကာ ပြောလိုက်သည်။

"ရှီဇီစု... ငါတို့ကို သွားခွင့်ပြုပါဦး။ ဒီမှာတင်ပဲ နေပါ... လိုက်ပို့ဖို့ မလိုပါဘူး"

ထို့နောက် သူက ရွှယ်နင်ကို ခေါ်ဆောင်ကာ ချိုးရွှေဥယျာဉ်မှ ထွက်ခွာသွားတော့သည်။

သူတို့ ဝေးဝေးသို့ လျှောက်သွားသောအခါ မှုန်ဝါးဝါး ကျောပြင်ရိပ်နှစ်ခုသာ ကျန်ရစ်သည်။

စုကျန်းသည် ထိုနေရာ၌ပင် တောင့်တောင့်ကြီး ရပ်နေမိပြီး အချိန်အတော်ကြာသည်အထိ အသိစိတ် ပြန်မဝင်နိုင်ဘဲ ရှိနေသည်။

စောစောက ရွှယ်နင် ထိုအမျိုးသား၏ ရင်ခွင်ထဲသို့ သဘာဝကျကျ တိုးဝင်သွားပုံနှင့် သူနှင့်အတူ ထွက်သွားချိန်တွင် သူမ၏ စကတ်စကို ကျော့ရှင်းစွာ ပင့်မလိုက်ပုံတို့ကို သူ ပြန်အမှတ်ရမိသည်။

ငွေအပ်ပေါင်းများစွာဖြင့် သူ့ဦးနှောက်ကို ထိုးစိုက်နေသကဲ့သို့ ခံစားရပြီး နာကျင်လွန်းသဖြင့် သူ၏ မျက်နှာမှာ ဖြူရော်သွားတော့သည်။

သို့တိုင် ရွှယ်နင်က သူ့ကို လုံးဝ လက်လွှတ်လိုက်ပြီး လီချန်ချဲ့၏ ရင်ခွင်ထဲသို့ ခိုဝင်သွားပြီဆိုတာကိုတော့ သူ လုံးဝ လက်မခံနိုင်သေးပေ။

တစ်ချိန်က သူ့ကိုပဲ လက်ထပ်ပါမယ်လို့ သစ္စာဆိုခဲ့တဲ့ မိန်းမက အခုတော့ တခြားယောက်ျားတစ်ယောက်နှင့် ဘယ်လိုလုပ် ဒီလောက် ရင်းနှီးနေနိုင်ရတာလဲ။

သူ ဘယ်လောက်ပဲ ကြိုးစားစဉ်းစားပါစေ... သူ နားမလည်နိုင်တော့ဘူး။

ပြီးတော့ သူမနဲ့ လီချန်ချဲ့တို့ လင်မယားအရာ မြောက်သွားပြီဆိုတာကိုလည်း သူ လုံးဝ မယုံကြည်ပေ။

မော့ပိုင်သည် မနေနိုင်ဘဲ ရှေ့သို့ တိုးလာကာ မေးလိုက်သည်။

"ရှီဇီ... ဘာဖြစ်လို့လဲ။"

စုကျန်း၏ မျက်မှောင်များ အထပ်ထပ် တွန့်ချိုးသွားပြီး သူ၏ နဖူးကို ဖိထားသော လက်ကြီးမှ သွေးကြောများ ထောင်ထလာကာ နာကျင်စွာ ညည်းတွားလိုက်သည်။

"ငါ့ခေါင်းတွေ ကိုက်နေတယ်။"

မော့ပိုင်က ရွှယ်နင် ထွက်သွားသည့် လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်သည်။

"ဒီလက်အောက်ငယ်သား ထင်တာတော့... သခင်မလေးရွှယ်က..."

"သူ(မ)ပဲ ဖြစ်ရမယ်။"

စုကျန်းသည် သူ၏ မျက်ဝန်းများကို စူးရှစွာ ကျဉ်းမြောင်းလိုက်ပြီး သူ့အသံမှာ တိုး၍လေးနက်နေသည်။

"သူ(မ) ငါ့ကို ကျိန်စာ တစ်ခုခု တိုက်ထားတာ ဒါမှမဟုတ် ပယောဂ တစ်ခုခု လုပ်ထားတာ ဖြစ်ရမယ်။"

မော့ပိုင်သည် ပါးစပ်ဟသွားကာ ဘာပြောရမှန်းမသိ ဆွံ့အသွား၏။

စုကျန်းက ခေါင်းယမ်းလိုက်ရာ နာကျင်မှုကြောင့် သူ၏ ဦးနှောက် ပေါက်ကွဲထွက်တော့မည်ဟုပင် ခံစားလိုက်ရသည်။

"သူ(မ)သာ ငါ့ကို ပယောဂ မလုပ်ထားရင် ငါ့ခေါင်းက ဘာလို့ ဒီလောက် နာနေရမှာလဲ။ ဒါတွေအကုန်လုံး သူ(မ) တမင်သက်သက် လုပ်နေတာ ဖြစ်ရမယ်။ ငါ သူ(မ)ကို သတိထားမိလာအောင်၊ သူ(မ)ကို သဘောကျလာအောင်လို့လေ။ ဒါပေမဲ့ သူ(မ) အောင်မြင်အောင် ငါ ခွင့်မပြုနိုင်ဘူး။ ဟိုတစ်ခေါက် ဖန့်လိုစားသောက်ဆိုင်မှာ ငါ သူ(မ)ကို အရှက်ခွဲခဲ့တာကို လက်စားချေဖို့၊ ငါ့ကို ရန်စဖို့ သူ(မ)လက်မောင်းကို တမင်သက်သက် ပြခဲ့တာဆိုတာ ငါ သိတယ်။ လီချန်ချဲ့က သူ(မ)လို မိန်းမမျိုးကို ဘယ်လိုလုပ် ထိမှာလဲ။ သူ(မ) ရှို့ကုန်းရှား (အပျိုစင်အမှတ်) ပျောက်သွားအောင် ဆေးတစ်မျိုးမျိုး သုံးထားတာပဲ နေမှာ။"

မိမိကိုယ်ကို ချက်ချင်း ပြန်လည်ဖျောင်းဖျလိုက်နိုင်သလိုမျိုး သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက်နှင့် ရက်စက်သော အပြုံးတစ်ခု ကွေးညွတ်သွားသည်။

"ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေကို ငါ မြင်ဖူးလွန်းနေပြီပဲ... ဘာလို့ ခေါင်းထဲ ထည့်နေရမှာလဲ။"

ထို့နောက် သူက သူ၏ ရှည်လျားသော မျက်တောင်များကို ပြန်ချလိုက်ပြီး လှည့်ကာ ချိုးရွှေဥယျာဉ်ထဲသို့ ပြန်ဝင်သွားတော့သည်။

"နောက်သုံးရက်နေရင် ကျန့်ကော် ဘုရားကျောင်းကို သွားမယ်။"

မော့ပိုင်သည် မတတ်နိုင်စွာဖြင့် သက်ပြင်းချလိုက်မိသည်။

ရှီဇီက ဒီလောက်တောင် နာကျင်နေတာ။

သူကိုယ်တိုင်တောင် သတိထားမိပုံ မရဘူး။

သခင်မလေးရွှယ်အပေါ် ထားတဲ့ သူ့ခံစားချက်တွေက... လုံးဝ မရှိတာတော့ မဟုတ်ဘူးပဲ။

...

ကျန်းကော်နယ်စားမင်းအိမ်တော်၏ ရထားလုံးပေါ်သို့ ရောက်သည်နှင့် ရွှယ်နင်သည် လီချန်ချဲ့အား လမ်းတစ်လျှောက်လုံး စကားတွေ တရစပ် ပြောလာခဲ့သည်။

ယနေ့ သခင်မလင်တို့နှင့်အတူ ထုံရှင်းလမ်းကြားသို့ ဘယ်လို သွားခဲ့ရကြောင်းကို သူမ အသေးစိတ် ပြန်လည်ပြောပြနေ၏။

သို့သော်လည်း သူမ၏ အတိတ်ဘဝအကြောင်းကိုတော့ လွန်လွန်ကျူးကျူး မပြောမိစေရန် သတိထားနေခဲ့သည်။

All Chapters