← Chapters

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း (၂၆၇) - နင်နင်၊ လိမ္မာပါ

သူအရာအားလုံးကို အဆုံးသတ်ပြီး လက်မောင်းထဲမှ သူမကို ကုတင်ပေါ်သို့ ပွေ့ချီသွားချိန်တွင် ရွှယ်နင်တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနှစ်နေလေပြီ။

အကြမ်းပတမ်း အနိုင်ကျင့်ခံထားရသဖြင့် သူမ၏ ဖြူဖွေးသော အသားအရေမှာ နီမြန်းနေပြီး တစ်ကိုယ်လုံး သိမ်မွေ့စွာ တုန်ရီနေဆဲပင်။

ခေါင်းကို သူ့ပုခုံးပေါ်တွင် မှီထားကာ မျက်ထောင့်များမှာ စိုစွတ်နီရဲနေပြီး မျက်နှာထက်တွင် မျက်ရည်စအချို့ တွဲခိုနေသေးသည်။

လီချန်ချဲ့က သူမ၏ မျက်နှာလေးကို အုပ်ကိုင်ကာ အကြိမ်ကြိမ် မနမ်းဘဲ မနေနိုင်အောင်ပင်။ နီမြန်းနေသော သူမ၏ မျက်နှာနှင့် ရမ္မက်ရိပ်သန်းနေသော မျက်ဝန်းများကို မြင်လိုက်ရချိန်တွင် သူ့အတွင်းစိတ်ထဲ၌ မငြိမ်မသက်မှုများ တစ်ဖန် လှိုင်းထလာပြန်သည်။

"အခု နင်နင် ကိုယ့်အဖြေကို သိပြီလား"

ရွှယ်နင်၏ ကြွေသားလို မျက်နှာလေးမှာ ဒီရေအလား ရဲရဲနီသွားသည်။

"ဒါက ဘယ်လို အဖြေမျိုးလဲ"

လီချန်ချဲ့က သူမ၏နဖူးကို အချစ်ပိုစွာ နမ်းရှိုက်လိုက်သည်။

"ဒါက အတည်မယူဘူးလား။ ဒါဆို ကိုယ်က ဘယ်လိုကတိပေးရမလဲ"

ရွှယ်နင်က သူမ၏ နှုတ်ခမ်းနီနီလေးကို ဆူရင်း ပြောလိုက်သည်။

"ကျိန်ဆိုပါ"

စိတ်ကျေနပ်ကာ ကြည်နူးနေသော သူက ခေါင်းအုံးကြီးကို နောက်သို့မှီချလိုက်ပြီး သူမ၏ နူးညံ့သော ဆံပင်မည်းမည်းလေးကို လက်ချောင်းများဖြင့် လိမ်ကျစ်ကစားနေသည်။

"ကျိန်တယ်ဆိုတာ အသုံးမကျဆုံး ကိစ္စပဲ"

ရွှယ်နင်က သူ့ကိုယ်ပေါ်တွင် အားအင်ကုန်ခမ်းစွာ မှီတွယ်လှဲလျောင်းနေရင်း မျက်တောင်များကို ပျင်းရိစွာ ချလိုက်သည်။

"ဒါလည်း ဟုတ်တာပါပဲ"

သခင်မကျန်းနှင့် နယ်စားမင်းစုတို့လည်း တစ်ချိန်က ထာဝရချစ်ပါမည်ဟု ကျိန်ဆိုခဲ့ကြပေမယ့် နောက်ဆုံးတွင် စိမ်းကား ဝေးကွာသွားခဲ့ကြတာပဲ။

ယောကျ်ားတစ်ယောက်က ကိုယ့်ကို အချစ်ဆုံးအချိန်မှာတော့ အခြားမိန်းမကို ဘယ်တော့မှ လှည့်ကြည့်မည် မဟုတ်ပေ။

ဒါပေမဲ့ ဘဝဆိုတာ အလွန်ရှည်လျားလွန်းတယ်။ အနာဂတ်အတွက် ဘာလို့ ပူပန်နေရမှာလဲ။

ဒီအချိန်လေးမှာ သူမအပေါ် သူ စေတနာမှန်သရွေ့ လုံလောက်ပါပြီ။

ဒုတိယဘဝကို ဖြတ်သန်းပြီးနောက်တွင် အရာများစွာအပေါ် ဂရုမစိုက်တတ်တော့ဟု ရွှယ်နင် ခံစားလာရသည်။

ယခင်က စုကျန်းအပေါ် ထားခဲ့သလို သူ့မျက်စိနှင့် နှလုံးသားထဲတွင် သူမတစ်ယောက်တည်းသာ ရှိနေစေရန် မျှော်လင့်နေတော့မည် မဟုတ်ပေ။

အချစ်ဆိုတာက ဒီလိုမျိုးပဲ... တင်းကြပ်စွာ ဆုပ်ကိုင်ဖို့ ကြိုးစားလေ၊ သဲပွင့်များလို လက်ချောင်းများကြားမှ လွတ်ထွက်သွားလေဖြစ်ကာ ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။

သူ့ကို လွတ်လပ်ခွင့်ပေးလိုက်တာက ပိုကောင်းပါတယ်။

အချိန်လည်း နောက်ကျနေပြီ။ စုအိမ်တော်မှ ပြန်လာပြီးနောက် သူ့အနားတွင် အချိန်အတော်ကြာ ရှိနေခဲ့ရသဖြင့် ညစာပင် မစားရသေးချေ။

သို့သော် သူတို့နှစ်ဦးမှာ အလွန်နီးကပ်စွာ ပူးကပ်နေသဖြင့် အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် သူ၏ ကြောက်မက်ဖွယ်ကောင်းသော ရမ္မက်အပူရှိန်ကို သူမ ခံစားလိုက်ရသည်။

သူမ၏ လည်ချောင်းများ တင်းကျပ်သွားပြီး အားယူကာ ငေါက်လိုက်သည်။

"အားချဲ့၊ ရှင် ဘယ်လိုလုပ်ပြီး—"

လီချန်ချဲ့ကလည်း သူ သူမကို အတော်လေး နှိပ်စက်မိသွားကြောင်း သိသဖြင့် ချော့မော့ရန် ရင်ခွင်ထဲသို့ အမြန်ဆွဲသွင်းလိုက်သည်။

"ကိုယ့်မှာ မိန်းမဆိုလို့ နင်နင် တစ်ယောက်တည်းပဲ ရှိတာလေ။ နင်နင်က ကိုယ့်ကို မဖြည့်ဆည်းပေးရင် ကိုယ် ဘာလုပ်ရမလဲ။ တကယ်ကြီး အပြင်မှာ တခြားတစ်ယောက် သွားရှာခိုင်းမလို့လား"

ရွှယ်နင်၏ မျက်နှာလေးမှာ သွေးကဲ့သို့ နီမြန်းသွားသည်။

"ဒါဆို အရင်က... ရှင် ဘယ်လိုနေခဲ့တာလဲ"

လီချန်ချဲ့က သူ၏ မက်မွန်ပွင့်ပုံစံ မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ပြီး လေးနက်စွာ ပြန်ဖြေသည်။

"အရင်ကတော့ ကိုယ် ဒီလိုကိစ္စတွေကို ရွံမုန်းခဲ့တာ"

သူက သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မြင့်မားပြီး မိန်းမများကို စိတ်မဝင်စားပေ။

ဘယ်မိန်းမကမဆို သူ့ကို မြူဆွယ်ရန် ကြိုးစားလာလျှင် သူ၏ ရွံရှာမှုကို ပိုမိုနက်ရှိုင်းသွားစေရုံသာ ရှိ၏။

ဒီလိုကိစ္စရပ်များကို နားလည်လာချိန်မှစ၍ မိန်းမတစ်ယောက်ကို ရှာဖွေရန် သူ တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။

စစ်တပ်ထဲတွင် အများက သူ့ကို ပြည့်တန်ဆာရုံများသို့ ဆွဲခေါ်ရန် ကြိုးစားခဲ့ကြသော်လည်း ဤကိစ္စများအပေါ် အနည်းငယ်မျှပင် သူ စိတ်မဝင်စားခဲ့ချေ။

နောင်တွင်လည်း နှစ်ပေါင်းများစွာ စင်ကြယ်ပြီး ရသေ့ရဟန်းကဲ့သို့ နေထိုင်ခဲ့ကာ မစင်ကြယ်သော အတွေးများကို မည်သည့်အခါမျှ ခွင့်မပြုခဲ့ပေ။

သို့သော် ရွှယ်နင်နှင့် ပြန်လည်ဆုံတွေ့ပြီးကတည်းက သူ အိပ်မက်မမက်ဘဲ မနေနိုင်ခဲ့တော့ချေ။

နိုးထလာတိုင်း ဘေးနားရှိ လစ်ဟာနေမှုကသာ ဤကိစ္စရပ်များကို ပို၍ မုန်းတီးလာစေခဲ့သည်။

သူမကို လက်ထပ်လိုက်သည့်အချိန်ထိပင်။

ယခု နေ့စဉ်ရက်ဆက် သူမကို မြင်ရုံဖြင့် သူမအား မထိတွေ့ဘဲ မနေနိုင်အောင် ဖြစ်နေရသည်။

သူမ၏ ခန္ဓာကိုယ်လေးက နူးညံ့ပြီး၊ အသားအရေက ချောမွေ့ကာ၊ လက်ချောင်းလေးများမှာ ဝါဂွမ်းကဲ့သို့ နုနယ်နေပြီး၊ ချိုမြိန်မွှေးပျံ့သော ရနံ့လေးကလည်း သင်းပျံ့နေလေရာ—သူမ၏ အစိတ်အပိုင်းတိုင်းက သူ့ကို အပြစ်ကျူးလွန်ချင်လာအောင် သွေးဆောင်နေတော့၏။

သူမ အိပ်ပျော်နေတဲ့အချိန်တွင် သူမ၏ နှုတ်ခမ်းနီနီလေးများ စိုအိဖောင်းမို့လာသည်အထိ ခိုးနမ်းဖို့ သူ မကြာခဏ အခွင့်အရေးယူခဲ့ဖူးသည်။

သူမ မူးယစ်နေချိန်ကို အခွင့်ကောင်းယူကာ သူမ၏ ခန္ဓာကိုယ် အနှံ့အပြားကိုပင် ပွတ်သပ်ယုယခဲ့ဖူးသည်။

ဤကိစ္စများကို ရွှယ်နင်အား သူ တစ်ခါမှ မပြောပြခဲ့ဖူးပေ။

ထိုကိစ္စများအတွက် သူ့ကိုယ်သူ အလွန်တရာ ယုတ်မာပြီး ရွံရှာဖွယ်ကောင်းတယ်လို့ နက်ရှိုင်းစွာ ခံစားခဲ့ရသည်။

လီချန်ချဲ့ အနည်းငယ် မသက်မသာ ဖြစ်သွားကာ သူ၏ ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်ပုံစံ မျက်ဝန်းများတွင် နက်ရှိုင်းသော မြတ်နိုးယုယမှုများ ပြည့်လျှံနေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် နင်နင်က အခု ကိုယ့်ဇနီးဖြစ်နေပြီပဲ။ အခုကစပြီး ကိုယ့်ကို ဖြည့်ဆည်းပေးရမယ့် တာဝန်က မင်းအပေါ် ကျရောက်သွားပြီ"

လီချန်ချဲ့က ရွှယ်နင်၏ ပါးပြင်ကို သူ့ပါးဖြင့် အပ်ကာ ဖိကပ်ထားရင်း သူမ၏ နွေးထွေးမှုကို ခံစားကာ တိုးညှင်းစွာ ရယ်မောလိုက်သည်။

"ဒီလိုကိစ္စမျိုးတွေက တစ်ခါ နှစ်ခါနဲ့ ဘယ်တော့မှ မလုံလောက်ဘူး။ ကိုယ်က နင်နင်နဲ့ ဒီလိုမျိုး တစ်သက်လုံး ရစ်ပတ်တွယ်တာချင်တာ၊ မင်းအထဲမှာ ကိုယ်ရှိပြီး၊ ကိုယ့်အထဲမှာ မင်းရှိနေသလိုမျိုးပေါ့"

သူ၏ ဩရှရှနှင့် ဆွဲဆောင်မှုရှိသော အသံက သူမ၏ နားအနီးတွင် သာယာစွာ ဝဲပျံနေသည်။

ရွှယ်နင်၏ ခန္ဓာကိုယ်တစ်ခုလုံး နူးညံ့ပျော့ခွေသွားတော့သည်။

သူမ၏ နားနားကပ်၍ ဒီလိုမျိုး ချိုသာသည့် စကားလုံးများကို တိုးတိုးလေး ပြောဆိုခြင်းမျိုးကို သူမ ကြားရခဲလှသည်။

အထူးသဖြင့် ဤမျှ ရဲတင်းပြီး ပွင့်လင်းလွန်းသော စကားလုံးမျိုးပင်။

စကားပြောရန် ကြိုးစားလိုက်သော ရွှယ်နင်၏ နှုတ်ခမ်းများ တုန်ရီသွားသော်လည်း၊ အမျိုးသားဖြစ်သူက သူမ၏ မျက်နှာကို အုပ်ကိုင်ကာ နှုတ်ခမ်းများပေါ်သို့ လွှမ်းမိုးမှုအပြည့်နှင့် ပြင်းထန်သော အနမ်းတစ်ပွင့်ကို ချွေလိုက်သည်။

သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူ့အသံက အလွန်နူးညံ့သိမ်မွေ့ကာ ချော့မော့နေသည့်အတိုင်းပင်။

"နင်နင်၊ ရတယ်မလား"

"အင်း..."

သူမ ဘယ်လိုများ ပြန်ဖြေရမှာလဲ။

သူမက အမြဲတမ်း အိန္ဒြေကြီးပြီး စည်းစောင့်တတ်သူဖြစ်လို့ သူ့လောက် ရဲတင်းဖို့ လုံးဝ မဝံ့ရဲပါဘူး။

ရွှယ်နင်၏ မျက်နှာလေးမှာ နီရဲတွတ်သွားပြီး၊ အသက်ရှူသံများ ပြတ်တောင်းသွားကာ၊ စိုစွတ်နေသော မျက်ဝန်းများမှာ မှုန်ဝါးသွားတော့သည်။

"အားချဲ့... ကျွန်မ အရမ်းဗိုက်ဆာနေပြီ..."

"လိမ္မာပါ နင်နင်။ မကြာခင် ပြီးသွားမှာပါ"

"အင်း..."

အမျိုးသား၏ အသံက သူမကို ညင်သာစွာ ချော့မော့နေသည်။

သူ့လေသံတွင် ချစ်မြတ်နိုးမှုများ အပြည့်အဝ ပါဝင်နေ၏။

သို့သော်လည်း သူ၏ လုပ်ရပ်များကတော့ ကြမ်းတမ်းပြီး အညှာအတာ ကင်းမဲ့နေသည်။

"မကြာခင်" ဆိုတာက ဘာကို ဆိုလိုတာပါလိမ့်။

ထို "မကြာခင်" ဆိုသည်မှာ နောက်ထပ် တစ်နာရီမျှ ကြာမြင့်သွားခဲ့သည်။

နောက်ဆုံးတော့ ရွှယ်နင် ကုတင်ပေါ်မှာပဲ ညစာစားလိုက်ရသည်။

ခွန်အားတွေ ပြည့်ဝနေသော ထိုအမျိုးသားက သူမကို ရေဆေးကြောသန့်စင်ပေးကာ၊ အစားအသောက်များ ယူလာပေးပြီး၊ တစ်လုတ်ချင်း ဂရုတစိုက် ခွံ့ကျွေးလေသည်။

သူမ ကုန်အောင် မသောက်နိုင်သည့် နွေးထွေးသော စွပ်ပြုတ်ကိုတော့၊ သူက ပါးစပ်ချင်းတေ့ကာ တိုက်ကျွေးလေသည်။

သူမ၏ နှုတ်ခမ်းများ ပွင့်ဟသွားသည်နှင့်၊ သူက သူမ၏ နှုတ်ခမ်းနှင့် လျှာလေးကို မမောနိုင်မပန်းနိုင် အရသာခံကာ၊ သူမ၏ ကမ္ဘာလေးထဲသို့ မမောနိုင်မပန်းနိုင် ကျူးကျော်ဝင်ရောက်လာတော့သည်။

အရင်ကတော့ သူမ၏ ဖခင်ဖြစ်သူက မိခင်ဖြစ်သူ စားကြွင်းစားကျန်များကို ဘာလို့ ဝန်လေးတွန့်ဆုတ်ခြင်းမရှိဘဲ စားနိုင်ခဲ့လဲဆိုတာကို သူမ နားမလည်ခဲ့ဘူး။

အခုတော့ သူမ နောက်ဆုံးမှာ နားလည်သွားခဲ့ပြီ။

အရာအားလုံးကို မျှဝေခံစားရလောက်အောင် ရင်းနှီးကျွမ်းဝင်နေကြသော ဇနီးမောင်နှံတို့က တစ်ဦးနှင့်တစ်ဦး လုံးဝ ရွံရှာကြမည် မဟုတ်ပေ။

စုကျန်းက သူမကို ရွံရှာခဲ့သည့်အတွက်သာ သူမနှင့် အနီးကပ်မနေလိုခဲ့ခြင်းဖြစ်၏။

အသစ်စက်စက် လက်ထပ်ထားသည့် ဇနီးမောင်နှံတို့က ပျားရည်နှင့် ကော်ကဲ့သို့ ခွဲမရအောင် ပူးကပ်နေကြတယ်ဆိုသည့် အကြီးအကဲတို့၏ စကားကို ရွှယ်နင် ယခုမှပင် နားလည်သဘောပေါက်တော့သည်။

သူမနှင့် အားချဲ့အတွက်ဆိုလျှင် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုသက်သက်က အရေးမပါလှပေ။

သူတို့နှစ်ဦး၏ အပြန်အလှန် ပူးကပ်ပေါင်းစပ်မှုကသာ သူမ၏ နှလုံးသားကို ခုန်ပေါက်စေပြီး မျက်နှာကို နီမြန်းသွားစေခဲ့သည်။

ထိုအမျိုးသားကလည်း ကုတင်ပေါ်တွင် အလွန်ပင် နားထောင်ကောင်းသူ ဖြစ်၏။

သူမက နတ်သမားတော် လိုင်ကို သွားရောက်တွေ့ဆုံရန်နှင့် သုံးရက်အကြာတွင် ကျန့်ကော်ဘုရားကျောင်းမှ မိဘတို့၏ ကဗ္ဗည်းတိုင်များကို ပြန်လည်ယူဆောင်ရန် စီစဉ်ထားရာ အားချဲ့က ထိုအရာနှစ်ခုစလုံးအတွက် သဘောတူညီခဲ့သည်။

သို့သော် သူမ၏ ခန္ဓာကိုယ်မှာ အလွန်ပင်ပန်းနွမ်းနယ်နေသည်။

ဝေ့မိသားစုအကြောင်း သတင်းစုံစမ်းရန် လူလွှတ်လိုက်သော်လည်း ထိုသူ ပြန်မရောက်လာမီပင် သူမ အိပ်ပျော်သွားခဲ့၏။

.................

ဝေ့အိမ်တော်၏ အဝင်ဝတွင်။

ရထားလုံးတစ်စီးသည် ဘေးဘက်တံခါးပေါက်၌ ရပ်တန့်ချိန်တွင် မိုးကောင်းကင်မှာ လုံးဝမှောင်ကျခြင်း မရှိသေးပေ။

သခင်မလင်သည် တည်ကြည်သော အမူအရာဖြင့် ဝေ့ကျန့်ယန်ကို လှည်းပေါ်မှ ဆင်းရန် ကူညီပေးကြရန် အစေခံများကို အမိန့်ပေးလိုက်သည်။

လုစစ်လင်သည် ဝေ့မိသားစု၏ ရထားလုံးနှင့်အတူ စီးနင်းလိုက်ပါလာခဲ့သည်။ ဝေ့အိမ်တော်သို့ ရောက်ရှိချိန်တွင် သူက မြင်းပေါ်မှဆင်းကာ ရိုသေစွာ ဘေးတွင် ရပ်နေလိုက်၏။

သခင်မလင်ထံမှ စကားတစ်ခွန်းမျှ မထွက်လာသဖြင့် သူက ကျူးကျော်မသွားရဲဘဲ တိတ်ဆိတ်စွာပင် ရပ်နေသည်။

ဝေ့ကျန့်ယန်မှာ အနီးအနားတွင် ရပ်နေပြီး အစေခံတစ်ဦး၏ ဝတ်ရုံကို ကိုယ်ပေါ်တွင် ပတ်ထားရင်း တုန်ရီနေသည်။

လုစစ်လင်၏ မျက်ဝန်းထဲတွင် နာကျင်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ တစ်စုံတစ်ခု ပြောချင်သော်လည်း သခင်မလင် ရှိနေသည့်အတွက် နောက်ဆုံးတွင် စကားကို မြိုသိပ်လိုက်ရသည်။

ဝေ့ကျန့်ယန်၏ မျက်နှာမှာ ဖြူဖျော့နေပြီး နှုတ်ခမ်းတို့ကို တင်းတင်းစေ့ထားသည်။ သူမ တစ်စုံတစ်ခု ပြောရန် ဟန်ပြင်ပြီးမှ ဝန်လေးနေပုံဖြင့် မျက်လွှာချလိုက်ကာ အစေခံများနှင့်အတူ ဘေးဘက်တံခါးပေါက်မှတစ်ဆင့် ဝင်သွားတော့သည်။

ယနေ့ဖြစ်ရပ်မှာ ရုတ်တရက် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး အလွန်ပင် ရှက်ဖွယ်ကောင်း၏။

သခင်မလင်သည် နောက်သို့ လှည့်ကြည့်ကာ စိုရွှဲနေသော လုစစ်လင်ကို ခံစားချက်မဲ့သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။

"စစ်သူကြီးလု၊ အတွင်းထဲဝင်ပြီး စကားပြောကြရအောင်"

လုစစ်လင်က ခေါင်းငုံ့ကာ လိုက်ပါသွားရင်း တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ"

သခင်မလင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ထိုလူငယ်စစ်သူကြီးကို တိတ်တဆိတ် အကဲခတ်လိုက်သည်။

သူက အတော်လေး စကားနားထောင်ပြီး သူ့နေရာကို သိကာ ရုပ်ရည်သန့်ပြန့်ပြီး သန်မာတောင့်တင်းသော ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်သည်။

သို့သော် သူမ၏ နှလုံးသားထဲမှ မငြိမ်မသက်မှုက ရှိနေဆဲပင်။

All Chapters