အခန်း ၂၈၃
Vol. 29 Ch. 283
အပိုင်း (၂၈၃) - သူ့ကို အရင်စချော့ခြင်း
ရထားလုံးထဲသို့ ရောက်သွားမှသာ ထိုအမျိုးသားက သူမကို လွှတ်ပေးလိုက်တော့သည်။
အပြင်ဘက်တွင် မိုးဖွဲဖွဲလေးများက ပိုးချည်မျှင်လေးများကဲ့သို့ ကျဆင်းနေသည်။ ရွှယ်နင်၏ ဝတ်စုံမှာ မိုးရေစက်များကြောင့် စိုထိုင်းနေပြီး သူမကို အရိုးထဲထိ စိမ့်ဝင်အေးခဲသွားစေသည်။
ထိုအမျိုးသားမှာလည်း သက်သာလှသည်တော့ မဟုတ်ပေ။ သူမမှာ အနည်းဆုံး ထီးတစ်ချောင်းရှိသေးသော်လည်း၊ သူကတော့ အချိန်တစ်လျှောက်လုံး မိုးထဲရေထဲတွင် ရပ်နေခဲ့ရတယ်လေ။
ကံကောင်းထောက်မစွာဖြင့် ချွန်းချီက ရထားလုံးထဲတွင် မီးဖိုငယ်လေးတစ်ခုကို ကြိုတင်ပြင်ဆင်ထားပေးခဲ့သည်။
နံ့သာပေါင်းဖိုငယ်လေးထဲတွင်လည်း မီးသွေးများ ပြန်လည်ဖြည့်တင်းထားခဲ့သည်။
နွေးထွေးမှုလှိုင်းတစ်ခုက သူမအပေါ်သို့ ရုတ်တရက် ရိုက်ခတ်လာသောအခါ ရွှယ်နင်၏ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ယင်သွားသည်။
ထိုအမျိုးသားက မျက်မှောင်ကြုတ်လျက် ဝတ်ရုံရှည်တစ်ထည်ကို ယူကာ သူမကို လွှမ်းခြုံပေးလိုက်သော်လည်း စကားတစ်ခွန်းမျှ မဟခဲ့ပေ။
"သခင်မလေး၊ ရှီဇီက ကျောင်းတော်ကနေ ဂျင်းပြုတ်ရည် တစ်ပန်းကန် သွားယူခိုင်းလိုက်လို့ပါ"
ပေါင်ချန်က ရထားလုံး ကန့်လန့်ကာကြားမှ ဂျင်းပြုတ်ရည်ကို ကမ်းပေးလိုက်သည်။
ရွှယ်နင်က လှမ်းယူလိုက်ပြီး သူမဘေးတွင် ခံစားချက်ကင်းမဲ့စွာ ထိုင်နေသော အမျိုးသားထံသို့ ကမ်းပေးလိုက်၏။
"အားချဲ့"
လီချန်ချဲ့က မျက်ခွံများကို ပင့်ကာ သူမကို ကြည့်လိုက်သည်။
"မင်းအတွက်လေ"
ရွှယ်နင် သူ့ကို ချော့မော့ရန် ကြိုးစားလိုက်သည်။
"ကျွန်မ အဆင်ပြေပါတယ်။ ရှင့်အင်္ကျီတွေ အကုန်စိုနေလို့ပါ—"
လီချန်ချဲ့၏ အသံက နူးညံ့နေဆဲဖြစ်သော်လည်း၊ ဖိနှိပ်ထားသော ဒေါသအငွေ့အသက် အနည်းငယ်ကိုတော့ ကြားနေရဆဲပင်။
"ကိုယ် အဆင်ပြေပါတယ်။ မင်းရော"
ရွှယ်နင် နှုတ်ခမ်းကို စေ့လိုက်သည်။
"ကျွန်မလည်း အဆင်ပြေပါတယ်"
လီချန်ချဲ့က မေးလိုက်သည်။
"မချမ်းဘူးလား"
"မချမ်းပါဘူး"
ရွှယ်နင် အမှန်ကို ပြောနေခြင်း မဟုတ်ပေ။
လီချန်ချဲ့ မျက်မှောင်ကြုတ်သွားပြီး ခဏမျှ စကားဆွံ့အသွားသည်။
ဒါဆို သူမက အမြဲတမ်း ဒီလိုပဲပေါ့— သူ့ကို ချော့ဖို့ စကားချိုစကားလှတွေပြော၊ သူမကိုယ်သူမ လည်တယ်လို့ ထင်နေပေမဲ့ ရင်ထဲမှာတော့ စုကျန်းကို မမေ့နိုင်သေးဘူးပေါ့။
ဒီအကြောင်းကို တွေးမိလေ သူ ပိုပြီး ဒေါသထွက်လာလေပင်။ သူ့ရင်ထဲတွင် အေးစက်စက် ရယ်မောသံတစ်ခု တိတ်တဆိတ် ပဲ့တင်ထပ်သွားသော်လည်း၊ သူမ ဒေါသထွက်ပြီး "ကွာရှင်းမယ်" ဆိုသည့် စကားကို ထုတ်ပြောလာမည်ကို ကြောက်သဖြင့် သူမကို မျက်နှာချင်းဆိုင်ရန် သူ မဝံ့ရဲခဲ့ပေ။
ရွှယ်နင်က ဒူးနှစ်ဖက်ကို ပိုက်ကာ သူမ၏ နေရာသို့ ပြန်ထိုင်လိုက်ပြီး သူတို့နှစ်ဦးကြားတွင် အနည်းငယ် ခပ်ခွာခွာ နေလိုက်သည်။
ရထားလုံး စတင် ထွက်ခွာလာသည်။ တောင်ပေါ်တွင် မိုးရွာထားသဖြင့် လမ်းချော်နေရာ ရထားလုံးက ဖြည်းညှင်းစွာသာ ရွေ့လျားနေ၏။
ရထားလုံးအတွင်းရှိ လေထုက တင်းမာနေပြီး၊ ထိုအမျိုးသားထံမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။
မူလကတည်းက အားနည်းသော ရွှယ်နင်မှာ အအေးပတ်သွားရာ သူမ၏ စိတ်အာရုံများ လေးလံထိုင်းမှိုင်းလာသည်။
သူ ဒေါသထွက်နေမှန်း သူမသိသော်လည်း ဘာကြောင့်လဲဆိုတာကိုတော့ နားမလည်နိုင်ပေ။
သူမက ရှဲ့နင်းထန်ကို တွန်းချလိုက်လို့များလား။
ရထားလုံး၏ ဘေးဘောင်ကို မှီရင်း၊ ရွှယ်နင် စိတ်ကို တည်ငြိမ်အောင် ထားရန် ကြိုးစားရင်း အတွေးများစွာ ပြေးလွှားနေသည်။
ဒီလိုမျိုး ဆက်သွားလို့ ဘယ်ဖြစ်မလဲ။
ကိုယ့်ခင်ပွန်းကိုတော့ ကိုယ်တိုင် ပြန်ချော့ရမှာပေါ့။
သို့သော် သူမက ပွင့်လင်းရဲတင်းသူတစ်ယောက် မဟုတ်ပေ။ အမျိုးသား၏ အေးစက်နေသော မျက်နှာချောချောကို မြင်ရသောအခါ တည့်တိုး မပြောရဲချေ။
ဒါပေမဲ့၊ သူမမှာလည်း သူမနည်းသူမဟန် ရှိပါတယ်။
စိုထိုင်းနေသော သူမ၏ ဝတ်စုံက ခန္ဓာကိုယ်တွင် ကပ်နေကာ စေးကပ်ကပ်ဖြင့် နေရခက်လှသည်။
သူမက နှုတ်ခမ်းကိုစေ့ကာ၊ ကျောခိုင်းလိုက်ပြီး ခါးစည်းကြိုးကို ဖြည်းညှင်းစွာ ဖြေချလိုက်၏။
နွေဦးရာသီဖြစ်၍ သူမက အစကတည်းက အများကြီး ဝတ်ဆင်မထားပေ။ ဝတ်ရုံရှည်ကို ဖယ်ရှားကာ ခါးစည်းကို ဖြေချလိုက်ပြီးနောက် သူမ၏ အပေါ်ရုံအင်္ကျီက လျှောကျသွားတော့သည်။
သူမကိုယ်သူမ ဖက်ထားရင်း ထောင့်တစ်နေရာတွင် ကွေးကွေးလေး ထိုင်နေလိုက်သည်။
"အားချဲ့၊ ကျွန်မ နည်းနည်းချမ်းနေလို့။ သန့်ရှင်းတဲ့ အဝတ်အစားလေး နည်းနည်းလောက် ရှာပေးနိုင်မလားဟင်"
ထိုအခါမှသာ လီချန်ချဲ့ မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။
သူ့ကို ဆီးကြိုနေသည်က မိန်းကလေး၏ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းနေသော ကျောပြင်လေးပင်။
ရထားလုံးက သိပ်မကျယ်ဝန်းပေ။ ရွှယ်နင်မှာ ရင်ဘတ်ရှိ နူးညံ့ပြီး မို့မောက်နေသော အရာနှစ်ခုကို ဖုံးကွယ်ပေးထားသည့် နီရဲသော အတွင်းခံလေး တစ်ထည်သာ ဝတ်ဆင်ထားတော့သည်။
သူမ၏ သာမန်စကတ်လေးက မိုးမခပင်စည်ကဲ့သို့ သွယ်လျသော ခါးလေးတစ်ဝိုက်တွင် လျော့ရဲရဲ ချိတ်ဆွဲနေသည်။
ရထားလုံး၏ လှုပ်ရှားမှုနှင့်အတူ ထိုနူးညံ့သော တောင်ထွတ်လေးများက တုန်ခါနေပြီး၊ တစ်ဝက်ပေါ်တစ်ဝက် ဖုံးကွယ်နေသည်။
မြင်ကွင်းတစ်ခုလုံးက အသက်ဝင်ကာ ဆွဲဆောင်မှုရှိပြီး စိတ်နှလုံးကို လှုပ်ခတ်သွားစေရန် လုံလောက်နေ၏။
မိန်းကလေး၏ ပြည့်ဖြိုးသော ရင်သားများပေါ်သို့ အကြည့်များ ရောက်သွားချိန်တွင် လီချန်ချဲ့၏ အကြည့်များက ပိုမိုနက်ရှိုင်းသွားသည်။
သူ ဘေးသို့လှည့်ကာ အနီးရှိ သေတ္တာတစ်လုံးထဲမှ သန့်ရှင်းသော အဝတ်အစားများကို ယူပြီး သူမထံ ကမ်းပေးလိုက်သည်။
ရွှယ်နင်က သွယ်လျပြီး ဖြူဝင်းသော လက်မောင်းလေးကို ဆန့်ထုတ်လိုက်သည်။ အရမ်းစိတ်လှုပ်ရှားနေလို့လား၊ ရှက်နေလို့လား မသိ၊ သူမ အဝတ်အစားများကို ဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့ဘဲ နီမြန်းနေသော သူမ၏ မျက်ဝန်းများထဲတွင် အထိတ်တလန့်ဖြစ်မှု အရိပ်အယောင်လေး ဖြတ်ပြေးသွားသည်။
"အားချဲ့... ကျွန်မကို နည်းနည်းလောက် ထပ်ကူညီပေးလို့ရမလား"
လက်ဝါးအရွယ်အစားသာရှိသော မိန်းကလေး၏ မျက်နှာလေးမှာ နီမြန်းနေပြီ။
သူမ ဘေးသို့လှည့်လိုက်ချိန်တွင် သူမ၏ ရင်ဘတ်မှ လှပသော မြင်ကွင်းကို ဖုံးကွယ်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်တော့ပေ။
လီချန်ချဲ့၏ မျက်ခုံးများ တင်းကျပ်စွာ စုကျုံ့သွားပြီး သူ၏ သွယ်လျသော လက်ချောင်းများက အရောင်ဖျော့ဖျော့ အပေါ်ရုံအင်္ကျီကို ချိတ်ဆွဲကာ သူမရှေ့တွင် ကိုင်ထားပေးလိုက်သည်။
သူမ အဝတ်အစားမပါဘဲ ရှိနေဝာာကို သူ အရင်က မမြင်ဖူးသည်တော့ မဟုတ်ပေ၊ သို့သော် တစ်ဝက်တစ်ပျက် ဖော်ထုတ်ပြသနေသည့် ဤရင်သပ်ရှုမောဖွယ် မြင်ကွင်းက ဆွဲဆောင်မှုပိုရှိကာ မြိုသိပ်ရန် ပို၍ပင် ခက်ခဲ၏။
ဒါက ရွှယ်နင် တစ်စုံတစ်ယောက်ကို ဒီလိုမျိုး ရဲတင်းစွာ မြှူဆွယ်ရန် ကြိုးစားသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး၊ သူမ အောင်မြင်နိုင်မလား ဆိုတာကိုတော့ သူမ သေချာမသိပေ။
သူမ၏ လက်သေးသေးလေးများက အင်္ကျီကို ယူလိုက်ပြီး၊ သူမ၏ လက်ချောင်းများက ပုခုံးပေါ်တွင် တင်နေသော ပိတ်ပါးလွှာလေးကို ဖယ်ရှားလိုက်သည်။
တုန်ယင်နေပြီး ဖြူဝင်းကာ နူးညံ့သော ပခုံးလေးများက အမျိုးသားရှေ့တွင် ပေါ်လွင်သွားသည်။
လီချန်ချဲ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်သော်လည်း၊ တရားအားထုတ်နေသော ဘုန်းတော်ကြီးအိုတစ်ပါးကဲ့သို့ တည်ငြိမ်နေဆဲဖြစ်ကာ၊ သူ၏ မျက်နှာအမူအရာတွင် မည်သည့် ခံစားချက်လှိုင်းဂယက်လေးမျှ ပေါ်လွင်ခြင်း မရှိပေ။
"မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
ရွှယ်နင်က အပြစ်ကင်းစင်သော ပုံစံလေးဖြင့်
"ကျွန်မ... ကျွန်မ အဝတ်အစား လဲချင်လို့ပါ"
ထိုအမျိုးသားက လူ့လောကနှင့် ကင်းကွာနေသော နတ်ဘုရားတစ်ပါးကဲ့သို့၊ အလွန်ချောမောသော်လည်း အေးစက်ကာ ရမ္မက်ကင်းစင်သော မျက်နှာထားကို တပ်ဆင်ထားသည်။
"လိမ်တာ"
သူမ၏ ရည်ရွယ်ချက်များ ပေါ်ပေါက်သွားသဖြင့် ရွှယ်နင်၏ မျက်နှာတစ်ခုလုံး နီရဲသွားသည်။
တစ်ဖက်လူက မတုန်မလှုပ်ဖြစ်နေတာကိုပဲ တွေ့လိုက်ရသဖြင့်၊ မြှူဆွယ်ရန် ကြိုးစားထားသော သူမက နေရာမှာတင် အနေရခက်စွာ ရပ်နေမိသည်။
သူမမှာလည်း သူမရဲ့ မာနနဲ့သူမ ရှိတယ်လေ...
သူမရဲ့ နီမြန်းနေသော ခန္ဓာကိုယ်ကို ဖုံးကွယ်ရန် အဝတ်အစားများကို ရင်ဘတ်ဆီသို့ ကပျာကယာ စုကိုင်လိုက်သည်။
"ကျွန်မ... ကျွန်မ တကယ်ပဲ အခု အဝတ်လဲတော့မှာပါ၊ မလိမ်ပါဘူး"
ရထားလုံးအခန်းလေးက တော်တော်ကျဉ်းကျပ်နေသဖြင့် သူမ လှုပ်ရှားရန် နေရာသိပ်မရှိပေ။
"အားချဲ့၊ ရှင် မျက်လုံးပိတ်ထားပေးလို့ ရမလား"
လီချန်ချဲ့က တိုးညှင်းစွာ "အင်း" ဟု ဆိုလိုက်ပြီး မျက်လုံးများကို တကယ်ပင် မှိတ်ထားလိုက်သည်။
ရွှယ်နင် လုံးဝ အရှုံးပေးလိုက်ရသလို ခံစားလိုက်ရသည်။
အမှန်ပင်၊ အားချဲ့ မျက်လုံးထဲတွင် သူမ၏ ဆွဲဆောင်မှုက သိသိသာသာ လျော့ကျသွားခဲ့ပြီ။
မိမိကိုယ်ကို အလွယ်တကူ ပေးအပ်ခြင်းက အောက်ကျနောက်ကျလွန်းတယ်။
ကံကောင်းထောက်မစွာဖြင့် သူမက အဝတ်အစားကို တစ်ဝက်သာ ချွတ်ထားခဲ့သည်၊ မဟုတ်လျှင် အားချဲ့က သူမကို ဘယ်လောက်တောင် အထင်သေးသွားမလဲဆိုတာကို ဘယ်သူသိနိုင်မှာလဲ။
သူမ သက်ပြင်းတိုးတိုးလေး ချလိုက်သည်။ ထိုအမျိုးသားက မျက်လုံးမှိတ်ထားသည်ဆိုသော်လည်း သူမ အနေရခက်နေဆဲပင်။
သူ့ကို ကျောခိုင်းလျက် သူမ အဝတ်အစားအားလုံးကို ချွတ်လိုက်သည်။
သို့သော် အတွင်းခံကို ဝတ်ဆင်ပြီးခါစမှာပင် ရှည်လျားသော လက်တစ်ဖက်က သူမ၏ သွယ်လျသော ခါးကို ရုတ်တရက် လာရောက် ဖက်တွယ်တာကို ခံစားလိုက်ရသည်။
ထိုအမျိုးသား၏ အားပြင်းပြင်း ဆွဲလိုက်မှုကြောင့် ရွှယ်နင်မှာ တိုးညှင်းစွာ အသက်ရှူမှားသွားပြီး သူ့ပေါင်ပေါ်သို့ ဆွဲခေါ်ခြင်းခံလိုက်ရကာ မျက်နှာချင်းဆိုင် တင်းတင်းကျပ်ကျပ် ဖိကပ်ခြင်း ခံလိုက်ရသည်။
ရထားလုံးမှာ တုန်ခါယိုင်နဲ့နေသဖြင့် သူမ ဟန်ချက်ပျက်သွားမည်ကို စိုးရိမ်ကာ သူ၏ ရှည်လျားသော လည်တိုင်ကို အလိုလိုပင် ဖက်တွယ်ထားမိလိုက်သည်။
သူမ၏ အောက်တွင်ရှိသော အမျိုးသား၏ ကျယ်ပြန့်ပြီး တောင့်တင်းသော ရင်အုပ်ကြွက်သားများကို ခံစားနေရသဖြင့် ရွှယ်နင် ခဏမျှ ရပ်တန့်သွားပြီးမှ ရှက်ရွံ့မှုလှိုင်းတစ်ခု သူမကို လွှမ်းခြုံသွားသည်။
"အားချဲ့၊ ရှင်—"
သူ့ရင်ခွင်ထဲရှိ မိန်းကလေး၏ မျက်ဝန်းများမှာ ဆောင်းဦးရေပြင်ကဲ့သို့ တောက်ပနေပြီး သူမ၏ အသံမှာ နူးညံ့ကာ ဆွဲဆောင်မှုရှိလွန်းသဖြင့် ငြင်းဆန်ရန် မဖြစ်နိုင်ပေ။
လီချန်ချဲ့၏ လည်စေ့ လှုပ်ခါသွားသည်။
"နင်နင်၊ မင်း ကိုယ့်ကို မြှူဆွယ်နေတာလား"
ရွှယ်နင် နှုတ်ခမ်းစူလိုက်သည်။
"ဒါပေမဲ့ ရှင်က... စိတ်မဝင်စားတဲ့ပုံ ပေါက်နေတာကိုး"
လီချန်ချဲ့ အံကြိတ်ကာ ခေါင်းငုံ့၍ မိန်းကလေး၏ ပခုံးကို ပြင်းပြင်းထန်ထန် ကိုက်ချလိုက်သည်။
နာကျင်မှုကြောင့် ရွှယ်နင် မျက်ရည်ဝဲလာပြီး အော်လိုက်သည်။
"နာတယ်"
လီချန်ချဲ့၏ နှုတ်ခမ်းပါးများက သူမ၏ ရောင်ရမ်းနီရဲနေသော ပါးစပ်ကို ပွတ်သပ်လိုက်သည်။
"မင်း ကိုယ့်ကို ဒေါသထွက်အောင်လုပ်တုန်းကကျတော့ရော ကိုယ့်နှလုံးသား နာကျင်ရတာကို ဘာလို့ ဂရုမစိုက်တာလဲ"
ရွှယ်နင်က အလျှော့မပေးဘဲ နီမြန်းနေသော မေးစေ့ကို ပင့်မြှောက်လိုက်သည်။
"ကျွန်မ ရှင့်ကို ဘယ်တုန်းက ဒေါသထွက်အောင် လုပ်မိလို့လဲ"
လီချန်ချဲ့က သူမ၏ မေးရိုးကို အနမ်းတစ်ပွင့်ဖြင့် အပြစ်ပေးလိုက်သည်။
"မင်း ဘာမှားလုပ်မိလဲဆိုတာ မသိသေးဘူးပေါ့"
သူ၏ အေးစက်စက်နှုတ်ခမ်းပါးများက သူမ၏ နှုတ်ခမ်းကို ဖိကပ်လိုက်ပြီး သူ့ခန္ဓာကိုယ်တွင်ရှိသော ထူးခြားသည့် အအေးဓာတ်များကိုပါ သယ်ဆောင်လာသည်။
"အာ..."
ရွှယ်နင် တုန်ယင်သွားပြီး သူမ၏ လက်များက သူ၏ တောင့်တင်းသော ရင်အုပ်ကြွက်သားများကို အမြန်ပင် ထောက်ထားလိုက်ရကာ အသက်ရှူနှုန်းများ မြန်ဆန်လာသည်။
"ကျွန်မ ရှဲ့နင်းထန်ကို တစ်ခါပဲ တွန်းလိုက်တာပါ"
သူမ(ရှဲ့နင်းထန်)တကယ်တမ်း သူမ(ရွှယ်နင်)ကို သတ်ချင်ခဲ့စဉ်ကဆိုလျှင် သူမ(ရှဲ့နင်းထန်)က ဒီထက်ပို၍ ရက်စက်ပြီး နှလုံးသားမရှိခဲ့ပေ။
ရွှယ်နင် တိတ်ဆိတ်သွားပြီး မေးစေ့ကို အမျိုးသား၏ ပုခုံးပေါ်တွင် တင်ထားရင်း မညီညာသော အသက်ရှူသံများဖြင့် ပြောလိုက်၏။
"သူ(မ)သာ သေသွားရင် ကျွန်မအသက်နဲ့ ပြန်ပေးဆပ်လိုက်ရုံပါပဲ"
"မင်း—"
လီချန်ချဲ့ ဒေါသဖြင့် အံကြိတ်ကာ သူမကို မတ်မတ်ထိုင်စေလိုက်သည်။
ရွှယ်နင်မှာ အနေရခက်သော အနေအထားသို့ ရောက်သွားပြီး သူ၏ အနီးကပ် ရှိနေမှုကြောင့် သူမ၏ အတွေးများ ရှုပ်ထွေးသွားသည်။
"ကျွန်မက ဘာဖြစ်လို့လဲ။ ကျွန်မ လုပ်ရပ်အတွက် ကျွန်မ တာဝန်ယူမှာပါ"
လီချန်ချဲ့က သူမ၏ ခေါင်းမာပြီး နီမြန်းနေသော မျက်နှာကို စိုက်ကြည့်လိုက်ရာ သူ့အကြည့်များက ပို၍ ပြင်းထန်လာသည်။
သူတစ်ကိုယ်လုံးမှာ မိုးရေများဖြင့် စိုရွှဲနေ၏။
တစ်စုံတစ်ယောက် အအေးပတ်မှာကို စိုးရိမ်သဖြင့် သူ့အင်္ကျီကို ချွတ်ပေးမှသာ ဖြစ်တော့မယ်။