အခန်း ၂၈၄
Vol. 29 Ch. 284
အခန်း (၂၈၄) - ရှင်းလင်းပြတ်သားသော ရှင်းပြချက်
အေးစက်နေသော အဝတ်အစားများကြောင့် ရွှယ်နင် တစ်ကိုယ်လုံး ချမ်းစိမ့်ကာ တုန်ယင်သွားသည်။
သူမ ထရန် ကြိုးစားလိုက်သော်လည်း သူမ၏ ခါးကို ဆုပ်ကိုင်ထားသော လက်တစ်ဖက်ကြောင့် အောက်သို့ ပြန်ဖိချခံလိုက်ရသည်။
ရွှယ်နင်၏ ရှည်လျားသော မျက်တောင်လေးများ တုန်ခတ်သွားပြီး သွေးများဆူပွက်လာကာ ပါးပြင်နှစ်ဖက်ပေါ်တွင် ဆွဲဆောင်မှုရှိသော နီရဲသည့်အရောင်များ ပြန့်နှံ့လာသည်။
အမျိုးသား၏ ချောမောသော မျက်နှာက တင်းမာနေပြီး သူ၏ ကြီးမားသော လက်ကြီးက တစ်လက်မချင်း အောက်သို့ရွေ့ဆင်းသွားကာ သူမ၏ ခါးအောက်ပိုင်းကို ဆုပ်ကိုင်လိုက်သည်။
ရွှယ်နင်သည် သူ၏ ပူလောင်နေသော လက်က သူမတစ်ကိုယ်လုံးကို မီးဟုန်းဟုန်းတောက်စေသကဲ့သို့ ခံစားလိုက်ရပြီး နေရထိုင်ရခက်မှုက သည်းခံနိုင်စွမ်းထက် ကျော်လွန်လာ၏။
"အပြင်မှာ မိုးတွေသည်းလာပြီ၊ အားချဲ့၊ အရမ်းချမ်းတာပဲ"
"ဒါဆို ပိုတိုးလာခဲ့လေ"
"ဘယ်လောက်ထိ တိုးရဦးမှာလဲ"
သူတို့နှစ်ယောက်က အပ်တစ်ပေါက်စာ နေရာလွတ်ပင်မကျန်တော့ဘဲ နီးကပ်စွာ ရစ်နွယ်နေခဲ့ပြီ။
"နင်နင်၊ အခုထိ မရှင်းပြချင်သေးဘူးလား"
"ဖူကျွင်းက ဘာကို ထပ်ပြီး ရှင်းပြခိုင်းချင်နေတာလဲ"
ရွှယ်နင်က ထိုအနှောင့်အယှက်များကြောင့် ငိုချင်လာပြီး သူမ၏ အသံလေးမှာ တဖြည်းဖြည်း တုန်ယင်ပြတ်တောင်းလာသည်။
"မင်း စုကျန်းရဲ့ ကိုယ်လုပ်တော် လုပ်ချင်နေတာလား ဆိုတာ ကိုယ့်ကို ပြောစမ်း"
"ကျွန်မက ရူးနေလို့လား"
ရွှယ်နင် ဒေါသတကြီး အော်လိုက်သည်။
"သူက တရားဝင်ဇနီးကြီးနေရာ ပေးမယ်ဆိုရင်တောင် သူ့ကို တစ်ချက်တောင် လှည့်ကြည့်မှာ မဟုတ်ဘူး"
"မင်း ရှဲ့နင်းထန်ကို ပစ်မှတ်ထားနေတာ... သူ့ကြောင့် မဟုတ်ဘူးလား"
"မဟုတ်ဘူး"
"ဒါဆို ဘာလို့လဲ"
"ဘာလို့လဲဆိုတော့..."
ရွှယ်နင် ဘယ်လိုရှင်းပြရမှန်း မသိတော့ပေ။ သူမ ပြန်လည်မွေးဖွားလာတယ်လို့ ဖွင့်ပြော၍ မဖြစ်ပေ၊ မဟုတ်လျှင် အားချဲ့ လန့်ပြီး ပန်းသေသွားနိုင်တယ်။
သူမက မှုန်ကုပ်ကုပ်ဖြင့် ရေရွတ်လိုက်သည်။
"သူ(မ)က အမြဲတမ်း အနိုင်ကျင့်လို့ပဲ။ သူ(မ)ကို မုန်းလို့.. အဲ့ဒါပဲ။ တခြားအကြောင်းပြချက် မရှိဘူး"
သူ သဝန်တိုနေမှန်းသိလိုက်ရသဖြင့် ရွှယ်နင် တခစ်ခစ် ရယ်မောလိုက်သည်။
"အားချဲ့.. ရှင် သဝန်တိုနေတာလား"
လီချန်ချဲ့က နီရဲနေသော သူမ၏ မျက်လုံးများကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။
သူ၏ တင်းမာပြီး ရမ္မက်ကင်းစင်ဟန်ရှိသော အသွင်အပြင်ကြောင့်၊ သူက သူမအပေါ်တွင် အလုပ်ရှုပ်နေဆဲဖြစ်ကြောင်း မည်သူမျှ ခန့်မှန်းမိမည်မဟုတ်ပေ။
အမျိုးသား၏ အသံက ညင်သာပြီး ဆွဲဆောင်မှုအပြည့်ဖြင့် မခံမရပ်နိုင်စရာ ကောင်းနေသည်။
"ကိုယ်က သဝန်တိုနေတယ်ဆိုရင်၊ ကိုယ့်ရဲ့ ဇနီးလေးက ဘယ်လို ချော့မလဲ"
"အခုလည်း ဒီလိုမျိုး ချော့နေပြီလေ၊ ပြီးတော့ ရှင်က... လိုချင်နေတုန်းပဲ... ရှဲ့နင်းထန်ကို တွန်းချလိုက်လို့ ရှင် ဒေါသထွက်နေတာမလား"
ရွှယ်နင်က သူမ၏ နီရဲနေသော နှာခေါင်းလေးကို ရှုံ့ကာ ဒေါသထွက်ဟန်ဖြင့် မျက်နှာကို တမင်တကာ လွှဲဖယ်လိုက်သည်။
သူမက ပုံမှန်အားဖြင့် စိတ်တည်ငြိမ်သူဖြစ်ပြီး ဒေါသထွက်လေ့ သိပ်မရှိပေ။
မိန်းကလေး၏ ဒေါသထွက်နေသော အမူအရာလေးက အတော်လေး ချစ်စရာကောင်းသည်ဟု ထင်လိုက်သဖြင့် လီချန်ချဲ့၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။
"မင်း သူ(မ)ကို အကြိမ်တစ်ရာ တွန်းချရင်တောင် ကိုယ် ဒေါသထွက်မှာ မဟုတ်ဘူး"
အမျိုးသားက နက်ရှိုင်းသော ချောက်ကမ်းပါးသဖွယ် မျက်လုံးများကို မော့ကြည့်ကာ သူမ၏ နားနားသို့ ကပ်လိုက်သည်။
"ကိုယ့်ကို ဒေါသထွက်စေတာက မင်းပဲ... စုကျန်း ရှိနေတဲ့အချိန်မှ ကျန့်ကော်ဘုရားကျောင်းကို လာဖို့ တမင်ရွေးချယ်ခဲ့တာလေ။ မင်း ဘာတွေကြံစည်နေတာလဲ၊ နင်နင်။ လက်ထပ်ပွဲကနေ ရှောင်ဖို့လား"
သူက နှုတ်ခမ်းများကို ဟကာ သူမ၏ ပန်းရောင်သန်းနေသော နားရွက်ဖျားလေးကို ကိုက်လိုက်သည်။
သူ၏ ပူလောင်သော ဝင်သက်ထွက်သက်များက သူမ၏ နားရွက်ပေါ်သို့ ကျဆင်းလာ၏။
ရွှယ်နင်၏ မျက်လုံးများထဲတွင် ကြည်လင်သော မျက်ရည်စက်နှစ်ပေါက် ရစ်ဝိုင်းလာသည်။
ရထားလုံးအပြင်ဘက်မှ တဖွဲဖွဲကျနေသော မိုးရေပေါက်သံများကို နားထောင်ရင်း၊ သူမ ကြောက်ရွံ့မှုနှင့် ရင်ခုန်စိတ်လှုပ်ရှားမှုကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။
"အင်းပါ... အားချဲ့... ကျွန်မ သူ့အတွက် လာခဲ့တာ မဟုတ်ပါဘူး။ တိုက်ဆိုင်သွားရုံသက်သက်ပါ။ သူလာမယ်မှန်းသာ ကြိုသိခဲ့ရင်... ဒီနေ့ ကျွန်မ လုံးဝလာခဲ့မှာ မဟုတ်ဘူး။"
အအေးမိသွား၍လားမသိ၊ သူမ၏ ကျောပြင်တစ်လျှောက် စိမ့်တက်နေသော ချမ်းစိမ့်စိမ့်အအေးဒဏ်ကို ဆက်တိုက်ခံစားနေရသဖြင့် ပူလိုက်အေးလိုက် ဖြစ်နေသည်။
"ကျွန်မ လိမ်မပြောပါဘူး။ တကယ် တကယ်ကို သူ့ကို သဘောမကျတော့တာပါ။ ရှင့်ကို လိမ်ပြောမိရင် မိုးကြိုးပစ်ခံရပါစေ—"
"မင်းကို နောက်တစ်ကြိမ် ထပ်ယုံလိုက်မယ်။"
လီချန်ချဲ့၏ အကြည့်များက ပို၍ နက်ရှိုင်းပြင်းပြလာသည်။
အစက သူ အတော်လေး ထိန်းချုပ်ထားနိုင်သေးသော်လည်း သူ့ရှေ့မှ မိန်းမငယ်လေးက မျက်ရည်လေးများ ဝဲကာ သနားစရာကောင်းနေပြီး၊ အပြစ်ကင်းစင်ဟန်ရှိသော်လည်း ဆွဲဆောင်မှုအပြည့်နှင့် အဆော့သန်သည့် အသွင်လေး ရောယှက်နေသည်။
သူ ဆက်ပြီး မထိန်းချုပ်နိုင်တော့ပေ။
ရွှယ်နင်ထံမှ တိုးဖျော့သော ညည်းသံလေး ထွက်ပေါ်လာပြီး သူမ၏ လက်ချောင်းလေးများက သူ၏ ချောမွေ့ပြန့်ပြူးသော ကြွက်သားများပေါ်တွင် ပွတ်ဆွဲသွားကာ အနီရောင်အစင်းကြောင်းများ ကျန်ရစ်စေခဲ့သည်။
ဒါက ရထားလုံးထဲမှာလေ...
လမ်းမပေါ်မှာ ထီးဆောင်းပြီး ဖြတ်သွားဖြတ်လာလုပ်နေတဲ့ သာမန်လူ ဘယ်နှယောက်တောင် ရှိနေမလဲဆိုတာ ဘယ်သူသိမှာလဲ။
သူတို့အနောက်မှာလည်း အခြားသော အထက်တန်းလွှာများ၏ ရထားလုံးများ ပါလာသေးတယ်။
ဘာပဲဖြစ်ဖြစ် အသံတစ်ချက်လေးတောင် မထွက်မိစေဖို့ သူမကိုယ်သူမ အမြဲသတိပေးနေခဲ့သည်။
သို့သော် သူမကိုယ်သူမ ထိန်းချုပ်လေလေ၊ သူက သူမကို ပို၍ အနိုင်ကျင့်ချင်လေလေ ဖြစ်နေသည်။
မကြာမီမှာပင် သူမ တုန်ယင်ကာ ငိုကြွေးတော့၏။
ကံကောင်းထောက်မစွာဖြင့်၊ မိုးသံက ရထားလုံးထဲမှ ဆက်တိုက်ထွက်ပေါ်နေသော မောဟိုက်သံများကို ဖုံးလွှမ်းသွားနိုင်လောက်အောင် ကျယ်လောင်နေခဲ့သည်။
ညနေခင်းအချိန် ရထားလုံးက တုန်းကျင်းမြို့သို့ ချဉ်းကပ်လာချိန်တွင် သည်းထန်စွာရွာသွန်းနေသော မိုးက တိတ်ဆိတ်သွားခဲ့ပြီဖြစ်၏။
ရွှယ်နင်မှာ လုံးဝကို အားအင်ကုန်ခမ်းနေပြီး သူမ၏ ခန္ဓာကိုယ်ကို အမျိုးသား၏ အနက်ရောင် ဝတ်ရုံရှည်ကြီးဖြင့် ရစ်ပတ်လွှမ်းခြုံထားသည်။
ကျန်းကော်နယ်စားမင်းအိမ်တော်သို့ ရောက်သောအခါ သူက သူမကို ရထားလုံးထဲမှ တိုက်ရိုက် ပွေ့ချီလာခဲ့သည်။
မိုးသည်းထန်နေမှုကြောင့် ရွှယ်နင်၏ ပုံမှန်မဟုတ်သော အခြေအနေကို ဘယ်သူမှ သတိမထားမိကြပေ။
အစေခံမိန်းကလေး အတော်များများက သူတို့၏ သခင်နှင့် သခင်မအနောက်မှ လိုက်ပါလာကြပြီး သခင်၏ ရင်ခွင်ထဲတွင် မှီခိုနေသော အမျိုးသမီးကို တစ်ချက်သာ လှမ်းမြင်လိုက်ရသည်။
သူမ၏ အသားအရေက နီရဲတောက်ပနေပြီး သူမ၏ ဆံပင်နက်နက်များက ကျောပြင်ထက်တွင် ဖြာကျနေကာ၊ လက်ဝါးတစ်ဆုပ်စာမျှသာရှိသော သွယ်လျနူးညံ့သည့် မျက်နှာလေးကို ပူနွေးမွှေးကြိုင်သော ကျောက်စိမ်းလေးကဲ့သို့ ပို၍နူးညံ့ချောမွေ့နေစေသည်။
ကျိုယင်းဆောင်သို့ ရောက်ချိန်တွင် ရွှယ်နင်၌ အစာစားရန်ပင် ခွန်အားမရှိတော့ပေ။
လီချန်ချဲ့က အစားအသောက်များနှင့် အအေးမိပျောက်ဆေးများကို ပြင်ဆင်ထားရန်နှင့် မီးဖိုပေါ်တွင် နွေးနေအောင်ထားရန် အမိန့်ပေးလိုက်၏။
သူက ပေါင်ချန်နှင့် အခြားသူများကို ကူညီခွင့်မပေးဘဲ၊ ရွှယ်နင်ကို ကိုယ်တိုင်ကိုယ်ကျ ရေချိုးဆောင်သို့ ပွေ့ချီသွားကာ ရေချိုးပေးခဲ့သည်။
အိပ်ချင်မူးတူးဖြစ်နေသော မိန်းမငယ်လေးက ကလေးလေးတစ်ယောက်နှင့် တူနေပြီး သူမ၏ နီရဲသော နှုတ်ခမ်းများက အနည်းငယ် ဖောင်းအစ်နေကာ၊ မျက်လုံးထောင့်များတွင် ဆွဲဆောင်မှုရှိသော နီမြန်းမှုလေးများ ကျန်ရစ်နေသည်။
လီချန်ချဲ့ ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူ၏ နွေးထွေးသော လက်ချောင်းလေးများက သူမ၏ နူးညံ့သော နှုတ်ခမ်းများကို ပွတ်သပ်သွားသည်။
သူမကို နမ်း၍ မဝနိုင်သေးသကဲ့သို့ ခံစားရသဖြင့် နောက်တစ်ကြိမ် ထပ်မံ ငုံ့ကိုင်းလိုက်ပြန်သည်။
ရွှယ်နင်၏ ထွက်သက်ဝင်သက်များက သူ့ထံတွင် ဖမ်းဆုပ်ခံလိုက်ရပြီး သူမ၏ နှုတ်ခမ်းများ ပွင့်ဟသွားသည်။
လီချန်ချဲ့က အနမ်းကို ပို၍ နက်ရှိုင်းစေလိုက်၏။
ရွှယ်နင်မှာ အနမ်းများကြောင့် မူးဝေသွားပြီး သူမ၏ လက်သေးသေးလေးများဖြင့် သူ့ကို တွန်းဖယ်လိုက်ကာ ပါးပြင်များလည်း နီရဲနေသည်။
"အားချဲ့..... ရှင် နည်းနည်းလောက် ငြိမ်ငြိမ်နေလို့ မရဘူးလား"
သူတို့ မနေ့ကလည်း နီးနီးကပ်ကပ် ရှိခဲ့ကြပြီးပြီ။ ဒီနေ့ ရထားလုံးထဲမှာလည်း အကြာကြီး ဖြစ်ခဲ့သေးတယ်။
ဒေါသထွက်စရာအကောင်းဆုံးက... ရထားလုံးထဲမှာ ဖြစ်နေလို့ သူ့ရဲ့လှုပ်ရှားမှုတွေက ကြမ်းကြမ်းတမ်းတမ်း မရှိခဲ့ပေမဲ့၊ ပိုပြီးတော့တောင် နှိပ်စက်သလို ဖြစ်နေတာပဲ။
ရွှယ်နင်၏ မျက်နှာလေး နီမြန်းသွားပြီး ရေချိုးစည်ပိုင်းထဲတွင် ခွေခွေလေးနေကာ နှုတ်ခမ်းကို စူထားလိုက်သည်။
"ရှင်... အခု ကျွန်မကို မထိနဲ့နော်။"
"ရေချိုးပေးရုံသက်သက်ပါ။ အများကြီး မတွေးပါနဲ့။"
လီချန်ချဲ့က အနည်းငယ်မျှ ပင်ပန်းနွမ်းနယ်နေခြင်းမရှိသည့်အပြင် ပို၍ပင် အားအင်ပြည့်ဝနေသယောင် ထင်ရသည်။
သူက သူမကို သန့်ရှင်းအောင် ဆေးကြောပေးပြီးနောက် ရေထဲမှ ပွေ့ချီထုတ်လိုက်၏။
ရွှယ်နင်က မျက်ရည်ဝဲနေသော မျက်ဝန်းဝိုင်းကြီးများဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။
"ဖူကျွင်း... ဘာလို့ ကျွန်မစကားကို နားမထောင်ရတာလဲ။"
အမျိုးသားက အခွင့်အရေးယူကာ သူမ၏ နှုတ်ခမ်းလေးကို ဖွဖွကိုက်လိုက်သည်။
"မင်းပြောသမျှ အကုန်နားထောင်ပေးမယ်။ ဒါပေမဲ့ မင်းကို မထိရဘူးဆိုတာကိုတော့ နားမထောင်နိုင်ဘူး။"
သူက သူမကို ကုတင်ပေါ်သို့ ပြန်လည်ပွေ့ချီသွားပြီး နူးညံ့သော တိမ်ပွင့်အဆင် ပိုးသားအိပ်ရာဝင်ဝတ်စုံကို ဝတ်ဆင်ပေးလိုက်ချိန်တွင် ရွှယ်နင်မှာ ငိုရခက်ရယ်ရခက် ဖြစ်သွားသည်။
အားဟွမ်လေးက 'မြောင်' ဟု အော်ကာ ခုန်တက်လာပြီး သူမ၏ ဗိုက်လေးကို ပွတ်သီးပွတ်သပ် လုပ်နေသည်။
ရွှယ်နင် အလွန်သဘောကျသွားပြီး ထိုသတ္တဝါလေးကို ပွေ့ဖက်ကာ ဆော့ကစားချင်သွား၏။
သို့သော် သူမ လှုပ်ရှားလိုက်သည်နှင့် တစ်ကိုယ်လုံး အလွန်အမင်း ကိုက်ခဲနာကျင်လာသည်။
အားဟွမ်လေးက ၎င်း၏ လက်ဖဝါးသေးသေးလေးကို ဆန့်ထုတ်ကာ သူမ၏ လက်ချောင်းလေးကို လှမ်းချိတ်လိုက်သည်။
အအေးမိပျောက်ဆေး သွားယူသော အမျိုးသား ပြန်ရောက်လာပြီး သူ့မျက်နှာထားက အေးစက်နေကာ၊ ကြောင်ပေါက်လေးကို မယူလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
အားဟွမ်လေးသည် ကြမ်းပြင်ပေါ်မှ ၎င်း၏ ခေါင်းသေးသေးလေးကို မော့လာကာ သွားဖြဲပြပြီး ပို၍ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"အာ..."
ရွှယ်နင်သည် နာကျင်နေသော ခါးကို ထောက်ထားလိုက်ပြီး ကြောင်လေးကို ကောက်ချီရန် ကုတင်ပေါ်မှ ဆင်းချင်သွားသည်။
အမျိုးသား၏ အသံက ဩရှရှဖြစ်နေပြီး ပူလောင်သော အကြည့်များဖြင့် သူမကို ကုတင်ပေါ်သို့ ပြန်ဖိချလိုက်သည်။
"နင်နင်က ကြောင်နဲ့ဆော့ဖို့ အားကျန်နေသေးတာလား။ မင်း သိပ်မပင်ပန်းသေးဘူး ထင်တယ်။"
ချောမောပြီး အေးစက်ဆွဲဆောင်မှုရှိသော သူ့မျက်နှာက တဖြည်းဖြည်း နီးကပ်လာချိန်တွင် ရွှယ်နင် ချက်ချင်းပင် မျက်နှာနီမြန်းသွားကာ တစ်ဖက်သို့ လွှဲဖယ်လိုက်သည်။
"မဟုတ်ပါဘူး... အခု အရမ်း အိပ်ချင်နေပြီ။ ဆေးသောက်ပြီး အိပ်တော့မယ်။"
လီချန်ချဲ့ သဘောမကျစွာ မျက်မှောင်ကြုတ်လိုက်သည်။
"အရင် အစာစားဦး။"
ရွှယ်နင်က သူမ၏ မျက်နှာကို စောင်ထဲတွင် ဖွက်ထားလိုက်သည်။
"မစားတော့ဘူး။ ဗိုက်မဆာဘူး။"
အမျိုးသားက ဆီးနှင်းကဲ့သို့ ဖြူဝင်းနေသော သူမ၏ လည်ပင်းလေးကို စိုက်ကြည့်ကာ ညင်သာစွာ ကိုက်လိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းပါးများက သူမ၏ ကျော့ရှင်းသော မေးရိုးတစ်လျှောက် ရွေ့လျားသွားပြီး စိုစွတ်ကာ နီသွေးဆင်းနေသော နှုတ်ခမ်းများဆီသို့ နမ်းရှိုက်လိုက်သည်။
"နည်းနည်းလောက် စားလိုက်ပါ။ မင်းမစားရင်... ကိုယ်တိုင် ခွံ့ကျွေးရလိမ့်မယ်။"
သူ၏ "ခွံ့ကျွေး" သော နည်းလမ်းကို သတိရသွားသဖြင့် ရွှယ်နင် လိမ္မာကျိုးနွံစွာပင် ထထိုင်လိုက်သည်။
တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေမှုကို ကြိတ်မှိတ်သည်းခံရင်း သူမ စားပွဲဆီသို့ လျှောက်သွားကာ ထိုင်လိုက်သည်။
အစာစားပြီးနောက် ရွှယ်နင် ကုတင်ဆီသို့ တန်းတန်းမတ်မတ် ပြန်သွားကာ အိပ်ပျော်သွားတော့သည်။
လီချန်ချဲ့သည် ကုတင်ဘေးမှနေ၍ သူမကို ခဏမျှ နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေပြီးနောက် မတ်တပ်ရပ်ကာ စာကြည့်ဆောင်သို့ ထွက်လာခဲ့သည်။
ပေါင်ချန်၊ ချွန်းချီနှင့် ရှလန်တို့သည် စာကြည့်ဆောင်ထဲတွင် ရပ်စောင့်နေကြပြီဖြစ်သည်။ ခါးပတ်ကြိုးကို ခပ်လျော့လျော့ချည်နှောင်ထားသော ဝတ်ရုံပါးကို ဝတ်ဆင်ထားသည့် အမျိုးသား ဝင်လာသောအခါ၊ သူတို့အားလုံး ကြောက်ရွံ့စိုးရိမ်စွာဖြင့် ခေါင်းငုံ့သွားကြ၏။
"ဒီနေ့ ကျန့်ကော်ဘုရားကျောင်းမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို အသေးစိတ် ပြောပြစမ်း။ ချွန်းချီ... မင်း အရင်စပြော။"
ချွန်းချီက အရင်စပြောပြီးနောက် ရှလန်နှင့် ပေါင်ချန်တို့က အသီးသီး ဆက်ပြောကြသည်။
သူတို့၏ ပြောပြချက်များမှာ အများအားဖြင့် တူညီကြသော်လည်း၊ ပေါင်ချန်မှာ ရွှယ်နင်နှင့်အတူ ပါလာသူဖြစ်သောကြောင့် ပို၍ပင် ဒေါသထွက်နေသည်။
"ကျွန်မတို့ သခင်မလေးက ရှီဇီစုရဲ့ ကိုယ်လုပ်တော်လုပ်ဖို့ ဘယ်တော့မှ သဘောတူမှာ မဟုတ်ပါဘူး။ သခင်လေး... အမှန်တရားကို ရှင်းရှင်းလင်းလင်း ကြည့်ပေးပါ။”