အခန်း ၂၉၂
Vol. 30 Ch. 292
အခန်း ၂၉၂ - အကြွေးဆပ်ခြင်း
ဝေ့ကျန့်ယန်နှင့် ခဏစကားပြောပြီးနောက် ရွှယ်နင် ပင်မခန်းမဆောင်သို့ ပြန်လာခဲ့သည်။ မိခင်ဖြစ်သူ ကျန်းရှီလည်း တစ်ချိန်တည်း ထွက်လာကာ သားအမိနှစ်ယောက် လက်ချင်းချိတ်၍ အပြင်သို့ ထွက်လာကြသည်။
ရထားလုံးအနီးတွင် အထိန်းတော်စုန့်နှင့် အစေခံအချို့အပြင် ပေါင်ချန်၊ ချွန်းချီတို့ကပါ စောင့်ဆိုင်းနေကြသည်။
သခင်မကျန်း ခြေလှမ်းရပ်လိုက်ပြီး သူမမျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ အထင်းသားရှိနေသည်။
ရွှယ်နင်က သခင်မကျန်းမှာ တစ်ခုခု ပြောစရာရှိနေတာကို သတိထားမိပြီး မိခင်၏ အင်္ကျီလက်ကို ဖွဖွဆွဲလိုက်သည်။
"အမေ၊ သမီးကို မပြောပြနိုင်တဲ့ကိစ္စ ရှိလို့လား"
သခင်မကျန်းက အားတင်းပြုံးလိုက်သည်။
"ကိစ္စကြီးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့..."
ရွှယ်နင် ခေါင်းစောင်းလိုက်ပြီး-
"ဘာကိစ္စက အမေ့ကို ဒီလောက်တောင် စိတ်အနှောင့်အယှက် ဖြစ်စေရတာလဲ"
သခင်မကျန်းက သက်ပြင်းတိုးတိုးချရင်း အင်္ကျီလက်ထဲမှ ငွေထုပ်လေးတစ်ခုကို ထုတ်လိုက်သည်။
"ဒါက ဟိုနေ့က တုန်းဖျင်မြို့စားကို ပြန်ဆပ်မယ်လို့ ကတိပေးထားတဲ့ ငွေလေ။ ဒီနေ့ သူ့စံအိမ်ကို သွားမလို့ပဲ၊ ဒါပေမဲ့ မသင့်တော်ဘူးထင်လို့။ သမီးပဲ ယူသွားပြီး ကိုယ်တိုင်သွားဆပ်လိုက်ပါတော့"
ရွှယ်နင်က အရေးကြီးတာ တစ်ခုခုလို့ ထင်ခဲ့ပေမယ့် ဒီကိစ္စဖြစ်နေတာပဲ။
အဲ့ဒါက နဂိုက သူမရဲ့အကြွေးဖြစ်ပေမယ့် သခင်မကျန်းက ဒီလောက်အထိ အလေးအနက်ထားလိမ့်မယ်လို့ မထင်ထားခဲ့ပေ။
ငွေဆယ်တုံးက မများလှသဖြင့် သူမကိုယ်တိုင်ပင် ဆပ်ပေးနိုင်သည်။ သို့သော် တုန်းဖျင်မြို့စားက လူရည်မွန်ဖြစ်ကာ လူလတ်ပိုင်းအရွယ်ရောက်နေသော်လည်း ရုပ်ရည်ခန့်ညားပြီး အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ကြောင်း သူမ သတိထားမိ၏။ သူက ခင်ပွန်းကောင်းတစ်ယောက် ဖြစ်လာမည့်ပုံပေါ်သည်။
ရွှယ်နင်၏ခေါင်းထဲတွင် အကြံတစ်ခုပေါ်လာသည်။
သူမက သခင်မကျန်းကို နောက်အိမ်ထောင်ပြုစေချင်တာတော့ မဟုတ်ပါ၊ နယ်စားမင်းစုမှလွဲ၍ လောကကြီးတွင် အခြားယောက်ျားကောင်းများစွာ ရှိသေးကြောင်းကိုသာ ပြသချင်ခြင်းဖြစ်၏။
အနည်းငယ် ရင်းနှီးသွားစေခြင်းက မထိခိုက်နိုင်ပေ။
"သမီး စစ်ဘက်ရုံးမှာ အားချဲ့နဲ့ တွေ့ဖို့ ချိန်းထားတာ။ အခု တုန်းဖျင်မြို့စားဆီသွားရင် နောက်ကျလိမ့်မယ်။ အမေပဲ သွားဆပ်လိုက်တာ ပိုကောင်းမယ်။ ဒုက္ခပေးသလိုဖြစ်သွားရင် တောင်းပန်ပါတယ်နော်"
သူမက စကတ်စကိုမကာ ရထားလုံးပေါ်တက်လိုက်သည်။
"ပေါင်ချန် မြန်မြန်သွားရအောင်၊ မဟုတ်ရင် အားချဲ့နဲ့ လွဲသွားလိမ့်မယ်"
အဲ့လိုဖြင့် ကျန်းကော်နယ်စားမင်းအိမ်တော်မှ ရထားလုံးမှာ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
သခင်မကျန်း ခေတ္တတွေဝေသွားပြီးမှ သတိပြန်ဝင်လာသည်။ ရာသီဥတုက သိပ်မကောင်းဘဲ ကောင်းကင်တွင် တိမ်မည်းများ အုံ့ဆိုင်းနေ၏။
အထိန်းတော်စုန့်က ထီးတစ်ချောင်းနှင့် အနားရောက်လာပြီး ပြုံးကာ ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး။ သခင်မအတွက် ဒီအစေခံအိုကြီး သွားပေးရမလား"
သခင်မကျန်း ခေါင်းခါလိုက်သည်။
"နင်နင့်ရဲ့ ဂုဏ်သိက္ခာနဲ့လည်း ဆိုင်နေတယ်လေ။ အတူတူသွားတာပဲ ပိုကောင်းပါတယ်"
တုန်းဖျင်မြို့စားစံအိမ်သို့ရောက်သော် အိမ်တော်သခင်မကြီးကျိုးထံသို့ သခင်မကျန်းက သတင်းပို့လိုက်သည်။
မြို့စားရှဲ့ကျင်မှာ နှစ်ပေါင်းများစွာ အိမ်ထောင်မပြုသေးသဖြင့် စံအိမ်တော်တွင် ဇနီးမရှိပေ။ သခင်မကြီးကျိုးသာလျှင် အတွင်းဆောင်ကို စီမံအုပ်ချုပ်၏။
မကြာမီမှာပင် ရှဲ့ကျင်ကိုယ်တိုင် ထွက်ကြိုသည်။ သူကိုယ်တိုင်ထွက်လာသဖြင့် သခင်မကျန်း အိမ်ထဲသို့ ဝင်ရန် အကြောင်းမရှိတော့ဘဲ နောက်ဖေးတံခါးဝတွင်ပင် ငွေများကို လွှဲပြောင်းပေးလိုက်သည်။
ရှဲ့ကျင်သည် သူမ၏ သပ်ရပ်စွာ ထုံးဖွဲ့ထားသော ဆံပင်ကို ကြည့်ရင်း ငွေကို လက်ခံယူလိုက်၏။
ရွှမ်းယီနယ်စားမင်းအိမ်တော်ကို ပြန်ပြီးတဲ့နောက် သခင်မကျန်း ပို၍ပင် ပင်ပန်းနေပုံရသည်။ မိတ်ကပ်သေချာလိမ်းထားသော်လည်း သူမ၏ ပင်ပန်းနွမ်းနယ်မှုတို့ကို မြင်နေရသည်။
"သခင်မကျန်း၊ အထဲဝင်ပြီး ခဏထိုင်ပါဦးလား"
သခင်မကျန်းက ယဉ်ကျေးစွာ ခေါင်းခါလိုက်သည်။
"ကျွန်မရဲ့ အနေအထားနဲ့... မသင့်တော်ပါဘူး"
ရှဲ့ကျင်က ငွေကို ယူလိုက်သည်။
"ကျုပ်အမေက မင်းကို သတိရနေတာ။ သူ(မ)ဆီ သွားတွေ့ဦးမလား"
သခင်မကျန်း၏ မျက်နှာထက်တွင် ခံစားချက်ပေါင်းစုံ ဖြတ်ပြေးသွားသော်လည်း အားတင်းကာ ယဉ်ကျေးစွာ ပြုံးလိုက်သည်။
"မလိုပါဘူး။ သခင်မကြီးကျိုးကို ကျွန်မက သတိရကြောင်းပဲ ပြောပေးပါ"
သူမ ထွက်ခွာရန် ပြင်လိုက်စဉ် ရှဲ့ကျင်က တိုးညင်းစွာ မေးလိုက်သည်။
"စုယီလီက ဆိုင်တွေမှာ အထည်တွေ၊ လက်ဝတ်ရတနာတွေ လိုက်ဝယ်ပြီး ဒီတလော တော်တော်လေး လှုပ်ရှားနေတယ်လို့ ကြားတယ်။ အဲ့ဒီမိန်းမ အိမ်တော်ထဲမှာရှိနေတာ ဘယ်လောက်တောင် ကြာပြီလဲ?သူက ဟိုမိန်းမနဲ့ ပိုနီးစပ်လာတယ်။ မင်းရဲ့ တရားဝင်ဇနီးကြီး နေရာကရော ဘယ်လိုနေလဲ။ သူ မင်းအပေါ် ဘယ်လို ဆက်ဆံလဲ"
အကယ်၍ အခြားတစ်ယောက်ယောက်က ဒါကိုပြောရင် ကွာခြားနိုင်ပေမယ့် သူမရှေ့က လူဆီကနေ လာတာကတော့ စကားလုံးများထဲတွင် လှောင်ပြောင်ရိပ်များပါနေသည်။
သခင်မကျန်း လည်ချောင်းထဲ တစ်ဆို့သွားပြီး အားတင်းပြုံးလိုက်သည်။
"သိပ်မကြာသေးပါဘူး၊ အားလုံးပေါင်းမှ ခုနစ်နှစ်ပဲ ရှိပါသေးတယ်"
ရှဲ့ကျင်က လှောင်ပြုံးပြုံးလိုက်သည်။
"ခုနစ်နှစ်က မကြာဘူးလား"
သခင်မကျန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"တခြားအိမ်တွေမှာဆို မယားတွေ အများကြီးနဲ့ ကိုယ်လုပ်တော်တွေ ရှိတာက သာမန်ပဲဆိုပေမယ့် ဒီနှစ်တွေတစ်လျှောက်လုံး သူ ကိုယ်လုပ်တော်တစ်ယောက်ပဲ ယူခဲ့တာပါ။ အဲ့ဒါက ကျွန်မကို လုံလောက်အောင် မျက်နှာသာပေးပြီးနေပြီ။ ပြီးတော့ သူ သခင်မနျဲ့ကို အိမ်တော်ခေါ်လာတုန်းကကလေးမယူဘူးဆိုပြီး အဲဒီတုန်းက ပေးခဲ့တဲ့ကတိကို သူ တည်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မက ညည်းတွားစရာ မရှိပါဘူး"
ရှဲ့ကျင်က တိတ်ဆိတ်စွာ သရော်လိုက်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
"မင်းကို လက်ထပ်တဲ့အချိန်တုန်းက သူ အဲဒီလို ပြောခဲ့တာ မဟုတ်ဘူး"
သခင်မကျန်း၏ အကြည့်တို့ ဝေဝါးသွားပြီး စုယီလီ၏ ငယ်ရွယ်စဉ်က ရုပ်ရည်ကိုပင် ပြန်မမှတ်မိနိုင်တော့ပေ။ အမှန်တော့ သူမက သူ့ရဲ့အခု လက်ရှိရုပ်ရည်ကိုတောင် ဝေဝေဝါးဝါး ဖြစ်နေမိတယ်။
သူတို့ချင်း ဆယ်ရက်၊ သို့မဟုတ် လဝက်လောက်နေမှ တစ်ခါသာ တွေ့ဖြစ်ပြီး တွေ့တိုင်းလည်း ကိုယ်လုပ်တော်ကိစ္စနှင့် အငြင်းပွားရသည်သာ။ သူမအပေါ် ယုယကြင်နာမှုများ မရှိတော့ဘဲ ဒေါသနှင့် စိတ်မရှည်မှုများကိုသာ ပြသတော့သည်။
ယုယသောစကားများဆိုရန်နေနေသာသာ အတူတကွ အေးအေးချမ်းချမ်း ထမင်းစားခြင်းမျိုးပင် မရှိတော့သည်မှာ ကြာပြီ။
သို့သော် ဤကိစ္စများက အိမ်တွင်းရေးကိစ္စများဖြစ်၍ အပြင်လူကို ပြောပြရန် မသင့်ပေ။
သခင်မကျန်းသည် သူ့ခါးမှ အရောင်လွင့်နေသော ပိုက်ဆံအိတ်လေးကို မြင်လိုက်ရချိန်တွင် သူမ ရင်ထဲ တင်းကျပ်သွား၏။ နက်ရှိုင်းပြီး ဖတ်ရခက်သော ခံစားချက်များပြည့်နေသည့် သူ့မျက်ဝန်းများကို သူမ မော့ကြည့်လိုက်သည်။
ရှဲ့ကျင်က သူမ၏ အကြည့်ကို ရှောင်လွှဲကာ လည်ချောင်းဟန့်လိုက်သည်။
"မင်း..."
သူ ဘယ်လိုဆက်ပြောရမှန်း မသိတော့ပေ။
သူတို့၏ ဆက်ဆံရေးမှာ အနေရခက်လှသည်။ စုယီလီသာ ဝင်မပါခဲ့လျှင် လွန်ခဲ့တဲ့နှစ်များကတည်းက သူ သခင်မကျန်းနှင့် လက်ထပ်ဖြစ်ခဲ့လောက်တယ်။
သူ့ကိုယ်သူပဲ အပြစ်တင်ရမယ်။
အအေးဒဏ်ထဲ တောင်ပိုင်းသို့ ခရီးထွက်ရင်း ချောက်ထဲကျကာ လပေါင်းများစွာ အနားယူခဲ့ရသဖြင့် အချိန်နှောင်းခဲ့ရသည်။ သူ တုန်းကျင်းမြို့သို့ ပြန်ရောက်ချိန်တွင် သူမက ရွှမ်းယီနယ်စားမင်းအိမ်တော်သို့ လက်ထပ်ဝင်ရောက်သွားခဲ့ပြီ။
ယခု တုန်းကျင်းမြို့မှာ အခြေတကျဖြစ်နေပြီမို့ တစ်နေ့တော့ သူတို့ ပြန်ဆုံကြရမှာကို သူ သိတယ်။
ဒါကြောင့်ပဲ သူ ကျန့်ကော်ဘုရားကျောင်းမှာ တမင်တကာ လှည့်ကွက်အသေးလေး လုပ်ခဲ့တာ။
ငွေဆယ်တုံးဆိုတာ အကြောင်းပြချက်သက်သက်သာဖြစ်ပြီး သူမကို တွေ့ခွင့်ရရန် အခွင့်အရေးတစ်ခုသာ ဖြစ်သည်။
သူ့မှာ အခွင့်အရေး မရှိတော့ဘူးဆိုတာ သူ သိပေမယ့် သူမကို နောက်တစ်ကြိမ် ထပ်ကြည့်ချင်ရုံလေးပဲ။
"ကျင်းနျန်... ကိုယ့်ကိုယ်ကိုယ် အနာခံပြီး မနေပါနဲ့"
ရှဲ့ကျင်က တိုးညင်းစွာ ပြောလိုက်သည်။
ရိုးရှင်းသော စကားအနည်းငယ်မျှသာ ဖြစ်သော်လည်း ပြင်းထန်သော စိတ်ပျက်မှုနှင့် မျိုသိပ်ထားရသော နာကျင်မှုများ ပါဝင်နေသည်။
သခင်မကျန်း ရင်ထဲ စူးအောင့်သွားပြီး မဖော်ပြတတ်အောင် နာကျင်သွား၏။
သူမရှေ့မှ လူငယ်လေးမဟုတ်တော့ဘဲ ရင့်ကျက်သောယောက်ျားတစ်ယောက်ဖြစ်နေသည့် သူ့ကို ကြည့်ရင်း ဝမ်းနည်းမှုများကို မျိုချကာ အားတင်းပြုံးလိုက်သည်။
"စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မြို့စားမင်းရှဲ့။ အချိန်လည်း နောက်ကျနေပြီမလို့ ကျွန်မ ပြန်ပါတော့မယ်"
သို့သော် သူမ လှည့်ထွက်လိုက်ချိန်တွင် ခြေထောက်များ ခွေယိုင်ကာ လဲကျလုမတတ် ဖြစ်သွားသည်။
ရှဲ့ကျင်က လှမ်းဖမ်းရန် လက်ဆန့်တန်းလိုက်သည်။
သူမက သူ့ထိတွေ့မှုကို ရှောင်ဖယ်လိုက်ပြီး အထိန်းတော်စုန့်၏အကူအညီဖြင့် ရထားလုံးဆီသို့ အမြန်ပြန်သွားခဲ့သည်။
ထွက်ခွာသွားသော ရထားလုံးကို ကြည့်ရင်း ရှဲ့ကျင်၏ မျက်ဝန်းများမှာ မိမိကိုယ်ကို လှောင်ပြောင်မှုများဖြင့် မှောင်မိုက်သွားသည်။
အမှန်တော့ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ။
ဒီနှစ်တွေတစ်လျှောက်လုံး သူမက စုယီလီနှင့်အတူ ဘဝကို ကြံ့ကြံ့ခံဖြတ်သန်းကာ သားသမီးများကို ပြုစုပျိုးထောင်ရင်း အကောင်းဆုံး စီမံထိန်းသိမ်းခဲ့သည်။
သူ့မှာ အခြားရည်ရွယ်ချက် မရှိပါ၊ သူမကို နောက်တစ်ခေါက် ထပ်တွေ့ချင်ရုံသာ ဖြစ်၏။
သူ့ကို ဒေါသထွက်စေတာက သူမအပေါ်မဟုတ်ဘဲ တစ်သက်လုံး စောင့်ရှောက်ပါမည်ဟု ကတိပေးခဲ့ပြီးမှ မယားငယ်ယူကာ သူမကို အရှက်ခွဲခံစားရစေခဲ့သော စုယီလီအပေါ်သို့သာ ဖြစ်သည်။
ကျန်းမိသားစု၏ တရားဝင်သမီးတစ်ယောက်အနေဖြင့် ဒီလိုမျိုး အရှက်ကွဲပြီး ဆင်းရဲဒုက္ခမခံသင့်ပေ။
မေတ္တာမရှိတော့လျှင်လည်း စောစောစီးစီး လွှတ်ပေးလိုက်တာက ပိုသဘောထားကြီးရာရောက်လိမ့်မယ်။
ရှဲ့ကျင်၏မျက်ဝန်းများ မှောင်မိုက်သွားပြီး ၎င်း၏ အင်္ကျီလက်ကို တင်းတင်းဆုပ်လိုက်သည်။
ကျန်းကျင်းနျန်ကို မြတ်နိုးတန်ဖိုးထားမယ့်လူတွေ အများကြီးရှိတယ်။
စုယီလီက သူမကို တန်ဖိုးမထားရင်တော့ မညှာတာလို့ဆိုပြီး သူ့ကို အပြစ်လာမတင်နဲ့။