← Chapters

အခန်း ၂၉၃

Vol. 30 Ch. 293

အခန်း ၂၉၃

Vol. 30 Ch. 293

အခန်း (၂၉၃) "သူနဲ့ ဖောက်ပြန်တယ်ဆိုလား"

ဝေ့အိမ်တော်မှ ထွက်လာပြီးနောက် စုယွီက ချက်ချင်း ထွက်မသွားသေးပေ။ သူက ဒေါသထွက်နေပြီး သခင်မကျန်းကို သူ့ဘက်မှနေ၍ ထပ်မံကာကွယ်ပေးစေချင်သည်။

စောစောက ရွှယ်နင်နှင့် ကျန်းကော်နယ်စားမင်းအိမ်တော်မှ အစေခံမလေးအချို့ သခင်မကျန်းအနားတွင် ရှိနေ၍ သူထွက်မလာခဲ့ခြင်းဖြစ်သည်။ နောက်တော့ သခင်မကျန်း၏ ရထားလုံးက အိမ်တော်သို့ တိုက်ရိုက်မပြန်တာကို သူသတိထားမိလိုက်သည်။

သိချင်စိတ်ကြောင့် သူက သူမ၏ ရထားလုံးနောက်မှနေ၍ တုန်းဖျင်မြို့စားမင်းအိမ်တော်အထိ တိတ်တဆိတ် လိုက်သွားခဲ့သည်။

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ အလွန်တုန်လှုပ်သွား၏။

တုန်းဖျင်မြို့စားမင်းအိမ်တော်တွင် စီးပွားရေးလုပ်ငန်းရှင်ပုံပေါက်နေသော မြို့စားမင်းရှဲ့က ရွှမ်းယီနယ်စားမင်းအိမ်တော်၏ သခင်မကျန်းအား ကြင်နာယုယသည့် အချစ်မျက်ဝန်းများဖြင့် ငေးကြည့်နေသည်။

ယောက်ျားတစ်ယောက်ဖြစ်သည့် စုယွီအနေဖြင့် ထိုအကြည့်၏ အဓိပ္ပါယ်ကို ကောင်းကောင်းနားလည်၏။

သူက တိတ်တဆိတ် လှောင်ပြုံးပြုံးလိုက်သော်လည်း သခင်မကျန်းနှင့် ရှဲ့ကျင်တို့ကို နေရာမှာတင် မဖော်ထုတ်ခဲ့ပေ။ထို့အစား စုအိမ်တော်သို့ မြင်းစီးပြန်လာပြီး မိခင်ဖြစ်သူ လျိုရှီ၏ ခြံဝင်းထဲသို့ ဝင်သွားခဲ့သည်။

သိပ်မကြာခင်မှာပဲ လျိုရှီက အလောတကြီးဖြင့် လီယွမ်ခြံဝင်းအတွင်းသို့ ကမန်းကတန်း ဝင်သွားသည်။

ထိုအချိန် သခင်မနျဲ့က ခုံနိမ့်လေးတွင် မှီကာ ဆေးသောက်နေသည်။ လျိုရှီ၏ စကားကို ကြားသောအခါ သူမ၏ မျက်ဝန်းနက်များက လက်ခနဲဖြစ်သွားသည်။

"သခင်မကျန်းက တခြားယောက်ျားတစ်ယောက်နဲ့ တိတ်တိတ်ပုန်း ဖောက်ပြန်နေတယ်လို့ ပြောချင်တာလား"

"ဟုတ်တယ်"

မျက်လုံးထဲတွင် နွေးထွေးသည့်အရိပ်အယောင် မရှိသော်လည်း လျိုရှီက နှုတ်ခမ်းကို ကွေးလိုက်ကာ ပြောသည်။

"အားယွီ ကိုယ်တိုင် မြင်ခဲ့တာ။ သခင်မကျန်းက မြို့စားမင်းရှဲ့ကို အိတ်လေးတစ်လုံးတောင် ပေးလိုက်သေးတယ်။ အထဲမှာ ဘာပါလဲဆိုတာ ဘယ်သူမှ မသိပေမယ့် သူ(မ) အထီးကျန်တာကို မခံနိုင်လို့ ဖောက်ပြန်နေတာ သေချာတယ်"

ဒုတိယအိမ်ခွဲက လက်ထပ်ပွဲသဘောတူညီချက်နှစ်ခု ဆုံးရှုံးခဲ့ပြီးပြီဖြစ်သည်။

သခင်မကျန်း စီစဉ်ပေးခဲ့သော်လည်း ရွှယ်နင်က နှစ်ခုစလုံးကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ခဲ့သည်။

စုရှီးက အိမ်တော်ဟောင်းသို့ အပို့ခံရပြီး၊ စုယွီနှင့် ဝေ့မိသားစုတို့၏ စေ့စပ်ပွဲ ပျက်သွားကာ၊ စုယင်မှာလည်း တော်ဝင်စာမေးပွဲပင် မဖြေရသေးသော ဒုက္ခိတ လော်ဝမ်ကျွင်းနှင့် လက်ထပ်ခဲ့ရသည်။

လျိုရှီမှာ မကျေနပ်ချက်များဖြင့် ပြည့်နှက်နေသော်လည်း ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိသဖြင့် သူမ၏ ဒေါသအားလုံးကို သခင်မကျန်းထံသို့သာ ပုံချလိုက်သည်။

နှစ်များတစ်လျှောက် သခင်မကျန်းက ရွှမ်းယီနယ်စားမင်းအိမ်တော်ကို ထိန်းချုပ်ကာ ဒုတိယအိမ်ခွဲကို ရက်စက်စွာ ဆက်ဆံခဲ့ပြီး စုရှီးနှင့် စုယွီတို့၏ အိမ်ထောင်ရေးကိုလည်း ဂရုမစိုက်ခဲ့ပေ။ စုယင် လော်မိသားစုနှင့် လက်ထပ်ချိန်က လျိုရှီမှာ သမီးဖြစ်သူ၏ တင်တောင်းပစ္စည်းအတွက် လူလုံးပင်မထွက်ခဲ့ရပေ။ သူမ တစ်ချိန်က လိုချင်ခဲ့သော မှန်ကန့်လန့်ကာကိုလည်း စုယင်အတွက် အကြိမ်ကြိမ် ငြင်းပယ်ခံခဲ့ရသည်။

ရွှယ်နင် လက်ထပ်စဉ်က သခင်မကျန်း ဘာတွေပဲပေးခဲ့ပေးခဲ့ စုယင်အတွက်တော့ နည်းနည်းသာ ကျန်ခဲ့တယ်။

အတိုချုပ်ဆိုရလျှင် သခင်မကျန်းက ဒုတိယအိမ်ခွဲကို အထင်သေးကာ မည်သည့်အရာကောင်းကိုမှ ပေးမည်မဟုတ်ဟု လျိုရှီက ယူဆထားသည်။

လျိုရှီ စဉ်းစားလေ ဒေါသထွက်လေပင်။

သူမက သခင်မကျန်းအား အိမ်တော်၏ အာဏာကို ဆက်လက်ကိုင်တွယ်ထားစေရန် လုံးဝမလိုလားတော့ပေ။ ဤအခွင့်အရေးကို အသုံးချကာ သခင်မကျန်း၏ ဂုဏ်သိက္ခာကျဆင်းစေပြီး နယ်စားမင်းနှင့် ကွာရှင်းစေရန်သာ သူမ ကြံရွယ်နေသည်။

သခင်မနျဲ့သာ ထိုနေရာကို အစားထိုးဝင်ရောက်နိုင်လျှင် လျိုရှီနှင့် တုန်းရှီအတွက် အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။

သခင်မနျဲ့၏ မျက်ဝန်းများ စူးရှလာပြီး ဉာဏ်ပညာပါသည့် အစီအစဉ်တစ်ခုကို စတင်ဆွဲလိုက်သည်။ သူမက ဆေးခွက်ကို အစေခံထံ ကမ်းပေးလိုက်ပြီး အနည်းငယ် ပြုံးကာ ပြောလိုက်သည်။

"ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောမိစေနဲ့။ ဂုဏ်သရေရှိတဲ့ မိသားစုတွေက ဂုဏ်သိက္ခာကို အသက်ထက် ပိုတန်ဖိုးထားကြတာ"

လျိုရှီက အလျင်အမြန်ပင် ပြန်ပြောသည်။

"ဒါပေမဲ့ အခုက ညီမက အိမ်တော်ရဲ့ တာဝန်ရှိတဲ့သူ ဖြစ်နေတာလေ။ သခင်မကျန်း ဖောက်ပြန်တာကို ဒီအတိုင်း ထိုင်ကြည့်နေပြီး စုမိသားစုရဲ့ ဂုဏ်သိက္ခာကို အစွန်းထင်းခံတော့မှာလား?"

သခင်မနျဲ့က တည်ငြိမ်စွာပင် ပြောလိုက်၏။

"စိတ်မပူပါနဲ့ ဒုတိယသခင်မ။ ဘာပဲဖြစ်ဖြစ် နယ်စားမင်း ပြန်လာတာကို စောင့်ရမယ် မဟုတ်ဘူးလား"

သခင်မနျဲ့က ညင်သာစွာ ရယ်မောလိုက်သည်။အချိန်တွေအကြာကြီး သူမ သခင်မကျန်းကို ဘယ်လိုမှ အပြစ်ရှာ၍ မရခဲ့ပေ။သူမ(သခင်မကျန်း)ကို စွပ်စွဲလုပ်ကြံဖို့ အများကြီး ကြိုးစားခဲ့ပေမယ့် နယ်စားမင်းက အခုထိ မကွာရှင်းသေးတာက သခင်မကျန်းအတွက် ခံစားချက်ရှိနေသေးတယ်ဆိုတာ ပြနေတာပဲ။ဒါပေမဲ့ သခင်မကျန်းသာ အမှန်တကယ်ပဲ ဖောက်ပြန်တယ်ဆိုရင်တော့ ကိစ္စတွေက ရိုးရှင်းလွယ်ကူသွားပြီ။အမှန်မဟုတ်ဘူးဆိုရင်တောင် သံသယမျိုးစေ့က ပျိုးလိုက်တာနဲ့ သစ်ပင်ကြီးတစ်ပင်အဖြစ် အမြန်ကြီးထွားလာလိမ့်မယ်။

"ဒါပေမဲ့ သခင်မကျန်းက အပြင်လူတစ်ယောက်နဲ့ တကယ်ပဲ ဖောက်ပြန်ပါ့မလား?ကျွန်မတော့ အဲ့ဒါကို ယုံဖို့ခက်နေတယ်"

"ငါ ညီမကို လိမ်မပြောပါဘူး"

လျိုရှီက အေးစက်စက် ရယ်မောလိုက်သည်။

"အားယွီ ကိုယ်တိုင် မမြင်ခဲ့ရင် ငါလည်း ယုံမှာမဟုတ်ဘူး။ သခင်မကျန်းက နှစ်ပေါင်းများစွာ စည်းကမ်းရှိပြီး စံပြအိမ်ရှင်မအဖြစ်နဲ့ နေလာခဲ့တာ။ ဒါပေမဲ့ အခုတော့ သူ(မ) ဖမ်းမိသွားပြီပဲ။ ရွှမ်းယီနယ်စားမင်းအိမ်တော်ရဲ့ အိမ်ရှင်မနေရာကတော့ အန္တရာယ်များနေပြီ"

သူမ ရပ်တန့်လိုက်ပေမယ့် သခင်မနျဲ့ သဘောပေါက်သွားသည်။

အာဏာရရန်အတွက် သခင်မကျန်းကို ဖယ်ရှားရမယ်။

သို့သော် သခင်မကျန်းတွင် အမွေဆက်ခံသူ စုကျန်း ရှိနေသေးသဖြင့် သူမ၏နေရာကို လှုပ်ခါရန်မှာ ခက်ခဲလှသည်။

ထို့ပြင် သခင်မကျန်းကို စောင့်ကြည့်ရန် ချိုးရွှေဥယျာဉ်မှ မဖြစ်နိုင်တော့သလို အဆိပ်ခတ်ရန်လည်း အခွင့်အရေးမရှိတော့ပေ။

သခင်မနျဲ့သည် မျက်လွှာချကာ တစ်စုံတစ်ခုကို စတင်စီစဉ်နေပြီဖြစ်၏။

လျိုရှီ ထပ်မပြောမီမှာပင် သခင်မနျဲ့က လက်ကို ဝှေ့ယမ်းပြကာ ပြုံး၍ ပြောလိုက်သည်။

"အစ်မ၊ ထပ်မပြောပါနဲ့တော့။ ကျွန်မ အကုန်နားလည်ပါတယ်။ စိတ်ချပါ။အကယ်၍ ကျွန်မသာ အိမ်ရှင်မဖြစ်လာခဲ့ရင် ဒုတိယနဲ့ တတိယအိမ်ခွဲတွေကို ကောင်းကောင်း စောင့်ရှောက်ပေးမှာပါ"

လျိုရှီ စိတ်အေးသွားကာ ကျေနပ်စွာဖြင့် လီယွမ်ခြံဝင်းမှ ထွက်ခွာသွားသည်။

ညနေပိုင်းတွင် စုယီလီ နယ်စားမင်းအိမ်တော်သို့ ပြန်ရောက်လာပြီး ထုံးစံအတိုင်း သခင်မနျဲ့၏ အခန်းသို့ အရင်ဝင်သွားသည်။

ကြာကြာမနေရသေးခင်မှာပင် သခင်မကျန်း အဝတ်အစားလဲကာ ထိုင်နေစဉ်အတွင်း ခင်ပွန်းဖြစ်သူက ဒေါသတကြီး ဝင်လာကာ သူမကို ပါးရိုက်လိုက်၏။

"ဒီမိန်းမယုတ်!"

စုယီလီ၏ ဒေါသမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။ သူက လက်ကို ဝှေ့ယမ်းကာ တံခါးကို ပြင်းထန်စွာ ပိတ်လိုက်သည်။

အထိန်းတော်စုန့်နှင့် အစေခံများက အပြင်တွင် ကျန်ရစ်ခဲ့သည်။

သခင်မကျန်းသည် ခုံနိမ့်ပေါ်သို့ လွင့်စင်သွားပြီး သူမ၏ ပါးပြင်ပေါ်တွင် လက်ဝါးရာနီနီများ ထင်ကျန်နေခဲ့သည်။

ဒေါသထွက်နေဆဲဖြစ်သော စုယီလီက သူမ၏ ကော်လာကို ဆွဲမလိုက်သည်။ သူ့မျက်နှာမှာ ဒေါသကြောင့် ပုံပျက်နေသည်။

"ဒီနေ့ မင်း ဘယ်သွားခဲ့လဲ"

သခင်မကျန်း ခေါင်းမီးတောက်သွားကာ ခင်ပွန်းဖြစ်သူ၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်လိုက်မိသည်။ ပါးပြင်မှ ပူစပ်ပူလောင် ဖြစ်နေမှုနှင့်အတူ မျက်ရည်များ စီးကျလာသည်။

စုယီလီက သူမ ငိုနေတာကို မြင်တဲ့အခါ ခဏလောက် တုံ့ဆိုင်းသွားပြီးမှ သူမ၏ လည်ပင်းကို လက်ဝါးဖြင့် ဖိညှစ်ကာ လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။

"ရှဲ့ကျင် မြို့တော်ကို ပြန်ရောက်တာ ဘယ်လောက်မှ မရှိသေးဘူး၊ မင်းက အဲ့လောက်တောင် မထိန်းနိုင်ဖြစ်နေတာလား။ ကျန်းကျင်းနျန်၊ ငါ မင်းကို အလိုလိုက်လွန်းနေတာလား။ မင်းကို ငါ ကွာရှင်းပစ်မှာ မကြောက်ဘူးလား"

ဤစကားလုံးများက ကျန်းရှီ၏ ရင်ထဲသို့ တူဖြင့် ထုလိုက်သလိုပင်။ သူမ ခေါင်းများ မူးဝေသွားသည်။

"ရှင် ဘာပြောလိုက်တယ်"

စုယီလီ၏ ဒေါသကြောင့် သူ့ကိုယ်သူ ရင်ထဲမှာ အောင့်သက်သက် ဖြစ်နေရသည်။ သူ့လက်ချောင်းများက ပို၍ တင်းကျပ်လာသည်။

"ဘယ်သူမှ မသိချင်ရင် မလုပ်ရဘူးလေ။ ရှဲ့ကျင်နဲ့ မင်း ဖောက်ပြန်နေတာကို လူမြင်သွားပြီ။ အခုထိ ဘာမှမသိသလို ဟန်ဆောင်နေတုန်းလား!"

စုယီလီ ဒီလောက်ဒေါသထွက်နေတာကို သခင်မကျန်း တစ်ခါမျှ မမြင်ဖူးပေ။ သူမ အသက်ရှူရပင် ခက်ခဲလာသည်။ သူမ၏ လည်ပင်းမှ အကြောများ ထောင်လာပြီး မျက်နှာမှာလည်း ခရမ်းရောင်သမ်းလာ၏။

သခင်မကျန်း ပြန်မဖြေနိုင်တာကို မြင်မှ စုယီလီ တစ်ချက်တွန့်သွားပြီး သူ့အပြုအမူအလွန်အကျွံ ဖြစ်နေမှန်း သဘောပေါက်သွားသည်။

သူက သူမကို လွှတ်ပေးလိုက်ပြီး ဘေးသို့ ငိုက်စိုက်ကျသွားသည်။

သခင်မကျန်းမှာ ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်ပြီး ဖြူဖျော့နေသော သူမ၏ မျက်နှာလည်း ပြာနှမ်းသွားသည်။

အပြင်ဘက်တွင်မူ အေးစက်စက် မိုးရေများက ပြတင်းပေါက်ကို ရိုက်ခတ်နေသည်။

အထိန်းတော်စုန့်နှင့် အစေခံများ၏ စိုးရိမ်တကြီး အသံများကို ကြားနေရသည်။

အသက်ပြင်းပြင်းရှူပြီးနောက် သူမက ဒေါသထွက်နေဆဲဖြစ်သော ခင်ပွန်းဖြစ်သူကို ကြည့်လိုက်သည်။ ဒေါသကြောင့် မဟုတ်ဘဲ စိတ်ပျက်လက်ပျက်နှင့် ဝမ်းနည်းခြင်းများဖြင့်သာ ကြည့်နေခြင်းပင်။

"ကျွန်မကို ရှင် လက်ရွယ်ရိုက်တာ ဒါ ပထမဆုံးအကြိမ်ပဲ"

"ငါက..."

စုယီလီ မျက်မှောင်ကြုတ်လိုက်သည်။

"စုယီလီ"

သခင်မကျန်း၏ မျက်ရည်စများဝဲနေသော မျက်ဝန်းတို့က သူ့ကို စိုက်ကြည့်လိုက်သည်။

"ကျွန်မတို့ လက်ထပ်လာတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒါ ပထမဆုံးအကြိမ်ပဲ"

စုယီလီသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ကာ ဖရိုဖရဲဖြစ်နေသော ဇနီးဖြစ်သူကို ရွံရှာသလို ကြည့်လိုက်သည်။

"ငါ မင်းကို ရိုက်ချင်တာ မဟုတ်ဘူး။ မင်းက ရှဲ့ကျင်နဲ့ လူသိရှင်ကြား ဖောက်ပြန်ပြီး ငါ့ကို ဒေါသထွက်အောင် လုပ်နေတာလေ"

ကျန်းရှီမှာ ခါးသီးစွာ ရယ်မောလိုက်မိသည်။

"ကျွန်မက သူနဲ့ ဖောက်ပြန်တာလား"

"အားယွီ ကိုယ်တိုင် မြင်ခဲ့တာ။ မင်းက သူ့ကို အိတ်လေးတောင် ပေးလိုက်သေးတယ်။ ကျန်းကျင်းနျန်၊ မင်း ရှက်တတ်သေးလား။ မင်းက သူ့နောက်ကို လိုက်နေရင်တောင် မင်းလို အသက်ကြီးနေတဲ့ မိန်းမကို သူက ယူပါ့မလား။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်စမ်း! ဟန်ဆောင်နေတာ ရပ်လိုက်တော့!”

All Chapters