← Chapters

အခန်း ၂၉၅

Vol. 30 Ch. 295

အခန်း ၂၉၅

Vol. 30 Ch. 295

အခန်း (၂၉၅) - လိုက်ဖက်ညီသော ဇနီးမောင်နှံ

ဒါကိုကြားတော့ ရှိနေသူအားလုံး ရယ်မောလိုက်ကြသည်။

ထိုအမျိုးသားအများစုမှာ အိမ်ထောင်သည်များဖြစ်ကြသော်လည်း အများစုက အိမ်တွင် အာဏာပြကာ မယားငယ်များ၊ ကိုယ်လုပ်တော်များ ထားရှိတတ်ကြသည်။ လီချန်ချဲ့လို ဇနီးငယ်လေးကို တကယ်မြတ်နိုးယုယသူမျိုးကား ရှားပါး၏။

"သခင်လေးလီက သူ့ဇနီးကို တကယ်အလိုလိုက်တာပဲ။"

"ကျန့်ကော်ဘုရားကျောင်းက ပြန်လာတုန်းက သခင်လေးလီ ဆူလို့ ဇနီးသည်က လမ်းတစ်လျှောက်လုံး ငိုလာခဲ့တယ်ဆို။"

ကောလာဟလတွေက နေရာတိုင်းမှာ ပျံ့နှံ့နေပြီး အတင်းအဖျင်းပြောစရာတွေ ဖြစ်နေတတ်သည်။

စုကျန်းက သူ၏နက်ရှိုင်းသော မျက်ဝန်းများကိုပင့်ကာ လီချန်ချဲ့၏ တောက်ပနက်ရှိုင်းသော မက်မွန်ပွင့်သဏ္ဌာန် မျက်ဝန်းများနှင့် ဆုံလိုက်သည်။ ရွှယ်နင် လမ်းတစ်လျှောက်လုံး ဘယ်လိုများ ငိုလာခဲ့သလဲဆိုတာကို သူ သိချင်နေပုံရ၏။

လီချန်ချဲ့က လူတိုင်းကို နောက်ပြောင်နေသလို ပြုံးကာ ပြောလိုက်သည်။

"ခင်ဗျားတို့နဲ့ ဆက်ပြီး စကားတွေ မပြောနေတော့ဘူး။ မိုးသည်းလာပြီဆိုတော့ သူ(မ)ကိုသွားကြိုဖို့ အချိန်မီတော့ဘဲနေလိမ့်မယ်။ ကောင်မလေးက စိတ်ကောက်ရင် ကျွန်တော် ချော့နိုင်မှာ မဟုတ်ဘူး။"

သခင်လေးလီ၏ ယုယချစ်ခင်သည့်လေသံကို ကြားရသောအခါ လက်တွေ့အခြေအနေက ကောလာဟလများနှင့် လုံးဝကွာခြားနေကြောင်း ရှင်းလင်းသွားသည်။

လူအများက လီချန်ချဲ့သည် သူ့ဇနီးသစ်ကို သဘောမကျဟု ပြောခဲ့ကြသော်လည်း ထိုစကားများမှာ သိသိသာသာကို မှားယွင်းနေပေသည်။

ဘယ်သူမှ ဆက်ပြီးမတားရဲတော့ဘဲ ယဉ်ကျေးစွာ ပြောလိုက်ကြသည်။

"ဒါဆို သခင်လေးလီ... ဂရုစိုက်သွားပါဦး။"

မြင့်မားပြီး သေသပ်သော မျက်ခုံးများရှိသည့် လီချန်ချဲ့က ခပ်လှမ်းလှမ်းမှ စုကျန်းကို ကြည့်ကာ လှမ်းပြောလိုက်သည်။

"သခင်စု... ခွင့်ပြုပါဦး။"

မထွက်ခွာမီ သူ၏ယုံကြည်မှုအပြည့်ရှိသော အကြည့်များထဲတွင် နောက်ပြောင်စိန်ခေါ်ချင်သည့် အရိပ်အယောင်တစ်ခု ပါဝင်နေ၏။

စုကျန်း ရုတ်တရက် စိတ်အနှောင့်အယှက်ဖြစ်သွားပြီး လီချန်ချဲ့ရှေ့တွင် ရွှယ်နင် စိတ်ကောက်နေပုံကို သူ တွေးကြည့်၍မရပေ။ သူ့ရှေ့မှာတော့ သူမက အမြဲတမ်း စကားနားထောင်ပြီး သူ့ကို တစ်ခါမှ ပြန်မပြောရဲခဲ့ပေ။

သခင်ကြီးကျူးက ရွှင်ပျစွာ ရှေ့ထွက်လာပြီး မေးလိုက်သည်။

"သခင်စု... အတူတူ သွားမလား။"

အိမ်တွင် လှဲနေသည့် ရှဲ့နင်းထန်ကို သတိရသွားပြီး သူလည်း စိတ်မဝင်စားတာကြောင့် စုကျန်း လှည့်ထွက်သွားပြီး ပြောလိုက်သည်။

"မသွားတော့ဘူး"

အရာရှိကျူးက စုကျန်း၏ ဆံပင်များကို ထီးမိုးပေးထားရင်း လေးလေးစားစား ပြောလိုက်သည်။

"သခင်စုရဲ့အိမ်မှာရော စောင့်နေမယ့် ချစ်ဇနီးလေး ရှိနေလို့လား။"

စုကျန်း စိတ်အခြေအနေ မကောင်းစွာဖြင့် တံခါးဝသို့ရောက်ချိန်တွင် ကျန်းကော်နယ်စားမင်းအိမ်တော်မှ ရထားလုံး ဆိုက်ရောက်လာသည်။ သည်းထန်စွာရွာသွန်းနေသော မိုးရေထဲတွင် သေးသွယ်လှပသော ပုံရိပ်လေးတစ်ခုက ရထားလုံးပေါ်မှ အလျင်စလို ခုန်ဆင်းလာ၏။

လီချန်ချဲ့က သူမ ရေနင်းမိမှာကို စိုးရိမ်သွားပုံရကာ အမြန်ပင် သူမကို ပွေ့ချီလိုက်သည်။ မိုးရေစက်များ၏ အကွယ်တွင် သူတို့ပြောနေသော စကားများကို မြင်နိုင်စွမ်းမရှိပေ။

လီချန်ချဲ့က သူမကို ရင်ခွင်ထဲ ထွေးပိုက်ထားလျက် ရထားလုံးဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလေသည်။

ထိုဇနီးမောင်နှံ၏ ပုံရိပ်မှာ ပန်းချီကားတစ်ချပ်ပမာ အလွန်ပင် လိုက်ဖက်ညီ၏။

အရာရှိကျူး၏ မျက်နှာထားက နူးညံ့သွားသည်။

"အဲဒါ စစ်သူကြီးရွှယ်ရဲ့ သမီး သခင်မလေးရွှယ် ဖြစ်ရမယ်"

စုကျန်း၏ စိတ်မရှည်မှုတို့က ပိုမိုကြီးထွားလာသည်။ ရွှယ်နင်၏ လျှပ်တစ်ပြက် လင်းလက်သွားသော အပြုံးလေးကို မြင်လိုက်ရချိန်တွင် သူ့မျက်နှာက ပို၍ မှောင်မိုက်သွားလေသည်။

အရာရှိကျူးက သူ့ဘေးနားကနေ ဆက်ပြီး စကားပြောနေသည်။

"သူ(မ)က သခင်လေးရဲ့ မွေးစားညီမ မဟုတ်ဘူးလား။ ဘာလို့ နှုတ်မဆက်သွားတာလဲ။"

စုကျန်း၏ အကြည့်တို့က ပို၍အေးစက်သွားကာ-

"သခင်ကျူး... ဒီမှာ ကိစ္စရှိသေးလို့လား။"

သူ့အထက်အရာရှိ၏ လေသံတင်းမာမှုကို သတိပြုမိသွားသော အရာရှိကျူးသည် ကောလာဟလများကို သတိရသွား၏။

သခင်မလေးရွှယ်သည် တစ်ချိန်က စုကျန်းအပေါ် မေတ္တာရှိခဲ့ပြီး အတူတူကြီးပြင်းလာခဲ့ကာ နက်ရှိုင်းသော သံယောဇဉ်များ ရှိခဲ့ဖူးသည်။ သို့သော် စုကျန်းက ဂရုမစိုက်ခဲ့သဖြင့် သူမကို လီမိသားစုနှင့် လက်ထပ်သွားစေခဲ့သည်။

သူတို့သုံးဦးကြားရှိ အခြေအနေမှာ သိသိသာသာကို အနေရခက်စရာဖြစ်နေပြီး သခင်လေးလီက စုကျန်းရှေ့တွင် သူ့ဇနီးအကြောင်းကို တမင်သက်သက် ထုတ်ပြောခဲ့တာ အံ့သြစရာမရှိတော့ပေ။

အရာရှိကျူးက ပြန်လည်ပြုံးပြကာ ပြောလိုက်သည်။

"အချိန်လည်း နောက်ကျနေပြီ သခင်စု... ဂရုစိုက်သွားပါဦး။"

စုကျန်းက မျက်ခုံးကိုပွတ်ကာ လှည့်ထွက်သွားပြီး ထိုရထားလုံးကို နောက်တစ်ကြိမ် လှည့်မကြည့်တော့ပေ။

မော့ပိုင်က ထီးတစ်ချောင်းယူလာပြီး အေးစက်တည်ငြိမ်နေသော သူ့သခင်ကို ရထားလုံးဆီသို့ လိုက်ပို့ပေးခဲ့သည်။

စုကျန်း၏ စိတ်အခြေအနေက ပိုမိုမှောင်မိုက်လာပြီး စိတ်အနှောင့်အယှက်ဖြစ်မှုကြောင့် နားထင်ကြောများပင် တဆစ်ဆစ် ထိုးကိုက်နေသည်။

ရွှယ်နင်က သူ့ကို ဒေါသထွက်အောင်ပဲ လာဆွတတ်သဖြင့် သူ့ရှေ့မှာ နောက်တစ်ကြိမ် ဘယ်တော့မှ ပေါ်မလာစေရန်ပဲ ဆုတောင်းနေမိတယ်။

.....................

လီချန်ချဲ့က သူမကို အချိန်မီ ဖမ်းထိန်းနိုင်ခဲ့သော်လည်း ရွှယ်နင်၏ ဝတ်စုံမှာ ရေစိုရွှဲနေပြီဖြစ်သည်။ သူက သူ၏ဝတ်ရုံကိုချွတ်ကာ သူမကို လုံခြုံအောင် ပတ်ပေးလိုက်ပြီး ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်သည်။

"ဘာလို့ ရောက်လာတာလဲ။ ကိုယ် မင်းကို လာခေါ်မယ်လို့ ပြောထားတယ်လေ"

သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း သူ့စိတ်အခြေအနေမှာ ပျော်ရွှင်နေပြီး စုကျန်းရှိနေဝာာကို လုံးဝဂရုမစိုက်ပေ။

ရွှယ်နင်က မျက်တောင်လေးခတ်ကာ သူ၏သန်မာသော မေးရိုးပေါ်သို့ ခေါင်းမှီထားလိုက်သည်။ သူမက သူ့ကို ပွတ်သီးပွတ်သပ်လုပ်ရင်း သူ့ခန္ဓာကိုယ်မှ သင်းပျံ့နေသော ထင်းရှူးနံ့သင်းသင်းလေးကို ခံစားနေမိသည်။

မိုးရေထဲတွင် နှစ်သိမ့်မှုပေးစွမ်းနိုင်သော ရနံ့လေးပင်။ သူ့ရဲ့ဖြူဖွေးချောမွေ့တဲ့ အသားအရေက မိန်းကလေးတစ်ယောက်ထက်ပင် ပို၍နူးညံ့နေသေးတယ်။

ရွှယ်နင်က သက်သောင့်သက်သာရှိစွာဖြင့် သူ့ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။

"စောစောက သခင်မလင်နဲ့ စကားပြောဖြစ်တယ်။ ပြီးတော့ ရှင့်ကိုလွမ်းလို့ အရင်လာကြိုတာ။"

ပါးပြင်လေးများ ရဲသွေးနေလျက် သူ့အကြည့်ကိုရှောင်ကာ သူမက ပြောလိုက်သည်။

ကောင်မလေးက သူမ၏ခံစားချက်များကို ဖော်ထုတ်တာ ရှားပါးသည်။

လီချန်ချဲ့က ပြုံးလိုက်ပြီး သူမ၏ နူးညံ့သောပါးပြင်လေးကို ပွတ်သပ်ပေးလိုက်သည်။

စောစောက သူ မထွက်သွားခင် မကျေမနပ်ဖြစ်နေသော စုကျန်း၏မျက်နှာကို တွေးမိတဲ့အခါ သူ့စိတ်အခြေအနေက ပို၍ပင် ကောင်းမွန်လာသည်။

သူက လုစစ်လင်နှင့် ဝေ့ကျန့်ယန်တို့၏ လက်ထပ်မည့်အစီအစဉ်များကို မေးမြန်းလိုက်ရာ ရွှယ်နင်က အသေးစိတ် ပြန်ပြောပြလေသည်။

"အာ... အားချဲ့၊ ရှူဖေးရဲ့ မွေးနေ့ပွဲကို ကျွန်မ သွားတက်သင့်လား။"

သူမက မေးစေ့လေးမော့ကာ မေးလိုက်သည်။

လီချန်ချဲ့က ရှေ့သို့တိုးကာ သူမ၏ နှုတ်ခမ်းထောင့်လေးကို နမ်းလိုက်သည်။

"နင်နင် မသွားချင်လို့လား။"

ရွှယ်နင်က ခေါင်းယမ်းလိုက်သည်။

"သိပ်တော့ မဟုတ်ပါဘူး"

သူမက အနည်းငယ် စိတ်မသက်မသာဖြစ်သလို ခံစားနေရပြီး ဘာကြောင့်လဲဆိုတာ တိတိကျကျ မရှင်းပြတတ်ပေ။

လီချန်ချဲ့က ရွှယ်နင်၏ ပါးလေးကို ဆွဲညှစ်ပြီး ညင်သာစွာ ရယ်မောလိုက်သည်

"အဲ့ဒါက နင်နင့်အတွက် အတွေ့အကြုံ ပိုရစေတာပေါ့"

ရွှယ်နင်က သူမ၏နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။

"ဟုတ်ပါတယ်။ဒါပေမဲ့ စိတ်မအေးလို့ပါ။ ကျွန်မက ဒီကိစ္စတွေ ဘာမှမသိဘဲ နန်းတော်ထဲလည်း တစ်ခါမှ မရောက်ဖူးတော့ ကျန်းကော်နယ်စားမင်းအိမ်တော်အတွက် အရှက်ရစေမှာ စိုးရိမ်လို့။"

"ဘာ အရှက်ရစရာရှိလို့လဲ။"

လီချန်ချဲ့၏ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။

"မင်းမမွေးခင်ကတည်းက အဖေက နန်းတော်ထဲမှာ ပွက်လောရိုက်အောင် လုပ်ခဲ့တာလေ။ ကျန်းကော်နယ်စားမင်းအိမ်တော်က စစ်ရေးအောင်မြင်မှုတွေအပေါ်မှာပဲ ရပ်တည်တာ၊ မှူးမတ်အသိုင်းအဝိုင်းရဲ့ စည်းကမ်းတွေအပေါ်မှာ မဟုတ်ဘူး။"

ရွှယ်နင်၏ မျက်ဝန်းများ အရောင်လက်သွားကာ ပြုံးလိုက်သည်။

"ကျွန်မယောက်ျားက ဒီလိုပြောမှတော့ ကျွန်မ အဲ့ဒီ လွှမ်းမိုးမှုပေါ်မှာပဲ မှီခိုပြီး နေတော့မယ်။"

လီချန်ချဲ့က သူမ၏ ခါးလေးကို ဖက်လိုက်သည်။

"ဒါက စားပွဲသောက်ပွဲသက်သက်ပါပဲ၊ တခြား မှူးမတ်အသိုင်းအဝိုင်းက သခင်မလေးတွေနဲ့ နင်နင် တွေ့ဆုံဖို့ အခွင့်အရေးတစ်ခုသာသာပဲ။အရမ်း အလေးအနက်ထားစရာ မလိုဘူး။ အဲ့နေ့ကျရင် ကိုယ့်ဘေးနားမှာပဲ နေ၊ ဘယ်သူမှ မင်းကို ပြဿနာမရှာရဲစေရဘူး။"

ပွဲတက်မည့် အမတ်များကို တွေးမိကာ သူတို့၏ မိသားစုဝင်များကို စဉ်းစားရမယ်။

မိန်းမပျိုလေးများစွာက လီချန်ချဲ့ကို သဘောကျပြီး ကျန်းကော်နယ်စားမင်းအိမ်တော်ဆီ လက်ထပ်ဝင်ရောက်ချင်နေကြတယ်။

ဒါ့အပြင် မင်းသမီးရှို့နင်း နဲ့ စုမိသားစုက သခင်မလေးတွေလည်း အဲ့ဒီနေရာမှာ ရှိနေဦးမှာ။

ရွှယ်နင်က ညင်သာစွာ ဟွန်းခနဲ အသံပြုကာ ဒေါသထွက်နေသည့် ကြောင်လေးတစ်ကောင်လို ညည်းတွားလိုက်သည်။

"ဒါဆို ရှင် တခြားမိန်းကလေးတွေကို မကြည့်ရဘူးနော်။"

သူမ သဝန်တိုနေတာကို မြင်ရတာ လီချန်ချဲ့အတွက် ကြည်နူးစရာပင်။

"မင်းကလွဲပြီး ကိုယ်က ဘယ်သူ့ကို ကြည့်ရမှာလဲ။"

ရွှယ်နင်က သူ့နှာခေါင်းကို ဆွဲလိမ်လိုက်သည်။

"ကျွန်မသာ မိလို့ကတော့ ရှင် နောင်တရသွားမယ်။"

အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ့ကို ဒီလိုပုံစံဆက်ဆံရဲရင် သူတို့ရဲ့ လက် ဒါမှမဟုတ် ခြေထောက်တွေ မရှိတော့တာ ကြာလောက်ပြီ။

လီချန်ချဲ့က သူမ၏ အပြုအမူလေးများကို သဘောကျစွာဖြင့် ခပ်ဖွဖွ ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့။ ကိုယ့်နှလုံးသားထဲမှာ မင်းတစ်ယောက်တည်း ရှိတာပါ။"

အဲ့ဒီအခါမှသာ ကျေနပ်သွားသော ရွှယ်နင်က သူ့ကို ဆုချသည့်အနေဖြင့် နမ်းလိုက်သည်။

ကျန်းကော်နယ်စားမင်းအိမ်တော်သို့ ပြန်ရောက်သောအခါ လီချန်ချဲ့က သူမကို ကျိုယင်းဆောင်သို့ ပွေ့ချီသွားလေသည်။

သူတို့၏ ရင်းနှီးမှုမှာ ပေါင်ချန်နှင့် ရှလန်တို့အတွက် ရိုးအီနေပြီဖြစ်ရာ မည်သို့မျှ တုံ့ပြန်ခြင်း မရှိကြတော့ပေ။

သူတို့ အတူတကွ ညစာစားကြပြီး ညဉ့်နက်လာသောအခါ ပေါင်ချန်နှင့် ချွန်းချီတို့က ရေနွေးများပြင်ဆင်ပေးကာ စင်္ကြံလမ်းအောက်တွင် အတူထိုင်နေကြသည်။

ခေါင်မိုးစွန်းမှ တွဲလွဲခိုနေသော မိုးရေစက်များက ည၏အသံများနှင့် ပေါင်းစပ်သွားသည်။

မိုးသံများအပြင် အိမ်တော်ထဲတွင် တိတ်တဆိတ် ရှိုက်ငိုသံများနှင့် ညင်သာမှန်ကန်သော အသက်ရှူသံများ ပဲ့တင်ထပ်နေသည်။

ပေါင်ချန်နှင့် ချွန်းချီတို့မှာ ဇနီးမောင်နှံနှစ်ဦး၏ ရင်းနှီးကျွမ်းဝင်သော အသံများကို ကြားရသောအခါ ပို၍ပင် နေရခက်လာကြသည်။

All Chapters