← Chapters

အခန်း ၂၉၆

Vol. 30 Ch. 296

အခန်း ၂၉၆

Vol. 30 Ch. 296

အခန်း(၂၉၆)-သွေးထွက်ခြင်း

"ဒါ ချန်ကုန်း ကုတင်ပဲ"

ချွန်းချီက ပြောလိုက်သည်။

ပေါင်ချန်က သူမကို တံတောင်နှင့် တွတ်လိုက်သည်။

"အစ်မချွန်းချီ၊ အသံကြားလိုက်လား"

ချွန်းချီလည်း နားစွင့်လိုက်သည်။

"ဘာကြားတာလဲ"

သေချာနားထောင်ကြည့်တော့မှ သခင်မလေးက သူမ၏ခင်ပွန်းအား ညုတုတုအသံလေးဖြင့် "ဖူကျွင်း" ဟု ခေါ်နေသံဖြစ်နေကြောင်း သူတို့နှစ်ဦးလုံး သိလိုက်ရသည်။

ယောကျာ်းတွေ မပြောနဲ့ မိန်းကလေးတစ်ယောက်ဖြစ်သည့် ချွန်းချီပင် ဒူးတွေညွတ်ခွေကျချင်လာပြီး မနေနိုင်မထိုင်နိုင် ရင်ခုန်သွားသည်။

ပေါင်ချန်လည်း ထိုအသံကိုကြားပြီး ပါးပြင်များ ရဲတက်လာသည်။

"ကျွန်မတို့ သခင်လေးက တကယ်စွမ်းတာပဲ... သခင်မလေး ဘယ်တော့များ ကလေးရမလဲ မသိဘူး ဟားဟား..."

ချွန်းချီက ပြုံးလိုက်ပြီး အခန်းထဲမှ အသံများကို ဆက်မနားထောင်မိအောင် နေလိုက်သည်။ ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို သူမ သတိရသွားသည်။

"ပေါင်ချန်... သခင်မလေးနဲ့ ရှီဇီက ဒီလောက် နီးကပ်နေကြတာ... သခင်မလေး ဓမ္မတာမလာတာ ဘယ်လောက်တောင် ကြာပြီလဲ"

ပေါင်ချန်က ပြန်ဖြေသည်။

"ကျွန်မတို့သခင်မလေးက အရင်ကတည်းက ခန္ဓာကိုယ် အားနည်းတော့ ဓမ္မတာလာတာ ဘယ်တော့မှ ပုံမှန်မဖြစ်ဘူး။ တစ်ခါတလေ တစ်လ၊ နှစ်လလောက် မလာဘဲနေတတ်တယ်။ အကြာဆုံးကတော့ သုံးလကျော်ပဲ။ ရွှမ်းယီနယ်စားမင်းအိမ်တော်မှာတုန်းကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သခင်မကျန်းနဲ့ ရှီဇီစုကို သိပ်ဒုက္ခမပေးချင်တော့ သမားတော် ပြလေ့မရှိဘူး"

"လနဲ့ချီပြီး မလာဘူးဟုတ်လား"

ချွန်းချီက အံ့ဩသွားပြီး စိုးရိမ်တကြီး မျက်မှောင်ကြုတ်လိုက်သည်။

"ဒီလိုဆို ကလေးရဖို့ ထိခိုက်နိုင်မလား"

ပေါင်ချန်က စိတ်အေးစေရန် ပြောလိုက်သည်။

"သမားတော်ကြီးလိုင် အရင်က ပြောဖူးပါတယ်။ ဒါပေမဲ့ သခင်မလေးက ဆေးကို သေချာသောက်နေတာပဲလေ။ သူ(မ)နေ့တိုင်း ဆေးတွေသောက်နေပေမယ့် သူ(မ)ရဲ့ ခန္ဓာကိုယ်က အပြည့်အဝ မသက်သာသေးတော့ အချိန်လိုဦးမယ်။ ကလေးရဖို့က အရေးမကြီးသေးပါဘူး။"

ချွန်းချီလည်း နောက်ဆုံးတော့ စိတ်အေးသွားသည်။

နဂိုတုန်းက သူမက သခင်မလေးနဲ့ပေါင်ချန်က အရမ်းငယ်သေးတဲ့အတွက် ဓမ္မတာမမှန်ခြင်းက ဖုံးကွယ်နေသော ရောဂါများကို ညွှန်ပြနေနိုင်၍ သူမ စိုးရိမ်နေခဲ့တာ။

အထူးသဖြင့် ထို ဓမ္မတာမမှန်တာ၊လာရန် ပျက်ကွက်တာမျိုးပင်။ကလေးမရနိုင်တာက ဒုတိယအရေးကြီးတာဖြစ်ပြီး အဓိက အရေးအကြီးဆုံးကတော့ ဖုံးကွယ်နေနိုင်သော ရောဂါများပင်။

ဒါပေမဲ့ သမားတော်ကြီးလိုင်က ကြီးမားသည့် ပြဿနာမရှိဟု ပြောထားလျှင်တော့ သူမ၏ စိုးရိမ်မှုက ပိုရာကျပေလိမ့်မည်။

သူတို့နှစ်ယောက် ခဏဆက်စကားပြောပြီးနောက် မီးဖိုချောင်ငယ်သို့သွားကာ အထိန်းတော်ကျန်းနှင့်အတူ သရေစာစားရင်း ဝိုင်အနည်းငယ် သောက်ရန် ဆုံးဖြတ်လိုက်ကြသည်။

အချိန်မည်မျှကြာသွားသည်မသိ၊ နောက်ဆုံးတွင် အခန်းတွင်းမှ အသံများ ငြိမ်ကျသွားသည်။

ရွှယ်နင် ခန္ဓာကိုယ်လေး တုန်ရီနေဆဲဖြင့် ကျေနပ်စွာ သက်ပြင်းချလိုက်သည်။

အထူစား ကုတင်ခန်းဆီးများက သူတို့နှစ်ဦးကြား သီးသန့်ကမ္ဘာငယ်လေးတစ်ခုကို ဖန်တီးပေးထားပြီး လေထုထဲတွင် ရင်းနှီးကျွမ်းဝင်မှု အငွေ့အသက်များက ကြီးစိုးနေသည်။

ထိုအမျိုးသားက သူမကို မလွှတ်ပေးသေးဘဲ သူ့လက်ကြီးများက သူမရဲ့ ခါးသိမ်သိမ်လေးကို ဖက်တွယ်ထားဆဲပင်။

သူမ အသက်ကိုဝဝရှူလိုက်ပြီး နောက်ဆုံးတော့ တည်ငြိမ်သွားသည်။ သို့သော် ထိုအမျိုးသားက သူမထက် ပိုမြန်မြန် အမောပြေသွားကာ သူ၏ စိုစွတ်နေသော နှုတ်ခမ်းများက သူမ၏ အသားအရေပေါ်မှတစ်ဆင့် အနက်ရှိုင်းဆုံးနေရာအထိ နမ်းရှိုက်လာသည်။

ရွှယ်နင် ဆက်သည်းမခံနိုင်တော့ဘဲ သူ့ဆံပင်များထဲသို့ သူမ၏ လက်ချောင်းများကို ထိုးဖွလိုက်သည်။ တွေဝေမိန်းမောနေသော အကြည့်များဖြင့် သူမ တိုးတိုးလေး ရေရွတ်လိုက်၏။

"မနမ်းနဲ့တော့... အားချဲ့"

သူမ၏ ခန္ဓာကိုယ်လေး ထပ်မံတုန်ရီသွားပြီး ထိုခံစားချက်က သူမ၏ ရင်တွင်းအထိ လွှမ်းမိုးသွားသည်။

မျက်နှာလေး ရဲနီသွားကာ သူမ၏ စိုစွတ်နေသော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူ၏ နက်ရှိုင်းကာ အရောင်လက်နေသော အကြည့်များနှင့် ဆုံလိုက်သည်။

"ရှင် ပြောတော့ လောလောဆယ် ကလေးမယူသေးဘူးဆို"

"ဝိညာဉ်ပုလဲ ရှိနေမှတော့ ဘာမှမဖြစ်ပါဘူး"

"တကယ်လား"

"အင်း"

အမျိုးသား၏ အသက်ရှူသံများက ပြင်းထန်လာပြီး သူက သူမကို နှစ်သိမ့်ရန် ခါးလေးကို ဖက်ထားသော်လည်း သူ့လက်ကြီးများကတော့ ငြိမ်မနေသေးပေ။

ရွှယ်နင် စဉ်းစားကြည့်လိုက်တယ်။ ပုလဲက သူနှင့် အမြဲရှိနေတာဆိုတော့ တကယ်ပဲ ဘေးကင်းလောက်မှာပါ။

သူက ထိန်းမနိုင်သိမ်းမရ ဖြစ်နေတယ်ဆိုရင်တောင် အဆင်ပြေသင့်ပါတယ် ဟုတ်တယ်မလား။

နောက်ထပ် အမွှေးတိုင်တစ်တိုင်စာ အချိန်အနည်းငယ်ကြာသော် ချွေးများစိုရွှဲနေသည့် ရွှယ်နင်ကို ထိုအမျိုးသားက ရေချိုးပေးရန် ပွေ့ချီသွားပြီးနောက် ကုတင်ပေါ်သို့ ပြန်ခေါ်လာသည်။

ထို့နောက် သူကိုယ်တိုင်လည်း သန့်စင်လိုက်သည်။

ခေါင်းအုံးကို မှီလိုက်စဉ် သူမ၏ ခါးက နုံးခွေနေပြီး ပါးပြင်များလည်း ရဲနီနေသည်။

ကုတင်ခန်းဆီးပြင်ပမှ မှိန်ပျပျအလင်းရောင်အောက်တွင် အိပ်ရာခင်းပေါ်ရှိ သွေးကွက်တစ်ခုကို သူမ ရုတ်တရက် သတိထားမိလိုက်သည်။

သွေးကွက်ကအများကြီး မဟုတ်ပေမယ့် သိသာနေသည်။

သူမ ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး သေချာအနီးကပ်ကြည့်ရန် အနားတိုးသွားသည်။

ဤဘဝ၏ ပထမဆုံးအကြိမ်တုန်းက သွေးမထွက်ခဲ့သလို ယခင်အကြိမ်များကလည်း ပုံမှန်သာဖြစ်ခဲ့သည်။

ဒီနေ့ သူက ထူးထူးခြားခြား ညင်သာနေခဲ့တာတောင် သူမက ဘယ်လိုလုပ် ရုတ်တရက် သွေးထွက်နေတာလဲ။

သူမ ခဏရပ်သွားပြီး သူမ၏ ဓမ္မတာမလာသည်မှာ ဘယ်လောက်ကြာပြီလဲဆိုတာကို သတိရသွားသည်။ သူမ၏ ဓမ္မတာလာခြင်းသာဖြစ်ကြောင်း သိလိုက်ရသဖြင့် အကူအညီမဲ့စွာ ပြုံးလိုက်မိသည်။

သူမက နာကျင်နေသော ခါးကို ပွတ်သပ်ရင်း ပေါင်ချန်ကို ခေါ်လိုက်သည်။

"သခင်မလေး—"

ပေါင်ချန် ဝင်လာပြီး အိပ်ရာခင်းကို မတင်ကာ အခန်းတွင်း လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်ကို အနည်းငယ် ဖွင့်လိုက်သည်။ သွေးကိုမြင်လိုက်သည်နှင့် သူမ ချက်ချင်း နားလည်သွား၏။

"သခင်မလေး ဓမ္မတာလာနေတာလား"

ရွှယ်နင် ခေါင်းညိတ်လိုက်ပြီး အဝတ်အစားလဲရန် သေတ္တာကို ဖွင့်လိုက်သည်။ ဒီလိုမျိုး မကြာခဏ မဖြစ်လေ့ရှိသော်လည်း ပေါင်ချန်က ဓမ္မတာသုံးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားခဲ့သည်။

"သခင်မလေး၊ ဒီရက်ပိုင်းတော့ သခင်လေးကို အရမ်းအလိုလိုက်လို့ မဖြစ်ဘူးနော်"

အိပ်ရာခင်းလဲလှယ်ပေးရင်း ပေါင်ချန်က မျက်နှာရဲရဲဖြင့် သတိပေးလိုက်သည်။

"သခင်မလေးရဲ့ ကျန်းမာရေးက ပိုအရေးကြီးတယ်။ မနက်ဖြန် မီးဖိုချောင်ကို ကြက်မည်းစွပ်ပြုတ်နဲ့ ဆေးနီငါးမျိုးဟင်းရည် ချက်ခိုင်းလိုက်မယ်"

"ကောင်းပါပြီ"

ပေါင်ချန်က တစ်ခုခုကို သတိရသွားပြီး မေးလိုက်သည်။

"အခုလာနေတော့ ဗိုက်နာသေးလား"

"မနာဘူး"

ရွှယ်နင်က ပြုံးရင်း ခေါင်းခါလိုက်၏။

"ထူးဆန်းတယ်၊ ဒါပေမဲ့ ငါ အားချဲ့နဲ့ အတူနေပြီးကတည်းက ငါ့ဗိုက်က အရင်ကလို မနာတော့ဘူး"

"ဒါဆို သခင်လေးက ရောဂါပါကုပေးနိုင်တာပေါ့"

ပေါင်ချန်က နောက်ပြောင်လိုက်သည်။

ရွှယ်နင် အောက်ငုံ့ကာ ပြုံးလိုက်၏။

"နင် အိမ်ထောင်ကျရင် သိလာလိမ့်မယ်。 သေချာအသုံးချတတ်ရင် ယောကျ်ားတစ်ယောက်က ဘယ်ဆေးထက်မဆို ပိုအကျိုးရှိတယ်"

ပေါင်ချန်က တခစ်ခစ် ရယ်မောလိုက်ပြီး မျက်နှာရဲနေသော သူမ၏ သခင်မလေးကို ခိုးကြည့်လိုက်သည်။

"ကျွန်မသိသားပဲ! ယောကျ်ားကောင်းတစ်ယောက်နဲ့ လက်ထပ်ရတာက ဘယ်အားဆေးထက်မဆို ပိုကောင်းတယ်။ တို့သခင်မလေးက ခင်ပွန်းကို ဆေးလို အသုံးချနေတာပဲ"

ရွှယ်နင် ပါးပြင်များပူထူလာပြီး သူမကို မျက်စောင်းထိုးလိုက်သည်။

"သတိထားစမ်း၊ အားချဲ့ ကြားသွားဦးမယ်"

ပေါင်ချန် အမြန်ပါးစပ်ပိတ်လိုက်ပြီး အိပ်ရာခင်းသစ်များကို ခင်းပေးလိုက်သည်။

"ကျွန်မ သွားတော့မယ်။ သခင်မလေး ဂရုစိုက်နော်"

ရွှယ်နင် အဝတ်လဲပြီးချိန်တွင် လီချန်ချဲ့လည်း ရေချိုးပြီးထွက်လာသည်။ ပေါင်ချန်ကလည်း သိတတ်စွာဖြင့် တံခါးကို ပိတ်ပေးသွား၏။

ကြောင်လေးဘေးတွင် ဒူးထောက်ထိုင်နေသော ရွှယ်နင်ကိုမြင်လျှင် လီချန်ချဲ့က မျက်ခုံးပင့်လိုက်သည်။

"ပေါင်ချန်နဲ့ ဘာတွေပြောပြီး အဲ့လောက်တောင် သဘောကျနေတာလဲ"

ရွှယ်နင် ကြောင်လေးကို ပွတ်သပ်ပေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး"

လီချန်ချဲ့က သူမကို နောက်ကျောမှ ဖက်လိုက်ပြီး ရမ္မက်သံစွက်နေသော သြရှရှအသံဖြင့် ပြောလာသည်။

"နင်နင်... ကိုယ် လုပ်ပေးတာ ကောင်းလား"

ရွှယ်နင် မျက်နှာပူထူသွားသည်။

"ရှင် ကြားလိုက်တာလား"

သူက ရယ်မောရင်း သူမ၏ ပါးပြင်ကို နမ်းလိုက်သည်။

"မိသွားပြီ။ ပြောပါဦး၊ ခင်ပွန်းက မင်းကို ကျေနပ်စေရဲ့လား"

သူမ မျက်နှာလွှဲလိုက်ချိန်တွင် သူက သူမ၏ မျက်နှာလေးကို အုပ်ကိုင်ကာ အကြိမ်အနည်းငယ် ထပ်နမ်းလိုက်သဖြင့် သူမ ပါးပြင်များ ပူထူသွားသည်။

သူမကို နမ်းရတာကို သူ အလွန်နှစ်သက်ကြောင်း ခံစားမိသော်လည်း တစ်ခါတစ်ရံတွင်တော့ လွန်လွန်းနေတယ်လို့ ထင်မိတယ်။

သူမက ငြင်းမရအောင် နူးညံ့နေတာလည်း မဟုတ်ဘူးလေ။သူက ဘာလို့ မလုံလောက်နိုင်ရတာလဲ?

သူမ ကြောင်အမ်းအမ်းဖြစ်နေတာကို မြင်လျှင် လီချန်ချဲ့က သူမအနား ပိုမိုတိုးကပ်လာပြီး သူ့မျက်လုံးများတွင် စိတ်မရှည်မှု အရိပ်အယောင်တစ်ခု သန်းနေသည်။

"ဘာလို့ အနမ်းမခံတာလဲ"

သူ တီးတိုးရေရွတ်လိုက်သည်။

ရွှယ်နင် မျက်တောင်ခတ်လိုက်ပြီး အပြစ်ကင်းစင်ကာ သြဇာလွှမ်းမိုးသည့် သူ့အကြည့်များကို မြင်လိုက်ရသည်။

သူမက သူ့ကို ကြည်လင်တောက်ပစွာ စိုက်ကြည့်လိုက်၏။

"အားချဲ့၊ ရှင် ဘာလို့ လူယုတ်မာလို လုပ်နေတာလဲ"

All Chapters