← Chapters

အခန်း ၂၉၉

Vol. 30 Ch. 299

အခန်း ၂၉၉

Vol. 30 Ch. 299

အခန်း ၂၉၉ - ကံကောင်းစွာဖြင့် သူမတစ်ယောက်တည်းသာ ပြန်လည်မွေးဖွားလာခြင်းဖြစ်သည်

ချွေးမတစ်ယောက်အနေဖြင့် ယောက္ခထီးဖြစ်သူ၏ သွားလာလှုပ်ရှားမှုများကို သူမ ဝေဖန်ပြောဆိုရဲခြင်းမရှိပေ။

"မလိုဘူး"

သခင်မဝမ်က အေးစက်စက် လှောင်ပြုံးပြုံးလိုက်ပြီး ရွှယ်နင်ကို ပျင်းရိလေးတွဲ့စွာဖြင့် ပြောလိုက်သည်။

"နင်လည်း သွားတော့"

သခင်မဝမ်က အမြဲတမ်း ဒီလိုပဲဖြစ်ပြီး မည်သူ့ကိုမျှ မျက်နှာချိုသွေးလေ့ မရှိပေ။

ရွှယ်နင်က အရိုအသေပေးလိုက်ပြီး သူမ၏ ရထားလုံးဆီသို့ ပြန်လာခဲ့သည်။

လီချန်လဲ့က အထဲမှာ ထိုင်နေနှင့်ပြီဖြစ်သည်။ ရွှယ်နင် ဝင်လာသည်နှင့် သူမက အတူတူထိုင်ရန် ဆွဲခေါ်လိုက်သည်။

ရထားလုံးနံရံကို မှီကာ မျက်လုံးမှိတ်ထားသော လီချန်ချဲ့က မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့အကြည့်တစ်ချက်တည်းနှင့်ပင် လီချန်လဲ့ကို မလိုလားစွာဖြင့် လက်လွှတ်သွားစေခဲ့သည်။

ရထားလုံး စတင်ထွက်ခွာလာပြီး လမ်းမကြီးများစွာကို ဖြတ်သန်းပြီးနောက် တားမြစ်နန်းတော်၏ ပင်မလမ်းမကြီးပေါ်သို့ ရောက်ရှိသွားသည်။

သူတို့ နန်းတော်တံခါးဝသို့ ရောက်ချိန်တွင် လူအများအပြား ဆင်းနေကြပြီဖြစ်ပြီး ရှေ့မှ ဖြည်းညင်းစွာ လျှောက်သွားနေကြသည်။

ကျန်းကော်နယ်စားမင်းအိမ်တော်၏ ရထားလုံးက နောက်ကျမှရောက်လာပြီး အနောက်ဆုံးတွင် နေရာယူလိုက်သည်။

ရှေ့တွင် အဆုံးအစမရှိသော လူတန်းကြီးရှိနေပြီး နန်းတော်၏ သုံးနှစ်တစ်ကြိမ် ကျင်းပသော ကိုယ်လုပ်တော်ရွေးချယ်ပွဲထက်ပင် ပို၍ စည်ကားနေသည်။

ကောင်းကင်က တဖြည်းဖြည်း မှောင်မိုက်လာသည်။

နေ့ခင်းဘက်က သာယာနေခဲ့သော်လည်း ယခုအခါ တိမ်များ စုဝေးလာပြီး မှိုင်းညို့နေသော အရိပ်အယောင်များ ကျရောက်နေသည်။

ခရီးစဉ်မှာ ပျင်းရိနေမည်ကို စိုးရိမ်သဖြင့် ရွှယ်နင်က ရထားလုံးထဲတွင် ဖတ်ရန် ပုံပြင်စာအုပ်တစ်အုပ် ယူလာခဲ့သည်။

ဒီနေ့တွင် အခြားလုပ်စရာ ဘာမှမရှိသော လီချန်ချဲ့က သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမနှင့်အတူ ထိုပေါ့ပေါ့ပါးပါး စာအုပ်ကို ဖတ်နေခဲ့သည်။

လီချန်လဲ့က လည်ပင်းကို ဆန့်ထုတ်ကာ ရွှယ်နင်၏ အနားသို့ ကပ်ပြီး အတူတူဖတ်နိုင်ရန် ကြိုးစားနေ၏။

စာအုပ်ထဲမှ ဇာတ်လမ်းက အလွန်ထူးဆန်းနေပြီး၊ လှပစွာစတင်ခဲ့သော်လည်း ဝမ်းနည်းဖွယ် ဇာတ်သိမ်းသွားသော လူငယ်လင်မယားနှစ်ယောက်၏ အချစ်ဇာတ်လမ်းကို ပြောပြထားသည်။

ထိုစုံတွဲက နှစ်တွေတစ်လျှောက် အကြိမ်ကြိမ် ရန်ဖြစ်ပြီး ကွဲကွာခဲ့ကြသော်လည်း သူတို့ တစ်ယောက်ကိုတစ်ယောက် ချစ်နေကြဆဲပင်။

နောက်ဆုံးတွင် မိန်းမဖြစ်သူက ဖျားနာပြီး တိုင်းတစ်ပါးတွင် သေဆုံးသွားခဲ့သည်။ ယောက်ျားဖြစ်သူက သူ့ဇနီးကို နောက်ဆုံးတစ်ကြိမ် မတွေ့လိုက်ရသည့်အတွက် နောင်တရကာ သူမနောက်သို့ လိုက်၍ အဆုံးစီရင်သွားခဲ့သည်။

လီချန်လဲ့၏ နက်မှောင်သော မျက်လုံးများက စာမျက်နှာပေါ်သို့ ကျရောက်သွားပြီး သူမက ခပ်ဖွဖွ နှာမှုတ်လိုက်သည်။

"ဒီလိုမျိုး သစ္စာရှိတဲ့ ယောက်ျားဆိုတာ ပုံပြင်စာအုပ်တွေထဲမှာပဲ ရှိမှာပါ။ ဘယ်ယောက်ျားက မိန်းမတစ်ယောက်အတွက် တကယ် အသေခံမှာလဲ။ အရမ်းကို လက်တွေ့မဆန်ဘူး၊ ယောင်းမ... အဲ့ဒီလို မထင်ဘူးလား"

လီချန်ချဲ့က ဘာမှမပြောပေ၊ သူ၏ တိုးညှင်းပြီး ဩရှရှအသံက နားထောင်လို့ကောင်းနေသည်။

"နင်နင်... စာမျက်နှာ လှန်လိုက်"

ရွှယ်နင်က လိမ္မာစွာဖြင့် စာမျက်နှာကို လှန်လိုက်သည်။

လီချန်လဲ့က စိုးရိမ်တကြီး ကန့်ကွက်လိုက်သည်။

"ယောင်းမ... ညီမလေး နောက်ဆုံးစာကြောင်းကို ဖတ်လို့ မပြီးသေးဘူး"

ရွှယ်နင်က ပြန်လှန်ပေးလိုက်ပြီး လီချန်လဲ့ ဖတ်လို့ပြီးသည်အထိ စောင့်ကာမှ နောက်စာမျက်နှာသို့ လှန်လိုက်သည်။

မိန်းမဖြစ်သူက အခြားမိန်းမတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ပြန်လည်မွေးဖွားလာသည့် အပိုင်းကို သူတို့ စိတ်ဝင်တစား ဖတ်နေကြစဉ်မှာပင် ရထားလုံးအပြင်ဘက်တွင် ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။

စပ်စုလိုစိတ်ဖြင့် လီချန်လဲ့က ရထားလုံးလိုက်ကာကို အမြန်မ,တင်ကာ အပြင်သို့ ချောင်းကြည့်လိုက်သည်။

"ဟင်... အဲ့ဒါ ရွှမ်းယီနယ်စားမင်းအိမ်တော်ရဲ့ ရထားလုံး မဟုတ်ဘူးလား"

ရွှယ်နင်၏ မျက်လုံးများက အနည်းငယ် လှုပ်ခတ်သွားသော်လည်း သူမ၏ အာရုံက ပုံပြင်စာအုပ်ပေါ်တွင်သာ ရှိနေဆဲဖြစ်သည်။

မိန်းမဖြစ်သူက ပြန်လည်မွေးဖွားလာခဲ့သလို၊ ယောက်ျားဖြစ်သူကလည်း ပြန်လည်မွေးဖွားလာခဲ့တယ်။

ဒီဇာတ်ကွက်က... ပြောပြလို့မရတဲ့ တစ်နည်းနည်းနဲ့ အနည်းငယ် ထူးဆန်းနေသလို ခံစားရတယ်။

သူမ၏အနောက်တွင်ရှိသော အမျိုးသား သိသွားမည်ကိုစိုးရိမ်သဖြင့် သူမက ပို၍တည်ငြိမ်အေးဆေးသည့်ဟန်ကို ဖော်ဆောင်လိုက်သည်။

ထိုပုံပြင်မျိုးကို ပထမဆုံးအကြိမ်ဖတ်နေသည့် လူတစ်ယောက်လို စူးစမ်းချင်စိတ်နှင့် အံ့သြဟန်ကိုပင် အတုအယောင်ပြုလုပ်လိုက်သည်။

"အားချဲ့... ကြည့်ပါဦး၊ ဒီလောကကြီးမှာ ဒီလိုထူးဆန်းတဲ့အရာမျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီမိန်းမက ပြန်လည်မွေးဖွားလာတာ၊ သူ(မ)ရဲ့ အရင်ဘဝက ခင်ပွန်းကလည်း ပြန်လည်မွေးဖွားလာတာတဲ့။"

သူမက နှုတ်မှထုတ်ပြောလိုက်သော်လည်း ရွှယ်နင်က စာအုပ်အပြင်ဘက်တွင် သူမတစ်ယောက်တည်းသာ ပြန်လည်မွေးဖွားလာသူဖြစ်သည့်အတွက် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

အကယ်၍ စုကျန်းကလည်း ပြန်လည်မွေးဖွားလာခဲ့ရင် -

သူမ၏နှလုံးသားက ပထမဆုံး ထိတ်လန့်တုန်လှုပ်သွားသော်လည်း နောက်ပိုင်းတွင် သဘောပေါက်သွားသည်။

သူပြန်လည်မွေးဖွားလာခဲ့ရင်တောင် သိသိသာသာ ပြောင်းလဲမှုရှိလာမှာ မဟုတ်ပေ။

အကြောင်းမူကား၊ သူက သူ့ဇနီးတဲ့ သူမကို အမုန်းဆုံးပဲ။ သူမကိုယ်တိုင် တစ်စုံတစ်ရာ လုပ်စရာမလိုဘဲ သူက သူ့အလိုလို သူမကို အဝေးသို့ ရှောင်ဖယ်သွားလိမ့်မယ်။

ထားလိုက်ပါတော့၊ ထားလိုက်ပါတော့။ သူမက လက်ထပ်ပြီးပြီဖြစ်လို့ အဲ့လိုအတွေးမျိုးကို ဘာလို့ တွေးနေရမှာလဲ။

နောက်နှစ်အနည်းငယ်အတွင်း သူမကိုယ်ဝန်ရပြီး လီမိသားစုအတွက် ကလေးတစ်ယောက်မွေးဖွားပေးလိုက်လျှင် လီမိသားစုတွင် သူမ၏ခြေကုပ်က ခိုင်မာသွားလိမ့်မယ်။

အနာဂတ်တွင် ခင်ပွန်းကို ထောက်ပံ့ခြင်း၊ ကလေးများကို ပြုစုပျိုးထောင်ခြင်းနှင့် သူမ၏ အိမ်ထောင်ရေးကိစ္စများကို စီမံခန့်ခွဲခြင်းတို့ဖြင့် ချောမွေ့ပြီး ငြိမ်းချမ်းသည့် ဘဝတစ်ခုကို ပိုင်ဆိုင်ရခြင်းသည်ပင် ကောင်းချီးတစ်ခု ဖြစ်၏။

"ယောင်းမ... အဲ့ဒါ မင်းသမီးရှို့နင်း မဟုတ်ဘူးလား"

လီချန်လဲ့က သူမ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ရထားလုံးမှ ဆင်းလာသည့် နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးကို ညွှန်ပြကာ စနောက်လိုက်သည်။

"သူ(မ)ကို နန်းတော်ထဲ တိုက်ရိုက်သယ်သွားတာလား။"

ကျန့်ကော်ဘုရားကျောင်းတွင် မင်းသမီးရှို့နင်းကို ကျောက်လှေကားထစ်များပေါ်မှ တွန်းချလိုက်သည့် ဖြစ်ရပ်က တော်တော်လေး ဆူညံသွားခဲ့သည်။

လွန်ခဲ့သောရက်များအတွင်းက ရွှယ်နင် သက်တမ်းမရှည်တော့ဘူးဟူသော ကောလာဟလများက လမ်းမများ၊ လမ်းကြားများတွင် ပျံ့နှံ့နေပြီး လူအများအပြားက ထိုမြင်ကွင်းကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ၏။

မျှော်လင့်မထားစွာပင် မင်းသားရီက မည်သည့်လှုပ်ရှားမှုမျှ မလုပ်ခဲ့ပေ။ ကြီးမားသည့် ကိစ္စဟု ထင်ရသည့်အရာက ပင်လယ်ထဲသို့ ကျောက်ခဲပစ်ချလိုက်သကဲ့သို့ တုန်ခါမှုပင် မရှိဘဲ ပြီးဆုံးသွားခဲ့သည်။

သိရှိရသမျှမှာ ရွှမ်းယီနယ်စားမင်းအိမ်တော်က သခင်မလေးကို ကုသရန် သမားတော်များစွာကို ခေါ်ယူခဲ့ပြီး နန်းတွင်းသမားတော်များကိုပင် ပင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

ထိုအခါမှသာ ရွှယ်နင်က သူမ၏အကြည့်ကို ရထားလုံးအပြင်ဘက်သို့ ဖြည်းဖြည်းချင်း ရွှေ့လိုက်သည်။

အမှန်ပင်၊ နန်းတွင်းအစေခံများနှင့် နန်းတွင်းရဲမက်များ သယ်ဆောင်လာသော ထိုင်ခုံတစ်ခုကရွှမ်းယီနယ်စားမင်းအိမ်တော်၏ ရထားလုံးဘေးသို့ ရောက်လာသည်။

သူတို့၏ပတ်လည်တွင် အထက်တန်းလွှာ အမျိုးသမီးငယ်များနှင့် ဂုဏ်သရေရှိ အမျိုးသမီးများက သူမကို မနာလိုသည့်အကြည့်များဖြင့် ကြည့်နေကြ၏။

စုကျန်းက ရှဲ့နင်းထန်ကို ရထားလုံးပေါ်မှ ကိုယ်တိုင်ဆင်းစေပြီး ထိုင်ခုံပေါ်သို့ နေရာချပေးသည်။

ရှဲ့နင်းထန်၏ မျက်လုံးများက နီရဲနေပုံရပြီး မျက်ရည်များက မျက်ဝန်းထောင့်တွင် တွဲလောင်းကျနေကာ အကြောင်းရင်းမသိဘဲ သူမဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။

သူမ၏ နက်မှောင်သော မျက်လုံးများထဲတွင် စူးရှသော အရိပ်တစ်ခု ဖြတ်ပြေးသွားပြီးနောက် သူမ၏လက်ကို မြှောက်ကာ စုကျန်း၏လည်ပင်းကို သိုင်းဖက်လိုက်သည်။

"ယောကျာ်း... ကျွန်မ ခါးနာနေတယ်"

ပတ်ဝန်းကျင်မှ အကြည့်များက ချက်ချင်းဆိုသလို အဓိပ္ပာယ်ပါသွားပြီး စုကျန်းက သူ၏ နုနယ်သောဇနီးကို အလွန်အမင်း ချစ်မြတ်နိုးသည့်အကြောင်း တီးတိုးပြောဆိုသံများ ထွက်ပေါ်လာသည်။

လူများစွာရှေ့တွင်ပင် စုကျန်းက ရှဲ့နင်းထန်ကို မျက်နှာသာပေးနေဆဲဖြစ်၏။

"ကိုယ် နှိပ်ပေးရမလား။"

ရှဲ့နင်းထန်က စိတ်ကျေနပ်စွာ မျက်လုံးများကို မှိတ်လိုက်သည်။

"အင်း... ယောကျာ်းရဲ့ နှိပ်ပေးမှုက အသက်သာဆုံးပဲ။"

စုကျန်း၏ အမူအရာက ပြောင်းလဲခြင်းမရှိပေ။

"နန်းတော်ထဲ ဝင်တာနဲ့ မင်း နားနေဖို့အတွက် နွေးထွေးတဲ့ အဆောင်တစ်ခု ရှာခိုင်းလိုက်မယ်။"

"မလိုပါဘူး ယောကျာ်းရယ်၊ ကျွန်မ အတော်လေး ပြန်ကောင်းနေပါပြီ။"

ထိုအမျိုးသမီးက ထိုင်ခုံပေါ်တွင် မှီတွယ်ရင်း ချွဲနွဲ့စွာ ပြောလိုက်သည်။ သူမ၏ မျက်ဝန်းများတွင် ချစ်ခင်မှုများ ပြည့်နှက်နေသည်။

"ကျွန်မ အရင်ဝင်နှင့်တော့မယ်နော် ယောကျာ်း။ နောက်မှ လာတွေ့ဖို့ မမေ့နဲ့ဦး။"

စုကျန်းက ခပ်အေးအေးပင် "အင်း" ဟု ပြန်ဖြေလိုက်သည်။

သူ၏ အေးစက်တည်ငြိမ်သော အမူအရာက အနီးအနားရှိ အမျိုးသမီးငယ်များ၏ အာရုံကို ဖမ်းစားလိုက်ပြီး သူတို့က ပါးစပ်ကို ပိတ်ကာ ခိုးကြည့်နေကြသည်။

"သခင်စုက မာနကြီးတယ်လို့ ပြောကြတာ မဟုတ်ဘူးလား။ ဘာလို့ မင်းသမီးအပေါ်မှာ ဒီလောက်တောင် ကောင်းနေရတာလဲ။"

"သူ(မ)က မင်းသမီးလေ၊ ဘယ်လိုလုပ် အတူတူဖြစ်နိုင်မလဲ။ ဒါ့အပြင် သခင်စုရဲ့ နှလုံးသားထဲမှာ 'လရောင်ဖြူ' တစ်ယောက်ရှိတယ်ဆိုတာ အကြာကြီးကတည်းက သတင်းထွက်နေတာ၊ အဲ့ဒါ မင်းသမီးရှို့နင်း ဖြစ်ဖို့များတယ်။"

"သခင်စုက ရုပ်ရည်ချောမောတယ်၊ ရာထူးကြီးတယ်၊ သူ့ဇနီးအပေါ်မှာလည်း အဲ့ဒီလောက်တောင် အချစ်ကြီးတယ်၊ တကယ့်ကို မနာလိုစရာပဲ!"

"ကျွန်မဆိုရင် သူ့ရဲ့ မယားငယ်ဖြစ်ရရင်တောင် ကျေနပ်မိမှာပဲ။"

"နင်က သူ့မယားငယ် ဖြစ်ချင်နေတာ၊ သူက နင့်ကို လိုချင်ပါ့မလား။"

ဒါက အမှန်ပင်။ ယခင်ဘဝက စုကျန်းသည် သူမကို ဆိုးရွားစွာ ဆက်ဆံခဲ့သော်လည်း မယားငယ်ထားရန် စိတ်ကူးပင် မရှိခဲ့ပေ။

သူက သူ့နှလုံးသားထဲတွင် မင်းသမီးရှို့နင်းအပေါ် အမြဲတမ်း သစ္စာရှိခဲ့သည်။ ယခု သူဆန္ဒရှိသည့်အတိုင်း သူမနှင့် လက်ထပ်လိုက်ရပြီ ဖြစ်တာကြောင့် အခြားမိန်းမများနှင့် ပတ်သက်မိရန် ပို၍ပင် ဖြစ်နိုင်ခြေနည်းပါးသည်။

ရွှယ်နင်၏ နှလုံးသားသည် ယခုအခါ ငြိမ်သက်နေသော ရေပြင်ကဲ့သို့ အေးချမ်းနေသည်။

စုကျန်းနှင့် ရှဲ့နင်းထန်တို့ အချစ်ပြိုင်ပွဲကို ကြည့်နေရသော်လည်း သူမ၏ စိတ်အခြေအနေမှာ အလွန်ပင် တည်ငြိမ်နေဆဲဖြစ်၏။

သူတို့က အရင်ကတည်းက အတူတူရှိနှင့်ခဲ့သင့်တယ်။ သုံးနှစ်အတွင်း ကလေးနှစ်ယောက်မွေးပြီး သူမရဲ့ မျက်စိရှေ့မှာ ထပ်ပြီး မပေါ်လာတော့ရင် အကောင်းဆုံးပင်။

မကြာသေးမီက ရှဲ့နင်းထန်မှာ ပို၍ ဆင်ခြင်လာသည်။ မင်းသားရီက သူမအတွက် ကျန်းကော်နယ်စားမင်းအိမ်တော်ကို ဆန့်ကျင်တော့မည်မဟုတ်ကြောင်း သဘောပေါက်သွားပြီးနောက်၊ သူမနှင့် တွေ့တိုင်း ရွှယ်နင်အပေါ် ဆက်ဆံပုံမှာ အတော်လေး ယဉ်ကျေးလာသည်။ စုကျန်းကလည်း သူမ မင်ယွဲ့ဆောင်သို့ လာရောက်လေ့ရှိသည့် ရက်များကို ရှောင်ရှားရန် ကြိုးစားနေသဖြင့် သူတို့ မတွေ့ဆုံခဲ့တာ လဝက်လောက်ပင် ရှိပြီ။

သူမအပေါ် စုကျန်း၏ အကွာအဝေးထားခြင်းနှင့် ရှောင်ဖယ်ခြင်းကို သူမ ခံစားမိသည်။ ထိုအချက်က သူမအတွက် အကောင်းဆုံးပင်။

ယနေ့တွင် နန်းတော်အပြင်ဘက်ရှိ အရာရှိများ၏ မိသားစုများ ဝင်ရောက်နေကြသော်လည်း ထိုသို့ ဂုဏ်ပြုခံရသူ အနည်းငယ်သာ ရှိသည်။

ကျန်းကော်နယ်စားမင်းအိမ်တော်၏ ရထားလုံးက တိုက်ရိုက်ဝင်ရောက်ခွင့် ရှိသော်လည်း ရွှယ်နင်က နန်းတော်ထဲသို့ စောစောစီးစီး မဝင်ချင်ပေ။

ကံကောင်းထောက်မစွာပင် အားချဲ့က သူမနှင့်အတူ ဤနေရာတွင် အချိန်ဖြုန်းပေးရန် ဆန္ဒရှိနေသည်။ ထို့ကြောင့် သူမကို ထို 'လှောင်အိမ်' (နန်းတော်) ထဲသို့ စောစောဝင်ရန် ပို၍ပင် တွန့်ဆုတ်သွားစေသည်။

ရှဲ့နင်းထန်ကို လိုက်ပို့ပြီးနောက် စုကျန်းက နောက်သို့ လှည့်ကြည့်လိုက်ရာ ကျန်းကော်နယ်စားမင်းအိမ်တော်၏ ရထားလုံးကို တွေ့လိုက်ရသည်။

သူ့အကြည့်က အဝေးမှနေ၍ ရထားလုံးဆီသို့ ရောက်သွားချိန်တွင် ရွှယ်နင်က ရထားလုံး၏ လိုက်ကာကို ချလိုက်သည်။

All Chapters