← Chapters

အခန်း ၁၆၀-၁၆၁

Vol. 11 Ch. 160-161

အခန်း ၁၆၀-၁၆၁

Vol. 11 Ch. 160-161

အခန်း ၁၆၁ မုန့်ချဲ့ဝေ ထပ်ရောက်လာပြီ

အဖွဲ့တွင် စုစုပေါင်း သုံးယောက် ရှိသည်။

အစကတည်းက ကျန်းမန်က ကောင်းရုံနှင့် အဖွဲ့ဖွဲ့ခဲ့ပြီး လစ်လပ်နေသော တစ်နေရာအတွက် သူ တစ်ခါမှ ဂရုမစိုက်ခဲ့ပေ။

အချိန်ကျလျှင် ကျပန်း တစ်ယောက်လောက် ခေါ်ထည့်လိုက်လျှင် ရပြီ ဖြစ်သည်။

ပုံမှန်ဆိုလျှင် နောက်ဆွဲ မဖြစ်လျှင် ရပြီ ဖြစ်သည်။

လောလောဆယ် အခြေအနေအရ ကြည့်လျှင် ခေါ်မသွားနိုင်ဘူး ဆိုတာက ကိုယ်တိုင် အစွမ်းမထက်လို့ပဲ ဖြစ်မည်။

ဒါကြောင့် ပိုပြီး ကြိုးစားရမည်။

ယခု ကောင်းရုံက ပါရမီရှင် တစ်ယောက်ကို ခေါ်လာခဲ့သည်၊ ထို့အပြင် အခြေခံတည်ဆောက်ခြင်း ပြီးပြည့်စုံတဲ့အဆင့် ဖြစ်နေသေးသည်။

ကျန်းမန်က သဘာဝကျကျ ငြင်းဆိုမည် မဟုတ်ပေ။

အကြမ်းဖျင်း မိတ်ဆက်ပြီးနောက် သူတို့ ထွက်ခွာသွားကြသည်။

လူတွေ အဝေးကို ရောက်သွားသည်ကို ကြည့်ကာ ကျန်းမန်က သိချင်စိတ်ဖြင့် ပြောလိုက်သည်။

"အဝါကြီး ဒီအမျိုးသမီး ပါရမီရှင်က ဆင်းရဲတဲ့ပုံ မပေါက်ဘူးနော်"

"ဆင်းရဲတဲ့သူ မဟုတ်ရင် ဘာလဲ"

နွားဝါကြီးက ခေါင်းတောင် မဖော်ဘဲ ပြန်ပြောလိုက်သည်။

"ဘယ်သူ သိမှာလဲ"

ကျန်းမန်က ပြုံးလျက် ပြောသည်။

"ဘယ်ဆင်းရဲသား မိသားစုက လက်ချောင်းလေးတွေက ဒီလောက် နူးညံ့ဖြူဖွေးနေမှာလဲ အသားအရေ နူးညံ့တာကိုတော့ နားလည်ပေးလို့ ရပေမယ့် လက်ချောင်းတွေကတော့ မရဘူးလေ"

"မှော်ပညာရပ်တွေ၊ ကျင့်စဉ်တွေ ကျင့်ကြံရင် လက်ချောင်းတွေက အနည်းနဲ့အများတော့ ကြမ်းတမ်းသွားတာပဲ"

"နူးညံ့နေအောင် ထိန်းထားချင်ရင် ဝိညာဉ်ကျောက်တုံးတွေ အများကြီး သုံးရတယ်"

"သူမက အလှကြိုက်လို့ လက်ချောင်းတွေပေါ်မှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီး သုံးထားတာ မဖြစ်နိုင်ဘူးလား"

နွားဝါကြီးက မေးလိုက်သည်။

ကျန်းမန်က ပခုံးတွန့်ကာ ပြုံးလျက် ထပ်ပြောသည်။

"ဒါဆို ဘာလို့ သင့်တော်တဲ့ အဝတ်အစား တစ်ထည်လောက် မဝယ်တာလဲ ငါ့လိုမျိုး ဆင်းရဲတဲ့ ပုံစံမျိုး ဝတ်လာရတာလဲ"

"သူမက ရည်ရွယ်ချက် တစ်ခုခု ရှိနေလို့လား"

နွားဝါကြီးက မြက်စားရင်း ကျန်းမန်ကို ကြည့်ကာ မေးလိုက်သည်။

ကျန်းမန်က ဂရုမစိုက်ဘဲ ဆက်လက် ကျင့်ကြံနေရင်း ပြောလိုက်သည်။

"ငါနဲ့ ဘာမှမဆိုင်ပါဘူး အသေးအဖွဲ ကိစ္စတွေချည်းပါပဲ သူမ ဘာလုပ်ချင်လုပ်ချင် ငါ့ကျင့်ကြံမှုကို မထိခိုက်ရင် ရပါပြီ" ဟု

သူမမှာ အဖွဲ့မရှိဘူးဆိုတာကတော့ နားထောင်ရုံလောက်ပဲ ထားလိုက်ပါ။

ဘယ်သူက ယုံမှာလဲ။

ကောင်းရုံ ယုံမလား။

ကျန်းမန်ကတော့ မသိဘူးလေ။

ထို့နောက် ကျန်းမန် ဆက်မတွေးတော့ဘဲ စိတ်အာရုံကို သန့်စင်ပြီးနောက် ခရမ်းရောင်တိမ်တိုက် အလင်းတန်းကို စတင် မြှင့်တင်လေတော့သည်။

ခရမ်းရောင်တိမ်တိုက် အလင်းတန်းကို ကျန်းမန်က ကျွန်းစုများတွင် ရှိစဉ်ကတည်းက အဆင့်ခြောက်အထိ ကျင့်ကြံထားခဲ့ပြီး ဖြစ်သည်။

ကျန်တာတွေကို ဆက်ကျင့်ရုံပဲ ဒါပေမယ့် အဆင့်တက်ဖို့ဆိုတာ အဲဒီလောက် မလွယ်ကူဘူးလေ။

ခရမ်းရောင်တိမ်တိုက် အလင်းတန်း ရဲ့ ကျင့်ကြံနှုန်းကတော့ မနှေးပါဘူး။

ဒါပေမယ့် အထွတ်အထိပ် ရောက်ဖို့ကတော့ အလှမ်းဝေးပါသေးတယ်။

တစ်ရက် အကြာတွင်….

ခရမ်းရောင်တိမ်တိုက် အလင်းတန်း အဆင့်ခုနစ်…

သုံးရက် အကြာတွင်…

ခရမ်းရောင်တိမ်တိုက် အလင်းတန်း အဆင့်ရှစ်

ခြောက်ရက် အကြာတွင်…

ခရမ်းရောင်တိမ်တိုက် အလင်းတန်း အဆင့်ကိုး

ဆယ့်တစ်ရက် အကြာတွင်

ခရမ်းရောင်တိမ်တိုက် အလင်းတန်း အဆင့်တစ်ဆယ်

မေလ ဆယ့်နှစ်ရက်နေ့….

ကျန်းမန်က မကြာသေးမီက တိုးတက်မှုများကို ခံစားကြည့်ပြီးနောက် ဤအတိုင်း ဆက်လက် ကျင့်ကြံနေပါက မီးခိုးငွေ့ နိဒါန်း အထွတ်အထိပ် ရောက်ဖို့တော့ မဖြစ်နိုင်တော့ဘူးလို့ ခံစားလိုက်ရတယ်။

ရတနာ တစ်ခုခု သွားစမ်းကြည့်မှ ရတော့မယ်။

ပါရမီ တစ်စိတ်တစ်ပိုင်းကို နှိုးဆွနိုင်မလားလို့ သွားကြည့်ရမယ်။

မှော်ပညာရပ် ပါရမီဆိုရင် အကောင်းဆုံးပဲ။

မဟုတ်ရင် ပြိုင်ပွဲကြီးထဲ ဝင်သွားရင် ခွန်အားကိုပဲ သုံးရမှာ တိုက်ခိုက်မှုတွေကို ရှောင်ဖို့တောင် ခက်လိမ့်မယ်။

ဒါပေမယ့် ဘယ်သွားစမ်းရမလဲ။

ကျန်းမန် ခြံဝင်းငယ်ကို တစ်ခေါက်သွားပြီး ဆရာမယန်ကို သွားမေးခဲ့တယ်။

ရလာတဲ့ အဖြေက ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်တွေရဲ့ ပြိုင်ပွဲကြီးက အပြင်ဂိုဏ်းမှာ မဟုတ်ဘဲ တောင်တန်းတွေထဲမှာ လုပ်တာတဲ့ တောင်တန်းတွေထဲမှာ အရင်က ဂိုဏ်းရဲ့ အပျက်အစီးတွေ ရှိတယ် ဒါတင်မကသေးဘူး အစွမ်းထက်တဲ့ ရှေးဟောင်းပစ္စည်း တချို့လည်း ရှိသေးတယ်တဲ့။

ရတနာတွေ ရှိကောင်း ရှိနိုင်ပါတယ်။

ထို့အပြင် အတွင်းဂိုဏ်းလည်း ရှိပါသေးသည်။

အတွင်းဂိုဏ်းတွင် ထူးခြားသော နေရာအချို့ ရှိပြီး အမည်မသိ အရာအချို့ ရှိတတ်ကြသည်။

နောင်လာနောက်သားများ ခွဲခြားသိမြင်နိုင်ရန် ချန်ထားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ထဲတွင် ရတနာများ ရှိနိုင်ခြေ ရှိသည်။

တချို့အရာတွေဆိုရင် ခွဲခြားသိမြင်နိုင်တာနဲ့ ယူသွားလို့ ရတဲ့ အခွင့်အရေး ရှိတယ်လို့တောင် ကြားဖူးတယ်။

ဒီအရာတွေကို ကျန်းမန် ဂရုမစိုက်ပါဘူး လောလောဆယ် သူ အာရုံစိုက်ဆုံးက ပြိုင်ပွဲကြီးမှာ ရတနာ ရှာတွေ့နိုင်မလား ဆိုတာပါပဲ။

အခုတော့ မျှော်လင့်ချက်တွေကို ပြိုင်ပွဲကြီး အပေါ်မှာပဲ ပုံထားရတော့မှာပေါ့။

အရင်ဆုံး ခရမ်းရောင်တိမ်တိုက် အလင်းတန်းကို ဆက်ပြီး မြှင့်တင်ရမယ်။

အဆင့်မြင့် မီးခိုးငွေ့ နိဒါန်းက ကောင်းပေမယ့် နောက်ဆုံးမှာတော့ အစွမ်းထက်တဲ့ နည်းလမ်း ရှိမှ ရမှာလေ။

မဟုတ်ရင် တိုက်ခိုက်ရတာ အရမ်း ပင်ပန်းလိမ့်မယ်။

အရင်တုန်းက ဒီလိုပဲဖြစ်ခဲ့တာ ခံစစ်ပဲ ရှိပြီး တိုက်စစ်မရှိဘူး။

ပြန်မတိုက်နိုင်ခဲ့ဘူး။

ထို့နောက် ကျန်းမန်က စိတ်အာရုံကို သန့်စင်ရင်း ခရမ်းရောင်တိမ်တိုက် အလင်းတန်း ကို စတင် မြှင့်တင်လေတော့သည်။

နောက်ထပ် ဆယ်ရက် ကုန်လွန်သွားခဲ့သည်။

ခရမ်းရောင်တိမ်တိုက် အလင်းတန်း အဆင့်ဆယ့်တစ်

ရက်သုံးဆယ် အကြာတွင်….

ခရမ်းရောင်တိမ်တိုက် အလင်းတန်း အဆင့်ဆယ့်နှစ်

ငါးဆယ့်ရှစ်ရက် အကြာတွင်…

ခရမ်းရောင်တိမ်တိုက် အလင်းတန်း အဆင့်ဆယ့်သုံး..

ဇူလိုင်လ ဆယ်ရက်နေ့

ယခုအချိန်တွင် ကျန်းမန် ဝိညာဉ်ကျောက်တုံး ခြောက်ထောင် ထပ်ထုတ်လိုက်ရသော်လည်း အိမ်လခ ပေးလိုက်ရသည်။

ဒါတင်မကသေးဘူး ဒီကာလအတွင်းမှာ မူလ ခြောက်ထောင်ကလည်း တစ်ထောင် စားသုံးလိုက်ရပြီး ခြံဝင်းငယ်ရဲ့ ဝိညာဉ်စွမ်းအင် ဝင်္ကပါကလည်း တစ်ထောင်ကျော် ကုန်သွားသေးတယ်။

သုံးထောင့်ငါးရာ ကျန်သေးတယ်။

ဒီလောက် ဆင်းရဲတာ အတော်ကြာပြီပဲ။

ဝမ်းသာစရာကောင်းတာကတော့ စိတ်အာရုံ နဝမမြောက် ဘူးသီး ပြည့်တော့မှာပဲ။

ဆေးလုံး ဆယ်လုံးလည်း စားပြီးပြီ။

ကျန်တဲ့ တစ်လခွဲ အချိန်အတွင်း လုံးဝ ပြည့်အောင် လုပ်နိုင်ပါတယ်။

"အဝါကြီး ငါ အခြေခံတည်ဆောက်ခြင်း ကာလအတွင်းမှာ ပထမဆုံး တိုက်ခိုက်ရေး အဆင့်မြင့် ကျင့်စဉ်ကို အထွတ်အထိပ် ရောက်အောင် ကျင့်နိုင်ခဲ့ပြီ အခု ငါ အရမ်း အစွမ်းထက်နေပြီလို့ ခံစားရတယ် ဒါပေမယ့် စွမ်းအား ဘယ်လောက်ရှိလဲဆိုတာတော့ မသိဘူး"

"မင်းအပေါ်မှာ သုံးကြည့်ရမလား"

ကျန်းမန်က နွားဝါကြီးကို ကြည့်ကာ မေးလိုက်သည်။

မြက်စားနေသော နွားဝါကြီး ခဏရပ်သွားပြီးနောက် မျက်ခုံးပင့်ကာ ကျန်းမန်ကို ကြည့်လျက် ပြောလိုက်သည်။

"ငါ့ဆီမှာ ပိုကောင်းတဲ့ သူတစ်ယောက် ရှိတယ်" ဟု

ထိုစကားကို ကြားသောအခါ ကျန်းမန် အနည်းငယ် အံ့သြသွားသည်။

"ဘယ်သူလဲ"

"မင်း တံခါးဖွင့်ကြည့်လိုက်လေ"

နွားဝါကြီးက ပြောလိုက်သည်။

ကျန်းမန်က မသိမသာ သွားပြီး တံခါးကို ဖွင့်လိုက်သည်။

တံခါးဖွင့်လိုက်သည့် အခိုက်အတန့်တွင် အပြာနှင့် အဖြူရောင်စပ် အင်မော်တယ် ဂါဝန်ကို ဝတ်ဆင်ထားသော အမျိုးသမီးက သူ့ကို ခေါင်းလေးစောင်းကာ မျက်လုံးများ မှေးလျက် တောက်ပသော အပြုံးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

တစ်ခဏချင်းမှာပင် ကျန်းမန် လက်တုန်သွားပြီး တံခါးကို ပြန်ပိတ်လိုက်သည်။

နွားဝါကြီးက ခေါင်းငုံ့ပြီး ဝိညာဉ်မြက်စားရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်း သူ့အပေါ် ခရမ်းရောင်တိမ်တိုက် အလင်းတန်းကို သုံးကြည့်လိုက်ရင် စွမ်းအား ဘယ်လောက်ရှိလဲ ဆိုတာ သိရမှာပေါ့"

"နွားအပေါ် သုံးတာထက် ပိုပြီး သိသာမှာပါ"

"အဝါကြီး မင်း ပြောင်းလဲသွားပြီ နောက်ပြောင်တတ်လာပြီပဲ"

ကျန်းမန်က ပြောလိုက်ပြီး ခဏရပ်ကာ မေးလိုက်သည်။

"သူမ ဘယ်အချိန်ကတည်းက ရောက်နေတာလဲ" ဟု

"ရောက်နေတာ နည်းနည်းတော့ ကြာပြီ မင်း ကျင့်ကြံနေတာကို မြင်လို့ မနှောင့်ယှက်တာ"

နွားဝါကြီးက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

ကျန်းမန် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တံခါးကိုဖွင့်ကာ ဝင်သွားခဲ့သည်။

ဒီနေ့ ဇူလိုင်လ ဆယ်ရက်နေ့

မေလတုန်းက နွားဝါကြီး သတိပေးခဲ့သေးတယ်။

ဒါပေမယ့် ကျင့်ကြံရတာ အရမ်း အာရုံစိုက်လွန်းလို့ တစ်ခဏတာ မေ့သွားခဲ့တာ။

နွားဝါကြီးရဲ့ အကွက်ဆင်တာကို ခံလိုက်ရမယ်လို့ မထင်ထားဘူး။

ဝင်သွားတဲ့အခါ အပြာနဲ့ အဖြူရောင်စပ် အင်မော်တယ် ဂါဝန် ဝတ်ဆင်ထားတဲ့ အမျိုးသမီးက ထိုင်ခုံမှာ သပ်ရပ်စွာ ထိုင်နေပြီး အဝတ်အစားတွေက ပြတင်းပေါက်ကနေ ဝင်လာတဲ့ လေပြေနဲ့အတူ လွင့်ဝဲနေတာကို တွေ့လိုက်ရသည်။

လောကီအညစ်အကြေးတွေ ကင်းစင်နေတဲ့ သူမရဲ့ အသွင်အပြင်က ဒီရိုးရှင်းတဲ့ အခန်းလေးနဲ့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေသည်။

မုန့်ချဲ့ဝေ က သူမရဲ့ အဝတ်အစားကို ငုံ့ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

"ယောကျ်ားက မိန်းမရဲ့ အဝတ်အစားကို ပြဿနာ ရှိတယ်လို့ ထင်နေတာလား"

"ယောကျ်ားကို လာတွေ့မယ်ဆိုတော့ မသိမသာပဲ ပြင်ဆင်မိသွားတာ"

" ကြည့်ကောင်းတယ်လို့ ထင်လား"

"နတ်သမီးလေးက မပြင်ဆင်လည်း လှပါတယ်"

ကျန်းမန်က အမှန်အတိုင်း ပြောလိုက်သည်။

"ဒါဆို ပြင်ဆင်ပြီးသွားရင်ရော"

မုန့်ချဲ့ဝေက ပြုံးလျက် မေးလိုက်သည်။

တစ်ဖက်လူ၏ အပြုံးက ကျန်းမန်ကို အန္တရာယ်ရှိသည်ဟု ခံစားရစေသော်လည်း တစ်ဖက်လူ၏ စွမ်းအားများ ကူးလာ၍ မရနိုင်ကြောင်း သတိရလိုက်သောအခါ အနည်းငယ် စိတ်အေးသွားသည်။

"ဖုန်ကင်းစင်သွားတဲ့ ပုလဲလုံးလေးလိုပဲ"

မုန့်ချဲ့ဝေက ကျန်းမန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူမကိုယ်တိုင် ရေတစ်ခွက် ငှဲ့လိုက်သည်။

လက်ဖက်ရည်အိုးကို ကြည့်ရင်း သူမက ရုတ်တရက် မေးလိုက်သည်။

"ယောကျ်ားက ဒီလို ပစ္စည်းတွေ မသုံးဘူး မဟုတ်လား"

"နတ်သမီးလေးအတွက် ပြင်ဆင်ထားတာလေ"

ကျန်းမန်က ပြန်ဖြေလိုက်သည်။

တစ်ဖက်လူက လက်ဖက်ရည်အိုးလို သေးငယ်တဲ့ ပစ္စည်းလေးကြောင့် သူ့ကို မျက်နှာပျက်သွားရင် တကယ်ကို အလကား သေရမှာပဲလေ။

မုန့်ချဲ့ဝေ က လက်ဖက်ရည်ပန်းကန်လုံးကို ဖြည်းညှင်းစွာ ကိုင်လိုက်ပြီး ကျန်းမန်ကို ကြည့်ကာ မေးလိုက်သည်။

"ယောကျ်ားက ညမအိပ်ဘဲ ကျင့်ကြံတာလား"

"ညမအိပ်ပါဘူး"

ကျန်းမန်က အမှန်အတိုင်း ပြောလိုက်သည်။

"စိတ်အာရုံ ထိခိုက်မှာကို မကြောက်ဘူးလား"

မုန့်ချဲ့ဝေက မေးလိုက်သည်။

"ဆေးလုံး များများစားရင် ပြန်ကောင်းသွားတာပဲ"

ကျန်းမန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

မုန့်ချဲ့ဝေ တိတ်ဆိတ်သွားခဲ့သည်။

ကျန်းမန်လည်း တိတ်ဆိတ်နေခဲ့သည်။

နောက်ဆုံးတွင် မုန့်ချဲ့ဝေ က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"ယောကျ်ားက နည်းနည်း တင်းမာနေသလိုပဲ လာတွေ့တာကို မကြိုက်လို့လား"

"ဒါမှမဟုတ် ကိုယ်တိုင် ဆင်းလာမှာကို စိုးရိမ်နေတာလား"

ကိုယ်တိုင် ဆင်းလာမည့် ကိစ္စကို ပြောလိုက်သောအခါ ကျန်းမန်က ချွေးစေးများ ထွက်လာပြီး မေးလိုက်သည်။

"ဒါဆို ဘာပြောရမလဲ"

မုန့်ချဲ့ဝေ က စိတ်ဝင်စားသွားပြီး မေးလိုက်သည်။

"ဟာသပြောတတ်လား"

"ဟာသလား"

ကျန်းမန်က စဉ်းစားကြည့်ပြီး ပြန်ဖြေသည်။

"မေးခွန်းတော့ မေးတတ်တယ်"

မုန့်ချဲ့ဝေ နားမလည်နိုင် ဖြစ်သွားသည်။

ထို့နောက် ကျန်းမန်က တံခါးပေါက်မှတစ်ဆင့် ခြံဝင်းထဲသို့ ကြည့်ကာ မေးလိုက်သည်။

"နတ်သမီးလေး နွားဝါကြီးမှာ ခြေထောက် ဘယ်နှစ်ချောင်း ရှိတယ်လို့ ထင်လဲ"

"လေးချောင်းလား"

မုန့်ချဲ့ဝေ က စမ်းသပ်သလို ဖြေလိုက်သည်။

ကျန်းမန်က ခေါင်းငြိမ့်ပြပြီး ထပ်မေးလိုက်သည်။

"ဒါဆို နတ်သမီးလေး သူ့ဆီမှာ အမွေး ဘယ်လောက်ရှိတယ်လို့ ထင်လဲ"

မုန့်ချဲ့ဝေ က မျက်လုံးဖြင့် ခန့်မှန်းကြည့်ပြီး ဖြေလိုက်သည်။

"နှစ်သိန်းငါးသောင်းရှစ်ထောင့်ခြောက်ရာသုံးဆယ့်ခြောက်ချောင်း"

ထိုအဖြေကို ကြားသောအခါ ကျန်းမန် ဆွံ့အသွားခဲ့သည်။

ချက်ချင်းပင် တုံ့ပြန်ဖို့ ခက်ခဲသွားခဲ့သည်။

မျက်လုံးနဲ့ မှန်းတာ ဒီလောက်တောင် တိကျတာလား။

ဒါ သူ လုံးဝ မစဉ်းစားဖူးတဲ့ အဖြေပဲ၊ ကျင့်ကြံသူတွေက ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား။

ကျန်းမန်က ချက်ချင်းပဲ စိတ်အာရုံကို ထိန်းချုပ်လိုက်ပြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

မုန့်ချဲ့ဝေ အတော်လေး အံ့သြသွားသည်။

"အဲဒီလောက် တွေ့နေရလို့လေ"

ကျန်းမန်က ခေါင်းအနည်းငယ် ခါပြလိုက်သည်။

"မဟုတ်ဘူးလား"

မုန့်ချဲ့ဝေ က ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။

"တာအိုရဲ့ သတ်မှတ်ချက်ကြောင့်လေ"

ကျန်းမန်က ထပ်ပြီး ခေါင်းခါပြလိုက်သည်။

မုန့်ချဲ့ဝေ က ခဏလောက် စဉ်းစားလိုက်သည်။

"တာအိုရဲ့ သတ်မှတ်ချက်အောက်မှာ သက်ရှိမျိုးနွယ်တွေကို ခွဲခြားသတ်မှတ်ထားတယ်၊ သက်တမ်း၊ အသားအရေ အရောင်၊ အရပ်အမြင့်၊ အမွေးအမှင် အရေအတွက်တွေက သတ်မှတ်ထားတဲ့ ဘောင်အတွင်းမှာ ရှိနေလို့ပဲ"

ကျန်းမန်က ခေါင်းခါပြနေတုန်းပဲ ဖြစ်သော်လည်း စိတ်ထဲတွင်တော့ အံ့သြလွန်းလို့ စကားတောင် မပြောနိုင်အောင် ဖြစ်နေခဲ့သည်။

သူ လုံးဝ နားမလည်ဘူး။

မုန့်ချဲ့ဝေ က ထပ်မဖြေတော့ဘဲ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

"မြက်ကျွေးလို့"

ကျန်းမန်က မျက်နှာပူပူဖြင့် ပြောလိုက်သည်။

ဒီအဖြေက သူ့ကိုယ်သူ အသိဉာဏ် မပွင့်သေးသလို ခံစားရစေတယ်။

မုန့်ချဲ့ဝေက အဖြေကို ကြားလိုက်သည့် အခိုက်အတန့်တွင် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။

"ယောကျ်ားက တကယ်ပဲ ဟာသပြောတတ်တာပဲ"

ဆယ့်ခြောက်စက္ကန့် အကြာတွင် သူမ ရုတ်တရက် ရယ်မောလိုက်ပြီး ကျန်းမန်ကို ကြည့် ပြောလိုက်သည်။

ကျန်းမန်ကတော့ ကြားပြီး ကုတင်အောက် ဝင်ပုန်းချင်စိတ်တောင် ပေါက်သွားတယ်။

အဲဒီ အခိုက်အတန့်မှာ သူ သတိပြန်ရလာကတည်းက ဒီလောက် မျက်နှာမပျက်ဖူးဘူးလို့ ခံစားလိုက်ရတယ်။

မုန့်ချဲ့ဝေ ရဲ့ ပန်းလေးလို မျက်နှာကို ကြည့်ပြီး မသိမသာ ရွယ်တူလို့ ထင်လိုက်မိတာကိုး။

တစ်ဖက်လူက နှစ်ပေါင်းဘယ်လောက်တောင် အသက်ရှင်ခဲ့လဲဆိုတာ မသိတာကို မေ့သွားတယ်။

ဒီလို အဖြေမျိုးက ကလေးဆန်ပြီး အသိဉာဏ်ကင်းမဲ့တယ်လို့ အထင်ခံရမှာပဲ၊ ဒါမှမဟုတ် နောက်ပြောင်တယ်လို့တောင် အထင်ခံရနိုင်တယ်။

အနည်းငယ် မှားယွင်းသွားရင် မမျှော်လင့်တဲ့ အန္တရာယ်တွေ ကြုံရနိုင်တယ်။

ထို့နောက် သူက မုန့်ချဲ့ဝ၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ တိတ်ဆိတ်နေခဲ့သည်။

"ဘာမှမဖြစ်ပါဘူးနော်"

မုန့်ချဲ့ဝေက မေးလိုက်သည်။

ကျန်းမန်က ခေါင်းအနည်းငယ် ခါပြလိုက်သည်။

"ဘာမှမဖြစ်ပါဘူး"

ပြိုင်ဘက်ကင်း ပါရမီရှင်ရဲ့ မျက်နှာ နည်းနည်း ပျက်သွားရုံလေးပါပဲ။

သူတို့နှစ်ယောက် အဲဒီလိုပဲ အချိန်အတော်ကြာအောင် ထိုင်နေခဲ့ကြသည်။

ကောင်းကင်ယံက တဖြည်းဖြည်း မှောင်လာသည်။

လရောင်က အထဲကို ဝင်လာတဲ့အခါ မုန့်ချဲ့ဝေ က စတင် ပြောလာခဲ့သည်။

"ပါရမီက အရမ်းမြင့်တာလား"

ကျန်းမန်က ခေါင်းငြိမ့်ပြလိုက်သည်။

စိတ်ထဲမှာတော့ ပြိုင်ဘက်ကင်း ပါရမီရှင်လို့ ပြန်ဖြေလိုက်သည်။

နောက်ကျရင် ဘာက တကယ့် ပြိုင်ဘက်ကင်း ပါရမီရှင်လဲဆိုတာ တစ်ဖက်လူ နားလည်လာမှာပါ။

ပြိုင်ဘက်ကင်း ပါရမီရှင်ရဲ့ ကံကြမ္မာကတောင် သူ့ရဲ့ ကျောပြင်ကို မြင်ရတော့မှာ မဟုတ်ဘူး။

"ယောကျ်ား အခြေအနေအရဆိုရင် ယောကျ်ားကို အိမ်ပါသမက် အဖြစ် လာခေါ်တဲ့သူ အများကြီး ရှိမှာပေါ့နော်"

မုန့်ချဲ့ဝေ က ပတ်ဝန်းကျင်ကို ကြည့်ကာ မေးလိုက်သည်။

ကျန်းမန်က ခေါင်းငြိမ့်ပြလိုက်သည်။

"လာရှာဖူးတဲ့သူတွေ ရှိတယ်"

ထိုစကားကို ကြားသောအခါ မုန့်ချဲ့ဝေ က ကျန်းမန်ကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဘယ်လို ပြန်ဖြေလိုက်လဲ"

" မိန်းမ ရှိတယ်လို့ ဖြေလိုက်တာပေါ့"

ကျန်းမန်က အမှန်အတိုင်း ပြောပြလိုက်သည်။

"မိန်းမကို ပြောတာလား"

မုန့်ချဲ့ဝေက မေးလိုက်သည်။

ကျန်းမန် အံ့သြသွားပြီး ဆက်မဖြေရဲတော့ပေ။

ခေါင်းငြိမ့်လိုက်ရင် ပြဿနာ တက်ချင်မှ တက်မယ်ဆိုပေမယ့် ပတ်ဝန်းကျင်က လေထုကတော့ အေးစက်သွားနိုင်တယ်။

ခဏရပ်ပြီးနောက် ကျန်းမန်က ပြောလိုက်လေသည်။

"ကျွန်တော်တို့ကြားမှာ နားလည်မှုလွဲတာတွေ ရှိခဲ့ပေမယ့် နတ်သမီးလေးက လွတ်လပ်ခွင့် မရနိုင်ဘူးဆိုတော့ ကျွန်တော်က နတ်သမီးလေးကို အခက်မတွေ့စေပါဘူး နတ်သမီးလေးကို နာမည်မပျက်စေပါဘူး"

"တခြား မိန်းမတွေနဲ့ ဘာပတ်သက်မှုမှ မရှိစေရပါဘူး"

အိမ်ပါသမက် ဖြစ်ဖို့ဆိုရင် ငါ့ရဲ့ ပြိုင်ဘက်ကင်း ပါရမီက ဘာလုပ်ဖို့လဲ။ ပြီးတော့ မိန်းမဆိုတာ ကျင့်ကြံဖို့ ဒီလောက် အလုပ်များနေတာ ဘယ်သူက အချိန်ရမှာလဲလို့ ကျန်းမန်က စိတ်ထဲမှာ တွေးလိုက်တယ်။

ထိုစကားကို ကြားသောအခါ မုန့်ချဲ့ဝေ က ပြုံးလိုက်ရင်း ပြောသည်။

"ဒါဆိုရင် စဉ်းစားဖူးလား ပြိုင်ဘက်ကင်း ပါရမီရှင်ရဲ့ ကံကြမ္မာကို ပိုင်ဆိုင်ထားတာ အစပိုင်းမှာတော့ ရင်ဆိုင်ရ လွယ်ပေမယ့် နောက်ပိုင်းကျရင် ရင်ဆိုင်ရ ခက်သွားနိုင်တယ်ဆိုတာကို"

"အခုက အခြေခံတည်ဆောက်ခြင်း ပဲ ရှိသေးတယ်ဆိုတော့ စည်းကမ်းချက်တွေက သိပ်မတင်းကျပ်သေးဘူး"

"အခုခေတ်မှာ ပြီးမြောက်နိုင်တဲ့သူတွေ အများကြီး ရှိတယ်"

ဒါပေမယ့် သူတို့က ငါ့လောက် မဆင်းရဲဘူးလေလို့ ကျန်းမန်က စိတ်ထဲမှာ တွေးလိုက်သည်။

မုန့်ချဲ့ဝေက သတိပေးလိုက်သည်။

"နောက်ပိုင်း ရောက်လေလေ ပိုပြီး အင်အားနည်းလာလေလေ ဖြစ်မှာ"

ကျန်းမန်၏ မျက်နှာထားက အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိပေ။

တစ်ဖက်လူ ဘာပြောပြော သူ ဂရုမစိုက်ပေ။

သူ လုပ်ရမှာက ပြိုင်ဘက်ကင်း ပါရမီရှင်ရဲ့ ကံကြမ္မာ စည်းကမ်းချက်တွေကို ဖြည့်ဆည်းဖို့ မဟုတ်ဘူး၊ အဲဒါကို ကျော်လွန်ပြီး နောက်မှာ ချန်ထားရစ်ခဲ့ဖို့ပဲ၊ လုံးဝ မမီနိုင်တော့အောင် လုပ်ပစ်ဖို့ပဲ။

"ကြည့်ရတာ ယောကျ်ားက နည်းနည်းလေးတောင် ဂရုမစိုက်တဲ့ပုံပဲ ယောကျ်ားက ငါ့ကို လက်ထပ်ရဲတာ အံ့သြစရာ မဟုတ်တော့ဘူး"

မုန့်ချဲ့ဝေ က ပြောလိုက်သည်။

ကျန်းမန်က အနေရခက်စွာဖြင့် ပြောလိုက်သည်။

"နားလည်မှုလွဲတာပါ"

တကယ်ကို နားလည်မှုလွဲတာပါ။

အဲဒီတုန်းက သူက ဘာမှမသိသေးတဲ့ အရူးလေးလေ။

မိန်းမယူတာ ဘာလဲဆိုတာကိုတောင် သေချာ မသိသေးဘူး။

အဓိပ္ပာယ်လွဲသွားတာပါ။

အကုန်လုံး နွားဝါကြီးရဲ့ အပြစ်တွေချည်းပဲ။

"ရလဒ်ကတော့ အတူတူပါပဲ"

မုန့်ချဲ့ဝေ က ပြောလိုက်သည်။

ကျန်းမန် တိတ်ဆိတ်သွားသည်၊ အဲဒါလည်း ဟုတ်တာပဲ။

သူက မုန့်ချဲ့ဝေနဲ့ မင်္ဂလာဆောင်လိုက်တယ် ပြီးတော့ ပြိုင်ဘက်ကင်း ပါရမီရှင်ရဲ့ ကံကြမ္မာကို ရလိုက်တယ် သူမရဲ့ အပျိုစင် အမှတ်အသားကလည်း မျက်ခုံးကြားမှာ ပန်းပွင့်ပုံစံ အဖြစ် ပြောင်းသွားတယ်။

အိမ်ထောင်ကျသွားပြီ ဆိုတာကတော့ ငြင်းလို့မရတဲ့ အမှန်တရား ဖြစ်သွားပြီ။

အိမ်ထောင်ကျသွားပြီ ဖြစ်တဲ့အတွက် ထပ်ပြီး အိမ်ထောင်ပြုလို့ မရတော့ဘူးလေ။

သူနဲ့ သူမရဲ့ ရန်ငြိုးက ဖြေရှင်းလို့ မရနိုင်တော့ဘူး။

လရောင်က အထဲကို ထိုးကျလာတာနဲ့အမျှ မုန့်ချဲ့ဝေ က ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။

"အင်မော်တယ် ဂိုဏ်းက လူတွေ ထပ်ပြီး စစ်ဆေးနေပြန်ပြီ သွားရတော့မယ်"

ထိုသို့ပြောရင်း မုန့်ချဲ့ဝေက ကျန်းမန်ကို ကြည့်ကာ ပြောလိုက်သည်။

"ယောကျ်ားလည်း သတိထားဦး မိစ္ဆာနတ်ဘုရားကို မွေးထားတာက ကိစ္စကြီး တစ်ခုပဲ အင်မော်တယ် ဂိုဏ်းက လူတွေ စစ်ဆေးမိသွားရင် အရမ်း အန္တရာယ်များတယ်"

"အကယ်၍ ယောကျ်ားက သူ့နာမည်ကို သိရင် မိန်းမက ယောကျ်ားကို နည်းနည်းလောက် ကာကွယ်ပေးလို့ ရနိုင်တယ်"

"ဒါပေမယ့် ယောကျ်ားက မိန်းမကို သေချာပေါက် မယုံဘူးလေ"

"တစ်နေ့ကျရင် ယောက်ျား မိန်းမကို ယုံကြည်လာဖို့ မျှော်လင့်ပါတယ်"

"ဒါ့အပြင် အင်မော်တယ် ဂိုဏ်းက လူတွေက မိန်းမရဲ့ မိသားစုဝင်တွေ ဝူယွင်ဂိုဏ်းကို သွားတဲ့ လမ်းကြောင်းအတိုင်း လိုက်လာလိမ့်မယ် ယောကျ်ား အဲဒီမှာ ရှိနေရင် သတိထားဦးနော်"

"သူတို့ အကုန်လုံး ယောကျ်ားကို ရှာနေကြတာ"

"မျက်စိကျခံရပြီဆိုရင်တော့ အကြိမ်ကြိမ် စစ်ဆေးပြီးမှ လက်လျှော့ကြမှာ"

ထိုစကားများကို ပြောပြီးနောက် မုန့်ချဲ့ဝေက လရောင်ကို နင်းကာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

လုံးဝ မပျောက်ကွယ်သွားခင် သူမက ကျန်းမန်ကို လှည့်ကြည့်လိုက်ပြီး မျက်လုံးချင်း ဆုံသွားချိန်တွင် လရောင်အောက်တွင် တောက်ပသော အပြုံးလေးဖြင့် ပြောလိုက်သည်။

"ယောကျ်ား နောက်တစ်ခေါက် တွေ့ဖို့ မျှော်လင့်နေပါမယ်"

နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းမန်က ခံစားချက်ဖြင့် ပြောလိုက်သည်။

"ငါလည်း သွေးသားထကြွတဲ့ လူငယ်လေးပါ သူ ဒီလိုလုပ်တာက နည်းနည်းတော့ မတရားဘူးနော်"

ထို့နောက် ကျန်းမန်က သက်ပြင်းချလိုက်ပြီး ခြံဝင်းထဲ ထွက်လာကာ နွားဝါကြီးကို ကြည့်ပြီး မေးလိုက်သည်။

"အဝါကြီး ငါ ပိုပိုပြီး မကွဲပြားတော့ဘူး သူက တကယ်ပဲ ငါ့ကို သတ်ချင်တာလား မသတ်ချင်တာလား"

"လောလောဆယ် သူ မင်းကို မသတ်နိုင်သေးဘူး"

နွားဝါကြီးက မြက်စားရင်း ပြန်ဖြေလိုက်သည်။

ကျန်းမန်က ခေါင်းခါလိုက်သော်လည်း အစကတည်းက သတ်မှတ်ထားသော စည်းမျဉ်းကိုတော့ ဆက်လက် ဆုပ်ကိုင်ထားဆဲပင်။

တစ်ဖက်လူက ကိုယ့်ကို မသတ်ဘူးဆိုရင်လည်း ကိုယ့်ကို သဘောကျမှာ မဟုတ်ဘူး။

အတူတူ ဘဝကို ဖြတ်သန်းဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်။

နတ်သမီးဆိုတာ နတ်ဘုရားမလေ လောကီအကြောင်း နားမလည်ရင်တောင် အရူးတော့ သေချာပေါက် မဟုတ်ဘူး။

ဒီလောက် အစွမ်းထက်တဲ့ နတ်သမီးက စိတ်ခံစားမှုနောက် လိုက်မှာ မဟုတ်ဘူး။

"သူက မင်းရဲ့ ပါရမီကို သဘောကျသွားတာများလား"

နွားဝါကြီးက ပြောလိုက်သည်။

ကျန်းမန်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"အခြေခံတည်ဆောက်ခြင်း မှာ ပါရမီရှင် မရှိဘူးလေ"

ထို့နောက် ကျန်းမန်က ဆက်လက် ကျင့်ကြံလေတော့သည်။

တကယ်တော့ သူက မုန့်ချဲ့ဝေကို တစ်ချက်လောက် စမ်းသပ်ကြည့်ချင်သေးတယ်။

ဒါပေမယ့်...အကြောင်းပြချက် ရှာမရဘူး။

မုန့်ချဲ့ဝေ နဲ့ ပတ်သက်ပြီး ကျန်းမန် ဂရုစိုက်တာက သူမရဲ့ တကယ့် ရည်ရွယ်ချက်ကိုပဲ။

အင်မော်တယ် ဂိုဏ်းက လူတွေကိုတော့ သူ ဂရုမစိုက်ပါဘူး။

တစ်ဖက်လူ ရောက်လာတဲ့ အချိန်ဆို ဘယ်လောက်တောင် ကြာသွားပြီလဲ မသိဘူး။

ဒါပေမယ့် တစ်ဖက်လူ ထွက်သွားတာ အရမ်း ကမန်းကတန်း နိုင်တာကိုတော့ တွေ့ရတယ်။

မကြာသေးခင်က အင်မော်တယ် ဂိုဏ်းက တကယ်ပဲ တင်းကျပ်နေတာ။

မနက်ခင်း

ကျန်းမန်က ကျင့်ကြံခြင်းကို ရပ်လိုက်သည်။

တစ်ညလုံး သူက မီးခိုးငွေ့ နိဒါန်းကို ကျင့်ကြံနေခဲ့တာ။

အခု အဆင့်လေး ရောက်သွားပြီ။

ဒါပေမယ့် မိုးလင်းတာနဲ့ လူတစ်ယောက် ခြံဝင်းအပြင်ဘက် ရောက်နေတာကို ကျန်းမန် တွေ့လိုက်ရတယ်။

ကောင်းရုံ ခေါ်လာတဲ့ အသင်းသား စုချင်းယာပဲ။

တစ်ဖက်လူက ကျန်းမန်ကို ကြည့်ပြီး နွေးထွေးတဲ့ အမူအရာ ဒါမှမဟုတ် ရင်းနှီးတဲ့ အမူအရာ မပြဘဲ ပြန့်ကျဲကျဲနဲ့ အေးစက်စက် မျက်နှာထားနဲ့ မေးလိုက်သည်။

"မောင်လေးကျန်း ခြံဝင်းငယ်ကို မသွားဘူးလား"

ကျန်းမန်က ခေါင်းငြိမ့်ပြကာ ဖြေလိုက်သည်။

"ခွင့်ယူပြီး ကျင့်ကြံနေတာ"

ဘာလို့လဲဆိုတော့ ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်တွေရဲ့ နှစ်ပတ်လည် စာမေးပွဲကို ဝင်ရမှာမို့လို့လေ။

ကျန်းမန်က မေးစရာရှိမှ သွားမေးပြီး ပြဿနာမရှိရင် အာရုံစိုက်ပြီး ကျင့်ကြံနေတာပဲ။

အချိန်မဖြုန်းဘူး။

မဟုတ်ရင် အချိန်မီမှာ မဟုတ်ဘူးလေ။

"ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်တွေရဲ့ ပြိုင်ပွဲကြီးမှာ စည်းကမ်းချက် တချို့ရှိတယ် မင်း လေ့လာပြီးပြီလား"

စုချင်းယာက မေးလိုက်သည်။

ကျန်းမန်က ခေါင်းခါပြလိုက်သည်။

"မလေ့လာရသေးဘူး"

"ဒီမှာ ငါ စုဆောင်းထားတာတွေ ရှိတယ် မင်း ကြည့်လို့ရတယ် မေးစရာရှိရင်လည်း ငါ့ကို မေးလို့ရတယ် ပြီးတော့ အဖော်လိုတယ်ဆိုရင်လည်း ငါက မင်းရဲ့ ပြိုင်ဘက် လုပ်ပေးလို့ ရတယ်"

ပြောပြီး ကျန်းမန်ကို စာအုပ်တစ်အုပ် ပေးခဲ့သည်။

ထို့နောက် တစ်ဖက်လူက ထွက်သွားခဲ့သည်။

တစ်ဖက်လူရဲ့ ကျောပြင်ကို ကြည့်ပြီး ကျန်းမန်က ခေါင်းခါလျက် ပြောလိုက်သည်။

"ဝိညာဉ်ကျောက်တုံး ဘယ်လောက်ပေးရမလဲ မပြောဘဲနဲ့ ဘယ်လုပ်ရဲပါ့မလဲ"

အဖော်လုပ်ပေးတယ်ဆိုတာ ဘယ်တော့မှ ဈေးမပေါဘူးလေ။

All Chapters