← Chapters

အခန်း ၁၆၅

Vol. 11 Ch. 165

အခန်း ၁၆၅

Vol. 11 Ch. 165

အခန်း ၁၆၅ ပစ္စည်းကောင်း စမ်းမိသွားပြီ

ကျိုလင်က တောင်ထွတ်တစ်ခုပေါ်တွင် ရပ်နေခဲ့သည်။ ဤနေရာသည် ပထမ ခြံဝင်းငယ် နယ်ပယ်ဖြစ်ကာ ဝိညာဉ်စွမ်းအင် နည်းပါးသောကြောင့် သစ်ပင်ပန်းမန်များ ရှင်သန်ရန် ခက်ခဲလေသည်။

လွင်တီးခေါင် နေရာတစ်ခုနှင့် တူနေလေသည်။

ဝိညာဉ်စွမ်းအင်များ ဤနေရာကို ပြန်လွှမ်းခြုံလာရန် နှစ်ပေါင်းမည်မျှ ကြာမည်ကို ခန့်မှန်း၍ မရနိုင်ခဲ့ပေ။

ဘေးမှ အမျိုးသားတစ်ဦးက မေးလိုက်သည်။

"သခင်မလေးကျိုက အဲဒီကျန်းမန်ဆိုတဲ့လူကို ဒုက္ခပေးမလို့လား"

ကျိုလင်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

"အဲဒီလိုတော့ မဟုတ်ပါဘူး မိသားစုက သူ့ကို ဆွဲဆောင်ချင်နေတာဆိုတော့ ကျွန်မကလည်း သူ့ကို ရန်သူအဖြစ် မရပ်တည်ချင်ပါဘူး"

"မိသားစုရဲ့ လမ်းစဉ်နဲ့ ဆန့်ကျင်ဘက်တော့ မလုပ်နိုင်ဘူး"

ကျိုလင်က အစ်မဖြစ်သူ အကြံအစည်ကို နားလည်ခဲ့သည်။

သို့သော် လုပ်ရပ်ကိုတော့ သူမ သဘောမတူခဲ့ပေ။

အခြားတစ်ဖက်မှ အမျိုးသမီးက မေးလိုက်သည်။

"ဒါဆို သခင်မလေးကျို သူ့ကို တွေ့ရင် ဘာလုပ်မလို့လဲ ကျွန်မတို့ ကူညီပေးဖို့ လိုလား"

သူမကလည်း ထိုကျန်းမန်အပေါ် အတော်လေး စိတ်ဝင်စားနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ညမအိပ်ဘဲ ကျင့်ကြံသည်ကို ဤမျှ ဗြောင်ကျကျ ထုတ်ကြွားသူ ရှားပါးလှသောကြောင့် ဖြစ်သည်။

ထိုသို့သော လူမျိုးများသည် အများအားဖြင့် အမှောင်ထဲတွင်သာ ပုန်းကွယ်နေတတ်ကြလေသည်။

ညမအိပ်ဘဲ ကျင့်ကြံသည်ကို အခြားသူများ သိသွားမည်ကို ကြောက်ရွံ့ကြလေသည်။

အဘယ်ကြောင့်ဆိုသော် လူအများ အသိအမှတ်ပြုထားသော အမြင်တွင် ညမအိပ်ဘဲ ကျင့်ကြံခြင်းသည် ဂုဏ်ယူစရာ ကိစ္စမဟုတ်ဘဲ အနာဂတ်ကို စတေးကာ လက်ရှိကို လင်းလက်အောင် ပြုလုပ်ခြင်းသာ ဖြစ်သောကြောင့် ဖြစ်လေသည်။

ယခု ဤတစ်ယောက်ကိုမူ မည်သို့ အကဲဖြတ်ရမည်နည်း။

လောကကြီး အမြင်ကို ဂရုမစိုက်ခြင်းလား။

သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးကာ အသိဉာဏ်ကင်းမဲ့နေခြင်းလား။

သာမန် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုမျိုးဆိုလျှင် သူတို့ တကယ်ပင် စိတ်မဝင်စားကြပေ။

သို့သော် ဤမျှ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေမှုမျိုးကိုတော့ အနည်းငယ် မြင်တွေ့ချင်နေကြလေသည်။

ညမအိပ်ခြင်းကို ဤမျှ အားပေးနေသောသူက မည်မျှအထိ အစွမ်းထက်နေသနည်း ဆိုတာကို ကြည့်ချင်ကြလေသည်။

ပါရမီလည်းကောင်းကာ ညမအိပ်ဘဲလည်း ကျင့်ကြံသဖြင့် သာမန် ပါရမီရှင်များထက် အများကြီး ပိုအစွမ်းထက်မည်မှာ သေချာလေသည်။

သို့သော် မည်မျှအထိ ကွာခြားနေသည်ဆိုတာကိုတော့ သူတို့ မသိနိုင်ခဲ့ပေ။

တစ်ကြိမ်ခန့် တိုက်ခိုက်ကြည့်မှသာ စိတ်ထဲတွင် အတိုင်းအတာ တစ်ခုအထိ သိရှိနိုင်မည် ဖြစ်သည်။

နောင်တစ်ချိန်အတွက်လည်း နှိုင်းယှဉ်စရာ တစ်ခု ဖြစ်လာမည် ဖြစ်လေသည်။

ကျိုလင်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ကျွန်မက သူ့ကို ငါတို့ကြားမှာ ကွာဟချက် ရှိတယ်ဆိုတာကို သိစေချင်ရုံပါ ဒါပေမယ့် သူ လိုအပ်တဲ့ ပစ္စည်းတစ်ခုခု ရှိရင်တော့ ကူညီပေးနိုင်ပါတယ် ဘာပဲဖြစ်ဖြစ် တိုက်ခိုက်တယ်ဆိုတာ အဆင့်သတ်မှတ်ချက်ကို အတည်ပြုဖို့ပဲ ရန်ငြိုးရန်စ ရှိလို့ မဟုတ်ဘူး"

သူမက မကျေမနပ် ဖြစ်ရုံသက်သက်သာ ဖြစ်သည်။

သူမ ဤနေရာရောက်အောင် အများကြီး ကြိုးစားခဲ့ရပြီး နောက်ဆုံးတွင်မူ စတေးခံရမည့်သူသဖွယ် ဖြစ်နေလေသည်။

သူမတွင်လည်း သူမ မာနရှိကာ ဤနေရာအထိ ရောက်လာခြင်းက သူမ ပါရမီနှင့် ကြိုးစားအားထုတ်မှုအပေါ် မှီခိုခဲ့ရခြင်း ဖြစ်သည်။

အနာဂတ်တွင်လည်း သူမက မိသားစုအတွက် အားထားရသူ တစ်ယောက် ဖြစ်လာနိုင်လေသည်။

မာနကိုချကာ အနာဂတ်ကို စတေးပြီး ညမအိပ်သော အမျိုးသားတစ်ယောက်ကို သွားရောက် ဆွဲဆောင်ရန် မဟုတ်ပေ။

ထို့အပြင် ကျိုပုဖန်က တစ်ဖက်လူကို ထိုမျှလောက် အထင်ကြီးနေခြင်းက သူမကို ပို၍ မကျေမနပ် ဖြစ်စေခဲ့သည်။

သူမ ဤမျှ နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့သမျှ ရုတ်တရက် အငြင်းပယ်ခံလိုက်ရသကဲ့သို့ ခံစားရလေသည်။

ထို့ကြောင့် သူမက အမှန်တရားဖြင့် မိမိကိုယ်ကို သက်သေပြချင်ခဲ့သည်။

သူမ ကျိုလင်က ကိုယ်ပိုင် ပါရမီကို အားကိုးလျက် ပို၍ ဝေးဝေးသို့ သွားနိုင်ကြောင်းကိုပင် ဖြစ်သည်။

မိသားစုကို စိတ်ပျက်စေမည် မဟုတ်ပေ။

ဘေးမှ အမျိုးသမီးက ပြုံးလျက် ပြောလိုက်သည်။

"လောစရာ မလိုပါဘူး သူနဲ့ တွေ့မတွေ့ဆိုတာက မသေချာသေးဘူးလေ ဘာလို့လဲဆိုတော့ ငါတို့ အဆင့်သတ်မှတ်ချက်က အရမ်း မြင့်နေပြီလေ သတ္တမမြောက် ခြံဝင်းငယ်က အမီလိုက်နိုင်တယ်ဆိုရင်တော့ တကယ်ပဲ ပေါ့ဆလို့ မရတော့ဘူး"

အမျိုးသားကလည်း ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။

"ဟုတ်တယ် သူနဲ့ တွေ့ရမယ်ဆိုရင် သူ့ရဲ့ အစွမ်းအစက ဘယ်လောက်ရှိလဲဆိုတာကို သက်သေပြနေတာပဲ အကယ်၍ တိုက်ဖြစ်ခဲ့ရင်တောင် အတိုင်းအတာ တစ်ခုတော့ ထားရမယ်"

"သူ့ကို အသေသတ်ဖို့ထိ မလိုပါဘူး"

အကယ်၍ မတော်တဆ ဖြစ်ခဲ့လျှင်ကော။

ဤသို့သော ပါရမီရှင်မျိုးက မတော်တဆ အများ အသိအမှတ်ပြုမှုကို ကျော်လွန်သွားနိုင်ခဲ့လျှင်…..

သွားရောက် ရန်စမိပါက ကောင်းသော ကိစ္စမဟုတ်ပေ။

သူတို့က သူတို့အတွက်တင် မကဘဲ နောက်ကွယ်မှ မိသားစုအတွက်ပါ စဉ်းစားရမည် ဖြစ်သည်။

ရန်ဖြစ်မိပါက တောင်းပန်ရမည်ဖြစ်ကာ ဝိညာဉ်ကျောက်တုံးများ မည်မျှအထိ ဆုံးရှုံးရမည်ကို မသိနိုင်ပေ။

ခဏတာ ကျေနပ်မှုအတွက် မိမိကိုယ်ကို မြှင့်တင်ရန် သုံးရမည့် ဝိညာဉ်ကျောက်တုံးများကို ဖြုန်းတီးရန် မလိုအပ်ချေ။

——

ဒုတိယ ခြံဝင်းငယ် နယ်ပယ်အပေါ် ကျန်းမန်က သိပ်ပြီး နှမြောတွယ်တာနေခြင်း မရှိခဲ့ပေ။

ရတနာ ဆွဲဆောင်မှုနှင့် ယှဉ်ပါက ဒုတိယ ခြံဝင်းငယ် နယ်ပယ် အဆင့်သတ်မှတ်ချက်ကို လုံးဝ စွန့်လွှတ်လိုက်၍ ရသည်ဟု သူ ထင်မြင်လေသည်။

အကယ်၍ ပါရမီကို ဖွင့်ပေးနိုင်မည့် ရတနာကို မစမ်းသပ်မိခဲ့ပါက အဆင့်သတ်မှတ်ချက် ပြန်ဆွဲတင်ရန် နောက်ကြောင်း ပြန်လှည့်ရခြင်းမှာလည်း ရှက်စရာ မဟုတ်ဟု သူ ထင်လေသည်။

မည်သို့ပင်ဖြစ်စေ သူ ဘာလုပ်ချင်သည်ဆိုတာကို မည်သူကမျှ သိမည် မဟုတ်ပေ။

ခန့်မှန်းချင်လျှင်လည်း သူတို့ သဘောသာ ဖြစ်လေသည်။

သို့သော် မကြာမီမှာပင် သူက စွမ်းအားကို ပြသကာ လုံးဝ ပြိုင်ဘက်ကင်းသော အနေအထားဖြင့် ရွှေအမြုတေအဆင့်သို့ တက်လှမ်းသွားသည်ကို သူတို့ မြင်တွေ့ရတော့မည် ဖြစ်သည်။

ထိုအခါ သူ၏အပေါ် မည်သို့ပင် ခန့်မှန်းစေကာမူ အကောင်းဘက်သို့သာ ဦးတည်သွားမည် ဖြစ်လေသည်။

သူ လုပ်သမျှ အရာတိုင်းက နက်နဲသော အဓိပ္ပာယ်ရှိသည်ဟု ထင်မြင်သွားကြမည် ဖြစ်သည်။

စုချင်းယာက ရှင်းပြလိုက်သည်။

"အဲဒီနေရာက ပထမ ခြံဝင်းငယ်က လူတွေနဲ့ တွေ့နိုင်တယ် လူအများကြီး ရှာပြီးပြီ ဆိုပေမယ့် စမ်းကြည့်ချင်တဲ့သူ အမြဲရှိတယ်လေ တကယ်ပဲ ပုန်းကွယ်နေတဲ့ ရတနာကို ရှာတွေ့သွားနိုင်တာပဲ"

"သေချာတာပေါ့ အဲဒီဘက်မှာလည်း ကျင့်စဉ်တွေ ဒါမှမဟုတ် မှော်ပညာရပ်တွေ ရှိနိုင်တယ်"

ကျန်းမန်က ခေါင်းငြိမ့်ပြကာ မေးလိုက်သည်။

"သူတို့ တိုက်ကြမှာလား"

စုချင်းယာက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

"တိုက်လောက်တယ် ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်ရဲ့ စာမေးပွဲက အဆင့်သတ်မှတ်ချက်ကို အရမ်း အရေးထားတယ် အဆင့်သတ်မှတ်ချက်ကို ရိုးရိုး ကျင့်စဉ် လုတာနဲ့တင် တွက်ချက်လို့ မရဘူး ဒါကြောင့် တမင်သက်သက် တိုက်ခိုက်တဲ့ သူတွေ ရှိတယ်"

"အနိုင်ယူနိုင်တဲ့ လူများလေ အဆင့်သတ်မှတ်ချက် မြင့်ဖို့ လွယ်လေပဲ"

"ပြီးတော့ သူတို့က ဝင်္ကပါတွေ အဆောင်လက်ဖွဲ့တွေနဲ့ ဆေးပင် အဆိပ်တွေကို တွဲပြီး သုံးတတ်တယ်"

"နည်းလမ်းတွေ အရမ်း များတယ်"

ကောင်းရုံက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"သူတို့က ဘာလို့ အဆင့်သတ်မှတ်ချက်ကို ဒီလောက်တောင် ဂရုစိုက်နေကြတာလဲ"

တကယ်တော့ သူ သိထားသော်လည်း ကျန်းမန်က ဘာမှ မသိသည့်ပုံ ပေါက်နေသဖြင့် သူက အရင်ဝင်မေးပေးလိုက်ခြင်း ဖြစ်လေသည်။

စုချင်းယာက ခဏရပ်ကာ ဆက်ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ အဆင့်ငါးဆယ် အတွင်း ဝင်ရင် အဆင့်တက်လှမ်းမယ့် လျှို့ဝှက်နယ်မြေ ဝင်ခွင့်ကို တိုက်ရိုက် ရနိုင်လို့ပဲ ပထမနဲ့ ဒုတိယ ခြံဝင်းငယ်က ဒီတစ်ခါ အဆင့်ငါးဆယ် အတွင်း ဝင်ရင် နောက်လမှာ အဆင့်တက်လှမ်းမယ့် လျှို့ဝှက်နယ်မြေထဲ ဝင်ပြီး အဆင့်တက်လှမ်းမယ့် ကျင့်စဉ်ကို လုဖို့ အခွင့်အရေး ရမယ်"

"အဆင့်တက်လှမ်းမယ့် ကျင့်စဉ်ကို ပထမ လမ်းစဉ် ဒုတိယ လမ်းစဉ် တတိယ လမ်းစဉ် ဆိုပြီး ခွဲထားတယ်"

"လုရတာက အဓိကအားဖြင့် ကျင့်စဉ် ကျင့်ကြံမှုအဆင့် စိတ်အာရုံ အပေါ်မှာ မူတည်တယ်"

"ခြုံငုံ အဆင့် မြင့်ရင်တော့ တတိယ လမ်းစဉ်ကို ရနိုင်မှာပေါ့"

ကျန်းမန်က မေးလိုက်သည်။

"ပထမနဲ့ ဒုတိယ ခြံဝင်းငယ်က မဟုတ်ရင်ရော"

စုချင်းယာက ပြောလိုက်သည်။

"အဆင့်သတ်မှတ်ချက်ထဲ ဝင်ရင် ဝင်ခွင့်ရပြီလို့ မှတ်ယူရမယ် ဘယ်တော့ အဆင့်တက်လှမ်းမယ့် လျှို့ဝှက်နယ်မြေထဲ ဝင်ရမလဲ ဆိုတာကိုတော့ ငါလည်း မသိဘူး"

ကျန်းမန်လည်း ဂရုမစိုက်ခဲ့ပေ။

ကြည့်ရသည်မှာ အထူး လျှောက်ထားရမည် ဖြစ်သည်။

ဖိအားများက ဆရာမယန်ဆီ ရောက်သွားလေပြီ။

ဒီတစ်ကြိမ်တွင် အရင်ဆုံး အရည်အချင်း ပြည့်မီအောင် ပြုလုပ်ရမည် ဖြစ်သည်။

ညနေစောင်း….

ကျန်းမန်တို့က ဓားပျံစီးကာ တောင်ထွတ်တစ်ခုပေါ်သို့ ရောက်လာခဲ့ကြပြီး ထိုနေရာတွင် အဆောက်အအုံများစွာ ရှိနေလေသည်။

ရှေးဟောင်းနှင့် ဟောင်းနွမ်းနေသော အဆောက်အအုံအချို့ ရှိသော်လည်း တချို့နေရာများတွင် မြူခိုးများ ရစ်သိုင်းနေကာ တကယ်ပင် သာမန်မဟုတ်သည့်ပုံ ပေါက်နေလေသည်။

ကျန်းမန်က မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။

"ဘာမှကို မခံစားရဘူး"

ကောင်းရုံကလည်း ပတ်ဝန်းကျင်ကို ကြည့်ကာ ပြောလိုက်သည်။

"လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက်လေး ရှိတာကလွဲရင် ဘာစွမ်းအား အငွေ့အသက်မှ မခံစားရဘူး"

စုချင်းယာက ပြောလိုက်သည်။

"တကယ်ပဲ အဲဒီလိုပဲ ဒီနေရာကို လူအများကြီး လာပြီး အကြိမ်ကြိမ် စစ်ဆေးခဲ့ကြတယ် မြူခိုးတွေထဲက နေရာတွေကိုလည်း စူးစမ်းခဲ့ကြတယ်"

"ဒါပေမယ့် ဘာမှ မထူးခြားဘူး ဘယ်သူမှ ဘာပစ္စည်းမှ မရခဲ့ဘူး"

"သူတို့ ပြောတာတော့ ဒီမှာ ပစ္စည်းကောင်းတွေ ရှိရင် အစောကြီးကတည်းက ယူသွားကြလောက်ပြီတဲ့"

"ဒါပေမယ့် တချို့ကလည်း ဂိုဏ်းက အမြဲတမ်း ပစ္စည်းတချို့ ချန်ထားခဲ့ပြီး ကံစပ်တဲ့သူကို စောင့်နေတတ်တယ်လို့ ပြောကြတယ်"

"ဘာလို့လဲဆိုတော့ အတွင်းဂိုဏ်းမှာ အဲဒီလို ကိစ္စမျိုး ဖြစ်ဖူးတယ်လေ အပြင်ဂိုဏ်းမှာ မရှိဘူးလို့တော့ ပြောလို့ မရဘူး"

"လောလောဆယ် ရှာမတွေ့သေးတာပဲ ရှိတာ"

"သေချာတာပေါ့ အများစုကတော့ ရတနာ ရှိနိုင်တယ် ဒါပေမယ့် ဂိုဏ်းက ချန်ထားခဲ့တာ မဟုတ်ဘဲ ယူသွားလို့ မရတာလို့ ထင်ကြတယ်"

"တွေ့ရင်တောင် ယူသွားလို့ မရဘူး"

ထိုစကားကို ကြားသောအခါ ကျန်းမန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ယူသွားလို့ မရတဲ့ ရတနာတွေနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက် ခန့်မှန်းထားတာ ရှိလား"

ဤအရာက ကျန်းမန်အတွက် အရေးအကြီးဆုံး ဖြစ်လေသည်။

သူ ရတနာကို ယူသွားရန် တစ်ခါမှ မစဉ်းစားဖူးဘဲ စမ်းကြည့်ရန်သာ လိုအပ်ခြင်း ဖြစ်သည်။

စုချင်းယာက ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။

"ရှိပါတယ် စုစုပေါင်း ခြောက်နေရာ ရှိတယ် တောင်ဂိတ်ပေါက်က ဂိုဏ်းရဲ့ ကျောက်စာတိုင် တောင်ခါးပန်းက သိုင်းသင်ပေးတဲ့ ကျောက်တုံးကြီး ပြီးတော့ တောင်ထွတ်ပေါ်က ရုပ်တု"

ကောင်းရုံကလည်း အတော်လေး သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ကျန်တဲ့ သုံးခုကရော"

စုချင်းယာက ပြောလိုက်သည်။

"ကျန်တဲ့ သုံးခုက မြူခိုးတွေ ရှိတဲ့ နယ်ပယ်ထဲမှာ ဒယ်အိုး မှော်ပစ္စည်း ပြီးတော့ ထူးခြားတဲ့ ကြေးမုံ တစ်ခု ရှိတယ်"

ထိုစကားကို ကြားသောအခါ ကောင်းရုံက ကျန်းမန်ကို ကြည့်လိုက်သည်။

တစ်ဖက်လူ မည်သည့်နေရာသို့ အရင်သွားမည်ဆိုတာကို ကြည့်ချင်သောကြောင့် ဖြစ်သည်။

ပုံမှန်ဆိုလျှင် မြူခိုးများ ရှိသောနေရာသို့ အရင်သွားသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ဒယ်အိုး၊ မှော်ပစ္စည်း၊ ကြေးမုံများက ကြည့်ရသည်မှာ ပစ္စည်းကောင်းနှင့် ပိုတူသောကြောင့် ဖြစ်လေသည်။

ကျန်းမန်က ဓားပျံစီးကာ တောင်အောက်သို့ ဆင်းသွားလျက် ပြောလိုက်သည်။

"တစ်ခုချင်းစီ သွားကြည့်ပြီး ဖြည်းဖြည်းချင်း ရှာကြတာပေါ့ ဒါဆို တောင်ဂိတ်ပေါက် ကနေ စကြတာပေါ့"

ကျန်းမန်က ပစ္စည်းစမ်းရန် လာခြင်းဖြစ်ရာ သဘာဝကျကျ တွေဝေနေမည် မဟုတ်ပေ။

အနီးဆုံး နေရာမှ စတင်ခြင်းက အသေအချာပင် ဖြစ်လေသည်။

အားလုံးကို တစ်ခေါက် စမ်းကြည့်လိုက်ပါက ပစ္စည်းကောင်း ဟုတ်မဟုတ် ဆိုသည်ကို ခဏလေးအတွင်း သိရှိနိုင်မည် ဖြစ်သည်။

မကြာမီ ကျန်းမန်တို့က တောင်ဂိတ်ပေါက် နေရာသို့ ရောက်ရှိလာကြသည်။

ထူးဆန်းသော စာလုံးများ ရေးထိုးထားသည့် ကျောက်စာတိုင် တစ်ခုကို တကယ်ပင် တွေ့လိုက်ရလေသည်။

ကြည့်ရသည်မှာ အနည်းငယ်တော့ ထူးခြားနေသည်။

အပေါ်တွင် ဝူယွင် ဟူသော စာလုံး နှစ်လုံး ရေးသားထားလေသည်။

ကျန်းမန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

"တကယ်ပဲ ဂိုဏ်းဟောင်း နေရာပဲ"

သူ အနည်းငယ် သိချင်မိသွားသည်၊ ယွင်ချန်ဌာနခွဲ တွင်လည်း ဂိုဏ်းဟောင်း နေရာ ရှိလေသည်။

တစ်ချိန်တည်း ဖြစ်ပေါ်လာခြင်းလား ဆိုတာကိုတော့ မသိနိုင်ပေ။

သူတို့ ရောက်လာသည့် အချိန်တွင် ကျောက်စာတိုင်ရှေ့၌ လူနှစ်ယောက် ထိုင်နေသည်ကို ကျန်းမန် တွေ့လိုက်ရသည်။

တစ်ခုခုကို နားလည် သဘောပေါက်အောင် ကြိုးစားနေပုံ ရလေသည်။

ကျန်းမန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဘယ်ခေတ် ရောက်နေပြီလဲ ကျောက်စာတိုင် ကနေ ကျင့်စဉ်ကို နားလည် သဘောပေါက်တာမျိုး ရှိဦးမလား"

ကျောက်စာတိုင် အောက်ရှိ ကတုံးပြောင်ပြောင်နှင့် အမျိုးသားက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"မတော်တဆ ဖြစ်လာနိုင်တာကို ကြောက်ရတာပေါ့"

ကျန်းမန်က တစ်ဖက်လူကို ကြည့်ကာ မေးလိုက်သည်။

"ဒါဆို နားလည် သဘောပေါက်သွားရင် ကျင့်ကြံလို့ ရလား"

မှတ်ပုံတင်ထားခြင်း မရှိသော ကျင့်စဉ် သို့မဟုတ် မှော်ပညာရပ်ဆိုလျှင် သင်ယူတတ်မြောက် သွားလျှင်တောင် သုံး၍ ရနိုင်ပါမည်လား။

မိစ္ဆာလမ်းစဉ်ဟု သတ်မှတ်ခံရမည်လား။

ကတုံးပြောင်ပြောင်နှင့် အမျိုးသားက ရှင်းပြလိုက်သည်။

"ရတယ်လေ ဘာလို့လဲဆိုတော့ ပြိုင်ပွဲကြီးရဲ့ စစ်ပွဲ အကျိုးအမြတ်ပဲလေ"

ထို့နောက် သူက ကျန်းမန်ကို ကြည့်ကာ မေးလိုက်သည်။

"မင်းတို့က လာတိုက်တာလား ဒါမှမဟုတ် လာပြီး နားလည် သဘောပေါက်အောင် လုပ်တာလား"

ကျန်းမန်က အမှန်အတိုင်း ပြောလိုက်သည်။

"လာပြီး နားလည် သဘောပေါက်အောင် လုပ်တာပါ"

တစ်ဖက်လူက ခေါင်းငြိမ့်ပြပြီး ဘာမှ ထပ်မပြောတော့ဘဲ တိတ်ဆိတ်စွာ မျက်လုံးမှိတ်လိုက်လေသည်။

ကောင်းရုံက စမ်းသပ်သလို မေးလိုက်သည်။

"ငါတို့လည်း သွားပြီး နားလည် သဘောပေါက်အောင် လုပ်မလား"

စုချင်းယာကတော့ မလှုပ်ရှားခဲ့ပေ။

တကယ်တော့ သူမက ကျန်းမန် ဘာလုပ်မည်ဆိုတာကို နားမလည်ခဲ့ပေ။

နားမလည်လျှင်လည်း ဆက်ကြည့်နေလိုက်မည်။

အများကြီး ကြည့်ပါက နားလည်လာမည် ဖြစ်လေသည်။

ကျန်းမန်က ကျောက်စာတိုင်ရှေ့သို့ သွားကာ လက်တင်ပြီး အထိအတွေ့ကို စမ်းကြည့်လိုက်သည်။

အနည်းငယ်တော့ ကြမ်းတမ်းနေသည်။

ထို့နောက် သူက ကောင်းကင်ဘုံ မှတ်တမ်းကျမ်း ကို ဖွင့်လိုက်သည်။

မကြာမီ စာအုပ်က စတင် လှန်သွားခဲ့လေသည်။

နောက်ဆုံး စာမျက်နှာတွင် ရပ်တန့်သွားသည်။

စာသားများ ပေါ်လာခဲ့လေသည်။

【မာကျောသော ကျောက်စာတိုင်၊ လွန်ခဲ့သော နှစ်ပေါင်း သုံးရာက အစွမ်းထက်သူများ တိုက်ခိုက်မှုကို ခံခဲ့ရဖူးပြီး ၎င်းမှာ မာကျောမှု သာမန်မဟုတ်ကြောင်း တွေ့ရှိရသည်၊ သို့သော် မည်သည့် ဝိညာဉ်စွမ်းအင်မှ မရှိသလို ဝိညာဉ်စွမ်းအင်ကိုလည်း လက်ခံနိုင်စွမ်း မရှိပေ။ အရေးကြီးသော အချိန်တွင် ကာကွယ်ရန်နှင့် တိုက်ခိုက်ရန်အတွက် ယူဆောင်အသုံးပြုနိုင်သည်၊ သို့သော် အနည်းငယ်မျှသာ မှတ်တမ်းတင်ရကျိုးနပ်ပြီး အပြည့်အစုံ မှတ်တမ်းတင်ရန် မထိုက်တန်ပေ။】

ကျန်းမန် လက်ကို ပြန်ရုပ်လိုက်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်လေသည်။

ပစ္စည်းကောင်း တစ်ခုဖြစ်သော်လည်း မှတ်တမ်းတင်ရန် မထိုက်တန်ချေ။

ထို့နောက် သူက ခေါင်းခါပြကာ ပြောလိုက်သည်။

"ငါတို့ သိုင်းပညာရပ် ဖြန့်ဝေရေး ဌာန ကို သွားကြတာပေါ့"

ကောင်းရုံက နားလည်နိုင်စွာဖြင့် မေးလိုက်သည်။

"ဒီလိုပဲ ထွက်သွားပြီလား"

ကျန်းမန်က ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။

"ဘာမှ နားလည် သဘောပေါက်နိုင်မှာ မဟုတ်ဘူးလို့ ခံစားရတယ်"

ကတုံးပြောင်ပြောင်နှင့် အမျိုးသားက မျက်ခုံးအနည်းငယ် ပင့်ကာ ကျန်းမန်ကို ကြည့်လျက် မေးလိုက်သည်။

"မင်းက စမ်းကြည့်ရုံနဲ့တင် ဘာမှ နားလည် သဘောပေါက်နိုင်မှာ မဟုတ်ဘူးဆိုတာကို သိတာလား"

ကျန်းမန်က ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။

"ဟုတ်တယ် ငါ့ရဲ့ ပါရမီနဲ့တောင် နားလည် သဘောပေါက်နိုင်စွမ်း မရှိဘူးဆိုရင် ကျောက်စာတိုင်မှာ ဘာမှ နားလည် သဘောပေါက်စရာ မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ"

"အကယ်၍ တစ်ယောက်ယောက်က နားလည် သဘောပေါက်နိုင်စွမ်း ရှိတယ်ဆိုရင် သာမန် ကျောက်တုံး တစ်တုံးကို ကြည့်ပြီးတောင် နားလည် သဘောပေါက်နိုင်မှာပါ"

"အဲဒါက တစ်ဦးချင်းစီရဲ့ ပါရမီ ပြဿနာပဲ ကျောက်စာတိုင်နဲ့ လုံးဝ မဆိုင်ဘူး"

ထိုစကားကို ကြားသောအခါ ကတုံးပြောင်ပြောင်နှင့် အမျိုးသားက အံ့သြသွားကာ မေးလိုက်သည်။

"မင်းရဲ့ ပါရမီနဲ့ နားလည် သဘောပေါက်နိုင်စွမ်း မရှိဘူးဆိုရင် မရှိတာပဲ ဟုတ်လား မင်းက ဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ"

ကျန်းမန်က တစ်ဖက်လူကို ကြည့်ကာ မေးလိုက်သည်။

"ငါက ပြိုင်ဘက်ကင်း ပါရမီရှင်လို့ ပြောရင် မင်း ယုံလား"

ကတုံးပြောင်ပြောင်နှင့် အမျိုးသားက ပြောလိုက်သည်။

"ငါ မယုံဘူး ဒါပေမယ့် မင်းရဲ့ အဆင့်သတ်မှတ်ချက်ကို ပြောပြရင်တော့ မင်းရဲ့ အဆင့်သတ်မှတ်ချက်ကို ငါ ယုံမယ်"

ကျန်းမန်က ပြောလိုက်သည်။

"ဒါဆိုရင် ပြိုင်ပွဲကြီး ပြီးတဲ့အထိ စောင့်ရလိမ့်မယ်"

ကတုံးပြောင်ပြောင်နှင့် အမျိုးသားက ထပ်မေးလိုက်သည်။

"မင်း နာမည် ဘယ်လိုခေါ်လဲ အဲဒီအခါကျရင် ငါ အာရုံစိုက်ထားမယ်"

ကျန်းမန်က ဖြေလိုက်သည်။

"ကျန်းမန်"

စကားပြောပြီးနောက် ကျန်းမန်က လူများကို ခေါ်ကာ ဓားပျံစီး၍ ထွက်သွားခဲ့လေသည်။

လူများ ထွက်သွားပြီးနောက် ကတုံးပြောင်ပြောင်နှင့် အမျိုးသားလည်း ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး ဤတစ်ကြိမ် နားလည် သဘောပေါက်အောင် လုပ်ခြင်းကို အဆုံးသတ်ရန် ပြင်လိုက်သည်။

ဘေးမှ အခြား ခန္ဓာကိုယ် တောင့်တင်းသော အမျိုးသားက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဆက်ပြီး နားလည် သဘောပေါက်အောင် မလုပ်တော့ဘူးလား"

ကတုံးပြောင်ပြောင်နှင့် အမျိုးသားက ပြန်ဖြေလိုက်သည်။

"မလုပ်တော့ဘူး"

ခန္ဓာကိုယ် တောင့်တင်းသော အမျိုးသားက ထပ်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

ကတုံးပြောင်ပြောင်နှင့် အမျိုးသားက မေးလိုက်သည်။

"ကျန်းမန် ဆိုတာ ဘယ်သူလဲဆိုတာ မင်း သိလား"

ခန္ဓာကိုယ် တောင့်တင်းသော အမျိုးသားက မေးလိုက်သည်။

"ဘယ်သူလဲ"

ကတုံးပြောင်ပြောင်နှင့် အမျိုးသားက ဖြေလိုက်သည်။

"သတ္တမမြောက် ခြံဝင်းငယ်က လာတဲ့ ပါရမီရှင်"

ခန္ဓာကိုယ် တောင့်တင်းသော အမျိုးသားက အံ့သြသွားသည်။

"သတ္တမမြောက် ခြံဝင်းငယ်ကလား ညမအိပ်ဘဲ ကျင့်ကြံလာတဲ့ သူလား"

ထိုစကားကို ကြားသောအခါ ကတုံးပြောင်ပြောင်နှင့် အမျိုးသားက ပြုံးလျက် ပြောလိုက်သည်။

"မင်းကို ညမအိပ်ခိုင်းရင် မင်း သတ္တမမြောက် ခြံဝင်းငယ်ကနေ ဒီနေရာကို လာနိုင်မလား"

ခန္ဓာကိုယ် တောင့်တင်းသော အမျိုးသား ခဏရပ်သွားပြီးနောက် သူလည်း မတ်တပ်ရပ်ကာ ထွက်သွားရန် ဆုံးဖြတ်လိုက်လေသည်။

သူ စဉ်းစားကြည့်ရာ တကယ်ပင် မလုပ်နိုင်ကြောင်း သိလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် သူ ပဉ္စမမြောက် ခြံဝင်းငယ်တွင် ရှိစဉ်က ဤနေရာအထိ မရောက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

ကတုံးပြောင်ပြောင်နှင့် အမျိုးသားက ပြောလိုက်သည်။

"ပါရမီရှင်တွေ ပြောတာကို များများ နားထောင် လမ်းမှား ရောက်တာ သက်သာတယ်"

ထို့နောက် သူတို့နှစ်ယောက် မြန်မြန် ထွက်သွားကြလေသည်။

တခြား နေရာများသို့ သွားကာ အခွင့်အရေး ရနိုင်မလား ဆိုတာကို ကြည့်ရန် ဖြစ်သည်။

သိုင်းပညာရပ် ဖြန့်ဝေရေး ဌာနမှ ကျောက်တုံးကြီး….

ကျန်းမန် စမ်းကြည့်လိုက်သည်။

【အပြည့်အစုံ မှတ်တမ်းတင်ရန် မထိုက်တန်ပေ။】

ပို၍ပင် အသုံးမကျသေးချေ။

ထို့နောက် ဆိုင်းဘုတ်ကို မြင်တော့ စာလုံးများက သပ်ရပ်နေသည်ဟု ခံစားရလေသည်။

ထို့နောက် ထပ်စမ်းကြည့်လိုက်ပြန်သည်။

【အရမ်း ရုပ်ဆိုးလွန်းသဖြင့် မထိုက်တန်ပေ။】

ကျန်းမန်က စာလုံးများကို ကြည့်ကာ မေးလိုက်သည်။

"ဒီစာလုံးတွေက ရုပ်ဆိုးလား"

ကောင်းရုံက ပြောလိုက်သည်။

"မဆိုးပါဘူး"

ကျန်းမန်က ပြောလိုက်သည်။

"ရုပ်ဆိုးတယ်"

ကောင်းရုံက ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။

"တကယ် ရုပ်ဆိုးတယ်"

စုချင်းယာတစ်ယောက် စကားမဆိုနိုင်တော့ချေ။

ထို့နောက် သူတို့က တောင်ထွတ်ပေါ်ရှိ ရုပ်တုဆီသို့ ရောက်လာခဲ့ကြသည်။

ထိုရုပ်တုက လူတစ်ယောက် မဟုတ်ဘဲ လူပုံစံ ရှိသော မိစ္ဆာ တစ်ကောင် ဖြစ်နေလေသည်။

သို့မဟုတ် မိစ္ဆာတစ်ဝက်ဟု ဆိုရမည် ဖြစ်သည်။

ရုပ်ချောသော အမျိုးသား တစ်ဦး ဖြစ်လေသည်။

ကောင်းရုံက နားလည်နိုင်စွာဖြင့် မေးလိုက်သည်။

"ဘာလို့ လူ မဟုတ်တာလဲ"

စုချင်းယာက ပြောလိုက်သည်။

"မသိဘူး ကြားတာတော့ သူက ဝူယွင်ဂိုဏ်းက အကြီးအကဲ တစ်ယောက်တဲ့ မိစ္ဆာအင်မော်တယ် ပေါ့"

ကျန်းမန်က ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။

"အင်မော်တယ်ဂိုဏ်းက ကြီးမြတ်ပါတယ် အင်မော်တယ်ဂိုဏ်းရဲ့ သဘောတရားနဲ့ ကိုက်ညီရင် အားလုံး ပါဝင်နိုင်ပါတယ်"

ကောင်းရုံက ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။

"သြော် အဲဒီလိုကိုး"

ကောင်းရုံက အတော်လေး မြှောက်ပင့်ပေးနေသည်ဟု ကျန်းမန် ခံစားလိုက်ရသည်။

စိတ်ခံစားမှု တန်ဖိုးများ မြင့်တက်လာကာ သူ့ကို သေချာ ပူးပေါင်းရန် ဖက်တီးလေးက ပြောထား၍လားဟု တွေးမိလေသည်။

ဖက်တီးလေးက လော်ရွှမ်ကို ညမအိပ်ခိုင်းဘူးဟု မပြောလျှင် သူတို့က တကယ်ကို သူငယ်ချင်းကောင်းများပင် ဖြစ်လေသည်။

သေချာတာပေါ့ ဇနီး သုံးယောက် ကိုယ်လုပ်တော် လေးယောက် ထားမှာလား ဆိုတာမျိုးလည်း မမေးပါနှင့်။

ဤသို့သော စကားမျိုးက သံယောဇဉ်ကို ထိခိုက်စေလေသည်။

ထို့နောက် ကျန်းမန်က ရုပ်တုကို လက်ဖြင့် စမ်းကြည့်လိုက်သည်။

ဒီတစ်ကြိမ်တွင်မူ ကောင်းကင်ဘုံ မှတ်တမ်းကျမ်းက အမြန် လှန်သွားခဲ့လေသည်။

နောက်ဆုံး စာမျက်နှာတွင် မရပ်ဘဲ နှစ်ဆယ့်သုံး မျက်နှာမြောက်တွင် ရပ်သွားလေသည်။

ကျန်းမန် အတော်လေး အံ့သြသွားကာ ပစ္စည်းကောင်း စမ်းမိသွားပြီလားဟု တွေးလိုက်သည်။

【အရပ်လေးမျက်နှာ မိစ္ဆာနှိမ်နင်းရေး ကျောက်တုံး - ရှေးခေတ်ကာလက ကောင်းကင်နှင့် မြေကြီး ပျက်စီးပြီး မြေပြင် လှုပ်ခတ်ချိန်တွင် အစွမ်းထက်သူ တစ်ဦးက မိမိကိုယ်ကို စတေးကာ ကောင်းကင် ကျောက်တုံးကို ရှာဖွေပြီး ပုံဖော်ခဲ့သည်။ မိမိ တာအိုကို အထဲသို့ ထည့်သွင်းကာ ကောင်းကင်နှင့် မြေကြီး ဝင်္ကပါကြီးကို တောင်တန်း မြစ်ချောင်းများနှင့် ပေါင်းစပ်ကာ မြေပြင်ကို ဖိနှိပ်ပြီး အရပ်တစ်မျက်နှာရှိ မြေပြင်ကို ငြိမ်းချမ်းအောင် ကာကွယ်ခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း သုံးရာက အခြား အစွမ်းထက်သူ တစ်ဦးက ကျန်ရှိသော ကောင်းကင် ကျောက်တုံး သုံးခုကို ရှာဖွေပြီး အထဲသို့ ထည့်သွင်းခဲ့ကာ မိစ္ဆာအနွယ်ဝင် အစွမ်းထက်သူ တစ်ဦးကို ကြားခံအဖြစ် အသုံးပြု၍ အထဲသို့ ထည့်သွင်းခဲ့သည်။ ဤနည်းဖြင့် အရပ်လေးမျက်နှာရှိ မိစ္ဆာမျိုးနွယ်ကို ဖိနှိပ်ကာ ကောင်းကင်နှင့် မြေကြီးကို အနားယူ အားမွေးစေခဲ့သည်။ ရုပ်တု လက်ထဲတွင် ကျောက်တုံး တစ်တုံး ရှိကာ ၎င်းမှာ ထူးခြားသော သက်ရှိများ စွမ်းအားကို အသုံးပြု၍ ဖိနှိပ်မှုမှ လွတ်မြောက်ကာ ပြိုင်ပွဲကြီးအတွင်း ခိုးဝင်ပြီး ဝူယွင်ဂိုဏ်းထဲသို့ ဝင်ရောက်ရန် ကြိုးစားနေသော မိစ္ဆာမျိုးနွယ် တစ်ဦး ဖြစ်သည်။】

【အရပ်လေးမျက်နှာ မိစ္ဆာနှိမ်နင်းရေး ကျောက်တုံး ကို မှတ်တမ်းတင်ပါက ကျင့်စဉ် ခရမ်းရောင်အငွေ့အသက် တစ်ခု ရရှိနိုင်သည် 】

ဤအခိုက်အတန့်တွင် ကျန်းမန်က နေရာမှာပင် ရပ်နေကာ အတော်လေး ခံစားချက် ဖြစ်သွားလေသည်။

အထူးသဖြင့် နောက်ဆုံး စာကြောင်းကို ကြည့်ပြီး သူက နောက်ဆုံးတော့ အလင်းရောင်ကို မြင်ရပြီဟု ခံစားလိုက်ရသည်။

ကျင့်စဉ် ခရမ်းရောင်အငွေ့အသက်

ဤသို့ဆိုလျှင် သူ့ ကျင့်စဉ် ကျင့်ကြံနှုန်းက နောက်ထပ် တစ်ဆ ပိုမြန်လာတော့မည် ဖြစ်သည်။

ထိုသို့ဖြစ်နေမှတော့ ကြိုတင် ပြင်ဆင်ထားသင့်ပြီ ဖြစ်လေသည်။

အစီအစဉ်ကို ပြောင်းကာ ဒုတိယ ခြံဝင်းငယ်နှင့် ဆက်ပြီး မလုတော့ပေ။

အရင်ဆုံး ကျင့်စဉ်ကို မြှင့်တင်မည်ဖြစ်ပြီး ကျန်ရှိသော လဝက်ကျော် အချိန်ကို အသုံးပြုလိုက်မည် ဖြစ်သည်။

ကောင်းရုံက မေးလိုက်သည်။

"ဒီရုပ်တုက ဘာဖြစ်လို့လဲ"

ကျန်းမန်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ဒီရုပ်တုက သာမန်မဟုတ်ဘူး အရမ်း အရေးကြီးတဲ့ ပစ္စည်းပဲ ပြီးတော့ ဒီရုပ်တု အပေါ်မှာ တခြား ပစ္စည်းတွေလည်း ရှိသေးတယ်"

ထို့နောက် အပေါ်တက်ကာ ရုပ်တု လက်ထဲမှ ကျောက်တုံးကို ယူလိုက်လေသည်။

ကြည့်ရသည်မှာ အလွန်ပင် သာမန်ဖြစ်လေသည်။

ကောင်းရုံက နားလည်နိုင်စွာဖြင့် မေးလိုက်သည်။

"ဒီကျောက်တုံးလေးပဲလား"

ကျန်းမန်က ရှင်းပြရန် မလောဘဲ မေးလိုက်သည်။

"ငါ အခု ကြယ်ခုနစ်ပွင့် ခန္ဓာကိုယ်ကျင့်စဉ်ကို ရှာချင်တယ်ဆိုရင် ဘယ်သွားသင့်လဲ"

သူက စုချင်းယာကို မေးလိုက်ခြင်း ဖြစ်သည်။

ယခု ပါရမီသစ်ကို ဖွင့်နိုင်ပြီဖြစ်ရာ သေချာ မကျင့်ကြံရလျှင် သူ့စိတ်ထဲတွင် သက်တောင့်သက်သာ မရှိပေ။

ပါရမီသစ်က ဘယ်လောက်တောင် အစွမ်းထက်သလဲ ဆိုတာကို သူ စမ်းကြည့်ချင်ပြီးနောက် အဆင့်ငါးဆယ် အတွင်းကို အတင်း ဝင်တိုက်၍ ရမရ ဆိုတာကိုလည်း ကြည့်ချင်လေသည်။

မျှော်လင့်ချက် ရှိသဖြင့် အရင်ဆုံး အဆင့်မြင့်အဆင့် ခန္ဓာကိုယ်ကျင့်စဉ်ကို ရရှိရန် လိုအပ်လေသည်။

အစီအစဉ်ကို သေချာ ပြောင်းလဲရန် လိုအပ်နေပြီ ဖြစ်သည်။

သေချာတာပေါ့၊ ထို့အပြင် သူ အခြား ပစ္စည်းများကိုလည်း သွားစမ်းကြည့်ရန် လိုအပ်သေးသည်။

ပိုကောင်းသော ပစ္စည်းများ စမ်းမိနိုင်မည်လား ဆိုတာကို မည်သူ သိမည်နည်း။

ဤ အရပ်လေးမျက်နှာ ကျောက်တုံးက ကြည့်ရသည်မှာ ဘာမှမဟုတ်သော်လည်း အဆင့် နှစ်ဆယ့်သုံးတွင် ရှိနေလေသည်။

အခြား ဒယ်အိုးများက ဤထက်ပို၍ အဆင့်မြင့်နိုင်သည်လည်း ဖြစ်နိုင်လေသည်။

ထို့အပြင် ဤထူးခြားသော သက်ရှိစွမ်းအားက မိစ္ဆာနတ်ဘုရား ပါဝင်ပတ်သက်နေခြင်းကို ဆိုလိုခြင်းလား။

အပ်လိုက်လျှင် ဝိညာဉ်ကျောက်တုံး တစ်သုတ် ထပ်ရဦးမည်သာ ဖြစ်သည်။

မိစ္ဆာနတ်ဘုရားက မကောင်းဘူးဆိုသည်ကို သူ တကယ်ပင် လက်မခံနိုင်ပေ။

မိစ္ဆာနတ်ဘုရားဆိုသည်မှာ တကယ့် ငွေဝင်လာဘ်ကောင်လေးပင် ဖြစ်လေတော့သည်။

All Chapters