← Chapters

အခန်း ၁၆၉

Vol. 11 Ch. 169

အခန်း ၁၆၉

Vol. 11 Ch. 169

အခန်း ၁၆၉ သူတို့က ငါနဲ့ ရန်ငြိုးများ ရှိလို့လား ဒီလောက်တောင် ဝိုင်းတိုက်နေကြတာ

ကျိုလင်တို့ သုံးယောက်ကို မြင်တွေ့လိုက်ရသောအခါ ကျန်းမန် အတော်လေး အံ့အားသင့်သွားလေသည်။

သူတို့၏ စွမ်းအား အတိအကျကို မသိရသော်လည်း အပြင်သို့ ယိုဖိတ်နေသော အငွေ့အသက် အချို့ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်လေသည်။

ထိုလူသုံးယောက်မှာ ယခုအချိန်အထိ သူ တွေ့ဆုံခဲ့ဖူးသမျှ အစွမ်းအထက်ဆုံး လူများ ဖြစ်လေသည်။

စုချင်းယာက တိုးတိုးလေး ပြောလိုက်သည်။

"ကျိုလင်က ပထမ ခြံဝင်းငယ်မှာ ထိပ်ဆုံး အယောက်နှစ်ဆယ် အတွင်းမှာ ရှိတယ် သူ့ဘေးက အမျိုးသားက ချန်ဟယ် လို့ခေါ်ပြီး ထိပ်ဆုံး အယောက်သုံးဆယ် အတွင်းမှာ ရှိတယ် အမျိုးသမီးကတော့ ကျောက်ယွဲ့ လို့ခေါ်ပြီး သူလည်း ထိပ်ဆုံး အယောက်သုံးဆယ် အတွင်းမှာပဲ"

အားလုံးက ထိပ်ဆုံး အယောက်သုံးဆယ် အတွင်း၊ ထိပ်ဆုံး အယောက်နှစ်ဆယ် အတွင်းမှာပင် ရှိနေကြလေသည်။

ဤသို့သော အစွမ်းထက်သည့် ပြိုင်ဘက်များကို ရင်ဆိုင်ရချိန်တွင် ကျန်းမန်ပင် ဖိအားကို ခံစားလိုက်ရလေသည်။

အကယ်၍ ဤလူသုံးယောက်က သူ့ကို ဝိုင်းဝန်း တိုက်ခိုက်မည်ဆိုပါက ကောင်းကင် နှလုံးသား တံဆိပ်တုံး ကို အသုံးပြုကာ နံ့သာတစ်တိုင်စာ အချိန်အထိ တောင့်ခံနိုင်မည်လား။

အကယ်၍ သူတို့က ကောင်းရုံတို့ကို သွားရောက် တိုက်ခိုက်မည်ဆိုပါက ပို၍ပင် ဒုက္ခရောက်မည် ဖြစ်လေသည်။

ကျိုလင်က မျက်စိရှေ့မှ လူကို ကြည့်ကာ မေးလိုက်သည်။

"ကျန်းမန်လား"

ကျန်းမန်က ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။

"ဟုတ်တယ်"

"ကျွန်မက ရှင်နဲ့ တစ်ယောက်ချင်း ယှဉ်ပြိုင်ချင်တယ်"

ကျိုလင်က ကျန်းမန်ကို ကြည့်ကာ ပြောလိုက်ပြီးနောက် ခဏရပ်ကာ ဆက်ပြောလိုက်သည်။

"အကယ်၍ ရှင်က ကျွန်မကို နိုင်ရင် ဒီတစ်ပွဲက ရှင့်အဖွဲ့ နိုင်တယ်လို့ သတ်မှတ်ပေးမယ် ဘယ်လိုလဲ"

ကျန်းမန်က တစ်ဖက်လူ၏ ဘေးမှ လူနှစ်ယောက်ကို ကြည့်လိုက်လေသည်။

သူတို့က ခေါင်းအနည်းငယ် ငြိမ့်ပြကြလေသည်။

မည်သည့် သဘောထား ကွဲလွဲမှုမျှ မရှိပေ။

အဆင့်သတ်မှတ်ချက်ကို သူတို့ မလောကြချေ။

နောက်ပိုင်းတွင် အဆင့်သတ်မှတ်ချက်က သဘာဝကျကျ မြင့်တက်လာမည် ဖြစ်လေသည်။

ယခုအချိန်တွင် သူတို့ အားလုံးက ဤသတ္တမမြောက် ခြံဝင်းငယ်မှ လာသော ညမအိပ်သည့် ပါရမီရှင်သည် မည်မျှအထိ အစွမ်းထက်သည်ကို သိရှိလိုကြလေသည်။

ကျိုလင်ကို စမ်းသပ်ခိုင်းခြင်းက မဆိုးလှပေ။

ကျန်းမန် လုံးဝ တွေဝေခြင်း မရှိဘဲ ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။

"ကောင်းပြီလေ"

ဤလူများနှင့် တိုက်ခိုက်ရသည်မှာ တကယ်ပင် အတော်လေး ပင်ပန်းလှလေသည်။

ဝိုင်းဝန်း တိုက်ခိုက်ခံရပါက သူ၏ စွမ်းအားများ ကုန်ခမ်းသွားနိုင်လေသည်။

ဝိုင်းမတိုက်လျှင် ပို၍ပင် ဒုက္ခရောက်နိုင်သေးလေသည်။

ထိုသို့ဖြင့် ကျန်းမန်က ရှေ့သို့ ခြေနှစ်လှမ်း တိုးလိုက်လေသည်။

ကျိုလင်လည်း ထိုနည်းတူပင်။

သူမက အစ်မဖြစ်သူ၏ စီစဉ်မှုကို သဘောမကျချေ။

ထို့ကြောင့် မိမိကိုယ်ကို သက်သေပြရန် အခွင့်အရေး တစ်ခု လိုအပ်လေသည်။

သို့သော် တစ်ဖက်လူနှင့် ရန်သူ ဖြစ်လောက်အောင် သူမ မမိုက်မဲပေ။

ကျန်းမန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

"တောင်းပန်ပါတယ်နော်"

"ရပါတယ် အားလုံးက ရှင့်ကို ပါရမီရှင်လို့ ပြောနေကြတာပဲ ပါရမီရှင် ဆိုတာ ကိုယ်ပိုင် မာန ရှိကြတာပဲ ရှင် အစွမ်းကုန် တိုက်ခိုက်လို့ ရတယ်"

ကျိုလင်က ပြောလိုက်သည်။

ထိုစကားမှာ သူမကိုယ်သူမ ပြောနေခြင်းလည်း ဖြစ်လေသည်။

သူမတွင်လည်း ကိုယ်ပိုင် မာန ရှိလေသည်။

ဤမျှဖြင့် လက်မလျှော့ချင်ပေ။

ကျန်းမန်ကို အနိုင်ယူနိုင်ပါက ပထမ ခြေလှမ်းကို လှမ်းနိုင်ပြီ ဖြစ်လေသည်။

အတွေးများ လည်ပတ်နေစဉ်မှာပင် သူမ၏ မျက်လုံးထောင့်မှနေ၍ လက်ဝါးတစ်ချက် ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။

လုံးဝ နှောင့်နှေးခြင်း မရှိဘဲ လက်ဝါးတစ်ချက် ပြန်လည် ရိုက်ထုတ်လိုက်လေသည်။

ဝုန်း

စွမ်းအားများ ရိုက်မိသွားပြီး သူတို့ နှစ်ယောက်လုံး နောက်သို့ ဆုတ်သွားကြလေသည်။

ထို့နောက် အလင်းရောင် တစ်ခုက ကျိုလင် အပေါ်သို့ ကျရောက်လာလေသည်။

ခရမ်းရောင်တိမ်တိုက် အလင်းတန်းလား။ ကျိုလင်က ဓားကို ကိုင်ထားကာ ချက်ချင်းပင် ဓားအလင်းရောင်များ တောက်ပလာပြီး အလင်းရောင် တိုက်ခိုက်မှု မရောက်လာမီ အရှေ့တွင် ကာကွယ်လိုက်လေသည်။

ဝုန်း

အလင်းရောင် ထိုးကျလာသည့် အခိုက်အတန့်တွင် ကျန်းမန်၏ တိုက်ခိုက်မှုက ချက်ချင်း ရောက်ရှိလာလေသည်။

ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ဝိညာဉ်ဓား ကွေးညွတ်သွားသော်လည်း ဤကာကွယ်ထားသော ဓားချက်ကို မဖောက်ထွင်းနိုင်ခဲ့ချေ။

ထို့နောက် ဓားထဲမှ မရေမတွက်နိုင်သော ဓားအလင်းရောင်များ ထွက်ပေါ်လာခဲ့လေသည်။

ပတ်ဝန်းကျင် လေထုထဲတွင် ကွေးညွတ်သော လမ်းကြောင်း တစ်ခု ဖန်တီးကာ ကျန်းမန်ထံသို့ တိုးဝင်သွားလေသည်။

ကျန်းမန် အနောက်သို့ ဆုတ်လိုက်ရကာ တစ်ခါတစ်ရံ လက်လှမ်း၍ တိုက်ခိုက်မှုများကို ဖယ်ရှားလိုက်လေသည်။

အကယ်၍ ဤမျှများပြားသော ဓားအလင်းရောင်များကို အကုန်လုံး တောင့်ခံပါက ဝိညာဉ်စွမ်းအင်များ အများကြီး ကုန်ခမ်းသွားမည် ဖြစ်လေသည်။

ယခုအချိန်တွင် သူက စစ်မှန်သော သိုင်းပညာရပ်ကို လှုံ့ဆော်နေလေပြီ။

အမြန်ဆုံး စစ်မှန်သော သိုင်းပညာရပ် ထဲသို့ ဝင်ရောက်နိုင်မှသာ အနိုင်ရရန် မျှော်လင့်နိုင်မည် ဖြစ်သည်၊ အနည်းဆုံးတော့ နံ့သာတစ်တိုင်စာ အချိန်အတွင်း မဖြစ်နိုင်ချေ။

ကျိုလင်က ယခုအချိန်တွင် စတင် တိုက်ခိုက်လာလေသည်။

သူမက ဓားရှည်ကို ကိုင်ကာ မှော်ပညာရပ်ကို လှုံ့ဆော်လိုက်ရာ ကိုယ်ပတ်လည်တွင် လူရိပ် ရှစ်ခု ပေါ်လာလေသည်။

ထို့နောက် စတင် တိုက်ခိုက်လာလေသည်။

သူမ ဤသို့ ပြုလုပ်ရခြင်းမှာ ကျန်းမန်၏ စစ်မှန်သော သိုင်းပညာရပ် ဖန်တီးမှုကို နှောင့်ယှက်ရန်နှင့် မိမိကိုယ်တိုင်လည်း အမြန်ဆုံး စစ်မှန်သော သိုင်းပညာရပ် ဖန်တီးနိုင်ရန် ဖြစ်လေသည်။

ဓားသိုင်းက လျင်မြန်ပြီး ပြတ်သားလှကာ ကျန်းမန်က ဘေးသို့ ရှောင်လိုက်ပြီး နောက်သို့ ခြေသုံးလှမ်း ဆုတ်လိုက်ကာ ထပ်မံ၍ လှည့်ကာ ရှောင်ရှားလိုက်လေသည်။

သို့သော် ယခုအချိန်တွင် ဓားရှည် တစ်လက်က သူ၏ မျက်နှာရှေ့သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

ရှောင်ရှားရန် မဖြစ်နိုင်တော့ချေ။

သူက လက်ညှိုး နှစ်ချောင်းဖြင့် ဓားကိုယ်ထည်ကို ရိုက်လိုက်ကာ ဓား၏ ဦးတည်ရာကို ပြောင်းလဲစေပြီး တိုက်ခိုက်မှုကို ရှောင်လွှဲလိုက်လေသည်။

ကျန်းမန်၏ လှုပ်ရှားမှုများက မမြန်ဆန်သော်လည်း တစ်ကိုယ်လုံးရှိ စိတ်အာရုံနှင့် ခန္ဓာကိုယ် စွမ်းအား အားလုံးကို အသုံးပြုမှသာ မနည်း ရှောင်လွှဲနိုင်လေသည်။

ကျိုလင်၏ တိုက်ခိုက်မှု အရှိန်က အလွန် မြန်ဆန်လှပြီး အရိပ်များ အမြန် ဖြတ်သန်းသွားကာ ဓားသံများ ထွက်ပေါ်နေလေသည်။

ကျန်းမန်က တစ်ကိုယ်လုံးရှိ စွမ်းအားများကို ပေါင်းစပ် အသုံးပြုသော်လည်း အရေးကြီးသော အစိတ်အပိုင်းများကိုသာ ရှောင်ရှားနိုင်ပြီး လက်မောင်းနှင့် ကျောဘက်တွင် ဒဏ်ရာ အနည်းငယ် ရရှိသွားလေသည်။

ခဏမျှ ရှောင်ရှားပြီးနောက် တစ်ဖက်လူ၏ တိုက်ခိုက်မှုများ ပိုမို ပြတ်သားလာကာ နောက်ဆုံးတွင် ကွက်လပ် တစ်ခု၌ တစ်ဖက်လူ၏ ဓားစွမ်းအင်က ရုတ်တရက် အလွန် အားကောင်းလာလေသည်။

အရိပ်များ အားလုံးက ကျိုလင်နှင့် တစ်သားတည်း ဖြစ်သွားလေသည်။

"ပြီးပြီ"

သူမက ဓားတစ်ချက် ထိုးစိုက်လိုက်လေသည်။

ကောင်းကင်မှ ဆင်းသက်လာသော နတ်သမီး တစ်ပါးကဲ့သို့ပင်။

ကျန်းမန်က ဤရှောင်လွှဲ၍ မရနိုင်သော ဓားချက်ကို ကြည့်ကာ မည်သည့် စိတ်ခံစားမှုမျှ မရှိချေ။

ထို့နောက် သူက လက်ကို မြှောက်လိုက်ရာ တစ်ကိုယ်လုံး ရွှေရောင် အလင်းများ ပျံ့နှံ့သွားလေသည်။

နေမင်းကြီး ထွက်ပေါ်လာလေသည်။

အလင်းရောင်များက ဓားသွားပေါ်သို့ ကျရောက်သွားလေသည်။

ထို့နောက် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။

ရွှေရောင် အလင်းများ လက်ဝါးထဲသို့ ပျံ့နှံ့သွားကာ တစ်ချိန်တည်းမှာပင် လက်ဝါးသိုင်းနှင့် အလင်းရောင်တို့ ပေါင်းစပ်သွားလေသည်။

ဝုန်း

ဓားသွား ရောက်ရှိလာသော်လည်း လက်ဝါးနှင့် တစ်လက်မ အကွာတွင် ရပ်တန့်သွားလေသည်။

စွမ်းအားများ လှိုင်းထန်နေလေသည်။

ထို့နောက် ဘန်းခနဲ အသံ ထွက်ပေါ်လာလေသည်။

စွမ်းအားများ ပေါက်ကွဲထွက်သွားကာ နှစ်ယောက်လုံး နောက်သို့ လွင့်စင်သွားကြလေသည်။

သို့သော် ကျန်းမန်တွင် စစ်မှန်သော သိုင်းပညာရပ် ရှိနေပြီး မြေကြီးပေါ်တွင် ရှိနေသဖြင့် လှုပ်ရှားမှုက ပိုမို မြန်ဆန်လေသည်။

သူက ခြေတစ်လှမ်း ချလိုက်လေသည်။

ရေစီးကြမ်း သိုင်း

ယခုအချိန်တွင် ကျိုလင် မြေပေါ်သို့ မကျသေးခင်မှာပင် မြေကြီးပေါ်တွင် ဆူးချွန်များ ပေါ်လာလေသည်။

သူမက လေထဲတွင် လှည့်ကာ ရှောင်ရှားလိုက်လေသည်။

မြေပေါ်သို့ ကျသည့် အခိုက်အတန့်တွင် ပတ်ဝန်းကျင်၌ အရိပ်မဲ့ လက်ဝါးများ တိုက်ခိုက်လာသည်ကို ခံစားလိုက်ရလေသည်။

နောက်သို့ ဆုတ်ရန်သာ ရှိတော့သည်။

"ဆုတ်လို့ မရဘူး"

ယခုအချိန်တွင် ပွဲကြည့်နေသော ကျောက်ယွဲ့က မသိမသာ အော်ပြောလိုက်လေသည်။

သို့သော် နောက်ကျသွားလေပြီ။

မကြာမီ သူမ အဘယ်ကြောင့် နောက်ဆုတ်၍ မရသည်ကို တွေ့ရှိလိုက်ရသည် အဘယ်ကြောင့်ဆိုသော် သူမ နောက်ဆုတ်မည့် လမ်းကြောင်းပေါ်တွင် ကျန်းမန်က ဘယ်အချိန်ကတည်းက ရောက်ရှိနေမှန်း မသိသောကြောင့် ဖြစ်လေသည်။

သူမ နောက်ဆုတ်လာမည့် အချိန်ကို စောင့်ဆိုင်းနေသကဲ့သို့ ပင်…..

ယခုအချိန်တွင် ကျန်းမန်၏ ညာလက်က ဘယ်ဘက်ပခုံး အနောက်သို့ ရောက်ရှိနေကာ ဓားကို ကိုင်၍ ခုတ်ချမည့် ကိုယ်ဟန် အနေအထားမျိုး ဖြစ်နေသော်လည်း သူ၏ လက်ထဲတွင် ဓားမရှိချေ။

တစ်ချိန်တည်းမှာပင် အနောက်ဘက်ရှိ မြေကြီးတွင် စိုက်နေသော ဝိညာဉ်ဓားက ရေစီးကြမ်း သိုင်း ၏ တုန်ခါမှုကြောင့် လွင့်စင်လာလေသည်။

ကျန်းမန်၏ ညာလက် နောက်သို့ ဆုတ်လိုက်သည့် အခိုက်အတန့်တွင် သူ၏ လက်ထဲသို့ အတိအကျ ရောက်ရှိလာလေသည်။

ဓားကို ဆုပ်ကိုင်လိုက်လေသည်။

ထို့နောက် လေပြင်း မုန်တိုင်းများ ပါဝင်သော ဓားတစ်ချက် ခုတ်ချလိုက်လေသည်။

ကျန်းမန်က ဓားကိုယ်ထည်ကိုသာ အသုံးပြုပြီး ဓားသွားကို အသုံးမပြုခဲ့ချေ။

ဤဓားချက် ထိမှန်သွားပါက အနိုင်အရှုံး ပေါ်သွားမည် ဖြစ်လေသည်။

သို့သော် ဓားက အံ့အားသင့်နေသော ကျိုလင်၏ မျက်နှာကို ထိမှန်တော့မည့် အချိန်တွင် ခွပ်ခနဲ အသံ ထွက်ပေါ်လာလေသည်။

ဝိညာဉ်ဓားထံမှ ကြည်လင်သော ညည်းတွားသံ ထွက်ပေါ်လာလေသည်။

ထို့နောက် ဘန်းခနဲ အသံ ထွက်ပေါ်လာလေသည်။

နေရာမှာပင် ကျိုးပဲ့သွားလေသည်။

ကျိုးပဲ့သွားသော ဓားက ဖြတ်သန်းသွားကာ ကျိုလင်ကို လုံးဝ မထိမှန်ခဲ့ချေ။

ကျိုလင်လည်း တိုက်ခိုက်မှုကို ချောမွေ့စွာ ရှောင်လွှဲနိုင်ခဲ့လေသည်။

အရာအားလုံး ရပ်တန့်သွားလေသည်။

ကျိုလင်က မသိမသာ ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း အနည်းငယ် တွေဝေသွားလေသည်။

ထို့နောက် သက်ပြင်းရှည်ကြီး ချလိုက်ကာ မကျေမနပ်ဖြင့် ခေါင်းငုံ့ကာ ပြောလိုက်သည်။

"ကျွန်မ ရှုံးပြီ"

ကျန်းမန်ကမူ လက်ထဲမှ ကျိုးပဲ့နေသော ဓားကို ကြည့်ကာ ကြောင်အမ်းသွားလေသည်။

'ငါ့ရဲ့ ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော်'

ဝိညာဉ်ဓားက အသုံးမခံမှန်း သိသော်လည်း ဤမျှ အသုံးမခံမှန်း မသိခဲ့ချေ။

ထိုဓားက အခြေခံတည်ဆောက်ခြင်း ပြီးပြည့်စုံသည့်အဆင့် သို့ ရောက်နေသော သူ့အတွက် အစွမ်းကုန် ခုတ်ပိုင်းရန်ပင် အရည်အချင်း မရှိဘူးလား။

ဤတိုက်ပွဲတွင် အရှုံးပေါ်သွားလေပြီ။

သူ ခံစားချက် ဖြစ်နေစဉ်မှာပင် ဝိညာဉ်ဓား တစ်လက် သူ၏ ရှေ့သို့ ကျလာလေသည်။

"ကျွန်မကို နိုင်တဲ့ စစ်ပွဲ အကျိုးအမြတ် အဖြစ် သဘောထားလိုက်ပါ"

ကျန်းမန်က မျက်စိရှေ့မှ ကျိုလင်ကို အံ့သြစွာ ကြည့်လိုက်ပြီး တစ်ဖက်လူက တကယ်ကို လူကောင်း တစ်ယောက်ပါလားဟု တွေးမိလေသည်။

သူ ဝိညာဉ်ဓား အသစ်ကို ကြည့်လိုက်ရာ ယခင် ဓားထက် တစ်ဆင့် ပိုကောင်းမွန်ပြီး အနည်းဆုံး ဝိညာဉ်ကျောက်တုံး နှစ်သောင်းခန့် တန်ဖိုးရှိမည်ဟု ခန့်မှန်းရလေသည်။

အမြတ်ကြီး ထွက်သွားလေပြီ။

ယခုအချိန်တွင် ကျိုလင်က လည်ပင်းကို စမ်းကြည့်လိုက်ကာ တစ်ဖက်လူ၏ ထိုဓားချက်ကို အနည်းငယ် အံ့အားသင့်နေမိလေသည်။

သူက ဘယ်လိုလုပ်ပြီး ရေစီးကြမ်း သိုင်း ကို အသုံးပြုကာ ဝိညာဉ်ဓားကို အတိအကျ ပို့ဆောင်စေပြီး အတိအကျ ဆုပ်ကိုင် ခုတ်ပိုင်းနိုင်ရသနည်း။

ဤလူ၏ တိုက်ခိုက်ရေး ပါရမီက သူမထက် မသိနိုင်လောက်အောင် ပိုမို မြင့်မားလှလေသည်။

ယခုအချိန်တွင် ကျန်းမန်က ဓားကို ကိုင်ကာ ပြုံးလျက် ပြောလိုက်သည်။

"ကျေးဇူးပါပဲ"

ကျိုလင်လည်း လက်ယှက်ကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ကျန်းမန်က မည်သို့လုပ်၍ ဤမျှ မြန်ဆန်စွာ စစ်မှန်သော သိုင်းပညာရပ်ကို အသုံးပြုနိုင်သည်ကို သူမ အလွန် သိချင်နေလေသည်။

သူမ အနည်းငယ် လိုနေသေးသည် မဟုတ်ပါက နိုင်မည့်သူမှာ သူမ ဖြစ်လေသည်။

သို့သော် ရှုံးသည်ကတော့ ရှုံးသည်ပင်။

ထို့နောက် သူတို့က အရှုံးပေးကာ ထွက်သွားကြလေသည်။

လူကောင်းတွေ အများကြီးပဲဟု ကျန်းမန် မနေနိုင်ဘဲ တွေးမိလေသည်။

ထို့နောက် သူတို့က မူလက ဒယ်အိုး ဘေးသို့ ပြန်ရောက်လာကြလေသည်။

နောက်တစ်ပွဲ စတင်ရန် စောင့်ဆိုင်းနေကြလေသည်။

သူက တင်ပျဉ်ခွေကာ အနားယူလိုက်လေသည် ဤတစ်ကြိမ်တွင် တကယ်ပင် စွမ်းအင် အများကြီး ကုန်ခမ်းသွားပြီး နောက်တစ်ကြိမ် အလားတူ အဖွဲ့မျိုးနှင့် တွေ့ဆုံပါက တောင့်ခံနိုင်မည်လား ဆိုသည်ကို မသေချာတော့ချေ။

စုချင်းယာက ကျန်းမန်ကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"မောင်လေး ကျိုလင်ကို ဘယ်လို ထင်လဲ"

ကျန်းမန်က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

"လူကောင်း တစ်ယောက်ပါ"

"ရုပ်ရည်ကရော"

"ချောမောလှပလောက်တယ်"

ကျန်းမန်က အမှန်အတိုင်းပင် ပြန်ဖြေလိုက်သည်။

သိပ်ပြီး သေချာ မကြည့်မိချေ။

ကောင်းရုံလည်း သိချင်စိတ်ဖြင့် မေးလိုက်သည်။

"သခင်လေးကျန်းမှာ ဇနီးသည် ရှိတယ်ဆိုတော့ ကိုယ်လုပ်တော် ထားဦးမလား"

အကယ်၍ ကိုယ်လုပ်တော် ထားနိုင်ပါက သူ အိမ်ကို အကြောင်းကြားရမည် ဖြစ်သည်။

တစ်ယောက်ယောက်ကို တစ်ဖက်လူထံ ပို့ဆောင်နိုင်ရန် နည်းလမ်း ရှာရမည် ဖြစ်သည်။

သေချာတာပေါ့ ရမ်းကား၍တော့ မရပေ။

ဘာပဲဖြစ်ဖြစ် ဖက်တီးလေး၏ အဆက်အသွယ် ရှိနေသဖြင့် အကယ်၍ အကွက်လွဲသွားပါက အလုပ်ပျက်သွားနိုင်လေသည်။

ကျန်းမန်က အမှန်အတိုင်း ပြောလိုက်သည်။

"မထားဘူး"

အကယ်၍ ဖက်တီးလေးက မေးပါက သူက ရှင်းရှင်းလင်းလင်း ပြောပြမည် မဟုတ်ပေ။

သို့သော် တချို့လူများက ရည်ရွယ်ချက် တစ်ခုခု ပါဝင်နေပြီး တချို့က သူ့ကို အိမ်ပါသမက် အဖြစ် လာရောက် ခေါ်ဆောင်ချင်နေကြလေသည်။

ထို့ကြောင့် တချို့ကိစ္စများကို မရေမရာ ပြုလုပ်၍ မရပေ။

မိမိကိုယ်ကို ပြဿနာ ရှာသကဲ့သို့ ဖြစ်သွားနိုင်လေသည်။

စုချင်းယာ သက်ပြင်းချလိုက်သည်။ သူမ မအောင်မြင်သော်လည်း မည်သူမှ မအောင်မြင်သေးချေ။

သို့သော် ကျန်းမန်၏ ဇနီးသည်က bယ်သူလဲဆိုတာကို သူမ အလွန် သိချင်နေလေသည်။

ကျန်းမန်က အမှန်အတိုင်း ပြောလိုက်သည်။

"နတ်သမီးလေးလေ"

အခြားအရာများကိုမူ သဘာဝကျကျ သူ အများကြီး ပြောပြမည် မဟုတ်ပေ။

ဥပမာ သူမ အသက်ကြီးတယ်၊ ဥပမာ သူမ အေးတိအေးစက် နိုင်တယ်၊ ဥပမာ သူမ လူသတ်ရတာ ကြိုက်တယ် စသည်ဖြင့်ပေါ့။

စုချင်းယာနှင့် ကောင်းရုံတို့ နှစ်ယောက်လုံး ကြောင်အမ်းသွားကြလေသည်။

တစ်ခဏချင်းမှာပင် မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ချေ။

ဒါက တစ်ဖက်လူမှာ တကယ်ပဲ ဇနီးသည် ရှိရဲ့လား ဆိုတာကို သံသယ ဝင်စရာ ဖြစ်နေလေသည်။

သူတို့ စကားမပြောရသေးခင်မှာပင် ကျပန်း တိုက်ပွဲ အသစ်တစ်ခု စတင်လေတော့သည်။

သူတို့က ဝင်္ကပါထဲသို့ ပြန်လည် ဝင်ရောက်သွားကာ တောင်ထွတ် တိုက်ပွဲကွင်းပြင်သို့ ရောက်ရှိသွားကြလေသည်။

ဤတစ်ကြိမ် ပေါ်လာသူများမှာ လူတစ်ဝက် မိစ္ဆာတစ်ဝက် သုံးကောင် ဖြစ်လေသည်။

တစ်ယောက်က ခန္ဓာကိုယ်ပေါ်တွင် နွယ်ပင်များ ပါရှိသော အမျိုးသမီး၊ တစ်ယောက်က ခန္ဓာကိုယ်ပေါ်တွင် မီးတောက်များ ပါရှိသော အမျိုးသားနှင့် တစ်ယောက်က ခန္ဓာကိုယ်ပေါ်တွင် အကြေးခွံများ ပါရှိသော အမျိုးသမီး ဖြစ်လေသည်။

ကျန်းမန် အတော်လေး အံ့အားသင့်သွားသည်။

"မိစ္ဆာတွေလား မိစ္ဆာတွေက ဒီလို ပုံစံမျိုးကိုး ငါက သာမန် မိစ္ဆာသားရဲတွေလို ပုံစံမျိုးလို့ ထင်နေတာ"

ယခုအချိန်တွင် တစ်ကိုယ်လုံး မီးတောက်များ လောင်ကျွမ်းနေသော အမျိုးသားက ကျန်းမန်တို့ကို အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။

"လူသား ဟုတ်လား ငါတို့နဲ့ တွေ့တာ မင်းတို့ ကံမကောင်းတာပဲ အားနည်းတဲ့ လူသားတွေက မိစ္ဆာမျိုးနွယ်ရဲ့ အစွမ်းထက်မှုကို လုံးဝ နားလည်မှာ မဟုတ်ဘူး"

စကားဆုံးသည်နှင့် သူက တိုက်ရိုက် စတင် တိုက်ခိုက်လေသည်။

ကျန်းမန် မနှောင့်နှေးရဲဘဲ အစွမ်းကုန် တိုက်ခိုက်လေသည်။

တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင် သူ၏ အရိပ်မဲ့ လက်ဝါးက ထိုလူ၏ မီးတောက်များကို ဖြိုခွင်းလိုက်ပြီး ထိုးဖောက် တိုက်ခိုက်ကာ ကာကွယ်မှုများကို ဖြိုခွင်းလျက် တစ်ဖက်လူကို ချက်ချင်းပင် အသားစအသွေးစများ ဖြစ်သွားအောင် ရိုက်နှက်လိုက်လေသည်။

ကျန်းမန်၏ နောက်ဆက်တွဲ တိုက်ခိုက်မှုများ အားလုံး ရပ်တန့်သွားလေသည်။

သူက မျက်စိရှေ့ရှိ ဟိုတစ်စ ဒီတစ်စ ဖြစ်နေသော မီးတောက် အမျိုးသားကို ကြည့်ကာ တစ်ခဏမျှ တိတ်ဆိတ်သွားလေသည်။

အစွမ်းထက်သော မိစ္ဆာမျိုးနွယ်က ဤကဲ့သို့ လက်ဝါးတစ်ချက်တည်းဖြင့် သေဆုံးသွားမည်ဟု မည်သို့မျှ မထင်မှတ်ထားခဲ့ချေ။

ဒါက အခြေခံတည်ဆောက်ခြင်း ပြီးပြည့်စုံသည့်အဆင့် မဟုတ်ဘူးလား။

ဘာလို့ ဒီလောက်တောင် အထိမခံ ဖြစ်နေရတာလဲ။

နောက်ဆုံးတွင် ကျန်းမန်က နောက်သို့ ခြေအနည်းငယ် ဆုတ်လိုက်ကာ ပြောလိုက်သည်။

"ကျန်တာတွေ မင်းတို့ကို လွှဲပေးလိုက်ပြီ"

ကျန်းမန်က ကောင်းရုံတို့ကို ကြည့်လိုက်လေသည်။

ဒီလောက်ဆို တိုက်လို့ ရနိုင်သည် သူတို့ စမ်းကြည့်နိုင်လေသည်။

မိမိကိုယ်တိုင်လည်း အနားယူလို့ ရတာပေါ့။

ကောင်းရုံနှင့် စုချင်းယာတို့က ချက်ချင်း ခေါင်းငြိမ့်ပြကြလေသည်။

ထို့နောက် သူတို့ နှစ်ယောက်က မိစ္ဆာများနှင့် တိုက်ခိုက်ကြရာ စုချင်းယာက ပို၍ လွယ်ကူသော်လည်း ကောင်းရုံမှာ အလွန် ခက်ခဲနေလေသည်။

အချိန် အနည်းငယ် ကြာပြီးနောက် စုချင်းယာက အကြေးခွံများ ပါရှိသော မိစ္ဆာအမျိုးသမီးကို သတ်ဖြတ်နိုင်ခဲ့လေသည်။

ကောင်းရုံကလည်း နောက်ဆုံး အချိန်တွင် ဒဏ်ရာရရှိခံကာ နွယ်ပင်များ ပါရှိသော မိစ္ဆာအမျိုးသမီးကို သတ်ဖြတ်နိုင်ခဲ့လေသည်။

ကောင်းရုံ တစ်ယောက် နေရာမှာပင် ကြောင်အမ်းသွားလေသည်။

အခြေခံတည်ဆောက်ခြင်း ပြီးပြည့်စုံသည့်အဆင့် မိစ္ဆာကို သူက ဤကဲ့သို့ သတ်ဖြတ်လိုက်ပြီလား။

အဆင့်ကျော်ပြီး ရန်သူကို သတ်ဖြတ်နိုင်ခဲ့တာလား။

ပထမ ဒုတိယ တတိယ ခြံဝင်းငယ် ပြိုင်ပွဲကြီးသို့ ဝင်ရောက်ပြီးကတည်းက သူသည် အောက်ခြေဆုံး အဖွဲ့ဝင် တစ်ဦးဖြစ်သည်ဟု ခံစားခဲ့ရလေသည်။

လှုပ်ရှားခွင့် လုံးဝ မရခဲ့သလို လှုပ်ရှားလိုက်ပါကလည်း အရိုက်ခံရရန်သာ ရှိလေသည်။

အထူးသဖြင့် ကျပန်း တိုက်ပွဲများတွင် သူ လှုပ်ရှားလိုက်သည်နှင့် ရှုံးနိမ့်ခြင်းသာ ဖြစ်လေသည်။

သို့သော် မိစ္ဆာများနှင့် ရင်ဆိုင်ရချိန်တွင် အဆင့်ကျော်နိုင်ခဲ့မည်ဟု မထင်မှတ်ထားခဲ့ချေ။

ကောင်းရုံက မေးလိုက်သည်။

"ဒါက နည်းနည်း ယုတ္တိမတန်ဘူး မဟုတ်လား"

ကျန်းမန်လည်း ထူးဆန်းသည်ဟု ခံစားရပြီး တကယ်ပင် အနည်းငယ် ယုတ္တိမတန်ပေ။

သူတို့ သံသယ ဝင်နေစဉ် မိစ္ဆာများ၏ အလောင်းများက ရုတ်တရက် ပြောင်းလဲသွားကာ မီးလောင်ကျွမ်းနေသကဲ့သို့ ဖြစ်လာလေသည်။

နောက်ဆုံးတွင် ဝိညာဉ်သားရဲ ဥ သုံးလုံး အဖြစ် ပြောင်းလဲသွားလေသည်။

ဤမြင်ကွင်းက လူသုံးယောက်ကို အံ့အားသင့်သွားစေခဲ့လေသည်။

ကျန်းမန်က အခြား လူနှစ်ယောက်ကို ကြည့်ကာ မေးလိုက်သည်။

"တစ်ယောက် တစ်လုံး ယူကြမလား"

ဒါက ပြိုင်ပွဲကြီးရဲ့ ဆုလာဘ်လို့လည်း သတ်မှတ်လို့ ရတာပဲလေ။

ထို့နောက် သူတို့က တစ်ယောက် တစ်လုံးစီ ယူလိုက်ကြလေသည်။

နောက်ဆုံးတွင် အပြင်သို့ ပို့ဆောင်ခံလိုက်ရလေသည်။

ဒယ်အိုး ဘေးသို့ ပြန်လည် ရောက်ရှိလာကြလေသည်။

ကျန်းမန်က ဝိညာဉ်သားရဲဥကို ကြည့်ကာ ထူးဆန်းသည်ဟု ခံစားရလေသည်။

အထူးသဖြင့် သူတို့၏ အားနည်းမှုပင် ဖြစ်လေသည်။

တမင်သက်သက် ဤနည်းဖြင့် ဝူယွင်ဂိုဏ်း အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားနေခြင်း ဖြစ်လောက်လေသည်။

သေချာတာပေါ့ သူ့တွင် ဝိညာဉ်အိမ်မွေးတိရစ္ဆာန် မွေးမြူရန် အစီအစဉ် မရှိပေ။

အထူးသဖြင့် ဘာတွေ အကောင်ပေါက်လာမည်ကို သိရှိထားပြီး လူပုံစံ ဝိညာဉ်အိမ်မွေးတိရစ္ဆာန် မွေးရသည်မှာ ထူးဆန်းလှလေသည်။

အရမ်း ပျင်းစရာ ကောင်းလွန်းလှသည်။

နွားဝါကြီးကို မမီချေ။

ဂိုဏ်းသို့ ပြန်ရောက်ပါက ဂိုဏ်း၏ သဘောထားကို လေ့လာပြီးနောက် ရောင်းချပစ်မည် ဖြစ်သည်။

နောက်ထပ် ဝင်ငွေ တစ်ခုပင် ဖြစ်လေသည်။

ထို့နောက် ကျပန်း တိုက်ပွဲများ ပြန်လည် စတင်လေတော့သည်။

ဆယ့်နှစ်ပွဲလုံး သရေပွဲများချည်း ဖြစ်လေသည်။

လူအများအပြား၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။

ဆယ့်သုံးပွဲမြောက်တွင် ကျန်းမန် မိစ္ဆာသားရဲ များနှင့် ထပ်မံ တွေ့ဆုံပြန်လေသည်။

မိစ္ဆာအမျိုးသမီး သုံးကောင် ဖြစ်လေသည်။

ကျန်းမန် လှုပ်ရှားရန်ပင် မလိုခဲ့ချေ။

သို့သော်လည်း တစ်ယောက် တစ်လုံးစီ ရရှိခဲ့ပြန်လေသည်။

သရေပွဲ ဆယ့်နှစ်ပွဲ ကစားပြီးတိုင်း မိစ္ဆာများနှင့် တွေ့ဆုံခွင့် ရရှိမည်ပုံ ပေါ်လေသည်။

ဒါက ဂိုဏ်းရဲ့ လျှို့ဝှက် ဆုလာဘ်လား။

ထိုအခါမှသာ ကောင်းရုံနှင့် စုချင်းယာတို့ သတိပြန်ဝင်လာကြလေသည်။

ထို့နောက် ပွဲသစ် စတင်လေတော့သည်။

တစ်ဖက်လူများက ကျန်းမန်ကို မြင်သောအခါ မျက်နှာထား မကောင်းကြချေ။

အခြေအနေ အကြမ်းဖျင်းကို နားလည်သွားပုံ ရလေသည်။

ဤတစ်ကြိမ်တွင် တစ်ဖက်လူများထဲမှ တစ်ဦးက လျှို့ဝှက်စွမ်းအားကို လှုံ့ဆော်လိုက်လေသည်။

အားကောင်းသော စွမ်းအားများက မုန်တိုင်းတစ်ခုကဲ့သို့ ဝင်ရောက်လာလေသည်။

ကျန်းမန် အံ့သြသွားသည် ထိုကြောက်မက်ဖွယ် စွမ်းအားက ကောင်းကင် နှလုံးသား တံဆိပ်တုံး၏ နယ်ပယ်ကို ကျော်လွန်နေပြီ ဖြစ်လေသည်။

တကယ်ပဲ အခြေခံတည်ဆောက်ခြင်း အဆင့်တွေက ဘယ်သူမှ လွယ်လွယ်နဲ့ ရန်စလို့ မရဘူးပဲ။

လျှို့ဝှက်စွမ်းအားကို ထုတ်သုံးလိုက်ပါက အနိုင်ရသူ မရှိတော့ချေ။

သူ မည်သို့ ဖြေရှင်းရမည်ကို စဉ်းစားနေစဉ်မှာပင် ကောင်းရုံ ရှေ့သို့ တစ်လှမ်း တိုးလာကာ ခန္ဓာကိုယ်မှ စွမ်းအားများ ရူးသွပ်စွာ တိုးထွက်လာလေသည်။

သူလည်း လျှို့ဝှက်စွမ်းအား ကို အသုံးပြုရန် ရွေးချယ်လိုက်လေသည်။

လျှို့ဝှက်စွမ်းအား၊ အခြေခံတည်ဆောက်ခြင်း အဆင့်၏ အကြီးမားဆုံးသော လျှို့ဝှက်လက်နက်၊ အခြေခံတည်ဆောက်ခြင်း ခြံဝင်းငယ်တွင် ကိုးနှစ်တာ ပညာသင်ကြားခဲ့သူတိုင်း အများအားဖြင့် တစ်ကြိမ်သာ အသုံးပြုနိုင်လေသည်။

၎င်းမှာ လျှို့ဝှက်စွမ်းအား ကို နှစ်ပေါင်းများစွာ စုဆောင်းထားပြီး ပထမ ဒုတိယ တတိယ ခြံဝင်းငယ်တွင် မယှဉ်ပြိုင်နိုင်သော ရန်သူကို အနိုင်ယူရန် ဖြစ်လေသည်။

ဝုန်း

လျှို့ဝှက်စွမ်းအား နှစ်ခု ထိပ်တိုက် တွေ့ဆုံသွားပြီး အားကောင်းသော စွမ်းအား ဂယက်များက လူတိုင်းကို နောက်သို့ ဆုတ်သွားစေလေသည်။

သို့သော် ကောင်းရုံကတော့ အနည်းငယ် အားနည်းနေသေးလေသည်။

သူ၏ လျှို့ဝှက်စွမ်းအား စုဆောင်းထားသည့် နှစ်ပမာဏ မပြည့်မီသလို လျှို့ဝှက်စွမ်းအား အရည်အသွေးကလည်း အနည်းငယ် ညံ့ဖျင်းနေလေသည်။

မကြာမီ သူ၏ စွမ်းအားများ ခြေမွခံလိုက်ရလေသည်။

ထို့နောက် တစ်ဖက်လူ၏ တိုက်ခိုက်မှုများ အုံနှင့်ကျင်းနှင့် ဝင်ရောက်လာလေသည်။

ဝုန်း

တိုက်ခိုက်မှုများ ရောက်ရှိလာသည့် အခိုက်အတန့်တွင် ကျန်းမန်၏ ကောင်းကင် နှလုံးသား တံဆိပ်တုံး ထွက်ပေါ်လာလေသည်။

ဝုန်း

ကျန်းမန်က ကောင်းရုံကို ခေါ်ကာ နောက်သို့ ဆုတ်လိုက်လေသည်။

တစ်ဖက်လူ၏ ကျန်ရှိနေသော လျှို့ဝှက်စွမ်းအား တိုက်ခိုက်မှုကို အောင်မြင်စွာ ချေဖျက်နိုင်ခဲ့လေသည်။

ထို့နောက် တစ်ဖက်လူက အရှုံးပေးကာ ဝင်္ကပါထဲမှ ထွက်ခွာသွားလေသည်။

ကျန်းမန်က အနည်းငယ် နှမြောသည်ဟု ခံစားလိုက်ရလေသည်။

စွမ်းအား ပေါင်းစပ်မှုကို ဆက်လက် မပြုလုပ်နိုင်ခဲ့ချေ။

သူ၏ စွမ်းအား ပေါင်းစပ်မှုကို တစ်ဖက်လူက ရိပ်မိသွားပုံ ရလေသည်။

စုချင်းယာ အလွန် အံ့အားသင့်သွားလေသည်။

ကောင်းရုံက လျှို့ဝှက်စွမ်းအားကို တိုက်ရိုက် အသုံးပြုလိုက်သည်ကိုး။

ထိုသို့ဆိုလျှင် သူမရော အသုံးပြုရမည်လား။

ဒီအချိန်တွင် အကယ်၍ အသုံးမပြုပါက သူမသည် အရေးမပါသော လူတစ်ယောက် ဖြစ်သွားမည် ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ကျန်းမန်တွင် လျှို့ဝှက်စွမ်းအား မရှိပေ သူက သတ္တမမြောက် ခြံဝင်းငယ်မှ ဖြစ်ရာ လျှို့ဝှက်စွမ်းအားမှာ အသုံးမဝင်ချေ။

ထို့ကြောင့် သူမ ရွေးချယ်ရမည့် အချိန် ရောက်ရှိလာပြီ ဖြစ်လေသည်။

လောလောဆယ် အခြေအနေအရ အခြား အဖွဲ့များမှ လူများက သူတို့ အဖွဲ့၏ အခြေအနေကို နားလည်သွားပုံ ရလေသည်။

နောက်တစ်ပွဲတွင် တစ်ဖက်လူက ထွက်ပေါ်လာသည်နှင့် လျှို့ဝှက်စွမ်းအားကို အသုံးပြုလိုက်လေသည်။

စုချင်းယာ စောစောကတည်းက ရွေးချယ်မှု ပြုလုပ်ထားပြီးဖြစ်ရာ လျှို့ဝှက်စွမ်းအားကို တိုက်ရိုက် ပေါက်ကွဲစေလိုက်လေသည်။

ထို့နောက် တစ်ဖက်လူ အရှုံးပေး ထွက်ခွာသွားလေသည်။

ထိုသို့ဆိုလျှင် ပြဿနာ ရှိလာပြီ ဖြစ်လေသည်။

နောက်တစ်ပွဲတွင် လျှို့ဝှက်စွမ်းအား နှင့် ထပ်မံ တွေ့ဆုံရပါက မည်သို့ ပြုလုပ်မည်နည်း။

ကောင်းရုံက ကျန်းမန်ကို ကြည့်လိုက်လေသည်။

"အရှုံးပေးရုံပေါ့"

ကျန်းမန်က ပခုံးတွန့်ကာ ပြောလိုက်သည်။

ဤမျှလောက် ပစ်မှတ်ထားခံရမည်ကို သူ တကယ်ပင် မထင်မှတ်ထားခဲ့ချေ။

လျှို့ဝှက်စွမ်းအားက ကောင်းကင် နှလုံးသား တံဆိပ်တုံးထက် သာလွန်နေသဖြင့် ဘာမှ မတတ်နိုင်ချေ။

ထို့နောက် ကျန်းမန်က သူတို့ကို ခေါ်ကာ ခြောက်ပွဲဆက်တိုက် အရှုံးပေးခဲ့လေသည်။

နောက်ပိုင်းတွင် လျှို့ဝှက်စွမ်းအားများ မရှိတော့ချေ။

သရေပွဲများ ပြန်လည် စတင်လေတော့သည်။

ထို့အပြင် မိစ္ဆာများနှင့် တစ်ကြိမ် ထပ်မံ တွေ့ဆုံခဲ့ရလေသည်။

ထို့နောက် ကျန်းမန်က မိစ္ဆာပြကြေးမုံကို စမ်းကြည့်လိုက်လေသည်။

မိစ္ဆာ သုံးကောင်သာ ကျန်ရှိတော့သည်ကို တွေ့ရှိလိုက်ရလေသည်။

ရုတ်တရက်ကြီး သေကုန်တာလား။

သုံးရက် အကြာတွင်…

စက်တင်ဘာလ ဆယ့်ငါးရက်….

ကျပန်း တိုက်ပွဲ ပြီးဆုံးသွားလေသည်။

ကျန်းမန်က မိစ္ဆာပြကြေးမုံ ကို စမ်းကြည့်လိုက်ရာ မိစ္ဆာအရေအတွက် သုည ဖြစ်သွားသည်ကို တွေ့ရှိလိုက်ရလေသည်။

ဆိုလိုသည်မှာ သူ၏ လက်ထဲမှ အရာမှာ ရှာဖွေ မတွေ့ရှိသေးခြင်း ဖြစ်လေသည်။

ယခုအချိန်တွင် ကျန်းမန်၏ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာ အများအပြား ရှိနေလေသည်။

ဒီရက်ပိုင်း အတွင်း ဝိုင်းဝန်း တိုက်ခိုက်ခံရတာ အရမ်း ဆိုးရွားလွန်းတယ်။

ဒီလူတွေ ဘာဖြစ်နေကြတာလဲ မသိဘူး သူ့ကိုပဲ တစ်ချိန်လုံး တိုက်ခိုက်နေကြတယ်။

ရန်ငြိုး ရှိနေသလိုပဲ။

အထူးသဖြင့် ထပ်ခါတလဲလဲ တွေ့ရတဲ့ လူတွေဆိုရင် ပိုပြီး ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ကြတယ်။

ယေဘုယျအားဖြင့် အနိုင် အရှုံး ရှိပြီး သရေပွဲက အများဆုံး ဖြစ်လေသည်။

နှမြောစရာကောင်းသည်မှာ စွမ်းအား ပေါင်းစပ်မှုက လေးဆယ်ရာခိုင်နှုန်း အထိသာ ရောက်ရှိခဲ့ခြင်း ဖြစ်လေသည်။

ပုံမှန်ဆိုလျှင် ဤကဲ့သို့သော သူသည် ပြိုင်ဘက်ကင်းလောက်ပြီ ဖြစ်သော်လည်း တိုက်ခိုက်ရသည်မှာ အဖွဲ့လိုက် ဖြစ်နေပြီး ကျပန်း တိုက်ပွဲများက အလွန် မြန်ဆန်လွန်းလှရာ ပြိုင်ဘက်ကင်း ပါရမီရှင် ပင် မခံနိုင်တော့ချေ။

စုချင်းယာက ပြောလိုက်သည်။

"ပြိုင်ပွဲကြီး ပြီးသွားပြီ နောက်အကျဆုံး မနက်ဖြန်ဆိုရင် အဆင့်သတ်မှတ်ချက် ထွက်လာတော့မယ် ကြားတာတော့ တစ်ဦးချင်း အဆင့်ငါးဆယ် အတွင်း၊ အဖွဲ့လိုက် အဆင့်ဆယ့်ငါး အတွင်း ဝင်ရင် အဆင့်တက်လှမ်းမယ့် လျှို့ဝှက်နယ်မြေ ဝင်ခွင့် ရနိုင်တယ်တဲ့"

တကယ်တော့ သူမ စိတ်ထဲတွင် အနည်းငယ် ဝမ်းသာနေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ အဖွဲ့ အနေဖြင့် ထိပ်ဆုံး ဆယ့်ငါးဖွဲ့ အတွင်းသို့ ဝင်ရောက်နိုင်ခြေ ရှိသောကြောင့် ဖြစ်လေသည်။

အကယ်၍ ဝင်ရောက်နိုင်ပါက သူမ အနေဖြင့် နောက်နှစ် နှစ်ပတ်လည် စာမေးပွဲတွင် အဆင့်ငါးဆယ် အတွင်း ဝင်ရောက်ရန် ကြိုးစားစရာ မလိုတော့ဘဲ အဆင့်တက်လှမ်းမည့် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်လေသည်။

ထိုမှတစ်ဆင့် အဆင့်တက်လှမ်းမည့် ကျင့်စဉ်ကို လုယူနိုင်မည် ဖြစ်သည်။

ကောင်းရုံလည်း သူ အဆင့်တက်လှမ်းမည့် လျှို့ဝှက်နယ်မြေ ဝင်ခွင့် ရနိုင်လိမ့်မည်ဟု တစ်ခါမှ မစဉ်းစားမိခဲ့ချေ။

ကျန်းမန်က မိမိ အဆင့်ငါးဆယ် အတွင်း ဝင်ရောက်ရန် မခက်ခဲဟု ထင်မြင်လေသည်။

ထို့ကြောင့် သိပ်ပြီး ဂရုမစိုက်ပေ။

လျှို့ဝှက်စွမ်းအားသာ မရှိပါက သူ လုံးဝ ရှုံးနိမ့်မည် မဟုတ်ချေ။

သို့သော် ဤတစ်ကြိမ် ရိတ်သိမ်းမှု မဆိုးလှပေ။

ဝိညာဉ်သားရဲ ဥ သုံးလုံး နှင့် သာမန် ဝိညာဉ်ဓား တစ်လက် အဆင့်တိုးသွားလေသည်။

တန်ဖိုးအားဖြင့် နှစ်သောင်း အထက်တွင် ရှိလေသည်။

ထိုသို့ဖြင့် သူတို့က ဓားပျံစီးကာ ပြန်လာခဲ့ကြလေသည်။

——

နောက်တစ်နေ့တွင် ဥပဒေထိန်းသိမ်းရေး ခန်းမ အချုပ်ခန်းထဲရှိ ယွီဝမ်ရိ က အစားအစာများ စားသောက်ကာ အလွန် သက်တောင့်သက်သာ ရှိသည်ဟု ခံစားနေရလေသည်။

တစ်ခါတစ်ရံ အပြင်ထွက်၍ လေညင်းခံကာ နေဆာလှုံနိုင်သေးလေသည်။

လွန်ခဲ့သော နှစ်ရက်က ရှာကျင့် လာရောက်ကာ သူမကို အပြင်ထွက်ခိုင်းသော်လည်း သူမ ငြင်းပယ်ခဲ့လေသည်။

အပြင်ထွက်ပြီး ဘာလုပ်ရမည်နည်း။

ကျန်းမန်ပင် ပထမ ဒုတိယ တတိယ ခြံဝင်းငယ် စာမေးပွဲကို ဝင်ပြိုင်နေပြီ မဟုတ်ပါလား။

မည်သို့ပင်ဖြစ်စေ နှစ်ပတ်လည် စာမေးပွဲ ပြီးဆုံးသည်အထိ စောင့်ဆိုင်းရမည် ဖြစ်လေသည်။

သူမ နိုးလာကာ နံနက်စာ စားပြီးချိန်တွင် ရန်ချန်း ရောက်ရှိလာလေသည်။

ရောက်လာသူကို မြင်သောအခါ ယွီဝမ်ရိက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"စီနီယာအစ်ကို ကျွန်မကို လာရှာတာလား"

"ဟုတ်တယ်"

ရန်ချန်း ခေါင်းငြိမ့်ပြလိုက်သည်။

"ဘာဖြစ်လို့လဲ"

ယွီဝမ်ရိက မေးလိုက်သည်။

"ညီမလေး အပြင်ထွက်ရတော့မယ်"

ရန်ချန်းက မတတ်သာစွာဖြင့် ပြောလိုက်သည်။

ယွီဝမ်ရိက ခေါင်းခါပြလိုက်သည်။

"ကျွန်မ ဝန်ခံပါတယ် ကျွန်မ ရင်းနှီးမြှုပ်နှံထားတဲ့ သူက မိစ္ဆာနတ်ဘုရားနဲ့ ပူးပေါင်းကြံစည်တယ်၊ ဒီကိစ္စမှာ ကျွန်မလည်း ပါဝင်ပတ်သက်နေတယ်"

ရန်ချန်း တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

"ဒီလို လုပ်လို့ မရတော့ဘူး"

"ဘာလို့လဲ"

ယွီဝမ်ရိ အနည်းငယ် မယုံနိုင်အောင် ဖြစ်သွားလေသည်။

မိစ္ဆာနတ်ဘုရားနှင့် ပတ်သက်နေသဖြင့် အပြစ်မဲ့နေလျှင်ပင် သူမ ထွက်မသွားသရွေ့ ဤနေရာတွင် အချိန်အတိုင်းအတာ တစ်ခုအထိ နေထိုင်နိုင်မည် ဖြစ်လေသည်။

ဘာလို့ ရုတ်တရက်ကြီး မနေခိုင်းတော့တာလဲ။

ရန်ချန်းက ယွီဝမ်ရိကို ကြည့်ကာ ပြောချင်သော်လည်း တွေဝေနေပြီး နောက်ဆုံးတွင် ပြောလိုက်သည်။

"မင်း တစ်ယောက်ယောက်ကို ပြဿနာ သွားရှာထားလို့လား"

"မရှာပါဘူး"

ယွီဝမ်ရိက ခေါင်းခါပြလိုက်သည်။

အလွန်ဆုံး ကျန်းမန် ပြဿနာ သွားရှာခြင်းသာ ဖြစ်မည်။

သို့သော် ပြဿနာ ရှာခြင်းနှင့် အပြင်ထွက်ခြင်းက မည်သို့ ပတ်သက်နေသည်ကို သူမ အလွန် သိချင်နေလေသည်။

ရန်ချန်း တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

"လူတစ်စုက မင်းအတွက် အဆက်အသွယ် အမျိုးမျိုး ရှာပြီး မင်းကို အပြင်ထုတ်ပေးဖို့ လုပ်နေကြတယ်"

All Chapters