အခန်း ၁၇၁
Vol. 11 Ch. 171
အခန်း ၁၇၁ ယောက်ျား အစွမ်းထက်လေလေ ညီမ ဘဝက ပိုပြီး နေရထိုင်ရ ကောင်းလေလေပဲ
ကျိုးတိုးကျဲတဲ နေရောင်ခြည်များ ဖြာကျနေသော သစ်ပင်အောက်တွင် မုန့်ချဲ့ဝေ သူမ၏ ထိုင်ခုံပေါ်သို့ ပြန်လည် ထိုင်ချလိုက်လေသည်။
ချင်းတိုက်က ချက်ချင်းပင် သူမအတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်လေသည်။
မုန့်ချဲ့ဝေက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဘာမှ ထပ်မပြောတော့ပေ။
ချင်းတိုက်က လက်ဖက်ရည်အိုးကို ကိုင်ကာ ပြောလိုက်သည်။
"မျိုးဆက်သစ် ပါရမီရှင် ပြောတာတော့ ဒီကျန်းမန် ရွှေအမြုတေ ဖွဲ့စည်းတာက အရမ်း နှေးကွေးမှာ မဟုတ်ဘူးတဲ့ ဒါပေမယ့် ချောမွေ့မယ် မချောမွေ့ဘူး ဆိုတာကိုတော့ မသေချာသေးဘူးတဲ့"
"ကျွန်မ အင်မော်တယ် ဂိုဏ်း ရဲ့ မှတ်တမ်း တချို့ကို အထူး ရှာဖွေကြည့်လိုက်တယ်"
"ပြီးခဲ့တဲ့ နှစ်ပေါင်း နှစ်ရာ အတွင်းမှာ အခြေခံတည်ဆောက်ခြင်းမှာ ညမအိပ်ဘဲ ကျင့်ကြံခဲ့တဲ့ သူတွေ အားလုံးက အဆင့်တက်လှမ်းဖို့ ခက်ခဲကြတယ် ဆိုတာကို တွေ့ရတယ်"
"ရွှေအမြုတေ ဖွဲ့စည်းတဲ့ နေရာမှာ အပို အန္တရာယ်တွေ ရှိနေတယ်"
"ဒါက ကျဆုံးသွားတဲ့ မိစ္ဆာနတ်ဘုရား တချို့ကြောင့်ပဲ"
"သူတို့က အပြင်ဘက် လောကကြီးကို မသိမသာနဲ့ ရေတွင်းကြီး တစ်ခု အဖြစ် ဖန်တီးထားတယ်၊ အရမ်း ဝါးတားတား ဖြစ်နေပြီး အင်မော်တယ် ဂိုဏ်းရဲ့ အစွမ်းထက်တဲ့ ပညာရပ်တွေနဲ့ နှောင့်ယှက် ဖျက်ဆီးထားပေမယ့် ညမအိပ်ရင် အဲဒီ ရေတွင်းထဲကို ကျွံဝင်သွားနိုင်တယ်"
"ဒါကြောင့် မှတ်တမ်းတိုင်းမှာ ညမအိပ်တာက စိတ်အာရုံကို ထိခိုက်စေပြီး ရွှေအမြုတေ ဖွဲ့စည်းတာကို ထိခိုက်စေနိုင်တယ်လို့ ဖော်ပြထားတာ"
"တချို့က အောင်မြင်စွာ ရွှေအမြုတေ ဖွဲ့စည်းနိုင်ခဲ့ပေမယ့် သူတို့ ပြသခဲ့တဲ့ ပါရမီနဲ့ မထိုက်တန်ကြဘူး"
"မျိုးဆက်သစ် ပါရမီရှင်က ဒါကို လောင်းကြေးထပ်နေတာပဲ"
"စံချိန်သစ်ကို ချိုးဖျက်ဖို့လား မိစ္ဆာနတ်ဘုရားတွေ ချန်ထားခဲ့တဲ့ သက်ရောက်မှုတွေကို လျစ်လျူရှုနိုင်ဖို့လား"
မုန့်ချဲ့ဝေ က မေးလိုက်သည်။
"ဟုတ်ပါတယ်"
ချင်းတိုင် က အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။
"ဒီကျန်းမန်က ညမအိပ်ဘဲ အင်မော်တယ် ကျင့်ကြံလို့ ဖြစ်လာတဲ့ ပြဿနာတွေကို ကျော်လွှားနိုင်ပြီး ပုံမှန် အခြေအနေနဲ့ ရွှေအမြုတေ ဖွဲ့စည်းနိုင်တဲ့ ပထမဆုံး ညမအိပ်တဲ့ ကျင့်ကြံသူ ဖြစ်လာမယ်လို့ သူ လောင်းကြေးထပ်ထားတယ်"
"အကယ်၍ မျိုးဆက်သစ် ပါရမီရှင် နိုင်သွားရင် ကျန်းမန်က နောက်ကျဆုံး နောက်နှစ်မှာ ရွှေအမြုတေ ဖွဲ့စည်းနိုင်လိမ့်မယ်"
"အကယ်၍ သူ ရှုံးသွားရင်တော့..."
"အဓိက မိသားစုက လူကို လက်ထပ်ခိုင်းမယ့် ကိစ္စက ရပ်ဆိုင်းသွားလောက်ပြီ"
ထိုစကားကို ကြားသောအခါ မုန့်ချဲ့ဝေ မျက်လွှာ အနည်းငယ် ချလိုက်လေသည်။
ချင်းတိုင် မှာ တစ်ခဏမျှ စကားဆက်မပြောရဲတော့ပေ။
အကယ်၍ ဤကိစ္စ ရပ်ဆိုင်းသွားပါက သခင်မလေး အနေဖြင့် အပြင်ထွက်ခွင့် ရတော့မည် မဟုတ်ချေ။
အစီအစဉ် ကျရှုံးသွားလေပြီ။
ဒါက တကယ်တော့ ကောင်းသော ကိစ္စ တစ်ခုဟု ဆိုရမည် ဖြစ်လေသည်။
သို့သော် ထိုကျန်းမန် အပေါ်တွင် သခင်မလေး အပြင်ထွက်ခွင့် ရရန် မျှော်လင့်ချက်များ တင်ထားရာ အကယ်၍ သူ ကျရှုံးသွားပါက သခင်မလေး၏ အငြိုးထားမှုကို ခံရမည်လား ဆိုတာ မသိနိုင်ပေ။
လက်ထပ်ရန် သင့်တော်သော နောက်ထပ် ပါရမီရှင် တစ်ဦးကို ရှာဖွေပြီး ဤကိစ္စကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန် အချိန်မည်မျှ စောင့်ဆိုင်းရဦးမည်ကို မသိနိုင်ချေ။
မျိုးဆက်သစ် ပါရမီရှင် အနေဖြင့်လည်း အလုပ်မလုပ်နိုင်သူ ဟူသော ခေါင်းစဉ် တပ်ခံရတော့မည် ဖြစ်လေသည်။
သို့သော် ကျန်းမန်၏ ဤအခြေအနေအရ အကယ်၍ တကယ်ပင် အကောင်းဆုံး အခြေအနေဖြင့် ရွှေအမြုတေ ဖွဲ့စည်းနိုင်ခဲ့ပါက မိသားစု အနေဖြင့် တစ်ခုခု လုပ်ဆောင်ပေးရန် အမှန်တကယ် ထိုက်တန်လှလေသည်။
မည်သို့ပင်ဖြစ်စေ ပထမဆုံး လူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။
အကယ်၍ သာမန် ကျင့်ကြံမှု မြန်ဆန်သူ တစ်ယောက်သာ ဆိုပါက မိသားစု အနေဖြင့် ဆက်လက် စောင့်ကြည့်နေဦးမည် ဖြစ်သည်မှာ သေချာသလောက်ပင် ဖြစ်လေသည်။
"ကျရှုံးသွားရင် လက်ထပ်ဖို့ တခြားလူ ရွေးချယ်စရာ ရှိသေးလား"
မုန့်ချဲ့ဝေက မေးလိုက်သည်။
"ဝေ့ရန် ဆိုတဲ့ တစ်ယောက် ရှိသေးတယ် ဒါပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်က ကျန်းမန်လောက် မကောင်းဘူး၊ လက်ထပ်ဖို့ ဆွဲဆောင်နိုင်ဖို့ ခက်တယ် အနည်းဆုံးတော့ အခြေခံတည်ဆောက်ခြင်း အဆင့်မှာ မရနိုင်သေးဘူး"
ချင်းတိုက်က ပြောလိုက်သည်။
မုန့်ချဲ့ဝေက လက်ဖက်ရည်ကို သောက်ကာ မျက်မှောင်ကုတ်လိုက်လေသည်။
"ဒီကျန်းမန် အောင်မြင်စွာ ရွှေအမြုတေ ဖွဲ့စည်းနိုင်ဖို့ မျှော်လင့်ပါတယ်"
ချင်းတိုက်က ဆက်မပြောရဲတော့ပေ သူမ အနေဖြင့် သခင်မလေး အပြင်ထွက်သည်ကို မမြင်ချင်ချေ အနည်းငယ် ပေါ့ဆမိပါက မသိနိုင်သော အန္တရာယ်များ ရှိလာနိုင်လေသည်။
သို့သော် သခင်မလေး က မျိုးဆက်သစ် ပါရမီရှင်ကို အာရုံစိုက်နေသည့် ရည်ရွယ်ချက်က ပြောင်းလဲသွားသကဲ့သို့ သူမ ခံစားနေရလေသည်။
အစပိုင်းတွင် သမက်တော်ကို ရှာဖွေရန် မဟုတ်ပါလား။
ဒါဆို သမက်တော်က ဘယ်မှာလဲ။
သေပြီလား ရှင်သေးသလား။
သူမ တွေးတောနေစဉ် ပြင်ပမှ သတင်းတစ်ခု ရောက်ရှိလာသဖြင့် ချက်ချင်း ပြောလိုက်သည်။
"သခင်မလေး အင်မော်တယ် ဂိုဏ်းက လူတွေ ရောက်နေတယ် ခုနက ကိစ္စကြောင့် ဖြစ်လောက်တယ်"
"သွားကြည့်လိုက်ပါ ဘယ်သူလဲ ဆိုတာကို အကယ်၍ ရာထူး အလုံအလောက် ကြီးတယ်ဆိုရင် အကြောင်းအရာ တချို့ကို အရင် ပြောပြလိုက်လို့ ရပြီ"
မုန့်ချဲ့ဝေ က တည်ငြိမ်စွာ ပြောလိုက်သည်။
ချင်းတိုက်နားလည်သွားလေသည်၊ ၎င်းမှာ သခင်မလေး အပြင်ထွက်မည့် ကိစ္စကို ပြောပြကာ အင်မော်တယ် ဂိုဏ်း ကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု ရှိစေရန် ဖြစ်လေသည်။
သို့သော် အင်မော်တယ် ဂိုဏ်း အနေဖြင့် သဘောတူရန် အလွန် ခက်ခဲလှလေသည်။
ထို့နောက် ချင်းတိုက် ထွက်ခွာသွားလေသည်၊ သူမ အနေဖြင့် အင်မော်တယ် ဂိုဏ်း၏ သဘောထားကို လေ့လာကြည့်ရမည် ဖြစ်လေသည်။
ချင်းတိုက်ထွက်သွားပြီးနောက် မုန့်ချဲ့ဝေက လက်ကို အနည်းငယ် မြှောက်လိုက်ရာ သူမ၏ လက်ထဲတွင် အလင်းတန်း တစ်ခု စုစည်းလာလေသည်။
အလင်းတန်းက သူမအပေါ် ကျရောက်လာပြီးနောက် အလင်းရောင်များ ပျောက်ကွယ်သွားလေသည်။
ထိုသို့ဖြင့် မုန့်ချဲ့ဝေ၏ အသံ ထွက်ပေါ်လာခဲ့လေသည်။
"ယောက်ျား ရွှေအမြုတေ ဖွဲ့စည်းတော့မှာလား အောင်မြင်စွာ ရွှေအမြုတေ ဖွဲ့စည်းနိုင်ပါ့မလား မသိဘူး"
"ယောက်ျား အစွမ်းထက်လေလေ မိသားစုက လူတွေရဲ့ အတင်းအဖျင်း ပြောတာ နည်းလေလေ ဖြစ်ပြီး မိန်းမလည်း ပိုပြီး နေရထိုင်ရ ကောင်းလေလေ ဖြစ်မှာပါ"
အချိန် အနည်းငယ် အကြာတွင် အလင်းတန်းက နေရာမှာပင် ပျောက်ကွယ်သွားခဲ့လေသည်။
မုန့်ချဲ့ဝေလည်း နူးညံ့သိမ်မွေ့မှုများမှ ရုန်းထွက်လာခဲ့လေသည်။
သူမ၏ အကြည့်များက တည်ငြိမ် အေးစက်သွားလေသည်။
ကောင်းကင်ကို ကြည့်လိုက်ရာ မိုးတိမ်မည်းများ စုဝေးလာပြီး မိုးပေါက်များ ဖြည်းညှင်းစွာ ကျဆင်းလာလေတော့သည်။
————
ဝူယွင်ဂိုဏ်း
ချစ်ရွှေတောင်ထွတ်၊ ဆေးဖော်စပ်ရေး ခြံဝင်း
ဒီနေ့ ဟယ်ဟွိုင်အန်း အပြင်သို့ မထွက်ရဲချေ။
အဘယ်ကြောင့်ဆိုသော် အဆင့်သတ်မှတ်ချက် ကြေညာမည့် နေ့တွင် သူ့အတွက် အရှက်ကွဲရန် အလွန် လွယ်ကူသောကြောင့် ဖြစ်လေသည်။
ထို့ကြောင့် နောက်ပိုင်းတွင် သေချာစွာ ဆေးဖော်စပ်နိုင်ရန် သူက အပြင်ထွက်ခြင်းကို စွန့်လွှတ်လိုက်လေသည်။
အခန်းထဲတွင် သေချာစွာ ဆေးဖော်စပ်နေသရွေ့ မည်သူ၏ နှောင့်ယှက်မှုကိုမျှ ခံရမည် မဟုတ်ပေ။
သူ၏ တပည့် မည်မျှပင် အရှက်ကွဲပါစေ သူ့အပေါ် မည်သည့် သက်ရောက်မှုမျှ ရှိလာမည် မဟုတ်ချေ။
အပြင်မထွက်ပါက ဘာပြဿနာမှ ရှိမည် မဟုတ်ပေ။
သူက တစ်လခန့်ပင် ခွင့်ယူထားလိုက်သေးသည် ဤတစ်လအတွင်း သူ စာသင်မည် မဟုတ်ချေ။
ထိုသို့ဆိုလျှင် အခြားသူများက သူ့ကို စော်ကားချင်လျှင်ပင် မည်သည့် နည်းလမ်းမှ ရှိမည် မဟုတ်တော့ချေ။
အထူးသဖြင့် မော့ကျိုက်နျန်၊ ပြီးခဲ့သည့် အကြိမ်က သူ မျက်နှာပျက်ခဲ့ရသဖြင့် ဤတစ်ကြိမ်တွင် သေချာပေါက် ပြန်လည် ချေပလာမည် ဖြစ်လေသည်။
သို့သော်လည်း သူ ကျန်းမန်ကို အပြစ်မတင်ပါဘူး။
ဘာလို့လဲဆိုတော့ တစ်ဖက်လူက သူ့အတွက် မျက်နှာပန်း လှအောင် လုပ်ပေးပြီးပြီလေ ဒီတစ်ခါတော့ လုရတာ မလွယ်လို့နေမှာပေါ့။
သေချာတာပေါ့ သူ့ဆီက ဆေးလုံးတွေ လာလိမ်သွားတာကိုတော့ သူ ခွင့်လွှတ်မှာ မဟုတ်ဘူး။
ဒါက ကိစ္စ နှစ်ခုလေ။
သူက မိမိ၏ ဉာဏ်ကောင်းမှုကို တွေးကာ ခံစားချက် ဖြစ်နေစဉ်မှာပင် ဆေးဖော်စပ်ရေး အလုပ်သင် တစ်ယောက် ပြေးဝင်လာလေသည်။
"ဘာဖြစ်လို့လဲ ကမန်းကတန်းနဲ့"
ဟယ်ဟွိုင်အန်းက အရက်လေး သောက်ရင်း မကျေမနပ်ဖြင့် ပြောလိုက်သည်။
ဆေးဖော်စပ်ရေး အလုပ်သင်က ချက်ချင်း ပြောလိုက်သည်။
"ဆရာ အဆင့်သတ်မှတ်ချက် ထွက်လာပြီ"
"အင်း"
ဟယ်ဟွိုင်အန်း က ခေါင်းအနည်းငယ် ငြိမ့်ပြကာ ပြောလိုက်သည်။
"ပြောပါဦး ဘယ်လို အခြေအနေ ရှိလဲ"
သူက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်ရာ ဂရုစိုက်စရာ ဘာမှ မရှိတော့ပေ။
ဆေးဖော်စပ်ရေး အလုပ်သင်က ဆရာဟယ် ၏ တည်ငြိမ်မှုကို အံ့သြသွားကာ ချက်ချင်း ပြောလိုက်သည်။
"ကျွန်တော် အဓိကအားဖြင့်တော့ ကျန်းမန် ရဲ့ အဆင့်သတ်မှတ်ချက်ကို ကြည့်လာတာပါ သူက တစ်ဦးချင်း အဆင့်သတ်မှတ်ချက်မှာ အဋ္ဌမနေရာ ရတယ် သူ့အထက်မှာ ရှိတဲ့သူတွေ အားလုံးက ပထမ ခြံဝင်းငယ်က ပါရမီရှင်တွေချည်းပဲ၊ အခု သူတို့ အားလုံး အခြေခံတည်ဆောက်ခြင်း ခြံဝင်းငယ်တွေကနေ ထွက်သွားကြပြီ"
"သေချာ တွက်ကြည့်လိုက်ရင် အခု ကျန်းမန်က တောင်ထွတ် ခုနစ်ခုလုံးရဲ့ ပထမနေရာ ဖြစ်သွားပြီ"
"ဆရာ... နာမည်ကြီးသွားပြီ"
"ငါ နားလည်ပြီ"
ဟယ်ဟွိုင်အန်း က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
သို့သော် မကြာမီမှာပင် အရက်ခွက်ကို ကိုင်ထားသော သူ၏ လက်များ ရပ်တန့်သွားကာ ဆေးဖော်စပ်ရေး အလုပ်သင်ကို အံ့အားသင့်စွာ ကြည့်လျက် မေးလိုက်သည်။
"ကျန်းမန်က တောင်ထွတ် ခုနစ်ခုလုံးရဲ့ ပထမနေရာ ဟုတ်လား"
"ဟုတ်ပါတယ် တောင်ထွတ် ခုနစ်ခုလုံးရဲ့ ပထမနေရာပါ ထိုက်တန်လွန်းတဲ့ ကောင်းကင်ဘုံက ပါရမီရှင် ပါပဲ"
ဆေးဖော်စပ်ရေး အလုပ်သင်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဟယ်ဟွိုင်အန်း မတ်တပ်ရပ်ကာ အပြင်ဘက်သို့ လျှောက်သွားလေသည်။
"ဆရာ ဘယ်သွားမလို့လဲ"
ဆေးဖော်စပ်ရေး အလုပ်သင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
ဟယ်ဟွိုင်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"တခြား ဆေးဆရာတွေကို သွားလည်မလို့ပါ ရင်းနှီးမှုလေး ရအောင် တစ်ယောက်ချင်းစီ သွားလည်ရမယ်"
အခြားတစ်ဖက်တွင် ဝေ့ချူယောင် က မျက်စိရှေ့မှ အမျိုးသမီး ဆေးဆရာ ကို ကြည့်ကာ အလေးအနက် ခေါင်းငြိမ့်ပြလိုက်သည်။
"ကျန်းမန် ရဲ့ အဆင့်သတ်မှတ်ချက်က သေချာပေါက် မြင့်မှာပဲ အနည်းဆုံးတော့ ထိပ်ဆုံး ဆယ်ယောက်စာရင်းကို ဝင်နိုင်တယ်"
အမျိုးသမီး ဆေးဆရာက အနည်းငယ် အံ့သြစွာဖြင့် မေးလိုက်သည်။
"နင် သေချာလို့လား"
ဝေ့ချူယောင်က ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။
"သေချာပါတယ်"
အမျိုးသမီး ဆေးဆရာက ပစ္စည်းများကို သိမ်းဆည်းကာ အပြင်ဘက်သို့ လျှောက်သွားလေသည်။
"ဆရာမ ဘယ်သွားမလို့လဲ"
"အလုပ်ကိစ္စနဲ့ ခရီးထွက်မလို့ နောက်လမှ ပြန်လာမယ်"
"……….."
အဆင့်သတ်မှတ်ချက် ထွက်လာပြီးနောက် အခြား ဆေးဆရာများမှာလည်း အလုပ်ကိစ္စဖြင့် ခရီးထွက်သွားကြပြီး နောက်လမှ ပြန်လာမည် ဖြစ်ကာ၊ သို့မဟုတ်ပါကလည်း ဆေးဖော်စပ်ရန် တံခါးပိတ် ကျင့်ကြံနေကြပြီး နောက်လမှ တံခါး ပြန်ဖွင့်မည် ဖြစ်ကြလေသည်။
————
ခြံဝင်းငယ် အတွင်း၌ ကျန်းမန်က စားပွဲပေါ်ရှိ ပစ္စည်းများကို ကြည့်ကာ အတော်လေး ခံစားချက် ဖြစ်နေမိလေသည်။
ဤတစ်ကြိမ်တွင် သူက လျှို့ဝှက်သိုင်း နှစ်အုပ်ကို ရရှိခဲ့လေသည်။
ခရမ်းရောင်တိမ်တိုက် အလင်းတန်း အလယ်ပိုင်း၊ နေပြင်း အပိုင်း
ခရမ်းရောင်တိမ်တိုက် အလင်းတန်း အောက်ပိုင်း၊ နေဝင် အပိုင်း
သုံးပိုင်းလုံး သင်ယူပြီးပါက ပြီးပြည့်စုံသော ခရမ်းရောင်တိမ်တိုက် အလင်းတန်း မှော်ပညာရပ် ကို ဖန်တီးနိုင်မည် ဖြစ်လေသည်။
ကောင်းကင် နှလုံးသား တံဆိပ်တုံး ၏ ကန့်သတ်ချက်ကို ကျော်လွန်သွားမည် ဖြစ်လေသည်။
အထူးသဖြင့် ရွှေအမြုတေ အဆင့်တွင်လည်း အမြဲတမ်း အသုံးပြုနိုင်ပြီး အားကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
လျှို့ဝှက်သိုင်း များအပြင် ကျောက်တုံး အပ်နှံမှု ဆုလာဘ်လည်း ရှိသေးလေသည်။
ကြေးဝါဖြင့် ပြုလုပ်ထားသော အမှတ်အသား တစ်ခု ဖြစ်ကာ အထူး လျှို့ဝှက်နယ်မြေ တစ်ခုသို့ ဝင်ရောက်ရန် အမှတ်အသား ဖြစ်သည်ဟု ဆိုလေသည်။
သို့သော် ရွှေအမြုတေ အဆင့်သို့ ရောက်မှသာ အသုံးပြုနိုင်မည် ဖြစ်လေသည်။
တစ်ဦးချင်း အဋ္ဌမနေရာ အနေဖြင့် ရရှိသော သံအမှတ်အသားမှာ အဆင့်တက်လှမ်းမည့် လျှို့ဝှက်နယ်မြေ သို့ ဝင်ရောက်ရန် အရည်အချင်း အမှတ်အသား ဖြစ်ပြီး ထို့အပြင် ဝိညာဉ်ကျောက်တုံး သုံးသောင်း ပါဝင်သေးလေသည်။
အဖွဲ့လိုက် အဆင့်သတ်မှတ်ချက် ဆုလာဘ် အနေဖြင့်မူ ချီသန့်စင်ခြင်း လျှို့ဝှက်နယ်မြေ ဝင်ခွင့် အရည်အချင်းနှင့် ဝိညာဉ်ကျောက်တုံး သုံးထောင် ဖြစ်လေသည်။
ကျန်းမန် အတော်လေး ခံစားချက် ဖြစ်သွားလေသည်။
ချီသန့်စင်ခြင်း လျှို့ဝှက်နယ်မြေ ဝင်ခွင့် အရည်အချင်းလား ဒါက ဝိညာဉ်ကျောက်တုံး အများကြီးနဲ့ ရောင်းလို့ ရမှာပဲ။
မည်သို့ပင်ဖြစ်စေ ဤတစ်ကြိမ် အမြတ်ကြီး ထွက်သွားသည်မှာ အမှန်ပင် ဖြစ်လေသည်။
ဤကဲ့သို့သော ပြိုင်ပွဲကြီးမျိုးဆိုပါက သူ အနေဖြင့် နှစ်စဉ် ဝင်ရောက် ယှဉ်ပြိုင်ရန် ဝန်လေးမည် မဟုတ်ပေ။
သို့သော် နောက်နှစ်တွင် ဝင်ပြိုင်ခွင့် ရမရ ဆိုသည်ကိုမူ မသေချာသေးပေ။
ဆရာမယန် က စာရွက်တစ်ရွက်ကို ကျန်းမန် ရှေ့သို့ ချပေးကာ ပြောလိုက်သည်။
"ဒီဆုလာဘ်တွေ အပြင် ဒါလည်း ရှိသေးတယ် နာမည် ထိုးလိုက် နောက်လ ဆယ့်ငါးရက်နေ့ကျရင် မင်း အဆင့်တက်လှမ်းမယ့် လျှို့ဝှက်နယ်မြေထဲကို ဝင်လို့ ရပြီ"
"ဒါပေမယ့် အဆင့်တက်လှမ်းမယ့် ကျင့်စဉ်ကို သဘောမကျဘူးဆိုရင် နောက်နှစ် ပြိုင်ပွဲကြီးမှာ ပြန်ဝင်ပြိုင်ပြီး အရည်အချင်း ပြန်လုလို့ ရတယ်၊ နောက်တစ်ခေါက် ပြန်လုတာပေါ့"
"ဒါပေမယ့် ဒုတိယ အကြိမ်မှာ ပိုကောင်းတဲ့ အဆင့်တက်လှမ်းမယ့် ကျင့်စဉ်ကို ရနိုင်တဲ့သူ အတော် ရှားတယ်"
"ဘာလို့လဲဆိုတော့ ဒါက တိုက်ခိုက်ရေး စွမ်းအားနဲ့ သိပ်ပြီး မသက်ဆိုင်လို့ပဲ"
"ပြီးတော့ ဒုတိယ အကြိမ် ဝင်ရင် သက်ရောက်မှု တချို့ ရှိနိုင်တယ်"
"ဒါကြောင့် မင်း နှစ်ရက်လောက် သေချာ စဉ်းစားသင့်တယ်"
ကျန်းမန်က လုံးဝ မစဉ်းစားဘဲ နာမည် ထိုးလိုက်လေသည်။
ယန်ရီချိုး တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့လေသည်။
ကျန်းမန် အနည်းငယ် ရမ်းကားသည်ဟု သူမ ခံစားလိုက်ရလေသည်။
သို့သော် ခံစားချက် သက်သက်သာ ဖြစ်သည် အဘယ်ကြောင့်ဆိုသော် သူမ အမြဲတမ်း ကျန်းမန်ကို ရမ်းကားသည်ဟု ခံစားခဲ့ရသောကြောင့် ဖြစ်လေသည်။
သို့သော် ရလဒ်များကို ကြည့်ပါက သူမ၏ အမြင်နည်းမှုကြောင့်သာ ဖြစ်ကြောင်း တွေ့ရှိရလေသည်။
ဤတစ်ကြိမ်တွင်လည်း ဆယ်ပုံကိုးပုံ သူမ၏ အမြင်နည်းမှုကြောင့် ဖြစ်နိုင်လေသည်။
ကျန်းမန်၏ ကိစ္စများ ပြီးဆုံးသွားသောအခါ ယန်ရီချိုး က အားလုံးကို ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့ အခု ဆဋ္ဌမမြောက် ခြံဝင်းငယ် ရဲ့ ကျင့်ကြံသူတွေ ဖြစ်နေပြီ ဆဋ္ဌမမြောက် ခြံဝင်းငယ် ကစပြီး မင်းတို့ရဲ့ ကျင့်ကြံမှု တိုးတက်နှုန်းက အများကြီး နှေးကွေးသွားလိမ့်မယ်"
"အမှတ်တွေ တိုးချင်ရင်တော့ အရန် ဘာသာရပ်တွေကို သေချာ သင်ယူရလိမ့်မယ်"
"ဒါ့အပြင် အရန် ဘာသာရပ်တွေကို အသုံးချပြီး ဝိညာဉ်ကျောက်တုံးတွေ ရှာလို့ ရတယ် သက်ဆိုင်ရာ အရင်းအမြစ်တွေကို ရယူနိုင်တယ်"
"မင်းတို့ရဲ့ နောက်ပိုင်း ကျင့်ကြံမှု အတွက် အကျိုးကျေးဇူး တချို့ ရှိတယ်"
"ဒါ့အပြင် လက်တွေ့ စစ်ရေး လေ့ကျင့်မှုတွေလည်း တဖြည်းဖြည်း တိုးလာလိမ့်မယ် အရန် ဘာသာရပ်တွေလည်း ဒီအတိုင်းပဲ"
ကျန်းမန်ကမူ ဆဋ္ဌမမြောက် ခြံဝင်းငယ် ၏ အစီအစဉ်များကို သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် အခြေခံတည်ဆောက်ခြင်း ခြံဝင်းငယ်၏ လမ်းခရီးကို သူ ပြီးဆုံးတော့မည် ဖြစ်ရာ အဆင့်ဆင့် သွားနေရန် မလိုအပ်တော့သောကြောင့် ဖြစ်လေသည်။
သေချာတာပေါ့ ကြိုတင် သတ်မှတ်ချက်က တစ်လအကြာတွင် ကောင်းမွန်သော ရလဒ် တစ်ခု ရရှိရန် ဖြစ်လေသည်။
မဟုတ်ပါက အရာအားလုံးက စကားသက်သက်သာ ဖြစ်သွားမည် ဖြစ်လေသည်။
လျှို့ဝှက်နယ်မြေထဲမှ အဆင့်တက်လှမ်းမည့် ကျင့်စဉ်ကို ရရှိပြီးနောက် ပြန်လာ၍ အဆင့်တက်လှမ်းမည် ဖြစ်သည်။
ထိုအချိန်တွင် အတွင်းဂိုဏ်း၏ တပည့် တစ်ဝက် ဖြစ်နေပြီဟု ဆိုနိုင်လေသည်။
အဆင့်တက်လှမ်းမည့် ကျင့်စဉ်ကို ရရှိသွားပါက အခြေခံအားဖြင့် ရွှေအမြုတေ မဖွဲ့စည်းနိုင်သူ ဆိုသည်မှာ မရှိသလောက် ရှားပါးလှပြီး အစောနှင့် အနှောင်း ပြဿနာသာ ဖြစ်လေသည်။
သို့သော် ဤအစောနှင့် အနှောင်း ကွာခြားချက်က မနည်းလှပေ အနည်းဆုံး လအနည်းငယ် ကြာမြင့်နိုင်ပြီး အများဆုံး နှစ်နှင့်ချီ ကြာမြင့်နိုင်လေသည်။
မည်သည့် ကျင့်စဉ်ကို ရရှိသနည်း ဆိုသည်အပေါ် မူတည်လေသည်။
ဤအကြောင်းနှင့် ပတ်သက်၍ ကျန်းမန်လည်း သိပ်ပြီး မသိရှိလှရာ ပြန်သွားပါက နွားဝါကြီးကို မေးမြန်းရမည် ဖြစ်လေသည်။
ဤမျှ မြန်ဆန်စွာ အဆင့်တက်လှမ်းမည့် ကျင့်စဉ် နှင့် ထိတွေ့ရမည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
ဆရာမယန် မှာကြားမှုများ ပြီးဆုံးပြီးနောက် ကျန်းမန်က ဆဋ္ဌမမြောက် ခြံဝင်းငယ် မှ ထွက်ခွာလာခဲ့လေသည်။
သူက ချစ်ရွှေတောင်ထွတ် သို့ သွားရောက်ကာ စုန့်ချင့် ထွက်သွားပြီလား ဆိုသည်ကို သွားကြည့်လေသည်။
ထို့အပြင် သူတို့အား အတိုးပေးရန် လိုအပ်သေးလေသည်။
ယခု သူ့တွင် ဝိညာဉ်ကျောက်တုံး သုံးသောင်းခွဲ ရှိနေလေပြီ။
အတိုးများကို လုံလောက်စွာ ပေးဆပ်နိုင်ပြီ ဖြစ်လေသည်။
ယခုအချိန်တွင် ဖက်တီးလေးက ဆေးပင်များကို ကြည့်ကာ ခေါင်းကုတ်နေလေသည်။
ကျန်းမန် လျှောက်သွားကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဘာလုပ်နေတာလဲ"
ထိုစကားကို ကြားသောအခါ ဖက်တီးလေး အံ့အားသင့်သွားကာ ချက်ချင်း ခေါင်းမော့၍ ကျန်းမန်ကို ကြည့်လိုက်လေသည်။
ထင်ရှားလှသော မျက်ကွင်းညိုကြီးများက ကျန်းမန်ကို အတော်လေး ကျေနပ်သွားစေလေသည်။
ကြိုးကြိုးစားစား ဒုက္ခခံနေတာ ကောင်းပါတယ်။
"အစ်ကိုကျန်း ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
ဖက်တီးလေးက အနည်းငယ် အံ့သြစွာဖြင့် ပြောလိုက်သည်။
"အစ်ကိုကျန်း အပြင်ဂိုဏ်း ရဲ့ ပထမနေရာ ဖြစ်သွားပြီလို့ ကျွန်တော် ကြားတယ် ချက်ချင်းပဲ ရွှေအမြုတေ ဖွဲ့စည်းတော့မှာလား"
သူ့အစ်ကိုလတ် ပြောပြ၍ သူ သိရှိထားခြင်း ဖြစ်လေသည်။
အစ်ကိုလတ် ရောက်လာစဉ်က သူ၏ အမူအရာနှင့် သဘောထားတို့က သူ့ကို အံ့အားသင့်သွားစေခဲ့လေသည်။
အစ်ကိုကျန်း ၏ အစွမ်းထက်မှုကြောင့် အံ့အားသင့်သွားပုံရကာ ဂန္ထဝင် ဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်းကို သိရှိသွားပုံ ရလေသည်။
သူလည်း အလွန် သိချင်နေလေသည်။
ကျန်းမန် ခေါင်းအနည်းငယ် ငြိမ့်ပြကာ ပြောလိုက်သည်။
"ငါ့စကား နားထောင်ပြီး သေချာ ကျင့်ကြံပါ မင်းလည်း အခွင့်အရေး ရှိပါတယ်"
အစ်ကိုကျန်း က သူ့ကို မျှော်လင့်ချက်တွေ ပေးနေတယ်လို့ ဖက်တီးလေး ခံစားလိုက်ရတယ်။
"စုန့်ချင့် တို့ရော"
ကျန်းမန်က မေးလိုက်သည်။
"စုန့်ချင့်က ကုန်စည်ပို့ဆောင်ရေး အစောင့် အနေနဲ့ အဖွဲ့နဲ့အတူ ပြန်သွားပြီ ဒါက အစ်ကိုကျန်းကို ပေးဖို့ သူ ကျွန်တော့်ကို ပေးထားခဲ့တာပါ"
ထိုသို့ပြောရင်း ဖက်တီးလေးက ဝိညာဉ်ကျောက်တုံး လေးထောင်ကို ထုတ်ပေးလိုက်လေသည်။
ကျန်းမန် လှမ်းယူလိုက်သည်၊ ထိုသို့ဆိုလျှင် အတိုးနှင့်ပါ ပေါင်းပါက သူက စုန့်ချင့် ကို စုစုပေါင်း နှစ်သောင်းလေးထောင် အကြွေးတင်သွားပြီ ဖြစ်လေသည်။
ထို့နောက် သူက ဖက်တီးလေးကို ခြောက်ထောင်၊ လော်ရွှမ်ကို တစ်သောင်းနှစ်ထောင် နှင့် အတိုး သုံးထောင် ပေါင်းပါက စုစုပေါင်း နှစ်သောင်းတစ်ထောင်ကို ပေးဆပ်လိုက်လေသည်။
တစ်သောင်းရှစ်ထောင် ကျန်ရှိသေးလေသည်။
"ချန်ချီဝမ်ရော"
ကျန်းမန်က မေးလိုက်သည်။
"သူ့ကို လာခဲ့ဖို့ ကျွန်တော် သွားပြောလိုက်မယ်"
ဖက်တီးလေးက ပြောလိုက်သည်။
ကျန်းမန် ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် ဖက်တီးလေး ခေါင်းရှုပ်နေသော ကိစ္စကို မေးမြန်းလိုက်လေသည်။
"ဒီဆေးပင်က အပ်ထားတာလေ"
ဖက်တီးလေးက အနည်းငယ် ညှိုးနွမ်းနေသော ဆေးပင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ကျွန်တော်တို့ရဲ့ စိုက်ပျိုးနည်းက မမှားပါဘူး ဒါပေမယ့် ဘာလို့မှန်း မသိဘူး ကြာလေလေ ပိုညှိုးလာလေလေ ဖြစ်နေတယ်"
"ဆက်ပြီး ညှိုးနေဦးမယ် ဆိုရင်တော့ ကျွန်တော်တို့ လျော်ပေးရတော့မယ်"
"လော်ရွှမ်က ချန်ယွီဆီ သွားပြီး နည်းလမ်း ရှာခိုင်းနေတယ်"
ကျန်းမန် ငုံ့ကြည့်လိုက်ရာ ပွင့်ဖတ် သုံးရောင် ပါရှိသော ပန်းတစ်ပွင့် ဖြစ်ကာ အပေါ်တွင် အကွက်အချို့ ရှိနေလေသည်။
အရွက် ခုနစ်ရွက် ပါရှိကာ နှစ်ရွက်မှာ ခြောက်သွေ့နေသည့် လက္ခဏာများ ပြသနေပြီး ရေဆာနေသကဲ့သို့ ဖြစ်နေလေသည်။
ကျန်းမန် အနည်းငယ် စမ်းသပ်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"နေသုံးစင်းပန်း၊ ပွင့်ဖတ် သုံးရောင်၊ အရွက် ခုနစ်ရွက် ရှိတယ်၊ ကြီးထွားမှု အနည်းငယ် ပြဿနာ ရှိနေတယ်၊ အရွက် ရှစ်ရွက် ထွက်လာရင် ရှင်သန်ဖို့ ခက်ခဲပြီး ရက်သုံးဆယ် အတွင်း ရေဓာတ် ခန်းခြောက်ပြီး သေဆုံးသွားလိမ့်မယ်"
ထိုအကြောင်းများကို ရွတ်ဆိုရင်း ကျန်းမန်က ပန်းရိုးတံ အောက်ဘက်သို့ စမ်းကြည့်လိုက်လေသည်။
သေးငယ်သော ဒဏ်ရာတစ်ခုကို တွေ့ရှိလိုက်ရလေသည်။
သူက ဖက်တီးလေးကို ကြည့်ခိုင်းလိုက်လေသည်။
ဖက်တီးလေး စစ်ဆေးကြည့်ပြီးနောက် ပြောလိုက်သည်။
"ကျွန်တော် လိမ်ခံလိုက်ရတာလား"
ကျန်းမန်က ခေါင်းအနည်းငယ် ငြိမ့်ပြကာ ပြောလိုက်သည်။
"ဟုတ်တယ်"
"အစ်ကိုကျန်း က ဘယ်လိုလုပ်ပြီး ဆေးပင်တွေ အကြောင်း ဒီလောက်တောင် သိနေရတာလဲ"
ဖက်တီးလေး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
ကျန်းမန်က အမှန်အတိုင်း ပြောလိုက်သည်။
"ပြိုင်ဘက်ကင်း ပါရမီရှင်လေ အံ့သြစရာ မလိုပါဘူး"
ဖက်တီးလေး တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
"ဒီလူက တကယ် အကျင့်ယုတ်တာပဲ ချောမောလှပတဲ့ သူဆိုရင် အားလုံးက လူကောင်းတွေလို့ ကျွန်တော် ထင်ထားတာ"
"လှတဲ့ မိန်းမတွေ အကုန်လုံးက လိမ်တတ်ကြတယ်"
ကျန်းမန်က စေတနာဖြင့် သတိပေးလိုက်သည်။
အသေးစား အရောင်းအဝယ်လေး ကိုတောင် အလွတ်မပေးဘူး တကယ် လွန်လွန်းတယ်လို့ ဖက်တီးလေးက ခံစားချက်နဲ့ ပြောလိုက်တယ်။
"မင်းတို့ရဲ့ ဆေးပင် ဗဟုသုတက မလုံလောက်သေးဘူး နည်းနည်း ပိုပြီး လေ့လာဖို့ လိုတယ်"
ကျန်းမန်က စမ်းသပ်ရှာဖွေကြည့်ပြီးနောက် သူ၏ ကိုယ်ပေါ်ရှိ ဆေးပင် အကဲဖြတ်မှု မှတ်တမ်း ကို ထုတ်ကာ ပေးလိုက်သည်။
"မင်းတို့ကို ရက်အနည်းငယ် ငှားမယ် တစ်အုပ် ကူးရေးထားလိုက်"
ထိုအရာကို မြင်သောအခါ ဖက်တီးလေးက အားနာခြင်း မရှိပေ။
သေချာစွာ သိမ်းဆည်းလိုက်လေသည်။
ထို့နောက် ချန်ချီဝမ် ရောက်ရှိလာလေသည်။
တစ်ဖက်လူ ရောက်လာသည်မှာ ကမန်းကတန်း ဖြစ်ကာ ထွက်သွားသည်မှာလည်း ကမန်းကတန်း ပင် ဖြစ်လေသည်။
"ဒါက ငါ့ရဲ့ ဝိညာဉ်ကျောက်တုံးတွေပဲ ဆက်မပြောတော့ဘူး ငါ အလုပ်လုပ်ဖို့ သွားရဦးမယ်"
ကျန်းမန်က ဖုန်တလူးလူးဖြင့် ထွက်ခွာသွားသော တစ်ဖက်လူကို ကြည့်ကာ အတော်လေး ခံစားချက် ဖြစ်နေမိလေသည်။
ချန်ချီဝမ်က အလုပ်ကြမ်းသမား ဘဝပဲ။
သို့သော် ထွက်မသွားမီ တစ်ဖက်လူက လာမည့် မတ်လတွင် ဝိညာဉ်ကျောက်တုံး အမြောက်အမြား လိုအပ်နိုင်ကြောင်း ပြောသွားလေသည်။
မေးမြန်းကြည့်မှ သိရှိရသည်မှာ သူ၏ ညီမလေးမှာ ယွင်ချန်ဌာနခွဲ ၏ အနောက်ဘက် ခြံဝင်းတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရလေသည်။
ဒီဇင်ဘာလတွင် နေရာတစ်ခု ရရှိပါက ဝိညာဉ်ကျောက်တုံး အမြောက်အမြား လိုအပ်မည် ဖြစ်လေသည်။
ဤတစ်ကြိမ်တွင် သူက စုန့်ချင့် ကို ဝိညာဉ်ကျောက်တုံး အချို့ အိမ်သို့ ပို့ပေးရန် အကူအညီ တောင်းခဲ့ပြီး နေရာရရှိရန် အခွင့်အရေး ရနိုင်မည်ဟု မျှော်လင့်နေလေသည်။
ဤအကြောင်းများကို သိရှိရသောအခါ ကျန်းမန် အတော်လေး ခံစားချက် ဖြစ်သွားလေသည်။
ချန်ချီဝမ် တွင် ညီမလေး တစ်ယောက် ရှိနေသေးပြီး ဂိုဏ်းသို့ ရောက်လာရန် မျှော်လင့်ချက် ရှိနေသေးသည်ကိုး။
"တကယ်တော့ ချန်ချီဝမ် ရဲ့ ညီမလေးက မျှော်လင့်ချက် ရှိပါတယ် ဘာလို့လဲဆိုတော့ ချန်ချီဝမ် က ဂိုဏ်းမှာ ရှိနေပြီး သူ့နောက်ကွယ်မှာလည်း အစ်ကိုကျန်း ရှိနေတယ်လေ"
"ကျွန်တော့် အဖေက အကျိုးအမြတ် အများကြီးကို စွန့်လွှတ်ပြီး သူ့ညီမလေးကို စာချုပ်ချုပ်ထားတာ အရင်းအမြစ် ထောက်ပံ့မှုက လုံလောက်ပါတယ် တစ်ဖက်ကလည်း အလုံအလောက် ကြိုးစားတယ်"
"နေရာရနိုင်တဲ့ မျှော်လင့်ချက်က ချန်ချီဝမ် အရင်တုန်းကထက် ပိုများတယ်"
ဖက်တီးလေးက ပြောလိုက်သည်။
ကျန်းမန်က ခေါင်းငြိမ့်ပြလိုက်သည်၊ ဒါကြောင့် ချန်ချီဝမ် ဒီလောက်တောင် ပင်ပန်းနေရတာကိုး။
အိမ်ကို မကြာခဏ ပိုက်ဆံ ပို့နေရတာ အရင်ကလည်း ဒီလိုပဲ။
သူ့ဆီက ပိုက်ဆံချေးတာလည်း အိမ်ကို ပို့ဖို့ပဲလေ။
ထို့နောက် ကျန်းမန် တွက်ချက်ကြည့်လိုက်လေသည်။
စုန့်ချင့် ကို နှစ်သောင်းလေးထောင်၊ ဖန်ယုံ ကို တစ်သောင်းနှစ်ထောင်၊ ချန်ချီဝမ် ကို တစ်သောင်းရှစ်ထောင်၊ ဖက်တီးလေးကို တစ်သောင်းခွဲ အကြွေးတင်နေလေသည်။
ဆရာမ ဘက်ကတော့ ထောက်ပံ့မှု ဖြစ်လို့ ပြန်ဆပ်စရာ မလိုတော့ဘူး။
စုစုပေါင်း အကြွေး ခြောက်သောင်းကိုးထောင်။
ကျန်းမန် တွက်ချက်ပြီးသွားသောအခါ လူပင် ကြောင်အမ်းသွားလေသည်။
ဘယ်လိုလုပ်ပြီး အကြွေးတွေ ပိုများလာရတာလဲ။
ယခု သူ့တွင် တစ်သောင်းကိုးထောင် ကျန်ရှိသေးလေသည်။
ဒီလိုကြည့်ရင် အကြွေးဆပ်ဖို့ ဆိုတာ ခက်ခဲတဲ့ ကိစ္စ တစ်ခုပဲ။
သို့သော် ၎င်းတို့မှာ နောက်မှ စဉ်းစားရမည့် ကိစ္စများ ဖြစ်ပြီး ယခု အရင်ဆုံး စွမ်းအား ပေါင်းစပ်မှုကို မြှင့်တင်ရမည် ဖြစ်လေသည်။
တစ်လသာ အချိန်ကျန်ရှိတော့လေသည်။
ဝိညာဉ်ကျောက်တုံး တစ်သောင်းကိုးထောင် နှင့် နောက်လအတွက် ခြောက်ထောင် ပါ ပေါင်းပါက နှစ်သောင်းခွဲ ဆိုလျှင် လုံလောက်လောက်မည် ဖြစ်လေသည်။
ထို့နောက် ကျန်းမန်က ဖက်တီးလေး ကို နှုတ်ဆက်လိုက်လေသည်။
မကြာမီ လော်ရွှမ် ပြန်ရောက်လာပြီး သူမနှင့်အတူ ချန်ယွီ ပါလာလေသည်။
"သခင်လေးကောင်း ထပ်တွေ့ပြန်ပြီနော် လော်ရွှမ်က စိတ်ညစ်နေပြီ ဆိုတာကို ရှင် သိလား"
ချန်ယွီ က ပြုံးလျက် မေးလိုက်သည်။
"ကျွန်တော် သိတာပေါ့ ဒါကြောင့် ကျွန်တော့်မှာ နည်းလမ်း ရှိနေပြီလေ"
ဖက်တီးလေးက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ချန်ယွီပင် အံ့အားသင့်သွားသည်။
"သခင်လေးကောင်း မှာ နည်းလမ်း ရှိနေပြီ ဟုတ်လား"
ထို့နောက် ဖက်တီးလေးက လေးနက်စွာဖြင့် ပြောလိုက်လေသည်။
"နေသုံးစင်းပန်း၊ ပွင့်ဖတ် သုံးရောင်၊ အရွက် ခုနစ်ရွက် ရှိတယ်၊ ကြီးထွားမှု အနည်းငယ် ပြဿနာ ရှိနေတယ်၊ အရွက် ရှစ်ရွက် ထွက်လာရင် ရှင်သန်ဖို့ ခက်ခဲပြီး ရက်သုံးဆယ် အတွင်း ရေဓာတ် ခန်းခြောက်ပြီး သေဆုံးသွားလိမ့်မယ်"
"မင်းတို့ လာစမ်းကြည့်လိုက် ငါတို့ လိမ်ခံလိုက်ရပြီ"
လော်ရွှမ် စမ်းသပ်ကြည့်လိုက်ရာ တကယ်ပင် ပြဿနာများကို တွေ့ရှိလိုက်ရလေသည်။
ချန်ယွီ အံ့အားသင့်သွားသည်။
"သခင်လေးကောင်း ဘယ်သူ့ကို သွားမေးထားတာလဲ"
"ကျွန်တော် ကိုယ်တိုင် ရှာတွေ့တာ မဖြစ်နိုင်ဘူးလား"
ဖက်တီးလေးက မေးလိုက်သည်။
"သခင်လေးကောင်း က ဘယ်လို ကိုယ်တိုင် ရှာတွေ့သွားတာလဲ"
လော်ရွှမ် က သိချင်စိတ်ဖြင့် မေးလိုက်သည်။
ဖက်တီးလေးက ခေါင်းကုတ်ကာ အနေရခက်စွာဖြင့် ပြောလိုက်သည်။
"ဒါကို ကြည့်လိုက်"
ထိုသို့ပြောရင်း သူက ဆေးပင် အကဲဖြတ်မှု မှတ်တမ်းကို ထုတ်ပြလိုက်လေသည်။
လော်ရွှမ် အံ့အားသင့်သွားကာ စာအုပ်ကို ချက်ချင်း ဖုံးကွယ်လိုက်ပြီး ပြောလိုက်သည်။
"အကဲဖြတ်မှု မှတ်တမ်း ဟုတ်လား ကြားတာတော့ ဆေးဆရာတွေမှာပဲ ရှိတယ်တဲ့ လုံးဝ အပြင်ကို မငှားဘူးတဲ့ အကယ်၍ သိသွားရင် ဆေးဆရာရဲ့ အပြစ်ပေးတာကို ခံရလိမ့်မယ်တဲ့"
ဖက်တီးလေးလည်း ထိုကဲ့သို့ ဖြစ်မည်ဟု မထင်ထားခဲ့သဖြင့် ချက်ချင်း ပြောလိုက်သည်။
"အစ်ကိုကျန်း ပေးသွားတာပါ တစ်အုပ် ကူးရေးထားလိုက်လို့ ပြောသွားတယ်"
ဒါက အစ်ကိုအရင်းလား လို့ ချန်ယွီ မနေနိုင်ဘဲ ခံစားချက်နဲ့ ပြောလိုက်တယ်။
ဒီလိုပဲ လွယ်လွယ်လေး ငှားလိုက်တာလား။
သူ ဘာမှ မမှာသွားဘူးလား။
သို့သော်လည်း သူမ ရွေးချယ်မှု မမှားခဲ့ဘူးဟု သူမ လုံးဝ ထင်မြင်မိလေသည် အဘယ်ကြောင့်ဆိုသော် ဒီနှစ်ပိုင်းအတွင်း ကျန်းမန်နှင့် ခင်မင်သူ အများစုမှာ ယောကျာ်းလေးများသာ ဖြစ်သောကြောင့် ဖြစ်လေသည်။
သူက သူ့ရဲ့ မိန်းမ အပေါ် တကယ်ကို တာဝန်ကျေပါတယ်။
ဘယ်မိန်းကလေး နဲ့မှ ရင်းနှီးအောင် လုပ်ဖို့ အကြံအစည် လုံးဝ မရှိဘူး။
အကယ်၍ တစ်ယောက်ယောက်က အကြံအစည် ရှိလာရင် တစ်ဖက်လူက ပြောင်းပြန် ရှောင်ဖယ်သွားလိမ့်မယ်။
ထို့အပြင် ဖန်ယုံကို ရွေးချယ်လိုက်ခြင်းက အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်သည်ဟု သူမ ထင်မြင်မိလေသည်။
ဖန်ယုံ က သူမကို သဘောကျချင်မှ ကျမည် ဖြစ်သော်လည်း...
အနည်းဆုံးတော့ လွယ်လွယ်လေး အသုံးချပြီး လွှင့်ပစ်ခံရမှာ မဟုတ်ဘူးလေ။
လက်ရှိ ဘဝကို သူမ အရမ်း ကျေနပ်နေသည်။
ထို့ကြောင့် ကျန်းမန်က ဖက်တီးလေးတို့ အပေါ် တကယ်ကို ကောင်းမွန်သည်ဟု သူမ တကယ်ပင် ခံစားမိလေသည်။
အပြင်က လူတွေနဲ့ ဆက်ဆံကြည့်ဖူးမှပဲ ကျန်းမန်က သူတို့အပေါ် ဘယ်လောက်တောင် ကောင်းလဲ ဆိုတာကို တကယ် နားလည်နိုင်မှာ။