← Chapters

အခန်း ၁၇၅

Vol. 11 Ch. 175

အခန်း ၁၇၅

Vol. 11 Ch. 175

အခန်း ၁၇၅ ရွှေအမြုတေ ဖွဲ့စည်းမည့် ဂယက်

ယွန်းရှာတောင်ထွတ်

ဆဋ္ဌမမြောက် ခြံဝင်းငယ်

ဒီနှစ်တွေ အတွင်း ကျန်းမန်က နေရာအနှံ့ လျှို့ဝှက်နယ်မြေတွေ၊ ပြိုင်ပွဲကြီးတွေကို ဝင်ပြိုင်နေခဲ့တော့ လူက အမြဲတမ်း စုံလင်အောင် မရှိခဲ့ဘူး။

ဒါပေမယ့် ဒီနေ့တော့ လူစုံနေပြီ။

ယန်ရီချိုးက အတော်လေး ခံစားချက် ဖြစ်နေမိသည်၊ သူမ စာသင်လာခဲ့သည့် နှစ်များစွာအတွင်း ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံး အကြိမ် ကြုံတွေ့ရခြင်း ဖြစ်လေသည်။

သေချာတာပေါ့ တခြား ဆရာတွေ ရှေ့မှာ ခေါင်းမော့ပြီး ဂုဏ်ယူဝင့်ကြွားခွင့် ရတာလည်း ပထမဆုံး အကြိမ်ပါပဲ။

ကျန်းမန်က တကယ်ကို ဂုဏ်ယူစရာ ကောင်းလွန်းပါတယ်။

ဒါတင်မကသေးဘူး တခြားလူတွေကလည်း ဂုဏ်ယူစရာ ကောင်းကြပါတယ်။

သူမရဲ့ ခြံဝင်းငယ် ကနေ ပါရမီရှင်တွေ အများကြီး ထွက်လာတယ်လို့ ပြောလို့ ရပါတယ်။

အခြေခံတည်ဆောက်ခြင်း အဆင့်မှာပဲ ဂုဏ်ယူစရာ ကောင်းတာပါ၊ ရွှေအမြုတေ ဖွဲ့စည်းတော့မယ့် အချိန်ကျရင် ငိုရတော့မယ်လို့ အမြဲတမ်း အပြောခံရပေမယ့်လည်း ထိုကိစ္စကို သူမ လုံးဝ ဂရုမစိုက်ခဲ့ပေ။

အဲဒီလူတွေက ရေတွင်းထဲက ဖားသူငယ်တွေလိုပဲ လမင်းကိုပဲ မြင်ဖူးကြတာ။

သူမရဲ့ ခြံဝင်းငယ်ကို ရောက်လာတဲ့ အခါကျမှပဲ ကောင်းကင်ပြာ ဆိုတာ ဘာလဲ ဆိုတာကို နားလည်သွားကြမှာပါ။

သေချာတာပေါ့ ကျန်းမန် ရောက်လာပေမယ့် သူက စာမသင်ပါဘူး။

သူက ဆဋ္ဌမမြောက် ခြံဝင်းငယ် ၏ ဝင်္ကပါ နှင့် ဆေးပင်များကို အသုံးပြုကာ ရွှေအမြုတေ ဖွဲ့စည်းရန် ပြင်ဆင်နေခြင်း ဖြစ်လေသည်။

"မင်းက ဒီနေရာမှာ နေ့ရော ညပါ ကျင့်ကြံတော့မလို့လား"

ဘေးမှ ကျိုပုဖန်က အနည်းငယ် အံ့သြစွာဖြင့် မေးလိုက်သည်။

ကျန်းမန် ခေါင်းငြိမ့်ပြလိုက်သည်။

"မရဘူးလား"

လူတိုင်း တိတ်ဆိတ်သွားကြလေသည်။

ရတော့ ရပါတယ်၊ ဒါပေမယ့် ပါရမီရှင် တစ်ယောက်ကတောင် ကြိုးစားနေချိန်မှာ ကိုယ်ကတော့ အပျင်းထူချင်နေသလို ခံစားရတယ်။

ဒီလို အခြေအနေမျိုးမှာ သူတို့ ပြန်သွားရင် စိတ်အာရုံကို ထိခိုက်မလား။

မည်သို့ပင်ဖြစ်စေ အပြင်ဂိုဏ်း၏ ပထမနေရာက ခြံဝင်းငယ် တွင် ပြန်မသွားဘဲ ကျင့်ကြံနေချိန်တွင် သူတို့က မိမိတို့ဘာသာ ထွက်ခွာသွားပြီး ပါရမီရှင်၏ တိုးတက်မှုကို မျက်စိရှေ့တွင် မြင်တွေ့နေရလျက်နှင့် မိမိတို့က နေရာမှာပင် ရပ်တန့်နေခြင်း မဟုတ်ပါလား။

ကျောက်ယောင်ယောင်က စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီးနောက် မေးလိုက်သည်။

"ထမင်း မစားတော့ဘူးလား"

အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတွေက ဗိုက်ဆာတတ်ကြပါတယ်။

ကျန်းမန်က သွေးလေအားဖြည့် ဆေးလုံး ကို ထုတ်ပြကာ ပြောလိုက်သည်။

"ဒါလေး စားလိုက်ရင် ရပြီ"

လူတိုင်း ထပ်မံ တိတ်ဆိတ်သွားကြပြန်လေသည်။

ထို့နောက် တရားဝင် စာမသင်မီ ကျိုပုဖန်တို့က အချင်းချင်း ကြည့်လိုက်ကြပြီး ခြံဝင်းငယ်မှ အတူတူ ထွက်ခွာသွားကြလေသည်။

ပြန်ရောက်လာချိန်တွင် လူတိုင်းက သွေးလေအားဖြည့် ဆေးလုံး အမြောက်အမြား ယူဆောင်လာကြလေသည်။

အပြင်ဂိုဏ်း၏ ပထမနေရာက ဘယ်အချိန်အထိ ကျင့်ကြံမလဲ ဆိုတာကို သူတို့က ကြည့်ချင်နေကြလေသည်။

ယန်ရီချိုးက လူတိုင်းကို ကြည့်ကာ တစ်ခဏမျှ တိတ်ဆိတ်နေခဲ့လေသည်။

နောက်ဆုံးတွင် သူမက သင်ရိုးညွှန်းတမ်း ကို အနည်းငယ် ပြောင်းလဲရန် ဆုံးဖြတ်လိုက်လေသည်။

အားလုံးက ဒီနေရာမှာ ကျင့်ကြံချင်နေမှတော့ အားလုံး နေခဲ့ကြတာပေါ့။

လောလောဆယ် အပြင်မထွက်တော့ဘူး။

ကျန်းမန်က ဒီနေရာမှာ မအိပ်မနား ဘယ်လောက်ကြာကြာ ကျင့်ကြံနိုင်မလဲ ဆိုတာကို သူမလည်း အရမ်း သိချင်နေလေသည်၊ ထို့အပြင် တစ်ဖက်လူက ရွှေအမြုတေ ဖွဲ့စည်းတော့မှာ မဟုတ်ဘူးလား။

အကယ်၍ တစ်ဖက်လူ ရွှေအမြုတေ ဖွဲ့စည်းသည်ကို ကိုယ်တိုင် မြင်တွေ့ခွင့် ရပါက ခြံဝင်းငယ် ရှိ လူတိုင်းအတွက် ကောင်းသော ကိစ္စ တစ်ခု ဖြစ်လာနိုင်လေသည်။

ကျန်းမန်က ထိုင်၍ စာမသင်ဘဲ အခြား နေရာတစ်ခုတွင် သေချာစွာ ထိုင်ကာ စိတ်ကို တည်ငြိမ်အောင် ပြုလုပ်နေလေသည်။

ထို့နောက် အဆင့်တက်လှမ်းမည့် ကျင့်စဉ်ကို စတင် လည်ပတ်လေတော့သည်။

ကျင့်စဉ် လည်ပတ်ရန်အတွက် ခန္ဓာကိုယ် အစိတ်အပိုင်းများ ပူးပေါင်းပါဝင်ရန် လိုအပ်လေသည်။

ဝိညာဉ်စွမ်းအင်များ လည်ပတ်ရန် အဆင်ပြေစေရန် ဖြစ်လေသည်။

တစ်ချိန်လုံး ထိုင်နေရုံ သက်သက် မဟုတ်ပေ။

ထိုသို့ ပြုလုပ်ခြင်းက ဝိညာဉ်စွမ်းအင် လည်ပတ်မှုကို အချောမွေ့ဆုံး အခြေအနေသို့ ရောက်ရှိစေမည် မဟုတ်ပေ။

ထို့နောက် ကျန်းမန်က အရာအားလုံးကို မေ့ပျောက်သွားသည့် အခြေအနေသို့ ရောက်ရှိသွားလေသည်။

အစွမ်းကုန် ကျင့်ကြံလေတော့သည်။

အဆင့်တက်လှမ်းမည့် ကျင့်စဉ်က အရင်က အခြား ကျင့်စဉ်များနှင့် အနည်းငယ် ကွာခြားလေသည်။

၎င်းတွင်လည်း ကျွမ်းကျင်မှု အဆင့် ရှိသော်လည်း ပိုကျွမ်းကျင်လေ ရွှေအမြုတေ ပိုဖွဲ့စည်းနိုင်လေ ဟူ၍ မဟုတ်ချေ။

ရွှေအမြုတေ ဖွဲ့စည်းရန် အတွက် ခန္ဓာကိုယ်၏ တုံ့ပြန်မှုက အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိရန် လိုအပ်ပြီး နောက်ဆုံးတွင် စွမ်းအား မုန်တိုင်း တစ်ခုကို ဖန်တီးရမည် ဖြစ်လေသည်။

ရွှေအမြုတေ တစ်လုံး ဖွဲ့စည်းရန် ဖြစ်လေသည်။

ရွှေအမြုတေ ဆိုသည်မှာ ကျင့်ကြံမှု အဆင့်၊ ခန္ဓာကိုယ် စွမ်းအား၊ စိတ်အာရုံ ကြံ့ခိုင်မှု တို့ကို စုစည်း ဖန်တီးထားသော အစွမ်းထက်ဆုံး စွမ်းအား ပုံစံ ဖြစ်သည်။

ကိုယ်ပိုင် ခန္ဓာကိုယ်က အခြေခံတည်ဆောက်ခြင်း ခန္ဓာကိုယ် ပင် ဖြစ်သော်လည်း ရွှေအမြုတေ ၏ အာဟာရ ဖြည့်တင်းမှုကြောင့် အသစ်စက်စက် အထွတ်အထိပ် သို့ ရောက်ရှိသွားမည် ဖြစ်သည်။

ကျန်းမန် အများကြီး မစဉ်းစားတော့ဘဲ တစ်ကြိမ်ပြီး တစ်ကြိမ် ကျင့်ကြံနေလေတော့သည်။

ယခုအချိန်တွင် ခြံဝင်းငယ် အတွင်းရှိ လူတိုင်းက အရှေ့ရှိ ဆရာမယန်၏ စာသင်ကြားမှုကို ကြည့်နေသော်လည်း ကျန်းမန်ကိုလည်း မကြာခဏ လှမ်းကြည့်နေကြလေသည်။

အားလုံးက တိုးတက်နေကြတယ် ဆိုပေမယ့်လည်း ကျန်းမန်က တစ်ချိန်လုံး ကျင့်ကြံနေတာက သူတို့ကို တစ်ကိုယ်လုံး နေမထိထိုင်မသာ ဖြစ်စေလေသည်။

ယန်ရီချိုးက ကျန်းမန်ကို လှည့်ကြည့်လိုက်သည်၊ ကျင့်ကြံသူတွေ တောင် မပြောနဲ့ သူမတောင် နည်းနည်း မခံနိုင်တော့ဘူး။

အဘယ်ကြောင့်ဆိုသော် ကျန်းမန်က တကယ်ကို နည်းနည်းလေးမျှ စိတ်မပျံ့လွင့်ဘဲ အစွမ်းကုန် ကျင့်ကြံနေသောကြောင့် ဖြစ်လေသည်။

မနားတမ်း တိုးတက်နေလေသည်။

ယခု သူမ သင်ကြားနေသည်မှာလည်း အထူး အရေးကြီးသော အကြောင်းအရာများ မဟုတ်ပေ။

ထိုလူများ သေချာစွာ စာသင်ချင်လျှင်ပင် အနည်းငယ် ခက်ခဲလောက်မည် ဖြစ်လေသည်။

ထို့ကြောင့် ယန်ရီချိုးက သက်ပြင်းရှည်ကြီး ချလိုက်ကာ အခြားသူများကို ကြည့်လျက် ပြောလိုက်သည်။

"စာသင်တာကို ဆရာမ ခဏ ရပ်ထားပေးမယ်"

"ဒါပေမယ့် နောက်ပိုင်းမှာ မလိုက်နိုင်ဘူး ဆိုရင်တော့ အကျိုးဆက်တွေကို မင်းတို့ သိတဲ့အတိုင်းပဲ"

ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်လုံးများက တောက်ပလာကြလေသည်။

ယန်ရီချိုး၏ အကြည့်များက လူတိုင်းအပေါ် ဖြတ်သန်းသွားပြီးနောက် အားလုံးက တူညီသော အတွေး တစ်ခုတည်း ရှိနေကြောင်း သေချာသွားသောအခါ ပြောလိုက်သည်။

"မင်းတို့ ဘာတွေ ကျင့်ကြံစရာ ရှိလဲ ဆိုတာကိုတော့ ဆရာမ မသိပေမယ့် ကျင့်ကြံကြပေါ့"

"ကျန်းမန် ဘယ်အချိန်ထိ ကျင့်ကြံမလဲ ဆိုတာကို ကြည့်ပြီး မင်းတို့လည်း အဲဒီအချိန်ထိ ကျင့်ကြံကြပေါ့"

"သူ ဘယ်အချိန် ရပ်မလဲ ဆိုတာကို ကြည့်ပြီး မင်းတို့လည်း အဲဒီအချိန် ရပ်ကြပေါ့"

ထိုစကားကို ကြားသောအခါ မည်သူမျှ မတွေဝေတော့ဘဲ ချက်ချင်း ထကာ စတင် ကျင့်ကြံကြလေတော့သည်။

ကျန်းမန် ညဘက် သတိပြန်ဝင်လာသောအခါ လူတိုင်း ရှိနေသေးသည်ကို တွေ့ရှိလိုက်ရလေသည်။

အခြားသူများလည်း သူ့ကို ကြည့်ရန် အချိန်မရှိဘဲ အားလုံး ကျင့်ကြံနေကြလေသည်။

သို့သော် အလယ်ဗဟို နေရာကတော့ လွတ်နေလေသည်။

ကျန်းမန်က ရှေ့သို့ လျှောက်သွားကာ သွေးလေအားဖြည့် ဆေးလုံး တစ်လုံးကို စားလိုက်ပြီး စတင် ကျင့်ကြံလေတော့သည်။

သူက အလယ်ဗဟို အကျဆုံး နေရာတွင် ရပ်နေပြီး လူတိုင်းက သူ့ကို ဝိုင်းရံကာ စတင် ကျင့်ကြံကြလေသည်။

နေ့ရော ညပါ မနားတမ်း……….တစ်ခါမှ မရပ်နားခဲ့ချေ။

ကြယ်ရောင်များက ခရီးသွားများကို ဘယ်တော့မှ စိတ်ပျက်စေမည် မဟုတ်ကြောင်း ကျန်းမန် ယုံကြည်ဆဲ ဖြစ်လေသည်။

ညမအိပ်ခြင်း ဆိုသည်မှာ သူ့အတွက် စွမ်းဆောင်နိုင်သည့် အတိုင်းအတာ အတွင်း ကြိုးစားအားထုတ်ခြင်း သက်သက်သာ ဖြစ်လေသည်။

သူ့ကို အိပ်ခိုင်းခြင်းက သူ့ကို ကြိုးစားအားထုတ်မှု စွန့်လွှတ်ရန် ပြောခြင်းနှင့် အတူတူပင် ဖြစ်လေသည်။

ပါရမီ ဘယ်လောက်ပဲ ကောင်းကောင်း မကြိုးစားရင် သိပ်အဝေးကြီး သွားနိုင်မှာ မဟုတ်ပါဘူး။

လွယ်လွယ်ကူကူ လျှောက်လှမ်းနိုင်တဲ့ နေရာက တခြားသူတွေရဲ့ တစ်သက်တာ အဆုံးသတ် နေရာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဘာဖြစ်လဲ။

မိမိ ရောက်ရှိနေတဲ့ အဆုံးသတ် နေရာက တခြားသူတွေ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းနိုင်တဲ့ အစပျိုး နေရာ ဖြစ်ကောင်း ဖြစ်နေနိုင်တာပဲလေ။

ဒါကြောင့် သူ အပျင်းထူမှာ မဟုတ်ပါဘူး၊ သူ ကြိုးစားရပါမယ်။

လူတိုင်း မသွားနိုင်တဲ့ အဆုံးသတ် နေရာကို သွားရပါမယ်။

ပြိုင်ဘက်ကင်း ပါရမီရှင် ဆိုရင် ပြိုင်ဘက်ကင်း ပါရမီရှင် ရဲ့ ကြိုးစားအားထုတ်မှု မျိုး ရှိရပါမယ်။

ပါရမီကို နှမြောစရာ မဖြစ်စေရပါဘူး။

သုံးရက် အကြာတွင် တစ်ယောက်ယောက်က မူမမှန်တာကို သတိထားမိသွားပါတယ်။

ယွန်းရှာတောင်ထွတ် ဆဋ္ဌမမြောက် ခြံဝင်းငယ်ကနေ ဒီရက်ပိုင်း အတွင်း ဘယ်သူမှ အဝင်အထွက် မရှိဘူး။

ဒါပေမယ့် နည်းနည်းလေး သိချင်ရုံ သက်သက်ပါ၊ သေချာ မစုံစမ်းကြည့်ခဲ့ပါဘူး။

ငါးရက် အကြာတွင် ကိစ္စတွေက မရိုးရှင်းတော့ဘူး ဆိုတာကို သူတို့ စတင် ခံစားလာရပါတယ်။

နောက်ဆုံးတော့ တချို့လူတွေက တိတ်တဆိတ် ဝင်ကြည့်လိုက်ကျသည်။

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ကြောင်အမ်းသွားကြလေသည်။

ဆဋ္ဌမမြောက် ခြံဝင်းငယ် က လူတွေ အားလုံး ကျင့်ကြံနေကြတာပဲ။

နေ့ရော ညပါ မနားတမ်း…..

ဖန်ယုံ ဒီသတင်းကို ကြားလိုက်ရတဲ့ အချိန်မှာ ပထမဆုံး သတိရလိုက်တာက ကျန်းမန်ကိုပါပဲ။

"သူ ရွှေအမြုတေ ဖွဲ့စည်းတော့မလို့လား"

ဒါက သူ တွေးမိနိုင်တဲ့ အကြီးမားဆုံးသော ဖြစ်နိုင်ခြေပါပဲ။

ရွှေအမြုတေ ဖွဲ့စည်းရင် ဘယ်လို လှုပ်ရှားမှုတွေ ရှိလာမလဲ ဆိုတာကို သူ မသိပါဘူး။

ဒါပေမယ့် ခြံဝင်းငယ် တစ်ခုလုံး အတူတူ ကျင့်ကြံနေကြတယ် ဆိုတာက အကျိုးအမြတ် တစ်ခုခု ရှိနေလို့ ဖြစ်ရမယ်။

သူ ခွင့်ယူလိုက်သည်။

ထို့နောက် ဆဋ္ဌမမြောက် ခြံဝင်းငယ် ထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားကာ လိုက်ပါ ကျင့်ကြံလေတော့သည်။

နေ့ရော ညပါ မနားတမ်း……..

အကျိုးအမြတ် ဆိုရင် သူ ဘယ်တော့မှ လက်လွှတ်ခံမှာ မဟုတ်ပါဘူး၊ ရသလောက် ယူမှာပါပဲ။

အကယ်၍ မိသွားရင်တောင် ကိစ္စမရှိပါဘူး၊ ဒူးထောက်တောင်းပန် လိုက်မှာပေါ့။

ဒီအခွင့်အရေးလေး ရဖို့ပဲ မျှော်လင့်ပါတယ်။

ဆက်ပြီး နေခွင့်ရနိုင်လောက်မယ်လို့ ထင်ပါတယ်။

ယန်ရီချိုးက တကယ်ပဲ သတိထားမိသွားပါတယ်၊ ပြီးတော့ နှင်ထုတ်ဖို့လည်း ဆုံးဖြတ်လိုက်သည်။

ဒါပေမယ့် ဖန်ယုံက တကယ်ပဲ သူမကို ဒူးထောက်လိုက်ပါတယ်၊ ပြီးတော့ ကျန်းမန် ရဲ့ နာမည်ကိုပါ ထုတ်သုံးပြီး သနားအောင် လုပ်ပါသေးတယ်။

ယန်ရီချိုး အံ့အားသင့်သွားပါတယ်၊ ဒီလောက်တောင် အရှက်မရှိဘူးလား။

သူလည်း ပါရမီရှင် တစ်ယောက်ပါပဲ၊ အရင်က အဋ္ဌမမြောက် ခြံဝင်းငယ် ရဲ့ ထိပ်ဆုံး သုံးယောက်စာရင်း ဝင်တယ်လို့တောင် ကြားဖူးသည်။

လျှို့ဝှက်သိုင်း သင်ယူခွင့် ရှိတဲ့သူလေ။

ဒီလိုလူမျိုး ဖြစ်နေရသလား။

ရိုက်ခတ်မှုက အရမ်း ကြီးမားလွန်းပါတယ်။

နောက်ဆုံးတော့ သူမ မမြင်ချင်ယောင် ဆောင်လိုက်သည်။

ဆယ်ရက် အကြာတွင် ပိုများပြားလာတဲ့ လူတွေက ဆဋ္ဌမမြောက် ခြံဝင်းငယ် ရဲ့ ကိစ္စကို သိလာကြသည်။

ပိုင်ဖန်က ဘေးနားက သူငယ်ချင်း နှစ်ယောက်ကို ကြည့်ပြီး မေးလိုက်လေသည်။

"သူတို့ ဘာလို့ အဲဒီလို ကျင့်ကြံနေကြတာလဲလို့ မင်းတို့ ထင်လဲ"

"ကျန်းမန်က အဆင့်တက်လှမ်းမယ့် ကျင့်စဉ် ကို ရသွားပြီလေ၊ ဒီကိစ္စနဲ့ ပတ်သက်နေမလား"

ကျန်းယင်းချိုင်က ပြန်မေးလိုက်သည်။

ခဏရပ်ပြီးနောက် ပိုင်ဖန်က တွမ့်ဝူ ကို ကြည့်ကာ မေးလိုက်သည်။

"ငါက ကျန်းမန် နဲ့ ယှဉ်ရင် အနိုင်ရနိုင်ခြေ ရှိသေးလား"

"တကယ်တော့ ရှိသေးတယ်၊ သူက အခြေခံတည်ဆောက်ခြင်း ပြီးပြည့်စုံတဲ့အဆင့် လေ၊ အဆင့်တက်လှမ်းမယ့် ကျင့်စဉ် ကို ရသွားရင် နောက်က လိုက်လာတဲ့ သူတွေကို မသိမသာ အထင်သေးသွားတတ်တယ်၊ အထူးသဖြင့် ကျန်းမန် လိုမျိုး မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ သူမျိုးဆိုရင် ချောက်ချောက်ထဲ ကျသွားဖို့ ပိုလွယ်တယ်"

တွမ့်ဝူ က လေးနက်စွာ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ဒါကြောင့် မင်းက မမျှော်လင့်ထားတဲ့ အချိန်မှာ အစွမ်းကုန် တိုက်ခိုက်လိုက်ရင် တစ်ချက်တည်းနဲ့ နိုင်နိုင်တဲ့ ဖြစ်နိုင်ခြေ ရှိတယ်"

ပိုင်ဖန် က တစ်ဖက်လူကို ကြည့်ကာ ခံစားချက်ဖြင့် ထပ်ပြောသည်။

"တစ်ခါတလေကျရင် မင်းမှာ ပြဿနာ ရှိနေတာလား ဒါမှမဟုတ် ငါ့မှာ ပြဿနာ ရှိနေတာလား ဆိုတာကို ငါ မခွဲခြားတတ်တော့ဘူး"

"ဆဋ္ဌမမြောက် ခြံဝင်းငယ် အကြောင်းပဲ ဆက်ပြောကြရအောင်"

ကျန်းယင်းချိုင် က သူတို့ရဲ့ စကားဝိုင်းကို ပြန်လည် ဆွဲခေါ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"သူတို့ ဒီလို ညမအိပ်ဘဲ ကျင့်ကြံနေတာ တကယ်ပဲ နည်းနည်းလေးမှ စိတ်မပူကြဘူးလား"

"ဂိုဏ်းကတောင် သိပ်ပြီး မတားဆီးဘူး ဆိုတော့ ညမအိပ်တာက မှန်ကန်နေလို့ ဖြစ်မယ်"

ပိုင်ဖန်တွေးရင် ပြောသည်။

ခဏရပ်ပြီးနောက် ကျန်းယင်းချိုင် က မေးလိုက်သည်။

"မင်းတို့ ညမအိပ်ဘဲ ကျင့်ကြံရဲလား"

ပိုင်ဖန် တို့ တိတ်ဆိတ်သွားကြသည်။

ခဏရပ်ပြီးနောက် တွမ့်ဝူ က ပြောသည်။

။ "ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်က လူတွေ မလုပ်ရဲဘူး ဆိုတာက သတ္တမ၊ အဋ္ဌမ၊ နဝမ ခြံဝင်းငယ်က လူတွေ မလုပ်ရဲဘူးလို့ ဆိုလိုတာ မဟုတ်ဘူး"

"ငါတို့က မကြာခင် အဆင့်တက်လှမ်းမယ့် ကျင့်စဉ် ကို လုယူရတော့မယ့် သူတွေလေ"

"ပြီးတော့ ငါတို့ အားလုံးက မျှော်လင့်ချက် ရှိတဲ့ သူတွေချည်းပဲ"

"စွန့်စားစရာ မလိုပါဘူး"

"ဒါပေမယ့် အခွင့်အရေး မရှိတဲ့ သူတွေ ပိုများတယ်၊ သူတို့က ကြောက်မှာ မဟုတ်ဘူး၊ တောင် လောင်းကြေးထပ် ကြည့်ဦးမယ်"

"သတ္တမ၊ အဋ္ဌမ၊ နဝမ ခြံဝင်းငယ် တွေမှာ အခွင့်အရေး အများဆုံးပဲ"

"ညမအိပ်ဘဲ ကျင့်ကြံတာက တခြားသူတွေထက် သာလွန်သွားပြီး ထိပ်ဆုံး ရောက်သွားရင်"

"အဲဒါဆိုရင် ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ် မှာ သူတို့ အဆင့်တက်လှမ်းမယ့် လျှို့ဝှက်နယ်မြေ ဝင်ခွင့် အရည်အချင်းကို ရနိုင်လိမ့်မယ်"

"အောင်မြင်မယ် လို့ မသေချာပေမယ့်"

"မတော်တဆ ဖြစ်ခဲ့ရင်ရော"

ပိုင်ဖန် တို့ အနည်းငယ် တိတ်ဆိတ်သွားကြသည်။

မကြာခင် အပြင်ဂိုဏ်း မှာ ကြီးမားတဲ့ အပြောင်းအလဲကြီး တစ်ခု ဖြစ်လာတော့မယ်လို့ ခံစားလိုက်ရသည်။

မူလက အခွင့်အရေး မရှိတဲ့ သူတွေက ညမအိပ်တာနဲ့ အခွင့်အရေး ရှိလာနိုင်တယ်ဆိုရင်။

အဲဒါဆိုရင်...

လူအများကြီးက အလုအယက် လုပ်ကြမှာပဲ။

ဒါပေမယ့် အခြေခံတည်ဆောက်ခြင်း ခြံဝင်းငယ် မှာ နောက်ဘက် ခြံဝင်း တွေလည်း ရှိသေးတယ်လေ။

အရှေ့ဘက် ခြံဝင်း တွေမှာ ရွှေအမြုတေ ဖွဲ့စည်းခွင့် မရရင် နောက်ဘက် ခြံဝင်း တွေမှာလည်း လျှို့ဝှက်နယ်မြေ ဝင်ခွင့် လုယူပြီး ရွှေအမြုတေ ဖွဲ့စည်းခွင့် ရနိုင်ပါသေးသည်။

ဒါပေမယ့် နေရာ အရေအတွက်က ကန့်သတ်ချက် ရှိနေတုန်းပါပဲ။

အရှေ့ဘက် ခြံဝင်း တွေထက်တောင် နည်းပါသေးသည်။

ဒါပေမယ့် ဒီလို ဖြစ်နေတာတောင်မှ လူတွေကို လောင်းကြေး မထပ်ဘဲ နေအောင် မတားဆီးနိုင်ပါဘူး။

"မကောင်းဘူး၊ ပတ်ဝန်းကျင် အခြေအနေတွေ ဆိုးရွားလာတော့မယ်"

ပိုင်ဖန် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

တကယ်ပဲ ဆယ့်ငါးရက် အကြာတွင် သတ္တမ၊ အဋ္ဌမ ခြံဝင်းငယ် မှာ လူတချို့ ညမအိပ်ဘဲ စတင် ကျင့်ကြံလာကြသည်။

ရက်နှစ်ဆယ် အကြာတွင် ပိုများပြားသော လူများ ပါဝင်လာကြသည်။

အပြင်ဂိုဏ်း၏ ပထမနေရာပင် ညမအိပ်ဘဲ ကျင့်ကြံနေရာ သူတို့ အနေဖြင့် ဒီတိုင်း ကြည့်နေ၍ ရမည်လား။

ညမအိပ်ခြင်းက စိတ်အာရုံကို ထိခိုက်စေသည်ဟု ဆိုသော်လည်း ဆဋ္ဌမမြောက် ခြံဝင်းငယ် မှ လူများ အားလုံး အရူးများ ဖြစ်နေသလားဟု လူတချို့က မေးခွန်းထုတ်ကြလေသည်။

အချို့ကလည်း အပြင်ဂိုဏ်း၏ ပထမနေရာ က ညမအိပ်ဘဲ ကျင့်ကြံရဲသည်မှာ သူက ပထမနေရာ ဖြစ်သောကြောင့်ဟု ဆိုကြလေသည်။

ပထမနေရာ မဟုတ်ဘဲ ညမအိပ်ရဲပါက ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင် ဖြစ်သည်ဟု ဆိုကြလေသည်။

အမြင် အမျိုးမျိုး ရှိကြလေသည်။

သို့သော် ယခင်က လူအဖမ်းခံရခြင်းက သူတို့၏ စိတ်ထဲတွင် နက်ရှိုင်းသော အထင်အမြင်ကို ချန်ထားခဲ့လေသည်။

ထို့ကြောင့် ညမအိပ်သူများမှာ မလျော့သွားဘဲ ပိုများလာခဲ့လေသည်။

တစ်လ အကြာတွင် ညမအိပ်သူ အရေအတွက် ထပ်မံ တိုးမလာတော့ချေ。

ယေဘုယျအားဖြင့် သက်ရောက်မှု သိပ်မကြီးမားပါဘူး ဘာလို့လဲဆိုတော့ အားလုံးက စောင့်ကြည့်နေကြလို့ပါပဲ။

အပြင်ဂိုဏ်းရဲ့ ပထမနေရာ က ရွှေအမြုတေ ဖွဲ့စည်းနိုင်မလား ဆိုတာကို ကြည့်ချင်ကြလို့ပါ။

ဘာပဲဖြစ်ဖြစ် ဒီအချိန်လေးတော့ စောင့်နိုင်ပါတယ်။

——

ထောင်ယွမ်တောင်ထွတ်

ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေသော ခြံဝင်း တစ်ခုအတွင်း အမျိုးသမီး တစ်ဦးက တံခါးကို ဖြည်းညှင်းစွာ ခေါက်လိုက်လေသည်။

"ဝင်ခဲ့ပါ"

အတွင်းမှ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။

အမျိုးသား တစ်ဦး ဖြစ်လေသည်။

အသက် နှစ်ဆယ်ခန့်သာ ရှိမည်ဟု ခန့်မှန်းရလေသည်။

ကျွီ

တံခါး ပွင့်သွားပြီး အမျိုးသမီး ဝင်ရောက်သွားလေသည်။

အတွင်းတွင် လူငယ် တစ်ဦး မြေကြီးပေါ်တွင် ထိုင်ကာ ရှစ်မြှောင့် ဝင်္ကပါ လမ်းကြောင်းကို စဉ်းစားနေသည်ကို တွေ့လိုက်ရလေသည်။

တစ်ခုခုကို တွက်ချက်နေပုံ ရလေသည်။

"ညီမလေးဝမ် ငါ့ကို လာရှာတာလား"

ဝေ့ရန် က လာသူကို အနည်းငယ် မော့ကြည့်လိုက်လေသည်။

တစ်ဖက်လူမှာ ယခင်က ပထမ ပါရမီရှင် ဟု သတ်မှတ်ခံခဲ့ရသော ဝေ့ရန် ပင် ဖြစ်လေသည်။

ဆဋ္ဌမမြောက် ခြံဝင်းငယ်တွင် အသက်အငယ်ဆုံး ပါရမီရှင် ဖြစ်သော ကျန်းမန်ထက် နှစ်နှစ်ခန့် ပိုငယ်လေသည်။

သူ့ကို ကြည့်ရသည်မှာလည်း သိပ်မကြီးလှချေ။

"မကြာသေးခင်က ဖန်ယုံ ဘယ်ရောက်နေလဲ မသိဘူး၊ ဆက်သွယ်လို့ မရဘူး၊ ဒါပေမယ့် သူ့ရဲ့ အကျင့်စရိုက် အရဆိုရင် ဘာမှတော့ မဖြစ်လောက်ပါဘူး"

ဝမ်ယန်း က အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။

"ဒါ့အပြင် အဲဒီ ကျန်းမန် က အဆင့်တက်လှမ်းမယ့် ကျင့်စဉ် ကို ရသွားပြီ၊ အနောက်ကျဆုံး နောက်နှစ်မှာ ရွှေအမြုတေ ဖွဲ့စည်းလိမ့်မယ်၊ ဒါပေမယ့် သူ ဘယ်လမ်းစဉ် ကို ရလဲ ဆိုတာကိုတော့ မသေချာဘူး"

"တတိယ လမ်းစဉ် ဖြစ်လောက်တယ်"

ဝေ့ရန် က ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝမ်ယန်း က ခံစားချက်ဖြင့် ပြောလိုက်သည်။

"အမြင်မှားသွားတယ်၊ သူလည်း သာမန် ပါရမီရှင် တစ်ယောက်ပဲလို့ ထင်ထားတာ၊ ဒီလောက်တောင် ကောင်းကင်ကို အန်တုနိုင်တဲ့ ပါရမီ ရှိနေမယ်လို့ မထင်ထားခဲ့ဘူး"

ဝေ့ရန် က ပြုံးလျက် ပြောလိုက်သည်။

"ဖန်ယုံ လည်း မဆိုးပါဘူး၊ ဒီလို ကိစ္စတွေကို ဂရုစိုက်နေစရာ မလိုဘူး"

"ဒါ့အပြင် အဲဒီ ချန်ယွီ ကို ကျွန်မ စုံစမ်းကြည့်ပြီးပြီ၊ သူမက ကျွန်မတို့ရဲ့ ဆေးလုံး တွေကို ခိုးစားလိမ့်မယ်၊ အနည်းဆုံး ကုန်ကျစရိတ် နဲ့ သူမကိုယ်တိုင် ခြေဖျက်လိမ့်မယ်၊ အများစုကတော့ အညံ့စား ဆေးလုံး တွေကို သုံးပေမယ့် တစ်ခါတလေ အကောင်းစား ဆေးလုံး တွေကိုလည်း သုံးတတ်တယ်"

ဝမ်ယန်း က တိုးတိုးလေး ပြောလိုက်သည်။

"သူမက ကျင့်ကြံမှုကို အမြန်ဆုံး မြှင့်တင်ချင်နေတယ်၊ အဲဒါက သူမ အမေ ချန်ထားခဲ့တဲ့ ဒဏ်ရာ တချို့ကို ဖျက်ပစ်ချင်လို့ပဲ"

"ဒါက သူမ အမေရဲ့ နည်းလမ်း တချို့ပဲ"

"သူမ ဒီလို တွေးတာက ဘာမှ မဖြစ်ပေမယ့် ကျွန်မတို့ရဲ့ အကျိုးအမြတ်ကို ထိခိုက်ခံပြီး လုပ်လို့တော့ မရဘူး"

ထိုစကားကို ကြားသောအခါ ဝေ့ရန်၏ မျက်လုံးများ အနည်းငယ် အေးစက်သွားကာ အပြစ်အနာအဆာ အနည်းငယ် ရှိသော ဆေးလုံး တစ်လုံးကို လေထဲမှ ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။

"ဒီဆေးလုံးကို သုံးလိုက် ဒီနောက်ပိုင်းဆိုရင် သူမ ငါတို့ရဲ့ အကျိုးအမြတ်ကို ထိခိုက်အောင် လုပ်လို့ မရတော့ဘူး"

ဝမ်ယန်းက ဆေးလုံးကို ယူကာ ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်လေသည်။

ထို့နောက် မေးလိုက်သည်။

"ကျန်းမန် ကို စုံစမ်းရဦးမလား"

"လောလောဆယ် စောင့်ကြည့်ရုံပဲ ထားလိုက်ပါ"

ဝေ့ရန် က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဝမ်ယန်း ခေါင်းငြိမ့်ပြကာ ထွက်သွားလေသည်။

——

နောက်နေ့

ချန်ယွီက ဖန်ယုံ၏ နေအိမ်သို့ ရောက်လာပြီး သတင်းအချို့ကို တင်ပြရန် ရည်ရွယ်ခဲ့လေသည်။

သို့သော် တစ်ဖက်လူ မရှိချေ။

သူမ အတော်လေး သိချင်သွားလေသည်။

ဖန်ယုံ ပျောက်ဆုံးနေသည်မှာ တစ်လခန့် ရှိနေပြီ ဖြစ်လေသည်။

သူမလည်း မည်သည့် သတင်းမျှ မရရှိခဲ့ချေ。

တကယ်တော့ အနည်းငယ် စိုးရိမ်နေမိသည် အဘယ်ကြောင့်ဆိုသော် ဖန်ယုံ က ဂိုဏ်းအတွင်း၌ သူမ၏ အဓိက အားထားရာ ဖြစ်သောကြောင့် ဖြစ်လေသည်။

အကယ်၍ ပျောက်ဆုံးသွားပါက သူမအပေါ် ကြီးမားသော သက်ရောက်မှု ရှိမည် ဖြစ်လေသည်။

သို့သော် သူမက အတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင် ထားလိုက်လေသည်။

ထွက်ခွာတော့မည့် အချိန်တွင် အမျိုးသမီး တစ်ဦး လျှောက်လာလေသည်။

အမျိုးသမီး က ဖန်ယုံ ၏ နေအိမ်ကို ကြည့်ကာ မေးလိုက်သည်။

"ဖန်ယုံ ပြန်မလာသေးဘူးလား"

တစ်ဖက်လူ မည်သူမည်ဝါ ဖြစ်ကြောင်း မြင်သောအခါ ချန်ယွီက ချက်ချင်း ခေါင်းငုံ့ကာ ပြောလိုက်သည်။

"စီနီယာ ကို ဂါရဝပြုပါတယ်၊ သခင်လေးဖန် ဘယ်သွားလဲ ဆိုတာကို မသိရပါဘူး၊ ဒါပေမယ့် ဒီတစ်ခေါက် ညမအိပ်တဲ့ ဂယက် နဲ့ ပတ်သက်နေလောက်တယ်"

လာသူမှာ ဝမ်ယန်း ပင် ဖြစ်လေသည်။

ချန်ယွီ အတွက်တော့ သူမက ဖန်ယုံ နောက်ကွယ်မှ လူ၏ ကိုယ်စားလှယ် ပင် ဖြစ်လေသည်။

ထို့အပြင် တစ်ဖက်လူမှာ အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ ဖြစ်ရာ သူမ အနေဖြင့် ရိုင်းစိုင်းစွာ ဆက်ဆံ၍ မရချေ。

ဝမ်ယန်း က ချန်ယွီ ကို ကြည့်ကာ ပြောလိုက်သည်။

"မင်းမှာ အတွေးလေးတွေ ရှိတယ်၊ ရည်မှန်းချက်လေးတွေ ရှိတယ် ဆိုတာကို ငါ သိတယ်"

"မဝံ့ရဲပါဘူး"

ချန်ယွီ ကြောက်လန့်သွားလေသည်။

"စိုးရိမ်မနေပါနဲ့၊ ငါက မင်းကို စားမပစ်ပါဘူး"

ဝမ်ယန်း က ချန်ယွီ ကို တည်ငြိမ်စွာ ကြည့်လျက် ပြောလိုက်သည် ။

"ဒါပေမယ့် မင်းကို သတိပေးချင်တယ်၊ အလုပ်လုပ်ရင် အတိုင်းအတာ သိဖို့ လိုတယ်"

"ကျွန်မ နားလည်ပါတယ်"

ချန်ယွီ က ချက်ချင်း ပြောလိုက်သည်။

ထို့နောက် ဝမ်ယန်း က ဤတစ်ကြိမ် ရောင်းချရမည့် ဆေးလုံးများကို ချန်ယွီ ထံသို့ ပေးအပ်ကာ ထွက်ခွာသွားလေသည်။

ဆိုင်သို့ ပြန်ရောက်သောအခါ ချန်ယွီ က ဆေးလုံးများကို ထုတ်ကာ စတင် ခွဲခြားလေသည်။

အကောင်းစား ဆေးလုံး အချို့ ပါဝင်သလို အပြစ်အနာအဆာ ရှိသော အညံ့စား ဆေးလုံး များလည်း ပါဝင်လေသည်။

သူမက ခွဲခြားပြီးနောက် လာဝယ်သူများကို ရည်ရွယ်၍ ရောင်းချရမည် ဖြစ်လေသည်။

သို့သော် အညံ့စား ဆေးလုံး များကို စစ်ဆေးနေစဉ် အညံ့စား ဆေးလုံး တစ်လုံးမှာ အကောင်းစား ဆေးလုံး နှင့် အလွန် တူညီနေကြောင်း သူမ တွေ့ရှိလိုက်ရလေသည်။

အနည်းငယ် တွေဝေပြီးနောက် သူမက ထိုဆေးလုံးကို သိမ်းဆည်းလိုက်လေသည်။

ထို့နောက် သူမ၏ ကိုယ်ပိုင် ဝိညာဉ်ကျောက်တုံး ဖြင့် ပြန်လည် အစားထိုးလိုက်လေသည်။

ဤတစ်ကြိမ်တွင် အနိမ့်ဆုံး ဈေးနှုန်းကို အသုံးမပြုရဲချေ။

သူမက ဆိုင်၏ အကျိုးအမြတ်ကို မထိခိုက်ရဲသဖြင့် အနိမ့်ဆုံး ရောင်းဈေးဖြင့် မိမိဘာသာ ဝယ်ယူခြင်းသာ ပြုလုပ်လေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် အနည်းငယ် ပေါ့ဆမိပါက မိမိကိုယ်ကို ဒုက္ခရောက်စေနိုင်သောကြောင့် ဖြစ်လေသည်။

ယခုအခါ သူမက အခြားသူကို မှီခိုနေရသဖြင့် အလွန် သတိထားနေရလေသည်။

ဖန်ယုံ က သူမကို ကာကွယ်ပေးမည်ဟု ခံစားရသော်လည်း သခင်လေးဖန် ကို ပြဿနာ အမြဲတမ်း ပေးနေ၍ မဖြစ်ချေ。

ထိုနေ့ည ရောင်းချမှု ပြီးဆုံးပြီးနောက် သူမက ဆိုင်နောက်ဘက်သို့ ရောက်လာခဲ့လေသည်။

သူမက ဆိုင်တွင် နေထိုင်ခြင်း ဖြစ်လေသည်။

ဤနေရာတွင် သူမအတွက် သီးသန့် အခန်း တစ်ခန်း ရှိလေသည်။

မကြီးမားသော်လည်း စားပွဲနှင့် ကုလားထိုင် အစုံအလင် ရှိလေသည်။

မိတ်ကပ်လိမ်းရန် စားပွဲ တစ်လုံးပင် ရှိသေးလေသည်။

တကယ်တော့ သူမ အလွန် ကံကောင်းနေပြီ ဖြစ်လေသည်။

အထဲသို့ ဝင်ရောက်ကာ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး ယနေ့ သိမ်းဆည်းထားသော ဆေးလုံးကို ထုတ်ယူလိုက်လေသည်။

ပထမဆုံး အနေဖြင့် အဝတ်အစား အောက်ရှိ အရေပြား တချို့ကို စစ်ဆေးကြည့်လိုက်ရာ ထိုနေရာတွင် ညိုမည်းနေသော အရာများ ရှိနေလေသည်။

သူမ အမေ ချန်ထားခဲ့သော အရာများ ဖြစ်လေသည်။

သူမကို အလွယ်တကူ ကိုယ်ကျင့်တရား မပျက်စီးစေရန် အတွက် ဖြစ်လေသည်။

တချို့အရာများက အလွန် အရေးကြီးလှသည်၊ ကောင်းမွန်သော ခိုလှုံရာ တစ်ခု ရရှိရန် အတွက် တချို့အရာများကို မဆုံးရှုံးစေရချေ။

အကယ်၍ တစ်နေ့နေ့တွင် သူမ လက်ထပ်ချင်ပါက သူမ အမေ၏ အသိအမှတ်ပြုမှုကို ရရှိရုံဖြင့် တစ်ဖက်လူက ဖြေရှင်းပေးမည် ဖြစ်လေသည်။

သူမက ဤသို့ မဖြစ်ချင်သည် မဟုတ်ပေ၊ ဤအရာများက သူမကို နာကျင်မှုများစွာ ပေးစွမ်းနေသောကြောင့်သာ ဖြစ်လေသည်။

သူမ ဖျက်ဆီးပစ်ရန် ကြိုးစားချင်လေသည်။

ဤကိစ္စက အလွန် ရှက်စရာ ကောင်းလွန်းသဖြင့် သူမက ဖန်ယုံ ကို အသိမပေးခဲ့ချေ。

ကျင့်ကြံမှုကို မြှင့်တင်နိုင်ပါက ဖျက်ဆီးနိုင်မည်ဟု ထင်မြင်မိလေသည်။

ထို့နောက် သူမ ဆေးလုံးကို စားလိုက်လေသည်။

စတင် ကျင့်ကြံလေတော့သည်။

ဆေးလုံးက ပါးစပ်ထဲ ဝင်သွားသည်နှင့် အရည်ပျော်သွားကာ ခန္ဓာကိုယ်ကို စတင် အားဖြည့်ပေးလေသည်။

သို့သော် ကျင့်စဉ် လည်ပတ်မှု တစ်ဝက်ခန့် အရောက်တွင် ရုတ်တရက် ဆေးလုံး၏ စွမ်းအားများက သားရဲ တစ်ကောင်ကဲ့သို့ ထိန်းချုပ်မရ ဖြစ်လာကာ သူမ ခန္ဓာကိုယ်ရှိ ညိုမည်းနေသော နေရာများကို ရူးသွပ်စွာ စတင် တိုက်ခိုက်လေတော့သည်။

ကြီးမားသော နာကျင်မှုကြောင့် သူမ သတိလစ်လုနီးပါး ဖြစ်သွားလေသည်။

ဆေးလုံးမှာ ပြဿနာ ရှိနေတာလား။

သူမ အများကြီး မစဉ်းစားနိုင်ခင်မှာပင် နာကျင်မှုများ ကြားထဲမှ ညိုမည်းနေသော အရာများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရလေသည်။

ဒါက ဘာလို့လဲ။

ကံဆိုးရာကနေ ကံကောင်းသွားတာလား။

သို့သော် ပြင်းထန်သော နာကျင်မှုက မရပ်တန့်သေးချေ။

နောက်ဆုံးတွင် သတိလစ်သွားလေတော့သည်။

——

အခြားတစ်ဖက်တွင်

ဝမ်ယန်းက ဝေ့ရန် ၏ နေအိမ်သို့ ရောက်ရှိလာလေသည်။

ယခုအချိန်တွင် ဝေ့ရန် က မြေကြီးပေါ်တွင် ထိုင်လျက် ရှစ်မြှောင့် ဝင်္ကပါ ပုံစံများကို ကြည့်နေဆဲ ဖြစ်လေသည်။

"အဲဒီ ချန်ယွီ က ဆေးလုံးကို စားလိုက်လောက်ပြီ၊ အခုဆိုရင် သတိလစ်နေလောက်ပြီ"

ဝမ်ယန်း က ပြောလိုက်သည်။

ဝေ့ရန် ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်သည်။

"သူမ သတိပြန်ရလာတဲ့ အချိန်ကျရင် မင်းပြောတဲ့ အဲဒီ နည်းလမ်းတွေလည်း ပျောက်ကွယ် သွားလောက်ပြီ၊ ဒီနောက်ပိုင်းဆိုရင် သူမ ငါတို့ရဲ့ အကျိုးအမြတ်ကို ထိခိုက်အောင် လုပ်စရာ မလိုတော့ဘူးပေါ့"

ဝမ်ယန်း ခေါင်းငြိမ့်ပြလိုက်သည်။

"အဆင်ပြေရင် အဲဒီလို ဖြစ်သွားမှာပါ၊ ဒါပေမယ့် ဖန်ယုံ ကိုတော့ သူမကို သတိပေးခိုင်းရဦးမယ်"

"မင်း ဖန်ယုံ ကို သွားရှာပြီး သူ့ကို ပြောပြလိုက်"

ဝေ့ရန်က ဂရုမစိုက်စွာဖြင့် ပြောလိုက်သည်။

All Chapters