← Chapters

အခန်း ၁၇၉

Vol. 11 Ch. 179

အခန်း ၁၇၉

Vol. 11 Ch. 179

အခန်း ၁၇၉ - သခင်မလေး ထိမ်းမြားလို့ ရပြီ

ဇန်နဝါရီလ သုံးရက်နေ့

ဆဋ္ဌမမြောက် ခြံဝင်းငယ်ရှိ ကျင့်ကြံသူ တပည့်များမှာ ထိုအခါမှ နိုးထလာကြတော့သည်။

အဘယ်ကြောင့်ဟု မသိသော်လည်း သူတို့သည် စိတ်အာရုံ စွမ်းအားများ ပြည့်ဝနေပြီး နေ့ရောညပါ မနားတမ်း ဆက်လက် ကျင့်ကြံလိုစိတ်များ ဖြစ်ပေါ်နေကြရပေ၏။

ရပ်တန့်လိုက်ပါက အချိန်ဖြုန်းနေသည်ဟု ခံစားရစေသည်။

ထို့ပြင် သန်မာလာသည့် ခံစားချက်မှာလည်း ယခင်ကထက် ပိုမို ထင်ရှားလှပေ၏။

အမှန်တကယ်ပင် ထိုင်ရမသာ ထရမသာ ဖြစ်စေပြီး ကျင့်ကြံခြင်း အခြေအနေသို့ မဝင်ရောက်ပါက အခြားသူများ၏ အနောက်သို့ ရောက်ရှိသွားမည်ဟု ခံစားနေကြရတော့သည်။

"ဒါက အပြင်ဂိုဏ်း နံပါတ်တစ်ရဲ့ အဆိပ်မိသွားတာပဲ"

အန်းရုံက ပြောလိုက်ပေသည်။

ချောင်ချန်က ခေါင်းငြိမ့်လျက် "ညဉ့်နက်အထိ မအိပ်ဘဲ ကျင့်ကြံတာကို ငါ သဘောတူပေမဲ့ စက္ကန့်မနား ကျင့်ကြံနေစရာမှ မလိုတာ" ဟု ထောက်ခံလိုက်သည်။

"ငါ မကျင့်ကြံတော့ဘူး"

လင်ချင်ရှန်က ဆိုလာခဲ့၏။

"ငါလည်း မကျင့်ကြံတော့ဘူး ပြန်ပြီ"

ကျိုပုဖန်က ဝင်ပြောလိုက်လေသည်။

"ဒါဆို ငါလည်း မကျင့်ကြံတော့ဘူး ပြန်နားတော့မယ်"

ကျောက်ယောင်ယောင်က သက်ပြင်းချလျက် ပြောလိုက်သည်။

တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတော့၏။

အကြောင်းမှာ သူတို့အားလုံး ကျန်းမန်ကို မမြင်တွေ့ရတော့သဖြင့် ကိုးဆယ်ရာခိုင်နှုန်းခန့် အောင်မြင်သွားပြီဟု သိရှိထားကြသောကြောင့် ဖြစ်ပေသည်။

အထူးသဖြင့် သူတို့သည် ယခုအချိန်တွင် ကြံ့ခိုင်မှု အလွန်ကောင်းမွန်နေကြ၏။

ပျောက်ဆုံးနေသော ကျန်းမန်နှင့် မသက်ဆိုင်ဟု ပြောပါက သူတို့ ယုံကြည်ကြမည် မဟုတ်ပေ။

ထို့ပြင် သူတို့၏ ကျင့်ကြံမှုမှာ အလွန် တိုးတက်သွားခဲ့ပေသည်။

ယခင်က ဤသို့ မဟုတ်ခဲ့ပေ။

ထို့ကြောင့် ကျန်းမန်၏ ရွှေအမြုတေ ဖြစ်တည်မှု ရလဒ်မှာ မပြောလည်း အသိပင် ဖြစ်သွားခဲ့ရ၏။

ဆဋ္ဌမမြောက် ခြံဝင်းငယ်မှ ထွက်ခွာသွားပါက သူ၏ သတင်းကောင်းကို ကြားရတော့မည်မှာ သေချာလှပေသည်။

သို့သော် အခြားသူ ရွှေအမြုတေ အဆင့်သို့ တက်လှမ်းသည်ကို ကိုယ်တိုင် ကိုယ်ကျ မမြင်တွေ့ခဲ့ရခြင်းမှာ နှမြောစရာ ကောင်းပေ၏။

သို့သော် ကံကောင်းသည်မှာ အခြားသူများလည်း မမြင်တွေ့ခဲ့ရသဖြင့် ဆုံးရှုံးမှုဟု မဆိုနိုင်တော့ပေ။

မကျင့်ကြံတော့ဘူးဆိုသည့် စကားကိုမူ မည်သူက ယုံကြည်မည်နည်း။

ဖန်ယုံ နိုးထလာသောအခါ စိတ်ထဲမှ အလွန် ထိခိုက်ခံစားလိုက်ရ၏ ဤတစ်ကြိမ် အခွင့်အရေး ရရှိခဲ့သဖြင့် ရှေ့ဆက်ရမည့် လမ်းကြောင်းမှာ တောက်ပလင်းလက်နေပြီဟု ခံစားလိုက်ရသည်။

ကျင့်ကြံမှုမှာ များစွာ တိုးတက်သွားခဲ့လေသည်။

နောက်ပိုင်း ပြိုင်ပွဲကြီးတွင် ယှဉ်ပြိုင်ရန်အတွက် အနိုင်ရနိုင်ခြေ ပိုမို များပြားလာခဲ့ပြီ ဖြစ်ပေသည်။

ထို့နောက် သူသည် ဆဋ္ဌမမြောက် ခြံဝင်းငယ်မှ ထွက်ခွာသွားခဲ့၏။

မကြာသေးမီက သင်ယူရရှိခဲ့သည်များကို ခိုင်မာအောင် ပြုလုပ်ရန် ဆက်လက် ကျင့်ကြံရပေဦးမည်။

သို့သော် အပြင်သို့ ထွက်လိုက်သည်နှင့် ဝမ်ယန်းကို တွေ့လိုက်ရ၏။

မိမိသည် ဤနေရာ၌ လပေါင်းများစွာ ပုန်းအောင်းနေခဲ့သဖြင့် အခြားသူ ရောက်ရှိလာခြင်းမှာ အထူးအဆန်း မဟုတ်တော့ပေ။

ချန်ယွီသည် ပြီးခဲ့သည့်အခေါက်က ပြင်းထန်သော နာကျင်မှုကို ကြုံတွေ့ခဲ့ရပြီးနောက် မိမိ၏ ခန္ဓာကိုယ် အခြေအနေမှာ မကြုံစဖူး ထိပ်တန်းသို့ ရောက်ရှိသွားသည်ကို တွေ့ရှိလိုက်ရ၏။

ကျင့်ကြံရေး မြန်နှုန်း တိုးတက်လာခြင်း မဟုတ်ဘဲ ခန္ဓာကိုယ်မှ စူးရှသော နာကျင်မှုများ ပေါ်ပေါက်လာမည်ကို နောက်ထပ် စိုးရိမ်စရာ မလိုတော့ခြင်း ဖြစ်ပေသည်။

သို့သော် ဤတစ်ကြိမ် ပြန်လည်သက်သာလာမှုမှာ အနည်းငယ် မသင်္ကာစရာ ကောင်းသဖြင့် သူမ စိုးရိမ်မိပြန်၏။

အခြားသော အန္တရာယ်တစ်ခု ဖြစ်နိုင်ပေသည်။

သို့သော် သူမသည် ထုတ်ဖော်ပြသခြင်း မပြုဘဲ အခြား မဆင်မခြင် ပြုမူခြင်းလည်း မလုပ်ရဲပေ။

အချိန်အနည်းငယ် ကြာမြင့်ပြီးနောက် ပြဿနာ မရှိပါမှသာ စိတ်အေးနိုင်တော့မည် ဖြစ်ပေသည်။

ထို့ပြင် ဖန်ယုံ ပျောက်ဆုံးနေသည်မှာ ကြာမြင့်လှပြီ ဖြစ်ပြီး သတင်းတစ်စုံတစ်ရာမျှ မရှိပေ။

အထူးသဖြင့် ကျန်းမန်သည် ရွှေအမြုတေ စုစည်းခြင်း အောင်မြင်သွားခဲ့ပြီ ဖြစ်ရာ ကျန်းမန်နှင့် အမှန်တကယ် သက်ဆိုင်ပါက ပေါ်ထွက်လာသင့်ပြီ ဖြစ်ပေသည်။

သို့သော် ထိုသို့ မဟုတ်ခဲ့ပေ။

ဒါက သူမအား ပိုမို စိုးရိမ်ပူပန်စေခဲ့၏။

ဒီနေ့တွင် ချန်ယွီ စိုးရိမ်နေစဉ် ရုတ်တရက် ဖန်ယုံကို တွေ့လိုက်ရ၏။

သူသည် ဆိုင်သို့ ခြေလှမ်းလှမ်းကာ လာနေပြီး တည်ငြိမ်သော မျက်နှာထက်တွင် ဝမ်းနည်းဝမ်းသာမှုကို မမြင်တွေ့ရပေ။

ချန်ယွီ သက်ပြင်းတစ်ချက် ရှုထုတ်လိုက်ပြီး ကြိုဆိုရန် လျှောက်သွားခဲ့၏။

"သခင်လေးဖန် ဒီရက်ပိုင်း မရှိတော့ ကျမကို စွန့်ပစ်လိုက်ပြီလို့ တောင် ထင်နေတာ"

ဖန်ယုံက မျက်ခုံးပင့်လျက် ချန်ယွီအား ကြည့်ကာ မေးလိုက်၏။

"မင်း တိတ်တဆိတ် ဆေးလုံးတွေ ယူခဲ့သလား"

ထိုစကားကို ကြားရလျှင် ချန်ယွီ မှင်သက်သွားပြီး ချက်ချင်းပင် ပြောလိုက်သည်။

"ကျမ ဝိညာဉ်ကျောက်တုံး သုံးခဲ့တာ"

"အနိမ့်ဆုံးဈေးနဲ့လား" ဖန်ယုံက မေးလိုက်၏။

ချန်ယွီ ခေါင်းငြိမ့်လိုက်၏ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေသော်လည်း တည်ငြိမ်အောင် ကြိုးစားလျက် ပြောလိုက်သည်။

"ကျမ ပြန်ဖြည့်ပေးလို့ ရတယ်"

ဖန်ယုံက ထိုသူအား ကြည့်ကာ ပြောလိုက်လေသည်။

"ဒီကိစ္စကို ငါ့ရဲ့ နောက်ကွယ်က ရင်းနှီးမြှုပ်နှံသူ သိသွားပြီး ငါ့ကို ကိုယ်တိုင် ဖြေရှင်းခိုင်းတယ်"

ချန်ယွီ၏ မျက်သူငယ်အိမ် စုကျုံ့သွားပြီး နောက်ဆုံးတွင် ပြောလိုက်၏။

"ကျမ သခင်လေးဖန်ကို အခက်ကြုံအောင် မလုပ်ပါဘူး"

သူမသည် အဆိုးရွားဆုံး အခြေအနေအတွက် ပြင်ဆင်ထားသော်လည်း သခင်လေးဖန် ကူညီပေးရန် မျှော်လင့်နေဆဲ ဖြစ်၏။

မည်သူမျှ တွင်းနက်ထဲ သို့ မပြုတ်ကျချင်ပေ။

အနိမ့်ဆုံးဈေး အသုံးပြုခြင်းကပင် ဘေးဒဏ် ဖိတ်ခေါ်မိလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ပေ။

ဖန်ယုံက ခေါင်းငြိမ့်လျက် ပြောလိုက်သည်။

"သူတို့က မင်းကို တိတ်တဆိတ် အနိမ့်ဆုံး ကုန်ကျစရိတ်နဲ့ အရည်အသွေးနိမ့် ဆေးလုံးတွေ ဝယ်ယူတာကို မခွင့်ပြုဘူး"

ချန်ယွီ တိတ်ဆိတ်သွားခဲ့၏။

ဖန်ယုံကလည်း တမင် ရပ်တန့်မနေဘဲ ဆက်လက် ပြောဆိုခဲ့၏။

"နောက်ပိုင်းကျရင် အဆင့်မြင့် ဆေးလုံးတွေကိုပဲ ဝယ်တော့"

မူလက စိတ်ဓာတ်ကျနေသော ချန်ယွီ မှင်သက်သွားပြီး မိမိ ကြားလိုက်ရသည်ကိုပင် သံသယ ဝင်သွားခဲ့ရ၏။

"ဒါပေမဲ့ အနိမ့်ဆုံးဈေးတော့ မဟုတ်ရဘူး သူတို့ကလည်း မခွင့်ပြုဘူး အနိမ့်ဆုံးဈေးမှာ ဝိညာဉ်ကျောက်တုံး တစ်တုံး ပေါင်းလိုက်ရင် ရပြီ" ဖန်ယုံက သတိပေးလိုက်သည်။

ချန်ယွီသည် ဤသတင်းများကို ချက်ချင်း နားလည်လိုက်ပြီးနောက် မေးလိုက်၏။

"ဒါ ရရဲ့လား"

"သူတို့က အရည်အသွေးနိမ့် ဆေးလုံးတွေကို အနိမ့်ဆုံးဈေးနဲ့ မဝယ်ရဘူးလို့ပဲ ပြောတာလေ စည်းမျဉ်း မချိုးဖောက်ပါဘူး"

ဖန်ယုံက စိတ်ပါလက်ပါ မဟုတ်ဘဲ ပြောလိုက်၏။

ဤအရာများကို မှာကြားပြီးနောက် ဖန်ယုံသည် လှည့်ထွက်သွားရန် ပြုလုပ်လိုက်သည်။

ချန်ယွီက အခြားသူအား လှမ်းခေါ်လိုက်၏။

ဖန်ယုံ ခေါင်းလှည့်ကြည့်လိုက်သည်။

"သခင်လေးဖန် ကျမ ရှေ့မှာ သခင်လေးက ပိုပြီး ခန့်ညားလာသလိုပဲ နောက်တစ်ခါ အခက်တွေ့ရင် ကျမကို စွန့်ပစ်လိုက်လို့ ရတယ် ကျမ ပြောတဲ့ စကားတွေကိုလည်း သတိထားပါ ကျမမှာ ပရိယာယ် ရှိတော့ တစ်ခါတစ်ရံ သခင်လေး ကူညီပေးဖို့ မျှော်လင့်တာမျိုး ရှိတယ်"

ချန်ယွီက ပြောလိုက်၏။

ဖန်ယုံ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလိုက်၏။

"ဒီနှစ်ထဲမှာ တာဝန်နဲ့ အပြင်ကို ပြန်ရမယ် ထင်တယ်"

ပြောပြီးသည်နှင့် ဖန်ယုံသည် ခြေလှမ်းလှမ်းကာ ထွက်ခွာသွားတော့၏။

သူ၏ ရွာတွင် အသက်ပြည့်သူများ ဆက်တိုက် ရှိလာခဲ့ပြီ ဖြစ်ပေသည်။

တစ်ခေါက် ပြန်ရပေမည်။

သူကိုယ်တိုင်ကမူ စိတ်ကြိုက် ထွက်ခွာ၍ မရနိုင်ပေ။

ထို့ပြင် သူ၏ နောက်ကွယ်မှ လူသည်လည်း တာဝန် ပေးအပ်ပေလိမ့်မည်။

ထိုသူ၏ တာဝန် ရှိနေပါက မည်သည့်အရာမဆို အဆင်ပြေပြေ လုပ်ဆောင်နိုင်ပေသည်။

ဤရက်ပိုင်းအတွင်း သူသည် လူအများအပြားနှင့် ကြုံတွေ့ရပေလိမ့်မည်။

ထိုအထဲမှ ဝိညာဉ်ကျောက်တုံး အချို့ မည်သို့ ရရှိအောင် လုပ်ရမည်ကို စဉ်းစားရပေမည်။

ကျန်းမန်သည် နွားဝါကြီး ဘေးတွင် ထိုင်ကာ ဆေးလုံးများကို ထုတ်ယူလျက် ပြောလိုက်၏။

"အဝါကြီး ဒါ ဘာဆေးလုံးလဲ ကြည့်ပေးပါဦး"

"မင်း မသိဘူးလား"

နွားဝါကြီးက မေးလိုက်သည်။

"ဒီဆေးလုံးက ဘာဆေးလုံးလဲလို့ မင်း ပြောကြည့်ပါဦး"

ကျန်းမန်က မေးလိုက်၏။

နွားဝါကြီးက တစ်ချက်ကြည့်ကာ ပြောလိုက်၏။

"မင်း စားကြည့်ရင် သိမှာပေါ့"

"ကျင့်စဉ် မရှိဘဲ စားရင် အလဟဿ ဖြစ်သွားလိမ့်မယ်"

ကျန်းမန်က ပြောလိုက်သည်။

နင်းယွမ်ကျင့်စဉ် ကို ဆက်လက် အသုံးပြု၍ ရနိုင်သေးသော်လည်း လုံးဝ မလုံလောက်ပေ။

ခန္ဓာကိုယ် အခြေအနေမှာ လုံးဝ ကွဲပြားသွားခဲ့ပြီ ဖြစ်ပေသည်။

စွမ်းအားမှာလည်း ယခင်နှင့် မတူတော့ပေ။

ကျင့်စဉ်ဟောင်းကို ဆက်လက် အသုံးပြုရန် ခက်ခဲလှ၏။

အသုံးပြုပါကလည်း ယခင်ကဲ့သို့ ချောမွေ့တော့မည် မဟုတ်ပေ။

စွမ်းအား လုံလောက်မှသာ ခန္ဓာကိုယ် အခြေအနေပေါ် မူတည်၍ ကျင့်စဉ်ကို တိုက်ရိုက် ပြင်ဆင်နိုင်မည် ဖြစ်ပေသည်။

အဝါကြီး ပြင်ပေးနိုင်သော်လည်း ပြင်ဆင်ပြီးသော ကျင့်စဉ်ကို ကျန်းမန် မကျင့်ကြံရဲပေ။

ကျင့်ကြံလိုက်သည်နှင့် ဖမ်းဆီးခံရနိုင်ပေ၏။

"ဒါနဲ့ ငါ ရွှေအမြုတေ အဆင့် ရောက်သွားတော့ စစ်မှန်သော သံမဏိကျောက်လည်း မရှိတော့ဘူး ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယား ရဲ့ တောင်းဆိုချက်ကိုလည်း မလုပ်ဆောင်နိုင်တော့ဘူး ငါ့ကို ပြစ်ဒဏ် ပေးမလာနိုင်ဘူးလား"

ကျန်းမန် ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ကာ စိုးရိမ်စွာ ပြောလိုက်၏။

ဘာပဲဖြစ်ဖြစ် ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားက လွန်စွာ နှေးကွေးသဖြင့် သူ၏ ခြေလှမ်းကို မှီအောင် မလိုက်နိုင်ပေ။

"မင်း ရွှေအမြုတေ ဖြစ်တည်တာ နှစ်ရက် သုံးရက် ရှိပြီပဲ"

နွားဝါကြီးက မြက်စားရင်း ပြောလိုက်၏။

"ခန္ဓာကိုယ်မှာ ဘာပြဿနာမှ မရှိပါဘူး"

ကျန်းမန်လည်း သက်ပြင်းတစ်ချက် ရှုထုတ်လိုက်၏ ပြဿနာ မရှိပါက ကောင်းပေသည်။

သို့သော် ကျင့်စဉ်ကို အမြန်ဆုံး ရရှိအောင် ပြုလုပ်ရပေဦးမည်။

မဟုတ်ပါက အချိန် အလွန် ကုန်လွန်ပေလိမ့်မည်။

မကြာသေးမီက သူသည် ခရမ်းရောင်တိမ်တိုက် အလင်းတန်းကိုသာ ကျင့်ကြံနေခဲ့၏။

ဒါက မဖြစ်မနေ ကျင့်ကြံရမည့် အရာ ဖြစ်ပေသည် မဟုတ်ပါက ရွှေအမြုတေ အဆင့်တွင် တိုက်ခိုက်ရေးစွမ်းအားမှာ သာမန် ဖြစ်နေပြီး အလွန် နစ်နာပေလိမ့်မည်။

မွန်းလွဲပိုင်းတွင် ကျန်းမန်သည် ချန်ချီဝမ် နှင့် တွေ့ဆုံခဲ့၏။

အခြားသူက စာအုပ်တစ်အုပ်နှင့် သက်သေအမှတ်အသား တစ်ခုကို ပို့ဆောင်ပေးခဲ့ပေသည်။

"အတွင်းဂိုဏ်း သက်သေအမှတ်အသား"

ချန်ချီဝမ်က ပြောလိုက်သည်။

သက်သေအမှတ်အသားမှာ ကြေးဝါ အမှတ်အသားစလွယ် ဖြစ်ပြီး ကျန်းမန် မြင်လိုက်သည်နှင့် စာရင်းသွင်းခြင်း ပြီးမြောက်သွားပြီ ဖြစ်ကြောင်း နားလည်လိုက်၏။

ယခုအခါ သူသည်လည်း အတွင်းဂိုဏ်း တပည့်တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ထို့နောက် ချန်ချီဝမ်သည် စာအုပ်ကို ကျန်းမန်ထံ ပေးလိုက်၏။

"ဒါလည်း အတူတူ ပေးလိုက်တာ"

ကျန်းမန် ယူကြည့်လိုက်ရာ အဆင့်မြင့်အဆင့် ကျင့်စဉ် ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။

"မြစ်တစ်ရာ ပင်လယ်သို့ စီးဝင်ခြင်း"

ကျန်းမန်သည် ခဏမျှ ကြည့်လိုက်ရုံဖြင့် မျက်မှောင်ကြုတ်သွားခဲ့၏။

ချန်ချီဝမ်လည်း အကြောင်းအရာကို အလွန် စိတ်ဝင်စားသော်လည်း ဝင်ရောက် ကြည့်ရှုခြင်း မပြုခဲ့ပေ။

ကျန်းမန်က အခြားသူအား တိုက်ရိုက် ပြသလိုက်၏။

"ကြည့်ကြည့်"

ဤအရာမှာ စိတ်ကြိုက် ကြည့်ရှု၍ ရပေ၏။ ဘာပဲဖြစ်ဖြစ် မကျင့်ကြံနိုင်ပေ။

ချန်ချီဝမ် တစ်ချက် ကြည့်လိုက်သည်နှင့် တစ်ကိုယ်လုံး မှင်သက်သွားရတော့သည်။

လုံးဝ နားမလည်နိုင်ပေ။

စာသားများမှာ ရှုပ်ထွေးနက်နဲလွန်းပြီး စာသား မရှည်လျားသော်လည်း နတ်စာအုပ်ကဲ့သို့ ဖြစ်နေပေ၏။

ဒါက ကျင့်စဉ်လော။

သူ သူ၏ တစ်သက်တာတွင် သင်ယူနိုင်မည် မဟုတ်ဟု ခံစားလိုက်ရသည်။

အမှန်တကယ် တစ်စုံတစ်ယောက် ရရှိသွားပါကလည်း မည်သည့် အဓိပ္ပာယ်မျှ ရှိမည် မဟုတ်ပေ။

သင်ယူ၍ မရနိုင်ပေ။

"ကြိုးစား ကျင့်ကြံပါ နောက်ပိုင်းကျရင် ဒီလောက် ရှုပ်ထွေးတဲ့ ကျင့်စဉ်တွေကို သင်ယူရမလား မသိဘူး"

ကျန်းမန်က အားပေးလိုက်၏။

"မင်း တကယ် ရဲရဲ စဉ်းစားတာပဲ" ချန်ချီဝမ်က ပြောလိုက်သည်။

"ငါတောင် ကျင့်ကြံနိုင်တာ မင်း ဘာလို့ မရရမှာလဲ"

"ဘာလို့လဲဆိုတော့ ငါက ပြိုင်ဘက်ကင်း ပါရမီရှင် မဟုတ်လို့ပဲ"

ကျန်းမန်က ခေါင်းငြိမ့်လျက် "မင်း စကားပြောတာ အတော် တော်တာပဲ မင်းရဲ့ ညီမလေး အရည်အချင်း အောင်ခဲ့ရဲ့လား" ဟု မေးလိုက်သည်။

ချန်ချီဝမ်က ခေါင်းယမ်းလျက် "သတင်း မရသေးဘူး စုန့်ချင့် ရောက်လာမှ သိရမှာ" ဟု ပြန်ပြောလိုက်၏။

ယွန်းချန်းဌာနခွဲ မှ စာပို့လိုပါက ဈေးနှုန်းမှာ နည်းပါးလှသည် မဟုတ်ပေ။

ချန်ချီဝမ် မထွက်ခွာမီ စိတ်ဝင်စားစွာ မေးလိုက်၏။

"ဒီကျင့်စဉ်ကို မင်း နားလည်လို့လား"

"နားလည်တာပေါ့ ငါ့အတွက်တော့ ရေသောက်သလို လွယ်ကူပါတယ်"

ကျန်းမန်က မျက်နှာမပြောင်းဘဲ ပြောလိုက်သည်။

ထို့နောက် ချန်ချီဝမ်သည် လေးစားစွာဖြင့် ထွက်ခွာသွားတော့၏။

"မင်း တကယ် နားလည်လို့လား"

လူ ထွက်သွားမှ နွားဝါကြီးက မေးလိုက်သည်။

ကျန်းမန်က အခြားသူအား ကြည့်ကာ "စီနီယာကြီး မင်းကိုပဲ အားကိုးရတော့မယ်" ဟု ပြောလိုက်၏။

ဤကျင့်စဉ်ကို သူ အစိတ်အပိုင်းအချို့ နားလည်နိုင်သော်လည်း အများစုကိုမူ မသင်ယူဖူးသေးပေ။

နွားဝါကြီးက မြက်စားရင်း စိတ်ဝင်စားစွာ မေးလိုက်၏။

"မင်း စနစ်တကျ သင်ယူမှုကို ဘယ်တော့ စမလို့လဲ"

"အားလပ်ချိန် ရမှပေါ့"

ကျန်းမန်က ပြောလိုက်သည်။

ဤသို့ ဆက်လက် ကျင့်ကြံနေပါက စနစ်တကျ သင်ယူရန်ပင် မလိုဘဲ ကျင့်စဉ်ကို မကြာမီ နားလည်လာတော့မည်ဟု ခံစားရပေ၏။

ယခု နားမလည်သေးခြင်းမှာ သင်ယူထားသည်များ မလုံလောက်သေးသောကြောင့် ဖြစ်ပေသည်။

"အဝါကြီး အခြေခံတည်ဆောက်ခြင်းမှာ မှော်လမ်းစဉ် ဓားလမ်းစဉ် ခန္ဓာကိုယ်လမ်းစဉ် ခွဲထားတာ ရှိတယ် ရွှေအမြုတေမှာရော ရှိသလား"

ကျန်းမန်က မေးလိုက်၏။

"ရှိတယ်"

နွားဝါကြီးက ရှင်းပြလိုက်၏။

"မင်း လက်ထဲကစာအုပ်က မှော်လမ်းစဉ်ပဲ 'မြစ်တစ်ရာ ပင်လယ်သို့ စီးဝင်ခြင်း'

အစောပိုင်းမှာ စမ်းချောင်းငယ်လေး စီးဆင်းသလို နောက်ပိုင်းမှာ မြစ်တစ်ရာ ပင်လယ်သို့ စီးဝင်သလိုပဲ အလွယ်ပြောရရင် ရွှေအမြုတေ အစောပိုင်းနဲ့ အလယ်ပိုင်းမှာ မင်းက အားနည်းပေမဲ့ နောက်ပိုင်း ရောက်ရင် အခြားသူတွေနဲ့ တန်းတူ ဖြစ်လာပြီး ပြီးပြည့်စုံတဲ့ အဆင့်မှာ အပြည့်အဝ ပေါက်ကွဲထွက်လာမှာ တစ်ယောက်တည်းနဲ့ ဆယ်ယောက်ကို ယှဉ်နိုင်တယ်"

ထိုစကားကို ကြားရလျှင် ကျန်းမန်ပင် အံ့အားသင့်သွားခဲ့ရ၏။

"ဒီလောက်အထိ လွန်ကဲတာလား တစ်ယောက်တည်းနဲ့ ဆယ်ယောက်ကို ယှဉ်နိုင်တယ် ငါ့ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် စွမ်းရည်တွေကို အသုံးပြုစရာ မလိုဘူးလား"

"အခြားသူရဲ့ ကျင့်စဉ်က မင်းလောက် မသန်မာရင် ရပြီ"

နွားဝါကြီးက ပြောလိုက်သည်။

ကျန်းမန်က ရွှေအမြုတေ အဆင့်တွင် မြစ်တစ်ရာ ပင်လယ်သို့ စီးဝင်ခြင်းထက် ပိုမို သန်မာသော ကျင့်စဉ် ရှိမရှိ ထပ်မံ မေးမြန်းခဲ့၏။

အဖြေမှာ ရှိပေသည်။ သို့သော် ကျင့်ကြံရ ပိုမို ခက်ခဲပြီး စည်းမျဉ်းလည်း လွန်စွာ တင်းကြပ်လှပေ၏။

မြစ်တစ်ရာ ပင်လယ်သို့ စီးဝင်ခြင်း၏ ခက်ခဲမှုမှာ အမှန်တော့ ထိပ်တန်း အဆင့် ဖြစ်ပေသည်။

ဆယ့်သုံးလွှာအထိ ကျင့်ကြံရန် အလွန်ပင် ခက်ခဲလှပေ၏။

နှစ်ငါးဆယ် ကြာမြင့်ပါကလည်း ဆယ့်သုံးလွှာ ရောက်ရှိကာ ရွှေအမြုတေ ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရှိနိုင်မည်ဟု မဆိုနိုင်ပေ။

လူအများအပြားသည် အခြားသော နယ်ပယ်များသို့ စောစီးစွာ အဆင့်တက်လှမ်းရန် ရွေးချယ်ကြလေ့ ရှိပေသည်။

"မင်း ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ပြီလား"

နွားဝါကြီးက မေးလိုက်၏။

ကျန်းမန်က ခေါင်းငြိမ့်လျက် "ဒါပေါ့ ဒီလောက် အစွမ်းထက်တဲ့ ကျင့်စဉ်ကို ငါ ဘာလို့ လက်လွတ်ခံရမှာလဲ" ဟု ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ အစောပိုင်းမှာ မင်းက အားနည်းနေမှာ" နွားဝါကြီးက သတိပေးလိုက်၏။

"အဲဒါ အခြားသူတွေ အားနည်းတာလေ ငါက ပြိုင်ဘက်ကင်း ပါရမီရှင်မလို့ ဘာလို့ အားနည်းရမှာလဲ"

ကျန်းမန်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

စကားအဆုံးတွင် ထွက်ခွာသွားသော ချန်ချီဝမ် ပြန်လည် ရောက်ရှိလာခဲ့၏။

ဤတစ်ကြိမ်တွင် ကြေးဝါ အမှတ်အသားစလွယ် တစ်ခုနှင့် စာတစ်စောင် ပို့ဆောင်ပေးခဲ့ပေသည်။

အပေါ်တွင် အင်မော်တယ် ဟူသော စာသား ရေးသားထားပေ၏။

"အင်မော်တယ် စံအိမ်တော် အမှတ်အသားလား"

ကျန်းမန် အနည်းငယ် အံ့အားသင့်သွားခဲ့ရ၏။

ထို့နောက် စာအိတ်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်ပေသည်။

ယွီဝမ်ယီထံမှ စာလွှာ ဖြစ်ပြီး သူမသည် ကျန်းမန်အား အတွင်းဂိုဏ်းသို့ အမြန်ဆုံး ဝင်ရောက်စေချင်ကြောင်း အပြင်ဂိုဏ်းတွင် ဆက်လက် နေထိုင်ရန် မလိုကြောင်း ပြောကြားထားပေ၏။

အတွင်းဂိုဏ်းသို့ ရောက်မှသာ ပိုမို မြန်ဆန်စွာ သန်မာလာနိုင်ပေမည်။

ထို့ပြင် ဒါက အင်မော်တယ် စံအိမ်တော် သို့ ဝင်ရောက်ခွင့် သက်သေအမှတ်အသား ဖြစ်ပြီး ဖွင့်လှစ်မည့် အချိန်မှာ တစ်နှစ် နှစ်နှစ်အတွင်း ဖြစ်ပေသည်။

ထိုအချိန်ရောက်ပါက သူသည် အတွင်းဂိုဏ်း တပည့်များနှင့် စောစီးစွာ ယှဉ်ပြိုင်နိုင်တော့မည် ဖြစ်ပေသည်။

စာအုပ်ပါ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် ကျန်းမန် မှင်သက်သွားရတော့၏။

ဤမျှ စောစီးစွာ သူ့အား အတွင်းဂိုဏ်းသို့ ပို့ဆောင်ကာ သူတို့နှင့် ယှဉ်ပြိုင်ခိုင်းသလော။

ဖော်ပြ၍ မရနိုင်သော အန္တရာယ် ခံစားချက်တစ်ခု ဖြစ်ပေါ်လာရပေ၏။

ထို့ပြင် ယွီဝမ်ယီက သူ့အား အတွင်းဂိုဏ်းသို့ အမြန်ဆုံး ဝင်ရောက်ရန် ပြောဆိုနေပေသည်။

သူမပင် အတွင်းဂိုဏ်းတွင် အဆင်မပြေဘဲ ရှိနေရာ မိမိ ဝင်ရောက်သွားပါက အဆင်ပြေနိုင်ပါမည်လော။

"အဝါကြီး ယွီဝမ်ယီမမက ငါ့ကို အထဲဝင်ခိုင်းပြီး ဖိအား ခွဲယူခိုင်းတာ မဟုတ်ဘူးလား"

ကျန်းမန်က မေးလိုက်၏။

နွားဝါကြီးက တိတ်ဆိတ်စွာ စကား မဆိုခဲ့ပေ။

ကျန်းမန်သည် အတွင်းဂိုဏ်းသို့ လုံးဝ မဝင်ရောက်နိုင်သကဲ့သို့ ဤအင်မော်တယ် စံအိမ်တော် သို့လည်း မသွားနိုင်ဟု ခံစားလိုက်ရ၏။

သူသည် ရွှေအမြုတေ ဖြစ်တည်မှု မြန်ဆန်လွန်းသဖြင့် အချက်အလက် အများအပြား လိုအပ်နေဆဲ ဖြစ်ရာ ဝင်ရောက်သွားပါက အရိုက်ခံရပေလိမ့်မည်။

လူတိုင်းသည် ဂိုဏ်း၏ သင်ကြားမှုကို အခြေခံ၍ တက်လှမ်းလာကြခြင်း ဖြစ်ပေသည်။

သူသည် ကျော်လွန်တက်လှမ်းလာသဖြင့် သူတို့နှင့် နှိုင်းယှဉ်ပါက အချိန် နည်းပါးသွားရုံမျှသာ ဖြစ်ပြီး စွမ်းအားမှာမူ ကျော်လွန်သွားခြင်း မရှိသေးပေ။

ခြံဝင်းငယ်တူ တပည့်များကိုသာ ဝေးကွာစွာ ကျော်လွန်ထားခြင်း ဖြစ်ပေ၏။

ယခုအခါ အချိန် အလွန် လိုအပ်နေပေသည်။

ကျန်းမန်သည် ရွှေအမြုတေ ဖြစ်တည်ပြီးနောက် ဇဝေဇဝါ ဖြစ်နေချိန်တွင် အခြားသူများမှာမူ ညဉ့်နက်အထိ မအိပ်ဘဲ ကျင့်ကြံရမည်လား စဉ်းစားနေကြရ၏။

ညဉ့်နက်အထိ မအိပ်ပါက စိတ်အာရုံ ထိခိုက်နိုင်သည်မှာ လူတိုင်း အသိပင် ဖြစ်ပေသည်။

သို့သော် ယခုအခါ လူတစ်ယောက်က ဤအသိကို ဖျက်ဆီးလိုက်ပေပြီ။

သူသည် လမ်းကြောင်းအသစ်ကို ပထမဆုံး ဖောက်လုပ်ခဲ့သူ ဖြစ်လာခဲ့၏။

ထို့ကြောင့် အခြားသူများသည် သူ့အား အတုယူ၍ ရနိုင်ပါသလော။

ညဉ့်နက်အထိ မအိပ်ဘဲ ကျင့်ကြံရမည်လော။

လူအချို့က အတုယူခဲ့ကြ၏။

သို့သော် စွမ်းအား သန်မာသူများမှာမူ စည်းမျဉ်းအတိုင်း ဆောင်ရွက်ကာ အတွင်းဂိုဏ်းသို့ ပထမဆုံး ဝင်ရောက်ရန် စဉ်းစားကြပေသည်။

သို့သော်လည်း သူတို့၏ အဆင့်များနှင့် နီးစပ်နေသော အနောက်ဘက်ရှိ လူများသည် စည်းမျဉ်းအတိုင်း ဆောင်ရွက်ရန် မရွေးချယ်ခဲ့ကြပေ။

ယင်းအစား ညဉ့်နက်အထိ မအိပ်ဘဲ စတင် ကျင့်ကြံခဲ့ကြ၏။

ခဏမျှအတွင်း ရှေ့ဘက်တွင် မျှော်လင့်ချက် ရှိနေသော လူများသည် မကြာမီ အောက်သို့ ဖိနှိပ်ခံရတော့မည် ဖြစ်ပေသည်။

အခြားသူသည် ညဉ့်နက်အထိ မအိပ်ဘဲ ကျင့်ကြံသဖြင့် တိုးတက်မှုမှာ အရှေ့မှ လူများကို မှီလာခဲ့ပြီး ကျော်လွန်သွားသည်ပင် ရှိပေ၏။

ဤသို့သော အခြေအနေတွင် မူလ အရည်အချင်းမှာ ပျောက်ကွယ်သွားရတော့မည် ဖြစ်သည်။

ဤအချိန်တွင် ညဉ့်နက်အထိ မအိပ်ဘဲ ကျင့်ကြံရမည်လား မကျင့်ကြံရဘူးလား။

သူတို့အား ရွေးချယ်ခွင့် အခွင့်အရေး လုံးဝ မပေးတော့ပေ။

ညဉ့်နက်အထိ မအိပ်ဘဲ မနေနိုင်အောင် ဖြစ်လာခဲ့ရတော့သည်။

ပထမ ခြံဝင်းငယ်တွင် ညဉ့်နက်အထိ မအိပ်သူ နည်းပါးပြီး ဒုတိယ ခြံဝင်းငယ်တွင်လည်း မများလှပေ။

တတိယ ခြံဝင်းငယ်တွင်မူ အနည်းငယ် များပြားလာခဲ့၏။

စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ ခြံဝင်းငယ်များတွင်လည်း တိုးပွားလာခဲ့ပေသည်။

သတ္တမ၊ အဋ္ဌမ၊ နဝမ ခြံဝင်းငယ်များတွင်မူ ကြီးမားသော နယ်ပယ်အထိ ညဉ့်နက်အထိ မအိပ်ဘဲ ကျင့်ကြံလာကြတော့၏။

အခြေခံတည်ဆောက်ခြင်း နောက်ဘက်ခြံဝင်းတွင်မူ ကြီးမားသော နယ်ပယ်အထိ ညဉ့်နက်အထိ မအိပ်ဘဲ ကျင့်ကြံလာကြပြီ ဖြစ်ရာ သူတို့၏ မျှော်လင့်ချက်မှာ မူလကတည်းက မြင့်မားခြင်း မရှိပေ။

ယခုအခါ မြှင့်တင်နိုင်ပြီ ဖြစ်ရာ အဘယ်ကြောင့် ညဉ့်နက်အထိ မအိပ်ဘဲ မနေရမည်နည်း။

သူတို့ အားလုံး လောင်းကြေး ထပ်နေကြခြင်း ဖြစ်ပေသည်။

ဤလမ်းကြောင်းမှာ အဆင်ပြေသွားပြီဟု လောင်းကြေး ထပ်ကြခြင်း ဖြစ်၏။

လူတစ်ယောက်က သက်ရောက်မှု မရှိနိုင်ပါက လူနှစ်ယောက်လည်း သက်ရောက်မှု မရှိနိုင်ဟု အဓိပ္ပာယ် ရပေသည်။

သို့ဖြစ်ရာ အဘယ်ကြောင့် မစမ်းသပ်ဘဲ နေရမည်နည်း။

ဇန်နဝါရီလ တစ်ဆယ်ရက်နေ့။

အပြင်ဂိုဏ်း ခြံဝင်းငယ် အသီးသီးသည် သတင်းအချို့ ရရှိခဲ့ကြပြီး မကြာမီ အပြင်ဂိုဏ်းတွင် အပြောင်းအလဲ အသစ်အချို့ ပေါ်ပေါက်လာနိုင်ကြောင်း ပြောဆိုနေကြပေ၏။

သို့သော် အသေးစိတ် အခြေအနေကိုမူ မည်သူမျှ မသိရှိကြပေ။

ဇန်နဝါရီလ ဆယ့်ငါးရက်နေ့။

အပြင်ဂိုဏ်းသည် မကြာမီ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်အသစ်ကို ပြင်ဆင် ပြုစုတော့မည်ဟု သတင်း ရရှိခဲ့ပေ၏။

လူများစွာသည် ဂရုမစိုက်ကြဘဲ ဤတစ်ကြိမ် ပြင်ဆင် ပြုစုမှုမှာ သာမန် ပြင်ဆင် ပြုစုမှုမျှသာ ဖြစ်မည်ဟု ထင်မှတ်ကြ၏။

ယခင်ကလည်း ရှိခဲ့ဖူးပေသည်။

ဇန်နဝါရီလ နှစ်ဆယ်ရက်နေ့အထိ ဖြစ်ပေသည်။

ဂိုဏ်းသည် တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပြီး အပြင်ဂိုဏ်း စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ကို ပြင်ဆင် ပြုစုခဲ့တော့၏။

စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်အသစ်ကို နယ်ပယ်အသေးစားဖြင့် စမ်းသပ်မည် ဖြစ်ပြီး အရာရာ အဆင်ပြေပါက တရားဝင် ထုတ်ဝေတော့မည် ဖြစ်ပေသည်။

ရိုးရှင်းသော စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်အတွင်းသို့ အပြည့်အဝ ပေါင်းစပ်လိုက်ပြီးနောက် ယွန်းချန်းဌာနခွဲ သို့ တိုးချဲ့ ထုတ်ဝေပေးမည် ဖြစ်ပေ၏။

စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်အသစ်ကို နဝမမြောက် ခြံဝင်းငယ်တွင် စမ်းသပ်မည် ဖြစ်ပြီး ရိုးရှင်းသော ကျင့်စဉ်အဖြစ် ယာယီ ထည့်သွင်းထားကာ "ထာဝရ မကျဆင်းသော နေမင်း" ဟု အမည်ပေးထားပေ၏။ အပြင်ဂိုဏ်း နံပါတ်တစ် ကျန်းမန် ဖြန့်ကျက်လိုက်သော အလင်းရောင်ကို စိတ်ကူးပုံဖော်ခြင်း ပုံစံအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပေသည်။

ဤစိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ကို ကျင့်ကြံသော တပည့်များသည် ညဉ့်နက်အထိ မအိပ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်အာရုံ ထိခိုက်မှု အစိတ်အပိုင်းအချို့ကို ခုခံနိုင်ကြမည် ဖြစ်ပေသည်။

သတင်း ပေါ်ထွက်လာသည်နှင့် လှိုင်းလုံးကြီးများ ပေါ်ပေါက်လာခဲ့ရတော့သည်။

အပြင်ဂိုဏ်း တစ်ခုလုံး အံ့အားသင့်သွားခဲ့ကြ၏။ အပြင်ဂိုဏ်း နံပါတ်တစ်၏ အလင်းရောင်မှာ ဤမျှအထိ တောက်ပလွန်းလှပေသည်။

သူတို့၏ မျက်လုံးများကို စူးရှစေရုံတင်မကဘဲ လူအများအပြား၏ လမ်းကြောင်းကိုလည်း လင်းလက်စေတော့မည် ဖြစ်ပေ၏။

စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် စမ်းသပ်သည့် ဤခဏမှ စတင်၍ အပြင်ဂိုဏ်း၏ ကောင်းကင်ကြီးမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပေတော့သည်။

သူတို့သည် ကောင်းကင်ကြီး ဤမျှ မြန်ဆန်စွာ ပြောင်းလဲသွားမည်ဟု လုံးဝ မထင်မှတ်ခဲ့ကြပေ။

ဤတစ်ကြိမ် ပြင်ဆင် ပြုစုမှုက အနာဂတ် ကျင့်ကြံရေး ပတ်ဝန်းကျင်ကို အပြည့်အဝ ပြောင်းလဲပစ်မည်ဟု ပို၍ပင် မထင်မှတ်ခဲ့ကြပေ။

ပိုင်ဖန်း အံ့အားသင့်သွားခဲ့ရ၏။

"တကယ်ပဲ ပြောင်းလဲသွားပြီ စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ပါ ထွက်လာခဲ့ပြီ မရှိဖူးတဲ့ ကိစ္စပဲ သူက ဒီလောက်အထိ ပါရမီရှင် ဖြစ်နေတာပါလား"

ကျန်းယင်းချိုင်ကလည်း အံ့အားသင့်စွာဖြင့် "ခုဆိုရင် မိသားစု အများကြီး နောင်တရကြတော့မယ် တကယ်လို့ သွားရောက် စည်းရုံးနိုင်ခဲ့ရင် ရရှိမယ့် အကျိုးအမြတ်က ကြောက်စရာ ကောင်းလိုက်မယ့် ဖြစ်ခြင်း" ဟု ပြောလိုက်သည်။

ချစ်ရွှေတောင်ထွတ် အရက်ဆိုင်

ကျိုချင်းချန် သည် သက်ပြင်းကြီးတစ်ချက် ရှုထုတ်လိုက်၏။

လွဲချော်သွားခဲ့ပြီ ဖြစ်ပေသည်။ အလွန်အမင်း လွဲချော်သွားခဲ့ရပြီ ဖြစ်၏။

စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ် ပေါ်ပေါက်လာမှုက ကျန်းမန်အား သူတို့ မမှီနိုင်သော အမြင့်သို့ တွန်းပို့ပေးလိုက်ပေပြီ။

ဆိုင်တာဝန်ခံမှာ ချွေးစေးများ စီးကျလာခဲ့တော့၏။

အကြောင်းမှာ အစပိုင်းတွင် သူသည် ထိုသူအား အထင်မကြီးခဲ့ဘဲ ထိုစဉ်က သခင်လေးပုဖန်း က သူ့အား သတိပေးခဲ့ဖူးပေသည်။

သို့သော် သူ ဖျက်ဆီးလိုက်မိခဲ့၏။

ဤကိစ္စမှာ ကြီးမားနိုင်သကဲ့သို့ ငယ်ရွယ်နိုင်ပေသည်။

ရှေးဟောင်း ခြံဝင်း

မုန့်ချဲ့ဝေသည် သုတ်သုတ်သီးသီး ခြေသံများကို ကြားလိုက်ရသဖြင့် ခြံဝင်း တံခါးမကြီးဘက်သို့ ခေါင်းလှည့်ကြည့်လိုက်၏။

ထိုအချိန်တွင် ချင်းတိုက်သည် ခြံဝင်းအတွင်းသို့ အပြေးအလွှား ဝင်ရောက်လာခဲ့ပေသည်။

သူမသည် အသက်ရှုပြင်းပြင်း သွင်းလိုက်ပြီးနောက် ပြောလိုက်တော့သည်။

"သခင်မလေး မိသားစုက ထိမ်းမြားလက်ထပ်ဖို့ သဘောတူလိုက်ပြီ ဟို ကျန်းမန်က မိသားစုကနေ လူလွှတ်ဖို့ ထိုက်တန်တယ်တဲ့"

All Chapters