အခန်း ၆၃
Vol. 5 Ch. 63
အပိုင်း(၆၃)
အမျိုးသမီးက ရှင်းပြပြီးနောက် နစ် ခေါင်းကို နှစ်ကြိမ်သုံးကြိမ်ခန့် ညိတ်လိုက်သည်။
"နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရိုက်ကာ က ဘယ်လိုနေလဲ..."
"သူ ဘယ်လိုနေလဲ ဟုတ်လား..."
အမျိုးသမီးသည် မျက်မှောင်ကြုတ်ရင်း စကားကို ပြန်ရွတ်လိုက်သည်။
"ဖော်ပြရတာ ခက်တယ်..."
"သူက တော်တော်လေး ဆွဲဆောင်မှုရှိပြီး ရုပ်ရည်ချောမောတယ်... အဲဒီတုန်းကတော့ သူက အရမ်းကို ရွံစရာကောင်းတယ်လို့ ကျွန်မ ထင်ခဲ့တာ... ဒါပေမဲ့ သီတင်းပတ် အတော်ကြာပြီးတဲ့နောက်မှာတော့၊ ယေဘုယျရှုထောင့်ကနေ ကြည့်ရင် သူက အရမ်းကို ဆွဲဆောင်မှုရှိတယ် ဆိုတာကို ကျွန်မ ဝန်ခံရလိမ့်မယ်..."
"သူ့ဆီမှာ သာမန် ပလေးဘွိုင်း တစ်ယောက်လို အငွေ့အသက်တွေ အပြည့်အဝ ရှိနေတယ်... ဒါပေမဲ့ သူ့ရဲ့ အကြည့်တွေထဲမှာ နက်ရှိုင်းတဲ့ ယုံကြည်မှုတွေလည်း ရှိနေပြန်တယ်…”
အမျိုးသမီးသည် စက္ကန့်အနည်းငယ်ခန့် နေရခက်သွားသည့်ပုံ ပေါ်သည်။
"ဒါက သက်ဆိုင်မှု ရှိမရှိတော့ ကျွန်မ သေချာမသိဘူး..."
နောက်ဆုံးတွင် သူမက ဆိုသည်။
"ဒါပေမဲ့ သူ့ရဲ့ မျက်လုံးတွေက ထူးဆန်းနေတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်..."
"သူ့မျက်လုံးတွေက တခြား သာမန်မျက်လုံးတွေလိုပါပဲ... ဒါပေမဲ့ အဲဒီမျက်လုံးတွေထဲကို ကျွန်မ စိုက်ကြည့်လိုက်တဲ့အခါ၊ ကျွန်မရဲ့ သဘာဝရန်သူ တစ်ကောင်ကောင်ကို ကြည့်နေရသလိုမျိုး ခံစားလိုက်ရတယ်..."
"သူက အရမ်းကို အန္တရာယ်များတဲ့သူလို့ ခံစားရတယ်... ဘာပဲဖြစ်ဖြစ် သူ့ဆီကနေ ကျွန်မ ထွက်ပြေးမှ ရမယ်လို့ ခံစားခဲ့ရတယ်..."
နောက်တစ်စက္ကန့်တွင် သူမက နှာခေါင်းရှုံ့လိုက်သည်။
"ရယ်စရာကောင်းတာက အဲဒီလို ထွက်ပြေးရမယ်ဆိုတဲ့ ခံစားချက်ကြောင့်ပဲ သူ့လူတွေ ရှေ့တိုးလာတဲ့အချိန်မှာ ကျွန်မက အဲဒီလောက် မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ခဲ့တာ..."
နစ်သည် အလွန် စိတ်ဝင်စားသွားသည့်ပုံ ပေါ်သည်။
"ခင်ဗျား သူ့ကို နောက်တစ်ကြိမ် ထပ်တွေ့ရင်ကော ဘယ်လိုလုပ်မလဲ..."
နစ်က မေးလိုက်သည်။
"ဘယ်လို အဓိပ္ပာယ်မျိုးနဲ့ မေးတာလဲ..."
အမျိုးသမီးက ပြန်မေးလိုက်သည်။
"တစ်ယောက်တည်းလေ..."
နစ်က ဖြေလိုက်သည်။
"ခင်ဗျားတို့ နှစ်ယောက်တည်း တွေ့ရင်ပေါ့..."
အမျိုးသမီး၏ မျက်နှာပေါ်တွင် ရွံရှာမုန်းတီးသော အပြုံးတစ်ခု ပေါ်လာသည်။
"ကျွန်မ သူ့ကို သတ်ပစ်မယ်လို့ ပြောရတာလောက် သဘောကျတာ ဘာမှမရှိတော့ဘူး... ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ ကျွန်မမှာ ခွန်အား ရှိမှာ မဟုတ်ဘူး... ဂိုဏ်းခေါင်းဆောင် တစ်ယောက်က အားနည်းလိမ့်မယ်လို့ ကျွန်မ မထင်ဘူး..."
သူမက ဆိုသည်။
ထိုစကားကို ကြားသောအခါ နစ်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။
"ကောင်းပြီ၊ အဆင်ပြေပါတယ်..."
သူက ပြောလိုက်သည်။
အမျိုးသမီးသည် နစ်ကို အသစ်တဖန် စိုးရိမ်ပူပန်မှုများဖြင့် ကြည့်လိုက်သည်။
"ဒါဆို အရာအားလုံး အဆင်ပြေရဲ့လား... အဆင်ပြေတယ်လို့တော့ ကျွန်မ ခံစားရတယ်..."
နစ်က ရယ်မောလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"အင်း... အရာအားလုံး အဆင်ပြေပါတယ်..."
"ဒါဆို အဲဒီ အဓိပ္ပာယ်က..."
အမျိုးသမီးက မေးလိုက်သည်။
နစ်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ခင်ဗျားက ဒီအလုပ်အတွက် မှန်ကန်တဲ့သူလို့ ကျွန်တော် ထင်တယ်..."
အံ့အားသင့်မှုကြောင့် အမျိုးသမီး၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်...
သူမက ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်လာတော့မည်လော။
သူမ လုံးဝနီးပါး မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့သည်။
"ခင်ဗျား နာမည်က ဂျနီဖာ မဟုတ်လား..."
နစ်က မေးလိုက်သည်။
"ဟုတ်ပါတယ်..."
ဂျနီဖာက ဆိုသည်။
"ကျွန်မကို ဂျင်နီ လို့ပဲ ခေါ်ပါ..."
"ရတာပေါ့..."
နစ်က ဆိုသည်။
နောက်တစ်စက္ကန့်တွင် နစ်သည် မတ်တတ်ရပ်လိုက်သည်။
"ဟိုတယ်အပြင်ဘက်မှာ ၁၅ မိနစ်လောက် စောင့်ပေးလို့ ရမလား... ကျွန်တော် အရင်ဆုံး ဖြေရှင်းစရာ ကိစ္စလေးတစ်ခု ရှိနေလို့ပါ... အဲဒါပြီးရင်တော့ အခုကစပြီး ခင်ဗျား အလုပ်လုပ်ရမယ့် နေရာကို ကျွန်တော် ပြပေးမယ်..."
"ရတာပေါ့... အရမ်း ကျေးဇူးတင်ပါတယ်..."
ဂျင်နီက ကျေးဇူးတင်လှိုက်လှဲသော လေသံဖြင့် ပြောလိုက်သည်။
သူတို့နှစ်ယောက်သည် နစ်၏ အခန်းထဲမှ ထွက်လာခဲ့ကြသည်။ ဂျင်နီ ဟိုတယ်ထဲမှ ထွက်သွားချိန်တွင်၊ နစ်သည် ဟိုရူဝါ၏ အခန်းဆီသို့ သွားခဲ့သည်။
အလုပ်မသွားမီ ဟိုရူဝါ၏ အခြေအနေကို သွားရောက်ကြည့်ရှုရန် နစ်လိုအပ်နေခဲ့သည်။
နစ်သည် ဟိုရူဝါ၏ အခန်းထဲသို့ ရောက်ရှိလာခဲ့သည်။ ထိုအခါ ဟိုရူဝါ၏ အဝတ်အစားများကို လဲလှယ်ပေးရမည့် အချိန်ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
ယခုဆိုလျှင် နစ်သည် ဟိုရူဝါကို ပြုစုစောင့်ရှောက်လာခဲ့သည်မှာ နှစ်ပတ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ဤအလုပ်တွင် အတော်လေး ကျွမ်းကျင်နေပြီ ဖြစ်သည်။
ပြီးခဲ့သော နှစ်ပတ်အတွင်း နစ်သည် ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်မည့် သူတစ်ဦးကို ရှာဖွေနေခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ လူရွေးချယ်ရာ၌ နစ်သည် အလွန်အမင်း သတိထားနေခဲ့သည်။ ဘာပဲဖြစ်ဖြစ် အရင်က အမှားမျိုးကို နောက်တစ်ကြိမ် ထပ်မမှားချင်တော့ပေ။
မည်သူမဆို ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်အဖြစ် မဝင်ရောက်မီ၊ ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ အားလုံးက အဘယ်ကြောင့် ဤမျှ တင်းကျပ်ပြီး ခက်ခဲသော စာမေးပွဲများကို စစ်ဆေးကြသည်ဆိုသည်ကို နစ်သည် နာကျင်စွာဖြင့် သင်ခန်းစာ ရခဲ့ပြီ ဖြစ်သည်။
သူ ကိုယ်တိုင် စပက်တာ တစ်ကောင်နှင့် အပြန်အလှန် ဆက်သွယ်လုပ်ကိုင်နိုင်ရုံဖြင့်၊ လူတိုင်း လုပ်နိုင်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ တကယ်တမ်းတွင် စပက်တာ တစ်ကောင်နှင့် အပြန်အလှန် ဆက်သွယ်ရခြင်းမှာ လောကတွင် အကြောက်ရဆုံး အရာများထဲမှ တစ်ခုပင် ဖြစ်သည်။ သူတို့၏ အရှေ့တွင် ရှိနေသော အရာက သူတို့ကို သားကောင်အဖြစ် အမဲလိုက်နေကြောင်း လူသားများက အလိုအလျောက် သိစိတ်ဖြင့် ခံစားသိရှိနိုင်ကြသည်။
ဟိုရူဝါနှင့် ပတ်သက်သည့် ကိစ္စရပ် ဖြစ်ပွားပြီးနောက်၊ သူကိုယ်တိုင် ဂိုတီ ဓာတ်ခွဲခန်း တွင် ဖြေဆိုခဲ့ရသော ဝင်ခွင့်စာမေးပွဲကို လမ်းညွှန်တစ်ခုအဖြစ် အသုံးပြုကာ ကိုယ်ပိုင် စာမေးပွဲများ ဖန်တီးရန် နစ်ဆုံးဖြတ်လိုက်သည်။
သို့သော် နစ်တွင် စာမေးပွဲများအတွက် လိုအပ်သော အထောက်အကူပြု ပစ္စည်းများ အားလုံး မရှိခဲ့ပေ။
ထို့ကြောင့် အကောင်းဆုံး လုပ်နိုင်သည့်အရာမှာ လူတစ်ဦးနှင့် အင်တာဗျူး ပြုလုပ်ပြီး၊ စကားပြောဆိုမှုများမှတစ်ဆင့် သူတို့၏ အရည်အချင်းများကို အကဲဖြတ်ရန် ကြိုးစားခြင်းပင် ဖြစ်သည်။
ယခုအချိန်အထိ နစ်သည် ဆင်ခြေဖုံးရပ်ကွက်ကြီး မှ လူပေါင်း ၂၀ ကျော်ကို အင်တာဗျူးခဲ့ပြီး ဖြစ်သော်လည်း၊ သူတို့ထဲမှ မည်သူ့ကိုမျှ သဘောမကျခဲ့ပေ။
အမြဲတမ်း ပြဿနာ တစ်ခုမဟုတ် တစ်ခု ရှိနေတတ်သည်။ တစ်ခါတစ်ရံတွင် သူတို့က သူ့ကို လိမ်ညာနေသည်ဟု နစ်ခံစားရသည်။ နစ်သည် လိမ်ညာသူများကို သဘောမကျပေ။
တစ်ခါတစ်ရံတွင်လည်း ထိုလူများ ပြောနေသည့် စကားများမှာ လက်တွေ့မဆန်ဟု နစ်ခံစားရသည်။ ဥပမာအားဖြင့်... လူတစ်ယောက်က စပက်တာ ကို တွေ့လျှင် ဒီအတိုင်း ထိုးကြိတ်ပစ်လိုက်မည်ဟု ဆိုခဲ့ဖူးသည်။ ကံကောင်းထောက်မစွာဖြင့် ဂျင်နီ ဆီတွင်တော့ ဤပြဿနာများထဲမှ တစ်ခုမျှ နစ်မတွေ့ခဲ့ရပေ။
ဂျင်နီသည် အလွန် ရိုးသားပြီး အတူတွဲလုပ်ရန် လွယ်ကူသည်။ သို့သော်လည်း... သူမ မနှစ်သက်သော သူတစ်ယောက်အကြောင်း ပြောသောအခါ သူမသည် အလွန် အေးစက်ပြီး အလှမ်းကွာဝေးသွားသယောင် ရှိသည်။
အကောင်းဆုံးအချက်မှာ သူမသည် မည်သည့် အကြောက်တရားကိုမျှ မပြသခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူမက ဟန်ဆောင်နေခြင်းမျှသာ ဖြစ်သည်ဟုလည်း နစ်မခံစားခဲ့ရပေ။
တစ်နည်းအားဖြင့်ဆိုရလျှင် ဂျင်နီတွင် ထွက်ပြေးရမည် သို့မဟုတ် တိုက်ခိုက်ရမည် ဟူသော အလိုအလျောက် သိစိတ်မျိုး မရှိဘဲ၊ တိုက်ခိုက်မည် ဟူသော သိစိတ် တစ်ခုတည်းသာ ရှိနေသည်ဟု နစ်ခံစားရသည်။
ပို၍ အံ့သြစရာကောင်းသည်မှာ ရိုက်ကာ စထရိုက်ကာ များထံမှ ရှက်ရွံ့ခြင်း အလျဉ်းမရှိဘဲ သူမ ထွက်ပြေးခဲ့ကြောင်းကို ဂျင်နီက ရိုးသားစွာ ပြောပြခဲ့ခြင်းပင် ဖြစ်သည်။
သူမသည် သူမ၏ ရွေးချယ်မှုအပေါ် ယုံကြည်မှု အပြည့်ရှိနေခဲ့သည်။
"ဟေး... ဟိုရူဝါ..."
နစ်သည် သန့်ရှင်းလတ်ဆတ်သော ညအိပ်ဝတ်စုံ အသစ်တစ်စုံကို ယူရင်း ပြုံးလျက် ပြောလိုက်သည်။
"ဒီရာထူးအတွက် နောက်ဆုံးတော့ လူတစ်ယောက် ရှာတွေ့သွားပြီ..."
ဟိုရူဝါက ပြန်မဖြေခဲ့ပေ။
"သူ့နာမည်က ဂျင်နီတဲ့၊ သူက တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ စရိုက်ရှိပုံပေါ်တယ်..."
ဟိုရူဝါ၏ ကျင်ကြီးကျင်ငယ်များကို ရှင်းလင်းပေးပြီး အဝတ်အစား လဲလှယ်ပေးနေစဉ်တွင်၊ နစ်သည် ဟိုရူဝါကို ဂျင်နီ အကြောင်း ပြောပြနေခဲ့သည်။
အားလုံး ပြီးစီးသွားသောအခါ နစ်သည် ဟိုရူဝါကို ခပ်သွက်သွက် နှိပ်နယ်ပေးလိုက်သေးသည်။
"ထားပါတော့... ငါက သူ့ကို ၁၅ မိနစ်ပဲ ကြာမယ်လို့ ပြောထားတာ။ အခု ဒီမှာနေတာ မိနစ်၂၀ နီးပါးတောင် ရှိနေပြီ... ဆောရီးပဲ ဟိုရူဝါ၊ ငါ သွားရတော့မယ်... နောက်မှ တွေ့မယ်နော်..."
နောက်ဆုံး၌ နစ်က ဆိုလိုက်သည်။ တံခါးကို တိတ်ဆိတ်စွာ ပိတ်လိုက်ပြီးနောက် နစ်သည် ဟိုတယ်ထဲမှ ထွက်ခွာသွားလေသည်။
ဂျင်နီသည် ဟိုတယ်အရှေ့တွင် စောင့်နေခဲ့ပြီး၊ နစ်ထွက်လာသည်ကို မြင်သောအခါ သူမသည် စိတ်အေးသွားသလို သက်ပြင်းတစ်ချက် ချလိုက်လေသည်။ သူမသည် နစ်က သူမကို ချိန်းဆိုထားပြီးမှ လာမတွေ့ဘဲ နေမည်ကို စိုးရိမ်နေခဲ့ပုံပေါ်သည်။
"တောင်းပန်ပါတယ်... ထင်ထားတာထက် အချိန်နည်းနည်း ပိုကြာသွားလို့ပါ..."
နစ်က မတတ်သာသည့် အပြုံးလေးဖြင့် ပြောလိုက်သည်။
"အို... ရပါတယ်..."
ဂျင်နီက ယဉ်ကျေးစွာ ပြုံးလျက် ပြန်ဖြေသည်။
"ထားပါတော့... အခုကစပြီး ခင်ဗျား အလုပ်လုပ်ရမယ့် နေရာကို ကျွန်တော် ပြပေးမယ်..."
*