← Chapters

အခန်း ၇၁

Vol. 5 Ch. 71

အခန်း ၇၁

Vol. 5 Ch. 71

အပိုင်း(၇၁)

"ဒါဆို ဂျန်နီ မှန်တယ်ဆိုတဲ့ သဘောပေါ့၊ ဟုတ်လား..."

နစ်က မေးလိုက်၏။

ဝင်တာက ခေါင်းညိတ်ပြသည်။

"ဖြစ်နိုင်ချေ အများဆုံးပါပဲ..."

"ရိုက်ကာဟာ စပက်တာ တစ်ကောင်လို့ ငါ ထင်တယ်..."

ထိုအရာကို ကြားလိုက်ရသောအခါ နစ်သည် စိတ်လှုပ်ရှားသွားခဲ့၏။

"အခုချက်ချင်းတော့ စိတ်မလှုပ်ရှားနဲ့ဦး..."

ဝင်တာက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

နစ်သည် ဝင်တာကို မျက်ခုံးတစ်ဖက်ပင့်လျက် ကြည့်လိုက်၏။

"ဆင်ခြေဖုံးရပ်ကွက်ကြီးထဲမှာ သူ လှုပ်ရှားလာခဲ့တဲ့ အချိန်ကာလရယ်၊ သူ့ရဲ့ လူမှုရေး ဩဇာလွှမ်းမိုးမှု ဘယ်လောက်အထိ ကြီးထွားလာခဲ့သလဲ ဆိုတာတွေအပေါ် မူတည်ပြီး တစ်ခုကိုတော့ ငါ တော်တော်လေး သေချာနေတယ်..."

"ရိုက်ကာဟာ သားပေါက်အဆင့် မဟုတ်ဘူး..."

"သူက လူပျိုပေါက်အဆင့် ပဲ..."

"ဆိုလိုတာက ငါတို့ သူ့နောက်ကို အခုချက်ချင်း လိုက်လို့ မရသေးဘူး…”

"လူပျိုပေါက်အဆင့် ဟုတ်လား..."

နစ်က ထပ်မေးလိုက်၏။

ဝင်တာက ခေါင်းညိတ်ပြသည်။

"သူ ဘယ်လိုနည်းနဲ့ စွမ်းအားတွေ ပိုရလာသလဲ ဆိုတာကိုတော့ ငါ အတိအကျ မသိဘူး... ဒါပေမယ့် အတိတ်က သူ့ရဲ့ လုပ်ရပ်တွေအပေါ် အခြေခံပြီး ခန့်မှန်းရမယ်ဆိုရင် သူက တခြားသူတွေကို ကြောက်လန့်အောင် လုပ်တာ ဒါမှမဟုတ် ဆိုးရွားတဲ့ လုပ်ရပ်တွေကို လုပ်ခြင်းအားဖြင့် ပိုပြီး အစွမ်းထက်လာတယ်လို့ ငါ ပြောရလိမ့်မယ်... အသေးစိတ်ကိုတော့ ငါလည်း သေချာ မသိဘူး..."

"ရိုက်ကာ ဟာ ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲမှာ နေလာခဲ့တာ အတော်လေး ကြာပြီ... အခုဆိုရင် အဖွဲ့ဝင် ၅၀ ကျော်ရှိတဲ့ ဂိုဏ်းတစ်ခုကိုတောင် ဖွဲ့စည်းထားနိုင်ပြီလေ... သူဟာ မယုံနိုင်လောက်အောင် များပြားလှတဲ့ ပူဆွေးသောကတွေကို ဖန်တီးခဲ့တာ ဖြစ်နိုင်တယ်... အဲဒါက သူ့ကို စွမ်းအားတွေ အများကြီး ပေးခဲ့မှာပဲ... သူက သားပေါက်အဆင့် ဖြစ်မယ်ဆိုတာကိုတော့ ငါ အရမ်းကို သံသယရှိတယ်..."

နစ်သည် ဝင်တာကို စိုးရိမ်တကြီး ကြည့်လိုက်၏။

"သူများ လူကြီး စပက်တာ တစ်ကောင် ဖြစ်နေနိုင်မလား..."

သူက မေးလိုက်သည်။

ဝင်တာက ခေါင်းခါပြ၏။

"ဖြစ်နိုင်ချေ အရမ်းနည်းပါတယ်... စပက်တာ တစ်ကောင် ကြီးထွားလာဖို့ဆိုတာ အများကြီး လိုအပ်တယ်..."

"ငါတို့ ဒရီမာကို အချိန်ပြည့် အစာကျွေးနေခဲ့တာတောင် လနဲ့ချီ ကြာပြီးမှ ၁.၅ အဆင့်ပဲ တက်လာခဲ့တာလေ။ ငါတို့သာ ဒီနှုန်းအတိုင်း ဆက်သွားမယ်ဆိုရင် ဒရီမာကို လူကြီး စပက်တာ တစ်ကောင် ဖြစ်လာစေဖို့ အနည်းဆုံး သုံးနှစ်လောက် အချိန်ယူရလိမ့်မယ်..."

"ပြီးတော့ အဲဒါက ငါတို့အနေနဲ့ သူ့ကို အစွမ်းထက်တဲ့ ဇီဖစ်စွမ်းအင် ထုတ်ယူသူ တွေနဲ့ ဆက်ပြီး အစာကျွေးနေနိုင်မှနော်... နစ်၊ မင်း သတိထားရမယ့် အချက်က ပိုပြီး အစွမ်းထက်တဲ့သူက ဇီဖစ်စွမ်းအင်ကိုလည်း ပိုပြီး အများကြီး ထုတ်လုပ်ပေးနိုင်တယ် ဆိုတာပဲ... ဥပမာအနေနဲ့ ပြောရရင် ဒရီမာက လူပျိုပေါက်အဆင့် ဖြစ်နေချိန်မှာ ငါတို့က လူသစ် အဆင့် ထုတ်ယူသူတွေကိုပဲ ဆက်လွှတ်နေမယ်ဆိုရင် သူ လူကြီး အဆင့် ဖြစ်လာဖို့ နှစ်ပေါင်း ၁၅ နှစ်ကျော်လောက် အချိန်ယူရလိမ့်မယ်..."

"ရိုက်ကာ ရဲ့ လွှမ်းမိုးနိုင်စွမ်းက ကြီးမားပေမယ့် သူ့ရဲ့ ခြောက်လှန့်မှု အများစုက သူ့ဂိုဏ်းကနေ တစ်ဆင့် ပြန့်နှံ့သွားတာလေ... သွယ်ဝိုက်ပြီး ခံစားရတဲ့ ဒုက္ခတွေကနေ ရတဲ့ ဇီဖစ်စွမ်းအင်က ကိုယ်တိုင်ကိုယ်ကျ ဒုက္ခပေးတာလောက် အများကြီး ရလိမ့်မယ်လို့ ငါ မထင်ဘူး..."

"အလွန်ဆုံးရှိလှ ရိုက်ကာဟာ နှောင်းပိုင်း လူပျိုပေါက်အဆင့် လောက်ပဲ ဖြစ်လိမ့်မယ်... အဲဒါတောင် ငါက တော်တော်လေး ရက်ရက်ရောရော ခန့်မှန်းပေးထားတာနော်... ဖြစ်နိုင်ချေ အများဆုံးကတော့ သူဟာ အစောပိုင်း ဒါမှမဟုတ် အလယ်အလတ် လူပျိုပေါက်အဆင့် လောက်ပဲ ဖြစ်မယ်..."

ဝင်တာက ရှင်းပြလိုက်၏။

နစ်က မျက်မှောင်ကိုသာ ကြုတ်လိုက်သည်။

"ဒါဆို ငါတို့ သူ့ကို ဖမ်းနိုင်မယ့် အခွင့်အရေး မရှိဘူးပေါ့..."

ဝင်တာက ခေါင်းခါပြ၏။

"အဆင့်တွေကြားက ကွာခြားချက်က စွမ်းအား နှစ်ဆ တိုးလာတယ်... ရိုက်ကာ ဟာ အစောပိုင်း လူပျိုပေါက်အဆင့် ဖြစ်ဖို့ အလားအလာ အများဆုံးဖြစ်နေတဲ့အတွက် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက မင်းထက် ငါးဆလောက် ပိုများနေလိမ့်မယ်... အဲဒါက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အား သက်သက်ကိုပဲ တွက်ထားတာနော်..."

"သူ့မှာ တိုက်ခိုက်ရေးအတွက် အရမ်းအသုံးဝင်တဲ့ စွမ်းရည်တစ်ခုလည်း ရှိနေဖို့ များတယ်... အဲဒါက သူ့ကို ရင်ဆိုင်ဖို့ အလွန် ခက်ခဲသွားစေလိမ့်မယ်... မင်းရဲ့ စွမ်းရည်ကို အချိန်ပြည့် အသက်သွင်းထားနိုင်ရင်တောင်မှ မင်း ရှုံးဖို့ပဲ များတယ်..."

နစ်သည် ထိုစကားကို ကြားသောအခါ သက်ပြင်းသာ ချနိုင်တော့၏။

"ဒါဆို ငါတို့ အခုလောလောဆယ် ရိုက်ကာ နောက်ကို မလိုက်သေးဘူးပေါ့..."

နစ်က ပြောလိုက်သည်။

"မလိုက်သေးဘူး..."

ဝင်တာက ထပ်ပြောလိုက်၏။

"ဒါဆို ဘာဆက်လုပ်မလဲ..."

နစ်က မေးလိုက်သည်။

"အခု ငါတို့မှာ အကြံဉာဏ်တွေ ကုန်နေပြီလေ..."

"ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ အားလုံး ခံစားရတာ အဲဒီလိုပဲလေ..."

ဝင်တာက နစ်အား ပြောပြ၏။

"စပက်တာ တွေကို ရှာဖွေရတာ အမြဲတမ်း အခက်ခဲဆုံး အပိုင်းပဲ..."

နစ်သည် သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။

"ဆိုလိုတာက ငါ အပြင်ထွက်ပြီး စပက်တာ တစ်ကောင်ကို ထပ်ရှာရတော့မယ် ဆိုတဲ့ သဘောပေါ့..."

"ဝမ်းနည်းစရာကောင်းပေမယ့် ဟုတ်တယ်..."

ဝင်တာက ဆို၏။

"ငါတို့မှာ စုံစမ်းစစ်ဆေးရေးမှူး အဖွဲ့တစ်ဖွဲ့ အပြည့်အစုံ ဖွဲ့စည်းဖို့ ငွေကြေး မလုံလောက်သေးဘူးလေ..."

နစ် နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်၏။

"ကောင်းပြီလေ..."

သူက ပြောလိုက်သည်။

"ငါ အကောင်းဆုံး ကြိုးစားပြီး စပက်တာ တစ်ကောင်ကို ရှာကြည့်ပါ့မယ်... ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် ဘယ်မှာ သွားရှာရမလဲ ဆိုတာကိုတော့ ငါ သေချာမသိဘူး..."

ဝင်တာက ခေါင်းညိတ်ပြသည်။

"ဒီတစ်ခါတော့ ငါတို့ရဲ့ ရှင်သန်မှုက မင်းရဲ့ လျင်မြန်တဲ့ အောင်မြင်မှုအပေါ် မူတည်မနေတော့ဘူးလေ... မင်း ချက်ချင်း ရှာမတွေ့ရင်တောင် ငါတို့က ဒရီမာကနေ ငွေတွေ ရနေသေးတာပဲ..."

"အချိန်အကန့်အသတ် ရှိမယ်ဆိုရင်တောင် အဲဒါက မင်း အဆင့်နှစ် ထုတ်ယူသူ တစ်ယောက် ဖြစ်လာခါနီး အချိန်လောက်မှပဲ ဖြစ်လိမ့်မယ်... ဒါပေမယ့် အဲဒါက တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက် အချိန်ယူရဦးမှာပါ..."

ဝင်တာက ပြောလိုက်၏။

"စွမ်းရည် တိုးတက် ပြောင်းလဲခြင်း ကို ဆိုလိုတာလား”

နစ်က မေးလိုက်သည်။

ဝင်တာက ခေါင်းညိတ်ပြ၏။

"မင်း ပြောတာ မှန်မယ် ထင်ပါတယ်..."

နစ်က ပြောလိုက်သည်။

"ဒရီမာက ငါ့ရဲ့ စွမ်းရည်ကို အသုံးဝင်တဲ့ ဒါမှမဟုတ် အဓိပ္ပာယ်ရှိတဲ့ နည်းလမ်းနဲ့ တိုးတက် ပြောင်းလဲလာအောင် လုပ်ပေးနိုင်မယ်လို့ ငါ မထင်ဘူး..."

အဆင့်ခွဲများကြား တိုးတက်မှုနှင့် အဆင့်ကြီးများကြား တိုးတက်မှုတို့သည် အဘယ်ကြောင့် ကွာခြားနေရသနည်း။

“အဆင့်တစ် အထွတ်အထိပ်” ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် “အဆင့်နှစ် အစပိုင်း” ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်လာခြင်းက “အဆင့်နှစ် အစပိုင်း” ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် “အဆင့်နှစ် အစောပိုင်း” ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်လာခြင်းထက် အဘယ်ကြောင့် ပို၍ အရေးပါနေရသနည်း။

အကြောင်းရင်း နှစ်ခု ရှိ၏။

ပထမအချက်... စွမ်းအား တိုးတက်လာမှုသည် ၁.၅ ဆ အစား နှစ်ဆ ဖြစ်သွားခြင်းကြောင့် ဖြစ်သည်။

သို့သော် ပို၍ အရေးကြီးသည်မှာ ထိုသူ၏ စွမ်းရည်ကပါ တိုးတက် ပြောင်းလဲလာခြင်းပင် ဖြစ်၏။ ဇီဖစ်စွမ်းအင်ကို စုပ်ယူခြင်းဖြင့် ထုတ်ယူသူ၏ ဇီဖစ်စွမ်းအင် ချိတ်ဆက်သည်လည်း ပိုမို ကြီးမားလာမည် ဖြစ်ပြီး နောက်ဆုံးတွင် ပိုမို အစွမ်းထက်သော စွမ်းရည် နောက်တစ်ခုကို ပံ့ပိုးပေးနိုင်လောက်အောင် ကြီးမားလာမည် ဖြစ်သည်။

လူတစ်ယောက်သည် နောက်တစ်ဆင့်သို့ တက်လှမ်းရန် အဆင်သင့် ဖြစ်နေသောအခါ ထိုသူ၏ ဇီဖစ်စွမ်းအင် ချိတ်ဆက်သည် စပက်တာ တစ်ကောင်နှင့် ထပ်မံ၍ ချိတ်ဆက်နိုင်သော စွမ်းရည်ကို ပြန်လည် ရရှိလာမည် ဖြစ်၏။ သို့သော် ဤအသစ် ထပ်မံချိတ်ဆက်ခြင်းမှာ ပထမအကြိမ်နှင့်မူ ကွဲပြားခြားနားပေသည်။

ပထမဆုံးအကြိမ် ချိတ်ဆက်စဉ်က ထုတ်ယူသူ၏ ဇီဖစ်စွမ်းအင် ချိတ်ဆက်သည် စပက်တာ၏ စွမ်းရည်ကို အပြည့်အဝ ကူးယူရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။

သို့သော် ဒုတိယအကြိမ် ချိတ်ဆက်ရာတွင်မူ ဇီဖစ်စွမ်းအင် ချိတ်ဆက်သည် အသစ်ရရှိမည့် စွမ်းရည်ကို အဟောင်းနှင့် ပေါင်းစပ်ကာ စွမ်းရည်အသစ် တစ်ခုကို ဖန်တီးပေးမည် ဖြစ်သည်။

ဥပမာအားဖြင့် ဝင်တာတွင် မျက်ကန်း အလင်းတန်း၏ စွမ်းရည် ရှိနေပြီး သူသည် သူ၏ ဇီဖစ်စွမ်းအင် ချိတ်ဆက်ကို ဒရီမာနှင့် ချိန်ညှိကာ အဆင့်တက်မည်ဆိုပါက ဝင်တာ၏ စွမ်းရည်သည်လည်း ပုံစံပြောင်းလဲသွားမည် ဖြစ်၏။

ဝင်တာ၏ အလင်းတန်းက စိတ်ချောက်ချားမှုများကိုပါ ဖြစ်စေနိုင်မည်လား။

ဝင်တာ၏ အလင်းတန်းက ပစ်မှတ်များကို ပင်ပန်းနွမ်းနယ်သွားစေမည်လား။

သူ၏စွမ်းရည် သက်ဝင်နေချိန်တွင် ရန်သူ၏ အတွေးများကို ဖတ်နိုင်စွမ်း ဝင်တာ ရရှိသွားမည်လား။

မည်သည့်အရာက အမှန်ဖြစ်နေပါစေ ဝင်တာ၏ မူလစွမ်းရည်ကသာ ကြီးစိုးနေမည်ဖြစ်ပြီး ဒရီမာ၏ စွမ်းရည်က ဝင်တာ၏ မူလစွမ်းရည်ထဲသို့ တစ်နည်းနည်းဖြင့် အံဝင်ခွင်ကျ ဖြစ်သွားရန် လိုအပ်ပေသည်။

***

All Chapters