← Chapters

အခန်း ၇၅

Vol. 5 Ch. 75

အခန်း ၇၅

Vol. 5 Ch. 75

အပိုင်း(၇၅)

"ထုတ်ယူသူ နဲ့ ဖေဖေ့ စကားပြောပါရစေဦး သမီးရယ်..."

ဖခင်ဖြစ်သူက သမီး၏ ခေါင်းလေးကို ဖွဖွလေး ပွတ်သပ်ရင်း ပြောလိုက်၏။

သမီးဖြစ်သူသည် နှာမှုတ်လိုက်ပြီး ဘေးဘက်သို့ လှည့်ကြည့်လိုက်သည်။ သို့သော် သူမ၏ ဖခင် ခေါင်းပွတ်သပ်နေသည်ကိုတော့ မရှောင်ဖယ်ခဲ့ပေ။

"ဘယ်လိုလဲ..."

ဖခင်ဖြစ်သူက နစ်ကို ကြည့်ရင်း မေးလိုက်၏။

"လူတစ်ယောက်ပါ..."

နစ်က ပြောလိုက်သည်။

"လူတစ်ယောက် ဟုတ်လား..."

ဖခင်ဖြစ်သူက တုန်လှုပ်စွာဖြင့် ထပ်မေးလိုက်၏။

"စပက်တာ မဟုတ်ဘူးလို့ သမီး ပြောသားပဲ..."

သမီးဖြစ်သူက ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့် ပြောလိုက်သည်။

နစ်က ခေါင်းညိတ်လိုက်၏။

"ခင်ဗျားတို့ အိမ်အောက်က မိလ္လာပြွန်တွေထဲမှာ လူတစ်ယောက်က ငြမ်းစင်တစ်ခု ဆောက်ထားတာ။ ခင်ဗျားတို့ အိမ်အောက်မှာ လူတစ်ယောက်၊ ဒါမှမဟုတ် တစ်ခုခု ရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့ အချိန်မှာ ကျွန်တော် ကြမ်းပြင်ကို ဖောက်ချလိုက်ပြီး သူ့ကို တွေ့ခဲ့တာပဲ..."

ဖခင်ဖြစ်သူ၏ စိတ်ထဲတွင် မှတ်ဉာဏ်များစွာ ဖြတ်ပြေးသွားခဲ့၏။ ထို့နောက် သူ၏ ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများမှာ ဒေါသသက်သက်အဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။

ဘယ်ကမှန်းမသိတဲ့ ကောင်တစ်ကောင်က သူ့အိမ်အောက်မှာ လာနေပြီး သူ့ကို ဒီလောက်တောင် စိုးရိမ်ပူပန်အောင် လုပ်ခဲ့တယ်ပေါ့လေ။

"သူ ဘယ်မှာလဲ..."

ဖခင်ဖြစ်သူက အေးစက်စက် လေသံဖြင့် မေးလိုက်၏။

"သူ့ရဲ့ ငြမ်းစင် ကျိုးကျသွားပြီး မိလ္လာပြွန်ထဲ ပြုတ်ကျသွားတယ်..."

နစ်က ပြောလိုက်သည်။

"ပြီးတော့ ကပ်ပါးကောင် က သူ့ကို ချက်ချင်း ရှင်းလင်းပေးလိုက်တယ်..."

အမျိုးသားက ဒေါသတကြီးဖြင့် နှာမှုတ်လိုက်၏။

"ကံကောင်းသွားတဲ့ကောင်..."

သူက ရေရွတ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ခင်ဗျားကို ကျွန်တော် ကျေးဇူးတင်ရမှာပဲ..."

ထိုအမျိုးသားက ရိုသေလေးစားသော လေသံဖြင့် ပြောလိုက်၏။

"ခင်ဗျားသာ မရှိရင် ကျွန်တော့်အိမ်ကို ဆုံးရှုံးရလောက်တယ်..."

နစ်က ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။

"တကယ်လို့ စပက်တာ တွေနဲ့ ပတ်သက်နိုင်တဲ့ သတင်းအချက်အလက် တစ်ခုခုကို သိရရင် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဆက်သွယ်ပေးပါ... တကယ်လို့ ခင်ဗျားသာ တစ်ကောင်ကောင်ကို ရှာတွေ့ခဲ့မယ်ဆိုရင် ဒီနေ့ ကျွန်တော် ခင်ဗျားကို ကူညီခဲ့တာထက် အများကြီး ပိုပြီး ကူညီရာရောက်မှာပါ..."

"သေချာတာပေါ့..."

ထိုအမျိုးသားက သူ အတည်ပြောနေကြောင်း အလေးအနက်ထားသည့်အနေဖြင့် သူ၏ ရင်ဘတ်ကို တစ်ချက် ပုတ်ကာ ပြောလိုက်၏။

"ကျွန်တော့် လူတွေကိုလည်း စောင့်ကြည့်ခိုင်းထားလိုက်ပါ့မယ်..."

နစ်က ထပ်မံ ခေါင်းညိတ်လိုက်သည်။

"ကောင်းပါတယ်... ဒါနဲ့ နေပါဦး... ခင်ဗျားတို့ရဲ့ ဧည့်ခန်းတွေထဲက တစ်ခန်းမှာ ကြမ်းပြင်ကို ပြင်ဖို့ လိုလိမ့်မယ်..."

"အဲဒါ ပြဿနာ မဟုတ်ပါဘူးဗျာ..."

ထိုအမျိုးသားက ရယ်မောရင်း ပြောလိုက်၏။

"ထပ်ပြီးတော့ ကျေးဇူးတင်ပါတယ်..."

နောက်တစ်ခဏတွင် ထိုအမျိုးသားက သမီးဖြစ်သူကို ရှေ့သို့ အနည်းငယ် တွန်းပို့လိုက်သည်။

"ဒီလူကြီးကို ကျေးဇူးတင်ပါတယ် လို့ ပြောလိုက်လေ သမီးရဲ့..."

ကောင်မလေးသည် မျက်မှောင်ကြုတ်လိုက်သော်လည်း သူမ၏ မျက်နှာအမူအရာမှာ ခင်မင်ဖွယ်ကောင်းသော အပြုံးတစ်ခုအဖြစ် အလျင်အမြန် ပြောင်းလဲသွားခဲ့၏။ ထို့နောက် နစ်ကို ယဉ်ကျေးစွာ အရိုအသေပေးလိုက်သည်။

"အရမ်း ကျေးဇူးတင်ပါတယ်ရှင်..."

နစ်သည် နောက်ဆုံးအနေဖြင့် တစ်ချက် ခေါင်းညိတ်ပြလိုက်ပြီး ထွက်ခွာလာခဲ့၏။

စက္ကန့်အနည်းငယ် ကြာပြီးနောက် နစ်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။

'ပြီးတော့ ရှာဖွေရေးကို ဆက်လုပ်ရဦးမယ်...'

သူက စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် တွေးလိုက်၏။

'သုံးပတ်တောင် ရှိပြီ... သောက်ကျိုးနည်း သုံးပတ်တောင် ရှိနေပြီ... စပက်တာ တစ်ကောင်အတွက် သဲလွန်စတွေကို နောက်ဆုံးတော့ ငါ ဘယ်အချိန်လောက်မှ ရနိုင်မှာလဲ...'

နစ် လမ်းလျှောက်နေစဉ် ကပ်ပါးကောင် နှင့် သူ၏ တိုတောင်းသော စကားပြောဆိုမှုက စိတ်ထဲတွင် ဖြတ်ပြေးသွားခဲ့၏။

နစ်သည် တိတ်ဆိတ်စွာဖြင့် လမ်းလျှောက်နေခဲ့သည်။

'နောက်ထပ် အလောင်း ကိုးလောင်း ဟုတ်လား...'

နစ်သည် တွေးတောနေသော မျက်နှာထားဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်၏။

'ဒါက တကယ်ပဲ အဲဒီလောက် ဆိုးရွားနေလို့လား...'

'ငါ ဆိုလိုတာက သေသင့်သေထိုက်တဲ့ လူတွေ အများကြီး ရှိနေတယ် မဟုတ်ဘူးလား...'

'ဒီသေဆုံးမှုတွေဆီကနေ ငါ အကျိုးအမြတ် ရယူတာက အရမ်း ဆိုးရွားနေလို့လား...'

နစ်လည်း သေချာ မသိတော့ပေ။

နောက်ထပ် သီတင်းနှစ်ပတ် ကုန်ဆုံးသွားခဲ့ပြန်၏။

ယခုဆိုလျှင် နစ်သည် စပက်တာ တစ်ကောင်ကို ရှာဖွေနေခဲ့သည်မှာ သီတင်းခြောက်ပတ်ခန့်ပင် ရှိနေခဲ့ပြီ ဖြစ်သည်။

သို့တိုင်အောင် သူသည် သဲလွန်စတစ်ခုကိုမျှ မရရှိခဲ့သေးပေ။

လမ်းစအနည်းငယ် ရှိခဲ့သော်လည်း ၎င်းတို့ထဲမှ မည်သည့်အရာကမျှ အစစ်အမှန် စပက်တာ တစ်ကောင်ဆီသို့ ဦးတည်မနေခဲ့ပေ။

အမြဲတမ်းလိုလို လူတွေချည်းသာ ဖြစ်နေခဲ့၏။

'သေချာတာကတော့ အရင်တစ်ခေါက်က ငါ ကံကောင်းသွားခဲ့တာပဲ...'

ဈေးတန်းထဲတွင် အနားယူနေရင်း နစ်သည် သက်ပြင်းချကာ တွေးလိုက်သည်။

'ဒီထက်ပိုဆိုးတာက ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲမှာ စပက်တာ တစ်ကောင်ကို ရှာတွေ့သွားတဲ့ ဒုတိယမြောက် ဇီဖစ်စွမ်းအင် ထုတ်ယူသူ အဖွဲ့တစ်ဖွဲ့တောင် ရှိနေသေးတယ်...'

'တခြား ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ တွေက ငါ့ထက် စပက်တာ တွေကို ပိုပြီး အများကြီး ရှာတွေ့နေကြတယ်လို့ ငါ ခံစားရတယ်...'

'ဒါပေမယ့် ငါ နားလည်ပါတယ်... သူတို့မှာ စုံစမ်းစစ်ဆေးရေးမှူးတွေ ရှိနေပြီး ငါတို့ဆီမှာ ဘာမှမရှိတာကိုး...'

'အဲဒါကို ငါတို့ ဘယ်လိုလုပ် အမီလိုက်နိုင်မှာလဲ... တကယ်တော့ အရင်တစ်ခေါက်က စပက်တာ ကိုတောင် ငါကိုယ်တိုင် ရှာတွေ့ခဲ့တာမှ မဟုတ်တာ။ ဒရီမာ အကြောင်းကို စုံစမ်းစစ်ဆေးရေးမှူး တစ်ယောက်က ငါ့ကို ပြောပြခဲ့တာလေ...'

'ငါ့ဘာသာငါ ကိုယ်ပိုင်စွမ်းရည်နဲ့ရော စပက်တာ တစ်ကောင်ကောင်ကို ရှာတွေ့နိုင်ပါ့မလား...'

နစ်သည် ထပ်မံ၍ သက်ပြင်းချလိုက်ပြန်၏။

'သဲလွန်စမရှိဘဲ ခြောက်ပတ်တောင် ရှိနေပြီ...'

နစ်သည် သူ့အနီးမှ ဖြတ်လျှောက်သွားကြသော လူများကို ငေးကြည့်နေခဲ့သည်။ ယခုအခါတွင်မူ လူများသည် သူ့ကို ရှောင်ဖယ်ခြင်း မပြုကြတော့ပေ။ သူတို့သည် နစ် ရှိနေခြင်းကို အသားကျနေကြပြီ ဖြစ်၏။

'အနည်းဆုံးတော့ စပက်တာ တွေကို ဘယ်လိုရှာဖွေရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အတွေ့အကြုံ အများကြီး ငါ ရခဲ့ပါပြီ...'

'ဘယ်လို သဲလွန်စမျိုးက ရလဒ်ထွက်မလာနိုင်ဘူးလဲ ဆိုတာကို ငါ သိလာသလို လူတွေ စကားပြောလာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုလည်း ငါ သိလာခဲ့တယ်...'

‘နောက်ပြီး ဘယ်သူမှမရှိတဲ့ အချိန်တွေမှာ ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲက လူတွေ ဘာလုပ်တတ်ကြသလဲ ဆိုတာကို ငါ အများကြီး လေ့လာခွင့်ရခဲ့တယ်... ဂိုဏ်းတွေရဲ့ အတွင်းရေး လည်ပတ်ပုံတွေကိုတောင် ငါ သိလာခဲ့သေးတယ်...'

'တကယ်လို့ သဲလွန်စ တစ်ခုခုသာ ရှိနေခဲ့ရင် ငါ သေချာပေါက် ရနိုင်လောက်ပါတယ်...'

နစ်သည် နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်၏။

'ဒါပေမယ့် စုံစမ်းစစ်ဆေးရေးမှူး တွေထဲက တစ်ယောက်ယောက်က သဲလွန်စကို အရင် ရှာတွေ့သွားဖို့ တစ်ရက်တောင် မလိုဘူး... ပြီးတော့ သူတို့ရဲ့ လူအင်အားနဲ့ဆိုရင် အဲဒီ သဲလွန်စရဲ့ အောက်ခြေအထိ ချက်ချင်း လိုက်နိုင်ကြတယ်လေ...'

'စုံစမ်းစစ်ဆေးရေးမှူး တွေအားလုံးက နေ့တိုင်း တွေ့ဆုံကြပြီး သက်ဆိုင်ရာ သတင်းအချက်အလက်တွေကို စုဆောင်းကြတယ်... အဲဒါက ဆင်ခြေဖုံးရပ်ကွက်ကြီး ရဲ့ မြင်ကွင်းအပြည့်အစုံကို ဖန်တီးဖို့ ပိုပြီး လွယ်ကူသွားစေတယ်...'

'တစ်ချိန်တည်းမှာပဲ ငါက တစ်ယောက်တည်း ဖြစ်နေတော့ ဆင်ခြေဖုံးရပ်ကွက်ကြီး ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးကိုပဲ နေ့တိုင်း ကြည့်နိုင်တယ်...'

'ငါ တကယ်ကို စုံစမ်းစစ်ဆေးရေးမှူး အဖွဲ့တစ်ဖွဲ့ လိုအပ်နေပြီ...'

နစ်သည် သူ၏ လက်ရှိအခြေအနေကို စိတ်ပျက်အားငယ်မှု၊ မျှော်လင့်ချက် ကင်းမဲ့မှုတို့ဖြင့်သာ ဆက်လက် တွေးတောနေခဲ့၏။ နောက်ထပ် စပက်တာ တစ်ကောင်ကို ဘယ်လို ရယူရမလဲ ဆိုတာကို သူ လုံးဝ မသိတော့ပေ။

"ရပ်ပါတော့... တောင်းပန်ပါတယ်..."

နစ်၏ မျက်လုံးများက ဈေးတန်းဆီသို့ ဖြည်းညင်းစွာ ရွေ့လျားသွားခဲ့သည်။

"မင်း ပျော်စရာလေးတွေ မလုပ်ချင်ဘူးလား... လုပ်ပါကွာ... သိပ်ပြီးတော့ အချေမလုပ်စမ်းပါနဲ့..."

"ဟင့်အင်း၊ ထွက်သွားပါ... ကျေးဇူးပြုပြီး... ကျွန်မရဲ့ ပိုက်ဆံတွေကို ယူသွားလို့ ရပါတယ်..."

"မင်းရဲ့ ပိုက်ဆံကို မင်းပဲ သိမ်းထားလိုက်ပါ။ ငါက တခြားဟာကို လိုချင်တာ..."

နစ်သည် သက်ပြင်းသာ ချလိုက်လေသည်။

နောက်ထပ်မုဒိမ်းကျင့်မှုတစ်ခုပင်။

***

All Chapters