အခန်း ၇၈
Vol. 6 Ch. 78
အပိုင်း(၇၈)
နောက်ဆုံးတွင်တော့ သူတို့ လေးယောက်သည် ဈေးတန်းဆီသို့ ရောက်ရှိသွားကြသည်။ ထိုနေရာတွင် လူတစ်ယောက်မျှ မရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေ၏။
သဘာဝကျစွာပင် လူတစ်စု လာနေကြောင်းကို လူတိုင်း ကြားသိခဲ့ကြပြီး ပိုးဟပ်များကဲ့သို့ လူစုကွဲကာ ထွက်ပြေးသွားခဲ့ကြပြီ ဖြစ်သည်။
ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲတွင် မည်သူ့၌ မည်သို့သော အာဏာရှိနေပါစေ အရေးမကြီးပေ။
ကလေးများ၊ လူကြီးများ၊ ကုန်သည်များ၊ မုဒိမ်းကောင်များ၊ လူသတ်သမားများ၊ ဂိုဏ်းဝင်များ၊ သို့မဟုတ် မည်သူပင်ဖြစ်နေပါစေ... အစောင့်များ သို့မဟုတ် ဇီဖစ်စွမ်းအင် ထုတ်ယူသူ များ ရောက်လာချိန်တွင် လူတိုင်းသည် တန်းတူညီမျှ အကူအညီမဲ့ သွားကြရသည်သာ ဖြစ်၏။
နစ်သည် အစောင့် သုံးယောက်ကို ဦးဆောင်ကာ ဈေးတန်းကို ဖြတ်ကျော်လျက် အတော်လေး သေးငယ်သော လမ်းကြားလေး တစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။
လမ်းကြားမှာ အလွန် သေးငယ်လွန်းလှသဖြင့် အလောင်းသယ်ယာဉ်ပင် ဝင်ဆန့်ခြင်း မရှိပေ။
"ဒါကို ဒီမှာပဲ ထားခဲ့လို့ ရပါတယ်..."
နစ်က အလောင်းသယ်ယာဉ်ကို ဆွဲလာသူဘက်သို့ လှည့်ကာ ပြောလိုက်၏။ ထိုအစောင့်က ခေါင်းညိတ်ပြလိုက်ပြီး လမ်းကြားအဝင်ဝတွင် သူ၏ အလောင်းသယ်ယာဉ်နှင့်အတူ ရပ်လိုက်သည်။ ထို့နောက်... သူက အပြာရောင်ပုလင်းငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။
"တကယ်ကြီးလား... ဂျွန်နီ"
အစောင့် တစ်ဦးက စိတ်အနှောင့်အယှက်ဖြစ်စွာ မေးလိုက်သည်။
"ငါတို့ အခု အလုပ်လုပ်နေတာနော်...’
အစောင့်က အံကြိတ်လိုက်ပြီး ပုလင်းကို သူ့အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။
"တောင်းပန်ပါတယ် ဘော့စ်...”
"ဂျွန်နီ ဒီစွဲလမ်းမှုကို ထိန်းချုပ်ထားဖို့ တကယ်လိုအပ်တယ်... မင်းရဲ့ စွမ်းဆောင်ရည်ကို ငါ မထိခိုက်စေချင်ဘူး..."
"စိတ်မပူပါနဲ့ ဘော့စ်... ကျွန်တော် သိပါတယ်... တောင်းပန်ပါတယ်"
အစောင့်က ပြောသည်။ အခြား အစောင့်က သက်ပြင်းချလိုက်ပြီး နစ်ဘတ်သို့ လှည့်လိုက်သည်။
“ဒီအတွက် တောင်းပန်ပါတယ်...”
"အဆင်ပြေပါတယ်"
နစ်က အစောင့်နှစ်ယောက်ကို လမ်းကြား အတွင်းပိုင်းသို့ ခေါ်ဆောင်သွားရင်း ပြောလိုက်သည်။
သူတို့ ထွက်သွားသောအခါ ဂျွန်နီသည် အပြာရောင်ပုလင်းကို ထပ်မံထုတ်ယူပြီး အဆို့ကို ဖြုတ်လိုက်သည်။ နောက်တစ်ခဏတွင် သူသည် အောက်နှုတ်ခမ်းကို ကိုက်လိုက်ရာ သွေးစများ စတင်ထွက်လာသည်။ ထို့နောက် သူသည် သူ့လက်ချောင်းတစ်ချောင်းကို ပုလင်းထဲသို့ ထည့်ကာ အပြာရောင်ဖုန်မှုန့်အချို့ကို ဂရုတစိုက် ထုတ်ယူလိုက်ပြီး သူ့နှုတ်ခမ်း၏ သွေးထွက်နေသော အစိတ်အပိုင်းပေါ်တွင် တင်လိုက်သည်။
သူ့ခန္ဓာကိုယ်က နေရာမှာတင် တုန်ခါလာပြီး နာကျင်နေတဲ့ အမူအရာတစ်ခု မျက်နှာထက်တွင် ပေါ်လာခဲ့သည်။ သို့သော်လည်း... သူ့ မျက်နှာထက်တွင် နက်ရှိုင်းသည့် ပျော်ရွှင်မှုများလည်း ရှိနေခဲ့သည်။
တစ်မိနစ်ခန့် အကြာတွင်တော့ တုန်တက်နေသည့် သူ့ ခန္ဓာကိုယ်က ရပ်သွားခဲ့သည်။ သူ နှုတ်ခမ်းကို ထပ်ကိုက်လိုက်ပြီး အပြာရောင် ဖုန်မှုန့်များကို ထပ်သုတ်လိုက်ပြန်သည်။
ထိုအချိန်တွင် နစ်သည် သူ၏ နောက်မှ အစောင့်နှစ်ယောက်ကို ဦးဆောင်ကာ သာမန်ဟု ထင်ရသော အဆောက်အအုံတစ်ခု၏ သတိထားမိရန် ခက်ခဲသော နံရံတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့၏။
နစ်သည် ၎င်းကို အနည်းငယ် တွန်းကြည့်လိုက်သော်လည်း ရွေ့လျားသွားခြင်း မရှိပေ။ ဤနေရာမှာ ရိုက်ကာ စထရိုက်ကာ ဂိုဏ်း၏ ဌာနချုပ် ဝင်ပေါက်ပင် ဖြစ်သည်။
သဘာဝကျစွာပင် ဆင်ခြေဖုံးရပ်ကွက်ကြီး အတွင်း သီတင်းခြောက်ပတ်ကျော်ကြာ သတင်းအချက်အလက်များ စုဆောင်းပြီးနောက်တွင် နစ်သည် မတူညီသော ဂိုဏ်းအသီးသီး၏ ဌာနချုပ်များ ဘယ်နေရာတွင် ရှိသည်ကို သိရှိနေခဲ့ပြီ ဖြစ်၏။
'သော့ခတ်ထားတယ်...'
နစ်က ခံစားချက်ကင်းမဲ့စွာဖြင့် တွေးလိုက်သည်။
"နောက်ဆုတ်လိုက်ကြ..."
နစ်က ပြောလိုက်၏။
အစောင့်နှစ်ယောက်သည် နောက်သို့ ခြေနှစ်လှမ်းသုံးလှမ်းခန့် ဆုတ်လိုက်ကြသည်။
"နောက် လှည့်နေကြ... ငါ့ရဲ့စွမ်းရည်ကို မင်းတို့ကို မပြချင်လို့..."
နစ်က ထပ်ပြောလိုက်၏။
အစောင့်နှစ်ယောက်သည် အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီးနောက် တစ်ဖက်သို့ လှည့်သွားကြသည်။
စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်စွာ နေပြီးနောက် သူ၏စွမ်းရည် သက်ဝင်လာသည်ကို နစ်ခံစားလိုက်ရ၏။ နစ်သည် နှောင်းပိုင်း လူသစ် အဆင့် ဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်မှာ ပျမ်းမျှ လူသားယောက်ျားတစ်ယောက်ထက် ၃.၄ ဆခန့် ပိုမို အားကောင်းနေပြီ ဖြစ်သည်။ သူ၏ စွမ်းရည် သက်ဝင်နေချိန်တွင်မူ ၁၇ ဆခန့်အထိ ပိုမို အစွမ်းထက်လာမည် ဖြစ်၏။ ဆန္ဒရှိပါက နစ်သည် တစ်တန်ကျော် အလေးချိန်ရှိသော ကျောက်တုံးတစ်တုံးကို သူ၏ ခေါင်းပေါ်အထိ မတင်နိုင်ပေသည်။
သို့သော် ထိုသို့မလုပ်ဘဲ နစ်သည် သတ္တုပြား၏ ဘေးဘက်ကို ဖမ်းဆုပ်ကာ သူ၏ အစွမ်းကုန် အသုံးပြု၍ ဆွဲဖြုတ်လိုက်၏။
ဂျွတ်... ခွမ်း...
သတ္တုပြားပေါ်မှ ဝက်အူများနှင့် သံမှိုများ ပွင့်ထွက်သွားခဲ့၏။ ထို့နောက် သတ္တုပြားကြီးမှာ ဘေးဘက်သို့ လွင့်စင်သွားခဲ့သည်။
ထိုအသံမှာ အလွန် ပြင်းထန်ပြီး ကျယ်လောင်လွန်းလှ၏။ အစောင့်များ ထိုအသံကို ကြားလိုက်ရသောအခါ သူတို့၏ တစ်ကိုယ်လုံးမှာ တုန်လှုပ်မှုကြောင့် ဆတ်ကနဲ တုန်သွားခဲ့ကြသည်။ ၎င်းမှာ ဧရာမ အရာကြီးတစ်ခုက သတ္တုနံရံကြီးတစ်ခုကို ဖောက်ထွက်သွားသည့် အသံနှင့် တူနေခဲ့၏။
သူတို့နှစ်ယောက်သည် အလျင်အမြန် လှည့်ကြည့်လိုက်ကြသည်။ သို့သော် သူတို့ မြင်လိုက်ရသည်မှာ ပွင့်ဟနေသော စင်္ကြံလမ်းတစ်ခုရှေ့၌ ရပ်နေသော နစ်ကိုသာ ဖြစ်၏။
နံရံပေါ်ရှိ သေးငယ်သော အပေါက်များစွာနှင့် ဘေးဘက်ရှိ ကွေးကောက်နေသော သတ္တုပြားကြီးကို မြင်လိုက်ရသောအခါ သူတို့ နှစ်ယောက်စလုံး သွားများကြားမှ လေကို ပြင်းပြင်း ရှူသွင်းလိုက်မိကြသည်။ သူတို့အနေဖြင့် ဤကဲ့သို့သော အရာမျိုးကို လုပ်နိုင်မည် မဟုတ်ပေ။ သူတို့သည် အစောင့်များ ဖြစ်ကြသော်လည်း သာမန် လူသားများသာ ဖြစ်ကြသေး၏။
ဇီဖစ်စွမ်းအင် ထုတ်ယူသူ များသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို သူတို့ နောက်တစ်ကြိမ် သတိရသွားခဲ့ကြပြန်သည်။
နစ်သည် ဖွင့်ထားသော စင်္ကြံလမ်းဆီသို့ မေးငေါ့ကာ အချက်ပြလိုက်ပြီး အထဲသို့ ဝင်သွားခဲ့၏။ အစောင့်နှစ်ယောက်သည် နောက်တစ်ကြိမ် လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ နောက်မှ လိုက်သွားခဲ့ကြသည်။
ကံကောင်းစွာဖြင့် ဤဇီဖစ်စွမ်းအင် ထုတ်ယူသူ သည် သူတို့၏ ရန်သူ မဟုတ်ပေ။
အထဲသို့ ဝင်ရောက်ပြီး မကြာမီမှာပင် အရပ်ရှည်ရှည် လူနှစ်ယောက်သည် စင်္ကြံလမ်း ဘေးဘက်ရှိ တံခါးများထဲမှ တစ်ခုကို ဖွင့်ကာ ထွက်လာခဲ့ကြ၏။
သူတို့၏ ခန္ဓာကိုယ်တွင် အဝတ်အစားများ မရှိသလောက် နည်းပါးနေခြင်းကို ကြည့်ခြင်းအားဖြင့် သူတို့သည် ယခုအချိန်အထိ အိပ်ပျော်နေခဲ့ကြသည်ကို နစ်ခန့်မှန်းသိရှိနိုင်ခဲ့သည်။
"ဘာတွေ ဖြစ်နေ..."
ဘုန်း...
ပထမလူ စကားမဆုံးခင်မှာပင် နစ်သည် သူ့ မျက်နှာဆီသို့ လက်ကို ပေါ့ပေါ့ပါးပါးပင် ဆန့်ထုတ်လိုက်ပြီး သူ၏ခေါင်းကို သတ္တုနံရံနှင့် ဆောင့်ပစ်လိုက်၏။
ဂျွတ်...
တစ်ခုခု ပြင်းပြင်းထန်ထန် ကျိုးကြေသွားသည့် အသံကျယ်ကြီးက စင်္ကြံလမ်း တစ်လျှောက် ပဲ့တင်ထပ်သွားခဲ့၏။
အခြားလူ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားခဲ့သည်။ သူသည် ရှည်လျားသော သတ္တုပိုက်လုံး တစ်ခုကို ချက်ချင်း ထုတ်ယူလိုက်ပြီး ထိတ်လန့်တကြားဖြင့် သူ၏ အရှေ့တွင် မြှောက်ကိုင်ထားလိုက်၏။
နစ်သည် သူ၏ အရှေ့သို့ အလျင်အမြန် ရောက်ရှိသွားပြီး ပိုက်လုံးကို ဖမ်းဆုပ်လိုက်သည်။ ထိုလူသည် ဘီလူးကြီး တစ်ကောင်က ပိုက်လုံးကို ဘေးဘက်သို့ တွန်းဖယ်နေသလို ခံစားလိုက်ရ၏။
နောက်တစ်ခဏတွင် နစ်သည် ထိုလူ၏ ပခုံးကို ဖမ်းဆုပ်ကာ မြေပြင်ပေါ်သို့ ဆောင့်တွန်းချလိုက်သည်။
ထိုလူသည် ခုခံရန်ပင် မတတ်နိုင်ခဲ့ပေ။
ထိုလူသည် ဆင်ခြေဖုံးရပ်ကွက်ကြီး ၏ စံနှုန်းများအရ အတော်လေး ကြီးမားပြီး အစွမ်းထက်သူ ဖြစ်၏။ ဆိုလိုသည်မှာ သူသည် ခန္ဓာကိုယ် အဆီအချိုးအစား နည်းပါးပြီး ကိုယ်အလေးချိန် ၈၅ ကီလိုဂရမ်ခန့် ရှိသူ ဖြစ်သည်။ ထိုအချက်က သူ့ကို ပုံမှန် လူသားများ၏ စံနှုန်းအရ ပျမ်းမျှထက် အနည်းငယ် ပိုနေစေခဲ့သည်။
ပြီးတော့ နစ်ကရော...
အကယ်၍ ထိုလူကို စံနှုန်းတစ်ခုအနေဖြင့် ထားပြီး နှိုင်းယှဉ်ရမည်ဆိုလျှင် နစ်သည် ခန္ဓာကိုယ် အဆီအချိုးအစား နည်းပါးပြီး ကိုယ်အလေးချိန် ၂၄၀ ကီလိုဂရမ်ခန့် ရှိသော လူတစ်ယောက်နှင့် တူညီနေမည် ဖြစ်၏။
ထိုပမာဏမှာ သာမန် လူသားတစ်ယောက် သူ၏ ဘဝတစ်လျှောက်လုံးတွင် မည်သည့်အခါမျှ မရရှိနိုင်သော ကြွက်သားပမာဏ ဖြစ်သည်။
အရပ် ၂၁၀ စင်တီမီတာကျော် ရှိနေချိန်တွင် ရက်စက်ကြမ်းကြုတ်သော လေ့ကျင့်မှုများကို တစ်သက်တာလုံး ပြုလုပ်ပြီးမှသာ ရရှိကောင်း ရရှိနိုင်မည့် အရာမျိုး ဖြစ်၏။
သို့တိုင်အောင် ထိုစွမ်းအားများ အားလုံးသည် အရပ် ၁၇၅ စင်တီမီတာခန့်သာ ရှိသော ခန္ဓာကိုယ်လေးထဲတွင် စုစည်းနေခဲ့ခြင်း ဖြစ်သည်။
အများကြီး မစဉ်းစားဘဲ ကြည့်မည်ဆိုလျှင် သာမန် ယောက်ျားတစ်ယောက်ထက် ၃.၄ ဆ ပိုမို အားကောင်းနေခြင်းက သိပ်ပြီး အထင်ကြီးစရာ ကောင်းပုံ မရပေ။ သို့သော် တကယ့် ကိန်းဂဏန်းများဖြင့် တွက်ချက်ကြည့်သောအခါတွင်မူ ၎င်းသည် တကယ်ကို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား ပမာဏတစ်ခု ဖြစ်နေခဲ့သည်။
ထိုလူ မြေပြင်ပေါ်သို့ လဲကျသွားသည်နှင့် တစ်ပြိုင်နက် နစ်သည် သူ၏ ခေါင်းကို ဖမ်းဆုပ်ကာ ပြင်းထန်သော အရိုးကျိုးသံများ မကြားရမချင်း လိမ်ချိုးပစ်လိုက်၏။
နစ်သည် လူသတ်ရခြင်းကို အသားမကျသေးပေ။ သို့သော် လူတစ်ယောက်ကို သတ်ရန် အရေးကြီးသော နေရာများတွင် လုံလောက်သော အရိုးကျိုးမှုများ ဖန်တီးရန်သာ လိုအပ်ကြောင်းကိုတော့ သူ သိရှိထားခဲ့သည်။
နစ်သည် အလောင်း တစ်လောင်းကို ဆွဲယူကာ အဝင်ဝဘက်သို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေါက်လိုက်၏။
အစောင့်နှစ်ယောက်သည် အလောင်းကို မျက်ခုံးများ ပင့်လျက် ကြည့်ရင်း ဘေးသို့ ရှောင်ဖယ်လိုက်ကြသည်။
"အလောင်းတွေကို စောင့်ကြည့်ထား..."
နစ်က ပြောလိုက်၏။
"အာ... ဟုတ်ကဲ့..."
အစောင့်များထဲမှ တစ်ယောက်က သူ၏ ခြေရင်းရှိ အလောင်းကို ဆက်ကြည့်နေရင်း စိတ်လွင့်မျောစွာဖြင့် ပြန်ဖြေလိုက်သည်။
***