← Chapters

အခန်း ၈၂

Vol. 6 Ch. 82

အခန်း ၈၂

Vol. 6 Ch. 82

အပိုင်း(၈၂)

ဂိုဒေါင်၏ နောက်ဘက်အနီးတွင် ဝင်တာရပ်တန့်လိုက်သည်။

ဝင်တာသည် ဒူးထောက်ထိုင်ချလိုက်ပြီး မြေပြင်ပေါ်ရှိ တောက်ပနေသော သတ္တုပြားတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

"ဒါကို လျှို့ဝှက်ချက်အနေနဲ့ ထားချင်တဲ့အတွက် ရေဆိုးမြောင်းတွေဆီ အလွယ်တကူ သွားလို့ရမယ့်လမ်း လုပ်ပေးဖို့ တခြားလူကို ငါ အပ်လို့မရဘူး... အဲ့ဒီတော့ ဒါကို မင်း ကိုယ်တိုင်ပဲ လုပ်ရလိမ့်မယ်..."

"ဂိုဒေါင်ရဲ့ ပုံစံကြမ်းကို ငါ ကြည့်ပြီးသွားပြီ... အရေးကြီးတဲ့ ပိုက်တွေ၊ ကေဘယ်ကြိုးတွေ ဘယ်နေရာတွေကနေ ဖြတ်သွားတယ်ဆိုတာကိုလည်း ငါ တွေ့ခဲ့တယ်... ဒီနေရာရဲ့ အောက်မှာ အရေးကြီးတာ ဘာတစ်ခုမှ မရှိနိုင်ဘူး... အဲ့ဒါကြောင့် ဒီနေရာကို ရေဆိုးမြောင်းတွေရဲ့ အဝင်ပေါက်အဖြစ် ငါ လုပ်ချင်တာပဲ..."

နစ်သည် ခေါင်းညိတ်ပြပြီး သတ္တုပြားရှိရာသို့ လျှောက်သွားလိုက်သည်။

"ဂိုဒေါင် ခိုင်ခံ့စေဖို့အတွက် ဝက်အူတွေကို သတ္တုပြားတွေပေါ်မှာ ဂဟေဆော်ထားတယ်... အဲ့ဒါက ဝက်အူတွေကို ဖြုတ်ပစ်ဖို့ မဖြစ်နိုင်သလောက်ကို ဖြစ်သွားစေတာပဲ..." ဝက်အူတစ်ခုကို လက်ညှိုးထိုးပြရင်း ဝင်တာက ပြောလိုက်သည်။

"မကျိုးပဲ့သွားစေဘဲ အဲ့ဒါတွေကို မင်း ဆွဲနုတ်ပေးစေချင်တယ်... ဘာအရာယွင်းမှ မကျန်ခဲ့စေချင်ဘူး..."

နစ်က ခေါင်းညိတ်ပြလိုက်သည်။

"ရတယ်လေ..."

ဝင်တာသည်လည်း ခေါင်းညိတ်ပြလိုက်ပြီး နစ်ကို အလုပ်ဆက်လုပ်ရန် ထားခဲ့လေသည်။

ဤအရာအတွက် နစ်သည် သူ၏ စွမ်းရည်ကို အသက်သွင်းထားရန် လိုအပ်ပေသည်။

နောက်ထပ် မိနစ်သုံးဆယ်ခန့်အကြာတွင် နစ်သည် ဝက်အူများကို ဂရုတစိုက် ဖယ်ရှားနိုင်ခဲ့၏။

၎င်းတို့၏ အနားသတ်များကို ဖုံးအုပ်ထားသော ဂဟေများကို မပျက်စီးစေဘဲ ဖယ်ရှားရန်မှာ အလွန် ခက်ခဲလှပေသည်။

သို့တိုင်အောင် နစ်သည် ဂရုတစိုက် လှည့်ပေးခြင်းဖြင့် သတ္တုပြားပေါ်မှ ဖယ်ရှားရာတွင် ဝက်အူများပေါ်ရှိ ဂဟေများကို မပျက်စီးစေရန် ထိန်းသိမ်းနိုင်ခဲ့သည်။

သူ လုပ်ဆောင်ပြီးစီးသွားသောအခါ ဝင်တာကို ပြန်ခေါ်လိုက်ရာ သူက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလေသည်။

"ကောင်းတယ်..."

ဝင်တာက ပြောလိုက်သည်။

"ကဲ... အခု အဲ့ဒါကို ဖြည်းဖြည်းချင်း ဖယ်လိုက်တော့..."

နစ်သည် ဝက်အူအားလုံးကို တစ်ခုချင်းစီ ဖယ်ရှားလိုက်ပြီး ဘေးဘက်သို့ ဂရုတစိုက် ဖယ်ထားလိုက်၏။

ထို့နောက် သူသည် သတ္တုပြားကို ဖြည်းညင်းစွာ မ,ချီလိုက်သည်။

ထိုသတ္တုပြားမှာ ထိုမျှလောက် မလေးလံလှပေ။ ထို့ကြောင့် နစ်သည် သူ၏စွမ်းရည်ကို အသုံးပြုရန် မလိုအပ်ခဲ့ခြင်း ဖြစ်၏။

သတ္တုပြားကို ဖယ်ရှားပြီးနောက်တွင် နစ်သည် နောက်ထပ် သတ္တုပြား အခင်းအကျင်းတစ်ခုပါရှိသော သေးငယ်မှောင်မိုက်သည့် နေရာလွတ်တစ်ခုကို မြင်တွေ့လိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် ဒုတိယမြောက် သတ္တုပြားများကို ဂဟေဆော် ပိတ်မထားခဲ့ပေ။ သို့သော် ထိုသတ္တုပြားများမှာ များစွာပို၍ ကြီးမားပြီး လေးလံနေခဲ့သည်။

သတ္တုပြား တစ်ခုစီတိုင်းမှာ ကီလို လေးရာကျော် အလေးချိန်ရှိပေသည်။

နစ်၏ စွမ်းရည်ကို ပြန်လည်အသက်သွင်းနိုင်စေရန် ဝင်တာက ထွက်သွားပေးခဲ့၏။ နောက်ထပ် ဆယ်မိနစ်ခန့်အကြာတွင် နစ်သည် ဧရာမသတ္တုပြားကြီးများထဲမှ တစ်ခုကို ဖယ်ရှားနိုင်ခဲ့လေသည်။

သတ္တုပြားကို ဘေးဘက်သို့ တွန်းဖယ်လိုက်သည်နှင့် တစ်ပြိုင်နက် ရေဆိုးမြောင်းများထံမှ ဆိုးရွားလှသော အပုပ်နံ့ကြီးသည် ဂိုဒေါင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

'ငါတို့ ဒီအပုပ်နံ့ကို ရှင်းရလိမ့်မယ်...'

နစ်တွေးလိုက်သည်။

'ကံကောင်းတာက အခု ဒီမှာ ဘယ်သူမှ မရှိနေလို့ပဲ...'

နစ်သည် ဝင်တာကို ပြန်လည်ခေါ်လိုက်၏။ ဝင်တာသည် ရွံရှာဖွယ်ကောင်းလှသော အမည်းရောင် တွင်းနက်ကြီးကို မြင်လိုက်ရသောအခါ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်လေသည်။

သူတို့သည် ဆင်ခြေဖုံး ရပ်ကွက်ကြီး အတွင်းမှာ မဟုတ်သောကြောင့် ရေဆိုးမြောင်းများအတွင်းသို့ အလင်းရောင် ဝင်ရောက်နိုင်မည့် ရေမြောင်းဖုံးများ မရှိခဲ့ပေ။ ၎င်းက ဂိုဒေါင်အောက်ရှိ ရေဆိုးမြောင်းများမှာ လုံးဝ မှောင်မည်းနေသည်ဟု ဆိုလိုခြင်းပင် ဖြစ်၏။

ကံကောင်းစွာဖြင့် ဂိုဒေါင်၏ မျက်နှာကြက်တွင် အပေါက်ငယ်လေးများစွာ ရှိနေသောကြောင့် ဂိုဒေါင်မှ အလင်းရောင်များသည် ရေဆိုးမြောင်းများဆီသို့လည်း ရောက်ရှိသွားခဲ့သည်။ အဆုံးအစမဲ့ မှောင်မိုက်နေပုံပေါ်သော နေရာ၌ သီးသန့် အလင်းတန်းတစ်ခုကို ဖန်တီးပေးနေသကဲ့သို့ပင်။

"သူ့ကို ခေါ်လိုက်တော့..."

ဝင်တာက ပြောလိုက်သည်။

နစ်က ခေါင်းညိတ်ပြလိုက်၏။

"ဟေး... ပါရာဆိုက်..."

နစ်က အော်ပြောသလို လေသံဖြင့် ခေါ်လိုက်သည်။

"ငါတို့ရဲ့ အရောင်းအဝယ်ကိစ္စအတွက် ငါ ဒီကို ရောက်နေပြီ..."

တိတ်ဆိတ်မှုက ကြီးစိုးနေသည်။ ဘာသံမှ ထွက်မလာခဲ့ပေ။ မည်သည့်အဖြေမှလည်း ပြန်မရခဲ့ချေ။

နစ်သည် မျက်မှောင်ကြုတ်လျက် ဝင်တာကို လှမ်းကြည့်လိုက်သည်။

ဗွမ်း…

နောက်ဆုံးတွင် သူတို့၏ အောက်ဘက်မှ ရေပက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည် အောက်ဘက်ရှိ ရေထဲမှ ကြွက်တစ်ကောင်၏ ခေါင်းပြူထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။

"ဒါက တန်ဖိုးရှိဖို့တော့ လိုမယ်..."

ထိုကြွက်က ပြောလိုက်သည်။

"ထာဝရတည်ရှိသူ ရဲ့ နယ်မြေကို ဖြတ်ပြီး ခန္ဓာကိုယ်တစ်ခုကို ယူလာဖို့က စွမ်းအင်တွေ အများကြီး ကုန်တယ်..."

စပက်တာများကို အိပ်မက်ဆိုး စပက်တာက ပစ်မှတ်မထားသော်လည်း ၎င်းတို့၏ လက်ပါးစေများကမူ ပစ်မှတ်ထားခံရပေသည်။

သို့သော်လည်း ပါရာဆိုက် ကဲ့သို့ အင်အားကြီးမားသူတစ်ဦး၌ သူ၏လက်ပါးစေကို အမှောင်ထုစင်္ကြံလမ်းအတွင်းမှ ဖြတ်သန်းခေါ်ဆောင်နိုင်မည့် နည်းလမ်းအချို့ ရှိနေခဲ့၏။

"ငါ့ဆီမှာ အလောင်း ကိုးလောင်း ရှိတယ်..."

နစ်က ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ ကြွက်သည် အတော်လေး အံ့သြသွားပုံပေါ်သည်။

"မင်းဆီမှာ တကယ်ရှိတာလား..."

၎င်းက အံ့သြတကြီး မေးလိုက်၏။

နစ်က ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်... ငါ့ဆီမှာ ရှိတယ်... ဒါပေမဲ့ ငါ တကယ် ကိုင်တွယ်နိုင်မယ့် အသုံးဝင်တဲ့ စပက်တာ တစ်ကောင်ရဲ့ တည်နေရာကို ငါ လိုချင်တယ်..."

"ရတာပေါ့... ရတာပေါ့..."

ကြွက်က အလျင်စလို ပြောလိုက်သည်။

"မင်းကို ဘယ်ကောင်ပေးရမလဲဆိုတာ ငါ အတိအကျ သိပြီးသားပါ... ပြီးတော့ မင်း ဒါကို သေချာပေါက် သဘောကျလိမ့်မယ်ဆိုတာ ငါ လုံးဝ ယုံကြည်တယ်..."

နစ်သည် မျက်မှောင်ကြုတ်လိုက်ပြီး ဝင်တာကို လှမ်းကြည့်လိုက်သည်။

ဝင်တာက ခေါင်းညိတ်ပြ၏။

"ကောင်းပြီ..."

နစ်က ပြောလိုက်သည်။

"ဒါဆို ငါတို့ အလောင်းတွေကို ဒီထဲမှာပဲ ပစ်ချပေးလိုက်ရမလား..."

"ဟင်း... တခြားတစ်နေရာရာကနေ ပစ်ချပေးလို့ မရဘူးလား..."

ကြွက်က မေးလိုက်သည်။

"ဒီလောက်များတဲ့ ငါ့ရဲ့ လက်ပါးစေတွေကို ဒီကို ရောက်လာအောင် ခေါ်ရတာက စွမ်းအင်တွေ အများကြီး ကုန်လို့ပါ..."

"မရဘူး... အဲ့ဒီလို လုပ်လို့မရဘူး..."

ဝင်တာက ဘေးမှ ဝင်ပြောလိုက်သည်။

"မင်းကို ဘယ်သူမှ ကူညီခွင့်မရှိဘူးဆိုတာ မင်းက တခြားသူတွေထက် ပိုသိပါတယ်... ငါတို့က ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်နေတာရယ်၊ စပက်တာ အများစုက အလောင်းတွေကို လိုအပ်တယ်ဆိုတာရယ်ကြောင့် အလောင်းတွေကို ဒီနေရာဆီ ယူလာတာက တရားမျှတတဲ့ အကြောင်းပြချက် ရှိနေတယ်... ဒါပေမဲ့ တခြားတစ်နေရာရာကို ယူသွားဖို့ကတော့ တရားမျှတတဲ့ အကြောင်းပြချက် မရှိဘူး..."

"မလိုအပ်ဘဲနဲ့ ငါ့ရဲ့ စီးပွားရေးကို စွန့်စားပြီး မလုပ်နိုင်ဘူး..."

ကြွက်သည် လုံးဝ ကျေနပ်နေပုံ မပေါ်ချေ။

"အလောင်းတွေကို စားသုံးဖို့အတွက် လုံလောက်တဲ့ ငါ့ရဲ့ လက်ပါးစေတွေကို ဒီနေရာဆီ ခေါ်လာမယ်ဆိုရင် အလောင်းတွေဆီကနေ ပြန်ရမယ့် အရင်းအမြစ်တွေရဲ့ ၃၀ ရာခိုင်နှုန်းကျော်ကို ငါ အသုံးပြုပစ်လိုက်ရလိမ့်မယ်... အဲ့ဒါက အလောင်း ကိုးလောင်းအစား ခြောက်လောင်းပဲ ရလိမ့်မယ်လို့ ဆိုလိုတာပဲ... အဲ့ဒီတော့ ဒီအရောင်းအဝယ် မျှတသွားအောင် ငါ့ဘက်က နောက်ထပ် အလောင်း လေးလောင်း ဒါမှမဟုတ် ငါးလောင်းလောက် ထပ်လိုအပ်လိမ့်မယ်..."

ကြွက်က ပြောလိုက်သည်။

"အလောင်းတွေကို မင်း ဘယ်လို သယ်ယူမလဲဆိုတာ ငါတို့ရဲ့ ပြဿနာ မဟုတ်ဘူး..."

ဝင်တာက ပြောလိုက်သည်။

"မင်း ကမ်းလှမ်းမှု လုပ်ခဲ့တုန်းက အလောင်းတွေကို ရေဆိုးမြောင်းတွေထဲ ပစ်ချပေးဖို့ပဲ လိုတယ်လို့ မင်း ပြောခဲ့တယ်လေ... ဘယ်အချိန် ဘယ်နေရာမှာ လုပ်ရမယ်ဆိုတာကို မင်း တိတိကျကျ မပြောခဲ့ဘူး..."

"မင်းရဲ့ ကမ်းလှမ်းမှုအရဆိုရင် ရေဆိုးမြောင်းရဲ့ နယ်မြေထဲမှာ ရှိနေသရွေ့ ငါတို့က အလောင်းတွေ အားလုံးကို တစ်ပြိုင်နက်တည်း မင်းကို အသိပေးစရာမလိုဘဲ အမှောင်ထုသက်သက်ရှိတဲ့ တွင်းနက်ကြီးတစ်ခုထဲကို ပစ်ချလိုက်လို့တောင် ရသေးတယ်..."

"ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းရဲ့ သယ်ယူပို့ဆောင်ရေး ပြဿနာတွေက ဒီညှိနှိုင်းမှုနဲ့ သက်ဆိုင်ခြင်း မရှိဘူး..."

ဝင်တာက ပြောလိုက်၏။ ထိုစကားများကို ကြွက်သည် လုံးဝ သဘောမကျခဲ့ပေ။

"နောက်ထပ် အလောင်း လေးလောင်းကို အမြန်မယူလာချင်ရုံလေးနဲ့ပဲ စပက်တာ တစ်ကောင်ကို မင်းတို့ လက်လွှတ်ခံတော့မလို့လား..."

ကြွက်က မေးလိုက်သည်။

"မင်းကကော..."

ဝင်တာက ပြန်ဖြေလိုက်သည်။

"မင်းကသာ ကတိဖျက်မယ့်လူ ဖြစ်နေတာ..."

"ငါ ကတိဖျက်နေတာ မဟုတ်ဘူး..."

ပါရာဆိုက် သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

"မင်းတို့က တကယ့်လက်တွေ့မှာ အလောင်း ကိုးလောင်းအစား ခြောက်လောင်းပဲ ငါ့ကို ပေးနေတာလေ... မင်းတို့ ငါ့ကို လိမ်ညာနေတာပဲ..."

"ငါတို့ လိမ်နေတာ မဟုတ်ဘူး..."

ဝင်တာသည် တည်ငြိမ်သော်လည်း ပြတ်သားစွာဖြင့် ပြန်ဖြေလိုက်သည်။

"ငါတို့က အလောင်းတွေကို ရှာဖွေပေးတဲ့သူတွေ ဖြစ်ပြီး လက်ကားဈေးနဲ့ ရောင်းချနေတာ... တကယ့် ကုန်သည်တွေက ယေဘုယျအားဖြင့် ဘာလို့ ၃၀ ရာခိုင်နှုန်း ပိုတောင်းကြလဲဆိုတဲ့ အကြောင်းပြချက် ရှိတယ်... တကယ်လို့ မင်းက ဒီအလောင်းတွေကို မင်းရဲ့ ဖောက်သည်တွေဆီ ပြန်ရောင်းမယ်ဆိုရင် အလောင်း ကိုးလောင်းရဲ့ တန်ကြေးကို သူတို့ဆီကနေ ပြန်ရလိမ့်မယ်..."

"မင်း ဘာတွေ လာပြောနေတာလဲ..."

ကြွက်က အော်ဟစ်လိုက်သည်။

"ငါက စောက်ကုန်သည်မှ မဟုတ်တာ..."

"အဲ့ဒီတော့ ဘာဖြစ်လဲ..."

ဝင်တာက ပြန်ဖြေသည်။

"ငါတို့က ဒီအလောင်းတွေကို ထုတ်လုပ်ပေးတဲ့သူတွေပဲ... အဲ့ဒါတွေကို မင်းက ပိုများတဲ့ဈေးနဲ့ မရောင်းချင်ဘူးဆိုရင်တော့ အဲ့ဒါ ငါတို့ရဲ့ ပြဿနာ မဟုတ်ဘူး... အရောင်းအဝယ် သဘောတူညီချက်ကတော့ အတည်ပဲ... ကဲ... မင်း ဒီအလောင်းတွေကို အခုချက်ချင်း လိုချင်သလား..."

ကြွက်မှာ ဒေါသထွက်လွန်း၍ သေတော့မည့်အတိုင်း ဖြစ်နေလေသည်။

"ကောင်းပြီလေ..."

၎င်းက အော်ပြောလိုက်၏။

"ဒါပေမဲ့ နောင်တစ်ချိန်အတွက် ဒီကိစ္စကို ငါ မှတ်ထားမယ်..."

"ဒီသဘောတူညီချက်ကို ဖြည့်ဆည်းပြီးသွားရင် ငါတို့ကို ကမ်းလှမ်းမှုအသစ်တစ်ခု လွတ်လွတ်လပ်လပ် ထပ်လုပ်လို့ ရပါတယ်..."

ဝင်တာက တည်ငြိမ်စွာ ပြန်ဖြေသည်။

"လောလောဆယ် စပက်တာ တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရယူဖို့အတွက် မင်းက ငါတို့ရဲ့ အကောင်းဆုံး ရွေးချယ်စရာ ဖြစ်ကောင်းဖြစ်နေလိမ့်မယ်... ဒါပေမဲ့ မင်းရဲ့ ကမ်းလှမ်းမှုက ငါတို့အတွက် အရမ်း အကျိုးယုတ်စေမယ်ဆိုရင်တော့ ဒီနေရာကို မင်း ဆုံးရှုံးသွားလိမ့်မယ်..."

"တစ်ချိန်ချိန်ကျရင် စုံစမ်းရေးအဖွဲ့တစ်ခု ဖွဲ့စည်းတာ ဒါမှမဟုတ် တခြား ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ တွေဆီကနေ စပက်တာ တွေကို ဝယ်ယူတာက မင်းရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံတာထက် ကုန်ကျစရိတ် ပိုသက်သာကောင်း သက်သာနိုင်တယ်..."

"အရာအားလုံးက မင်းအပေါ်မှာပဲ မူတည်ပါတယ်..."

ဝင်တာက ပုံမှန်လေသံဖြင့် ပြောလိုက်သည်။ ကြွက်သည် ဘာစကားမျှမဆိုဘဲ စက္ကန့်အနည်းငယ်ကြာမျှ ဝင်တာကို စူးရဲစွာ စိုက်ကြည့်နေခဲ့၏။

"အဖေနဲ့တူတဲ့ သားပဲ..."

ကြွက်က ညည်းတွားလိုက်သည်။

"ကောင်းပြီလေ..."

"ငါ့ကို မိနစ်အနည်းငယ်လောက် အချိန်ပေး..."

"ရတာပေါ့..."

ဝင်တာက ပြန်ဖြေလိုက်ပြီးနောက် မှောင်မည်းနေသော အပေါက်ကြီးထံမှ အကြည့်လွှဲလိုက်သည်။

***

All Chapters