ငါ့မှာ ဗလာနန်းဆောင် သုံးခုရှိတယ်....
Vol. 1 Ch. 1
ရှနိုင်ငံတော်၏ ထျန်ရှုစီရင်စု......
ဇွန်လ၏ ပူပြင်းလှသော နေရောင်သည် နန်ဖန်းမြို့တော်ပေါ်သို့ ပူရှိန်ကဲစွာကျရောက်နေ၏။
နန်ဖန်းကျောင်းတော်၏ ကြီးမားကျယ်ပြန့်လှသောလေ့ကျင့်ကွင်းထဲတွင် ငယ်ရွယ်ပျိုမြစ်သော မျက်နှာများစွာကို မြင်တွေနိုင်သည်။ကျောင်းသား၊ ကျောင်းသူများသည် လေ့ကျင့်ရေး ကိရိယာများကို ကိုင်ထားကြပြီး ကြာပန်းပုံသဏ္ဍာန်အနေအထားဖြင့် ထိုင်နေကြ၏.....
စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်းဖွဲ့ထိုင်နေကြသော ကျောင်းသား၊ ကျောင်းသူများ၏ အကြည့်များသည် စက်ဝိုင်း၏ အလယ်ဗဟိုတွင် အရှိန်ပြင်းစွာ တိုက်ခိုက်နေကြသော လူငယ်နှစ်ဉီးထံတွင် ကပ်ငြိနေကြသည်။
၎င်းတို့နှစ်ဉီးကိုင်ဆောင်ထားသော သစ်သားဓားများ ထိခတ်သောအခါ ထွက်ပေါ်လာသည့် အသံများသည် လေ့ကျင့်ကွင်းအတွင်း ပဲ့တင်ထပ်နေသည်။
တိုက်ခိုက်နေသူ နှစ်ဉီးစလုံးသည် အသက် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ခန့်သာ ရှိသော ငယ်ရွယ်သူများဖြစ်ကြသည်။ ညာဘက်မှ လူငယ်သည် ခန္ဓာကိုယ်ပိန်းပါးကာ ချောမောသည့်အပြင် ဖျတ်လက်တက်ကြွသော မျက်ဝန်းတစ်စုံရှိသည့် ရည်မွန်သူ တစ်ဉီးဖြစ်၏။ ခန့်ညားလှသည့် သားရေထည်ဝတ်စုံအား ဝတ်ဆင်ထားသည့် ထိုလူငယ်လေးသည် ရှက်သွေးဖြာနေသော မိန်းမပျိုလေးများ၏ အကြည့်များကို ဖမ်းစားထားနိုင်ခဲ့သည်။
" ကြိုးစားထား လီလော့......"
သွက်လက်သောမိန်းမပျိုလေးအချို့သည် ထိုသို့ အော်ဟစ်အားပေးနေကြသည်။
လီလော့၏ ပြိုင်ဘက်သည် လူငယ်တစ်ဉီးဖြစ်သော်လည်း တောင့်တင်းသန်မာသူတစ်ဉီးဖြစ်သည်။ထိုလူငယ်သည် အသားရည်မည်းနက်သည့်အပြင် ရက်စက်ကြမ်းကြုတ်သောမျက်နှာထားရှိသည့်အတွက် နှစ်ဉီးသား၏ တိုက်ပွဲသည် လူတစ်ဉီးနှင့် ဝက်ဝံနက်တစ်ကောင်တို့၏ တိုက်ပွဲဟုပင် ထင်ရစေသည်။
မိန်းမပျ်ိုလေးများ၏ အားပေးသံကြောင့် လီလော့၏ ပြိုင်ဘက်သည် သိသိသာသာမျက်နှာပျက်သွားကာ မနာလိုဟန်ဖြင့် အော်ဟစ်နေ၏။
"လီလော့....ငါ မင်းကို မညှာတော့ဘူး......"
ထိုလူငယ် ခြေတစ်လှမ်းတိုးလိုက်သောအခါ ကြမ်းခင်းကျောက်တုံးများ တုန်ခါကုန်သည်။သူသည် သစ်သားဓားဖြင့် လီလော့အား ခုတ်လိုက်သည်။ သစ်သားဓားသည် လေထုကို ပိုင်းဖြတ်ကာ အသံတစ်ချို့ထွက်ပေါ်လာစေသည်။
လီလော့၏ အကြည့်များ တောက်ပလာပြီး ဓားအရိပ်ကို မြင်သည်နှင့် ခြေတစ်လှမ်း ရှေ့တိုးကာ ရှောင်တိမ်းလိုက်လေသည်။
" ဒါ ဖုန်းချွဲ့ခြေလှမ်းပဲ...."
[TN/ ဖုန်းချွဲ့= wind sparrow ပါ..မြန်မာလို ပြန်ရတာ ထောက်နေလို့ တရုတ်လိုပဲရေးလိုက်ပါတယ်....]
လေ့ကျင့်ကွင်းထဲမှ တစ်စုံတစ်ဉီးသည် အော်ဟစ်ချီးကျူးနေ၏။ဖုန်းချွဲ့ခြေလှမ်းပညာရပ်သည် အဆင့်နိမ့် ရွေ့လျားမှုပညာရပ်ဖြစ်သည်။ ထိုပညာရပ်အား သုံးနိုင်သူအများအပြားရှိသော်လည်း လီလော့ ကဲ့သို့ ကျွမ်းကျင်သူ သိပ်မရှိပေ။
လီလော့၏ ပုံရိပ်သည် ပျံဝဲနေသော စာငှက်တစ်ကောင်သဖွယ် ပြိုင်ဘက် လူငယ်ရှေ့သို့ ရောက်လာခဲ့သည်။လီလော့သည် သစ်သားဓားအား ရုတ်တရက်ဆွဲထုတ်လိုက်သည့်အခါ အလင်းရောင်တစ်ချက် လင်းလက်သွားကာ ပြိုင်ဘက်၏ ရင်ဆီသို့ ထိုးဖောက်သွားလေ၏။
" ပေါ့ပါးသောသွက်လက်သောဓားချက်..... "
နောက်တစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်ပြန်သည်။ လျင်မြန်မှုနှင့် ခမ်းနားမှုတို့ပေါင်းစပ်ထားသော လီလော့၏ ဓားချက်သည် သမင်ဉီးချိုတစ်ခုသဖွယ် တဟုန်ထိုး တိုးဝင်သွားသောကြောင့် ကြည့်ရှုနေသူများသည် မချီးကျူးဘဲ မနေနိုင်ကြတော့ပေ။လီလော့၏ တိုက်ကွက်များသည် နန်ဖန်းကျောင်းတော်၏ အတော်ဆုံးသော ကျောင်းသားဟူသည့် ဂုဏ်ပုဒ်နှင့် အမှန်ပင် ထိုက်တန်လှပေသည်။
လီလော့ဘက်က တန်ပြန်တိုက်ခိုက်သည်ကို မြင်သောအခါ ဗလတောင့်တောင့် လူငယ်လေး၏ မျက်နှာ အမူအရာပြောင်းလဲသွားလေသည်။ သူသည် တဇွတ်ထိုးဆန်သူမဟုတ်ပေ။ အရေးကြီးသောအခိုက်အတံ့တွင် မိမိကိုယ်ကို တည်ငြိမ်အောင် ထိန်းထားကာ ခြေလှမ်းများစွာ နောက်ဆုတ်လိုက်သည်။
ထိုအချိန်တွင် ဗလတောင့်တင်းသော လူငယ်လေး၏ ခန္ဓာကိုယ်ပေါ်တွင် ငွေရောင်ဖျော့ဖျော့အလင်းလွှာတစ်ခု ဖွဲ့တည်လာပြီး သစ်သားဓားကိုင်ထားသော လက်တွင် မှုန်ဝါးသော ငွေရောင် ဝက်ဝံလက်ဖဝါးတစ်ခု၏ အရိပ်သဏ္ဍာန်ပြောင်းလဲသွားသည်။
ဗလတောင့်တင်းသော လူငယ်လေး၏ ခန္ဓာကိုယ်တွင်းမှ ဝက်ဝံတစ်ကောင်၏ ဟိန်းဟောက်သံ ခပ်ဖျော့ဖျော့ကို ကြားလိုက်ရသည်။
ကျောင်းသားများသည် ဤမြင်ကွင်းအား မြင်တွေ့လိုက်ရသောအခါ.....
"ဒါ...ကျောက်ခွော်ရဲ့ အဆင့်ငါး ငွေဝက်ဝံပဲ့တင်ထပ်သံ မဟုတ်လား....သူတကယ်ကြီး အလေးအနက်ထားနေတာပဲ..... "
အံ့သြခြင်းများစွာဖြင့် အော်ဟစ်အားများကြားကနေ ကျောက်ခွော်သည် ခြေတစ်လှမ်းရှေ့တိုးလိုက်သည့်အခါ မြေပြင်ပေါ်တွင် အက်ကြောင်းရာများ ဖြစ်ပေါ်လာ၏။လေခွင်းသံတစ်ခုနှင့်အတူ လေးလံလှသော သစ်သားဓားပေါ်တွင် ကြီးမြတ်သော အရှိန်ဝါများနှင့်ပြည့်နှက်နေသည့် ငွေရောင်အလင်းတန်းများလင်းလက်လာသည်။
" ရက်စက်သော ခုတ်ပိုင်းမှု......"
ဗလတောင့်တင်းသောလူငယ်လေးသည် ထိုသို့အော်ဟစ်လိုက်သည်။ ထိုအခါ မျက်စိကြိမ်းလုမတတ်တောက်ပနေသော အလင်းတန်းများသည် ကျရောက်လာသော ဓားချက်အား ထိုးဖောက် လိုက်လေသည်။
ဝုန်းးးးးးးး
ဓားနှစ်လက်သည် ပြင်းထန်လွန်းလှသော အရှိန်များဖြင့် ထိခတ်သွားခဲ့သည်။ လီလော့၏ သစ်သားဓားသည် စတင် အက်ကွဲလာလေပြီ.....
အဆုံးတွင်မူ ရက်စက်ကြမ်းကြုတ်လှသော ဝက်ဝံပုတ်ချက်သဖွယ် ဓားချက်ကြောင့် လီလော့၏ သစ်သားဓားသည် တစ်စစီ ပျက်စီးသွားခဲ့သည်။ ထိုကဲ့သို့သော ထိတ်လန့်ဖွယ်ရာ ခွန်အားကြောင့် လီလော့သည်ပင် ခြေလှမ်းအနည်းငယ်မျှ နောက်ဆုတ်လိုက်ရသည်။
မိမိကိုယ်ကို တည်ငြိမ်အောင် ထိန်းပြီးနောက် လီလော့သည် လက်ထဲတွင် ကျန်ရစ်ခဲ့သော သစ်သားဓားအပိုင်းအစတစ်ချို့ကို ကြည့်ကာ ခပ်ဖျော့ဖျော့ ရယ်သွမ်းလိုက်သည်။
" ကောင်းပြီ.....မင်းနိုင်ပါတယ် ကျောက်ခွော်ရာ...."
"ဟာ...."
စိတ်မကောင်းဖြစ်နေသော ငြီးငြူသံများသည် မိန်းမပျိုလေးများ ထံမှ ထွက်ပေါ်လာကြသည်။သို့ပေမယ့်လည်း လုလင်ပျိုအချို့သည် လီလော့၏ ကြေငြာချက်ကြောင့် မသိမသာပျော်ရွှင်နေကြ၏....
ငယ်ရွယ်ပျိုမြစ်သော လုလင်များအဖို့တော့ အစောပိုင်းက လီလော့အပေါ် မိန်းမပျိုလေးများ၏ အားပေးမှုသည် မနာလိုဖြစ်စရာကောင်းနေပေသည်။
" နှမြောစရာကောင်းလိုက်တာ....လီလော့ရဲ့ တိုက်ကွက်တွေက ပိုပြီး တိကျသေချာနေသားနဲ့ကွာ....." ပဲ့တင်ထပ်သံ "ပညာရပ်ကိုသုံးတဲ့နေရာမှာ လီလော့က ကျောက်ခွော်ထက်ပိုသာတယ်....အကယ်၍ သူ့သာ "ပဲ့တင်ထပ်သံ "ကို နှိုးဆွနိုင်ခဲ့ရင် ကျောက်ခွော်ကို သေချာပေါက် အနိုင်ရမှာ...."
"အမှန်ပဲ.....ကျောက်ခွော်မှာက အံ့အားသင့်စရာကောင်းလောက်တဲ့ အဆင့်ငါး ငွေဝက်ဝံပဲ့တင်ထပ်သံ ရှိတယ်...ဒါ့အပြင် သူ့ရဲ့ပဲ့တင်ထပ်သံ စွမ်းအားကလည်း အဆင့်ငါးမှာရှိလောက်မယ်ထင်တယ်...သူက ဒုတိယကျောင်းတော်ရဲ့ အသန်မာဆုံး ကျောင်းသားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်နေတာပဲ...."
" လီလော့မှာ ပဲ့တင်ထပ်သံ ပညာရပ်တွေကိုကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူနိုင် ၊အသုံးချနိုင်တဲ့ အရည်အချင်းတွေရှိပေမယ့် ကိုယ်ပိုင် ပဲ့တင်ထပ်သံ မရှိဘဲ မွေးဖွားလာတာ...ဒါက ကုမရတဲ့ ရောဂါလိုပဲ...ပဲ့တင်ထပ်သံ ပညာရပ်တွေကို ဘယ်လောက်ပဲ ကျွမ်းကျင်နေပါစေ အထောက်အကူပြုပေးနိုင်တဲ့ ပဲ့တင်ထပ်သံ စွမ်းအားမရှိရင် အလကားပဲ...."
" ဟား..ဟားး...မင်းသူ့ကို သနားနေစရာမလိုပါဘူး....လီလော့ဆိုတာ ဘယ်သူလဲ...ရှပြည်ထောင်စုရဲ့ အဆင့်မြင့်အိမ်တော် လေးခုထဲက တစ်ခုဖြစ်တဲ့ လော့လန်အိမ်တော်ရဲ့ အရှင်သခင်လေးကွ....သူ့မိဘတွေကလည်း ရှပြည်ထောင်စုရဲ့ မြို့စားတွေလေ....သူတို့တွေက အသစ်တည်ထောင်ထားတဲ့ လော့လန်အိမ်တော်ကို ဆယ်နှစ်အတွင်းမှာ အဆင့်မြင့်အိမ်တော် လေးခုစာရင်းဝင်အောင် လုပ်နိုင်ခဲ့ကြတယ်....သူတို့ရဲ့ ကျော်ကြားမှုက ရှပြည်ထောင်စု ထဲမှာတင်မကဘဲ ရှပြည်ထောင်စု အပြင်ဘက်အထိ ကျော်ကြားခဲ့တယ်...."
" ဟမ့်...ဒါတွေက အတိတ်ဟောင်းတွေ ဖြစ်ကုန်ခဲ့ပြီပဲ...သူ့မိဘတွေ မြင့်မြတ်တဲ့စစ်ပွဲအတွင်း ပျောက်ဆုံးသွားခဲ့တဲ့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက လော့လန်အိမ်တော်က အားနည်း နေခဲ့ပြီကွ....ငါ ကြားထားရသလောက်တော့ အိမ်တော်ထဲမှာ သဘော
ထားကွဲလွဲမှုတွေ ရှိနေတယ်ဆိုပဲ....နောက်ဆို ဒီ့ထက်ပိုဆိုးလာဉီးမှာ....လီလော့တစ်ယောက် အိမ်တော်သခင် ဂုဏ်ပုဒ်ကို ဆက်ထိန်းထားနိုင်မလား သံသယဝင်မိနေတယ်...."
" အိုးးး ဒါ အမှန်ပဲလား....အခု လက်ရှိ လော့လန်အိမ်တော်ရဲ့ ဉီးဆောင်သူက ငါတို့ရဲ့ အတန်းဖော် ကျန်းချင်းအာ မဟုတ်လား..."
ထိုနာမည် ထွက်ပေါ်လာသောအခါ လူငယ်များ၏ အကြည့်များတွင် အထင်ကြီးလေးစားသော အရိပ်အယောင်များ ပေါ်ထွက်လာကြသည်။ အဘယ့်ကြောင့်ဆိုသော် ကျန်းချင်းအာ ဟုသော အမည်နာမသည် နန်ဖန်းကျောင်းတော်၏ ဒဏ္ဍာရီလာအဆင့်တွင်ရှိနေခြင်းကြောင့်သာပင်...သို့သော သူမနှက့် လီလော့တို့၏ ဆက်ဆံရေးအကြောင်းတွေးမိလိုက်သောအခါ လီလော့အား ကြည့်နေသော အကြည့်များသည် မနှစ်မြို့သောအကြည့်များအဖြစ် ပြောင်းလဲသွားကြသည်။
ကျောင်းသား ကျောင်းသူများသည် အတင်းအဖျဉ်းများကို တီးတိုးပြောဆိုနေကြချိန်တွင် ကျောက်ခွော်သည် လီလော့ ထံသို့ လျှောက်လာကာ ပုခုံးဖက်လိုက်ပြီး....
"အဆင်ပြေရဲ့လား...ငါမင်းကို မမျှတတဲ့ အခြေနေနဲ့ အနိုင်ယူလိုက်တဲ့အတွက် အပြစ်တင်မနေနဲ့ဉီး...."
လီလော့ ရယ်မောလိုက်သည်။ ကျောက်ခွော်သည် ထိုကဲ့သို့ပင် တဲ့တိုးဆန်သော လူစားမျိုးဖြစ်ပြီး နှစ်ဉီးသားကြားတွင် ကောင်းမွန်သောဆက်ဆံရေးရှိပေသည်။ ဗလာပဲ့တင်ထပ်သံဖြင့် မွေးဖွားလာခြင်းသည် မိမိ၏ အားနည်းချက်သာဖြစ်သည့်အတွက် ကျောက်ခွော်အား အပြစ်မတင်နိုင်ပေ။
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ၎င်းတို့နှစ်ဦးကို ဘေးမှကြည့်နေသည်မှာ အတန်ကြာနေပြီဖြစ်ပြီး နောက်ဆုံးတွင် အခြားအရပ်သို့ အကြည့်လွှဲလိုက်လေသည်။ ဤလူ၏အမည်မှာ ရှုရှန်ယွီ ဖြစ်ပြီး သူသည် ဒုတိယကျောင်း၏ ဆရာတစ်ဉီးဖြစ်သည်။
ရှုရှန်ယွီ၏ မျက်ဝန်းများထဲတွင် နှမြောတသခြင်းများ ရှိနေ၏။ လီလော့သည် အမှန်တကယ်ပင် ထက်မြက်သောသူတစ်ယောက်ဖြစ်ပြီး ပဲ့တင်ထပ်သံ ပညာရပ်များကိို လျင်မြန်စွာသင်ယူနိုင်ခဲ့ပေသည်။ လီလော့သည် အစွမ်းထက်လှသော မိဘနှစ်ပါးထက်ပင် သာလွန်နေသော်လည်း ဗလာပဲ့တင်ထပ်သံဖြင့် မွေးဖွားလာခဲ့သောကြောင့် ပဲ့တင်ထပ်သံ စွမ်းအားများကို တိုးတက်လာအောင်လုပ်သည့်အခါတွင် အတော်လေး ပြသာနာဖြစ်နေရပေသည်။
လူသားများ လေ့ကျင့်သင်ယူသောအခါ မိမိတို့၏ ကိုယ်ပိုင် ပဲ့တင်ထပ်သံကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုရပေမည်။" ပဲ့တင်ထပ်သံများ ကို အသုံးပြုကာ ကမ္ဘာကြီး၏ သဘာဝစွမ်းအင်များကို စုပ်ယူပြီး စွမ်းအား အဖြစ်ပြောင်းလဲပစ်ရမည်.....
မရေမတွက်နိုင်သော ပဲ့တင်ထပ်သံ အမျိုးအစားများစွာ ရှိသော်လည်း အများစုကို အကြမ်းဖျင်းအားဖြင့် ဒြပ်စင်ပဲ့တင်ထပ်သံများနှင့် သားရဲပဲ့တင်ထပ်သံများ ဟူ၍ အမျိုးအစားနှစ်ခု ခွဲခြားထားသည်။
ဒြပ်စင် ပဲ့တင်ထပ်သံများသည် ရေ၊ မီး၊ လေ၊မိုးကြိုး စသည့် ကောင်းကင်နှင့် မြေပြင် စွမ်းအားများ ပါဝင်နေသော ဒြပ်စင်များဖြစ်ကြပြီး သားရဲပဲ့တင်ထပ်သံများသည် ရှေးဒဏ္ဍာရီများအရ လူသားတို့၏ ကျင့်ကြံမှုအစောဆုံးခေါတ်ကာလများတွင် အစွမ်းထက်ဆုံးသော ပုဂ္ဂိုလ်တစ်ဉီးသည်
သားရဲတို့၏ဝိဉာဉ်များကို ဆွဲထုတ်ကာ လူသားတို့၏ စွမ်းအားများ တိုးပွားလာစေရန်ကြိုးပမ်းခဲ့ဖူးသည်။ထိုကဲ့သို့သော သားရဲဝိဉာဉ်များကို သွေးမျိုးဆက်များထဲတွင် ပေါင်းစပ်ခြင်းသည်"သားရဲပဲ့တင်သံ" ပင်ဖြစ်သည်။
ဒြပ်စင်ပဲ့တင်ထပ်သံများနှင့် သားရဲပဲ့တင်ထပ်သံများ အမျိုးအစားတစ်ခုခြင်းစီကို အဆင့်ကိုးဆင့် ခွဲခြားထားသေးသည်။
ပုံမှန်အားဖြင့် လူသားများသည် ဆယ်ကျော်သက်အရွယ်ရောက်သောအခါ ခန္ဓာကိုယ်ထဲတွင် " ပဲ့တင်ထပ်သံ နန်းတော် "ဟူသော နေရာလွတ်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ထိုနန်းတော် ထင်ရှားလာသည့်အခါ ရလေးငယ်၏ ကိုယ်ပိုင် ပဲ့တက်ထပ်သံ သည်လည်း သဘာဝအတိုင်း မွေးဖွားလာပေလိမ့်မည်။
ဉပမာဆိုရလျှင် ကျောက်ခွော်၏ ပဲ့တင်ထပ်သံနန်းတော်ထဲတွက် အဆင့်ငါး ငွေဝက်ဝံနှိုးထလာခဲ့သည်။ဤသည်မှာ သားရဲပဲ့တင်ထပ်သံအမျိုးအစားဖြစ်ပြီး ပြင်းထန်လှသော ခွန်အားကို ပေးစွမ်းသောကြောင့် သူ၏ ကိုယ်ပိုင် ပဲ့တင်ထပ်သံစွမ်းအားများနှင့် ပေါင်းစပ်လိုက်သောအခါ ထိတ်လန့်ဖွယ်ကောင်းသော အဖျက်စွမ်းအားများ ဖြစ်ပေါ်လာစေသည်။
လီလော့၏ ပြသာနာသည် ဤတွင် အစပြု၏...သူ့တွင် ပဲ့တကအထပ်သံနန်းတော် ရှိနေသော်လည်း နန်းတော်အတွင်းတွင် မည်သည့် ပဲ့တင်ထပ်သံမျှ မနိုးထလာခဲ့ပေ။နန်းတော်သည် ဗလာဟင်းလင်းဖြစ်နေ၏။
ဤကဲ့သို့သောဖြစ်ရပ်များသည် မယုံနိုင်လောက်အောင် ရှားပါးပြီး ယေဘုယျအားဖြင့် ထိုအခြေနေအား 'ဗလာပဲ့တင်ထပ်သံ' အဖြစ်သတ်မှတ်ထားကြသည်။
လီလော့တွင် သဘာဝစွမ်းအင်များကို စုပ်ယူရန် ပဲ့တင်ထပ်သံမရှိသည့်အတွက် အခြေခံအုတ်မြစ်မရှိသည့်အတွက် ပဲ့တင်ထပ်သံ စွမ်းအားများကို မစုဆောင်းနိုင်ခဲ့ပေ။ ထို့ကြောင့် ကျောက်ခွော်အား ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
သူ့ နန်းတော်ထဲတွင် ပဲ့တင်ထပ်သံ တစ်ခုမျှမရှိပေ။
ကျောင်းတော်ဘက်ကလည်း လီလော့၏ အခြေနေအား နားလည်နိုင်ရန် အမျိုးမျိုး စမ်းသပ်ခဲ့သည်။မိဘနှစ်ပါးစလုံးက ထူးချွန်သူများ ဖြစ်သောကြောင့် ကျောင်းတော်၏ အဆင့်မြင့် အကြီးအကဲများသည် လီလော့အား များစွာ မျှော်လင့်ထားခဲ့ကြပြီး နောင်တစ်ချိန်တွင် ရှပြည်ထောင်စု၏ အကောင်းဆုံးကျောင်းတော်ဖြစ်သော ကြယ်တာရာခရီးရှည် ကျောင်းတော်သို့ပင် ဝင်ရောက်နိုင်မည်ဟု မြော်မှန်းထားခဲ့ကြသည်။
လီလော့သည် နန်ဖန်းကျောင်းတော်သို့ ပထဆုံး ဝင်ရောက်လာသည့်အချိန်တွင် အားလုံး၏ မြော်မှန်းချက်အတိုင်း ပဲ့တင်ထပ်သံ ပညာရပ်များကို လေ့ကျင့်ရာတွင် အံ့မခမ်း အစွမ်းပြနိုင်ခဲ့သည်။သူသည် ထျန်ရှုစီရင်စု၏ အရည်ချင်းရှိသောကျောင်းသားများစုဝေးရာ ပထမကျောင်းတော်သို့ ချက်ချင်း တက်ရောက်နိုင်ခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ အခြားသော ကျောင်းသားများသည် ကိုယ်ပိုင်ပဲ့တင်သံများကို စတင်အသုံးပြုလာနိုင်ချိန်တွင် လီလော့၏ အကျဉ်းတန် ဇာတ်လမ်းသည်လည်း အစပြုလာခဲ့ပေသည်။
ယခုချိန်တွင် လီလော့ထံ၌ ပဲ့တင်ထပ်သံ နန်းတော်တစ်ခုရှိသောလည်း အတွင်းထဲတွင် ဘာမျှမရှိပေ။ ရလဒ်အနေဖြင့် ပဲ့တင်ထပ်သံ ပညာရပ်များကို လျင်မြန်စွာ သသ်ယူ တတ်ကျွမ်းခဲ့သောလည်း ပဲ့တင်ထပ်သံစွမ်းအား မရှိသဖြင့် လီလော့၏ အဆင့်သည် ပထမကျောင်းတော်၌ များစွာကျဆင်းနေပြီဖြစ်သည်။
ပဲ့တင်ထပ်သံ ပညာရပ်အား လေ့ကျင့်ခြငးသည် ပဲ့တင်ထပ်သံ စွမ်းအားများကို ပိုမို အကျိုးသက်ရောက်လာစေရန် ဖြစ်သည့်အတွက် အားနည်းသော ပဲ့တင်ထပ်သံ စွမ်းအားရှိနေသူအဖို့ အထောက်အပံ့ပညာရပ်များသည် အကန့်အသတ်ဖြင့်သာ ထောက်ပံ့ပေးနိုင်မည်သာ....
လီလော့အား များစွာသော စမ်းသပ်စစ်ဆေး
မှုများ ပြုလုပ်ပြီးသောအခါ သူ့ခန္ဓာကိုယ်ထဲ၌ ပဲ့တင်ထပ်သံ လုံးဝမရှိသည်ဟု သာ ကောက်ချက်ချ အတည်ပြုခဲ့ကြ၏။ နောင် အနာဂတ်တွင် လီလော့၏ ကျင့်ကြံမှု တိုးတက်ရန်မှာ အလွန်ပင် ခက်ခဲပေလိမ့်မည်။
နောက်ဆုံးတွင် လီလော့အား ပထမကျောင်းတော်မှ ဒုတိယကျောင်းတော်သို့ ပြောင်းရွေ့ရန် ဆုံးဖြတ်လိုက်ကြသည်။
ဤသည်မှာ တရားမျှတသော ဆုံးဖြတ်ချက် တစ်ခုခဲ့သည်။ ပထမကျောင်းတော်သည် ပါရမီရှင်များ စုဝေးရာနေရာ ဖြစ်သည့်အတွက် လီလော့လို လူမျိုးအား လက်မခံနိုင်သည်မှာ သဘာဝကျပေသည်။
သို့သော် အဓိကကျသော အကြောင်းရင်းတစ်ခုမှာ လီလော့၏ မိဘနှစ်ပါး ပျောက်ဆုံးသွားခြင်းကြောင့် လော့လန်အိမ်တော်၏ အနေအထားသည် တမျိုးတဖုံ နိမ့်ကျလာခဲ့သည်။ ထို့ကြောင့် ပါရမီရှင် ဖြစ်ခဲ့ဖူးသော လီလော့၏ လက်ရှိအနေအထားသည် အတော်လေး အဆင်မပြေ ဖြစ်နေပေသည်။
ထို့ကြောင့် နောက်ဆုံးတွင် လီလော့အား ဒုတိယကျောင်းတော်သို့ ပို့ပစ်ခဲ့ကြလေ၏။
ရှုရှန်ယွီ သက်ပြင်းချနေမိသည်။ လီလော့တစ်ယောက် ဒုတိယကျောင်းတော်သို့ စရောက်တုန်းက ကျောက်ခွော်သည် လီလော့၏ ပြိုင်ဘက်မဟုတ်သေးပေ။
ယခုစာသင်နှစ်တွင် ကျောက်ခွော်သည် လီလော့အား အနိုင်ယူနေနိုင်ပြီ...ဤအတိုင်းသာဆို လာမည့်နှစ်တွင် လီလော့၏ အဆင့်များသည် ဆက်တိုက် ကျဆင်းလာနိုင်ဖွယ်ရှိသည်။
လီလော့သည် စွမ်းဆောင်ရည်များကို သိသိသာသာ တိုးတက်အောင် မစွမ်းဆောင်နိုင်ပါက ကြယ်တာယာခရီးရှည် ကျောင်းတော်သို့ ဝင်ရောက်နိုင်တော့မည် မဟုတ်ပေ။
ရှုရှန်ယွီတစ်ယောက် လီလော့၏ တည်ငြိမ်ချောမောသော အသွင်အပြင်နှင့် နူးညံ့သိမ်မွေ့သော အမူအရာကို ကြည့်လေလေ၊ သနားမိလေလေဖြစ်နေမိတော့သည်။
ရှုရှန်ယွီ သိနေ၏....ဤလူငယ်လေးသည် ငယ်စဉ်ကတည်းကပင် ကြိုးစားသူတစ်ယောက်ဖြစ်သောကြောင့် မိဘများ၏ အရှိန်အဝါဖြင့် ဤကောင်လေးပေါ် များစွာမျှော်လင့်ထားခဲ့ပေသည်။ အဆုံးတွင်မူ မိဘနှစ်ပါး၏ သိက္ခာတရားသည် လီလော့အပေါ်၌ လေးလံသော ဖိအားများကို ဖြစ်စေခဲ့သည်။
ထူးချွန်ထက်မြက်သော မိဘနှစ်ပါးတွင် အသုံးမကျသော ကလေးများရှိတတ်သည်ဟု လူတိုင်းကြားထူးသော်လည်း ထိုစကားနောက်ကွက်က လေးနက်သော အဓိပ္ပါယ်များကို သိနိုင်သူ နည်းပါးလွန်းသည်။
လီလော့သည် သနားစရာကောင်းသူတစ်ယောက်အဖြစ် ကြည့်နေကြသော အကြည့်များကို ရှောင်တိမ်းကာ ဝတ်ရုံပေါ်က အမှုန်အမွှားများကို ခါထုတ်ပြီး မြေပြင်ပေါ်၌ တင်ပြင်ခွေ ထိုင်ချလိုက်သည်။ ထိုသူများ မည်သို့ တွေးနေကြကြောင်းသူသိသည်။
ဗလာပဲ့တင်ထပ်သံ....ဟမ့်...ဒါက သူ့အနာဂတ်တွေကို မှေးမှိန်စေတဲ့ အကြောင်းအရင်းတစ်ခုမှန်း အာမခံပေးနိုင်သည်။ လီလော့သည် မသိစိတ်၏ စေ့ဆော်မှုကြောင့် ဝမ်းဗိုက်အောက်ပိုင်း တစ်နေရာသို့ လက်ဖြင့် ထိလိုက်မိသည်။
အခြား ဘယ်သူမှ မသိနိုင်သော လျှို့ဝှက်ချက်တစ်ခု သူ့တွင် ရှိနေသည်။ သူ၏ ပဲ့တင်ထပ်သံ နန်းတော် အတွင်းရှိနေသောအရာသည် ဗလာပဲ့တင်ထပ်သံဆိုသည်ထက်ပင် ပိုနေ၏။
ဤလောကတွင် ကျင့်ကြံသူတိုင်းသည် အစပိုင်းတွင် ခန္ဓာကိုယ်မှ ပဲ့တင်ထပ်သံ နန်းနေယ်တစ်ခုသာ မွေးဖွားပေးမည်ဖြစ်ပြီး မြို့စားအဆင့် ရောက်မှသာ ဒုတိယမြောက် ပဲ့တင်ထပ်သံနန်းတော် ဖြစ်တည်လာပေလိမ့်မည်။ ဘုရင်အဆင့်သို့ ရောက်ပါက တတိယမြောက် ပဲ့တင်ထပ်သံ နန်းတော် ဖြစ်တည်လာလိမ့်မည်။
သို့သော် ရှပြည်ထောင်စုတွင် မြို့စားအဆင့် ကျင့်ကြံသူအရေအတွက်သည် လက်တစ်ဖက်တည်းနှင့်ပင် ရေတွက်နိုင်လောက်ဝည်အထ် နည်းပါး လှသည်။ ဘုရင့်အဆင့် ကျင့်ကြံသူများ၏ အစွမ်းထက်မှုကို ကြားပင် မကြားဖူးကြချေ။ဘုရင် အဆင့် ကျင့်ကြံသူ မရှိခဲ့သည်မှာ သေချာလှပေသည်။
သို့သော် မြို့စားအဆင့် မရောက်မှီမှာပင် ဒုတိယမြောက် ပဲ့တင်ထပ်သံ နန်းတော် ဖြစ်တည်လာသော ကံကောင်းသူအချို့လည်း ရှိခဲ့ဖူးသည်။ယင်းသည် များပြားလှသော ပဲ့တင်ထပ်သံ စွမ်းအားများကြောင့် သဘယဝအတိုင်း ဖြစ်တည်လာခြင်းဖြစ်သော်လည်း ထိုသို့ ဖြစ်လာနိုင်ရန် အခွင့်အရေးနည်းပါးလွန်းလှပေသည်။
လီလော့သည်လည်း ကံကောင်းသူတစ်ယောက်ဖြစ်လေသည်။ သူသည် စည်းတံဆိပ်ဆယ်ခု ** အဆင့်တွင် ပဲ့တင်ထပ်သံနန်းတော် တစ်ခုတည်း ရှိရမည့်အစား သုံးခုရှိနေခဲ့သည်။ဤ အခြေနေမျိုးအား တစ်ခါမျှမကြားဖူးကြပေ။
ပုံမှန်အတိုင်းဆိုပါက ဘုရင်အဆင့်သို့ရောက်ရှိသွားသော ထိပ်တန်းကျွမ်းကျင်သူများသာတွင်သာ ပဲ့တင်ထပ်သံ နန်းတော်သုံးခုရှိမည်ဖြစ်သော်လည်း၊ ဤအရာသည် သူ၏ခန္ဓာကိုယ်အတွင်း၌ တစ်နည်းနည်းဖြင့် ထင်ရှားလာခဲ့သည်။ သို့သော် ပို၍ အံ့သြစရာကောင်းသည်မှာ နန်းတော်သုံးခုလုံးသည် ဗလာဖြစ်နေကြခြင်းကြောင့်ပင်....
ဗလာပဲ့တင်ထပ်သံ ရှိခြင်းသည် သူ့အနာဂတ်အလားအလာများ မှိန်သွားစေသည်။ ဒါပေမယ့် ပဲ့တင်ထပ်သံ နန်းတော်သုံးခုရှိခြင်းသည် သူ့တွင် အနာဂတ်ရှိသည်ဟု ဆိုလိုခြင်းပေလော.....
လီလော့ သက်ပြင်းတစ်ချက်ချကာ သူ့မျက်နှာပေါ်တွင် စိတ်ဓာတ်ကျနေသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာလေသည်။
လီလော့တစ်ယောက် ခံစားချက် မျိုးစုံကြောင့် ရှုပ်ထွေးနေချိန်တွင် ကျောက်ခွော်သည် သူ့ဘေးနားတွင် ဝင်ထိုင်လိုက်ပြီး.....
"မင်း အခုထိ မင်းရဲ့ ပဲ့တင်ထပ်သံ ပြသာနာကို မဖြေရှင်းနိုင်သေးဘူးလား.... "
လီလော့ စိတ်ပျက်စွာ ခေါင်းခါပြသည်ကို မြင်သောအခါ ကျောက်ခွော်သည် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
ဤသည်မှာ မိုက်မဲ့တုံးအသော မေးခွန်းတစ်ခုဖြစ်မှန်း ကျောက်ခွော်သိသည်။ ပဲ့တင်ထပ်သံ နန်းတော်သည် မွေးရာပါ ဖြစ်သောကြောင့် ဗလာနန်းတော်တစ်ခုအတွင်းသို့ ပဲ့တင်ထပ်သံ ဖြည့်စွက်ခြင်း ၊အစားထိုးခြင်းမျိုးအား တစ်ခါမျှ မကြားဖူးကြပေ။လီလော့၏ ပြသာနာငည် အတော်ကြီးမားသော ပြသာနာတစ်ခုဖြစ်ကြောင်း ရှင်းလင်းနေပေ၏။
နှစ်ဉီးသား စကားစမြည်ပြောနေစဉ်တွင် ရှုရှန်ယွီသည် တိုက်ပွဲကွင်းပြင်ထဲသို့ ဆင်းလာပြီး လီလော့အား အားပေးစကားအနည်းငယ် ပြောခဲ့သည်။ ပြီးတာနဲ့ ကျောင်းသားတွေဘက်လှည့်ကာ.....
" နောက်လထဲမှာ မင်းတို့အားလုံး အရေးကြီးတဲ့ စာမေးပွဲတစ်ခု ဖြေဆိုရမယ်....ကောလိပ်ကို ဝင်ခွင့်ရဖို့ အတွက် စာမေးပွဲ ရလဒ်တွေက သိပ်အရေးပါတယ်...အဲ့တော့ အားလုံးကို ပြင်းပြင်းထန်ထန် လေ့ကျင့်ကြဖို့ တိုက်တွန်းချင်ပါတယ်....."
ကျောင်းသားများ အားလုံး နှုတ်ဆိတ်နေကြပြီး အားလုံး၏ မျက်နှာပေါ်တွင် လေးနက်သော အကြည့်များ ရှိနေကြသည်။ သူတို့၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုအားလုံးကို နောက်လမှာ ဖြေဆိုမယ့် စာမေးပွဲအတွက် အာရုံစိုက်ထားကြသည်။ကောလိပ်တွင်တက်ရောက်နိူင်ပါက သူတို့၏ အနာဂတ် အလားအလာများသည် သိသိသာသာ တိုးတက်လာပေလိမ့်မည်။
အတန်းပြီးဆုံးကြောင်း ရှုရှန်ယွီ ကြေငြာလိုက်သည့်အခါ လီလော့နှင့် ကျောက်ခွော်တို့သည် ဘေးချင်းယှဉ် လမ်းလျှောက်ကာ လေ့ကျင့်ရေးကွင်းပြင်မှ ထွက်လာခဲ့ကြသည်။
" ငါ့ရဲ့ ပဲ့တင်ထပ်သံ ပညာရပ်ကို သေချာအချိန်ပေးပြီး လေ့ကျင့်မှဖြစ်မယ်...အမှန်တိုင်းပြောရရင် ဒီနေ့ မင်းရဲ့ တိုက်ကွက်တွေကြောင့် ငါတော်တော် လန့်သွားတာကွ...မင်းမှာသာ ပဲ့တင်ထပ်သံ စွမ်းအား ဒီ့ထက်နည်းနည်းလေး ပိုရှိမယ်ဆို ငါတော့ ဘောင်းဘီ ကျွတ်အောင် အရိုက်ခံရမှာ အသေအချာပဲ..."
ကျောက်ခွော် သက်ပြင်းတစ်ချချနဲ့ ရေရွတ်ပြီးနောက် လေ့ကျင့်ကွင်း အပြင်ဘက်ရောက်သည်နှင့် လီလော့အား လက်ပြနှုတ်ဆက်ကာ လမ်းခွဲသွားခဲ့သည်။
ကျောက်ခွော် ထွက်သွားတာကို ကြည့်ရင်း လီလော့ ပြုံးလိုက်မိသည်။ ကျောက်ခွော်သည် လီလော့ ရှုံးနိမ့်ပြီးနောက် စိတ်ဓာတ်ကျနေမည်ဆိုးသောကြောင့် အချိန်ပေးရန် ဤသို့ ထားခဲ့ခြင်းဖြစ်ကြောင်း လီလော့ သိနေသည်။ကျောက်ခွော် နားမလည်သောအရာမှာ ယခုအချိန်တွင် လီလော့သည် အရာအားလုံးကို ကျင့်သားရနေပြီဖြစ်သည်။
လီလော့သည် ကျောင်းတော်အပြင်ဘက်
ဆီသို့ ဉီးတည်နေသော သစ်ပင်တန်းလေးဆီ အကြည့်လွှဲလိုက်သည်။လမ်းတစ်လျှောက်တွင် လီလော့အား ကြည့်သွားကြသော ကျောင်းသား ကျောင်းသူပေါင်း မနည််းလှပေ။ ဤသို့ကြည့်ရခြင်းမှာ လီလော့၏ ချောမောမှုကြောင့် မဟုတ်ဘဲ နာမည်ဆိုးဖြင့် ကျော်ကြားခြင်းကြောင့်သာပင်....
သူတို့၏အကြည့်များထဲတွင် လီလော့၏ ဂရုမစိုက်သောအကြည့်များသည် တမင်ဟန်ဆောင်နေသည့်ပုံနှယ်...လီလော့သည်
ဂိတ်ဝသို့ မရောက်မချင်း လမ်းကြောင်းအတိုင်း ဆက်လက် လျှောက်သွားခဲ့ပြီးနောက်ခေတ္တရပ်တန့်လိုက်သည်။
သူ့ရှေ့တွင် ကျောင်းသားကျောင်းသူ အများအပြားသည် တက်ကြွသော အမူအရာဖြင့် စကားပြောနေကြသည်။ ဤကျောင်းသားများအားလုံးသည် နန်ဖန်းကျောင်းတော်
၏ ဂုဏ်ထူးဆောင်တံတိုင်းဖြစ်သည့် အလွန်ထူးခြားသော ကျောက်တုံးပြာနံရံရှေ့တွင် ဝိုင်းဖွဲ့နေကြသည်။ထို ကျောက်တုံးပြာနံရံပေါ်တွင် တစ်ချိန်က နန်ဖန်းကျောင်းတော်မှ ဘွဲ့ရခဲ့သော ပါရမီရှင် ပုဂ္ဂိုလ်များအားလုံး၏ နာမည်များကို ရေးထွင်းထားသည်။
ကျောင်းသားအားလုံးသည် ဂုဏ်ပြုတံတိုင်းကြီးကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် မြင်ခဲ့ဖူးကြသည်သာ ။ အမှန်တိုင်းပြောရလျှင် ကျောက်တုံးပြာနံရံပေါ်က နာမည်များကို ကြည့်ရှုရန်ပင် ငြီးငွေ့နေကြပြီဖြစ်သည်။ သို့သော်လည်း အကြောင်းပြချက်တစ်ခုခုကြောင့် ယနေ့တွင် ကျောင်သား ကျောင်းသူများသည် ကျောက်တုံးပြာနံရံကြီးအား အာရုံစိုက်နေကြ၏။
လီလော့ နှုတ်ခမ်း တင်းတင်းစေ့လိုက်၏။ ကျောင်းသား ကျောင်းသူများ ဤသို့ စုဝေးရခြင်း အကြောင်းပြချက်သည်" သူမ " ကြောင့်မှန်း လီလော့သိသည်။
လီလော့၏ အကြည့်များ တံတိုင်းပေါ်ရှိ အမှတ်တစ်ခုပေါ်သို့ ကျရောက်သွားသောအခါ ထိုအမှတ်သည် တောက်ပသောသလင်းကျောက်တစ်ခုသဖွယ် လင်းလက်လာပြီး မိုးမခကိုင်းသဏ္ဍာန် ညွှတ်ပျောင်းနေသောအသွင် ပုံရိပ်တစ်ခု တစ်ဖြည်းဖြည်းခြင်း ဖြစ်တည်လာသည်။
ထိုပုံရိပ်သည် မိန်းကလေးတစ်ဉီး၏ ပုံရိပ်ဖြစ်သည်။သူမသည် အဖြူရောင်အင်္ကျီပေါ်၌ အပြာနုရောင် ကုတ်အင်္ကျီတစ်ထည် ထပ်ဝတ်ထားပြီး အနက်ရောင်စကတ်အတိုလေးကြောင့် သူမ၏ ဖြူဖွေးသွယ်လျသော ခြေတံရှည်များကို မျက်စိပသာဒဖြစ်ဖွယ် မြင်တွေ့နေရသည်။
သူမသည် ထူးကဲစွာလှပသူတစ်ယောက်ဖြစ်သည်။ သူမထံတွင် ပြေပြစ်သော နှာတံ၊ ရှည်လျားပြီး ထူထဲသော မျက်တောင်များနှင့် နှင်းကဲ့သို့ ဖြူဖွေးသောအသားအရေရှိသည်။ ဒါတွေအားလုံးဟာ ကြည့်ရတာ စွဲမက်စရာကောင်းပေမယ့် လူတိုင်းရဲ့စိတ်ထဲမှာ စွဲထင်နေသည်မှာ သူမ၏ မျက်ဝန်းများသာပင်....
သူမ၏ ရွှေရောင်မျက်ဆံများသည် သန့်ရှင်းစင်ကြယ်သော အငွေ့အသက်များကို ထုတ်လွှတ်နေသောလည်း သေချာစိုက်ကြည့်ပါက ဖိအားများစွာ ခံစားရစေနိုင်၏။
သူမသည် လက်တစ်ဖက်နောက်ပစ်ကာ ကျန်လက်တစ်ဖက်ဖြင့် လေးလံလှသော ဓားကြီးအား ကိုင်ဆောင်ထားကာ အေးစက်သော အကြည့်များဖြင့် ရှေ့တည့်တည့်သို့ကြည့်နေ၏။ သူမထံမှ သူရဲကောင်းဆန်သောအငွေ့အစက်မျာကို ခံစားရနိုင်ပြီး သူမသည် အသွင်အပြင်ရော အနေအထားအရပါ နှိုးဆော်နိုင်သော မိန်းကလေးတစ်ခုဖြစ်ပေသည်။
သူမ ပုံရိပ်နောက်က တံတိုင်းပေါ်တွင် သူမ၏ နာမည်အား ရေးထိုးထားသည်။...
ကျန်းချင်းအာ.....သူမသည် ရှပြည်ထောင်ရှိ လူပေါင်းများစွာကို အံ့သြထိတ်လန့်စေခဲ့သော အဆင့်ကိုး ပဲ့တင်ထပ်သံ ပိုင်ရှင်ဖြစ်ပြီး နန်ဖန်းကျောင်းတော်၏ တောက်ပသောပါရမီရှင်တစ်ဉီးဖြစ်သည်။
သူမသည် နန်ဖန်းကျောင်းတော်တွင် နှစ်နှစ်မျှ သက်ယူလေ့လာပြီးနောက် အရေးကြီးဝင်ခွင့်စာမေးပွဲများ ဖြေဆိုရန်မလိုဘဲ ကြယ်တာယာခရီးရှည်ကောလိပ်သို့ တိုက်ရိုက်ဝင်ခွင့်ရခဲ့သူဖြစ်သည်။
လွန်ခဲ့သော နှစ်တစ်ရာအတွင်း သူမသည် ထျန်ရှုစီရင်စုတွင် ထိုကဲ့သို့ ဂုဏ်ပြုခံရသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ ယခုအချိန်တွင် သူမသည် နန်ဖန်းကျောင်းတော် ၏ဒဏ္ဍာရီတစ်ခုဖြစ်လာပြီး ရှပြည်ထောင်ဟုတစ်ခွင်တွင် မယုံနိုင်လောက်အောင် ကျော်ကြားလာခဲ့သည်။
ကျန်းချင်အာ၏ အကြည့်များသည် လီလော့ထံသို့ ဉီးစွာကျရောက်ပြီးနောက်မှသာ မသိမသာအကြည့်လွှဲသွားခြင်းဖြစ်သည်။ထိုအကြည့်များထဲတွင်ပါဝင်နေသော မလိုမုန်းထားခင်၊ နာကျည်းခြင်းနှင့် ပဟေဋ္ဌိ ဆန်သော ခံစားချက်များကြောင့် လီလော့သည်ပင် အံ့အားမိခဲ့သည်။
လီလော့သည် တည်ငြိမ်အောင် ထိန်းထားနိူင်လိုက်ပေသည်။သူမ ထိုသို့ကြည့်ရခြင်းကို လီလော့နားလည်နိုင်သည်။သူမသည် နန်ဖန်းကျောင်တော် နတ်ဘုရားမလေးတစ်ဉီးဖြစ်သော်လည်း သူမတွင် အခြားသော ဂုဏ်ပုဒ်နှစ်ခုရှိနေသေးသည်။
သူမသည် ငယ်စဉ်ကတည်းကပင် လီလော့၏ မိဘများထံတွင် လေ့ကျင့်သင်ယူခဲ့ပြီး လီလော့နှင့် စေ့စပ်ကြောင်းလမ်းခဲ့ဖူးပေသည်။
တစ်နည်းအားဖြင့် ဆိုရသော် ကျန်းချင်အာသည် လီလော့၏ ဇနီးလောင်းဖြစ်ပေသည်။
[TN/ ကျင့်ကြံခြင်းအဆင့်များကို စာဖတ်သူတို့နားလည်အောင် ရှာဖွေ ဖြည့်စွက်ပေးထားပါတယ်......
လူသားများအနေဖြင့် ပဲ့တင်ထပ်သံ နန်းတော်ဖြစ်တည်လာပြီးသည့်အချိန်မှစပြီး ကျင့်ကြံခြင်း၏ အခြေခံအကျဆုံးအဆင့်ဖြစ်သော စည်းတံဆိပ်ဆယ်ခုအဆင့်သို့ စတင်ဝင်ရောက်နိုင်ပြီဖြစ်သည်။ စည်းတံဆိပ်ဆယ်ခုအဆင့်ပြီးမြောက်သောအခါ ပဲ့တင်ထပ်သံ ဆရာသခင်အဆင့်သို့ရောက်ရှိပြီဖြစ်ပြီး ထိုအဆင့်ရောက်မှသာ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ အမှန်တကယ်ရောက်ရှိပြီဟုဆိုနိုင်ပေမည်။
ပဲ့တင်ထပ်သံ ဆရာသခင်အဆင့်အား
1...မျိုးစေ့ချခြင်းအဆင့်
2...မျိုးစေ့အား အဆင့်ခွဲ၍ရှင်းလင်းခြင်းအဆင့်
3....မျိုးစေ့ ပွင့်လန်းလာခြင်း အဆင့်ဟူ၍ အဆင့်သုံးဆင့် ထပ်မှန်ခွဲခြားထားသည်။
ပဲ့တင်ထပ်သံ ဆရာသခင်အဆင့် ၏ အထက်တွင် စစ်သူကြီး၊ မြို့စား၊ ဘုရင် ဟူ၍ အဆင့်ကြီးသုံးဆင့်ရှိသေးသည်။ အဆင့်ကြီးတစခုစီတိုင်းတွင် အဆင့်ငယ်လေးများရှိသည်။ ၎င်းတို့အား နောက်ပိုင်းတွင် အလျင်းသင့်သလိုဖော်ပြပေးပါမည်။ ]