← Chapters

ဇနီးလောင်းဘက်က စေ့စပ်ပွဲအား မဖျက်သိမ်းလိုပေ......

Vol. 1 Ch. 2

ဇနီးလောင်းဘက်က စေ့စပ်ပွဲအား မဖျက်သိမ်းလိုပေ......

Vol. 1 Ch. 2

လီလော့သည် အသက်သုံးနှစ်အရွယ်တွင် ကျန်းချင်းအားနှင့် စတင်တွေ့ဆုံခဲ့သည့်အဖြစ်အား ပြန်လည်တွေးတောနေမိသည်။ ထိုစဉ်အခါက ခရီးတစ်ခုမှပြန်လာသော မိဘနှစ်ပားသည် ငါးနှစ်သမီးအရွယ် ကျန်းချင်းအားကို ခေါ်လာကြပြီး နောက်ပိုင်းတွင်

တပည့်အဖြစ် လက်ခံသင်သင်ကြားပေးခဲ့ကြသည်။

တစ်စုံတစ်ခုသော ရှုထောင့်မှကြည့်လျှင် သူတို့နှစ်ဦးသည် အမှန်တကယ်ပင် ခွဲမရသော ငယ်သူငယ်ချင်းများဖြစ်ကြပြီး သူ့မိဘများက သူမကိုလည်း အမှန်တကယ် ချစ်ခင်ခဲ့ကြသည်။

ကံမကောင်းစွာပဲ၊ သူတို့ ငယ်စဉ်ကတည်းက နှစ်ဦးကြားက ဆက်ဆံရေးဟာ အတော်လေး ရှုပ်ထွေးခဲ့သည်။လီလော့ထက် နှစ်နှစ်ကြီးသော ကျန်းချင်းအာသည် ငယ်စဉ်ကတည်းကပင် ထူးချွန်သူတစ်ယောက်ဖြစ်သည်။သူမသည် ကလးသဘာဝ ရန်ဖြစ်ကြတိုင်း ရုပ်တည်ကြီးဖြင့် လီလော့အား နှပ်ချေးထွက်သည်အထိ ရိုက်နှက်ခဲ့သည်။

ရိုးသားစွာပြောရမည်တဆိုပါက ဤအကြောင်းအရာများသည် လီလော့အတွက် အိပ်မက်ဆိုးတစ်ခုသာပင်.....

ဇနီးလောင်းဖြစ်ာရခြင်းမှာလည်း သူမ ဆယ်နှစ်သမီးအရွယ်တုန်းက လီလော့ရဲ့ အဖေ အရက်မူးပြီး " တစ်နေ့ကျရင် သူမကိုချွေးမတော်မယ် " ဟူ၍ ​ပြောခဲ့သောကြောင့်ပင်...

နောက်တစ်နေ့တွင် အသက် ဆယ်နှစ်အရွယ် ကျန်းချင်အာသည် လက်ထပ်စာချုပ်ကို ကိုယ်တိုင်ရေးပြီး ပေးခဲ့သောကြောင့် လီလော့အဖေခင်မျာ စကားမ​ပြောနိုင်အောင် ဆွံ့အမိခဲ့ပေသည်။

ထိုညတွင် လီလော့အဖေသည် ဇနီးဖြစ်သူ၏ ရိုက်နှက်ခြင်းကို အလူးအလဲခံစားလိုက်ရရှာသည်။ပိုဆိုးသည်မှာ ဘေးတွင် ထိုင်ရယ်နေသော လီလော့ထံသို့ အမေဖြစ်သူ၏ ဒေါသများ ကျရောက်လာသောကြောင့် သားအဖနှစ်ယောက်စလုံး အရိုက်ခံခဲ့ရသည်။

လီလော့၏မိခင်သည် ကျန်းချင်းအားကို စာချုပ်ဖျက်သိမ်းပေးဖို့ ပြောသည့်အခါ ခေါင်းမာလွန်းလှသော သူမသည် စကားတစ်ခွန်းမှ မဆိုတော့ဘဲ လီလော့၏မိဘနှစ်ပါးရှေ့၌ မထစတမ်း ဒူးထောက်ခဲ့သည်။

နောက်ဆုံးတွင် လီလော့၏ မိဘနှစ်ပါးသည် သူမ၏ တောင်းဆိုချက်အား လိုက်လျောခဲ့ရလေသည်။သို့သော်လည်း ထိုကိစ္စအား လျှို့ဝှက်ထားခဲ့ကြပြီး မည်သည့်အခါမျှအစ ဖော်ခြင်းမရှိတော့သလို ထုတ်လည်း မပြောကြတော့ပေ॥

အချိန်ကြာလာသည်နှင့်အမျှ လီလော့ပင် လျှင် ထိုအကြောင်းအရာအား မေ့လျော့နေခဲ့ပြီဖြစ်သည်။ သို့သော် ကျန်းချင်းအာသည် နန်ဖန်းကျောင်းတော်၌ တက်ရောက်ခွင့်ရသောအခါ လီလော့နှင့် စေ့စပ်ထားခြင်းအား အတိအလင်း ကြေငြာပစ်လိုက်လေသည်။

ဤသတင်းကြောင့် နန်ဖန်းကျောင်းတော်တစ်ခုလုံးသာမကဘဲ ထျန်ရှုစီရင်စု တစ်ခုလုံး အံ့အားသင့်ခဲ့ရသည်။ ထိုအချိန်တွင် လီလော့သည် နန်ဖန်းကျောင်းတော်၍ မတက်ရသေး၍သာ တော်ပေတော့သည်။ သို့မဟုတ်ပါက စောစောစီးစီးကတည်းကပင် လူမုန်းခံရပေဉီးမည်။

နှစ်များစွာကြာပြီးနောက် ယခုတိုင် လီလော့သည် ထိုကြေညာချက်၏ နောက်ဆက်တွဲ လှုပ်ခတ်မှုများကြောင့် အနည်းငယ် ထိခိုက်နေရသေးသည်။ ထိုမှတဆင့်​ ကျန်းချင်အာသည် ဘယ်လောက်တောင် ဆွဲဆောင်မှုရှိတဲ့ ပုံသဏ္ဍာန်ရှိသလဲဆိုတာကို သူကောင်းကောင်းကြီး နားလည်ခဲ့ရပေသည်။

" မင်း ငါ့ကို ကောင်းကောင်းကြီး လှည့်စားနိုင်ခဲ့တာပဲ...."

လီလော့ မချိတင်ကဲဖြစ်ဟန်နှင့် တီးတိုးရေရွတ်လိုက်မိသည်။

" ဟဲ့ လီလော့..နင် နေ့တိုင်းဘာလို့ ဒီနားရောက်တိုင်း ရပ်ကြည့်နေတာလဲ တခြားသူတွေ နင့်ကိုမနာလိုကြည့်နဲ့ ကြည့်တာကို တော်တော် သဘောခွေ့နေတာလား..."

လီလော့ သက်ပြင်းချနေစဉ်မှာပဲ မိန်းကလေးတစ်ယောက်ရဲ့ စကားသံဟာ လီလော့ရဲ့ နောက်ဘက်မှ ထွက်ပေါ်လာသည်။

လီလော့ လှည့်ကြည့်လိုက်ချိန်တွင် ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရသည်။ထိုမိန်းကလေးသည် ကျန်းချင်းအားနှင့် နှိုင်းမရသော်လည်း သဘာဝဆန်ဆန်လှပသူတစ်ယောက်ဖြစ်၏။ သူမ၏ဆံနွယ်များသည် ခါးအထိရှည်လျားပြီး နန်ဖန်းကျောင်းဝတ်စုံလေးကို ချပ်ချပ်ရပ်ရပ်ဝတ်စားထားသောကြောင့် သူမ၏ လှပသော ခန္ဓာကိုယ် ကောက်ကြောင်းလေးကို သိသာပေါ်လွင်စေသည်။

ဟန်ပါပါလက်ပိုက်ထားသော ထိုမိန်းကလေး၏ မျက်နှာပေါ်တွင် လှောင်ပြောင်သရော်ဟန် ရှိနေသော်လည်း လီလော့သည် သူမအား တည်ငြိမ်အေးဆေးသောအကြည့်ဖြင့်သာ ပြန်ကြည့်ခဲ့သည်။

ထိုမိန်းကလေးသည် လီလော့၏ အတန်းဖော်တစ်ယောက်ဖြစ်ပြီး ထျန်ရှုစီရင်စုရှိ အထက်တန်းစားကလန်ကြီး သုံးခုတွင် တစ်ခုအပါအဝင်ဖြစ်သော တီဖာကလန်မှ ဆင်းသက်လာသူတစ်ယောက်ဖြစ်သော တီဖာချင်း ဖြစ်ပင်သည်။

သူမနှင့် လီလော့ကြားတွင် မည်သည့်ပြသာနာမျှ မရှိသော်လည်း သူမသည် ကျန်းချင်းအာ အား အလွန်အမင်း လေးစားအားကျနေပါသောအမာခံပရိသတ်တစ်ယောက်ဖြစ်၏။

သူမ အတွေးထဲတွင် ကျန်းချင်းအာသည် ပြစ်မျိုးမှဲ့မထင် လှပလွန်းသော အင်မော်တယ်ပန်းပွင့်လေး ဖြစ်သဖြင့် ဤကမ္ဘာပေါ်တွင်လီလော့အပါအဝင် သူမနှင့် ထိုက်တန်သူရှိနိုင်လိမ့်မည်မဟုတ်ပေ။

လီလော့သည် ချောမောသောသူတစ်ယောက်ဖြစ်ကြောင်း လက်ခံသော်လည်း ဤသသည်မှာ အပေါ်ယံအရေးပြားတတစ်ခုသာဖြစ်ပြီး ကျန်းချင်းအာနှင့် ထိုက်တန်သူသည် အဆင်းရောအချင်းပါပြည့်စုံပြီး ပုရိသာများထဲတွင် နဂါးတစ်ကောင်ဖြစ်ရပေမည်။လီလော့သည် မိဘအားကိုးကြောင့်သာ ကျန်းချင်းအာနှင့် စေ့စပ်နိုင်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။တီဖာချင်း အတွက်မူ ဤအချက်သည် သူမ၏ နတ်ဘုရားမလေး ကျန်းချင်းအာ၏ ဂုဏ်ကျက်သရေအား များစွာထိခိုက်စေသည်ဟု ယူဆထားခဲ့သည်။

ထို့ကြောင့် လီလော့ နန်ဖန်းကျောင်းတော် ရောက်ကတည်းက တီဖာချင်းသည် လီလော့ကို မြင်သည်နှင့် စကားနာထိုးကာ လှောင်ပြောင်သလှော်လေ့ရှိပြီး အဆုံးမဲ့သော မေးခွန်းများနှင့် တရစပ်ထိုးနှက်လေတော့သည်။

" လီလော့ နင့်နဲ့ အစ်မကျန်းတို့ စေ့စပ်ထားတာကို ဘယ်အချိန်ဖျက်သိမ်းမှာလဲ..."

ဤမေးခွန်းသည် သူမ အကြိမ်ပေါင်းမရေမတွက်နိူင်အောင် မေးနေသော မေးခွန်းဖြစ်၏။ လီလော့သည် နှာခေါင်းကို ပွတ်ကာ....

" နင့်အပူ တစ်ပြားသာမှမပါဘူး..."

ဟူ၍ ပြန်ဖြေခဲ့ပြီး လှည့်ထွက်လာခဲ့သည်။

တီဖာချင်းသည် ဒေါသဖြစ်နေသော မျက်နှာခါးဖြင့် လီလော့နောက်သို့ ခေါင်းမာမာနဲ့ ဆက်လိုက်လာပြန်သည်။

"လီလော့... နင်က ငန်းသားစားချင်နေတဲ့ ဖားပြုတ်လိုပဲ...."

လီလော့သည် သူမအား အလုံးစုံ လျစ်လျူရှုထားလိုက်သည်။ ထို့ကြောင့် သူမသည် သွေးကြောများ ပေါက်ကွဲလုမတတ် ဒေါသထွက်လာပြီး လီလော့နောက်သို့ လိုက်လာသောခြေလှမ်းများကို အရှိန်မြှင့်လိုက်လေသည်။

" လီလော့..စေ့စပ်ပွဲကို မဖျက်သေးသ၍ ဒုက္ခရောက်မယ့် သူကနင်ပဲ..အစ်မကျန်း ပိုပြီး အရည်အချင်းရှိလာလေ နင် ဒုက္ခပိုရောက်လေပဲ....နင့် မိဘတွေ ပျောက်ဆုံးနေတာကြာပြီဆိုတော့ လော့လန်အိမ်တော်ကလည်း ပြိုကွဲလုနီးပါးဖြစ်နေပြီ...နင့်ရဲ့ အိမ်တော်သခင် ရာထူးကိုတောင် ကြာကြာထိန်းထားနိုင်ပါဉီးမလား..."

" ရှပြည်ထောင်စုမှာရှိသမျှ နောက်ခံအသိုင်းအဝိုင်းကောင်းတဲ့ အမျိုးကောင်းသားတိုင်းက အစ်မကျန်းအတွက် ဘယ်လိုတွေ တိုက်ခိုက်နေကြလဲ နင်မသိဘူးမလား..."

" နင့်မိဘတွေ သူ့အပေါ် ကောင်းကောက်းဆက်ဆံခဲ့တာအတွက်နဲ့ နင်သူ့အပေါ် အခုလိုတွေ အတင်းအကြပ်လုပ်လို့မရဘူး...."

" လီလော့...နင့်ဘက်က စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ ငြင်းနေဉီးမယ်ဆို နန်ဖန်းကျောင်းတော်ထဲမှာတောင် နင့်ကို ဒုက္ခပေးချင်တဲ့သူတွေ ရှိလာလိမ့်မယ်..."

နောက်ဆုံးတွင် လီလော့သည် ခဏရပ်လိုက်ပြီး....

" အိုးးး ပြောစမ်းပါဉီး...ဘယ်သူတွေကများ ငါ့ကို ဒုက္ခပေးချင်နေတာလဲ..."

တီဖာချင်းသည် နှာမှုတ်သံတစ်ချက်ပြုလိုက်ပြီး.....

" ပိုင်ကလန်က ပိုင်ခွန်းကို နင်သိတယ်မလား...နင့်ဘက်က အစ်မကျန်းကို အဆင့်အတန်းအားကိုးနဲ့ အတင်းအကြပ်ဖိအားပေးမှာ မဟုတ်မှန်း သူသိတယ်...ဒါ့ကြောင့် နောက်နှစ်ရက်ကျရင်ရှင်းသန့်လေပြည် မှာနင်နဲ့ တွေ့ဖို့ ချိန်းခိုင်းလိုက်တယ်.... "

လီလော့ ရယ်မောလိုက်သည်။

" ငါ့ သူ့ကိုသိတယ်..ဟိုတုန်းကဆို သူငါ့ကို မျက်နှာချိုသွေးနေကြ..."

သူ့မိဘနှစ်ပါးရှိစဉ်အခါက လော့လန်အိမ်တော်သည် ထျန်ရှုစီရင်စုတွင် အတော်လေး သြဇာအာဏာညောင်းခဲ့ပေသည်။ထိုစဉ်အခါက ပိုင်ခွန်းသည် သူထံမကြာခဏလာရောက်လည်ပတ်ခဲ့ပြီး ​သေသည်အထိ သူငယ်ချင်းဖြစ်ကြမည်ဖြစ်ကြောင်း ပြောခဲ့ဖူးပေသည်။

နှစ်အနည်းငယ်ကြာပြီးနောက် လော့လန်အိမ်တော်၏ အခြေနေများ ပြောင်းလဲသွားချိန်တွင် သူငယ်ချင်းဟောင်းဖြစ်သူသည် သူ့အား ဤသို့ဒုက္ခပေးလာမည်ဟု မည်သူထင်မိခဲ့မည်နည်း.....

အတိတ်တုန်းကဆို ရှင်းသန့်လေပြည် တည်းခိုဆောင်တွင် စားသောက်ပွဲကျင်းပတိုင်း လီလော့ ဖိတ်ကြားသည့်အခါ အလွန်ပျော်ရွှင်နေတတ်သည့် ပိုင်ခွန်းသည် အခုချိန်တွင် ထိုနေရာအား ရန်ပွဲအစပြုဖို့ စုရပ်အဖြစ် သတ်မှတ်လိုက်လေပြီ....

ဒီလူ သိပ်ကို ရိုးသားလွန်းတာပဲ....

" လီလော့..နင် သူ့ကို လှောင်ပြောင်နေစရာမလိုဘူး...လောကကြီးက ဒီအတ်ိုင်းပဲ...နင့်ရဲ့အမျိုးနွယ် အင်အားကြီးတဲ့အခါ နင့်အတွက် အကုန်လုံးက အသင့်ရှိပေးနိုင်ပေမယ့် အခုလို လော့လန်အိမ်တော် ယိုင်နဲ့လာချိန်မှာ နင့်ကို ဘာ့ကြောင့် မျက်နှာသာပေးဖို့ လိုဉီးမှာလဲ...အတိတ်တုန်းကလဲ သူတို့ မျက်နှာသာပေးခဲ့တာ နင့်မိဘတွေကိုပါ...နင့်ကိုမဟုတ်ဘူး..."

လီလော့ ခေါင်းတစ်ချက်ညိတ်ပြီး သဘောတူလိုက်သည်။

" နင်ပြောတာတွေကို ငါလက်ခံပါတယ်..."

နှစ်နှစ်တာကာလအတွင်း ပြောင်းလဲလာသော ကံတရားနှင့် ခင်မင်ရင်းနှီးမှုများအကြောင်းကို သေချာစွာ နားလည်နိုင်ခဲ့ပြီးဖြစ်သည်။

လီလော့သည် ခြေလှမ်းများကို အရှိန်တင်ပြီး ကျောင်းထဲမှ ခပ်သွက်သွက် ထွက်လာခဲ့လိုက်သည်။

သို့သော် တီဖာချင်းသည် လီလော့နောက်သို့ ဆက်လိုက်လာ၍ ကျန်းချင်းအာအား လွတ်လပ်ခွင့်ပေးလိုက်သင့်ကြောင်းကို မရပ်မနား တောက်လျှောက်ပြောဆိုနေ၏။

ယခုချိန်တွင် ထိုကဲ့သို့သော လူစားမျိုးအား လျစ်လျူရှုထားခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်မှန်း လီလော့နားလည်နေခဲ့ပြီဖြစ်သည်။ထို့ကြောင့် သူမပြေသမျှတိုင်းကို အလုံးစုံလျစ်လျူရှုကာ ကျောင်းထဲကနေ ထွက်လာခဲ့လိုက်သည်။

ဤသို့ ပြုလုပ်လိုက်သည်နှင့် တီဖာချင်း၏ ခြင်အော်သံကဲ့သို့သော တဝီဝီနားပူ နားဆာလုပ်သံများသည် လည်ချောင်းထဲတွင် ဖားပြုတ်တစ်ကောင် ဝင်နေသည့်နှယ် ရပ်တန့်သွားတော့သည်။

လီလော့ လှည့်ကြည့်လိုက်သောအခါ သူမ၏ မျက်နှာသည် နီရဲနေပြီး ကျောင်းအပြင်ဘက်က ကျောက်လှေကားထစ်များကို စိတ်လှုပ်ရှားနေသောအကြည့်များနှင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူမ ကြည့်နေသည့်နေရာကို ကြည့်လိုက်သည့်အခါ လှေကားထစ်အဆုံးတွင် ရထားလုံးတစ်စီးရပ်ထားသည်ကို မြင်လိုက်ရသည်။ထိုရထားလုံးသည် ရှေးကျသောအငွေ့အသက်များနှင့် လှပသပ်ရပ်သော ဒီဇိုင်းရှိပြီး အတော်လေး ကျယ်ဝန်းပေသည်။ ရထားလုံး၏ ဘီးလေးဘီးစလုံးသည် အနီရောင်တောက်ပနေပြီး တောင့်တင်းသန်မာသော မြင်းခြင်္သေ့လေးကောင်တပ်ထားသည် ရထားလုံးပေါ်တွင် လော့လန်အိမ်တော် တံဆိပ်အား ထင်ရှားစွာတွေ့မြင်လိုက်ရသည်။

တီဖာချင်းနှင့် အနီးအနားတစ်ဝိုက်ရှိ ကျောင်းသားကျောင်းသူတို့၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ဖြစ်နေရခြင်းမှာ ရထားလုံးရှေ့တွင်ရပ်နေသော မိန်းမပျိုလေးကြောင့်သာပင်....

ထိုမိန်းမပျိုလေးသည် ဆံပင်များကို ခပ်မြင့်မြင့်စည်းနှောင်ထားပြီး သူမ၏ အသားအရေဝည် နေရောင်အောက်တွင် ဝင်းပနေ၏။ သူမ၏ ကိုယ်ဟန်အနေအထားသည် လွန်စွာတင့်တယ်လှပေသည်။သူမသည် လက်ထဲတွက် ကြာပွတ်ရှည်တစ်ချောင်းကိုင်ဆောင်ထားပြီးအပြာနုရောင် ကုတ်အင်္ကျီကို စကတ်အတိုလေးဖြင့်တွဲဖက်ဝတ်ဆင်ထားသောကြောင့် လှပသောခြေတံရှည်လေးများကို အထင်းသားမြင်နေရသည်။သို့သော် သူမတစ်ကိုယ်လုံးတွင် ဆွဲဆောင်မှုအရှိဆုံးသည်ကား နေရောင်ခြည်ကဲ့သို့တောက်ပနေသော ရွှေရောင်မျက်ဝန်းတစ်စုံသာပင်....

မှန်ပေသည်....သူမသည် ကျန်းချင်းအာပင်ဖြစ်သည်။

ကျောင်းအပြင်ဘက်မှ အာမေဋိတ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ကျောင်းသားများသည် သူမ၏ သွယ်လျသောရုပ်သွင်ကို စိုက်ကြည့်နေကြသည်။ ဤနေ့တွင် နမ်ဖန်းကျောင်းတော်၏ဒဏ္ဍာရီဘွဲ့ရသူအား လူကိုယ်တိုင်မြင်တွေ့နိုင်မည်ဟု မထင်ထားမိကြပေ။

စိတ်လှုပ်ရှားနေသော ကျောင်းသားကျောင်းသူများကို လျစ်လျုရှုလိုက်ပြီး လီလော့သည် လှေကားထစ်များကို ဖြတ်ကျော်ကာ ကျန်းချင်းအာ ထံသို့ သွားကာ အံ့အားသင့်နေဟန်ဖြင့်.....

" အစ်မကျန်း ဘယ်တုန်းက နန်ဖန်းမြို့ကို ပြန်ရောက်လာလဲ...."

လော့လန်အိမ်တော်သည် ရှပြည်ထောင်စု၏ အဓိကအိမ်တော်လေးခုစာရင်းဝင်ပြီးကတည်းက ပင်မအိမ်တော်အား ရှပြည်ထောင်စု၏ မြို့တော်သို့ ပြောင်းရွှေ့ထားပြီးဖြစ်သည်။

ကျန်းချင်းအာသည် ရှပြည်ထောင်စု၏ အဆင့်မြင့်ဆုံးကျောင်းတော်ဖြစ်သည့် ကြယ်တာခရီးရှည်ကောလိပ်သို့ တက်ရောက်ခွင့်ရပြီးကတည်းက ရှပြည်ထောင်စု၏ မြို့တော်ဆီသို့ ပြောင်းရွေ့သွားခဲ့။ လွန်ခဲ့သော နှစ်နှစ်အတွင်း သူမသည် အိမ်တော်၏ ကိစ္စအဝဝကို စီမံကွပ်ကဲနေရသည့်အတွက် နန်ဖန်းမြို့သို့ ပြန်လာသည်မှာအတော်ရှားသည်။ထို့ကြောင့် လီလော့သည် ကျန်းချင်းအာနှင့် မတွေ့ဖြစ်သည်မှာ အတော်ကြာနေပြီဖြစ်သည်။

ကျန်းချင်းအာသည် လီလော့အား တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်သောအသံဖြင့် ဆို၏။

" မနက်ဖြန်ကျရင် နင့်ရဲ့ ဆယ့်ခုနှစ်နှစ်ပြည့် မွေးနေ့ရောက်ပြီ....ပြီးတော့ ဒီမှာ အရေးကြီးကိစ္စတစ်ချို့ဆွေးနွေးစရာရှိသေးတယ်....ငါဒီနေ့ပဲ နန်ဖန်းကိုရောက်တာ...ရောက်ရောက်ချင်း နင့်ကို လာကြိုတာ..."

သူမ၏ အသံသည် ကျောက်စိမ်းပေါ်သို့ တောင်ကျစမ်းရေလေးများ ကျဆင်းသည့်နှယ်တကယ်ပင် နားဝင်ချိုလှပေသည်။

လီလော့ ခေါင်းငြိမ့်လိုက်သည်။ ကျန်းချင်းအာ၏ အပြုအမူနှင့်ပတ်သတ်၍ မည်သို့မျှမခံစားရပေ။ သူမနှင့် နှစ်ပေါင်းများစွာ သိကျွမ်းလာသူဖြစ်သည့်အတွက် ဤသည်မှာ သူမ၏ ပင်ကိုယ်စရိုက်မှန်း သိနေပေသည်။

" ဒါဆိုလည်း သွားကြစို့...."

သူမသည် နန်ဖန်းကျောင်းတော်တွင် အလွန်ရေပန်းစားသူတစ်ဉီးဖြစ်သောကြောင့် ဤနေရာတွင် ရပ်နေရုံဖြင့် ထွင်းဖောက်တော့မတတ်ဝိုင်းအုံကြည့်နေကြ၏။

ကျန်းချင်းအာသည် မသိမသာခေါင်းညိတ်ပြလိုက်သော်လည်း ချက်ချင်း လှည့်မပြန်သေးဘဲ သူမအား  စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်နေသော တီဖာချင်းအား ကြည့်လိုက်သည်။

"နင်က တီဖာချင်း မဟုတ်လား...."

တီဖာချင်းသည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းကို ပြုတ်ထွက်မတတ်ညိတ်ပြလိုက်ကာ....

" အစ်မကျန်းက ညီမကို အခုထက်ထိမှတ်မိနေသားပဲ...."

ကျန်းချင်းအာကလည်း တည်ငြိမ်အေးဆေးစွာဖြင့်.....

" နင် လီလော့ကို နောက်ထပ် ထပ်ပြီးနှောက်ယှက်မနေနဲ့တော့...မဟုတ်လို့က​တော့ ကြယ်တာယာခရီးရှည်ကောလိပ်က နင့်အစ်ကိုကြီးကို ငါသေသေချာချာလေးကို ကြည့်ရှုစောင့်ရှောက်ပေးလိုက်မယ်..."

တီဖာချင်း၏ စိတ်လှုပ်ရှားမှုများသည် တမဟုတ်ချင်းပင် အေးခဲကုန်၏။ တခဏအကြာ၌ ကျန်းချင်းအား၏ ရွှေရောင်မျက်ဝန်းများ ပြောင်းလဲသွားသည်ကို မြင်သည့်အခါ ထိတ်လန့်စွာဖြင့် ခေါင်းညိတ်လိုက်ရရှာသည်။ အစောပိုင်းတွင် လီလော့အား မောက်မာရိုင်းစိုင်းစွာပြုမူခဲ့သော အမူအရာမျသည်လည်း ပျောက်ကွယ်ကုန်ပြီဖြစ်သည်။

ထိုစကားပြောပြီးသည့်နောက် ကျန်းချင်းအာသည် လီလော့နှင့်အတူ ရထားလုံးထဲသို့ ဝင်သွားခဲ့သည်။ ရထားလုံးဆွဲ မြင်းခြင်္သေ့များသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြပြီး လျင်မြန်သော အဟုန်ဖြင့် ထွက်ခွာသွားကြတော့သည်။

တီဖာချင်း သည် ထိုနေရာတွင် ရပ်နေပြီး ရထားလုံးထွက်သွားသည်ကို ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် သူမသည် မျက်လုံးများကို ပွတ်သပ်ကာ သူမ၏မျက်နှာပေါ်၌ ယစ်မူးနေသည့်အကြည့်တစ်ခုဖြစ်ပေါ်လာတော့သည်။

" အစ်မကျန်းက လုံးဝအမိုက်စားပဲ...အားးးးးး ငါသူ့ကို ချစ်လိုက်တာ....."

All Chapters