← Chapters

လီလော့က စေ့စပ်ပွဲ ဖျက်သိမ်းချင်နေတယ်.....

Vol. 1 Ch. 3

လီလော့က စေ့စပ်ပွဲ ဖျက်သိမ်းချင်နေတယ်.....

Vol. 1 Ch. 3

မြင်းခြင်္သေ့သည် နန်ဖန်မြို့၏ကျယ်ပြန့်သောလမ်းများတစ်လျှောက်တွင် လျင်မြန်စွာ ပြေးလွှားနေသည်။ ရထားလုံးသည် တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း လျင်မြန်သောအရှိန်ကြောင့် အဆောက်အအုံများ၊သစ်တောများကို လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့သည်။

ရထားလုံး၏ အတွင်းပိုင်းသည် အတော်လေး ကျယ်ဝန်းပြီး သက်တောင့်သက်သာရှိပေသည်။ နှစ်ဉီးသားကြားတွင် လက်ဖက်ရည်စားပွဲတစ်ခုရှိနေပြီး လီလော့သည် မျက်လုံးမှိတ်ကာအနားယူနေပြီး ကျန်းချင်းအားသည် စာဖတ်နေ၏။

လိုက်ကာ အဟကြားမှတဆင့် ဝင်ရောက်လာသောနေရောင်ခြည်သည် ကျန်းချင်းအား၏ ကျောက်စိမ်းရောင်အသားရေအား သလင်းကျောက်လေးများသဖွယ် တလက်လက်တောက်ပနေစေသည်။

အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် ကျန်းချင်းအာသည် မျက်တောင်တစ်ချက်ခတ်ကာ လီလော့အား ခေါင်းမော့ကြည့်လိုက်သည်။

" ဒီနှစ်တွေအတွင်း ငါ​ပြောခဲ့တဲ့ စကားတွေကြောင့် နင် ကျောင်းမှာ ဒုက္ခများခဲ့ပုံပဲ....အဲ့အတွက် ငါစိတ်မကောင်းပါဘူး..."

လီလော့သည် စကားတစ်ခွန်းမျှ မဆိုသေးဘဲ မျက်လုံးဖွင့်ကြည့်နေ၏။ လီလော့သည် သူမ၏ ခမ်းနားသောအသွင်အပြင် ၊ ရဲစွမ်းသတ္တိထက်မြက်သော အရှိန်အဝါတို့ကို သေချာစေ့စပ်စွာ ကြည့်လိုက်ပြီး ခပ်ဖွဖွရယ်မောလိုက်မိသည်။

" မင်းရဲ့ တောင်းပန်မှုထဲမှာ ရိုးသားမှု မပါဘူး...မင်းဘက်ကတကယ် စိတ်ရင်းမှန်တယ်ဆို စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ခွင့်ပြုပေးလိုက်..."

ကျန်းချင်းအားသည် စာမျက်နှာအချို့ လှန်လှောနေရင်းကနေ...

" ဒါက ဒဏ္ဍာရီလာ စေ့စပ်ပွဲမဟုတ်လား...ငါ့ဘက်က စပြီး စာချုပ်ချုပ်ထားတာဆိုတော့ ဒီတောင်းဆိုမှုကို ငါ့ဘက်ကပဲ စလုပ်သင့်တာမဟုတ်မလား.....နင့်ဘက်က နောက်ကြောင်းပြန်ဖို့ စဉ်းစားနေတာလား..."

လီလော့သည် သူမ၏ ရုတ်တရက်ဆန်သော ဟာသပြကွက်ကြောင့် ရယ်ရမလား၊ ငိုရမလား ခွဲခြားမရနိုင်ဖြစ်နေမိတော့သည်။

ကျန်းချင်းအာသည် လီလော့ကို ခေါင်းမော့ကြည့်လိုက်ပြီး....

" ဘာပြသာနာရှိလို့လဲ....ငါတို့နှစ်ယောက်ရဲ့ စေ့စပ်ပွဲက နင့်ကို အနာဂတ်မှာ ပြသာနာပိုဖြစ်လာစေမှာ စိုးလို့လား...."

လီလော့သည် ခဏမျှ တိတ်ဆိတ်သွားပြီး ခေါင်းယမ်းလိုက်သည်။

“မင်းကို ချုပ်နှောင်ထားသလိုဖြစ်မှာကို ငါစိုးရိမ်တယ်။ မင်းလိုမိန်းကလေးမျိုးက မလိုအပ်ဘဲ ဒီလိုစေ့စပ်ပွဲကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေစရာ မလိုဘူး...ပြီးတော့ ငါတို့ အဲ့အကြောင်းပြောမိလိုက်တိုင်း ငါ့အဖေခင်မျာ ငါ့အမေဆီကနေ ဘယ်နှကြိမ်လောက်အကန်ခံခဲ့ရသလဲ နင်သိလား....အေး အခုဆို ငါ့အမေသာရှိနေသေးရင် ငါ့အဖေကို ဒီ့ထက်နာနာလေး ကန်ဖို့ အားပေးအားမြှောက်လုပ်ပေးမိမှာပဲ..တကယ်ပြသာနာ အစစ်အမှန်က အဖေ့အလှည့်ပြီးရင် နောက်ထပ်အကန်ခံရမယ့်သူက ငါပဲ.... "

ထိုသို့ ပြောနေစဉ်အတွင်း လီလော့၏ အကြည့်များသည် မကျေမနပ်ဖြစ်နေသည့်ပုံရသည်။ကျန်းချင်းအာ အတွက်မူ သူမကြောင့် လီလော့တို့ သားအဖနှစ်ဉီး ခံစားခဲ့ရသည်များကို ကြားရသောအခါ လှပသော နှုတ်ခမ်းလေးများပင် တဆတ်ဆတ်တုန် နေတော့သည်။

ကျန်းချင်းအာသည် တည်ငြိမ်သွားအောင် အချိန်ယူပြီး​နောက်....

" ငါ မစိုးရိမ်ပါဘူး..."

လီလော့ ခေါင်းကိုက်သလို ခံစားနေရပြီဖြစ်သည်။

"ဒါဆို အနာဂတ်မှာ နင်တစ်ယောက်ယောက်ကို ချစ်မိသွားတဲ့အခါ ဘယ်လိုလုပ်ကြမလဲ...ဒါကြီးက လုံးဝကို ရယ်စရာကောင်းနေတာ နင်လဲအသိပဲဟာ...."

ကျန်းချင်းအာသည် တည်ငြိမ်လှသော အပြုံးမျိုး ပြုံးပြနေသည်။

" ဒီလိုလူမျိုးနဲ့ ထပ်မတွေ့နိူင်တော့ဘူး..ငါ ဇီဇာကြောင်တတ်တာ နင်လဲအသိပဲ...ငါ့မှာ စေ့စပ်ထားပြီးသားသူ ရှိတဲ့အတွက် ငါ့နှလုံးသားကို ဘယ်နည်းနဲ့မှ အခြားလူတစ်ယောက်ဆီ ပေးလိုက်စရာအကြောင်းမရှိဘူး..."

လီလော့ ကျန်းချင်းအာကို ခပ်မာမာစိုက်ကြည့်လိုက်ပြီး လေသံထဲတွင် ဒေါသအရိပ်မြွက်များ ယှက်သန်းလာတော့သည်။

" နင် ဘယ်လိုတွေ တွေးနေတာလဲ ကျန်းချင်းအာ....ငါ့မိဘတွေ နင့်အပေါ်ကောင်းခဲ့တဲ့အတွက် နင် သူတို့ကို ကျေးဇူးတင်နေမှန်းငါသိတယ်...ဒါပေမယ့် ဒီလိုနည်းကြီးနဲ့တော့ ကျေးဇူးဆပ်စရာမလိုဘူး...နင် ငါ့အတွက် ဘာတွေ သယ်လာလဲဆိုတာ နင်တွေးမိရဲ့လား...ငါက နင်ကျေးဇူးဆပ်ဖို့ အသုံးချခံသက်သက်ပဲလား...နင့်ဘက်က ဒီစေ့စပ်ပွဲကို လက်ခံရင်တောင် ငါ့ဘက်က လုံးဝ လက်မခံနိုင်ဘူး...."

လီလော့၏ ရုတ်တရက်ဆန်သော ဒေါသများသည် သူမအား ထိတ်လန့်စေ၏။ သူမသည် ငြိမ်သက်နေသော ရွှေရောင်မျက်လုံးများဖြင့် သူ့ကို အကြာကြီး စူးစူးစိုက်စိုက် စိုက်ကြည့်ပြီးနောက် ခေါင်းကို အနည်းငယ် ငုံ့ထားလိုက်သည်။

"တောင်းပန်ပါတယ်....နင့်ရဲ့ခံစားချက်တွေကို ထည့်မတွက်မိဘူးဆိုတာ ငါဝန်ခံပါတယ်"

ဤအပြုအမူကို မြင်သည့်အခါ လီလော့သည် ဒေါသများကို ချုပ်ထိန်းထားလိုက်ပြီး....

" နင် နားလည်တယ်ဆို နင်လုပ်သင့်တာက....."

" ဒါပေမယ့်လည်း...."

ကျန်းချင်းအာသည် ခေါင်းပြန်မော့လာပြီး လီလော့အား မထူးမခြားနားသောအကြည့်များနှင့် ကြည့်နေပြန်သည်။

" နင်လဲ ငါတို့ အိမ်တော်ရဲ့ စည်းမျဉ်းကို သိရဲ့သားနဲ့... အိမ်တော်သားအချင်းချင်း စေ့စပ်ထားတဲ့အခါ စေ့စပ်ပွဲကို ဖျက်သိမ်းချင်ရင် နှစ်ယောက်သား တိုက်ခိုက်ပြီး အနိုင်ရတဲ့သူသာ နောက်ဆုံးပိတ် ဆုံးဖြတ်ချက်ချမှတ်ခွင့်ရှိတာလေ...."

ဤသည်မှာ လီလော့၏ မိခင်ဖြစ်သူ ချမှတ်ထားသော စည်းကမ်းဖြစ်ပြီး အိမ်တော်အတွင်း သဘောထားကွဲလွဲမှုများကို ဤနည်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်သည်။ ထို့ကြောင့် ဖခင်ဖြစ်သူနှင့် မကျေမလည်ဖြစ်တိုင်း မိခင်ဖြစ်သူသည် ဝတ်ရုံလက်စကို ခေါက်တင်ကာ လီလော့၏ ဖခင်အား တိုက်ပွဲကွင်းပြင်သို့ ဆွဲခေါ်သွားစမြဲပင်....

" နင့်ဘက်က စေ့စပ်ပွဲကို တကယ်ဖျက်သိမ်းချင်တယ်ဆို အိမ်တော်က တိုက်ပွဲကွင်းပြင်ထဲမှာ အိမ်တော်ရဲ့ စည်းကမ်းအတိုင်း တိုက်ခိုက်ကြတာပေါ့...."

လီလော့၏ မျက်နှာသည် တစ်ခဏမျှ တောင့်တင်းသွားကာ အမျိုးမျိုးသော အမူအရာများ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် သူသည် အံကြိတ်ကာ သူမကို လက်ညှိုးထိုး၍ ဒေါသတကြီးအော်ပြောလိုက်လေသည်။

" ကျန်းချင်းအာ...နင် သိပ်လွန်မလာနဲ့...ငါ့လို စည်းတံဆိပ်ဆယ်ခု အစောပိုင်းအဆင့်က နင့်လို ကမ္ဘာမြေနဲ့ ရင်းနှီးချင်းအဆင့်ကို နိုင်အောင်တိုက်နိုင်မှာလဲ...."

ကျင့်ကြံသူများသည် ၎င်းတို့၏ ပဲ့တင်ထပ်သံ နန်းတော်အား တည်ထောင်ပြီးနောက်တွင် အခြေခံအကျဆုံး အဆင့်ဖြစ်သည့် စည်းတံဆိပ်ဆယ်ခု အဆင့်သို့ ဝင်ရောက်သည်ဟု ယူဆကြသည်။ ယင်းနောက်တွင် ပဲ့တင်ထပ်သံဆရာသခင်အဆင့်သို့ ရောက်ရှိကြ

ပြီး၊ ထိုအချိန်မှသာ ၎င်းတို့သည် ကျင့်ကြံ​

လမ်းကြောင်းအား အမှန်တကယ် စတင်နေနိုင်​ပြီဟု ယူဆနိုင်သည်။

ပဲ့တင်ထပ်သံဆရာသခင်အဆင့်တွင် အခြေခံအကျဆုံး အဆင့်သုံးဆင့်ဖြစ်သည့် စစ်သူကြီး၊မြို့စား၊ဘုရင် ဟူသည့် အဆင့်သုံးပါဝင်ပေသည်။

အဆင့်ကြီးတစ်ခုတိုင်းတွင် အဆင့်သေးနှစ်ခု ထပ်မံခွဲခြားထားသေးသည်။ စစ်သူကြီးအဆင့်တွင် ကောင်းကင်နှစ်မြှုပ်ခြင်းအဆင့်နှင့် ကမ္ဘာမြေနှင့်ရင်းနှီးခြင်းအဆင့်ဟူ၍ နှစ်မျိုးရှိပေရာ ကျန်းချင်းအာ၏ အဆင့်သည် စစ်သူကြီးအဆင့်၏ ကမ္ဘာမြေနှင့် ရင်းနှီးခြင်း အဆင့်ပင်ဖြစ်သည်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ဤအဆင့်ရောက်နေသည်ဖြစ်ရာ အလွန်ပင် အံ့အားသင့်ဖွယ်ကောင်းနေပေသည်။ထို့ကြောင့် ကျန်းချင်းအာ၏ ပါရမီအား လူတိုင်း ထိတ်လန့်ကြရသည်သာ....

သူမသည် ရှပြည်ထောင်စုတွင် အသက်ငယ်ဆုံး မြို့စားအဆင့်တစ်ယောက်ဖြစ်လာမည်ဟုပင် ထင်ကြေးပေးနေသူများလည်းရှိကြသေးသည်။

ဒီလို ကမ္ဘာမြေနှင့် ရင်းနှီးခြင်းအဆင့်တစ်ယောက်ကို စည်းတံဆိပ်ဆယ်ခု အဆင့်လောက်နဲ့ တိုက်ခိုက်ပါက လက်ဝါးရိုက်ချက်တစ်ချက်တည်းနှင့်ပင် အသက်ထွက်သွားမည်ကိုပင် စိုးရိမ်နေရ၏။

ကျန်းချင်းအာသည် လက်ထဲ စာအုပ်ကို ပိတ်လိုက်ပြီး စိတ်မကောင်းဖြစ်နေသောအမူအရာဖြင့်....

" ငါ ဘက်က အဆိုပြုချက်ကို နင်လက်ခံချင်ပုံမရဘူး...အဲ့တော့ ငါလဲ ဘာမှ မလုပ်ပေးနိူင်တော့ဘူး..."

လီလော့ ဒေါသကြောင့် တုန်ရီနေလေပြီ။

ကမ္ဘာလောကြီးက ဘာတွေများ ဖြစ်ကုန်ကြတာလဲ...စေ့စပ်ပွဲလေးဖျက်သိမ်းဖို့ကို ဘာတွေများ ခက်ခဲနေတာလဲကွာ......

လီလော့ ပြတင်းပေါက်အပြင်ဘက်သို့သူ အသက်မဲ့စွာ ငေးကြည့်နေလိုက်တော့၏။ သို့သော် ကျန်းချင်းအာ၏ အဆိပ်ပြင်းဝေါ ရွှေရောင်မျက်ဝန်းများကို မျက်လုံးထောင့်ကနေ မြင်နေရဆဲပင်....

ထို့နောက် လီလော့ သက်ပြင်းတစ်ချက်ချလိုက်ပြီး....

" အစ်မကြီးချင်း...ငါတို့ တစ်ယောက်ကိုတစ်ယောက် သိကျွမ်းလာတာ နှစ်ပေါင်းမနည်းတော့ဘူး....နင်ငါ့အပေါ်ထားတဲ့ ခံစားချက်တွေက အချစ်မမှန်း ငါသိတယ်...အဲ့တော့ အချစ်မပါတဲ့ စေ့စပ်ပွဲက ဘယ်မှာ အဓိပ္ပါယ်ရှိမှာလဲဟာ..."

ကျန်းချင်းအာ တခဏလောက်ငြိမ်သက်သွားလေ၏။

"အမှန်တိုင်းပြောရရင်  နင့်လို ဆယ့်ခုနှစ်ဝါးလေးတစ်ယောက်က စကားကို ကြုံသလိုတွေ မပြောသင့်ဘူး....ပြီးတော့ နင်ပြောတဲ့စကားကလဲ သဘာဝကျပါတယ်...ငါ့မှာ စိတ်ဝင်စားရမယ့်သူမှမရှိတာ...နင်နဲ့ပတ်သတ်ရင် အနည်းဆုံးတော့ နင့်မှာ ရွံစရာအချက်တစ်ချက်မှ မရှိဘူးလေ...."

လီလော့ ခါးသီးစွာ ရယ်မောလိုက်လေ၏။

" အစ်မကြီးချင်း...စေ့စပ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းက ငါ့မိဘတွေကို ကျေးဇူးဆပ်ချင်လို့မဟုတ်လား...အဲ့တော့ သူတို့ပေါ်ထားတဲ့ ခံစားချက်တွေ​က နင် ငါ့ပေါ်ထားတဲ့ ခံစားချက်တွေထက် အများကြီးပိုပြင်းထန်တယ်...ပြီးတော့ အဲ့ဒီ့ ကျေးဇူးဆပ်တယ် ဆိုတာကြီးကိုလဲ ငါမလိုအပ်ဘူး...."

လီလော့ ခေါင်းငုံ့လိုက်ပြီး အသံတိုးတိုးနဲ့ဆက်ပြောနေ၏။

" ဒီစေ့စပ်ပွဲကို လွယ်လွယ် ဖျက်သိမ်းလို့မရမှန်း ငါသိပါတယ်...ဒါပေမယ့်......"

လီလော့ ခေါင်းပြန်မော့လိုက်ပြီး သူမ မျက်လုံးများကို စေ့စေ့ကြည့်လိုက်ကာ....

" ငါ့အတွက်ရော နင့်ကိုယ်တိုင်အတွက်ရော အခွင့်ရေးတစ်ခုလောက်ပေးစေချင်တယ်..."

လီလော့ တခဏလောက် စဉ်းစားပြီးနောက်....

" ငါတို့တွေ အပေးအယူလုပ်ကြရအောင်....အိမ်တော်ရဲ့ အရေးကိစ္စတွေကို စီမံဖို့ ငါ့မှာ စွမ်းအားမရှိတဲ့အတွက် မင်း ငါ့အစားတာဝန်ယူနေရတယ်မလား...တစ်နေ့ကျရင် ငါဒါတွေကို ပြန်ထိန်းချုပ်မှာပါ....အဲ့အခါကျရင် အိမ်တော်ရဲ့အခြေနေက တိုးတက်သည်ပဲဖြစ်စေ၊ ကျဆင်းသည်ပဲဖြစ်စေ ငါနင့်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ စေ့စပ်ပွဲဖျက်သိမ်းပြီး လွတ်လပ်ခွင့်ပေးပါ့မယ်... ဘယ်လိုလဲ သဘောတူလား..."

ကျန်းချင်းအာသည် မည်သို့မျှ မတုံ့ပြန်ဘဲ ငြိမ်သက်သွားခဲ့ပြီး အတော်လေးကြာတော့မှသာ သူမ၏ ဖြူသွယ်သောလက်ချောင်းများနှင့် စားပွဲခုံကို စည်းချက်ကျကျ ခေါက်ကာ....

" လီလော့ နင်ငါ့ကို အဲ့သလောက်တောင် မုန်းနေတာလား..."

လီလော့ အံ့သြမိနေ၏။

" ကျန်းချင်းအာ နင်က ကိုယ့်အလှအပ ကိုယ့်ဆွဲဆောင်နိူင်မှုကို လျော့တွက်နေတာပဲ...နင့်ရဲ့အလှအပ နင့်ရဲ့ အရှိန်အဝါကြောင့် ငါနဲ့သက်တူရွယ်တူ ယောက်ကျားတွေထဲမှာ နင်​ကြိုက်တဲ့လူကို ခေါင်းခေါက်ရွေးလို့ရတယ်...ငါနင့်ကို မကြိုက်ဘူးပြောရင် ဒါ လိ​မ်

ရာကျတာပဲလေ..."

" ဒါပေမယ့် ဒီလို စေ့စပ်ပွဲမျိုးကိုတော့ ငါ့ဘက်က လိုလဲ မလိုချင်ဘူး..လိုလဲ မလိုအပ်ဘူး...."

ကျန်းချင်းအာ မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး ရှေ့က စားပွဲခုံကို အရှိန်ပြင်းပြင်း ရိုက်ချလိုက်သည်။

စားပွဲခုံ ကျိုးကြေသံကြောင့် လီလော့ နောက်သို့အနည်းငယ်ဆုတ်လိုက်ရသည်။

" ဟေ့ ဟေ့. စကားနဲ့ပဲ အေးဆေးရှင်း လက်ပါခြေပါတွေ မလုပ်နဲ့...."

ကျန်းချင်းအာသည် လီလော့အား မျက်ဆံလှည့်ပြလိုက်ပြီး.....

"လီလော့...နင် ငါနဲ့ မတွေ့ဖြစ်တဲ့ အတောတွင်း စကား အတော်တတ်လာသားပဲ...နင့်စကားက အကျိုးအကြောင်းသင့်တယ်ဆိုတော့ ငါ့ဘက်ကလဲ လက်ခံတယ်...နင့်လက်ထဲကို အိမ်တော်ပြန်အပ်တဲ့အခါ အကောင်းတိုင်းပြန်အပ်မှာပါ..အဲ့အခါကျရင် စေ့စပ်ပွဲဖျက်သိမ်းနိုင်ပြီ...."

လီလော့တစ်ယောက် ကြီးလေးသောဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လျော့ကျသွားလို သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သို့သော်လည်း စိတ်ထဲတွင် တစ်ခုခုဆုံးရှုံးသွားသလိုမျိုး မရေမရာခံစားနေရပြန်သည်။

" ဒီနေ့ နင်ပြောတဲ့စကားတွေက ငါ့ကို အမြင်တစ်မျိုးပြောင်းသွားစေတယ်.. ကောင်

လေးမဟုတ်တော့ဘူးတဲ့... "

လီလော့ ဒေါပွနေလေပြီ....

" ကောင်လေး..." ဟုတ်လား ငါ့ဘယ်နားကြည့်ပြီး ကောင်လေးလို့ပြောနေတာတုန်း...."

ကျန်းချင်းအာသည် သူ့စကားကို လျစ်လျရှုထားလိုက်ပြီး အပြုံးမမည်သောအပြုံးမျိုးဖြင့် စကားဆက်ပြောနေပြန်သည်။

" ဒါနဲ့ ငါနင့်ကို နည်းနည်းလောက်တော့သတိပေးရဉီးမယ်....နင် ငါ့နဲ့ အပေးအယူလုပ်ချင်တယ် တကယ်သေချာပြီလား....နင် ငါနဲ့ စေ့စပ်ပွဲဖျက်သိမ်းပြီးရင် နင်ငါ့ကို ဘယ်နည်းနဲ့မှ ပြန်မရနိုင်တော့ဘူးနော်....."

လီလော့တစ်ယောက် စားပွဲခုံပေါ် လက်ထောက်က ကျန်းချင်းအာနှင့် တစ်ပေမျှသာကွာဝေးသည်အထိ ရှေ့တိုးလိုက်ပြီး....

" ကျန်းချင်းအာ...ငါဒီလိုမျိုး စေ့စပ်ပွဲကို လုံးဝ စိတ်မဝင်စားဘူး ...နောင်တစ်ချိန်ကျရင် မင်း ငါ့မိဘတွေကို မဟုတ်ဘဲ ငါ့ဆီကိုသာ စေ့စပ်စာချုပ် ပြန်ပေးပါ..."

ကျန်းချင်းအာသည် သူမ၏ ရွှေရောင်မျက်ဝန်းများဖြင့် လီလော့၏ ချောမောလှသော မျက်နှာအား ငေးကြည့်နေခဲ့မိသည်။လီလော့ ဆိုလိုသည့် အဓိပ္ပါယ်အား သူမနားလည်ပေသည်။ စေ့စပ်ပွဲအား ဖျက်သိမ်းချင်ရခြင်းမှာ သူမသည် လီလော့အား ယောက်ကျားအနေဖြင့် စိတ်ဝင်စားခြင်းမရှိသောကြောင့်သာပင်....နောင်တစ်ချိန်တွင် ငူမအနေဖြင့်  ထပ်မံစေ့စပ်ဖြစ်ခဲ့ပါက သူမ လီလော့အား ချစ်မိသွားခြင်းကြောင့်သာ ဖြစ်ရပေမည်။

" ပြန်ထိုင်နေစမ်း...."

သူမ၏ နှုတ်ခမ်းပါးများ တုန်ရီနေ၏။

ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာသော စွမ်းအားတစ်ခုသည် လီလော့အား ထိုင်ခုံပေါ် ရောက်သွားစေခဲ့သည်။

ကျန်းချင်းအာသည် သူမ လက်နှစ်ဖက်ပေါ် မေးတင်၍ ပျင်းတိပျင်းရွဲအမူအရာဖြင့်.....

" နင်က အရည်အချင်းမရှိပေမယ့် သတ္တိတော့ရှိသားပဲ....ငါ ပါရမီရှင်တွေ အများကြီးတွေ့ဖူးပေမယ့် နင်အခု ပြောနေသလို ဘယ်သူမှ မပြောရဲကြဘူး....လီလော့...နင် မမှီမကမ်းကို လှမ်းဖို့ မကြိုးစားနဲ့.....နင့် ပန်းတိုင်က မရေရာမသေချာပေမယ့် ငါနင့်ကို အခွင့်ရေးပေးလိုက်ပါ့မယ်လေ...."

သူမ၏ ရွှေရောင်မျက်ဆံများသည် လျှို့ဝှက်ဆန်းကြယ်စွာ ရုတ်တရက် တောက်ပလာခဲ့သည်။

" ငါနင့်ကို ကြယ်တာယာခရီးရှည်ကောလိပ်မှာ စောင့်နေမယ်....ဒါနင့်အတွက် ပထမခြေလှမ်းပဲ...နင် ဒါလေးကိုတောင် ဖြစ်မြောက်အောင် မလုပ်နိုင်ရင် နင်ပြောခဲ့သမျှအကုန်လုံး ငါမေ့ပစ်လိုက်မှာနော်...နင်အခုပြောခဲ့သမျှအကုန်လုံးကို ပုန်ကန်တတ်တဲ့ ဂျစ်တစ်တစ်ကောင်လေးတစ်ယောက်ရဲ့ စကားတွေလို့ပဲ သတ်မှတ်လိုက်တော့မယ်..."

ဒီတစ်ကြိမ်မှာတော့ လီလော့တစ်ယောက် မျက်လုံးမှိတ်ကာ တည်ငြိမ်သောအသံဖြင့်ဘပြန်ဖြေလိုက်သည်။

" ဒါဆိုလဲ နင် အဲ့မှာ ငါ့ကို စောင့်နေ...."

ကျန်းချင်းအာသည် ပြတင်းပေါက်ဘက်သို့လှည့်ကာ အပြင်ဘက်မှ ရှုခင်းများကို ကြည့်နေသော်လည်း သူမ၏ မျက်နှာပေါ်တွင် နူးညံ့လှသော အပြုံးလေးတစ်ခုဖြစ်တည်နေသည်။

အချိန်တစ်ခုကြာသည်အထိ ခရီးနှင်လာပြီးနောက် လီလော့တစ်ယောက် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ဇဝေဇဝါဖြစ်ခဲ့ရသည်။

" ဒါ အိမ်ပြန်နေတဲ့ လမ်းမဟုတ်ဘူး..."

ကျန်းချင်းအာက ခေါင်းညိတ်ပြနေ၏။

" ငါတို့ ရွှေနဂါးဘဏ်တိုက်ကိုသွားနေတာ...အဲ့မှာ ဝင်ယူစရာရှိလို့...."

" သခင်ကြီးနဲ့ သခင်မကြီးတို့ ထွက်မသွားခင်တုန်းက နင့်အတွက် တစ်ခုခုပြင်ဆင်ထားခဲ့ပေးတယ်...နင့် အသက်ဆယ့်ခုနှစ်နှစ်ပြည့်မှ ဖွင့်ကြည့်ရမယ်လို့မှာထားတယ်...."

လီလော့ စကားမပြောနိုင်အောင် နှလုံးသားတစ်ခုလုံးတုန်ရီနေလေပြီ.....

အဖေနဲ့ အမေက ငါ့အတွက် တစ်ခုခု ချန်ထားပေးခဲ့ကြတယ်....

All Chapters