ရွှေနဂါးဘဏ်တိုက်....
Vol. 1 Ch. 4
ရှပြည်ထောင်စုအတွင်းမှာ ပုန်းကွယ်နေကြသော သြဇာကြီးမားလှသည့် အဖွဲ့အစည်းပေါင်းများစွာရှိနေသည်။၎င်းအဖွဲ့အစည်းများအနက် ကြယ်တာရာခရီးရှည်ကောလိပ်နှင့် ရွှေနဂါးဘဏ်တိုက်တို့သည် အကြွင်းမဲ့ အာဏာဆုပ်ကိုင်ထားနိုင်သော အဖွဲ့အစည်းနှစ်ခုဖြစ်၏။ထိုအဖွဲ့စည်းများကို ရှပြည်ထောင်စု၏ တော်ဝင်မိသားစုပင် လက်လွတ်စံပယ် မထိဝံ့ကြပေ။
ကြယ်တာယာခရီးရှည်ကောလိပ်တွင်တက်ရောက်ခွင့်ရရေးသည် ရှပြည်ထောင်စုရှိ လူငယ်များ၏ အိမ်မက်ပင်ဖြစ်သည်။ ထိုနေရာမှ ဘွဲ့ရသော အထက်တန်းစားများသည် ကုန်းမြေတစ်ခွင်တွင် သြဇာလွှမ်းမိုးနိုင်ကြသည်။
ရွှေနဂါးဘဏ်တိုက်သည် ကုန်သွယ်ခြင်း၊ ပစ္စည်းအပ်နှံခြင်း၊ ကုန်စည်နှင့် ရတနာများကို လေလံတင်ရောင်းချခြင်း စသည်တို့ကို လုပ်ကိုင်သော ဘဏ်တိုက်တစ်ခုဖြစ်သည်။ရွှေနဂါးဘဏ်တိုက် အင်အားစု၏ ချမ်းသာကြွယ်မှုများအား မျက်စိကျနေသူများပြားသော်လည်း မည်သူမျှ မထိဝံ့ကြပေ။
ရွှေနဂါးဘဏ်တိုက်၏ အာဏာအစစ်အမှန်ဝည် ရှပြည်ထောင်စုအတွင်းရှိ မည်သည်အာဏာလွှမ်းမိုးမှုကိုမဆို ကျော်လွန်နေ၏။ သို့သော် ရှပြည်ထောင်စုရှိ ရွှေနဂါးဘဏ်တိုက်သည် အကိုင်းအခက်တစ်ခုမျှသာရှိသေးသည်။
ရွှေနဂါးဘဏ်တိုက်၏ ပင်မဌာနချုပ်သည် ရှပြည်ထောင်စုနှင့် အလွန်ဝေးကွာသောအရပ်တွင်တည်ရှိပြီး ကြီးမားသောဂုဏ်သတင်းကို ပိုင်ဆိုင်ထား၏။ အဘယ့်ကြောင့်ဆိုသော် ရွှေနဂါးဘဏ်တိုက်မှ ထုတ်ပေးသော ရွှေနဂါးဖြတ်ပိုင်းဖြင့် မည်သည့် ဘဏ်ခွဲတွင်မဆို ကောင်းကင်ရွှေများကို ထုတ်ယူနိုင်သောကြောင့်ပင်....
.....................................
နန်ဖန်းမြို့သည် ထျန်ရှုစီရင်စု၏ အဓိကမြို့တော်ဖြစ်သည်။ အထက်တန်းကျသော ရွှေနဂါးဘဏ်တိုက်ကို မြို့လယ်ခေါင်ရှိ ကျယ်ပြန့်သော မြေနေရာတွင် ခမ်းနားစွာတည်ဆောက်ထားသည်။
လီလော့သည် ရထားလုံးပေါ်က ဆင်းလာပြီးနောက် ရှေ့တွင်ရှိနေသော ခမ်းနားထည်ဝါလှသည့် အဆောက်အဉီးကြီးအား ငေးကြည့်နေခဲ့မိသည်။ ခမ်းနားသော အဆောက်အဦးပေါင်းများစွာကို မြင်ဖူးပေမယ့် ဘဏ်တိုက်၏ ခမ်းနားမှုသည် သူ့အား အံ့အားသင့်စေခဲ့၏။ ခရိုင်မြို့လေးတစ်ခုမှ ဘဏ်ခွဲတစ်ခုပင်လျှင် ဤမျှ ခမ်းနားထည်ဝါပါက ရွှေနဂါးဘဏ်တိုက်အင်အားစု၏ ကြွယ်ဝမှုသည် နားလည်နိုင်စွမ်းထက်ကျော်လွန်နေမည်သာပင်....
ဤဘဏ်တိုက်သည် လော့လန်အိမ်တော်၏ မြေနေရာထက်ပင် ကျယ်ဝန်းမည်ထင်သည်။
ကျန်းချင်းအာသည် တည်ငြိမ်စွာဖြင့် ရထားလုံးပေါ်က ဆင်းလာပြီးနောက် လီလော့အား ဉီးဆောင်ကာ ဘဏ်တိုက်ရှိရာဆီ ချက်ချင်း လျှောက်သွားခဲ့သည်။
ရင်သပ်ရှုမောဖွယ်ကောင်းသည့် ဘဏ်တိုက်အတွင်းသို့ ရောက်သည့်အခါ ကျန်းချင်းအာသည် ရွှေရောင်ဖြတ်ပိုင်းတစ်ခုကို ထုတ်ကာ ဝန်ထမ်းတစ်ဉီးကို ပေးလိုက်သည်။ ထိုဝန်ထမ်းသည် ဖြတ်ပိုင်းအား သေချာစွာစစ်ဆေးပြီးနောက် သူတို့နှစ်ဉီးကို VIP ခန်းမတစ်ခုဆီခေါ်ဆောင်သွားလေ၏။
တခဏအကြာတွင် ပြိုးပြိုးပြက်ပြက် အဝတ်စားများ ဝတ်ဆင်ထားသော အဖိုးအိုတစ်ဉီးရောက်လာ၏။ ထိုအဖိုးအို၏ လက်ချောင်းများတွင် တောက်ပသော ရတနာများဖြင့်စီချယ်ထားသော လက်စွပ်များကို ဝတ်ဆင်ထားသည်။
" ဟားး ဟားး အခုလို လော့လန်အိမ်တော်သခင်လေးနဲ့ သခင်မလေး ကျန်းချင်းအားတို့ကို တွေ့ရတာ ဂုဏ်ယူမိပါရဲ့ဗျာ...သခင်လေးတို့က ဒီနိမ့်ကျတဲ့ နေရာကို ဂုဏ်ကျက်သရေတိုးစေမှာ အမှန်ပါပဲ..."
ရွှေနဂါးဘဏ်တိုက်အား ကိုယ်စားပြုနိုင်သူတိုင်းသည် လူမှုဆက်ဆံရေး ထူးချွန်ကြသည်။ ထ်ုအဖိုးအိုသည် လီလော့အား တစ်ချက်ကြည့်ရုံမျှပင် မှတ်မိနေသည့်အတွက် လီလော့၏ လက်ရှိအခြေနေကိုလည်း သေချာပေါက် သိမည်သာပင်... သို့သော်လည်း သူသည် လီလော့အား
လေးစားစွာ နှုတ်ဆက်နေပေသည်။
" သူက ထျန်ရှုစီရင်စုမှာရှိတဲ့ ရွှေနဂါးဘဏ်ခွဲရဲ့ ကြီးကြပ်ရေးမှုး ဉက္ကဌလု..."
ကျန်းချင်းအာသည် လီလော့အား တစ်ဖက်လူအကြောင်း မိတ်ဆက်ပေးနေသည်။
" ဉက္ကဌလု ကျွန်မတို့ကို ပစ္စည်းထုတ်ဖို့ လမ်းပြပေးပါဉီး...."
မိတ်ဆက်ပေးပြီးသည့်နောက် ကျန်းချင်းအာသည် ပုံမှန်အတိုင်း တည်ငြိမ်ပြတ်သားသောသူတစ်ယောက်အဖြစ်သို့ ပြန်ပြောင်းသွားခဲ့ပြီဖြစ်သည်။
ဉက္ကဌလုသည် လီလော့တို့ကို မြေအောက်ခန်းတစ်ခုဆီသို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်။
ဉက္ကဌလုသည် ဝင်ပေါက်မရှိသော အလုံပိတ်အခန်းတစ်ခုတွင် ရပ်တန့်လိုက်သည်။ အခန်းနံရံများအား ပြောင်လက်နေသော အနက်ရောင်ကျောက်တုံးများဖြင့် တည်ဆောကအထားသောကြောင့် အနက်ရောင်ဖန်သားတို့ဖြင့် တည်ဆောက်ထားသည်ဟုပင် အထင်မှားစေနိုင်သည်။
ဉက္ကဌလုသည် နံရံအား လက်ဖြင့်ဖိလိုက်သောအခါ နံရံသည် နှစ်ခြမ်းကွဲသွားပြီး ဝင်ပေါက်တစ်ခုဖြစ်ပေါ်လာ၏။ အခန်းထဲတွင် မြေပြင်ပေါ်၌ အမျိုးအမည်မသိ သတ္တုတစ်မျိုးဖြင့်ပြုလုပ်ထားသော သေတ္တာတစ်လုံးရှိနေသည်။
" လေးစားရပါသော ဧည့်သည်တော်များခင်မျ.....ဒါက လော့လန်အိမ်တောသခင် အပ်ထားခဲ့တဲ့ ပစ္စည်းပါ...ဒီပစ္စည်းကို သခင်လေး အသက်ဆယ့်ခုနှစ်နှစ်ပြည့်မှ ကိုယ်တိုင်ထုတ်ယူဖို့မှာထားပါတယ်...သခင်လေးရဲ့ သွေးနဲ့သာ ဒီသေတ္တာကို ဖွင့်နိုင်မယ်လို့လဲမှာထားခဲ့ပါတယ်...."
ဉက္ကဌလုသည် ရှင်းပြသင့်သည်များကို ရှင်းပြပြီးသည့်အခါ အလိုက်သိစွာ ထွက်သွားခဲ့လေသည်။
လီလော့သည် မြေပြင်က သေတ္တာလေးအား အိပ်မွေ့ချခံထားရသူ တစ်ယောက်ပမာ ရီဝေစွာငေးကြည့်နေ၏။
မိဘနှစ်ပါးစလုံးက လျှို့ဝှက်ချက်တွေ ထူးဆန်းမှုတွေ တစ်ပုံတစ်ပင်နဲ့ ထားပစ်ခဲ့ကြတယ်...အခု ချန်ထားခဲ့တဲ့ဆိုတာကရော ဘာများလဲ....
သို့သော် ပင်ကိုယ်အသိစိတ်အရ ဤသေတ္တာထဲတွင် သူ့အတွက် အရေးကြီးသောအရာတစ်ခုရှိနေမှန်း အလိိုလိုသိနေသည်။ဤအရာကရော သူ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်ပါ့လား....
လီလော့ အသက်ပြင်းပြင်းရှူလိုက်ပြီး သေတ္တာပေါ်လက်တင်လိုက်သည့်အခါ လက်ချောင်းထိပ်ကနေ စူးကနဲ နာကျင်သွားပြီး ထွက်လာသောသွေးများကို သေတ္တာက စုပ်ယူလိုက်လေ၏။
ကလစ်.....
သေတ္တာအတွင်းမှ ယန္တရားသံဆန်သော အသံတစ်ချို့ ထွက်ပေါ်လာပြီး သေတ္တာပွင့်သွားသောအခါ အထဲတွင် အလင်းဖျော့ဖျော့သန်းနေသော အရာတစ်ခုကိုတွေ့လိုက်ရသည်။
ထိုအရာသည် တောက်ပချောမွတ်နေသော အနက်ရောင် သလင်းလုံးတစ်လုံး ဖြစ်ပြီး ထိုသလင်းလုံး၏ မျက်နှာပြင်သည် ရောင်ပြန်ဟပ်နိုင်သည်အထိ တောက်ပနေ၏။ထိုသလင်းလုံးအား ပြောပြခြင်းငှာမစွမ်းသာနိုင်သော ဆန်းကြယ်သည့်အငွေ့အသက်အချို့ ဝန်းရံထားပေ၏။
" ဒါက....."
လီလော့သည် မျက်တောင်တဖျတ်ဖျတ်ခတ်ကာ သလင်းလုံးကို စစ်ဆေးနေချိန်တွင် အံ့အားသင့်စွာ အော်လိုက်မိသည်။
" လောလောဆယ် သေချာသိမ်းထားလိုက်ဉီး...နင် ဆယ့်ခုနှစ်နှစ်ပြည့်တဲ့ အထိစောင့်ဖို့ သခင်ကြီးတို့က မှာသွားတယ်..."
ကျန်းချင်းအာက ပြောပြောဆိုဆိုနဲ့ ခရီးဆောင်အိတ်တစ်လုံးထုတ်ပေးလာသည်။
လီလော့သည် ထိုသလင်းလုံးအား ခရီးဆောင်အိတ်ထဲသို့ သေချာထည့်လိုက်ပြီး မျက်ရည်အဝဲသားနဲ့ အိတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပေသည်။
" ဘာဖြစ်လို့လဲ...."
ကျန်းချင်းအာသည် ပဟေဋ္ဌိ ဖြစ်နေဟန်နှင့် လီလော့အား မေးနေသည်။
" နောက်ဆုံးတော့ ငါ့အတွက် ကံကောင်းမှုတွေရောက်လာပြီလေ...အဲ့တော့ ငါလည်း ငိုချင်လာတာပေါ့....နင် ခဏပဲစောင့် စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ အောင်မြင်မှာ အသေအချာပဲ..."
"........"
ကျန်းချင်းအာသည် လီလော့၏ စကားများကို လျစ်လျုရှုကာ အခန်းထဲမှာ ထွက်သွားလေ၏။
လီလော့တစ်ယောက် စိတ်လှုပ်ရှားနေလွန်းလို့ သူမအား မထိတထိရန်စနေမှန်း သူမ သိပေသည်။
မြေအောက်ထပ်ကနေ ထွက်လာပြီးနောက် ဉက္ကဌလုနှင့် ထပ်ဆုံပြန်သည်။ဤတစ်ကြိမ်တွင် ဉက္ကဌလုဘေးတွင် မိန်းကလေးတစ်ယောက်ပါအတူရှိနေသည်။
သူမ ဝတ်ဆင်ထားသော စိမ်းရောင်ဝတ်စုံသည် သူမအား ကျက်သရေရှိစွာလှပစေသည်။သူမ၏ နက်မှောင်လှသော ဆံနွယ်များသည် ရေတံခွန်သဖွယ် ဖြာကျနေသည်မှာ သူမ၏ သေးသွယ်သော ခါးလေးအထိပင်.....
သူမ၏ တောက်ပသော မျက်ဝန်းလေးများနှင့် နှင်းကဲ့သို့ ဖြုဖွေးနေသော အသားရည်တို့ပေါင်းစပ်လိုက်သည့်အခါ သူမသည် ဆွဲဆောင်မှုတစ်မျိုးဖြင့် ထူးထူးခြားခြား လှပနေ၏။
သူမသည် ပါးလွှာသောပိုးသားလက်အိတ်များကို ဝတ်ဆင်ထားသော်လည်း လှပသွယ်လျသော လက်ချောင်းလေးများအား မဖုံးကွယ်ထားနိုင်ပေ။အကယ်၍များလက်အိတ်ချွတ်လိုက်ပါက မြင်သူတိုင်းကို မျက်ရည်ကျစေလောက်သည်အထိ လှပနေမည်သာပင်.....
အဆင်းရောအချင်းပါ ပြည့်စုံလှသည့် ထိုမိန်းကလေးသည် တီဖာချင်းထက် အဆင့်မြင့်သည်မှာ ထင်ရှားနေသည်။
သူမကိုမြင်လိုက်သောအခါတွင် လီလော့
၏မျက်နှာပေါ်တွင် သဘာဝမကျသောအမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
" ဟား ဟားး သူလေးက ကျုပ်တူမလေး လုချင်းအာပါ...သူလဲ နန်ဖန်းကျောင်းတော်မှာ တက်နေတယ်....သူက ကျန်းသခင်မလေးကို သိပ်လေးစားတာဆိုတော့ သခင်မလေး ဒီရောက်နေမှန်းသိလို့ လာတွေ့တာပါ....ကျန်းသခင်မလေးဘက်က အပြစ်မယူဖို့ မျှော်လင့်ပါတယ်..."
ဉက္ကဌလုသည် ယဉ်ကျေးသောအမူအရာဖြင့် ရှင်းပြနေ၏။
" မဂ်လာပါ စီနီယာအစ်မကျန်း...."
လုချင်းအာသည် ကျန်းချင်းအာအား လေးစားစွာ နှုတ်ခွန်းဆက်နေသည်။
" နင်လဲ နန်ဖန်းကျောင်းတော်မှာ တက်နေတာဆိုတော့ လီလော့နဲ့ အချင်းချင်း သိကျွမ်းနေကြပြီထင်တယ်...."
လုချင်းအာသည် ကျန်းချင်းအာ ဘေးတွင်ရပ်နေသော လီလော့ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
" လီလော့က ညီမကို တစ်ချို့အချက်တွေ ထောက်ပြပေးဖူးတယ်....ဒါ့ကြောင့်လဲ သူ့ကို အမြဲတမ်းကျေးဇူးတင်နေရတာပါ...သူက ညီမကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက မတွေ့ချင်တော့တာ..."
လုချင်းအာ၏ စကားများကြောင့် လီလော့ အလန့်တကြားဖြစ်ကာ ကပျာကယာရှင်းပြလိုက်သည်။
" မဟုတ်ပါဘူး....ငါတို့က ကျောင်းမှ မတူတော့တာ အဲ့တော့ လာတွေ့ဖ်ို့ခက်တယ်လေ..."
စိတ်ထဲတွင်မူ လီလော့တစ်ယောက် အကူအညီမဲ့နေသလို ခံစားနေရသည်။ လုချင်းအာသည် နန်ဖန်းကျောင်းတော်တွင် ထင်ရှားကျော်ကြားသူတစ်ယောက်ဖြစ်ပြီး သူမသည် တီဖာချင်းနှင့် နှိုင်းယှဉ်မရသော အဆင့်တွင်ရှိသည်။ သူမသည် လှပရုံသာမက လက်ရှိမျိုးဆက်၏ နံပါတ်တစ် ပါရမီရှင်တစ်ယောက်လည်း ဖြစ်ပေသည်။
လီလော့ ပထမကျောင်းတော်တွင် ရှိနေစဉ်၌ ကျောင်းသားအများစုသည် ပဲ့တင်ထပ်သံနန်းတော်အား မဖွင့်ကြရသေးပေ။ ထို့ကြောင့် ပဲ့တင်ထပ်သံ ပညာရပ်များကို ကျွမ်းကျင်လှသော လီလော့သည် ကျောင်းသာများ၏ အားကိုးရာဖြစ်ခဲ့လေသည်။
ထို့ကြောင့် လုချင်းအာကို လီလော့၏ သူငယ်ချင်းအဖြစ်လာခဲ့ကြသည်။
သို့သော် လီလော့သည် ဗလာပဲ့တင်ထပ်သံနန်းတော်ကြောင့် ဒုတိယကျောင်းတော်သို့ ပြောင်းရွှေ့ခံလိုက်ရသည့်အခါ လုချင်းအာနှင့် ဆက်ဆံရေးကျဲပါးလာသည်။
အမှန်တကယ်တော့ လီလော့ဘက်ကသာ လုချင်းအာကို ရှောင်နေခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ သူမကို မုန်းတီးလို့မဟုတ်ဘဲ သူမကို တွေ့တိုင်း ရှက်နေခြင်းကြောင့်သာပင်...အဘယ့်ကြောင့်ဆိုသော လီလော့သည် ပထမကျောင်းတော်၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ခဲ့ဖူးသော်လည်း အခုချိန်တွင် သူ့နေရာတွင် လုချင်းအာကို အစားထိုးလိုက်ကြပြီဖြစ်သည်။
ဤကဲ့သို့ ပြန်ဆုံဖြစ်ကြမည်ဟု မည်သူထင်မည်နည်း.....
လုချင်းအာသည် လီလော့၏ စကားလုံးများကို မငြင်းဆိုသော်လည်း အခြားဘာမှ မပြောပေ။ ယင်းအစား သူမသည် ကျန်းချင်းအာကို အာရုံစိုက်ကာ ပေါ့ပါးသော အပြုံးဖြင့် စကားစမြည်စပြောလိုက်သည်။
လီလော့တို့နှစ်ယောက်သည် ဉက္ကဌလုနှင့်အတူ ဘဏ်တိုက်ထဲမှ ထွက်လာခဲ့သည်။
" ကျန်းသခင်မလေး.....လော့လန်အိမ်တော်မှာ ပွဲတစ်ခုစီစဉ်နေတယ် ကြားတယ်..."
ဉက္ကဌလုသည် ကျန်းချင်းအာကို တလေးတစားမေးမြန်းနေသည်။
ကျန်းချင်းအာသည် အမူအရာမပြောင်းဘဲ ပြတ်သားစွာပြန်ဖြေလိုက်သည်။
" ဉက္ကဌလုက တကယ်ကို သတင်းစုံတာပဲနော်..."
" မဟုတ်တာဗျာ.....ကျုပ်ဘက်က ကူညီနိုင်တာများရှိရင် ပြောပါ...ရွှေနဂါးဘဏ်က ကြွယ်ဝပါတယ်ဗျ...."
လီလော့ စိတ်ထဲမှာ သံသယတချို့ရှိနေသောလည်း ထုတ်မမေးခဲ့ပေ။ သူသည် ကျန်းချင်းအာနှင့်အတူ ရထားပေါ်သို့တက်ကာ အမြန်ထွက်ခွာလာခဲ့သည်။
ထိုအချိန်တွင် ဉက္ကဌလုသည် ထွက်ခွာသွားသော ရထားလုံးအား ငေးကြည့်နေသည့် လုချင်းအာကို တစ်ချက်ကြည့်လိုက်သည်။
" အဟမ်း....ကောင်မလေး နင် လီလော့ကို ကြိုက်နေတာတော့မဟုတ်ဘူး မလား...."
" မဟုတ်ပါဘူး သူ့ကို သနားလို့ပါ.....အရင်တုန်းကဆို သူက သမီး ပဲ့တင်ထပ်သံ ပညာရပ်တွေကို နားလည်အောင် လမ်းပြပေးဖူးတယ်....သူသာ ဗလာပဲ့တင်ထပ်သံနန်းတော်ကြောင့် ဒုတိယကျောင်းတော်ကို မရောက်သွားဘူးဆို သူက သမီးအတွက်တော့ အကြီးမားဆုံး ပြိုင်ဘက်ပဲ...."
ထိုအခါမှသာ ဉက္ကဌလုခင်ဗျာ သက်ပြင်းချနိုင်ရှာတော့သည်။
" ဘုရားသကြားမလို့ တော်ပါသေးရဲ့....ချင်းအာ.....ပိုင်ရှင်ရှိပြီးသာအရာတွေကို မတက်မက်နဲ့...သူ့မှာ စေ့စပ်ထားတဲ့သူရှိပြီးသား....သမီး အဆင့်အတန်း သမီးရုပ်ရည်နဲ့ဆို ရှပြည်ထောင်စုက လူငယ်တွေက သမီးနဲ့ မတန်ဘူး...."
လုချင်းအာသည် ခေါင်းယမ်းပြလိုက်ပြီး ဒုတိယဉီးလေး၏ ရူးကြောင်ကြောင် ဆုံးမစကားများကို လျစ်လျုရှုကာ ခပ်ဖွဖွရယ်မောလျက် တစ်စုံတစ်ခုကို တွေးတောနေ၏.....