← Chapters

ပဲ့တင်ထပ်သံ ရယူခြင်း.......

Vol. 1 Ch. 6

ပဲ့တင်ထပ်သံ ရယူခြင်း.......

Vol. 1 Ch. 6

မှန်တစ်ချပ်ကဲ့သို့ တောက်ပြောင်နေသောအနက်ရောင် သလင်းလုံးလေး၏ မျက်နှာပြင်ပေါ်တွင် စိတ်လှုပ်ရှားနေသော လီလော့၏ မျက်နှာပုံရိပ်လေး ထင်ဟပ်နေ၏။

ဘယ်လိုအရာမျိုးမို့လို့ သူမိဘတွေက ဒီလောက်ထိ နှစ်ရှည်လများ အချိန်ကုန်ခံ ငွေကုန်ခံခဲ့တာပါလိမ့်......

" ဟူးးးးး အဲ့တော့ ဖွင့်ကြည့်လိုက်ရတော့မှာပေါ့......"

လီလော့သည် ခံစားနေရသော စိုးရိမ်သောကများကို အမြန်ဆုံးဖယ်ရှားနိုင်ရန် အတတ်နိုင်ဆုံးကြိုးစားနေ၏။ သူသည် အနက်ရောင် သလင်းလုံးလေးကို ထပ်စစ်ဆေးမနေတော့ဘဲ တိုက်ရိုက် ဖွင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်လေ၏။ ထို့နောက် သလင်းလုံးလေးအား လက်ဖဝါး​ဖြင့် ဖိလိုက်လေသည်။

ဝမ်!!!!

သလင်းလုံးအား လက်ဖြင့်ဖိလိုက်သည့်အခါ အံ့အားသင့်ဖွယ် ခံစားချက်တစ်မျိုး ခံစားလိုက်ရပြီး သလင်းလုံးလေး၏ အပြင်ပိုင်းဝည် အရည်ပျော်သွားပြီး လီလော့၏ လက်ဖဝါးပြင်အား ဖုံးလွှမ်းသွား​၏။

တစ်ချိန်တည်းမှာပင် အပ်စိုက်ကုထုံး ကုသခံနေရသူပမာ အပ်စိုက်မှတ်နေရာများဆီမှ စူးကနဲနာကျင်သွားပြီး သွေးများစုပ်ယူခံလိုက်ရသည်။

ထို့နောက်တွင် အနက်ရောင်အရည်များ ဖုံးအုပ်ခံထားသော လက်ဖဝါးထံမှ တောက်ပသော အလင်းတန်းများ လင်းလက်လာသည်။ ထို့နောက် လီလော့ အံ့အားသင့်နေချိန်တွင်  အလင်းရောင်နှစ်ခုသည် တဖြည်းဖြည်း ဖြစ်ပေါ်လာသည်

ရင်းနှီးနေသော ရုပ်ပုံများကို မြင်လိုက်ရသည့်အခါ လီလော့၏ နှလုံးသားထဲတွင် လွမ်းဆွတ်တမ်းတမှုများ လှိုက်တက်လာခဲ့သည်။

" အဖေ....အမေ....."

အမျိုးသားပုံရိပ်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီစ လှံတစ်စင်းကဲ့သို့ ဖြောင့်မတ်သော ကိုယ်နေဟန်ထားရှိသည်။အပြင်ပိုင်းတွင် ဖော်ရွေနွေးထွေးသော အပြုံးတစ်ခုဆင်မြန်းထားသောလည်း ထိုအပြုံးအောင်တွင် မည်သူ့ကိုမျှ ဒူးထောက်အရှုံးမပေးလိုသော မြင့်မြတ်တည်ကြည်မှုများ ရှိပေသည်။ ထိုပုံရိပ်ရှင် အမျိုးသားသည် တစ်ချက်ကြည့်ရုံမျှဖြင့် နွေးထွေးလုံခြုံသည့်ခံစားချက်မျိုး ပေးစွမ်းနိုင်ပေသည်။

အခြားတစ်ဖက်တွင်မူ အမျိုးသမီးပုံရိပ်ရှင်သည်  ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး၊ သူမ၏ရှည်လျားသောဆံပင်များကို သပ်သပ်ရပ်ရပ် ဖြီးသင်ထားကာ လက်နှစ်ဖက်ကို သူမ၏အိတ်ကပ်အတွင်းတွင် ဟန်ပါပါထည့်ထားသည်။ သူမသည်လည်း တုနှိုင်းမရတဲ့ အလှတရားနဲ့ တုနှိုင်းမရတဲ့ ဂုဏ်သိက္ခာရှိသော အသွင်အပြင်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပေသည်။

ထိုပုံရိပ်ရှင် နှစ်ဉီးသည် လီလော့၏ မိဘနှစ်ပါးဖြစ်ကြသည်​ လီတိုင်ရွှမ်နှင့်တန်တိုင်လန် တို့သာပင်.....

သူတို့နှစ်ယောက်အား ကြောင်အစွာ ငေးကြည့်နေသော လီလော့ကို ကြည့်ပြီး လီတိုင်ရွှမ်က စကားစပြောလိုက်သည်။

" ဟားး ဟားး ငါသားလေး ....မင်းအခု အဖေတို့ကို ဒီလိုမြင်နေရပြီဆိုတော့ မင်းအသက် ဆယ့်ခုနှစ်နှစ်ပြည့်ပြီပေါ့....ဒါဆို ငါတို့ ထွက်သွားခဲ့တာ အတော်ကြာပြီပဲ......"

တန်တိုင်လန်ကလဲ အပြုံးချိုချိုလေးများနဲ့ စကား စပြောနေ၏။

" သားလေးက အခုချိန်ဆို ပိုပြီးတောက် ချောမောလာဉီးမှာနော်...ကျောင်းမှာ သားကို လိုက်ကြိုက်နေတဲ့ ကောင်မလေးတွေ ရှိနေပြီလား...."

လီလော့က မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ခပ်တိုးတိုးလေး ရေရွတ်နေသည်။

" အမေတို့သားက အရမ်းကို ချောလွန်းလို့ အနားကပ်ရဲတဲ့ သူတောင်မရှိဘူး ....."

" သားလေး အခုချိန်မှာ နာကျည်းမှုတွေနဲ့ ပြည့်သိပ်နေတယ်မလား...ကိုယ့်ကိုကိုယ် အသုံးမကျသူတစ်ယောက်လို ခံစားနေရတယ်မလား...."

လီတိုင်ရွှမ်က သားဖြစ်သူ ခံစားနေရသည်များကို မြင်လိုက်ရသည့်နှယ် ရယ်မောကာ မေးမြန်းနေသည်။

"  သားရဲ့ ဗလာဖြစ်နေတဲ့ ပဲ့တင်ထပ်သံနန်းတော်ကြောင့် မဟုတ်လား..."

မိခင်ဖြစ်သူ၏ မေးခွန်းကြောင့် လီလော့ အံ့သြနေသည်။ သူ့တွင် ဗလာဖြစ်နေသော ပဲ့တင်ထပ်သံနန်းတော်များရှိခြင်းကို သူမိဘတွေ ပျောက်ကွယ်သွားပြီးနောက်မှ သိခဲ့ရသည့်အတွက် သူ့မိဘတွေ ဒီအကြောင်းကို ဘယ်လိုသိနေတာလဲ.....

" အံ့သြမနေနဲ့သားရေ....ဟိုတုန်းကတည်းက သားရဲ့ ခန္ဓာကိုယ်အခြေနေကို အထူးနည်းလမ်းတွေ သုံးပြီး စစ်ဆေးပြီးသားမို့

သားဆီမှာ ဗလာဖြစ်နေတဲ့  ပဲ့တင်ထပ်သံနန်းတော်တွေ ရှိနေတဲ့အကြောင်း အစကတည်းကသိပြီးသား....တကယ်တော့ သားမှာ ဗလာဖြစ်နေတဲ့ ပဲ့တင်ထပ်သံနန်းတော် သုံးခုတောင်ရှိနေတယ်...."

လီလော့တစ်ယောက် ပါးသပ်အဟောင်းသားဖြစ်နေလေပြီ....သူ့မိဘနှစ်ပါးသည် ထူးခြားသည်​့ဘသူ့အခြေနေအား ဟိုးတုန်းကတည်းက သိထားပြီးပုံရသည်။

ဒါဆို သူ့မိဘတွေ ပျောက်ဆုံးသွားခြင်းသည် ဒီကိစ္စနင့် သက်ဆိုင်နေသလား...သူ့မိဘတွေ အခု ဘယ်မှာလဲ....နေရောကောင်းကြရဲ့လား...ဘာလို့ ဘာသတင်းမှ မကြားရတာလဲ....

" သားလေး ဗလာဖြစ်နေတဲ့ ပဲ့တင်ထပ်သံနန်းတော်ကြောင့် မင်း အသုံးမကျသူတစ်ယောက်လို ခံစားနေစရာမလိုဘူး...တကယ်တော့ ဒါဟာ ကမ္ဘာပေါ်မှာ အခိုင်မာဆုံးသော ဖွဲ့စည်းပုံ အမျိုးအစားဖြစ်မှန်း အဖေခံစားမိနေတယ်....ဒီ့အတွက် စိတ်ပျက်နေမယ့်အစား ပျော်နေသင့်တယ်...."

လီတိုင်ရွှမ်၏ စကားများကြောင့် လီလော့ တုန်လှုပ်နေပြီး စကားမပြောနိုင်တော့ပေ။

" အဖေ သားကို နှစ်သိမ့်ပေးချင်ရင်တောင် အဲ့လောက်ထိ ပုံကြီးချဲ့ ပြောဆိုနေဖို့ မလိုပါဘူး..."

ဗလာဖြစ်နေသော ပဲ့တင်ထပ်သံနန်းတော်သည် ကျင့်ကြံနိုင်စွမ်းအား များစွာ အနှောက်ယှက်ဖြစ်စေသည်သာ...

အသန်မာဆုံးသော ဖွဲ့စည်းပုံဟူသော အသုံးနှုန်းဖြင့်  ပုံကြီးချဲ့ကာ နှစ်သိမ့်ပေးရန် မလိုပေ။ မည့်သူ့အား လိမ်ညာရန် ကြိုးစားနေပါသလဲ.......

" သားရဲ့ ဗလာပဲ့တင်ထပ်သံနန်းတော်က လောကရဲ့ သဘာဝစွမ်းအင်တွေကို မစုပ်ယူနိုင်ဘူး ...ဒါက သားရဲ့ စွမ်းအား အရင်းအမြစ်နဲ့ သက်ဆိုင်တယ်...အမေတို့မှာလဲ ဖြေရှင်းစရာ နည်းလမ်းမရှိဘူး...."

" ဒါက ဗလာဖြစ်နေတဲ့ နန်းတော်ဆိုတော့ အဲ့ထဲကို တစ်ခုခုဖြည့်ထည့်ဖို့ နည်းလမ်းရှာရမယ်....."

မိခင်ဖြစ်သူသည် ပြုံးတုံ့တုံ့ အမူအရာဖြင့် လီလော့အား ရှင်းပြနေသည်။

လီလော့ အံအားသင့်စွာ မျက်မှောင်ကြုံ့လိုက်မိသည်။ ဤသည်မှာ အပြောလွယ်သော်လည်း အလုပ်ခက်သော အရာပင်....ပဲ့တင်ထပ်သံဆိုသည်မှာ

မွေးဖွားလာစဉ်ကတည်းက ပုံ​သတ်မှတ်ထားသောအရာဖြစ်ပြီး မည်သူမျှ မပြောင်းလဲ နိုင်ပေ။ဤအကြံအစည်သည် အောင်မြင်မည်မဟုတ်သော အကြံစည်တစ်ခုသာပင်....

" ပုံမှန်ဆို ဒါက ဖြေရှင်းမရတဲ့ ပြသာနာဖြစ်နေပေမယ့် သားရဲ့ အခြေနေကို သိပြီးကတည်းက အမေတို့ ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှာခဲ့ကြတယ်..."

" သားဘက်ကသာ အစွမ်းကုန်ကြိုးစားမယ်ဆို မဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး....မိုးကောင်းကင်က အမေတို့ကို ပစ်ပယ့မထားဘူး...အမေတို့ နည်းလမ်းရှာတွေ့ခဲ့တယ်လေ...."

လီလော့တစ်ယောက် နှလုံးတစ်ခုလုံး တဒိန်းဒိန်းခုန်နေပြီး သွေးများ ဆူပွက်လာသည့်အတွက် မူးဝေနေလေပြီ......

" အမေတို့တွေ ရှေးဟောင်းမှတ်တမ်းတွေ အများကြီး ဖတ်ကြည့်ပြီးတော့ နောက်ဆုံးမှာ နည်းလမ်းတစ်ခုရှာတွေ့ခဲ့တယ်....ဒီနည်းလမ်းကို " ပဲ့တင်ထပ်သံရယူ ပုံသွင်းခြင်း ပညာရပ် " လို့ခေါ်တယ်....ဒီပညာရပ်က ပဲ့တင်ထပ်သံတွေကို ပုံဖော်ဖန်တီးနိုင်တယ်...ပြီးတော့ သွေးအနှစ်သာရနဲ့ စိတ်ဝိဉာဉ်က်ိုလဲ ပေါင်းစည်းပေးန်ိုင်တယ်....ရွေးချယ်ထားတဲ့ ပဲ့တင်ထပ်သံအတုပွားတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်ပြီးလို့ ရလာတဲ့ ပဲ့တင်ထပ်သံကို  ဗလာနန်းတော်ထဲ စုပ်ယူနိုင်တယ်...."

" သားလေးရဲ့ ဗလာပဲ့တင်ထပ်သံနန်းတော်တွေက ဆိုးဝါးတဲ့အရာတွေ မဟုတ်ပါဘူး....ပဲ့တင်ထပ်သံတွေရဲ့ သဘာဝကိုက အားကောင်းပြီး ထိန်းချုပ်ရခက်တော့ အမေတို့လဲ အပြည့်အဝ လွှဲပြောင်းမပေးနိူင်ဘူး...အဲ့တော့ ပဲ့တင်ထပ်သံရယူ ပုံသွင်းခြင်း ပညာရပ်ကို သုံးပြီး သားအတွက် အသင့်တော်ဆုံးဖြစ်မယ့် လမ်းကြောင်းကို ကိုယ်တိုင် ဖန်တီးလိုက်ပါ..."

" ဒြပ်စင်အမျိုးအစား ပဲ့တင်ထပ်သံ လိုချင်ရင် ဒီထဲက လမ်းညွှန်ချက်အတိုင်း လိုက်လုပ်...အကယ်၍ သားရဲအမျိုးအစား ပဲ့တင်ထပ်သံလိုချင်ရင် ဒါကိုပဲ လုပ်လိုက်..."

" အနာဂတ်မှာ သားရဲ့ ဗလာနန်းဆောင် သုံးခုထဲမှာ သေချာရွေးချယ် တည်ဆောက်ထားတဲ့ ပဲ့တင်ထပ်သံတွေနဲ့ ပြည့်နေလိမ့်မယ်....ဒါဆို ငါ့သားလေးက တခြားသူတွေထက်ကို စွမ်းအားကြီးလာတော့မှာ...."

လီလော့၏ မျက်ဝန်းများသည် မီးရောင်အောက်တွင် တဖျတ်ဖျတ်လင်းလက်နေ၏။ အခြေနေတွေ ပြောင်းလဲကုန်လေပြီ....

ပဲ့တင်ထပ်သံ အမျိုးအစားပေါင်းများစွာ ရှိသော်လည်း ပဲ့တင်ထပ်သံများကို စိတ်ကြိုက်မရွေးချယ်နိုင်ကြပေ။ ယခုတွင်မူ မိဘများ၏ ကျေးဇူးဖြင့် ပဲ့တင်ထပ်သံများကို စိတ်တိုင်းကျ ရွေးချယ်နိုင်တော့မည် ဖြစ်သည်။

" သားလေး...ပဲ့တင်ထပ်သံ ရယူ ပုံသွင်းခြင်း ပညာရပ်ကြောင့် ဖြစ်တည်လာတဲ့ ပဲ့တင်ထပ်သံတွေမှာ တခြား အကျိုးကျေးဇူးတွေလဲရှိသေးတယ်...."

ဤအရာများသည် မိဘများချန်ရစ်ထားခဲ့သော ပုံရိပ်များဖြစ်သော်လည်း သေချာအာရုံစိုက် နားထောင်ခဲ့သည်။ ဤမျှကောင်းသောအရာကို မည်သို့ လက်လွှတ်နိုင်မည်နည်း....

" သဘာဝအတိုင်း ဖြစ်တည်လာတဲ့ ဒြပ်စင် အမျိုးအစား ပဲ့တင်ထပ်သံတွေမှာ စွမ်းရည်တစ်မျိုးပဲ ရှိပေမယ့် ပဲ့တင်ထပ်သံရယူပုံသွင်းခြင်း ပညာရပ်ကြောင့် ဖြစ်တည်လာတဲ့ ဒြပ်စင်ပဲ့တင်ထပ်သံတွေမှာ အဓိကစွမ်းရည်နဲ့ ပံ့ပိုးမှုစွမ်းရည်ဆိုပြီး စွမ်းရည်နှစ်မျိုးရှိကြတယ်..."

" အဲ့စွမ်းရည်တွေကို သားစိတ်ကြိုက် ပုံသွင်းလို့ရတယ်....ရလာတဲ့စွမ်းအားကတော့ ကျားကိုအတောင်ပံတပ်ပေးလိုက်သလိုပဲ ..... အဖေကြားဖူးတာတော့ လူတစ်ဉီးရဲ့ သဘာဝအတိုင်းဖြစ်တည်လာတဲ့ ဒြပ်စင်အမျိုးအစား ပဲ့တင်ထပ်သံတွေဆီကနေ ဒုတိယမြောက်စွမ်းရည်တွေ ထုတ်သုံးချင်ရင် အကူရတနာပစ္စည်းတွေ သုံးရတယ်တဲ့.....ဒါပေမယ့်ဘရလာမယ့် စွမ်းအားက ပြောပလောက်တဲ့အထိတော့မဟုတ်ဘူး....သား တုပထားတဲ့ ပဲ့တင်ထပ်သံက စွမ်းရည်နဲ့ ယှဉ်လိုက်မယ်ဆို မိုးနဲ့ မြေလိုပဲ...."

" ဒါက အရမ်း အရမ်းကို အံ့သြစရာကောင်းလွန်းတယ်.....အရမ်းမိုက်တယ်...."

လီလော့သည် လက်ခုပ်တီးပြီး ပျော်ရွှင်စွာ ကခုန်နေ၏။ ဤစွမ်းရည်၏ တန်ဖိုးကို အလွယ်တကူနားလည် နိုင်ပေသည်။ အကယ်၍ သူသည် မီးပဲ့တင်ထပ်သံကို ဖန်တီးပြီးနောက် မိုးကြိုးပဲ့တင်ထပ်သံနှင့်ပေါင်းစပ်လိုက်ပါက နှစ်မျိုးပေါင်းစပ်ထားသောစွမ်းရည်သည် များစွာ အားကောင်းပေလိမ့်မည်။

ယခုချိန်တွင် ခံစားချက်များကို ထိန်းမရတော့ပေ.... သူ၏ ဗလာနန်းတော်များသည် အခြားသောသူများ၏ နန်းတော်များထက် များစွာ သာလွန်နေသည် မဟုတ်ပေလော....

" ဒါပေမယ့် လောကမှာ ပြီးပြည့်စုံတဲ့ အရာဆိုတာမရှိဘူးလေ....ပညာရပ်နဲ့ ဖန်တီးထားတဲ့ ပဲ့တင်ထပ်သံတွေက သဘာဝအတိုင်းဖြစ်လာတဲ့ ပဲ့တင်ထပ်သံတွေနဲ့ ယှဉ်ရင် အကျိုးကျေးဇူးပိုများတယ်ဆိုပေမယ့် သူ့မှာလဲ ဆိုးကျိုးရှိတယ်...တုပထားတဲ့ ပဲ့တင်ထပ်သံတွေက အဆင့်လေးထက် ဘယ်တော့မှ မကျော်ဘူး...."

ထိုစကားကြောင့် လီလော့  ခဏတာ အံ့အားသင့်သွားသည်။

အဆင့်လေး....? ဒါက နည်းနည်း ညံ့တယ်လို့ ထင်ရတယ်။ ကျန်းချင်းအာရဲ့ အဆင့်ကိုး အလင်းပဲ့တင်ထပ်သံနဲ့ယှဉ်ရင် တစ်ဝက်ကျော်လောက် ကွာခြားနေတယ်....

ဒြပ်စင်ပဲ့တင်ထပ်သံနှစ်ခု ပေါင်းသပ်အသုံးပြုနိုင်ခြင်းသည် ပဲ့တင်ထပ်သံများ၏ အဆင့်ကွာခြားမှုကို ဖြည့်စွမ်းနိုင်လိမ့်မည်မဟုတ်ပေ။

သို့သော် သူ၏ တုံ့ဆိုင်းမှုမှာ ခဏတာမျှသာ ဖြစ်သည်။ သူ၏ လက်ရှိအခြေအနေသည် ဆိုးသထက်ဆိုးနေပြီဖြစ်သောကြောင့် အဆင့်လေး ပဲ့တင်ထပ်သံသည်ပင် အတော်လေး ကောင်းမွန်နေသည်ဟုပင် မှတ်ယူရပေမည်။

" စိတ်မပူပါနဲ့သားရယ်....သားရထားတဲ့ ပဲ့တင်ထပ်သံက အဆင့်နိမ့်ပေမယ့် ပဲ့တင်ထပ်သံရယူပုံသွင်းခြင်း ပညာရပ်သုံးပြီး အဆင့်တက်အောင် လုပ်လို့ရတယ်..."

လီလော့ နောက်တစ်ကြိမ် ဆွံ့အနေရပြန်သည်။ သူ့ မိခင်၏ စကားများသည် အမှန်ဖြစ်သည်။ ဤကမ္ဘာတွင် ပဲ့တင်ထပ်သံများ၏ အဆင့်ကို တိုးတက်လာအောင် လုပ်ပေးနိုင်သည့် ဆေးဝါးများ၊ ရတနာများ ရှိပေသည်။ ဤသည်မှာ " ပဲ့တင်ထပ်သံပြုပြင်ခြင်း ပညာရပ် " ပင်ဖြစ်သည်။ ပဲ့တင်ထပ်သံကို အဆင့်မြှင့်တင်ပေးနိုင်သည့် ဝိဉာဉ်အရည်များနှင့် လျှို့ဝှက်ဆန်းကြယ်သော ရတနာပစ္စည်းများကို သုံးသည့်နည်းလမ်းဖြစ်သောကြောင့် ပဲ့တင်ထပ်သံကျင့်ကြံသူများကြားတွင် လူသိများလှပေသည်။

သို့ရာတွင် ပဲ့တင်ထပ်သံအဆင့်ကို မြှင့်တင်ရန် ပြင်ပနည်းလမ်းများကို အသုံးပြုသည့်အခါတွက် အချို့သော ကန့်သတ်ချက်များရှိသည်။ပုံမှန်အားဖြင့် အဆင့်တစ်ခု သို့မဟုတ် နှစ်ခု တိုးသွားခြင်းသည် အကောင်းဆုံးသော ရလဒ်ဖြစ်ပေသည်။

တုပဖန်တီးထားသော ပဲ့တင်ထပ်သံသည် အဆင့်လေး ဖြစ်သောကြောင့် ပြုပြင်လိုက်ပါက အဆင့်ငါး သို့မဟုတ် အဆင့်ခြောက် အထိ မြင့်တက်သွားနိုင်မည်။

" သားလေးက ပဲ့တင်ထပ်သံတွေကို သန့်စင်နိုင်ဖို့ လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကန့်သက်ချက်တွေကို စိတ်ပူနေတာလား...."

လီတိုင်ရွှမ်သည် သားဖြစ်သူ၏ စိတ်ကို သိနေသကဲ့သို့ ရယ်မောနေသည်။

" ဟမ်...."

သူ့အဖေရဲ့ အပြုံးကို မြင်လိုက်ရတော့  လီလော့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ.....

ဒါက အဆုံးသတ်မဟုတ်သေးဘူးလား...

ဒီအားနည်းချက်ကို ဖြေရှင်းနိုင်ပါ့မလား.....

မိခင်ဖြစ်သူ ထပ်ပြောပြမည့် စကားများကို နားစွင့်နေချိန်တွင် မိခင်ဖြစ်သူသည် လီတိုင်ရွှမ်ဘက်သို့ လှည့်ကာ ဆူငေါက်နေ၏။

" ရှင်က အရူးပဲ.....ရှင် ရှေ့ကနေ အကုန်ရှင်းပြသွားတော့ ကျွန်မက သားလေးကို ဘာပြောရမှာလဲ...."

လီတိုင်ရွှမ်က သူမကို အလျင်စလို နှစ်သိမ့်ပေးရင်း အမူအရာ ပြောင်းသွားကာ

"အချစ်ရယ်၊ ကိုယ်မှားတာပါ...ကိုယ့်အမှားပါ.... ကျေးဇူးပြုပြီး ကျန်တာတွေကို အချစ်ပဲ ရှင်းပြလိုက်ပါတော့ ကိုယ်ဘာမှ ထပ်မပြောတော့ပါဘူး...."

ရင်းနှီးကျွမ်းဝင်နေသော မြင်ကွင်းကြောင့်

လီလော့ သက်ပြင်းချပြီး ခေါင်းယမ်းနေမိတော့သည်။သူ့အဖေရဲ့ အသက်ရှင်ဖို့ ရုန်းကန်နိုင်စွမ်းကြီးက သေလောက်အောင် ချီးကျုးဖွယ်ကောင်းနေ၏။ ဤအရာသည် အရိုးစွဲနေအောင် ရိုက်နှိက်ခံရခြင်းများကြောင့်ပေလော.....

" ကောင်စုတ်လေး...ကိုယ့်အဖေကို ရယ်နေတယ်ပေါ့...."

ဖခင်ဖြစ်သူသည် လီလော့ မည်ကဲ့သို့တုံ့ပြန်မည်ကို အတိအကျသိပုံရသည်။ မကျေမနပ်ဟစ်အော်ရင်း ချက်ချင်းပင် လေးနက်သော လေသံဖြင့် ပြောလာသည်။

"မင်းက ငယ်သေးလို့ နားမလည်သေးပါ

..တကယ်တော့ အဖေ မင်းအမေကို လုံးဝမကြောက်ဘူး....အဖေ သူ့အပေါ်ထားတဲ့ အချစ်တွေက သိပ်ကို နက်ရှိုင်းလွန်းတယ်...သားအတွက် အရေးပါတဲ့သူကို လေးလေးနက်နက် ချစ်မြတ်နိုးပေးတာက မိသားစုရဲ့ အဓိကစည်းမျဉ်းဆိုတာ အဖေ သားကို ခဏခဏ သင်ပေးဖူးတယ်မဟုတ်လား...သား ချင်းအာနဲ့ လက်ထပ်ပြီးရင် ဒီစည်းမျဉ်းကို သေချာလိုက်နာရမယ်နော်...သဘောပေါက်လား..."

ထိုစကားကြားသော အခါ လီလော့ မရယ်ဘဲ မနေနိုင်တော့ပေ။ သူ့အဖေ ဤကဲ့သို့ ရှင်းပြချိန်တိုင်း မျက်နှာပေါ်တွင် နီရဲနေသော လက်ဝါးရာများ ရှိနေတတ်သည်။

ကျန်းချင်းအာအကြောင်း ပါလာတော့ လီလော့ သက်ပြင်းချလိုက်မိပြန်သည်။ ကျန်းချင်းအာသည် လီလော့၏ မိခင်လက်ထဲ၌ ကြီးပြင်းလာသူဖြစ်သည့်အတွက် နှစ်ဉီးစလုံးသည် ပင်ကိုယ်စရိုက်ချင်းဆင်တူကြသည်။ထို့ကြောင့် လီလော့သည် ငယ်စဉ်ကတည်းကပင် ကျန်းချင်းအာဆီမှ မကြာခဏအရိုက်ခံခဲ့ရသည်။

အနာဂတ်မှာ သူ့ဘဝကြီး ဘယ်လိုတွေဖြစ်ဉီးမလဲ........

လေးလံသော ဝမ်းနည်းမှုအပြည့်ဖြင့် လီလော့သည် ခေါင်းကို မော့ကာ သူ့အဖေကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် သူတို့၏အကြည့်များသည် အချိန်ကိုကျော်လွန်သွားနိုင်ပုံရသည်။ သူ့အဖေဘာတွေတွေးနေလဲဆိုတာကို သူနောက်ဆုံးနားလည်သွားသလိုပင်.... ခဏလောက်တော့ ဒီသားအဖ နှစ်ယောက်ဟာ သူတို့ရဲ့ နှလုံးသားနဲ့ တကယ့် ကံကြမ္မာရဲ့ ဆက်စပ်မှုကို ခံစားခဲ့မိကြသည်။

" လီတိုင်ရွှမ်! ! ရှင် ဘယ်အချိန်အထိ အရူးလို ရပ်နေဉီးမှာလဲ...ရှင် ကျွန်မရဲ့ အချိန််တွေကို ဖြုန်းတီးနေတာလား...."

တန်တိုင်လန်သည် မျက်ခုံးတစ်ဖက်ပင့်ကာ ကျယ်လောင်စွာ အော်လိုက်သည်။

လီတိုင်ရွှမ်သည် အံ့သြခြင်းအလျှင်းမရှိဘဲ ထိုစကားများကို နာခံသည့်ဟန်ဖြင့် ခေါင်းညိတ်ပြနေ၏။

လီလော့ဘက်သို့ လှည့်ပြီး ပြောဆိုနေသော မိခင်၏ လေသံများသည် နူးညံ့လှပေသည်။

" ပဲ့တင်ထပ်သံကိုသန့်စင်တဲ့အခါ ကန့်သတ်ချက်တွေရှိတယ်ဆိုတာ သဘာဝအတိုင်းဖြစ်တည်လာတဲ့ ပဲ့တင်ထပ်သံတွေ အတွက်ပဲ....ဘာ့ကြောင့်လဲဆိုတော့ ပြင်ပရတနာတွေ ဘယ်လောက်ပဲ သန့်စင်တယ်ပြောပြော အမြူတေမှာတော့ အညစ်အကြေး အနည်းငယ်ရှိဉီးမှာပဲ....ဒီလို အညစ်အကြေးတွေ စုပုံလာတဲ့အခါ ပဲ့တင်ထပ်သံနန်းတော်တစ်ခုလုံးကို ပဲ့တင်ထပ်သံ စွမ်းအားတွေဖြည့်သွင်းတဲ့အခါ အပြည့်အဝ ဖြည့်သွင်းလို့ရမှာမဟုတ်ဘူး...အဲ့အခါကျရင် ပဲ့တင်ထပ်သံတွေကို

ဆင့်တစ် ဒါမှမဟုတ် အဆင့်နှစ် အဖြစ် ဆက်ပြီး သန့်စင်လို့ရမှာ မဟုတ်တော့ဘူး..."

" ဒါပေမယ့် သားရဲ့ ဗလာနန်းဆောင်မှာ ဒါမျိုးကန့်သတ်ချက်တွေမရှိဘူး....သဘာအတိုင်းဖြစ်တည်လာတဲ့ ပဲ့တင်ထပ်သံတွေမှာ တိကျတဲ့ ဆက်နွယ်မှုတွေရှိတာကြောင့် ပြင်ပအကူပစ္စည်းတွေသုံးတဲ့အခါ ပဲ့တင်ထပ်သံနန်းတော်ဆီကနေ ငြင်းပယ်မှုတွေ ကြုံရတတ်တယ်....သားရဲ့ ပဲ့တင်ထပ်သံနန်းတော်မှာကျတော့ ဘာဆက်နွယ်မှုမှ မရှိတဲ့အတွက် ဘယ်အရာကိုမဆို အလွယ်တကူလက်ခံနိုင်တယ်....."

" ဒါ့ကြောင့် သား ဖန်တီးတုပလိုက်တဲ့ ပဲ့တင်ထပ်သံတွေကို ပဲ့တင်ထပ်သံနန်းတော်က ငြင်းပယ်မှာ မဟုတ်တဲ့အတွက် အဆင့်တက်အောင် အဆက်မပြတ်သန့်စင် ပေးနိုင်ပြီ....အဆင့်တက်လာလေလေ သန့်စင်ဖို့ ခက်လေဆိုပေမယ့် နောက်ဆုံးမှာ လုံးဝပြီးပြည့်စုံအောင် လုပ်ဖို့ အခွင့်အရေးရှိလာပြီပဲ...."

" အမေတို့ ပြောခဲ့သလို သားရဲ့ ဗလာနန်းဆောင်က ကမ္ဘာပေါ်မှာ အသန်မာဆုံးသော ဖွဲ့စည်းပုံပဲ...အားချက်လို့ ထင်ရတဲ့အရာတွေက အောင်မြင်ဖို့အတွက် သော့ချက်တွေဖြစ်လာပြီ...."

လီလော့၏ နှလုံးသည် ပြင်းထန်စွာ ခုန်လှုပ်နေသည်။  လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သူ၏ ဗလာဖြစ်နေသော ပဲ့တင်ထပ်သံနန်းတော်များကြောင့် အကြီးအကျယ် ဒုက္ခရောက်ခဲ့ရသည်။သိသိချင်းတုန်းကဆို မယုံနိုင်အောင် ဒေါသဖြစ်ခဲ့ရသည်။စိတ်ပျက်အားငယ်မှုများကြောင့် သူသည် ခွန်အားမဲ့နေသလို ခံစားခဲ့ရပေသည်။ နောက်ဆုံးတွင်မူ အဖြစ်မှန်ကို လက်ခံခဲ့ရသည်ပင်.....

သို့သော် မိဘနှစ်ပါး၏ စကားအတိုင်းဆို ဗလာနန်းဆောင်များသည် အသုံးမဝက်သောအရာများ မဟုတ်ဘဲ ကမ္ဘာ့ အသန်မာဆုံးသော ဖွဲ့စည်းပုံများ ဖြစ်နေသည်။

ဤသတင်းအချက်အလက်များသည် လီလော့အား မျက်ရည်ကျစေခဲ့ပါသည်။

" သားလေးအတွက် ပထမဆုံးသော ပဲ့တင်ထပ်သံအတွက် အမေတို့က သားဆီကနေ သွေးအနှစ်သာရနဲ့ဝိဉာဉ်ကြိုးမျှင်အချို့ကို ထုတ်ပြီး ပေါင်းစပ် ဖန်တီးပေးထားပြီးပြီ....အဲ့တာကို သလင်းလုံးထဲမှာ " ပဲ့တင်ထပ်သံရယူပုံသွင်းခြင်း ပညာရပ် " နဲ့အတူ ထည့်ပေးထားတယ်..."

လီလော့သည် ဆုပ်ခါးသော လက်သီးဆုပ်ကို ဖြန့်လိုက်သည့်အခါ အနွေးဓာတ်များ စီးဝင်လာသလို ခံစားလိုက်ရသည်။

" ကျေးဇူးတင်ပါတယ်...အဖေနဲ့အမေ သား အဆင့််သင့်ဖြစ်ပြီမို့ ဖန်တီးပေးထားတဲ့ ပဲ့တင်ထပ်သံနဲ့  " ပဲ့တင်ထပ်သံရယူပုံသွင်းခြင်း ပညာရပ် " ကို လွှဲပြောင်းပေးပါတော့ ...တခြားသူတွေထက်သာလွန်အောင် ပြန်လည်မွေးဖွားခွင့်ပေးပါတော့...."

ထိုအချိန်တွင် လိီတိုင်ရွှမ်၏အမူအရာသည် လေးနက်လာပြီး အနည်းငယ် ငြိမ်သက်နေ၏။

"နောက်ဆုံးပြောပြချင်တာကတော့ ဖန်တီးထားတဲ့ ပဲ့တင်ထပ်သံကို စုပ်ယူဖို့ဆိုတာ သားထင်ထားသလောက် မလွယ်ဘူးဆိုတာပါပဲ...."

" ဖန်တီးထားတဲ့ ပဲ့တင်ထပ်သံကို စုပ်ယူဖို့အတွက် သွေးအနှစ်သာရတွေ အများကြီးလိုအပ်တယ်...ဒါကြောင့်မို့ အဖေတို့က သားဆီမှာ သွေးအနှစ်သာရ လုံလုံလောက်လောက်ရှိအောင် ဆယ့်ခုနှစ်နှစ်ပြည့်တဲ့အထိ စောင့်ခဲ့ကြတာ...."

" ပိုအရေးကြီးတာက သားဘက်က ဆုံးရှုံးရမှာ သွေးအနှစ်သာရတင်မကဘဲ သားရဲ့လူ့သက်တမ်းတစ်ချို့တစ်ဝက် ကိုပါ ဆုံးရှုံးရမှာ....ဖန်တီးထားတဲ့ ပဲ့တင်ထပ်သံကို စုပ်ယူပြီး လေး ၊ငါးနှစ်အတွင်း မြို့စားအဆင့်ကို မရောက်နိုင်ရင် အကုန်လုံးအဆုံးသတ်သွားလိမ့်မယ်...."

" ဒီကိစ္စနဲ့ ပတ်သတ်ပြီး အဖေနဲ့ မင်းအမေနဲ့ ခဏခဏအငြင်းပွားခဲ့ကြတယ်....ပေးဆပ်ရမယ့်တန်ဖိုးက ကြီးလေးပေမယ့် ငါ့သားလေး ကြီးပြင်းလာမယ်လေ...ဒါကြောင့် အဖေတို့က သားကိုစိတ်ကြိုက် ရွေးချယ်ခွင့်ပေးထားတယ်....သားလေး လက်ရှိအတိုင်းအိမ်တော်သခင်လေးဘဝနဲ့ ချမ်းချမ်းသာသာဆက်နေမလား ဒါမှမဟုတ် ဖန်တီးထားတဲ့ ပဲ့တင်ထပ်သံကိုစုပ်ယူပြီး အန္တရာယ်များတဲ့ ကျင့်ကြံခေရီးလမ်းကို လျှောက်လှမ်းမလား...သား​ကြိုက်တာရွေးပါ...."

" ပထမတစ်ခုကို ရွေးမယ်ဆို ဒီသလင်းလုံးကို သေချာသိမ်းထားပြီး နေမြဲအတိုင်းဆက်နေပါတော့....ဒုတိယတစ်ခုကိုရွေးမယ်ဆို သလင်းလုံးထဲကို ဝင်လိုက်ပါ....သားဘာကိုပဲ ရွေးရွေး အဖေတို့တွေ သားအတွက်အမြဲတမ်းထောက်ခံပေးနေမှာပါ...."

ထို့နောက်တွင်မူ နှစ်ယောက်သား စကားမပြောကြတော့ဘဲ လီလော့ကို  ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ငေးကြည့်နေကြသည်။

လီလော့သည် လက်ထဲတွင်ရှိသော သလင်းလုံးကို မရေရာသောအကြည့်များဖြင့် စိုက်ကြည့်နေ၏။

ရှင်းပြချက်များကို နားထောင်ပြီးနောက် တစ်စုံတစ်ခုကို နားလည်ခဲ့ရသည်။အကျိုးကျေးဇူးများသည် အံ့မခမ်းထူးကဲနေသော်လည်း အဘယ့်ကြောင့် အားနည်းချက်မရှိရသနည်း။

ယခုချိန်တွင် လီလော့၏ ရွေးချယ်မှုသည် အလွန်ပင်ရိုးရှင်းလှသည်။ အားနည်းမွန်းစတားတစ်ကောင်လော.....အသက်တိုမည့်အကြမ်းစားသားရဲကြီးလော......

All Chapters