အတိုင်ပင်ခံအဖွဲ့၏ အစည်းဝေးပွဲ....
Vol. 1 Ch. 9
ခန်းမထဲတွင် ပဲ့တင်ထပ်၍ ထွက်ပေါ်လာသော ဖေဟောင်၏ စကားသံကြောင့် ခန်းမထဲရှိ လေထုသည် အေးခဲသွားလေ၏။
တစ်ချိန်တစ်ခါတုန်းက လွန်စွာဖော်ရွေ ယဉ်ကျေးခဲ့သူတစ်ယောက်၏ ပါးစပ်မှ ဤမျှအဆိပ်ပြင်းသော စကားလုံးများ ထွက်ကျလာမည်မှန်း မည်သူမျှ ထင်မထားမိခဲ့ပေ။
လီလော့၏ အသားရေသည် မည်မျှပင် ဖြူဖျော့ ပိန်းပါးနေပါစေ လူသေတစ်ယောက်နှင့် ခိုင်းနှိုင်းကာ ကျိန်ဆဲနေရန် မလိုပေ။
ဖေဟောင်၏ ဘေးတွင်ရှိနေသော အကြီးအကဲသုံးဉီးပင်လျှင် အမူအရာပျက်ယွင်းနေကြပြီး ကြမ်းပြင်ကိုသာ စိုက်ကြည့်နေကြသည်။
ကျန်သော အကြီးအကဲခြောက်ဉီးသည် မလွဲဧကန် ဒေါသထွက်နေကြပြီဖြစ်သည်။
ဘန်းးးးး
နောက်ထပ် ထွက်ပေါ်လာသောအသံကြောင့် ခန်းမထဲရှိ လူအကုန်လုံး တုန်လှုပ်ခဲ့ရပြန်သည်။ အသံထွက်ပေါ်လာသည့်နေရာကို ကြည့်လိုက်သည့်အခါ ကျန်းချင်းအာ၏ ကျောက်စိမ်းသဖွယ် ဖြူဖွေးသော လက်ဖဝါးသည် စားပွဲခုံပေါ်ရောက်နေသည်ကို တွေ့လိုက်ရပြီး သူမ၏ အမူအရာသည် ရေခဲတမျှ အေးစက်နေသည်။
ကျန်းချင်းအာဘက်က ဘာမျှ မုပြောနိုင်သေးခင် ဖေဟောင်သည် သူ့ပါးစပ်သူ လက်နှင့် တဖတ်ဖတ်ရိုက်ကာ.....
" တောင်းပန်ပါတယ်.. တောင်းပန်ပါတယ်...မစဉ်းစားမဆင်ခြင်ဘဲ ကြုံသလိုပြောလိုက်မိတယ်...ညီလေးဘက်က ဒီစကားတွေကိုဗွေမယူဖို့ မျှော်လင့်ပါတယ်.... "
လီလော့သည် ဖေဟောင့်ကို ပြုံး၍သာ ကြည့်နေလိုက်တော့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မျက်နှာနှစ်ဖက်ရှိသော လူပေါင်းများစွာနှင့် တွေ့ကြုံခဲ့ဖူးသော်လည်း ထိုလူများသည် အပြင်လူများသာဖြစ်ကြသည်။ဖေဟောင်သည် သူ့မိဘများ ကယ်တင်ထားသူတစ်ယောက်ဖြစ်ပြီး သူ့မိဘများကြောင့်သာ ဘဝသစ်ထူထောင်နိုင်ခဲ့သူဖြစ်၏။
လီတိုင်ရွမ်နှင့် တိုင်တန်လန်တို့သာ မရှိခဲ့ပါလျှင် ဖေဟောင်တစ်ယောက် မသေလျှင်တောင် ခြေကျိုး လက်ကျိုးဘဝနဲ့ မြောင်းထဲရောက်နေလောက်ပြီဖြစ်သည်။ယခုလိုဘဝမျိုးနှင့် နေနိုင်ဖို့သည် ဝေးစွခြောက်ပါးပင်....
ဖေဟောင်၏ လုပ်ရပ်များသည် လီလော့မိဘများကို အလုံးစုံကျေးဇူးကန်းနေသည့်အပြင် အာဃာတများပါ ထားရှိနေကြောင်း သက်သေခံပေးနေသည်။
လီလော့ သက်ပြင်းချလိုက်မိသည်။ သူ့မိဘများသည် အသိဉာဏ်ကြွယ်ဝသူများဖြစ်သော်လည်း လူသားများဖြစ်သောကြောင့် အမှားမကင်းကြပေ။
" စိတ်မပူပါနဲ့...စီနီယာက ဟုတ်တိုင်းမှန်ရာကို ပြောလိုက်တာပဲဟာ...ဘာ့ကြောင့် ဗွေယူရမှာလဲဗျာ...ပွင့်ပွင့်လင်းလင်းပြောရရင် တကယ်ဟုတ်နေရင်တောင် ကျွန်တော်ဘက်က ဘာများ လုပ်နိုင်မှာမို့လို့လဲ...ဒါ့ကြောင့် မလိုအပ်တဲ့စကားတွေပြောမနေပါနဲ့တော့..."
လီလော့သည် ပြောပြောဆိုဆိုနှင့် ခုံတန်းနှစ်ခု အလယ်တွင်ရှိသော ထိုင်ခုံတွင် ထိုင်လိုက်သည်။
ဖေဟောင်သည် ပီတိဖြစ်နေသာ မျက်နှာထားဖြင့် လက်မတွင်ဝတ်ဆင်ထားသော လက်စွပ်ကို ပွတ်သပ်နေပြီး လီလော့၏ စကားလုံးများကြောင့် ဒေါသဖြစ်နေပုံမရပေ။ လီလော့ ပြောခဲ့သည်အတိုင်း စိတ်ဆိုးလျှင်ပင် ဘယလုပ်နိုင်ဉီးမည်နည်း။
ယနေ့ လော့လန်အိမ်တော်သည် အတိတ်တုန်းက လော့လန်အိမ်တော် မဟုတ်တော့ပေ။
ပင်မထောင်တိုင်ဖြစ်သော လီလော့၏ မိဘနှစ်ပါးမှလွဲလျှင် ဖေဟောင် ကြောက်ရမည့်သူ မရှိပေ။
မျှော်လင့်ချက်မဲ့နေသော သခင်ငယ်လေးသည် ရုပ်သေးရုပ်အဖြစ်သာ အသုံးဝင်ပေတော့သည်။ကျန်းချင်းအာ ကြောင့်သာမဟုတ်ပါက လော့လန်အိမ်တော်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်လောက်ပြီဖြစ်သည်။
" သခင်ငယ်လေးလဲ ရောက်ပြီဆိုတော့ ဆွေးနွေးပွဲ စလို့ရပြီထင်တယ်..."
ဖေဟောင်က ကျန်းချင်းအာဘက်ကို လှည့်ပြောလိုက်သည်။
ကျန်းချင်းအာကလည်း မူပိုဂ် အေးတိအေးစက်အမူအရာဖြင့် ပြောလိုက်သည်။
" စကြတာပေါ့....ရှင် ထိန်းချုပ်ထားတဲ့ ဌာနသုံးခုကနေ ဒီနှစ်အတွက် ကောင်းကင်ရွှေတစ်စလေးတောင် မရတာ ဘာကြောင့်များလဲ...."
" အဲ့ဌာနသုံးခုက အခြေနေသိပ်မကောင်းလို့ပါ...အဲ့ဌာနသုံးခုလုံး မီးလောင်သွားတယ်ဆိုတာဂျူနီယာ ညီမလေးလဲ ကြားမိမှာပေါ့....လော့လန်အိမ်တော်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို မျက်စိကျနေတဲ့ ပြင်ပအင်အားစုတွေရဲ့ လက်ချက်ဖြစ်မယ်လို့ အစ်ကို သံသယဖြစ်မိတယ်...စိတ်ချပါ...အဲ့ကိစ္စကို သေသေချာချာစုံစမ်းခဲ့ပါတယ်...ဖြစ်ချင်တော့ မီးလောင်ရတဲ့ အကြောင်းရင်းကို ရှာမတွေ့ခဲ့ဘူးလေ...အဲ့တာကြောင့် ဒီနှစ်အတွက် ဘဏ္ဍာငွေ မပေးနိုင်တာပါ...."
လီလော့သည် ဖေဟောင်၏ စကားများကို တိတ်ဆိတ်စွာနားထောင်နေခဲ့သည်။ ဖေဟောင်၏ ဖြေရှင်းချက်များက သိပ်ကို ရယ်စရာကောင်းနေပေမယ့်လည်း လီလော့ ဝင်မစွက်ဖက်ခဲ့ပေ။
အိမ်တော်သခင် ဟူသော ဂုဏ်ပုဒ်သည် အပေါ်ယံမျှသာ ဖြစ်ပြီး အိမ်တော်တွင်းတွင် သူ့စကားများ အရာမရောက်ကြောင်း နားလည်ခဲ့ပါသည်။
ထို့ကြောင့် ဆွေးနွေးပွဲတွင် ဝင်ရောက် ငြင်းခုန်နေရန်မလိုပေ။
ကျန်းချင်းအာသည် ဖေဟောင့်ကို စူးရဲစွာစိုက်ကြည့်နေသည်။
" ဖေဟောင်...နင်ပေးတဲ့ အကြောင်းပြချက်ဆိုတာ ဒါလား..."
" ဂျူနီယာညီမလေးက အကြောင်းပြချက်လိုချင်တယ်ဆိုလို့ ကြုံရာတစ်ခုကို ဆွဲပြောလိုက်တာလေ...အချို့အရာတွေက ရှင်းရှင်းလင်းလင်းလုပ်ဖို့ လိုလို့လား...ဒီလိုတွေ ဖြစ်လာပြီဆိုမှတော့ ဂျူနီယာညီမလေးနဲ့ သခင်လေးကို ရှင်းရှင်းလင်းလင်းပြောရတော့မှာပေါ့....ငါ့ရဲ့ လက်အောက်ခံ ဌာနာသုံးခုက ဒီနှစ်အတွက် ဘဏ္ဍာငွေတစ်ပြားမှ ပေးနိုင်မှာမဟုတ်ဘူး....အမှန်တိုင်းထပ်ပြောရရင် ဒီနှစ်တင်မကဘူး နောင်ဘယ်တော့မှလဲ ပေးမှာမဟုတ်တော့ဘူး...."
ဖေဟောင်၏ ပေါ့ပါးသော စကားသံများသည် ကြားရသူအပေါင်းကို မိုးကြိုးအတောင့်လိုက်ပစ်ချလိုက်သလို အံ့အားသင့်စေခဲ့၏။
ကျန်းချင်းအား၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အေးစက်သည့်အငွေ့အသက်များကြောင့် ခန်းမထဲရှိ လေထုပင် အေးခဲလာသည်။ သူမ၏ အေးစက်သော စကားသံများသည် ကြားရသူအပေါင်းကို အေးခဲသွားစေခဲ့သည်။
" ဒါဆို ရှင့်မှာ ခွဲထွက်ဖို့ အစီအစဉ်ရှိနေပြီပေါ့...."
" လော့လန်အိမ်တော်ကနေ ထွက်သွားဖို့ ငါ့အတွက် အတော်လေးခက်ခဲခဲ့ပါတယ်...အခုချိန်မှာအိမ်တော်သခင် အစစ်အမှန်လဲ မရှိဘူးဆိုတော့ ငါပေးလိုက်တဲ့ ကောင်းကင်ရွှေတွေ ဘယ်ရောက်သွားလဲ ဘယ်သူသိမှာလဲ...သဂ့်လျော်တဲ့ အိမ်တော်သခင် အသစ်ကိုသာ ထပ်ရွေးလိုက်မယ်ဆို အခွန်အခအဖြစ် ဆယ်ပုံတစ်ပုံလောက်ပေးဖို့ ဆန္ဒရှိပါတယ်..."
စိတ်ပျက်ဖွယ်ကောင်းသော လေထုသည် ခန်းမထဲတွင် ပျံ့နှံ့နေ၏။ အကြီးအကဲခြောက်ဉီးစလုံး၏ မျက်နှာများသည် အကျဉ်းတန်ကုန်ကြသည်။ ဒီအတိုင်းဆို လော့လန်အိမ်တော်သည် အဓိကအိမ်တော်ကြီးလေးခုကြားတွင် ရယ်စရာဖြစ်နေတော့မည်။
အဘယ့်ကြောင့်ဆိုသော် ဖေဟောင်သည် ကိုယ်ပိုင်အင်အားစု မွေးမြုထားပြီး တော်လှန်ပုန်ကန်ကာ ခွဲထွက်ရန် အကြံအစည်များကို မြင်သာအောင် ချပြလိုက်ခြင်းကြောင့်ပင်....
" ဖေဟောင်...မင်း လော့လန်အိမ်တော်ကို ဖျက်ဆီးချင်နေတာလား...အိမ်တော်ပျက်ဆီးသွားလို့ မင်းအတွက် ဘာအကျိုးရှိမှာမို့လဲ...."
ကျန်းချင်းအာကို ထောက်ခံသော အကြီးအကဲလဲ့ကျန်း ပြောလိုက်ခြင်းဖြစ်သည်။
ဖေဟောင်က ခေါင်းခါပြနေ၏။
" အစောတုန်းက ပြောခဲ့သလိုပဲ လော့လန်အိမ်တော်ကို မပျက်ဆီးစေချင်ပါဘူး..."
ဖေဟောင်က စကားဆက်မပြောခင် လီလော့ကို ကြည့်လိုက်သေးသည်။
" ကျွန်တော်က စည်းကမ်းအတိုင်းလိုက်နာစေချင်ရုံပါ...အကယ်၍ ကျွန်တော့်ဆီကနေ ဆယ်ပုံတစ်ပုံ အခွန်အခ လိုချင်တယ်ဆို အိမ်တော်သခင်လေးဘက်က အပေးအယူအဖြစ်
တစ်ခုလောက် လိုက်လျောပေးနိုင်မလား..."
" မန်နေဂျာဖေဟောင့် စိတ်ထဲမှာ ဘာတွေရှိလဲဆိုတာ သိပါရစေ..."
လီလော့သည် ဖေဟောင့်ကို သေချာစွာစိုက်ကြည့်ပြီး မေးလိုက်သည်။
ဖေဟောင်၏ အကြည့်များသည် ကျန်းချင်းအာထံရွေ့လျားသွားပြီး ထိုအကြည့်များထဲတွင် လောဘတက်နေသော အရိပ်အယောင်များ ပုန်းအောင်းနေသည်။
" သခင်ငယ်လေးဘက်က ဂျူနီယာညီမလေးနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းပေးပါ..."
ဤစကားကြောင့် အခန်းတွင်းအပူချိန်သည် သုညမှတ်သို့ ရောက်သွားသည့်နှယ် တမဟုတ်ချင်း အေးခဲကုန်၏။
လီလော့သည် ဒေါသထွက်နေပုံမရသော်လည်း အမူအရာမဲ့နေသည်။သူသည် ကျန်းချင်းအာနှင့် စေ့စပ်ပွဲဖျက်သိမ်းရန် ဆွေးနွေးဖူးသည့်အပြင် ကတိတောင်ပေးခဲ့ဖူးသည်။
သို့သော်...ဤသည်မှာ သူနှင့် ကျန်းချင်းအာတို့နှစ်ဉီး၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များသာဖြစ်ပြီး နှစ်ဉီးသား လွတ်လပ်စွာ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
တဖက်တွင် ဖေဟောင်သည် ယုတ္တိမရှိသော တောင်းဆိုချက်ကို တောင်းဆိုလာမည်ဟု မည်သူထင်မိမည်နည်း.....
ဘန်းးးးး! !!
လီလော့၏ နှလုံးသားတစ်ခုလုံး အေးစက်လာပြီး ပေါက်ကွဲလုမတတ်ဖြစ်နေချိန်တွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ဤစွမ်းအားများသည် လင်းလက်တောက်ပနေပြီး ခန်မတစ်ခုလုံးတွင် နေရောင်ခြည်များ ပြည့်နှက်နေသည့်နှယ် လင်းထိန်နေ၏။
ထိုအချိန်မှာပင် ထိုင်နေသော ဖေဟောင်ထံ ဉီးတည်ရွေ့လျားသွားနေသော ကျန်းချင်းအာ၏ ပုံရိပ်ကို အလင်းရောင်များကြားကနေဝိုးတဝါးတွေ့မြင်လိုက်ရသည်။
ရုတ်တရက်တိုက်ခိုက်လာမှုကြောင့် ဖေဟောင်အတော်လေး အံ့အားသင့်ခဲ့ရသည်။မျက်စိတမှိတ်အတွင်းမှာပင် သူ့တကိုယ်လုံးကို ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေပြီဖြစ်သည်။
ညာဘက်နားရွက်တွင် ဝတ်ဆင်ထားသော ဓားပုံသဏ္ဍာန်ရွှေရောင်နားဆွဲလေးသည် တခဏအတွင်းမှာပင် ရွှေရောင်ဓားရှည်တစ်ခုအဖြစ်ပြောင်းလဲ သွားခဲ့သည်။
ရွှေရောင်ပဲ့တင်ထပ်သံစွမ်းအားများ လွှမ်းခြုံနေသော ဓားရှည်သည် မယုံနိူင်လောက်အောင် ထက်မြနေပြီး မရေမတွက်နိုင်သော သက်တံ့များပေါင်းစည်းထားသကဲ့သို့ လင်းလက်နေသည်။
ဘန်းးးးးး!!!
ရွှေနှင့် သတ္တုတို့ ထိခတ်သွားသည့်အခါ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ခန်းမထဲရှိ ပရိဘောဂများ အပိုင်းပိုင်းအစစဖြစ်ကုန်ကြသည်။
အကြီးအကဲ ကိုးဉီးသည် တိုက်ပွဲ၏နောက်ဆက်တွဲစွမ်းအာအကြွင်းအကျန်များကို ထိန်းပေးထားပြီး တိုက်ပွဲကို စောင့်ကြည့်နေကြသည်။
ဓားရှည်နှစ်လက် ထိပ်တိုက် တွေ့ဆုံနေကြခြင်းဖြစ်ပြီး ကျန်းချင်အာဘက်မှစ၍ ဖေဟောင့်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။
ကျန်းချင်းအာသည် မျက်စိကျိန်းလောက်အောင် တောက်ပနေသော ထိပ်ချွန်ဓားရှည်တစ်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ ထိုဓားရှည်၏ တောက်ပမှုသည် အတန်ကြာစိုက်ကြည့်မိပါက မျက်လုံးများကို နာကျင်လာစေသည်အထိပင်....
သာမာန်အားဖြင့်သန့်ရှင်းလှပသော နတ်ဘုရားမလေးသည် ဤမျှလောာက်အထိ တုန်လှုပ်ဖွယ်စွမ်းအားများကို ထုတ်ဖော်လိမ့်မည်ဟု မည်သူမျှ ထင်မထားမိပေ။
သူမသည် အကြမ်းစား အလင်းပဲ့တင်ထပ်သံစွမ်းအားများ ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်သည်။
ရွှေရောင်ဓားရှည်တစ်လက်ကို ကိုင်ထားသော ဖေဟောင်ထံမှ ထက်မြပြင်းရှသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေ၏။
ဤသည်မှာ သတ္တုပဲ့တင်ထပ်သံ စွမ်းအားသာပင်.....
ဓားနှစ်လက် ထိခတ်မိချိန်တွင် ပဲ့တင်ထပ်သံစွမ်းအားများ ပေါက်ကွဲထွက်လာသောကြောင့် ကြမ်းပြင်ပေါ်တွင် လိပ်ခွံသဖွယ် အက်ကြောင်းများ ဖြစ်ပေါ်နေ၏။
ဖေဟောင်သည် ချိုသာသောအပြုံးများကို ထိန်းထားနိူင်ဆဲပင်....
" နာမည်ကျော်ကြားလွန်းတဲ့ အဆင့်ကိုး အလင်းပဲ့တင်ထပ်သံ ပီသပါပေ့....ညီမလေးရဲ့ ကမ္ဘာမြေနဲ့ ရင်းနှီးခြင်း အစောပိုင်းအဆင့်က အစ်ကို့ရဲ့ ကမ္ဘာမြေနဲ့ ရင်းနှီးခြင်း နှောင်းပိုင်းအဆင့်ထက် ဘယ်လိုမှ မနိမ့်ကျဘူးပဲ..."
" ရှင့်ရဲ့ သတ္တုပဲ့တင်ထပ်သံကလည်း အဆင့် ခုနှစ်အထိ မြင့်သွားပုံပဲ...ဒီလို အဆင့်မြှင့်ဖို့ အိမ်တော်ကို ပေးရမယ့် အခွန်အခတွေကို သုံးလိုက်တယ်မဟုတ်လား...."
ကျန်းချင်းအာကလည်း တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
ဖေဟောင်သည်အဆင့်ခြောက် သတ္တုပဲ့တင်ထပ်သံကိုသာ ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်သည်။ ထိပ်တိုက်တွေ့ဆုံချိန်၌ ဖေဟောင်၏ သတ္တုပဲ့တင်ထပ်သံ သည် ယခင်ကထက် ပိုမိုပြင်းထန်လာကြောင်း သတိပြုမိလိုက်သည်။ ထိုကဲ့သို့ အဆင့်မြှင့်တင်ရန် ဝိဉာဉ်ရည်အမြောက်အမြားနှင့် သန့်စင်သော အလင်းစွမ်းအားများ လိုအပ်ပေသည်။
ဖေဟောင်သည် ဘာမှပြန်မဖြေဘဲ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။
ဘန်းးးးးး!!!!
တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသော စွမ်းအားများကြောင့် နှစ်ဉီးစလုံး နောက်ဆုတ်လိုက်ရသည်။
" ဘယ်လိုတွေ ရဲတင်းလွန်းနေတာလဲ ဖေဟောင်....."
အကြီးအကဲခြောက်ဉီးသည် ကျန်းချင်းအာနောက်တွင် ပေါ်လာကြပြီး ဖေဟောင့်ကို ပြစ်တင်ရှုံ့ချနေသော အကြည့်စိမ်းများဖြင့် ကြည့်နေကြသည်။
တစ်ချိန်တည်းမှာပင် ဖေဟောင့်ဘက်တွင်ရှိနေသော အကြီအကဲသုံးဉီးသည် သူတို့၏ ရပ်တည်မှုအား အတိအလင်းကြေငြာလိုက်ပြီဖြစ်သည်။
တိုက်ပွဲသည် ပြင်းထန်လွန်းလှသဖြင့် အသံများကို အပြင်ကနေပင် ကြားနေရပြီး အပြင်ဘက်တွင်လည်း ကမ္ဘာပျက်နေလေပြီ....မြင်းစီးတပ်ဖွဲ့နှစ်ဖွဲ့သည်လည်း တစ်ဖွဲ့နှစ်တစ်ဖွဲ့ ထိပ်တိုက်တွေ့ကြတော့မလို ဖြစ်နေသည်။
" ဂျုနီယာညီမလေးက အိမ်တွင်းရေးပြသာနာကို ရှပြည်ထောင်စုတစ်ခုလုံးသိအောင် လုပ်ချင်နေတာလား..."
ဖေဟောင်က ညစ်ကျယ်ကျယ်ပြုံးပြီး ပြောနေ၏။
ကျန်းချင်းအာ၏ အေးစက်သောအမူအရာသည် ပို၍အေးစက်လာပြီး စကားလုံးတိုင်းသည် သတ်ဖြတ်လိုစိတ်များ လှိုင်လှိုင်ထနေသည်။
" ဖေဟောင် ...နင်မသေချင်သေးရင် နင့်ရဲ့ ညစ်ပတ်တဲ့စကားလုံးတွေကို ကိုယ်ဝမ်းထဲကိုယ်ပြန်မြိုချထားလိုက်...ဒါက ငါတို့နှစ်ယောက်ရဲ့ ကိစ္စ..နင်ဝင်စွက်ဖက်စရာ ဘာအကြောင်းမှမရှိဘူး...."
" မင်းဘက်က ဒီလ်ိုတွေ လုပ်ပြနေစရာအကြောင်းမှ မရှိတာ...ဒီစေ့စပ်ပွဲက မင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်လေ...
မင်း ဆရာသခင်နှစ်ယောက်ကို ကျေးဇူးသိတယ်မှန်း သိပါတယ်...ဒီ့အတွက်နဲ့ လီလော့ပေါ် ကတိတည်နေစရာမလိုဘူး....သူက မင်းနဲ့ မလိုက်ဖက်ဘူး...."
"ရှင့်လို ရက်စက်ကြမ်းကြုတ်တဲ့ လူ့အမှိုက်က ကျေးဇူးတရားအကြောင်း ဘယ်လောက်နားလည်နေလို့လဲ! !!"
ဖေဟောင်က လီလော့ဆီ အကြည့်လွှဲလိုက်ပြီး.....
" လီလော့ မင်း ဉာဏ်ကောင်းသင့်တယ်....ထိန်းသိမ်းနိုင်စွမ်းမရှိဘဲ ရတနာတွေကို ရင်ဝယ်ပိုက်ထားရင် ပြသာနာတွေပဲ ဖြစ်လာမယ်ဆိုတာ မင်းသိအောင် ငါပြောပြပေးမယ်....လော့လန်အိမ်တော်ဆိုတာ မင်းအတွင် အလှပြရုံသက်သက်ပဲ...ဂျူနီယာညီမလေးက ထက်မြက်တဲ့ ပါရမီရှင်ဖြစ်တဲ့အတွက် မင်းနဲ့ ဘယ်လိုမှ မထိုက်တန်ဘူး...မင်းမိဘတွေရဲ့ ကျေးဇူးတရားကို အကြောင်းပြပြီး သူ့ကို ချုပ်နှောင်ထားချင်ရင် မင်းဘဲ ဒုက္ခရောက်လိမ့်မယ်...ငါပြောတာ မယုံမရှိနဲ့...."
လီလော့သည် ဖေဟောင်၏ ရူးကြောင်ကြောင် စကားလုံးများကို ဒေါသထွက်ဟန် မပြဘဲ အေးဆေးစွာ တုံ့ပြန်လိုက်သည်။
" ဒါဆို ကျွန်တော်က လော့လန်အိမ်တော်ကိုရော အစ်မကြီးချင်းကိုပါ လက်လွှတ်လိုက်သင့်တယ်ပေါ့...."
" မင်းသာ ဉာဏ်ကောင်းတဲ့သူတစ်ယောက်ဆို ဒီလိုပဲ လုပ်သင့်တယ်...ငါ မင်းကောင်းဖို့အတွက် ပြောနေတာပါ...မင်းမှာ အစွမ်းအစမရှိရင် လောဘကို ထိန်းသင့်တယ်....ဒီနည်းနဲ့ဆို မင်း လူချမ်းသာတစ်ယောက်ဘဝနဲ့ အေးအေးဆေးအေး နေနိုင်ဉီးမှာပါ...."
" ဖေဟောင် ကျွန်တော့် မိဘတွေ ပြန်ရောက်လာရင် ခင်ဗျား ဘာဖြစ်သွားမလဲ ကိုယ့်ကိုကိုယ် မစိုးရိမ်ဘူးလား..."
ဖေဟောင်၏ မျက်ဆံများ မသိမသာလှုပ်ရှားသွားကာ သူ့နောက်က အကြီးအကဲသုံးဉီးပင်လျှင် အမူအရာများ အကျည်းတန်ကုန်၏။
" ဒီလို ဝမ်းနည်းစရာကောင်းတဲ့ မျှော်လင့်ချက်တွေကို ဆုပ်ကိုင်မထားသင့်ဘူး...ငါ ကြားထားတဲ့သတင်းတွေ အတိုင်းဆို ဆရာသခင်တို့တွေ ပြန်မလာနိုင်မှာ စိုးရိမ်ရတယ်..."
ဖေဟောင်က ခေါင်းတယမ်းယမ်းနှင့် သက်ပြင်းချနေ၏။
" မင်းကို ထောက်ပံ့ပေးနိုင်တဲ့ ပင်မထောက်တိုင်ကြီးတွေ မရှိတော့ဘူး....မင်းရဲ့ လက်ရှိအခြေနေက ငါ့မှာ စွမ်းအားမဲ့နေတုန်းကနဲ့ တူနေပြီ...မဟုတ်သေးဘူး... မင်းက ငါ့ရဲ့ အဆိုးဝါးဆုံးအခြေနဲ့တောင် နှိုင်းမရဘူး...ငါ့ရဲ့ အဆိုးဝါးဆုံးခြေနေမှာ ထောက်ပံပေးမယ့်သူမရှိတဲ့အတွက် ဆင်းရဲခဲ့တယ်ဆိုပေမယ့်လည်း ငါ့မှာ အလားအလာကောင်းတွေရှိသေးတယ်....."
" မင်းမှာကျတော့.....ဘာဆို..ဘာမှ မရှိဘူး..."