← Chapters

မျက်လုံးဖြူဝံပုလွေ ( ကျေးဇူးကန်းသူ)

Vol. 1 Ch. 10

မျက်လုံးဖြူဝံပုလွေ ( ကျေးဇူးကန်းသူ)

Vol. 1 Ch. 10

ဖေဟောင်၏ ရုန့်ရင်းကြမ်းတမ်းသော စကားများသည် နှလုံးသားတည့်တည့်ကို ထိုးစိုက်နေသည့် ထက်ရှသော ဓားသွားများသဖွယ်.....

ထိုစကားများသည် ကျန်းချင်းအာဘက်တွင်ရှိနေသော အကြီးအကဲများကို အလွန်ပင်ဒေါသထွက်စေခဲ့သည်။

တစ်ဆက်တည်းမှာပင် လီလော့အတွက်လည်း စိတ်မကောင်းဖြစ်သွားကြ၏။ သို့သော် ကာယကံရှင် လီလော့သည် ထိုစကားများကြောင့် ဘာမျှ ခံစားရပုံမပေါ်ပေ။

လီလော့၏ ထိုပုံစံကြောင့် အကြီးအကဲများခင်မျာ စိတ်မကောင်းဖြစ်ပြီး သက်ပြင်းချရုံသာတတ်နိုင်ရှာတော့သည်။

သခင်လေးသည် ဗလာနန်းတော်ကြောင့် ကျိန်ဆဲခံနေရသော်လည်း ခိုင်ကြည်သောစိတ်ဓာတ်များဖြင့် လောကဓံကို ကြံ့ကြံ့ခံနေသည်မှာ ချီးကျူးဖွယ်ကောင်းနေပေသည်။

ဖေဟောင်သည်ပင် သူ့စကားများကြောင့် လီလော့ ဘာမျှ မဖြစ်သည်ကို မြင်သည့်အခါ အံ့သြနေ၏။ လီလော့သည် ဒီနှစ်အတွင်း သူ့ဖြစ်တည်မှုကို လက်ခံပုံရသည်။

" ခင်ဗျား ပုတ်ခတ်စော်ကားလို့ ဝပြီလား..."

လီလော့ တည်ငြိမ်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။

ဖေဟောင်က ပြန်ဖြေမည့်အစား ပျင်းတိပျင်းရွဲ အပြုံးမျိုးသာ ပြုံးပြနေသည်။

"တကယ်တော့ ကျွန်တော်လည်း ဒီဖြစ်အပျက်တွေကြောင့် အတော်လေး အံအားသင့်နေမိတယ်...ကျွန်တော့် မိဘတွေ ခင်ဗျားအပေါ် ဒီလောက် ကောင်းခဲ့ပါရက်နဲ့ ခင်ဗျားဘက်က အာဃာတတွေ ဘာလို့ ထားနေမှန်း နားမလည်နိုင်တော့ဘူး..."

ဖေဟောင်သည် ပြန်မဖြေခင် ခဏမျှ စဉ်းစားနေသေးသည်။

" ဆရာတို့ ငါ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါတယ်...ဒါပေမယ့် အမည်ခံတပည့်သက်သက်မဟုတ်တဲ့ တရားဝင်တပည့်ဖြစ်ချင်တဲ့ ငါ့ဆန္ဒတွေကိုလဲ သူတို့သိတယ်...ဒီလိုဖြစ်လာနိုင်အောင်လဲ ငါ့ဘက်က အများကြီး ကြိုးစားခဲ့တယ်...ဒါပေမယ့် သူတို့က လုံးဝကို ပါးစပ်မဟခဲ့ကြဘူး...အခွင့်ရေးရလာဖို့ ငါဘယ်လောက်ထိ မျှော်လင့်ခဲ့လဲဆိုတာ မင်းနားလည်နိုင်မှာ မဟုတ်ဘူး...သိပ်ကို စိတ်ပျက်စရာကောင်းလွန်းတယ်..."

" အဲ့တော့ လိုအပ်တဲ့အချိန်မှာ အကူအညီပေးလိုက်ရင် ခင်ဗျားအပေါ် အလုံးစုံ မှီခိုအားကိုးလာရမယ်လို့ သတ်မှတ်ချင်တာလား...သေချာတွေးကြည့်လိုက်ရင် ကျွန်တော့်မိဘတွေ လုပ်တာ မှန်တယ်...ခင်ဗျားရဲ့ ယုတ်ကန်းတဲ့ အကျင့်စရိုက်အရဆို မျက်လုံးဖြူဝံပုလွေတစ်ကောင်ကို အိမ်တော်ထဲ ခေါ်သွင်းထားလိုက်သလိုဖြစ်နေလိမ့်မယ်... အကယ်၍ ခင်ဗျားသာ အမွေခံတပည့်တစ်ယောက်ဖြစ်လာခဲ့ရင် ဘာတွေ ဖြစ်လာနိုင်မလဲ စိတ်ကူးကြည့်လို့ရတယ်...ခင်ဗျားသာ အမွေခံတပည့်ဖြစ်လာရင် လော့လန်အိမ်တော်တစ်ခုလုံးကို ထိန်းချုပ်ဖို့ ပိုလွယ်ကူသွားမှာပေါ့...."

ဖေဟောင်သည် သဘောမတူသည့်အနေဖြင့် ခေါင်းခါပြနေပြီး လီလော့နှင့် ငြင်းခုန်မနေတော့ပေ။

" ဒါဆို မင်းက ငါ့အဆိုပြုချက်ကို လက်မခံဘူး ဆိုပါတော့..."

လီလော့ ခေါင်းခါပြလိုက်သည်။

" အချိန်ကုန်ခံမနေနဲ့....စေ့စပ်ပွဲက ကျွန်တော်နဲ့ အစ်မကြီးချင်း ကြားက သဘောတူချက်ဖြစ်တာကြောင့် ခင်ဗျားရဲ့ ခြိမ်းခြောက်မှုကြောင့် ပြောင်းလဲလိုက်စရာ ဘာအကြောင်းမှမရှိဘူး...."

လီလော့၏ အဖြေစကားကြောင့် ဖေဟောင် သက်ပြင်းချနေ၏။

" လီလော့...လောဘကြီးရင် ပျက်စီးကိန်းဆိုက်လိမ့်မယ်...အခုက အတိတ်ကာလမဟုတ်တော့ဘူးနော်...မင်းမှာ ဘာမှီခိုစရာမှ မရှိတော့ဘူး..."

လီလော့သည် ဖေဟောင့်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ ဖေဟောင်နှင့်ယှဉ်လျှင် လီလော့၏ အရှိန်အဝါများသည် ဖျော့တော့နေသော်လည်း လီလော့ကြောင့် ဖေဟောင်တစ်ယောက် မသက်မသာဖြစ်နေရသည်။

" ကျွန်တော့်ဘက်ကပြောချင်တာလဲ ခင်ဗျားပြောတဲ့ အတိုင်းတစ်ထပ်တည်းပဲ..."

ထိုအချိန်တွင် လီလော့၏ အမူအရာသည် သေလောက်အောင် လေးနက်တည်ကြည်နေသည်။

ဤသည်ကို ဖေဟောင်က သဘောကျဟန်ဖြင့် ရယ်မောနေ၏။

" လီလော့...မင်းကို ဂျူနီယာညီမလေးက အမြဲတမ်း ကာကွယ်ပေးနိုင်မယ်လို့ ထင်နေတာလား..ကလေးဆန်လိုက်တာကွာ...ငါ ပြောတာတွေကို မင်းဘက်က သဘောမတူဘူးဆိုမှတော့ ထားလိုက်ပါတော့....ခုနက ငါပြောသလိုပဲ ငါ့လက်အောက်မှာ ရှိတဲ့ ဌာနသုံးခုကနေ ဘဏ္ဍာငွေ တပြားတစ်ချပ်မှ ရဖို့ မမျှော်လင့်နဲ့...အမိန့်ပေးလာရင်လဲ ငါ့ရဲ့ စိတ်အခြေနေပေါ်မူတည်ပြီး နာခံချင်နာခံမယ် မနာခံချင် မနာခံဘူး..."

အကြီးအကဲ ခြောက်ဉီးစလုံး၏ အမူအရာများ တမဟုတ်ချင်း အေးခဲကုန်၏။

ထိုခြောက်ဉီးထဲမှ နှစ်ဉီးသည် ကြားနေဝါဒကို ဆုပ်ကိုင်ထားရန် ကြိုးပမ်းနေကြဆဲပင်...အကယ်၍ ဖေဟောင်သာ လော့လန်အိမ်တော်မှ ခွဲထွက်သွားပါက သူတို့၏ အကျိုးစီးပွားများလည်း များစွာထိခိုက်ကုန်လိမ့်မည်။

သို့ပါသောကြောင့် ကျန်းချင်းအာနှင့် ပူးပေါင်းပြီး ဖေဟောင့်ဘက်တွင် ရှိနေသော အကြီးအကဲသုံးဉီးကို နှိမ်နှင်းရပေတော့မည်။

အကယ်၍ ဤပြသာနာသည် တစ တစ ကျယ်ပြန့်လာပါက လော့လန်အိမ်တော်၏ အိမ်တွင်းရေးပြသာနာများသည် ရှပြည်ထောင်စုအတွင်း မျက်စိကျစရာဖြစ်လာပေတော့မည်။

" ဘာလဲ..မင်းက ငါ့လက်စွမ်းပြတာ ကြည့်ချင်လို့လား..."

ဖေဟောင်သည် လီလော့၏ အေးစက်သော အကြည့်များကို ပျက်ရယ်ပြုနေသည်။

ဖေဟောင်၏ အောင်ပွဲခံ အမူအရာကို မြင်သည့်အခါ ရက်စက်ကြမ်းကြုတ်လှသော သားရဲတစ်ကောင်အား သွားဆွလိုက်သည့်အခါ ခံစားရမည့် နောက်ဆက်တွဲဆိုးကျိုးများကို တွေးမိလိုက်သော လဲ့ကျန်းနှင့် အ​ပေါင်းအပါများသည် ထိတ်လန့်သွားခဲ့ကြသည်။

လီလော့အား တောင်းဆိုခဲ့သည် ဖေဟောင်၏ အပေးအယူသည် လော့လန်အိမ်တော်အတွက် အသေးအဖွဲ့မဟုတ်ပေ။ အကယ်၍ လော့လန်အိမ်တော်သာ နောက်တဆင့် မြင့်တက်သွားပါက ဖေဟောင်သည် များစွာသောသူတို့ကို  ရန်ငြိုးဖွဲ့မိသူတစ်ယောက်ဖြစ်သွားလိမ့်မည်။

ဖေဟောင်သည် ကမ္ဘာမြေနှင့် ရင်းနှီးခြင်း နှောင်းပိုင်းအဆင့်တစ်ယောက်ဖြစ်သည်။ လဲ့ကျန်းသည် ကမ္ဘာမြေနှင့် ရင်းနှီးခြင်း အလယ်အလတ်အဆင့်တွင်သာရှိသေးပြီး ကျန်သောသူများသည် အစောပိုင်းအဆင့်တွင်သာ ရှိကြသေးသည်။

သူတို့အဖွဲ့တွင် အဆင့်ကိုး အလင်းပဲ့တင်ထပ်သံ ပိုင်ဆိုင်ထားသော ကျန်းချင်းအာတစ်ယောက်တည်းသာ ဖေဟောင်နှင့် ယှဉ်နိုင်သည်။

ဖေဟောင်သည် တစ်ယောက်တည်းသမား မဟုတ်ဘဲ သူ့နောက်တွင် စစ်တပ်တစ်ခုနှင့် အကြီးအကဲသုံးဉီးတို့ ရှိနေသည်မှာ ပိုအရေးကြီးသော အချက်တစ်ချက်ဖြစ်သည်။

အကယ်၍ ဤကဲ့သို့ ငရဲဆန်သော အခြေနေအား ပြေလည်အောင် ဖြေရှင်းနိုင်သည့်တိုင် လော့လန်အိမ်တော်၏ အိမ်တွင်းရေးပြသာနာများကြောင့် ရှပြည်ထောင်စုတွင် အိမ်တော်၏ အခြေနေသည် ဒဏ်ရာပေါ် ဒဏ်ရာထပ်နေသကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်။

" အားလုံး နားထောင်ကြပါ...ကျွန်တော့်ရဲ့ အဓိကရည်ရွယ်ချက်က အဓိပ္ပါယ်မရှိတဲ့ အတင်းအဖျဉ်းတွေ ပြောဖို့ မဟုတ်ဘဲ ရှပြည်ထောင်စုထဲမှာ လော့လန်အိမ်တော် ရပ်တည်နိုင်ဖို့ အဖြေရှာဖို့ပါပဲ..."

" အကယ်၍ ဂျူနီယာညီမလေးကသာ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ ဆန္ဒရှိတယ်ဆို လော့လန်အိမ်တော်ကို ခေါတ်သစ်တစ်ခုရောက်အောင် အတူတကွ လုပ်ဆောင်ပေးချင်ပါတယ်..."

ဖေဟောင်သည် အပြုံးတစ်ခုဖြင့် ခန်းမထဲမှလူများကို ဝေ့ကြည့်နေသည်။

" ဒီလိုအခြေနေတွေ ဖြစ်လာမှတော့ လောဘကြီးလွန်းတဲ့ သခင်ငယ်လေးကိုပဲ အပြစ်တင်ရတော့မှာပေါ့...ဒါတွေကို လက်တွေ့ဖြေရှင်းဖို့ အချိန်တန်ပြီ...."

တဆက်တည်းမှာပဲ ဖေဟောင်က " မော့ " ဟူသော စာလုံးရေးထွင်းထားသော တံဆိပ်တစ်ခုကို ထုတ်ပြလိုက်သည်။ ထိုတံဆိပ်ကို သိသူတိုင်းသည် အမူအရာများ ပြောင်းကုန်ကြသည်။

" အဲ့တာက အကြီးအကဲမော့ရဲ့ တံဆိပ်မဟုတ်လား..."

လဲ့ကျန်းက ရုတ်တရက် ထမေးလိုက်သည်။

လော့လန်အိမ်တော်တွင် အတိုင်ပင်ခံ အကြီးအကဲကိုးဉီးအပြင် လေးစားခံထိုက်သော ဘိုးဘေးသုံးဉီးရှိသေးသည်။ ၎င်းတို့သည် လော့လန်အိမ်တော်သခင်နှစ်ပါးမှလွဲလျှင် စွမ်းအားအကြီးဆုံးသော သူများဖြစ်ပြီး ထိုသုံးဉီးစလုံးသည် ကောင်းကင်ဘုံနစ်မြှုပ်ခြင်း မြို့စားအဆင့်များဖြစ်ကြသည်။

ဤဘိုးဘေးများသည် သာမာန်အချိန်များတွင် အိမ်တော်၏ အရေးကိစ္စများကို ဝင်မစွက်ဖက်ကြဘဲ အိမ်တော် အန္တာရာယ်ရှိချိန်ကြမှသာ ထွက်ပေါ်လာလေ့ရှိသည်။ ဤသည်မှာ လီတိုင်ရွှမ်နှင့် ဘိုးဘေးများကြား ချုပ်ဆိုထားသော သဘောတူညီမှုဖြစ်သည်။

ထိုဘိုးဘေးသုံးဉီးအနက် အကြီးအကဲမော့သည် အသန်မာဆုံးသူဖြစ်သည်။

လော့လန်အိမ်တော်အား ကာကွယ်ပေးရန် တာဝန်အရှိဆုံးသူသည် ဖေဟောင်ထံသို့ တံဆိပ်လွှဲပြောင်းပေးမည်မှန်း မည်သူမျှ မထင်ခဲ့မိပေ။ ဤသည်မှာ သူ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာပြသနေခြင်းဖြစ်သည်။

" ဘိုးဘေးသုံးယောက်ကို ဆရာသခင်တို့ ဖိတ်ခေါ်ခဲ့တုန်းကတည်းက စောင့်ကြည့်ဖို့ အထူး အာဏာတစ်ခုပေးခဲ့ပြီးသား.....ဘယ်သူမဆို ဘိုးဘေးနှစ်ပါးနဲ့ အကြီးအကဲလေးယောက်ရဲ့ ထောက်ခံမှုကိုသာ ရခဲ့မယ်ဆို ဒီနှစ်ရဲ့ အိမ်တော်အစည်းဝေးပွဲမှာ အိမ်တော်ရဲ့ အရှင်သခင်ဖြစ်ဖို့ အခွင့်အရေး ရလာလိမ့်မယ်...."

" အဲ့တော့ လော့လန်အိမ်တော်ကို ငါ အပိုင်းပိုင်းခွဲလိုက်မှာ စိုးရိမ်မနေနဲ့...ငါက အပြည့်အဝလက်လွှဲယူမှာ...."

မမျှော်လင့်ထားသော အလှည့်အပြောင်းကြောင့် ခန်းမထဲရှိ လူအကုန်လုံး တုန်လှုပ်ကုန်ကြသည်။

လက်ရှိအခြေနေတိုင်းဆို ဖေဟောင်ဘက်က အောင်မြင်နိုင်ချေပိုများနေသည်။ဤကဲ့သို့သော အောင်မြင်မှုမျိုး ရရှိနိုင်ရန် အိမ်တော်သခင်နှစ်ပါး ပျောက်ကွယ်သွားပြီးကတည်းက ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဖေဟောင်၏ အကြည့်များက ရေခဲတမျှ အေးစက်နေသော ကျန်းချင်းအာဆီသို့ရောက်သွားပြန်သည်။

"ဒီနှစ်အတွင်းမှာ ရသမျှအချိန်လေးကို တန်ဖိုးထားပြီးနေပေါ့...လာမယ့် အိမ်တော်အစည်းဝေးပွဲပြီးရင် မင်းနဲ့ လော့လန်အိမ်တော်ကြားမှာ ဘာဆက်နွယ်မှုမှ ရှိတော့မှာမဟုတ်ဘူး....အဲ့အခါကျရင် မင်းမှာ အမှန်တကယ်ကို ဘာမှရှိတော့မှာမဟုတ်ဘူး..."

ရာဇသံပေးပြီးနောက် ဖေဟောင်သည် သူ့ဘက်တော်သား အကြီးအကဲသုံးဉီးနှင့်အတူ ခန်းမထဲမှ ထွက်သွားခဲ့သည်။

ဖေဟောင် ထွက်ခွာသွားပြီးနောက် ခန်းမထဲရှိ အေးစက်နေသော လေထုသည် တစ တစ ပူနွေးလာသည်။ ကျန်ရစ်ခဲ့သူများ၏ မျက်နှာများသည် ဝမ်းနည်းမှုကြောင့် နီရဲနေ၏။

အိမ်တော်အစည်းဝေးပွဲအတွက် သေချာပြင်ဆင်ထားသော်လည်း ယခုချိန်ထိ ခေါင်းကိုက်စရာပြသာနာများ ကျန်ရှိနေသေးသည်။

ကျန်းချင်းအာသည် အေးဆေးတည်ငြိမ်နိုင်သည့်အတွက် ချီးကျုးစရာကောင်းနေပေသည်။ သူမသည် အကြီးအကဲခြောက်ဉီးစလုံး စိတ်အေးစေရန် အရေးကြီးသော အကြောင်းအရာအချို့ကို စီစဉ်ညွှန်ကြားပေးပြီးမှသာ ပြန်လွှတ်လိုက်သည်။

အရာအားလုံးပြီးဆုံးချိန်တွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြန်သည်။

သူ့မြင်ကွင်းထဲသို့ ဖြောင့်စင်းသွယ်လျသော ခြေထောက်တစ်စုံ ရောက်လာမှသာ ကြမ်းပြင်အား စိုက်ကြည့်နေသော လီလော့သည် သတိပြန်ဝင်လာခဲ့သည်။ ခေါင်းမော့ကြည့်လိုက်သောအခါ သူ့အား ငေးကြည့်နေသာ ရွှေရောင်မျက်ဝန်းတစ်စုံနဲ့ အကြည့်ချင်းဆုံခဲ့မိသည်။

" နင့်ကြည့်ရတာ အပြင်ပိုင်းမှာ အေးဆေးနေပေမယ့် စိတ်ထဲမှာတော့ မအေးဆေးနိုင်ဘူးမဟုတ်လား..."

ကျန်းချင်းအာ၏ စကားကြောင့် လီလော့ ခါးသက်စွာရယ်မောလိုက်မိသည်။

" ဒေါသမထွက်ဘဲ ဘယ်နေပါ့မလဲ..."

ဖေဟောင်သည် သူ့ကို မရှိတဲ့သူတစ်ယောက်လို ဆက်ဆံသွားခဲ့သည်။.ကိုယ့်အိမ်ကိုယ်ယာမှာတင် စေ့စပ်ပွဲဖျက်သိမ်းဖို့ အပြောခံလိုက်ရခြင်းသည်မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလိုပင်....

" ဒါပေမယ့် နင့်ရဲ့ သရုပ်ဆောင်စွမ်းရည်ကတော့ ချီးကျူးစရာကောင်းသားပဲ...အမိုက်စားပုံရိပ်ကိုထိန်းထားနိုင်တယ်...."

ကျန်းချင်းအာသည် နီရဲသော နှင်းဆီရောင်နှုတ်ခမ်းလေး ကော့ညွတ်သွားသည်အထိ ပြုံးပြပြီး သူ့ကို နှစ်သိမ့်နေသည်။

" ငါသာ လုံလောက်အောင်သန်မာနေမယ်ဆို ဒီကောင့်ကို ပျော့ခွေအောင် ရိုက်နှက်လိုက်ပြီး ငါ့မိဘတွေအစား အိမ်တော်ကိစ္စတွေကို စီမံနိုင်မှာ...."

လီလော့ သက်ပြင်းချလိုက်မိပြန်သည်။ တည်ငြိမ်နေတယ်တဲ့လား....ဒီလိုမှ မဟုတ်ရင် ဘာများ လုပ်နိုင်ဉီးမှာ မို့လို့လဲ....

ယခုချိန်တွင် ကိုယ်ပိုင်ခွန်အား၏ အရေးပါမှုကို သေချာစွာ နားလည်နိုင်ခဲ့ပြီဖြစ်သည်။ မိဘများမရှိသည့်နောက် အိမ်တော်သခင်လေး ဘဝသည် မည်သို့မျှ အရာမဝင်နိုင်ခဲ့ပေ။

ယခုအချိန်တွင် သူ့၏ ဗလာနန်းတော်များသည် အရေးကြီးဆုံးအရာဖြစ်ကြောင်း သတိပြုလိုက်မိပြီဖြစ်သည်။ လူတိုင်းက သူ့ကို ခွန်အားမဲ့သူတစ်ယောက်ဖြစ် လျှော့တွက်နေကြသည် မဟုတ်ပေလော....

" ဘယ်သူမှ အဆင်ပြေချောမွေ့တဲ့ဘဝကို မပိုင်ဆိုင်ထားပါဘူး...သည်းခံခြင်းဟာလဲ သူတော်ကောင်းတရားတစ်ခုပါပဲ... "

လီလော့သည် ကျန်းချင်အာ၏ စကားများကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

" ဒီနေ့ အစည်းအဝေးပွဲပြီးတော့မှပဲ လော့လန်အိမ်တော်မှာ ပြသာနာတွေ များနေမှန်း သိလိုက်ရတော့တယ်...ဒီနှစ်တွေအတွင်းမှာ နင်အတော့်ကို ခက်ခဲခဲ့မှာပဲ...."

လော့လန်အိမ်တော်သည် ထိပ်ဆုံးနေရာသို့ အချိန်တိုတွင်း တက်လှမ်းခဲ့သဖြင့် အခြေခံအုတ်မြစ် မခိုင်မာခဲ့သောကြောင့် ပြသာနာများ ကြုံတွေ့နေရခြင်းဖြစ်သည်။ တည်ထောင်သူတွေ ပျောက်ကွယ်သွားသည့်အခါ အခြေခံအုတ်မြစ်များ ယိုင်နဲ့လာလေပြီ....

ဤနှစ်နှစ်တာအတွင် ကျန်းချင်းအာသာ သွေး၊ချွေးရင်း၍ တောင့်ခံခဲ့ခြင်း မဟုတ်ပါလျှင် လော့လန်အိမ်တော်အား အပိုင်းပိုင်းခွဲထုတ်ရန် ကြံစည်နေသူသည် ဖေဟောင်တစ်ဉီးတည်းဟုတ်လောက်မည် မဟုတ်ပေ။

ကျန်းချင်းအာသည် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး.....

" ဖေဟောင့်စကားတွေကို စိတ်ထဲထားမနေနဲ့....ငါ့သူ့ကို ကြည့်ရှင်းလိုက်မယ်..အဲ့အတွက် အချိန်နည်းနည်းပဲလိုတယ်...."

ထိုစကားကို ပြောနေစဉ်အတွင် ကျန်းချင်းအာ၏ ရွှေရောင်မျက်ဝန်းထဲတွင် လူသတ်ငွေ့များ ဖြာထွက်နေ၏။

" ငါတို့နှစ်ယောက် သဘောတူထားတဲ့ အတိုင်းပဲ ဆက်လုပ်ကြတာပေါ့...ငါ နင့်လက်ထဲကို လော့လန်အိမ်တော်ကို အကောင်းတိုင်း ပြန်အပ်မှာပါ....အဲ့တော့ အိမ်တော်ထဲက ပြသာနာတွေကြောင့် ခေါင်းရှုပ်ခံမနေနဲ့.....နောက်လထဲမှာ ဖြေရမယ့် နန်ဖန်းကျောင်းက စာမေးပွဲကိုပဲ နင်အာရုံစိုက်ထားသင့်တယ်....ကြယ်တာယာခရီးရှည်ကောလိပ်ကိုသာ ဝင်ခွင့်ရမယ်ဆို ပြသာနာအားလုံး သူ့အလိုလို ​ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်..."

" နင့်ဘက်က မလုပ်နိုင်ဘူးဆိုလဲ ငါ့ကို အသိပေးဉီးနော်....နင်နဲ့ငါ သဘောတူထားတဲ့ ကိစ္စကို ဒီအတိုင်းဆက်ထားပြီး နင့်ကို မဆန့်ကျင်ပါဘူး...."

လီလော့တစ်ယောက် မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ လက်ဆန့်ထုတ်လိုက်ပြီး....

" လက်ခဏပေးစမ်း...."

ကျန်းချင်းအာတစ်ယောက် စူးစမ်းလိုစိတ်နဲ့ လီလော့ကို ကြည့်လိုက်ပြီး လက်ဆန့်ထုတ်ပေးလိုက်သည်။ အကယ်၍ လီလော့နေရာတွင် တခြားသူဆိုပါက ဓားနှင့် ထခုတ်ပြီးနေလောက်ပြီ....သို့သော် လီလော့နှင့် သူမကြားတွင် ထူးခြားသောဆက်ဆံရေးတစ်ခုတည်ရှိနေသည် မဟုတ်ပေလော....

သူမသည် အမူအရာမဲ့စွာဖြင့် သူမ၏ လက်ဖဝါးကို လီလော့ လက်ဖဝါးပေါ် ထပ်လိုက်လေ၏။

ကျန်းချင်းအား၏ လက်လေးကို ဆုပ်ကိုင်ထားလိုက်သည့်အခါ နှလုံးသားတစ်ခုလုံး ယိမ်းယိုင်လာသည့်အထိ နူးညံသိမ်မွေ့သော ခံစားချက်လေးတစ်ခု ခံစားလိုက်ရသည်။ အလင်းပဲ့တင်ထပ်သံစွမ်းအားကြောင့် သူမ၏အသားရေသည် နှင်းတမျှ ဖြူဖွေးနေပြီး ရှပြည်ထောင်စုကြီးတစ်ခုလုံးကိုပင် ပျက်စီးသွားစေနိုင်သည်။

သို့သော် လီလော့သည် သူ့လက်ဖဝါးမှ ထုတ်လွှတ်နေသော  ပဲ့တင်ထပ်သံစွမ်းအားများကိုသေးငယ်လှသည့်ပမာဏအဖြစ် ထိန်းချုပ်လိုက်ပြီး သူမလက်ကလေးကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

ယခင်က ငြိမ်သက်နေသော ကျန်းချင်းအာ၏ အမူအရာသည် အားနည်းသော ပဲ့တင်ထပ်သံစွမ်းအားများ ထွက်လာသည်ကို ခံစားလိုက်ရသောအခါ လျင်မြန်စွာ ပြောင်းလဲသွားသည်။

လီလော့၏လက်ဖဝါးကို သူမ၏သွယ်လျသောလက်ချောင်းများဖြင့် တင်းကျပ်စွာဆုပ်ကိုင်လိုက်ကာ သူမ၏အသိစိတ်သည် လီလော့၏ခန္ဓာကိုယ်ဆီသို့ ဦးတည်သွားခဲ့သည်။ ထိုအချိန်တွင် လီလော့၏ ယခင်က ဗလာဖြစ်နေသော နန်းတော်သည် ယခုအခါ အပြာနုရောင်အလင်းဖျော့ဖျော့ ထုတ်လွှတ်နေသည်ကို မြင်လိုက်ရသည်။

ကျန်းချင်းအာသည် လီလော့၏ ညစ်ကျယ်ကျယ် အပြုံးကြောင့် တခဏမျှ ထိတ်လန့်သွားခဲ့ရသည်။

" ဒါ...ဒါ ရေပဲ့တင်ထပ်သံမဟုတ်လား....နင့်မှာ  ပဲ့တင်ထပ်သံရှိလာပြီပေါ့..."

အံ့သြလွန်းလို့ သူမ ခဏလောက်ထိ စိတ်လွတ်သွားခဲ့ရသည်။

" ဒါက ဆရာသခင်တို့ နင့်အတွက် ထားပေးခဲ့တာလား..."

လီလော့က ခေါင်းညိတ်ပြလိုက်သည်။

ကျန်းချင်းအာသည် စကားဆက်မပြောခင် အသက်ရှုသွင်းလိုက်ရသေးသည်။

" ဒါက ဒီနေ့အတွက် လုံးဝကို သတင်းကောင်းပဲ....နင့်ရဲ့ ရေပဲ့တင်သံက အဆင့်သိပ်မမြင့်ပေမယ့် သန့်စင်မှုကတော့ လုံးဝ​ပြိုင်ဘက်ကင်းတယ်....ကြည့်ရတာ ဆရာသခင်နှစ်ယောက်စလုံးက ကောင်းကင်နဲ့ မြေပြင်ကြားက အကောင်းဆုံးရတနာတွေ သုံးပြီး ဖန်တီးထားတာကြောင့် ဖြစ်မယ်...ဘာပဲဖြစ်ဖြစ် ဒါက ကောင်းမွန်တဲ့ အစပျိုးခြင်းပဲလေ....."

ပြေလျော့သွားသော မျက်ခုံးလေးများကြောင့် သူမ စိတ်အခြေနေကောင်းလာပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူမသည် လီလော့ကိုပင် အရွှန်းဖောက်နေသေးသည်။

" နင့်အတွက် ဂုဏ်ယူပါတယ်ဟာ....ဒါဆို ငါနဲ့ စေ့စပ်ပွဲဖျက်သိမ်းဖို့ ​ခြေလှမ်းသေးသေးလေးလှမ်းနိုင်ပြီပေါ့...."

သို့ပေမယ့်လည်း သူမသည် လေးနက်သောမေးခွန်းတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။

" ငါ့မိဘတွေ အကြောင်း ဖေဟောင်ပြောသွားတာ အမှန်ပဲလား....."

" သူ ဒီသတင်းကို ဘယ်ကနေကြားလာတာလဲ မသိဘူး....ဒီလူ သိပ်ကို အမြင်ကျဉ်းလွန်းတယ်...ဆရာသခင်နှစ်ယောက်က ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ ... ငါ့အထင်တော့ သူတို့တွေ ယာယီချုပ်နှောင်ထားခံရလောက်တာပဲဖြစ်မှာပါ....သူတို့တွေ  အန္တာရာယ်ကင်းမှာ သေချာပါတယ်...."

လီလော့ကလဲ ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

" ငါလဲ အဲ့လိုပဲထင်တယ်...."

ကျန်းချင်းအာသည် မတ်တပ်ထရပ်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။ ထိုအချိန်တွင်၊ နေရောင်ခြည်များက သူမ၏ ခမ်းနားလှပသော ခန္ဓာကိုယ်ကို လွှမ်းခြုံထားကာ သူမ၏ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကို သက်ဝင်လှပနေစေသည်။

" ငါ မနက်ဖြန်ကျရင် ရှမြို့တော်ကို ပြန်မယ်...တစ်ခုခုလိုအပ်ရင် ချိုင်ဝေ့ကို ပြောလိုက်....ချိုင်ဝေက ထျန်ရှုမှာ ဆက်နေပြီး အိမ်တော်ရဲ့ အရေးကိစ္စတွေကို စီမံပေးလိမ့်မယ်....."

ကိစ္စတစ်ချို့ကိုရှင်းပြပြီးနောက် သူမသည် လီလော့ကို လှည့်ကြည့်နေသည်။ နေမဝင်သေးသောကြောင့် ဖြာကျနေသော နေရောင်ခြည်သည် သူမ၏ အသွင်အပြင်ကို ပို၍ ခမ်းနားစေသည်။

နေရောင်ခြည်ကြောင့် သူမ၏ ရွှေရောင်မျက်ဝန်းများသည် ပို၍ပင်တောက်ပနေ၏။

" ဒါနဲ့ လီလော့.....ငါနင့်နဲ့ နောက်တစ်ခါပြန်တွေ့တဲ့အခါ နင်လည်း ကြယ်တာယာခရီးရှည်ကောလိပ်က ကျောင်းသားတစ်ယောက်ဖြစ်နေဖို့ မျှော်လင့်ပါတယ်...."

ကျန်းချင်းအာသည် လှပသောအပြုံးလေးများဖြင့် ခပ်တိုးတိုးရေရွတ်နေ၏။

All Chapters