← Chapters

ပဲ့တင်ထပ်သံစွမ်းအား ကျင့်ကြံခြင်း.......

Vol. 1 Ch. 12

ပဲ့တင်ထပ်သံစွမ်းအား ကျင့်ကြံခြင်း.......

Vol. 1 Ch. 12

လီလော့သည် စာကြည့်တိုက် အောက်ဆုံးထပ်သို့ရောက်သောအခါ အဆုံးတွင် ထူးခြားသော ဝိဉာဉ်သတ္ထုတစ်မျိုးဖြင့် ပြုလုပ်ထားသော သတ္ထုတံခါး တစ်ခုကို မြင်လိုက်ရသည်။ သူသည် သွေးတစ်စက်ချကာ တံခါးဖွင့်လိုက်သည်။

တံခါးနောက်တွင် ကျင့်ကြံနိုင်သည့် အခန်းတစ်ခုရှိနေသည်။

ဤအခန်းသည် ထင်သလောက်မရိုးရှင်းပေ....ဤအခန်းအား အသန့်စင်ဆုံးသော ကောင်းကင်ရွှေများဖြင့်သာ တည်ဆောက်ထားခြင်းဖြစ်ပြီး ကောင်းကင်ရွှေများသည် ကမ္ဘာ့အနက်ရှိုင်းဆုံးနေရာရှိ သဘာဝစွမ်းအင်များ စုဝေးရာမှ ဖြစ်တည်လာသော သတ္ထုတစ်မျိုးဖြစ်သည်။ထို့ကြောင့် ကောင်းကင်ရွှေများသည် အလွန်ရှားပါးလှပေသည်။

ကောင်းကင်ရွှေများကို ငွေကြေးတစ်ခုတည်းအဖြစ် အသုံးပြုနိုင်ခြင်းမဟုတ်ပေ။၎င်းတို့သည် သဘာဝစွမ်းအင်များကို ဆွဲငင်နိုင်သည့်အတွက် ၎င်းတို့ဖြင့် တည်ဆောက်ထားသော ကျင့်ကြံရေးအခန်းများသည် ကျင့်ကြံရေး အရှိန်နှုန်းကို သိသိသာသာ မြင့်တက်စေသည်။

" တကယ့်ကို အမိုက်စားပဲ...."

လီလော့ အခန်းတွင်းသို့ တစ်လှမ်းချင်း လှမ်းဝင်နေရင်း ပင့်သက်ရှိုက်မိလိုက်သည်။ သူ့မိဘများသည် ဤအခန်းကို တည်ဆောက်ရန် ကောင်းကင်ရွှေ တစ်သိန်းခန့် အသုံးပြုခဲ့ကြသည်။ဤနေရာတွင် ကျင့်ကြံပါက တစ်ဝက်မျှ အားထုတ်ရုံနှင့် အကျိုးနှစ်ဆရနိုင်လိမ့်မည်။ ဤနေရာအား သူနှင့်ကျန်းချင်းအာ နှစ်ယောက်သာ အသုံးပြုခွင့်ရှိပေသည်။

ဤနေရာသည် လီလော့၏ ကျင့်ကြံရေးလမ်းကြောင်း အစပြုရာနေရာ ဖြစ်လာတော့မည်။

ဤအခန်းသည် ကုန်ကျထားသည့် တန်ဖိုးနှင့် ထိုက်တန်ပေသည်။အခန်းထဲတွင် ရပ်နေရုံမျှဖြင့် ထူထပ်သိပ်သည်းသော သဘာဝစွမ်းအင်များကို အာရုံခံနိုင်သည် ဖြစ်သောကြောင့် ကောင်းကင်ရွှေဟူသော ဂုဏ်ပုဒ်သည် အလဟသ မဖြစ်ခဲ့ပေ။

လီလော့သည် မိမိ၏ကံကောင်းမှုများကို  တွေးတောရင်းဖြင့် ခန်းမအလယ်ဆီသို့ လျှောက်သွားလိုက်သည်။ခန်းမအလယ်တွင် အခင်းခင်းထားသော ကျောက်ခုံနှစ်ခုရှိသည်။ ၎င်းတို့သည် လီလော့၏ မိဘများ ကျင့်ကြံခဲ့ကြသော နေရာများပင်ဖြစ်သည်။

လီလော့သည် ကြုံရာ နေရာတစ်ခုတွင် ဝင်ထိုင်လိုက်ပြီး ကျောက်စိမ်းပြားကို ဆုပ်ကိုင်ထားပြီး မျက်လုံးများမှိတ်ထားလိုက်သည်။

လီလော့သည် ကျောက်စိမ်းပြားအတွင်း မှတ်တမ်းတင်ထားသော ကန်လန်တရားထိုင်ခြင်း ကျင့်စဉ်အား စိတ်ထဲကနေ ရွတ်ဆိုနေ၏။

တချိန်တည်းမှာပင် ကျင့်စဉ်ထဲတွင် ဖော်ပြထားသည့်အတိုင်း အသက်ရှူကြည့်လိုက်သည်။

' သုံးကြိမ် ရှူသွင်းပြီး ခြောက်ကြိမ် ရှူထုတ်ရမယ်....ခပ်ပါးပါး အသက် ကိုးခါ ရှူရှိုက်ပြီးရင်  ခပ်ပြင်းပြင်း လေးခါ ရှူရှိုက်ရမယ်...'

အသက်ရှူနှုန်းများကို ကျင့်စဉ်ထဲက အတိုင်း သေချာ လိုက်လုပ်ကြည့်သည့်အခါ ရလဒ်သည် အံ့မခမ်း ထူးကဲနေသည်။

အစပိုင်းတွင် အမှားများစွာ ပြုလုပ်မိခဲ့သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း အဆင်ပြေလာခဲ့သည်။လီလော့သည် ကန်လန်တရားထိုင်ခြင်း ကျင့်စဉ်၏ နောက်ကွယ်တွင်ရှိသော အခြေခံချက်များကို လျင်မြန်စွာ ဖမ်းဆုပ်နိုင်ခဲ့သဖြင့် စည်းတံဆိပ်ဆယ်ခုအဆင့်သို့ အမှန်တကယ် ရောက်ရှိနိုင်ခဲ့ပြီ ဖြစ်သည်။

လီလော့သည် ဖျာပေါ်တွင် မျက်လုံးမှိတ်ကာ ထိုင်နေသော်လည်း နားထဲတွင် ပင်လယ်လှိုင်းပုတ်သံများ ကြားနေရသည်။

ဤကျင့်စဉ်တွင် ကန်လန် ( မိုးပြာရောင်ရေလွှမ်းမိုးခြင်း) ဟူသော အမည်နာမသည် သော့ချက်ပင်ဖြစ်သည်။လီလော့သည် တဝုန်းဝုန်း ရိုက်ခတ်နေသော ပင်လယ်လှိုင်းလုံးများကြားတွင် တရားထိုင်နေသကဲ့သို့ ခံစားနေရသည်။

သူ့အနားတွင် သဘာဝစွမ်းအင်များတဖြည်းဖြည်းချင်း  စုဝေးလာနေသည်ကိုလည်း ခံစားနေရသည်။ထိုစွမ်းအင်များထဲတွင် ရေဒြပ်စင်စွမ်းအင်များကို ပိုမိုအာရုံခံနိုင်ခဲ့ပြီး အချို့သော အလင်းစွမ်းအင်များကိုလည်း အာရုံခံမိနေသည်။

ထိုစွမ်းအင်များသည် အသက်ရှူလေ့ကျင့်ခန်း၏ ညွှန်ပြချက်ကြောင့် မွှေးညှင်းပေါက်များထဲသို့ တဖြည်းဖြည်း စိမ့်ဝင်နေကြသည်။

ရေပဲ့တင်ထပ်သံစွမ်းအင်များသည် သိမ်မွေ့နူးညံ့ပြီး အလင်းပဲ့တင်ထပ်သံစွမ်းအင်များသည် တမူထူးခြားစွာ  သန့်စင်ကြသည်။

စွမ်းအင်ပုံစံနှစ်မျိုးသည် လီလော့၏ခန္ဓာကိုယ်တွင် ပျော်ရွှင်စွာ လှည့်ပတ်နေပြီး ၎င်းတို့၏ လွှမ်းမိုးမှုအောက်တွင် လီလးလော့၏ နွမ်းလျနေသော ခန္ဓာကိုယ်သည် တဖြည်းဖြည်းချင်း လန်းဆန်းနုပျိုလာသည်။

စုပ်ယူထားသော စွမ်းအင်များသည် ခန္ဓာကိုယ်ထဲတွင် တစ်ပတ်မျှ လှည့်ပတ်ပြီးသောအခါ အပြာနုရောင်တောက်ပနေသော ပဲ့တင်ထပ်သံနန်းတော်ထဲသို့ စီးဝင်သွားကြပြီး လီလော့၏ ကိုယ်ပိုင်ပဲ့တင်ထပ်သံစွမ်းအားများ အဖြစ်သို့ရောက်ရှိသွားကြလေသည်။

တိုးပွားလာသော စွမ်းအားများအပေါ်တွင် ယစ်မူးနေသော လီလော့သည် ခက်ခက်ခဲခဲ ရရှိထားသော အခွင့်အရေးကို ပြုန်းတီးမခံဘဲ စိတ်အားထက်သန်စွာ ဆက်လက်ကျင့်ကြံနေခဲ့သည်။

မျက်စိတမှိတ်အတွင်း နေ့တဝက်ခန့် အချိန်ကုန်လွန်ခဲ့လေပြီ......

ကျင့်ကြံနေရာကနေ နိုးထလာသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံး စပ်ဖျဉ်းဖျဉ်းဖြစ်နေသည်ကို ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်သည် ယနေ့အတွက် ကျင့်ကြံခြင်းရပ်နားရန် အချက်ပြနေပြီဖြစ်သည်။

သဘာဝစွမ်းအင်များကို စုပ်ယူကျင့်ကြံခြင်းသည် ခန္ဓာကိုယ်ကို ဒဏ်ဖြစ်စေသည်။ကျင့်စဉ်အဆင့်နိမ့်လေ ဒဏ်ပိုဖြစ်လေဟု ဆိုကြသည်။

ခန္ဓာကိုယ်၏ ကန့်သတ်ချက်သို့ ရောက်သည်နှင့် ကျင့်ကြံမှုကို ခေတ္တရပ်တန့်ပြီး အနားယူပြီးမှသာ နောက်တစ်ကြိမ် ထပ်မံ ကျင့်ကြံရပေမည်။

လီလော့၏ လက်ရှိအခြေနေသည် ထိုအတိုင်းဖြစ်နေသည်။ခန္ဓာကိုယ် အခြေနေကြောင့် ကျင့်ကြံမှုကို ရုတ်တရက် ရပ်တန့်လိုက်ရသည်။ ကန်လန်တရားထိုင်ခြင်း ကျင့်စဉ်သည် စစ်သူကြီးအဆင့် ကျင့်စဉ်ဖြစ်သောကြောင့် ယခုကဲ့သို့ အချိန်ကြာကြာ ကျင့်ကြံနိုင်ခြင်းသည်ကပင် ထူးဆန်းနေပေသည်။

ရလဒ်တစ်ခုတည်းဖြင့် အဆင့်မြင့်သော ကျင့်စဉ်များ၏ စွမ်းပကားကို ထင်ရှားစွာ တွေ့မြင်နေရပြီဖြစ်သည်။

အကယ်၍ သင့်အနေဖြင့် အဆင့်မြင့််သော ကျင့်စဉ်များဖြင့် ကျင့်ကြံမှုလမ်းကြောင်းကိုစတင်ခဲ့မည်ဆိုပါက အခြားသော ကျင့်ကြံသူများထက် နှာတဖျားမက ပိုမိုသာလွန်နေပေလိမ့်မည်။

ထိုသို့သော ကျင့်စဉ်များသည် ရှားပါးရုံသာမက ကျင့်ကြံနိုင်ရန်လည်း များစွာသော လိုအပ်ချက်များ ရှိပေသေးသည်။အဆင့်နိမ့်သော ပဲ့တင်ထပ်သံအမျိုးအစားများကို ပိုင်ဆိုင်ထားသူများအဖ်ို့ ပို၍ပင် ခက်ခဲသည်။ လီလော့သည်ပင် ထိုအခက်အခဲများနှင့်ကြုံတွေ့နေရသူတစ်ဉီးဖြစ်သည်။

လီလော့ထံတွင် မြို့စားအဆင့်ကျင့်စဉ်များ ရှိသော်လည်း ထိုကျင့်စဉ်များကို အသုံးပြုနိုင်ရန် အနည်းဆုံး အဆင့်ခုနှစ် ပဲ့တင်ထပ်သံမျိုး ပိုင်ဆိုင်ထားရန် လိုအပ်သည်။

ကန်လန်တရားထိုင်ခြင်း ကျင့်စဉ်ကို ယာယီသာ အသုံးပြုမည်ဖြစ်ပြီး ပဲ့တင်ထပ်သံများကို အဆင့်မြှင့်ပြီးပါက ပိုကောင်းသော ကျင့်စဉ်များကိုသာ အသုံးပြုတော့မည်ဖြစ်သည်။

အခုချိန်မှစ၍ အမြန်ဆုံးနည်းဖြင့် ပဲ့တင်ထပ်သံများကို အဆင့်မြှင့်ရပေမည်။

လီလော့ ပျင်းကြောဆန့်လိုက်သည့်အခါ အပြာနုရောင် ပဲ့တင်ထပ်သံစွမ်းအားတစ်ချို့သည်  လက်ဖဝါးပေါ်ကနေ ဖြာထွက်နေသည်ကို မြင်လိုက်ရသည်။

ဒီလိုဖြစ်လာနိူင်ဖို့ အများကြီး ရုန်းကန်ခဲ့ရပေသည်။

ရေပဲ့တင်ထပ်သံအပြင် သူ့ထံတွင် အလင်းပဲ့တင်ထပ်သံကိုပါ ပိုင်ဆိုင်ထားသေးသည်။

ထိုပဲ့တင်ထပ်သံနှစ်ခု ပေါင်းစပ်လိုက်သည်အခါ သာမန် ရေပဲ့တင်ထပ်သံစွမ်းအားရှင်တို့ထက် အဆပေါင်းများစွာ သာလွန်သော စွမ်းအားများကို ပိုင်ဆိုင်နိုင်တော့မည်ဖြစ်သည်။

" ငါ့ရဲ့ ပဲ့တင်ထပ်သံစွမ်းအားက အခုလောက်ဆို တတိယစည်းတံဆိပ်အဆင့်လောက်တော့ ရောက်သင့်နေပြီ...."

လီလော့သည် ယခင်တုန်းက ဗလာနန်းတော်ကြောင့် ပဲ့တင်ထပ်သံစွမ်းအားများကို မစုပ်ယူနိုင်ခဲ့ပေ။ ဤလေ့ကျင့်မှု အပြီးတွင် တတိယစည်းတံဆိပ်အဆင့်သို့ ရောက်ရှိနိုင်ခဲ့ပြီဖြစ်သည်။

လက်ရှိအခြေနေတိုင်းဆက်သွားပါက တစ်ပတ်အတွင်း ပဉ္စမစည်းတံဆိပ်အဆင့်သို့ ရောက်ရှိနိုင်တော့မည်ဖြစ်သည်။

အဆင့်လေး ပဲ့တင်ထပ်သံသည် အဆင့်အတန်း နိမ့်ပါးသော်လည်း လီလော့သည် လော့လန်အိမ်တော်၏ သခင်လေးဖြစ်သဖြင့် သူထံတွင် အရင်းမြစ်ပေါင်းများစွာ ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် လီလော့၏ တိုးတက်မှုနှုန်းသည် သာမန်လူတို့ လိုက်မမှီနိုင်သော အနေအထားတွင်ရှိနေသည်။

" ဟူးးး မလုံလောက်သေးဘူး..."

နန်ဖန်းကျောင်းတော်၏ နှစ်ကုန်စာမေးပွဲသည် နောက်လထဲတွင် ကျင်းပမည်ဖြစ်ပြီး လီလော့၏ ပန်းတိုင်သည် ကြယ်တာယာခရီးရှည်ကောလိပ်ကို တက်ရောက်ခွင့်ရရန်ဖြစ်သည်။ ထို့အတွက်လည်း မြင့်မားသော စံနှုန်းများ သတ်မှတ်ထားသေးသည်။

' တစ်နှစ် တစ်နှစ် ပါရမီရှင်ဘယ်လောက်များမွေးထုတ်ခဲ့သလဲ....နောက်ဆုံးတော့လဲ ဘယ်လောက်ပဲ ရုန်းကန် ရုန်းကန် တံခါးပေါက်ကနေ လှည့်ပြန်လာရတာချည်းပဲ....'

လီလော့သည် အရှိန်ပြင်းပြင်း ကျင့်ကြံချင်သော်လည်း စိတ်သွားတိုင်း ကိုယ်မပါနိုင်သေးပေ။

" ခြုံငုံသုံးသပ်ကြည့်တော့ ငါ့ရဲ့ ပဲ့တင်ထပ်သံ အဆင့်က ပြသာနာဖြစ်နေတာပဲ...အဆင့်လေးဆိုတာ သိပ်ကို အဆင့်နိမ့်လွန်းတယ်...."

လီလော့ စာကြည့်တိုက်ထဲက ထွက်လာသည်ကို မြင်သည့်အခါ အစောင့်တစ်ဉီးက အလျင်စလို နှုတ်ဆက်နေသည်။

" သခင်လေး...ချိုင်ဝေက သခင်လေး မှာထားတာတွေ အကုန်လုံးကို သခင်လေး အခန်းထဲပို့ပြီးသွားကြောင်း ပြောခိုင်းလိုက်တယ်...."

လီလော့ ယခုချိန်တွင် ဝမ်းသာလုံးဆို့နေလေပြီ.....ချိုင်ဝေသည် အစ်မကြီးချင်းအတွက် တကယ့်ကို အားကိုးရသော လက်ထောက်ပီသပေသည်။ လီလော့သည်ပင် မှာထားသည့်အရာများကို မနက်ဖြန်လောက်မှ ရနိုင်မည်ဟု ခန့်မှန်းထားမိသည်။

လီလော့သည် မိမိအခန်းရှိရာဆီ ဒုန်းဆိုင်းပြေးသွားလေတော့သည်။

အခန်းထဲသို့ရောက်သောအခါ စားပွဲပေါ်တွင် သပ်သပ်ရပ်ရပ် ထပ်ထားသော သေတ္တာအချို့ကိုတွေ့လိုက်ရသည်။ ထိုသေတ္တာများထဲတွင် ထွင်းဖောက်မြင်နိုင်သော သလင်းကျောက်ဖြင့်ပြုလုပ်ထားသည့် ပုလင်းပေါင်း ဆယ်နှင့်ချီရှိနေသည်။

လီလော့သည် သိချင်စိတ်ဖြင့် ပုလင်းနှစ်လုံးကို ယူကြည့်လိုက်သည့်အခါ ထိုပုလင်းနှစ်ခုအနက်မှ တစ်ခုထဲတွင် ညှင်သာစွာရွေ့လျားနေသော အပြာရောင်အရည်အချို့ရှိနေပြီး ၎င်းတို့ထံမှ ရေစီးသံ သဲ့သဲ့ပင် ကြားနေရသည်။

ကျန်သည့်ပုလင်းသည် ပို၍ပင် ထူးဆန်းနေသေးသည်။ထိုပုလင်းထဲတွင် အဝေးမှ မြူမှုန်များကိုပင် ရှင်းလင်းသွားစေနိူင်သည်အထိ တောက်ပနေသော ကြိုးတစ်ချောင်းသဏ္ဍာန် အလင်းမျှင်လေးတစ်မျှင် လွှင့်မြောနေသည်။

တစ်ခုသည် အရည်အမျိုးအစားဖြစ်ပြီး နောက်တစ်ခုသည် အလင်းမျှင် အမျိုးအစားဖြစ်သော်လည်း နှစ်ခုစလုံးသည် တမူထူးခြားစွာ သန့်စင်ပုံခြင်း ဆင်တူကြပေသည်။

" ဒါတွေက ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့ အလင်းတွေပဲ.... စိတ်ဝင်စားဖို့ကောင်းလိုက်တာ..."

၎င်းတို့ကို ရေပဲ့တင်ထပ်သံနှင့် အလင်းပဲ့တင်ထပ်သံ ကျင့်ကြံသူများသာ သန့်စင်နိုင်သည်။ ၎င်းတို့သည်  ကျင့်ကြံသူများ၏ ပဲ့တင်ထပ်သံများကို အဆင့်မြှင့်တင်ရာတွင် ဆေးပြားများကဲ့သို့ အသုံးဝင်သော မရှိမဖြစ်ပါဝင်ပစ္စည်းများဖြစ်ကြပေသည်။

လီလော့သည် ပုလင်းပေါ်တွင် ကပ်ထားသော အညွှန်းကို သေချာစွာဖတ်ကြည့်လိုက်သည်။

"အဆင့်လေးအပြာရောင်ဥဿဖရား ဝိဉာဉ်ရည်....အများဆုံးစုပ်ယူနိုင်သည့်ပမာဏ 58%......"

အပြာရောင်ဥဿဖရား ဝိဉာဉ်ရည်သည် ဈေးကွက်တွင်တွေ့ရသော စတုတ္ထတန်းစားဝိညာဉ်အရည်တစ်မျိုးဖြစ်သည်။တဖက်တွင်မူ သန့်စင်နိုင်မှု စွမ်းအားသည် ပဲ့တင်ထပ်သံကို မည်မျှအထိ အဆင့်မြှင့်ပေးနိုင်ကြောင်း ဖော်ပြထားသည်။ ဖော်ပြထားသည့်အတိုင်း 58% ကိုသာ ပဲ့တင်ထပ်သံနန်းတော်မှ လက်ခံနိုင်ပြီး ကျန်တာတွေကို ပယ်ထုတ်ပစ်လိမ့်မည်။

အရှင်းဆုံးပြောရမည်ဆိုပါက ဝိဉာဉ်ရည်များနှင့် သန့်စင်သော အလင်းများသည် ပို၍ သန့်စင်လေ စုပ်ယူနိုင်သောပမာဏ ပိုများလေပင်....

100% အပြည့်တွင် အများဆုံးစုပ်ယူနိုင်မည်မှာ 58 %သာရှိသောကြောင့် ကျန်သည့် 42% သည် အလဟသာ ဖြစ်ကုန်လိမ့်မည်။

58 %သည် လုံလောက်သည်ထက်ပင် ပိုများနေသော ပမာဏဖြစ်သည်။ စျေးကွက်အတွင်းတွင် ရောင်းချနေသော ထိပ်တန်းအဆင့် ဝိဉာဉ်ရည်များနှင့် သန့်စင်သောအလင်းများ၏ အများဆုံးစုပ်ယူနိုင်သည့်ပမာဏသည် 56 % မျှသာပင်....

ပဲ့တင်ထပ်သံများတွင် မည်မျှပင် ခံနိုင်ရည်ရှိစေကာမူ အကန့်အသတ်ရှိစမြဲပင်....ပိုမို သန့်စင်သော ဝိဉာဉ်ရည်များနှင့် သန့်စင်သောအလင်းတွင် အညစ်အကြေးပါဝင်မှု ပိုမိုနည်းပါးပေသည်။သာလွန်ကောင်းမွန်သော ပစ္စည်းများသည် သာလွန်ကောင်းမွန်သော အကျိုးရလဒ် ရရှိစေနိုင်မည် မဟုတ်ပေလော....

လီလော့သည် စားပွဲပေါ်တွင် ရှိနေသော သေတ္တာများကို ပြုံးပြုံးကြီး ကြည့်နေမိတော့သည်။

ယခုချိန်တွင် သူရဲ့ ဗလာနန်းတော်သည် အလွန်ပင် အရေးပါနေခဲ့ပြီဖြစ်သည်။အခြားသူများသည် ဝိဉာဉ်ရည်များနှင့် သန့်စင်သောအလင်းများကို အသုံးပြုသည့်အခါ အမြင့်ဆုံး ပမာဏအထိ စုပ်ယူပါက အညစ်အကြေးများလဲ စုပုံလာပေလိမ့်မည်။ဖြစ်ပေါ်လာမည့် ပြသာနာများကို လျှော့ရန်အကူပစ္စည်းများ သုံးရပေလိမ့်မည်။ လီလော့အတွက် ထိုအရာများ မလိုအပ်ပေ။

လီလော့၏ ဗလာနန်းတော်များသည် ဝိဉာဉ်ရည်များနှင့် သန့်စင်သောအလင်းများတွင်ပါဝင်သော အညစ်အကြေးများကို သူ့အလိုလို သန့်စင်ပေးလိမ့်မည်။

ဤသို့ဖြစ် မဖြစ်စမ်းသပ်ရပေဉီးမည်။ အကယ်၍ ဝိဉာဉ်ရည်များနှင့် သန့်စင်သောအလင်း အစုံငါးဆယ်စလုံးသာ ပြည့်ပြည့်ဝဝစုပ်ယူနိုင်မည်ဆိုပါက သူ၏ အဆင့်လေး ပဲ့တင်ထပ်သံသည် မည်မျှအထိ အဆင့်မြင့်တက်သွားမည်နည်း။

တွေးကြည့်ရုံနှင့်ပင် နှလုံးခုန်သံများ မြန်ဆန်လာလေပြီ......

All Chapters