ဒေါသထွက်နေသော ချိုင်ဝေ.....
Vol. 1 Ch. 14
ချိုင်ဝေ၏ ဒေါသကြောင့် လီလော့ပင်လျှင် လန့်ဖြန့်ပြီး နောက်ဆုတ်လိုက်မိသည်။ယခုချိန်တွင် ချိုင်ဝေ၏ မျက်နှာလှလှလေးသည် ဒေါသကြောင့် နီမြန်းနေ၏။
ဒါ့ကြောင့် လီလော့လည်း နည်းနည်းရှက်သွားမိသည်။
" ဘာလို့ အဲ့လို ပြောရတာလဲ...အစ်မချိုင်ဝေက ဒီလောက်တောင် အရည်အချင်းရှိတာကို ကျွန်တော်က ဘာလို့များ အလုပ်ထုတ်ချင်ရမှာလဲ...."
လီလော့ စကားများကြောင့် ချိုင်ဝေ စိတ်ထိန်းလိုက်ပြီး.....
" စိတ်ရင်းအမှန်နဲ့ တောင်းပန်ပါတယ်...ကျွန်မ စကားပြောတာ နည်းနည်း လွန်သွားတယ်....ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ...."
" သခင်လေးက ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့ အလင်း အစုံတစ်ရာ ထပ်လိုချင်တာ တကယ်ပဲလား....ဒါက ပေါ့သေးသေး ဟုတ်ဘူးနော်....အဲ့တာတွေက ပဲ့တင်ထပ်သံကို အဆင့်မြှင့်ပေးနိုင်တယ်ဆိုပေမယ့်လည်း အလွန်အကျွံ သုံးလို့မဖြစ်ဘူး...အလွန်အကျွံ သုံးလိုက်ရင် ပဲ့တင်ထပ်သံနန်းတော် ခတေ်ပိတ်သွားလိမ့်မယ်...."
ချိုင်ဝေသည် လီလော့၏ ဗလာနန်းတော်အကြောင်း သိနေသော်လည်း လီလော့၏ အထိမခံနိုင်သော အားနည်းချက်ဖြစ်နေသည့်အတွက် စကားထဲ ထည့်မပြောတော့ဘဲ ခံစားချက်များကိုသာ ထိန်းထားလိုက်တော့သည်။
ဖြစ်နိုင်ချေများကို ဆက်စပ်တွေးကြည့်ပြီးနောက် ချိုင်ဝေ့၏ အကြည့်များ စူးရှလာသည်။
" တစ်ယောက်ယောက်က သခင်လေးကို အကြပ်ကိုင်ပြီး တောင်းခိုင်းနေတာလား....ဒီလောက်များတဲ့ ဝိဉာဉ်ရည်တွေနဲ့ သန့်စင်တဲ့အလင်းတွေရဖို့ သခင်လေးရဲ့ အဆင့်အတန်းကို အသုံးချခိုင်းနေတာလား...."
စံအိမ်ဟောင်းအတွင်းရှိ အစေခံတိုင်းကို သေချာစီစစ်ပြီးပြီဖြစ်သော်လည်း အိမ်တော်သခင်နှစ်ပါး မရှိတော့သည့် အချိန်၌ အခြေနေများသည် တမျိုးတဖုံပြောင်းလဲနိုင်ပြီး မကောင်းသော အကြံစည်များ ကြံစည်နေသူများလည်း ရှိနိုင်သည်။ ဝိဉာဉ်ရည်များနှင့် သန့်စင်သော အလင်းများသည် စျေးကွက်အတွင်း ရောင်းချနိုင်သည့်အတွက် လီလော့တစ်ယောက် ထိုနည်းလမ်းဖြင့် ငွေညှစ်ခံနေရသည်ကို ဖြေရှင်းနေခြင်းလည်း ဖြစ်နိုင်ပေသည်။
ဒီလိုသာဆိုပါက အတင့်ရဲလွန်းတဲ့ ဝိဉာဉ်ပိုင်ရှင်ပေါ်ကို ဟော့ဒီက ချိုင်ဝေက ငရဲမီးတွေမိုးလို ရွှာချပေးရမှာပေါ့....
" အစ်မချိုင်ဝေ တွေးနေသလို မဟုတ်ရပါဘူး....ဒါတွေကို ကျွန်တော်ကိုယ်တိုင် သုံးဖို့လိုနေတာပါ...."
ချိုင်ဝေ၏ မျက်ခုံးလှလှလေးများ ပင့်တက်သွားပြန်သည်။
" ကျွန်မ ဘောင်ကျော်မိတဲ့အတွက် တောင်းပန်ပါတယ်....ဒါပေမယ့် သခင်လေး အဲ့တာတွေနဲ့ ဘာလုပ်နေသလဲဆိုတာ ကျေးဇူးပြုပြီး သိပါရစေ.....ကျွန်မ သခင်ဘေးကို စစ်မေးနေတာမဟုတ်ပါဘူး....သခင်လေး စိတ်အားထက်မှုကြောင့် လမ်းမှားရောက်သွားမှာ စိုးရိမ်လို့ပါ....သခင်လေးသာ တစ်ခုခုဖြစ်သွားခဲ့ရင် ကျွန်မ သခင်မလေးချင်းအာကို မျက်နှာပြဝံတော့မှာမဟုတ်ဘူး..."
လီလော့တစ်ယောက် ဗလာနန်းတော်ကြောင့် များစွာ စိတ်ဖိီးနေရပြီး ထိုဖိစီးမှုများကြောင့်
ထင်ရာစိုင်းပြီး မှားယွင်းသော ဆုံးဖြတ်ချက်များ ချမှတ်လိုက်မည်ကိုလည်း သူမစိုးရိမ်နေမိသည်။
လီလော့တစ်ယောက် အခြေနေဆိုးကြီး
ကနေ လွန်မြောက်နိုင်အောင် ပေါက်ပန်းစျေး လျှို့ဝှက်နည်းလမ်းတွေ လျှောက်သုံးနေမည်ကိုလဲ စိတ်ပူနေမိသည်။
လီလော့သည် လေးလေးနက်နက် စဉ်းစားလိုက်ပြီးနောက်.....
" ကျွန်တော့်မှာ ဘာထိခိုက်မှုမှ မရှိပါဘူး..... ကျွန်တော့်မိဘတွေက ပဲ့တင်ထပ်သံရလာအောင် လျှို့ဝှက်နည်းလမ်းတစ်ချို့ ချန်ထားပေးခဲ့တယ်...အဲ့တာကြောင့် ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့ အလင်းတွေကို ကျွန်တော် ကိုယ်တိုင်သုံးမှာပါလို့ ပြောနေတာပေါ့...."
ဤသည်မှာ ဖုံးကွယ်ထား၍မရသော အရာဖြစ်သည်။သူ့ထံတွင် ပဲ့တင်ထပ်သံရှိနေမှန်း မကြာခင် အကုန်လုံးသိသွားကြမည့် အတူတူ မိဘများချန်ရစ်ပေးခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် အဖြစ်မှန်များကို ဖုံးကွယ်ထားရပေမည်။
အနာဂတ်တွင်လည်း အချို့သော အရာများကို ဝယ်ယူရန် ချိုင်ဝေ့အား အပူကပ်ရပေဉီးမည်။ ထို့ကြောင့် သူမ၏ စိုးရိမ်ပူပန်မှုများကို ကြိုတင် ဖြေဖျောက်ထားမှဖြစ်လိမ့်မည်။
ချိုင်ဝေ အံ့အားသင့်သွားခဲ့သည်။
" အိမ်တော်သခင်နှစ်ပါးက လျှို့ဝှက်ကျင့်စဉ် ချန်ထားပေးခဲ့တယ်? ??"
ယုံနိုင်စရာ တစ်ကွက်မှ မရှိသောကြောင့် အစပိုင်းတွင် ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်နေသောလည်း လီလော့၏အကြည့်များကို ဆန်းစစ်ကြည့်လိုက်သည့် အခါ လုံးဝတည်ငြိမ်နေပြီး လိမ်ညာနေပုံမရပေ....
" ဒီလိုဆိုရင် သခင်လေး လိုအပ်တာတွေကိုာချက်ချင်း ပြင်ဆင်ပေးပါ့မယ်..."
ချိုင်ဝေ သက်ပြင်းချလိုက်မိသည်။ဝိဉာဉ်ရည်နှင့် သန့်စင်သော အလင်း အစုံတစ်ရာသည် ကောင်းကင်ရွှေတစ်သိန်းခန့် ကုန်ကျမည်ဖြစ်သည်။ ဤသည်မှာ ထျန်ရှုစီရင်စုရှိ လော့လန်အိမ်တော်၏ ပိုင်ဆိုင်မှု တစ်ဝက်ခန့်မျှသော ပမာဏဖြစ်၏။လီလော့၏ တောင်းဆိုမှုကြောင့် ထျန်ရှုရှိ မိသားစုကြီးသုံးစုကို ထိန်းထားနိုင်မည့် ချိိုင်ဝေ၏ အကြံအစည်များ ပျက်ပြားသွားနိုင်သည်။
သို့သော် ချိုင်ဝေသည် အဓိကနှင့် သာမညကို ခွဲခြားတတ်သူဖြစ်သည်။လီလော့၏ ပဲ့တင်ထပ်သံကို ခိုင်မာအောင် ပြုလုပ်ဖို့အတွက် ထျန်ရှုစီရင်စုအတွင်းရှိ လော့လန်အိမ်တော်၏ စီးပွားရေးများကို စတေးရပေမည်။
လီလော့သည် ချိုင်ဝေ၏ တောက်ပဝိုင်းစက်သော မျက်နှာလေးကို မျက်မှောင်ကြုံ့ကာကြည့်နေသည်။
"ကျွန်တော် တောင်းဆိုတာတွေ စျေးကြီးလို့
အစ်မအတွက် ဒုက္ခများနေတာလား..."
လီလော့သည် မိဘနှစ်ပါးနှင့် ရုပ်ချင်းဆင်သော်လည်း ငယ်ရွယ်နုပျိုကာ အတွေ့အကြုံ နုနယ်သေးသည့် လူငယ်တစ်ယောက်သာပင်...လီလော့၏ အူလည်လည်ပုံစံလေးကြောင့် ချိုင်ဝေ ရယ်မောလိုက်မိသည်။
" ဒုက္ခများတယ်ဆိုပေမယ့်လည်း ကိစ္စသိပ်မရှိပါဘူး...စိတ်ချ ကျွန်မ ပြေလည်အောင် လုပ်ပေးမှာပါ...."
အခုမှသာ လီလော့ စိတ်သက်သာရာ ရနိုင်ခဲ့သည်။ယခုပင်လျှင် ဝိဉာဉ်ရည်နှင့် သန့်စင်သောအလင်း အစုံတစ်ရာဆိုသည်မှာ ချိုင်ဝေ့အတွက် ကြီးမားသည့် ဖိအား ဖြစ်စေသည်။ဒီလိုသာဆိုပါက နောင်လာမည့် တောင်းဆိုချက်များအတွက် မည်သို့ဖြစ်လာမည်မှန်း မတွေးရဲတော့ပေ။
" ရုံးချုပ်ကနေ လှမ်းတောင်းလိုက်လို့မရဘူးလား...."
လီလော့၏ အမေးကို ချိုင်ဝေက ခေါင်းခါပြပြီး ဖြေဆိုလိုက်သည်။
" လော့လန်အိမ်တော်ရဲ့ လက်ရှိအခြေနေကို သခင်လေး သတိပြုသင့်တယ်....ဖေဟောင်ကလည်း သူ့လက်အောက်မှာရှိတဲ့ ဌာနသုံးခုကို ဝါးမြိုလိုက်ပြီလေ...."
ချိုင်ဝေ့စကားကြောင့် ဌာနချုပ်ကနေ အကူအညီမရနိုင်မှန်း လီလော့နားလည်လိုက်ပြီဖြစ်သည်။
ဒါ့ကြောင့် လီလော့လည်း ချိုင်ဝေညအနေမခက်စေရန် စကားလမ်းကြောင်းလွှဲပေးလိုက်ပြီး အခြားအကြောင်းအရာများကို ပြောဆိုနေလိုက်သည်။ တခဏကြာပြီးနောက် လီလော့ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။
ချိုင်ဝေတစ်ယောက် ထွက်သွားသည့် လီလော့ကို ကြည့်ပြီး အတွေးပွားနေမိ၏။
သခင်ငယ်လေးသည် မောက်မာမှုမရှိဘဲ ဖော်ရွှေနွေးထွေးသူတစ်ယောက်ဖြစ်သည်။ အဆင်းရော အချင်းပါ ပြည့်စုံသည့် သခင်လေးသည် ရှပြည်ထောင်စုတွင် ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဖြစ်ဖူးသည့် ဖခင်ခေရာကို မကြာခင် နင်းနိုင်ပေတော့မည်။
လီလော့သည် ကျန်းချင်းအာနှင့် အမှန်တကယ်ပင် ရှေ့သွားနောက်လိုက်ညီသူဖြစ်သည်။
လီလော့ထံတွင် ပြစ်ချက်ဟူ၍ ဗလာနန်းတော်ရှိနေခြင်းတစ်ခုသာ ရှိ၏။ဤကမ္ဘာတွင် ခွန်အားရှိသူသည်သာ သြဇာလွှမ်းမိုးနိူင်ပေမည်။
လော့လန်အိမ်တော်သည်ပင် ချွင်းချက်မဟုတ်ခဲ့ပေ။အိမ်တော်သခင်နှစ်ပါးရှိစဉ်ခါကဆို လော့လန်အိမ်တော်အား မည်သူမျှ မထိဝံ့ကြပေ။
သခင်နှစ်ပါး ပျောက်ဆုံးသွားချိန်မှာတော့ အရာအားလုံးဟာ ဆန့်ကျင်ဘက်တွေဖြစ်လာခဲ့လေသည်။
တစ်ဖက်တွင်မူ ကျန်းချင်းအာသည် တိုင်းတာမရနိုင်သော ပါရမီရှင်တစ်ဉီး ဖြစ်ပြီး ရှပြည်ထောင်စုတွင် အသက်ငယ်ဆုံး မြို့စားအဆင့် ကျင့်ကြံသူဖြစ်လာနိုင်မည်ဟု တစ်ပေးခံထားရသူဖြစ်သည်။ ယခုချိန်တွင် လီလော့နှင့် စေ့စပ်ထားခြင်းသည် ကျန်းချင်းအာကို အမှန်ပင် ဝန်ထိုးဝန်ပိုးဖြစ်နေစေသည်။
ချိုင်ဝေနှင့် ကျန်းချင်းအာတ်ို့ စတင် သိကျွမ်းခဲ့စဉ်က ကျန်းချင်းအာသည် ဤမျှလောက်အထိ မအေးစက်သေးပေ။
ထို့ကြောင့် ချိုင်ဝေသည် သူငယ်ချင်းဖြစ်သူအပြင် လီလော့အတွက်ပါ ပူပန်နေခဲ့ရသည်။
အဘက်ဘက်မှ ထိုးနှက်လာသောဖိအားများကို လီလော့ ခံနိုင်ရည်မရှိမှာကိုလည်း စိုးရိမ်နေမိသည်။
မည်သို့ပင်ဆိုစေ အိမ်တော်သခင်နှစ်ပါး ချန်ထားပေးခဲ့သော လျှို့ဝှက်ကျင့်စဉ်ကြောင့် လီလော့တစ်ယောက် ကျင့်ကြံနိုင်တော့မည်ဖြစ်သည်။ ဤနည်းဖြင့် နှစ်ဉီးသားကြားရှိ အကွာအဝေးကို အနည်းငယ်လောက်ဖြစ်ဖြစ်နီးကပ်စေနိုင်ကောင်းပါရဲ့.....
သို့ပေမယ့်လည်း ခရီးလမ်းသည် အလွန်ရှည်ကြာဉီးမည်သာ.....
ကျန်းချင်အာနှင့် အနီးကပ်နေဖူးသူဖြစ်သည့်အတွက် ကျန်းချင်းအာကို များစွာသော ပါရမီရှင်လူငယ်များ ပိုးပန်းနေကြသည်ကို ချိုင်ဝေ သိနေသည်။
ရှမြို့တော်နှင့်ယှဉ်လိုက်ပါက နန်ဖန်းသည် သေးငယ်လှသော နယ်မြို့လေးတစ်ခုသာသာပင်.....
ချိုင်ဝေတစ်ယောက် အတွေးများကို ပြန်ရုတ်သိမ်းလိုက်ပြီး လီလော့ တောင်းဆိုထားသည့်အရာများကို ဝယ်ယူရန် တစ်ယောက်ယောက်ကို ခိုင်းစေလိုက်တော့သည်။
ချိုင်ဝေ့၏ ပြောင်မြောက်လှသော စွမ်းရည်များကြောင့် နေ့တစ်ဝက်အကြာတွင် လီလော့ဆီသို့ မှာထားသော ပစ္စည်းများ ရောက်လာခဲ့သည်။
လီလော့သည် ဒီရက်ပိုင်းအတွင်း ကျင့်ကြံခြင်းနှင့် ပဲ့တင်ထပ်သံ အဆင့်မြှင့်ခြင်းတို့ကိုသာ ပြုလုပ်နေခဲ့သည်။
အခြေခံရှိသောကြောင့် စည်းတံဆိပ်သုံးခုမှ စည်းတံဆိပ်လေးခုအဆင့်ကို နှစ်ရက်တည်းဖြင့် ရောက်နိုင်ခဲ့သောလည်း နောက်ပိုင်းတွင် အဆင့်တက်နှုန်းများနှေးကွေးလာသည်။
ကျောင်းပြန်တက်ရန် တစ်ရက်သာလိုတော့ဝည် အချိန်တွင် စည်းတံဆိပ်ငါးခုအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သူ၏ ပဲ့တင်ထပ်သံ စွမ်းအားများ မြင့်တက်လာခြင်းအပြင်၊ သူ၏ စတုတ္ထတန်း ရေအလင်း ပဲ့တင်ထပ်သံသည်လည်း နောက်ဆုံးတွင် ဝိညာဉ်ရည်များနှင့် သန့်စင်သော အလင်းများကို စုပ်ယူခြင်း ပြီးဆုံးသွားကာ အဆင့်ငါးအဖြစ်သို့ အဆင့်မြှင့်နိုင်ခဲ့ပြီဖြစ်သည်။
ဤသို့ဖြင့် ခွင့်ရက်များ ကုန်ဆုံးခဲ့လေသည်။
လီလော့သည်မိုးလင်းသည်နှင့် စံအိမ်ဟောင်းမှထွက်လာခဲ့သည်။ ပဲ့တင်ထပ်သံစွမ်းအားများကြောင့် ဆံပင်များပင် ငွေရောင်သန်းနေခဲ့ပြီး နေရောင်အောက်တွင် လီလော့၏ အပြုံးများသည် တမျိုးတဖုံတောက်ပနေသည်။
ခုနှစ်ရက်တာ အချိန်တိုအတွင်း လီလော့တစ်ယောက် ခေါင်းအစခြေအဆုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
လီလော့သည် ဂိတ်တံခါးဝတွင် ရပ်နေပြီး လွန်ခဲ့သော ရက်ပိုင်းလောက်က ကျန်းချင်းအာထွက်ခွာသွားသည့်ဘက်ကို ကြည့်လိုက်ပြီး........
" ကြယ်တာယာခရီးရှည်ကောလိပ်ရေ......ငါလာပြီဟေ့....."