← Chapters

အံ့ဩသွားသော အယ်ဒီတာများ

Vol. 15 Ch. 225

အံ့ဩသွားသော အယ်ဒီတာများ

Vol. 15 Ch. 225

ရိုးရှင်းသော ထိုအခန်းလွတ်က ငြိမ်သက်နေသော ကန်ရေပြင်ထဲ ကျောက်ခဲ ပစ်လိုက်သကဲ့သို့ လှိုင်းထလာစေ၏။

မည်သည့် အသက်အရွယ် အပိုင်းအခြား၌ ရောက်နေသူမဆို ထိုကဗျာကို ဖတ်မိလိုက်သည့် အခိုက်မှာပင် သွေးပွက်ပွက်ဆူကာ အားမာန်တက်လာသလို ခံစားလိုက်ရသည်။ အချို့သူများဆိုလျင် နေရာမှာတင် အော်ဟစ်မိကြသည်။

[အူးဝါး … ဒီကဗျာက ကောင်းလွန်းနေတယ်၊ ငါ့ကို မျက်ရည်ပါ ကျစေတာပဲ]

[ငါ့ဘဝမှာ အားအကျရဆုံးလူတွေက စာပေတတ်ကျွမ်းတဲ့လူတွေပဲ၊ အခြားအကြောင်းရင်းတော့ မရှိဘူး သူတို့က စကားလုံးတွေနဲ့ ပတ်သက်လာရင် ကောင်းလွန်းလို့ပဲ]

[ဒါ ကလောင်ရဲ့ စွမ်းအားလား၊ ရိုးရှင်းတဲ့ ကဗျာလေးတစ်ပုဒ်က ငါတို့ကို စိတ်လှုပ်ရှားလာစေပြီးတော့ အကြောက်တရား ကင်းမဲ့လာစေပါလား]

[အား … ဒါကိုမှ လက်ရာကောင်းလို့ မသတ်မှတ်ရင် ငါ ချီးသုံးပေါင်စာ စားပစ်မယ်ကွာ]

[ဒီကဗျာတစ်ပုဒ်တည်းနဲ့တင် ကောင်းကင်ဘုံအောက်ဝယ်ကို အနိုင်ပိုင်းလို့ ရနေပြီ၊ တကယ်ပါကွာ၊ ဒီကဗျာက ငါ အတန်းထဲမှာ သင်ရတဲ့ ကဗျာတွေထက် ပိုကောင်းတယ်လို့ ခံစားနေရတယ်]

[ဒီကဗျာတစ်ခုတည်းနဲ့တင် ငါ့ပိုင်ဆိုင်မှုတွေကို ရောင်းရမယ်ဆိုရင်တောင်မှ ငါ နတ်ဘုရားများကို သုတ်သင်ခြင်း ကို အားပေးမယ်ကွာ]

[အခုချိန်ကစပြီး “ငါကဝိုင်”က ဝိုင်တွေရဲ့ နာမည်ကို ခံယူဖို့ ထိုက်တန်တယ်လို့ ဒီနေရာကနေ ငါ ကြေညာတယ်ကွာ]

…

နတ်ဘုရားများကို သုတ်သင်ခြင်း၏ မှတ်ချက်ပေးသော ကဏ္ဍတွင် စာဖတ်သူများ၏ မှတ်ချက်များဖြင့် ပွဲဆူနေ၏။

အချို့ဆိုလျင် စနောက်၍ပင် ပြောကြလေသည်။

[တစ်ချို့လူတွေက အပေါ်ယံမှာ ဝတ္ထုရေးဆရာလို့ ထင်ရပင်မယ့် တကယ်တမ်းကျတော့ သူက ရွက်ပုန်းသီး စာပေပညာရှင် တစ်ယောက်ပဲ]

တရုတ်စာပေ website ၏နောက်ကွယ်တွင် …

ဒိန်ချဉ်သည် အစက ရဲ့လင်းချန်အား အချင်းများခြင်းမှ ရှောင်ရန် အကြံပေးမည်ဟု တွေးခဲ့သေးသည်။

သရီးလော့ဂ်က ပရိသတ်များစွာရှိသော အခြေခံခိုင်နေသည့် ဝါရင့် စာရေးဆရာတစ်ဦး ဖြစ်နေ၏။ ထို့အပြင် ကောင်းကင်ဘုံအောက်ဝယ်ကလည်း စာလုံးရေ အရေအတွက် များလွန်းလှသဖြင့် တကယ်တမ်း ယှဉ်ပြိုင်လျင် နတ်ဘုရားများကို သုတ်သင်ခြင်းသာ အရေးနိမ့်ပေမည်။

နတ်ဘုရားများကို သုတ်သင်ခြင်းသည် အစပျိုးစအဆင့်သာ ရှိသေးသည်။ အကယ်၍ နာမည်ရပြီးသူများကို ရန်ရှာမိပါက ပြင်းထန်သော ဂယက်ရိုက်မှုများကို မရည်ရွယ်ဘဲ ခေါ်ဆောင်မိပေလိမ့်မည်။

သို့သော် နတ်ဘုရားများကို သုတ်သင်ခြင်းက သရီးလော့ဂ်အား အခန်းလွတ်တစ်ခန်းဖြင့် တုံ့ပြန်သည်ကို မြင်သောအခါ သူ အောင့်သက်သက်ဖြင့် ရယ်လိုက်မိသည်။ နှစ်ဖက်လုံးက အချင်းချင်း ရန်ရှာနေပြီးပါတကား။

ထို့နောက် သူက နတ်ဘုရားများကို သုတ်သင်ခြင်း၏ အခန်းလွတ်ကို ဖွင့်ဖတ်လိုက်သည်။ ဖွင့်ဖတ်လိုက်သည်နှင့် သူ ချက်ချင်း ပါးစပ် အဟောင်းသား ဖြစ်သွားရသည်။ အတော်လေး ကြာပြီးမှ သူ အသိဝင်လာပြီး အလန့်တကား ရေရွတ်လိုက်မိသည်။

“လခွမ်းပါလား”

သူ ဖြစ်နိုင်ချေများစွာကို တွေးမိသော်လည်း နတ်ဘုရားများကို သုတ်သင်ခြင်းက ဤသို့ တဲ့တိုးဆန်ဆန် ချဉ်းကပ်လိမ့်မည်ဟု သူ ထင်မထားမိပါ။

ကဗျာရေး၍ တုံ့ပြန်လိုက်ခြင်းက မထင်မှတ်ထားသော ကိစ္စပင်။

*အံ့ဩစရာဆိုတာ ဘာလဲ၊ ဒါမျိုးကို ပြောတာပေါ့*

ပြန်တုံ့ပြန်သည့်နည်းလမ်းက သာမန်လူတစ်ယောက် မျှော်လင့်ထားသည်ထက် သာလွန်နေ၏။

“ဒိန်ချဉ် ဘာဖြစ်တာလဲ၊ မင်း ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ”

Website ၏ အခြား အယ်ဒီတာများသည်လည်း ဒိန်ချဉ်၏ ရေရွတ်သံကြောင့် လန့်သွားကြသည်။ အယ်ဒီတာချုပ် တောင်မှ မျက်မှောင်ကြုတ်နေလေသည်။

အမျိုးသားနေ့တွင် ရောင်းချမည့် စာအုပ်များက များလှသည်။ ထို့ကြောင့် အယ်ဒီတာများက အချိန်ပိုဆင်း ရလေသည်။

“နတ်ဘုရားများကို သုတ်သင်ခြင်းက အခန်းလွတ်တစ်ခန်း တင်လိုက်လို့”

ဒိန်ချဉ်က မှင်တက်စွာ ပြောလေသည်။

“အခန်းလွတ်တင်တာ ပုံမှန်ပဲ မဟုတ်ဘူးလား၊ ဘာများ ကြီးကျယ်လို့လဲ”

ကောင်းကင်ပြာက သူ့အနားသို့ လျှောက်လာသည်။ အနားရောက်မှ မြင်သောအခါ မျက်လုံးပြူးပြီး ထပ်တူ အော်လေတော့သည်။

“လခွမ်းပါလားဟ”

“မင်းတို့နှစ်ယောက်လုံး ဘာဖြစ်နေတာလဲ”

ကျန်လူများ ဇဝေဇဝါ ဖြစ်သွားပြီး အယ်ဒီတာချုပ်မှ ဦးဆောင်၍ အနားသို့ ရောက်လာကြသည်။

သူတို့သည်လည်း မြင်သွားပြီး အမူအရာက အတူတူ ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်နေသည်။ သူတို့အားလုံး “လခွမ်း” ဟု ပြိုင်တူ ရေရွတ်လာ၏။

ကြည်လင်ပြတ်သားသော ထိုအသံက တရုတ်စာပေ website၏ ခန်းမအနှံ့ ပဲ့တင်ထပ်သွားပြီး အဆောက်အဦးထဲမှ လူတိုင်းကို ကြောက်လန့်သွားစေသည်။

“မူရင်းလက်ရာ ဒါ မူရင်းလက်ရာပဲ”

အယ်ဒီတာချုပ် တုန်လှုပ်နေပြီး စိတ်လှုပ်ရှားမှုကြောင့် အသံပင် တုန်နေ၏။

“ဒီကဗျာက လက်ရာကောင်းတွေထဲက အကောင်းဆုံး လက်ရာတစ်ခုပဲ၊ ဘယ်သူ ရေးတာလဲ”

“အယ်ဒီတာချုပ်၊ ဒါ ငါကဝိုင် တင်တဲ့ အခန်းလွတ်ပါ”

ဒိန်ချဉ်က ပြန်ဖြေသည်။

“ဒါဆို နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ စာရေးဆရာပေါ့၊ အံ့ဩစရာ မဟုတ်တော့ဘူးပဲ”

အယ်ဒီတာချုပ်က ပင့်သက်ရှိုက်နေပြီး သူ့မျက်လုံးတွင် စိတ်လှုပ်ရှားဟန် ပေါ်နေ၏။

“ဒီကဗျာကို ကောက်နုတ်ပြီး Qidian မှာ ခေါင်းစီးအဖြစ် တင်လိုက်၊ ငါတို့ ဒါကို တတ်နိုင်သမျှ ကြော်ငြာရမယ်”

“အယ်ဒီတာချုပ် ခေါင်းစီးနေရာက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတာလေ၊ ဒါကို နာမည်ကြီး စာရေးဆရာတွေရဲ့ ဝတ္ထုအတွက် ချန်ထားတာလေ”

အယ်ဒီတာတစ်ယောက်က သူ့ကို သတိပေးသည်။

“ဟားဟားဟား … ငါ ပြောတဲ့အတိုင်းပဲ လုပ်စမ်းပါ”

အယ်ဒီတာချုပ်က ရယ်လေသည်။

“အွန်လိုင်း ဝတ္ထုတွေက မြန်မြန်ဆန်ဆန် တိုးတက်လာပင်မယ့် ငါတို့ ဘယ်လောက် ကြိုးစားပါစေ ရိုးရာ စာပေ အဖွဲ့အစည်းက အသိအမှတ်ပြုတာကို ငါတို့ တစ်ခါမှ မခံရဘူး၊ အများအမြင်မှာ ငါတို့က စာပေရဲ့ အဆာပြေ သက်သက်ပဲ၊ အပျင်းပြေဖို့ အသုံးချတဲ့အရာ၊ အသိအမှတ်ပြု တင်ဆက်ဖို့ မသင့်တော်တဲ့ အရာပဲ၊ အခု ငါတို့က ဒီလို ကဗျာကို ရှာတွေ့မှတော့ ဒီအခွင့်အရေးကို ဖမ်းမထားရင် ငါတို့ အရူးတွေ ဖြစ်မသွားဘူးလား”

“ဒါကို တင်လိုက်၊ ငါတို့ အွန်လိုင်း ဝတ္ထုတွေက ကဗျာတွေ ရေးနိုင်တယ်ဆိုတာကို လူတိုင်းကို ငါ သိစေချင်တယ်၊ ဒါ အခွင့်အရေရး တစ်ခုပဲ၊ အွန်လိုင်းဝတ္ထုတွေကို ကမ္ဘာက အသိအမှတ်ပြုမယ့် အခွင့်အရေး”

အခြား အယ်ဒီတာများကလည်း ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ကြသည်။ သူတို့တွင် ငါကဝိုင်ကို လေးစားစိတ်တို့ဖြင့် ပြည့်နှက်နေ၏။

မိနစ်အနည်းငယ်အတွင်းမှာပင် ရဲ့လင်းချန်၏ ကဗျာက website မှနေရ ဖိုရမ်များအားလုံးသို့ ပျံ့နှံ့သွားသည်။ ထို့အပြင် ယင်းသည် မပြီးနိုင်သော မှတ်ချက်များနှင့် ထိပ်ဆုံးသို့ ရောက်သွားတော့သည်။

[ငါတို့မျိုးဆက်တွေက ခက်ခဲတဲ့အချိန်တွေကို‌ ကျော်ဖြတ်ပြီး‌ မွေးဖွားလာကြရတယ်၊ ကောင်းလိုက်တဲ့စကား၊ စာကြောင်းလေးတစ်ခုတည်းနဲ့တင် ငါ့ရင်ထဲ ထိနေပြီ]

[သူ့ကိုယ်သူ ငါကဝိုင်လို့ ခေါ်ရဲတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ သူ့ရဲ့ အရည်အချင်းပဲဖြစ်ဖြစ် စိတ်ပဲဖြစ်ဖြစ် နှစ်ခုလုံးက သာလွန်တဲ့ အရည်အချင်း ရှိနေပါလား]

[အား … သူက မိုက်လွန်း၊ ခြယ်လှယ်နိုင်လွန်းသလို ထူးချွန်လွန်းတယ်ကွာ၊ အခု ဝိုင်ရဲ့ အဖွဲ့မှာ နောက်အဖွဲ့ဝင် တစ်ယောက် တိုးလာပြီလို့ ငါ ခံစားနေရတယ်]

[ငါ အရင်က နတ်ဘုရားများကို သုတ်သင်ခြင်းကို မဖတ်ဖူးဘူး၊ ဒါပေမဲ့ ဒီကဗျာကို ဖတ်ပြီးတော့ ဒီကဗျာတစ်ခု တည်းနဲ့တင် အားပေးရမယ်လို့ တွေးမိသွားပြီ]

[မင်းက သူရဲကောင်းဆိုရင် နတ်ဘုရားများကို သုတ်သင်ခြင်းကို မဲပေးသင့်တယ်ကွ၊ ဘာကို ကြောက်နေမှာလဲ]

[ဒီအခန်းလွတ်က မိုက်လွန်းတယ်၊ အစက ငါ ဒီကို ဒရာမာခင်းတာကို ကြည့်မလို လာရုံလေးပဲ၊ ဒါပေမဲ့ ငါ သွေးဆူသွားပြီ]

“တောင် တောင် တောင်”

မကြာခင်မှာပင် ဒိန်ချဉ်က ရဲ့လင်းချန်ထံ စာပို့လာ၏။

[ငါကဝိုင်ရေ မင်းရဲ့ အခန်းလွတ်ကစာက အရေးအသား ကောင်းလွန်းတယ်၊ ငါတို့ website က အဲ့ဒါနဲ့ ကြော်ငြာချင်လို့၊ မင်း အဆင်ပြေလား]

[ကိစ္စမရှိဘူး]

ရဲ့လင်းချန် ပြန်ပြောလိုက်သည်။

ဒိန်ချဉ်က ဂရုစိုက်၍ ရဲ့လင်းချန်ကို အရေးတယူ ပြောနေလေသည်။

ရဲ့လင်းချန်က သူ့ဝတ္ထုကို သူတို့၏ website တွင် တင်ခဲ့သဖြင့် သူတို့တွင် ဝတ္ထုထဲ၌ ပါသော အကြောင်းအရာ များကို သင့်တော်သလို အသုံးပြုခွင့် ရှိပေသည်။

[ကျေးဇူးပါပဲ]

ဒိန်ချဉ် ပြန်ပြောလေသည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။

[မင်း အခု အခန်းတွေ တင်လို့ရပြီ]

ရဲ့လင်းချန် ခေါင်းညိတ်လိုက်မိသည်။

စာရေးသူ ကဏ္ဍထဲ ဝင်လိုက်ပြီးနောက် သူ ကြိုပြင်ထားသော အခန်းများကို တင်လိုက်တော့သည်။

စုစုပေါင်း စာလုံးရေ ငါးထောင်စာအား တစ်ခါတည်း အကုန် တင်လိုက်သည်။

ထိုအခိုက်တွင် လူများစွာက သူတို့ ကွန်ပျူတာရှေ့၌ ထိုင်နေပြီး အားပါးတရ ဖတ်ရန် မျှော်လင့်နေကြလေသည်။

[ရပြီ၊ ငါ တင်လို့ပြီးပြီ၊ အခု ငါ အိပ်တော့မယ်]

ရဲ့လင်းချန်က ဒိန်ချဉ်ကို အသိပေးလိုက်သည်။

[မင်း … အိပ်တော့မယ် ဟုတ်လား]

ဒိန်ချဉ် တအံ့တဩ ပြန်မေးလိုက်မိသည်။

တရားဝင် ရောင်းချခြင်းသည် စာရေးဆရာအများစုအတွက် အရေးပါသော အခန်းကဏ္ဍ တစ်ခု ဖြစ်သည်။ ထိုသို့သော ညတွင် စာရေးဆရာများသည် စိတ်လှုပ်ရှားကာ စိုးရိမ်တုန်လှုပ်တတ်ကြပြီး အိပ်မပျော်နိုင်ဘဲ တစ်ညလုံး ငုတ်တုတ်ထိုင်၍ စာရေးဆရာကဏ္ဍကို ကြည့်နေတတ်ကြသည်။

ရဲ့လင်းချန်၏ ရလဒ်များက အံ့အားသင့်စရာ ကောင်းသော်လည်း သူက စောင့်ပင်မစောင့်ဘဲ အိပ်တော့မည် တဲ့လား။

*သူ့စိတ်က … တည်ငြိမ်လွန်းနေသလိုပဲ*

[ဟုတ်တယ် ကျွန်တော် အိပ်တော့မယ်၊ ကောင်းသောညပါ]

ရဲ့လင်းချန်က နှုတ်ဆက်ပြီးသည်နှင့် လုံးဝ တွေဝေမနေဘဲ ပြတ်ပြတ်သားသား လိုင်းပေါ်မှ ဆင်းသွားသည်။

ဒိန်ချဉ် တစ်ယောက်တည်း အံ့ဩနေခြင်း မဟုတ်ပါ။ တရုတ်စာပေ website မှ အယ်ဒီတာများအားလုံး အံ့ဩ နေ၏။

သူတို့သည်လည်း ဒိန်ချဉ်နှင့် အတွေးတူ၏။ နတ်ဘုရားများကို သုတ်သင်ခြင်း၏ ရလဒ်က ကောင်းမွန်သော်လည်း ထိုဝတ္ထုကို ရေးသူက လက်ရှိကိစ္စအား နည်းနည်းလေးမှ စိတ်ရှုပ်ဟန် မတူပေ။

ဤသို့သော အခြေအနေနှင့် သူတို့ ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်လေသည်။

သူတို့ အချင်းချင်း ပြန်ကြည့်လိုက်မိကြပြီး မတတ်သာဟန်ဖြင့် ခေါင်းခါလေသည်။

*ထားလိုက်ပါတော့လေ၊ မင်းက အရေးမစိုက်မှတော့ ငါတို့ကပဲ မင်းအစား စောင့်ကြည့်နေလိုက်ပါ့မယ်*

အလားအလာ အကောင်းဆုံး ဝတ္ထုသစ်တစ်ပုဒ် ဖြစ်သောကြောင့် ၎င်း၏ ရလဒ်က website မှ အယ်ဒီတာ အားလုံးကို ရင်ခုန်စိတ်လှုပ်ရှားစေသည်။

All Chapters