← Chapters

သမိုင်းတွင်မည့် မှတ်တမ်း

Vol. 16 Ch. 226

သမိုင်းတွင်မည့် မှတ်တမ်း

Vol. 16 Ch. 226

ရဲ့လင်းချန်က တန်းအိပ်သွားသော်လည်း အယ်ဒီတာများက မအိပ်နိုင်ပါ။ သူတို့ နတ်ဘုရားများကို သုတ်သင်ခြင်း၏ ရလဒ်များကို တတ်နိုင်သမျှ ရှာဖွေရန် လိုအပ်ပေသည်။

ထိုအခိုက်တွင် အခြားလူများစွာကလည်း ဖန်သားပြင်ကို ကော်နှင့်ကပ်ထားသကဲ့သို့ အကြည့်မခွာဘဲ နတ်ဘုရားများကို သုတ်သင်ခြင်း၏ ရလဒ်ကို စောင့်နေကြသည်။

“ဆယ်မိနစ် ရှိနေပြီ၊ နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ ရလဒ်ကို ကြည့်လိုက်ရအောင်”

အယ်ဒီတာချုပ်က ဒိန်ချဉ်ကို ပြောလေသည်။

ဒိန်ချဉ်က ချက်ချင်း စာမျက်နှာကို ပြန်ဆွဲချလိုက်သည်။ တရားဝင် ‌ရောင်းချလိုက်သည့် ဆယ်မိနစ်အတွင်း နတ်ဘုရားများကို သုတ်သင်ခြင်း၏ စဦး ဝယ်သူနှုန်းက တစ်သောင်းကျော်နေ၏။

“သေစမ်း၊ ဒီအရှိန်အဟုန်က ကြောက်ဖို့ကောင်းလိုက်တာ”

အယ်ဒီတာချုပ်တောင်မှ မှင်တက်နေ၏။ ယင်းကို စနစ်အမှားဟု ထင်လိုက်သဖြင့် စာမျက်နှာအား အကြိမ်အနည်းငယ်မျှ ထပ်၍ ဆွဲချကြည့်သည်။ ထို့နောက်တွင်မှ ဆယ်မိနစ်အတွင်း ဝယ်ယူသူ တစ်သောင်းကျော် ရသည်ကို အတည်ပြုနိုင်သွားလေသည်။

ထို့နောက်တွင်မူ နတ်ဘုရားများကို သုတ်သင်ခြင်းက အံ့ဩစရာများက ရပ်တန့်မသွားတော့ချေ။

[(လက်ဆောင်) တုကူရီထျန်းက နတ်ဘုရားများကို သုတ်သင်ခြင်းအား ဒင်္ဂါး တစ်သန်း လက်ဆောင် ပေးလိုက်ပါတယ် ဒီစာအုပ်က အံ့ဩဖို့ကောင်းတယ်၊ ဒီမှာ လက်ဆောင်၊ နောက်လာမယ့် အပိုင်းတွေက ပိုစိတ်ဝင်စားစရာ ကောင်းမယ်လို့ မျှော်လင့်ပါတယ်]

Website တွင် ဧရာမ စာတန်းတစ်ခု ပေါ်လာပြီး ငွေအဆင့် အရှင်သခင်တစ်ယောက်က လက်ဆောင် ပေးလာကြောင်း ပြသလာ၏။

ယွမ်တစ်သောင်းကျော်သည့် မည်သည့်လက်ဆောင်မျိုးမဆို ပေးလာပါက website တစ်ခုလုံးအနှံ့ ပေါ်လာတတ်သည်။

[လခွမ်း … ငါ လူချမ်းသာတစ်ချို့ ဝင်ပါမယ်လို့ သိပေမယ့် ဒီလောက် မြန်မြန် ဖြစ်လာလိမ့်မယ်လို့ ထင်မထားမိဘူး]

[ဒါ ယွမ်တစ်သောင်းတောင်ကွ၊ သောက်ရမ်း ချမ်းသာလွန်းတယ်ကွာ]

[နတ်ဘုရားများကို သုတ်သင်ခြင်းက ဒီနေ့မှ စရောင်းတာလေ၊ နတ်ဘုရားတွေ ကျဆုံးပြီး သွေးချောင်းစီး တော့မှာကို စိုးရိမ်ရတယ်]

[အဲ့ကဗျာက ယွမ်တစ်သောင်းမက တန်တယ်ကွ]

သို့သော်ငြားလည်း ထိုစာတန်းသည် အစမျှသာ ရှိသေးသည်။ တကယ့် အံ့ဩစရာက မကြာခင်မှာ စတင် လာလေ၏။

[(လက်ဆောင်) လုံအောင်ထျန်းက နတ်ဘုရားများကို သုတ်သင်ခြင်းအား ဒင်္ဂါး တစ်သန်း လက်ဆောင် ပေးလိုက်ပါတယ် ဒီစာအုပ်က အံ့ဩဖို့ကောင်းတယ်၊ ဒီမှာ လက်ဆောင်၊ နောက်လာမယ့် အပိုင်းတွေက ပိုစိတ်ဝင်စားစရာ ကောင်းမယ်လို့ မျှော်လင့်ပါတယ်]

[(လက်ဆောင်) တုကူရီထျန်းက နတ်ဘုရားများကို သုတ်သင်ခြင်းအား ဒင်္ဂါး တစ်သန်း လက်ဆောင် ပေးလိုက်ပါတယ် ဒီစာအုပ်က အံ့ဩဖို့ကောင်းတယ်၊ ဒီမှာ လက်ဆောင်၊ နောက်လာမယ့် အပိုင်းတွေက ပိုစိတ်ဝင်စားစရာ ကောင်းမယ်လို့ မျှော်လင့်ပါတယ်]

[(လက်ဆောင်) လင်းဟန်လုံက နတ်ဘုရားများကို သုတ်သင်ခြင်းအား ဒင်္ဂါး တစ်သန်း လက်ဆောင် ပေးလိုက်ပါတယ် ဒီစာအုပ်က အံ့ဩဖို့ကောင်းတယ်၊ ဒီမှာ လက်ဆောင်၊ နောက်လာမယ့် အပိုင်းတွေက ပိုစိတ်ဝင်စားစရာ ကောင်းမယ်လို့ မျှော်လင့်ပါတယ်]

[(လက်ဆောင်) ချိုးရွှေရီရမ်က နတ်ဘုရားများကို သုတ်သင်ခြင်းအား ဒင်္ဂါး တစ်သန်း လက်ဆောင် ပေးလိုက်ပါတယ် ဒီစာအုပ်က အံ့ဩဖို့ကောင်းတယ်၊ ဒီမှာ လက်ဆောင်၊ နောက်လာမယ့် အပိုင်းတွေက ပိုစိတ်ဝင်စားစရာ ကောင်းမယ်လို့ မျှော်လင့်ပါတယ်]

…

နတ်ဘုရားများကို သုတ်သင်ခြင်း၏ အရှင်သခင်များက ပြိုင်တူ လှုပ်ရှားလာပါတကား။

သူတို့ ကြို၍ အစီအစဉ် ဆွဲထားခဲ့သော်လည်း အချိတ်အဆက် မိလှသည်။ သူတို့သည် နတ်ဘုရားများကို သုတ်သင်ခြင်း၏ လက်ဆောင် စာရင်းဇယားက အနီရောင်များနှင့် ပြည့်သွားစေသည်။ စာတန်းများက မဆုံးနိုင်အောင် ပေါ်လာပြီး အက်ပ်၏ ဖန်သားပြင်တွင် အဆက်မပြတ် ပေါ်လာလေသည်။

ယင်းက လူတိုင်းကို အံ့ဩသွားစေသည်။ သူတို့ ဘယ်လို စာရိုက်ရမလဲ ဆိုသည်ကိုပင် မေ့နေပြီး တောက်ပသော အနီရောင် လက်ဆောင် စာတန်းများ အဆက်မပြတ် ပေါ်လာသည်ကိုသာ ငေးငိုင်၍ ကြည့်နေကြသည်။

ငါးမိနစ်ကျော်သည်အထိ စာတန်းများက မပျောက်သေးပေ။

[သောက်ကျိုးနည်း မပြီးတော့ဘူးလား၊ သူတို့ ဘယ်အချိန်အထိ လက်ဆောင်တေါ ပေးဖို့ ကြံစည်ထားတာလဲ]

[ကြောက်ဖို့ကောင်းလွန်းတယ်၊ ဒီလူချမ်းသားတွေအားလုံး ဘယ်ကနေ ပေါ်လာတာလဲဟ]

[ဒါ ပိုက်ဆံနဲ့ အနှောင့်အယှက်ဖြစ်အောင် လုပ်နေတာပဲ၊ ရက်စက်လွန်းတယ်]

Website မှလူများ ကြက်သေ သေသွားကြသည်။

အယ်ဒီတာများ၊ စာဖတ်သူများနှင့် စာဖတ်သူများတောင်မှ မှင်တက်ကုန်၏။

နတ်ဘုရားများကို သုတ်သင်ခြင်းက ပေါက်လိမ့်မည်ဟု သူတို့ သိထားသော်လည်း ဤမျှ အလွန်အကျွံ နာမည်ကျော်လိမ့်မည်ဟု လုံးဝ ထင်မထားမိချေ။ ထို့အပြင် စာဖတ်သူများက ရက်စက်လှပေသည်။

လက်ဆောင်များက ဆက်တိုက် ဝင်လာ၏။ ထို့နောက် သူတို့သည် ရရှိလာသော လက်ဆောင်များကို စတင် ရေတွက်ကြသည်။

တစ်၊ နှစ်၊ သုံး …

လက်ဆောင်ပေးသော ငွေအဆင့် အရှင်သခင်များက အယောက် တစ်ရာ ရှိသည်။

အယောက်တစ်ရာက ယွမ်တစ်သောင်းစီ လက်ဆောင်ပေးကြသဖြင့် စုစုပေါင်း လက်ဆောင်က ယွမ်တစ်သန်း ရှိလေသည်။

ဤသည်က စရောင်းခါစမျှသာ ရှိသည်။ ထို့အပြင် လက်ဆောင်များက ရပ်မသွားသေးဘဲ ဆက်၍ တိုးလာ၏။

[လခွမ်း ဒါ … ဒါ … ငါ ဒါကို ဘာပြောလို့ရမလဲ]

[ငါ တောင်းပန်ပါတယ်၊ ဒါပေမဲ့ ငါ ဘောင်းဘီထဲ သေးထွက်ကျသွားလို့ ဘောင်းဘီလဲဖို့ လိုနေပြီ]

[ငါ့ကို လာကူကြပါဦး၊ ငါ ဒူးထောက်ရပ်သား ဖြစ်နေပြီ၊ ငါ့ခြေထောက်တွေ ထုံနေတာပဲ]

နတ်ဘုရားများကို သုတ်သင်ခြင်း၏ ပရိသတ်အင်အားက ကြီးမားပြီး စာအုပ်ကို သိမ်းဆည်းသူကလည်း တစ်သန်းနီးပါး ရှိသည်။ အရေအတွက်က ကြီးမားလွန်းသဖြင့် ထိုအထဲတွင် ပိုက်ဆံရှိသော ပရိသတ်များ ပါလာနိုင်သည်က မြေကြီးလက်ခတ်မလွဲပင်။

ထို့အပြင် မရောင်းချခင် တင်လိုက်သော အခန်းလွတ်က စာဖတ်သူများ၏ တိုက်ခိုက်ချင်စိတ်ကို မောင်းတင်ပေး လိုက်သလိုပင်။ ဤမျှ ကောင်းမွန်သော ဝတ္ထုက သူတို့၏ လက်ဆောင်များနှင့် ထိုက်တန်ပေသည်။

တုကူရီထျန်းနှင့် လုံအောင်ထျန်းတို့က သူတို့ စကားပြောခန်းထဲမှ ပရိသတ်များကို ဝင်ပါရန် ထပ်၍ တိုက်တွန်းကြသည်။ ရန်ရှာခြင်းနှင့် ကြုံတွေ့ရသဖြင့် နတ်ဘုရားများကို သုတ်သင်ခြင်းသည် ဘာကိုမှ မကြောက်ရွံ့ တော့ဘဲ အင်ပြည့်အားပြည့် တန်ပြန်တိုက်ခိုက်မှ ရပေမည်။

နောက်ဆုံးတွင် အတောမသတ်နိုင်သော လက်ဆောင်ပေးခြင်းများက ဆယ့်ငါးမိနစ် အကြာ၌ ငြိမ်သက် သွားသဖြင့် သူတို့ စိတ်အေးကာ သက်ပြင်းချလိုက်ကြသည်။

ငွေအဆင့် အရှင်သခင် အယောက်သုံးရာ။

ဤသည်က စုစုပေါင်း ယွမ်သုံးသန်းပင်။

ငွေအဆင့် အရှင်သခင်က စရောင်းသည့်နေ့မှာပင် ပေါ်လာကြသည်။ နာမည်ကျော်များ မဆိုထားနှင့် ပလက်တီနမ်အဆင့် စာရေးဆရာများအတွက်ပင် ထိုသို့ရရန် မဖြစ်နိုင်ပေ။

ဤလွှမ်းမိုးနိုင်စွမ်းက ကြောက်စရာကောင်းသည်ဟုပင် သတ်မှတ်နိုင်ပေ၏။

ထို့အပြင် ငွေအဆင့် အရှင်သခင်များအပြင် အခြားသူများကလည်း လက်ဆောင်များ ပေးလာကြသည်။ ဝတ္ထုသည် ရောင်းခါစသာ ရှိသေးသော်လည်း လက်ဆောင်ပမာဏက ယွမ် ၃.၃ သန်း ရှိနေလေပြီ။

[ရူးချင်စရာပဲ၊ သောက်ရမ်း ရူးဖို့ကောင်းတယ်၊ အခု ပိုက်ဆံက ဘာမှမဟုတ်တော့ပါလား]

[ဒီသူဌေးတေါ ဘယ်က ရောက်လာတာလဲ၊ သူတို့က ချမ်းသာမယ့်ကံပါတဲ့ ကလေးတွေလား]

[ဆုပဲ၊ ဒီစာအုပ်က သူ့ကို သေချာပေါက် ဆုရစေမျာ၊ ငါကဝိုင်က လက်ဆောင် ရရှိခြင်း မှတ်တမ်းနဲ့ ဘွဲ့အသစ်တစ်ခု ရလောက်တယ်]

ဤသို့သော အရှိန်အဝါကို တစ်ခါမှ မကြားဖူးသလို ၎င်းက အွန်လိုင်းဝတ္ထုနယ်ပယ်၏ သမိုင်းတွင် မှတ်တမ်း တင်ခံရမှာ သေချာလောက်သည်။

သရီးလော့ဂ်နှင့် သူ့ပရိသတ်များတောင်မှ ခေါင်းခြောက်နေကြသည်။ ပိုက်ဆံပမာဏကြောင့် သူတို့ မျက်လုံးပြူး နေကြလေသည်။

*သုံးသန်းကျော်၊ ဝတ္ထုတစ်ပုဒ်က တစ်ခါမှ အဲ့ပမာဏ မရဖူးပါဘူး၊ ရူးချင်စရာပဲ*

*စိန်ခေါ်ဖို့မပြောနဲ့ သူတို့က နယ်ပယ်တစ်ခုတည်းမှာတောင် မဟုတ်ဘူး*

[အားလုံး စိတ်အေးအေးထားပါ၊ ငါတို့ဘက်ကလည်း ပိုက်ဆံရှိတဲ့ ပရိသတ်တွေ မရှိတာမှ မဟုတ်တာ၊ မင်းတို့တွေ မင်းတို့ တတ်နိုင်တဲ့ ပမာဏအတွင်းက လက်ဆောင်တွေ ပေးကြ၊ ငါတို့ အားနည်းကြောင်း ပြလို့ မဖြစ်ဘူး]

သရီးလော့ဂ်၏ ပရိသတ်တစ်ယောက်က အားပေးစကား ပြောလာသည်။

သို့သော် အချို့က ယွမ်ဆယ်ဂဏန်းမျှလောက်သာ ပေးနိုင်သည်။ ပိုတတ်နိုင်သူများမှာ ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းမျှသာ ပေးနိုင်ပေသည်။ ဘယ်သူမှက သူ့စာရင်းဇယားကို ပြည့်နှက်သွားသည့် လက္ခဏာမျိုး ပြလာအောင် မလုပ်နိုင်ချေ။

သူတို့၌ ပိုက်ဆံရှိလျင်တောင်မှ ဤနည်းဖြင့် ပိုက်ဆံသုံးလိုက်ရန် မသင့်ပေ။ ယင်းက ဖြုန်းတီးခြင်း သက်သက်ပင်။

သူ့လက်ဆောင်က နတ်ဘုရားများကို သုတ်သင်ခြင်းနှင့် ယှဉ်လိုက်လျင် ပင်လယ်ထဲသို့ ကျောက်ခဲ တစ်ခဲ ကျသွားသလိုပင်။ နည်းနည်းလေးမျှ လှိုင်းထအောင် မလုပ်နိုင်ပါ။

“ဆရာ … ဒါက …”

ဒိန်ချဉ်တစ်ယောက် အတော်လေး ကြာပြီးမှ သတိဝင်လာသည်။ သူ မျက်လုံးကို ပွတ်၍ ကြည့်လိုက်ပြီးမှ သူ မြင်နေရသော အရာကို ယုံကြည်တော့သည်။

လက်ဆောင် ပမာဏက လူတိုင်း၏ စိတ်ကို ဗလောင်ဆူသွားနိုင်စေသည်။

“ဂလု”

အခြား အယ်ဒီတာများသည်လည်း မနည်းကို တံတွေးမျိုချနေရသည်။ သူတို့အားလုံး အာခြောက်သလို ခံစားနေရပြီး ရလဒ်များအား မတတ်သာစွာ ကြည့်နေကြသည်။

သူတို့ကိုယ်တိုင် မမြင်တွေ့ခဲ့ရပါက ဤသို့သောအရာမျိုးကို

သူတို့ကိုယ်တိုင် မမြင်တွေ့ခဲ့ရပါက ဤသို့သောအရာမျိုးကို စိတ်ပင်ကူးရဲမည် မဟုတ်ပါ။

“ငါကဝိုင် ဘာလုပ်နေလဲ”

အယ်ဒီတာချုပ်က ပြာအက်နေသော အသံဖြင့် မေးလိုက်သည်။

“သူ … သူ အိပ်နေတယ်လို့ ကျွန်တော် ထင်တယ် …”

ဒိန်ချဉ်က ပခုံးတွန့်၍ ပြန်ဖြေလိုက်သည်။ သူ ယခုလေးတင် ရဲ့လင်းချန်ကို QQ မှ စာပို့လိုက်သော်လည်း ပြန်စာ မပို့ချေ။

“ဒါ … ဒါက အံ့ဩဖို့ ကောင်းလိုက်တာ …”

အယ်ဒီတာချုပ် အံ့အားသင့်သွားသည်။

ရုတ်တရက် သူ မျက်လုံးပြူးလာပြီး အသည်းအသန် အော်ဟစ်လိုက်သည်။

“မင်းတို့ ဘာကို စောင့်နေတာလဲ၊ နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ ဝယ်သူစာရင်းကို စစ်ဦးလေ”

အကယ်၍ လက်ဆောင်များက ပိုက်ဆံရှိသော ပရိသတ်များ၏ အရေအတွက်ကို ကိုယ်စားပြုလျင် ဝယ်သူစာရင်းက နတ်ဘုရားများကို သုတ်သင်ခြင်း၏ ကျော်ကြားမှုကို ကိုယ်စားပြုလေသည်။

ဒိန်ချဉ် အချိန်ဆွဲမနေဘဲ ချက်ချင်း ဆာဗာကို ပြောင်းလိုက်သည်။

“ဟာ …”

တရုတ်စာပေ website ၏ အယ်ဒီတာဌာနမှ လူများအားလုံး ပင့်သက်ရှိုက်သွားပြီး အသက်ရှူသံ မြန်ဆန် လာကြသည်။

“ဒါ … ဒါ …”

ဒိန်ချဉ်၏ သွားများ တဂတ်ဂတ် ရိုက်နေပြီး စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် မပြောနိုင်ချေ။

“နာရီဝက်အတွင်းမှာ နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ ဝယ်သူစာရင်းက သုံးသောင်းခွဲ ရောက်နေပါလား၊ မြတ်စွာဘုရား”

ကောင်းကင်ပြာသည် မျက်နှာက ဖန်သားပြင်နှင့် ကပ်မတတ် ဖြစ်နေသည်။ သူ့နှလုံးက အရင်က မခုန်ဖူးသည့် ပုံစံဖြင့် တဒိတ်ဒိတ် ခုန်နေသည်ကို ခံစားနေရသည်။

“အွန်လိုင်းဝတ္ထုကဏ္ဍရဲ့ ငါးနှစ်တိတိ ရှိနေခဲ့တဲ့ စံချိန်က ဒီနေ့ ကျိုးတော့မှာပဲ”

အယ်ဒီတာချုပ်သည်လည်း မျက်လုံးပြူးကာ ရေရွတ်လာ၏။

စဦးဝယ်သူစာရင်း၏ အမြင့်ဆုံးမှတ်တမ်းက ငါးသောင်းသာ ရှိပေသည်။ သို့သော် နတ်ဘုရားများကို သုတ်သင်ခြင်းက နာရီဝက်တည်းနှင့် စဦးဝယ်သူစာရင်း သုံးသောင်းခွဲ ရရှိနေ၏။ မှတ်တမ်းကို ချိုးဖျက်နိုင်ရုံမငတ် မကဘဲ ဖြတ်ကျော်ရန် မဖြစ်နိုင်သော သမိုင်းတွင်မည့် မှတ်တမ်းအသစ်တစ်ခုကိုပါ ဖန်တီးနိုင်မည့် အလားအလာ ရှိနေလေသည်။

All Chapters