← Chapters

ကျေးဇူးပဲနော် အချစ်လေး

Vol. 13 Ch. 1225

ကျေးဇူးပဲနော် အချစ်လေး

Vol. 13 Ch. 1225

အရှိန်အဝါ၏ ရင်းမြစ်ကား ကုန်းစွန်းဝမ်အာ၏ အင်မော်တယ်ဂူပင်။

ပိုင်ရှောင်ချန်းမှာ အစက အဆင့်တက်ခြင်း၏ အရှိန်အဝါကို စစ်ဆေးသိရှိရမည်ဟု ထင်ထားခဲ့လေသည်။ သူ တံခါးပိတ်ကျင့်ကြံသည့်အချိန်တိုင်း အကြောင်းကိစ္စရေးရာများအား စစ်ဆေးရန် ဗဟိုဧကရာဇ်မြို့တော်အတွင်းသို့ နတ်ဘုရားစွမ်းရည်တချို့ ရံဖတ်ရံခါ ပို့လွှတ်တတ်သည် မဟုတ်ပါလော။

ယခုအချိန်အထိ နှစ်ပေါင်းများစွာ ကုန်းစွန်းဝမ်အာသည် အလယ်ပိုင်း ကောင်းကင်ဧကရာဇ်အဆင့်ကို တက်လှမ်းရန် မျှော်လင့်နေခဲ့လေသည်။ ထိုအချက်က လျှို့ဝှက်ချက် မဟုတ်ပေ။ ပိုင်ရှောင်ချန်း၊ မဟာကောင်းကင်သခင်နှင့် အခြားသူများပင် သိကြ၏။

ပိုင်ရှောင်ချန်းက ကုန်းစွန်းဝမ်အာကို သရဲမယ်တော်နေရာ အစားထိုးရာတွင် မကူညီခဲ့လျှင် သူမ တည်ဆောက်ခဲ့သော ရင်းမြစ်များအရ သူမက ထိုကဲ့သို့ အဆင့်တက်ရာတွင် ပြဿနာတစ်စုံတရာရှိခဲ့မည် မဟုတ်ပေ။

ကုန်းစွမ်းဝမ်အာက ဗဟိုဧကရာဇ်နိုင်ငံတွင် ရှိနေခဲ့သည့်တချိန်လုံး တံခါးပိတ်ကျင့်ကြံနေခဲ့လေသည်။ သူမက သရဲမယ်တော်ကို အပြည့်အဝစုပ်ယူခဲ့သော်လည်း ထိုသည်က ပထမအဆင့်သာဖြစ်လေသည်။ ထို့ပြင် သရဲမယ်တော်၏ အသိစိတ်ပျောက်ကွယ်သွားသည့်တိုင် ကျန်ရှိနေသေးသော သူမ၏အစိတ်ပိုင်းများ ရှိသေး၏။

ပိုင်ရှောင်ချန်းက အရှိန်အဝါကို အာရုံရလိုက်သည်နှင့်တစ်ပြိုက်နက် ဖြစ်လတ္တံအဆင့်တက်ခြင်း လက္ခဏာများအပြင် တစ်စုံတခု နိုးထရန် ရုန်းကန်နေကြောင်း ညွှန်ပြနေသော အခိုးအငွေ့များလည်း ရှိလေသည်။

ပိုင်ရှောင်ချန်းက ထိုအခိုးအငွေ့များအား မှတ်မိလေသည်။ သူတို့ကား သရဲမယ်တော်နှင့် သက်ဆိုင်သည်။

ပိုင်ရှောင်ချန်း မျက်နှာပျက်ယွင်းသွား၏။ ယခုတွင် မီးတောက်ဖန်တီးရန် စိုးရိမ်နေရမည့်အချိန် မဟုတ်သဖြင့် သူက အင်္ကျီလက်စကိုခါ၍ ဝိညာဥ်များအားလုံးကို စုစည်းပြီးနောက် ပျောက်ကွယ်သွားတော့သည်။ သူပြန်ပေါ်လာသောအခါ ကုန်းစွန်းဝမ်အာ၏ အင်မော်တယ်ဂူထဲ အမှန်တကယ် ရောက်ရှိသွားလေပြီ။

ထိုနေရာတွင် သူမက မျက်လုံးများကို တင်းတင်းပိတ်ကာ တဆတ်ဆတ်တုန်ရီလျက် ထိုင်နေ၏။ သူမ၏မျက်နှာပေါ်တွင် အနက်ရောင်တဝက်၊ အဖြူရောင်တဝက် ရောယှက်နေသော မြူများ ဖြစ်တည်နေသည်။ အနက်ရောင်မြူများက အဖြူရောင်မြူများကို ဝါးမျိုနေပြီး အသားစီးရနေပုံရလေသည်။

သိသာထင်ရှားစွာပင် ၊ အနက်ရောင်က သရဲမယ်တော်ကို ကိုယ်စားပြုပြီး အဖြူရောင်က ကုန်းစွန်းဝမ်အာကို ကိုယ်စားပြုလေသည်။ ယခုလောလောဆယ်တွင် ပိုင်ရှောင်ချန်းသည် ဖြစ်ပျက်နေသည်များကို သဘောပေါက်သော ဗဟိုဧကရာဇ်နိုင်ငံရှိ တစ်ဦးတည်းသောလူဖြစ်ပြီး ကုန်းစွန်းဝမ်အာကို တကယ်နိုင်သော တစ်ယောက်တည်းသောသူ ဖြစ်လေသည်။

" ရတယ်လေ " သူက တွေးသည်။

" ငါ သရဲမယ်တော်ကို အပြီးပိုင်းချေမှုန်းပြီး ကုန်းစွန်းဝမ်အာကို ထိန်းချုပ်မှုအပြည့်အဝပေးဖို့ ဒီအခြေအနေကို အခွင့်ကောင်းယူလိုက်မယ်။ ဒါဆိုရင် သူ့တာအိုသစ်စေ့ကနေ အသက်ပြန်သွင်းဖို့ လိုအပ်ခဲ့ရင်တောင်မှ သူကိုယ်တိုင်အဖြစ်နဲ့ ပြန်လာနိုင်မယ် "

စုပ်ယူခံရပြီးနောက် သရဲမယ်တော်၏ အမှတ်အသားမှာ ကျန်ရှိနေသေးပြီး ကုန်းစွန်းဝမ်အာ၏ အစိတ်အပိုင်းဖြစ်နေသေးသောကြောင့် ပိုင်ရှောင်ချန်းမှာ လုပ်ချင်လျှင်တောင်မှ ၄င်းကို ဖျက်ပစ်နိုင်ခဲ့မည် မဟုတ်ပေ။ ၄င်းက သရဲမယ်တော်ကို ထိခိုက်စေခဲ့မည်သာမက ကုန်းစွန်းဝမ်အာကိုလည်း နဂိုအတိုင်းပြန်မဖြစ်နိုင်လောက်အောင် ထိခိုက်စေမည် ဖြစ်သည်။

ယခု သရဲမယ်တော်သည် ကုန်းစွန်းဝမ်အာကို အနိုင်ယူရန် သူ၏အဆင့်တက်ခြင်းကို အခွင့်ကောင်းယူနေခြင်းဖြစ်သည်။ သို့သော် ထိုသည်က ပိုင်ရှောင်ချန်းကို ရှားပါးသော အခွင့်အရေးတစ်ခုလည်း ပေးလေသည်။

သူက အေးစက်စက်နှာမှုတ်ရင်း လှမ်းပြီး သူမ၏နဖူးကို ထိပြိီးနောက် သူ၏အသိစိတ်ပင်လယ်အတွင်း နတ်ဘုရားအာရုံတချို့ စီးဝင်စေလိုက်သည်။

ထိုနေရာရှိ ရေများမှာ အဖြူရောင်အခြမ်းကို လွှမ်းမိုးရန် ကြိုးစားနေသော တပွက်ပွက်ဆူရင်း တလိပ်လိပ်ထနေသည့် အနက်ရောင်အခြမ်းတို့ကြောင့် အနက်ရောင်နှင့် အဖြူရောင်နှစ်မျိုးလုံး ဖြစ်လေသည်။

ထိုအနက်ရောင်ပင်လယ်ရေအတွင်း မြင်သည်ဆိုရုံမြင်ရသည်မှာ ကုန်းစွန်းဝမ်အာ၏မျက်နှာနှင့်ဆင်သော မျက်နှာတစ်ခုဖြစ်သော်လည်း ပို၍ရက်စက်ကြမ်းကြုတ်ပြီး သရဲချီဖြင့် တဟုန်းဟုန်းတောက်နေလေသည်။ ထိုသည်ကား သရဲမယ်တော်၏ အသိစိတ်က လွဲ၍ တခြားမဟုတ်ပေ။

အဖြူရောင်အခြမ်းအတွင်းတွင်မူ ကုန်းစွန်းဝမ်အာ၏ အသိစိတ်မှာ ပျောက်ဆုံးသွားပြီဖြစ်သည့်အလား မည်သည့်မျက်နှာမှ မမြင်ရတော့ပေ။

ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံမှ မိုးခြိမ်းတမျှကျယ်လောင်သော ထစ်ခြုန်းသံများ၏အလယ်၊ အနက်ရောင်ပင်လယ်ရေအတွင်းကျကျတွင် ပေါ်လာ၏။

" ပိုင်ရှောင်ချန်း " သရဲမယ်တော်က အနက်ရောင်အတွင်းမှ အော်လိုက်သည်။ တချိန်တည်းမှာပင် ရေများသည် ဧရာမဘီလူးကြီးအသွင်ပြောင်း၍ မြင့်တက်လာ၏။

ဒေါသများဖြင့်ပြည့်နှက်နေလျက် သူမက သူ့ကို ချေမှုန်းပြီး သူ၏နတ်ဘုရားအာရုံကို ဝါးမျိုရန် မျှော်လင့်၍ ပိုင်ရှောင်ချန်းထံ လက်လှမ်းလိုက်သည်။

ဤသည်မှာ သရဲမယ်တော်က မိုးကောင်းကင်၏အမြင့်နှင့် ကမ္ဘာမြေကြီး၏အကျယ်ကို လျစ်လျူထားသာ ဖြစ်ရပ်တစ်ခုမဟုတ်ပေ။ သူမသည် အချိန်အတော်ကြာအိပ်ပျော်နေခဲ့ပြီး ကုန်းစွန်းဝမ်အာ၏အသိစိတ်အများစုကို ဝါးမျိုခဲ့သည့်တိုင် သူမ၏ဝိညာဥ်အစစ်အမှန်ကို အလဲမသိပ်နိုင်ခဲ့ပေ။ သို့နှင့် သရဲမယ်တော်မှာ ပိုင်ရှောင်ချန်း ဗဟိုဧကရာဇ်ဖြစ်ခဲ့ပြီဖြစ်ကြောင်း လုံးလုံးမသိချေ။

"မင်းဖင်မနိုင်ဘဲ ပဲကြီးဟင်းစားဖို့ကြိုးစားနေပဲ "

ပိုင်ရှောင်ချန်းက သရဲမယ်တော်ကို အေးစက်စွာ စိုက်ကြည့်၍ ပြန်ဖြေ၏။ ထို့နောက် သူက သူ၏ထာဝရဧကရာဇ်လက်သီးကို ထုတ်လွှတ်ကာ လက်လှမ်းလိုက်သည်။သူက မလိုအပ်သောကြောင့် သူ၏မိုးမြေဧကရာဇ်လက်သီးကို အသုံးမပြုပေ။ သို့ထိတိုင် ၄င်းက ဧရာမလှိုင်းလုံးကြီးများ အသိစိတ်ပင်လယ်ကိုဖြတ်၍ တလိပ်လိပ်ရိုက်ခတ်သွားစေလေသည်။

" ဒါ .... ဒါက ..."

သရဲမယ်တော်၏မျက်နှာ ပျက်ယွင်းသွားကာ နောက်ဆုတ်လိုက်သည်။ သို့သော် သူမ လှုပ်ရှားသည်မှာ အလွန်နှေးကွေးလွန်းပြီး အရိပ်ဧကရာဇ်က ပိုင်ရှောင်ချန်းနှင့်အတူပေါင်းကာ ကောင်းကင်ကြီးတုန်ခါ၍ မြေပြင်တို့အက်ကွဲစေသော အားကြီးဖြင့် သူမကို ထိုးချလိုက်လေသည်။

နားကွဲလုမတတ် ထစ်ခြုန်းသံများ ကြားလိုက်ရ၏။ ဤသည်မှာ သရဲမယ်တော်၏ အသိစိတ်ပင်လယ်ဖြစ်ပြီး သူမသည် ယခုလေးတင် ကုန်းစွန်းဝမ်အာကို ဝါးမျိုခဲ့ရာ အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်၏စွမ်းအားများ ထုတ်လွှတ်နိုင်စွမ်းရှိသွားသဖြင့် တစ်ပန်းသာလေသည်။

သို့စေကာမူ ဤကဲ့သို့ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ရင်ဆိုင်ရသည့်အခါ သူမမှာ ချက်ချင်း အနိုင်ယူခံလိုက်ရလေပြိီ။

အနက်ရောင်ရေများဖြင့် ပြုလုပ်ထားသော ဧရာမပုံရိပ်ကြီး ပျက်သွားသဖြင့် သရဲမယ်တော်မှာ စူးစူးဝါးဝါးအော်လိုက်ပြီး သူမ၏အသိစိတ်မှာ အရပ်မျက်နှာအနှံ့ထွက်ပြေးသွားကြသော မကောင်းဆိုးဝါးသရဲများအသွင် ကွဲထွက်သွားလေသည်။

ပိုင်ရှောင်ချန်းက ၄င်းတို့ကို လျစ်လျူရှုလိုက်၏။ သူလုပ်ချင်လျှင် သူတို့ကို အားထုတ်စရာမလိုဘဲ အလွယ်တကူ ရှာနိုင်လေသည်။

သို့သော် အရေးအကြီးဆုံးက ကုန်းစွန်းဝမ်အာ၏ ဝိညာဥ်အစစ်ကို ရှာရန်ပင်။ အစောပိုင်းက သရဲမယ်တော်က ကုန်းစွန်းဝမ်အာ၏အသိစိတ် အများစုကို ဝါးမျိုခဲ့သော်လည်း သူမ၏ဝိညာဥ်အစစ်မပါကြောင်း သူပြောနိုင်ခဲ့လေသည်။ ထိုသို့မဟုတ်လျှင် သူမက သူ့ကို မဆင်မခြင် တိုက်ခိုက်ခဲ့မည် မဟုတ်ပေ။

သရဲမယ်တော်၏ အသိစိတ် ကွဲထွက်သွားခဲ့၍ အောက်ရှိပင်လယ်မှာ အနက်ရောင်မဟုတ်တော့သော်လည်း ဖောက်ထွင်းမြင်ရလုနိီးဖြစ်လေသည်။ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူက ၄င်းအထဲ ထိုးဝင်ပြီး ကုန်းစွန်းဝမ်အာကိုရှာရန် သူ၏နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည်။

ရံဖန်ရံခါ သူသည် သရဲမယ်တော် အသိစိတ်၏ အပိုင်းအစများဖြစ်သော မကောင်းဆိုးဝါးသရဲများနှင့် ပက်ပင်းတိုးတတ်ပြီး ၄င်းတို့ကို ဖျက်စီးကာ အသိစိတ်ပင်လယ်ကို ပြန်ကျွေးလေသည်။

သူ၏နတ်ဘုရားအာရုံက ပင်လယ်ကြမ်းပြင်ရှိ အရာတစ်ခုဖြစ်သော ဧရာမဓားကြီးတစ်ချောင်းအပေါ် စူးစိုက်မိရန် အချိန်သိပ်မကြာလိုက်ပေ။

ပိုင်ရှောင်ချန်းက ၄င်းကို ချက်ချင်း သိလိုက်၏။ ၄င်းကား တချိန်က ဂူထျန်ကျွင်း၏ အမြတ်တနိုးတန်ဖိုးထားရသော ပစ္စည်းတစ်ခု ဖြစ်ခဲ့သည့် ကောင်းကင်တံတားဒေသမှ မြေခဓားပင်။

၄င်းသည် ပိုင်ရှောင်ချန်းမှတ်မိသည်နှင့် တစ်ထပ်တည်း ဖြစ်ပုံရပြီး ၄င်း၏မျက်နှာပြင်အပေါ်ရှိ အဟများ၊ အက်ကွဲကြောင်းများကိုပင် မြင်ရလေသည်။ ထိုအက်ကြောင်းများအတွင်းတွင်ကား မြေခဓားကမ္ဘာချောက်။

သူက ရိပ်ခနဲလှုပ်ရှား၍ ဓားဘေးတွင် ပေါ်လာ၏။ ယခုတွင် ဓားမှ သူရနေသောအာရုံသည် ချီစုစည်းမှုအဆင့်မှာရှိစဥ်က စုန့်ချွဲနှင့် မြေစီးကြောင်းစွမ်းအင်အတွက် တိုက်ခိုက်ရင်း ရခဲ့သည်နှင့် အလွန်ကွာခြားလေသည်။

သူက အတွေးများကိုဘေးဖယ်ကာ အက်ကြောင်းတစ်ကြောင်း အနားသွားပြီး မြေခဓားကမ္ဘာချောက်ထဲ ဝင်ရောက်လိုက်၏။ အတွင်းထဲတွင် မြူများထူထပ်နေလျက် သူ့အား အတိတ်က အဆိပ်ဝိညာဥ်များကို သတိရမိလိုက်စေသော ဟိန်းဟောက်နေသော အော်ဟစ်သံများဖြင့် ပြည့်နှက်နေလေသည်။

ထိုအော်သံများကို လျစ်လျူရှု၍ သူက နတ်ဘုရားအာရုံမှတစ်ဆင့် အာရုံများနောက်လိုက်ပါသွားရင်း နောက်ဆုံး မြူအတိဖုံးလွှမ်းသော တောင်ကြားတစ်ခုကို ရောက်သွားလေသည်။ တောင်ကြားထဲ ဝင်ရောက်ပြီးနောက် သူသည် အဖြူရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားလျက် ထောင့်အစွန်းတွင် တိုးဝှေ့ပူးကပ်နေရင်း တဆတ်ဆတ်တုန်ယင်နေသော ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရသဖြင့် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်လေသည်။

ထိုကလေးမလေးကား ကုန်းစွန်းဝမ်အာ၏ ဝိညာဥ်အစစ်ဖြစ်သည်။

ကြည့်ရသရွေ့ သူမ၏အသိစိတ်များစွာ ဆုံးရှုံးသွားသဖြင့် သူနှင့် ပတ်သက်သော မှတ်ဉာဏ်အများစုလည်း နုတ်ယူခံခဲ့ပုံရသည်။ သူမမှာ မယုံနိုင်စရာကောင်းလောက်အောင်လည်း အားနည်းနေလေသည်။ သူမက ပိုင်ရှောင်ချန်းကို အာရုံရလိုက်သောအခါ မျက်ဝန်းကလေးများထဲတွင် ကြောက်ရွံထိတ်လန့်မှုများဖြင့် မော့ကြည့်လိုက်သည်။

" အချစ်လေး နင် .....ငါ့ကို စားတော့မှာလား......"

ပိုင်ရှောင်ချန်းမှာ သူမကို ချက်ချင်းသနားသွားကာ သက်ပြင်းချလိုက်သည်။ သူက ခေါင်းကို ခါရမ်း၍ ဖြေးဖြေးချင်း အနားကပ်သွားလိုက်စဥ် ကလေးမလေးက သူ၏ခြေထောက်ကို ဖက်လိုက်လေသည်။

" ဟိုအပြင်မှာ သရဲတွေအများကြိီး အချစ်လေး။ တကယ်ကြောက်စရာကြီး။ နင် ငါနဲ့အတူ ဒိီမှာ ဘာလို့ မပုန်းသေးတာလဲ "

သူက ဆောင့်ကြောင့်ထိုင်ကာ သူမ၏ မျက်ဝန်းကလေးများကို နူးညံ့စွာကြည့်၍ ပြော၏။

" မကြောက်ပါနဲ့ ဝမ်အာ။ ငါ မင်းကို ဒီက ခေါ်သွားပေးမယ်... ဟုတ်ပြီလား"

သူမမှာ ခေါင်းထဲတွင် မှတ်ဉာဏ်များ စတင် ပြန်ပေါ်လာနေလျက် တဆတ်ဆတ်တုန်နေ၏။ အမျိုးအမည်မသိ​ေသာ ခံစားချက်များကြောင့် ဤလူငယ်လေးအား သူမ အလိုအလျောက် ယုံကြည်​နေမိသည်။

တခဏကြာသွားပြီး သူမက ခေါင်းညိတ်လိုက်သည်။ သို့သော် သူမက သူ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ရာ လွှတ်ပေးလိုစိတ်မရှိကြောင်း ထင်ရှားလေသည်။

သူက သူမ၏လက်ကို ဆွဲ၍ မြေခဓားကမ္ဘာချောက်၏အပြင်သို့ ဦးဆောင်ခေါ်လာလေ၏။ သူတို့ အသိစိတ်ပင်လယ်တွင် ပြန်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မရေမတွက်နိုင်သော မကောင်းဆိုးဝါးသရဲများ ရုတ်တရက် ရူးခါသွားကြပြီး ပါးစပ်ကြီးများ ဖြဲလျက် သူမထံ ပျံသန်းလာကြလေသည်။

သို့သော် ပိုင်ရှောင်ချန်းအတူရှိနေသရွေ့ ၄င်းတို့တွင် သူမကို ဝါးမျိုရန် မျှော်လင့်ချက်မရှိပေ။ ၄င်းတို့နီးကပ်လာစဥ်မှာပင် စူးစူးဝါးဝါးအော်ဟစ်ပြီး ကွဲကြေသွားကြတော့သည်။ မကြာခင် သူက ၄င်းတို့အားလုံးကို ဖျက်စီးပြီးသွားလေပြီ။

တစ်ကောင်စီပျောက်သွားတိုင်း ကုန်းစွန်းဝမ်အာ၏ အသိစိတ်က သူမထံ ပြန်ရောက်လာလေသည်။ မကြာမီ သူမက မျက်လုံးများ ပိတ်လိုက်၏။ သို့သော် သူမ၏လက်သည် ပိုင်ရှောင်ချန်း၏လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားဆဲပင်။

ပိုင်ရှောင်ချန်းမှာ စိုးရိမ်နေသေးသည်။ သူ၏နတ်ဘုရားအာရုံကို ထုတ်လွှတ်၍ သရဲမယ်တော်၏အစအနအားလုံး လုံးဝဖျက်စီးခံရပြီးဖြစ်ကြောင်း ထပ်မံအတည်ပြုလိုက်သည်။ သူက ပြုံး၍ သူ၏နတ်ဘုရားအာရုံကို သူ့ခန္ဓာကိုယ်ထဲ ပြန်ပို့လိုက်သည်။

ကုန်းစွန်းဝမ်အာ၏ အခန်းထဲတွင် သူက တဆတ်ဆတ်တုန်ရီလျက် ပြန်နိုးလာ၏။ သူက သူ၏လက်ညှိုးဖြင့် ကုန်းစွန်းဝမ်အာ၏ ခေါင်းထိပ်ကို လှမ်းထိပြီး ညင်သာစွာ ဖိချလိုက်သည်။ သူ ၄င်းကို ပြန်ရုတ်လိုက်သည့်အချိန်မှာပင် ကုန်းစွန်းဝမ်အာက သူ့လက်ကို လှမ်းကိုင်လိုက်သည်။

သူမ၏ မျက်တောင်လေးများ တဖျပ်ဖျပ်လှုပ်ခတ်သွားပြီး သူမက ဖြေးဖြေးချင်း မျက်လုံးလေးများ ဖွင့်လိုက်သည်။ သူမက နွေးထွေးစွာပြုံး၍ မဆိုစလောက်လေးကျီစယ်သည့် လေသံဖြင့် ပြောလိုက်သည်။

" ကျေးဇူးပဲနော် အချစ်လေး "

All Chapters