ဟင်းလင်းပြင်သို့ ခရီးသွားခြင်း
Vol. 13 Ch. 1226
သူမ သူ့လက်ကို ဆုပ်ကိုင်ထားပုံနှင့်ပတ်သက်၍ တစ်ခုခုရှိနေပြီး မဖော်ပြနိုင်လောက်သော ခံ့ညားထည်မှု ပါဝင်နေသည့် သူမ၏ နူးညံ့သောအကြည့်၊ ခပ်ယဲ့ယဲ့အပြုံးနှင့်ပတ်သက်၍ တစ်ခုခုပင်။
မည်သိို့ပင်ဆိုစေ ၄င်းကား အတော်လေးဆွဲဆောင်မှုရှိလေသည်။
၄င်းမှာ သူမထံ သူ့ကို ဆွဲငင်နေသော တကယ့်ချိတ်များအလားပင်။
သူ၏သီးသန့်အခန်းကို ပြန်လာပြီးနောက် သူက မေးခွန်းတစ်ခုတည်းအား မတွေးမိဘဲ မနေနိုင်ပေ။
" သူ အဆင့်တက်တာ တကယ်ပဲ တစ်ခုခုမှားသွားလို့ သရဲမယ်တော် လှုပ်ရှားဖို့ အခွင့်ရေးရသွားတာလား။ ဒါမှမဟုတ် … သူက ဒါတွေအားလုံးကို တမင်လုပ်တာလား "
သူ့အတွက် မေးခွန်းကိုဖြေရန် နည်းလမ်းမရှိသော်လည်း ဒုတိယအချက်က ဖြစ်နိုင်ခြေများလောက်လေသည်။
မည်သည့်နည်းနှင့်မှ အဖြေကို ဆုံးဖြတ်နိုင်မည်မဟုတ်၍ သူက ၄င်းအကြောင်း တွေးနေခြင်းအား ရပ်လိုက်သည်။ ဝိညာဥ်အမြောက်အမြား ထုတ်ရန် သူ၏လက်ကိုဝှေ့ယမ်း၍ သူသည် နောက်တစ်ဖန် နှစ်ဆယ့်သုံးရောင်ခြယ်မီးတောက်ကို စတင်လုပ်ဆောင်တော့သည်။
ထာဝရအင်မော်တယ်နယ်မြေများအားလုံးနှင့် ၄င်းတို့၏အလွန်မှာပင် နှစ်ဆယ့်သုံးရောင်ခြယ်မီးတောက် ဘယ်တော့မှ မတည်ရှိခဲ့ဖူးပေ။ ပိုင်ရှောင်ချန်းသည် အားလုံး ပါရမီရှင်ပိုင်ဟောက်၏ ကျေးဇူးများကြောင့် သမိုင်းထဲက မည်သူမဆိုထက် ပို၍ဝေးသော အာကာသအောက်လမ်းဆရာ လမ်းစဥ်ကို ခရီးနှင်ခဲ့ပြီး ဖြစ်သည်။
ဤအကြိမ်တွင် သူ့အတွက် နှစ်ဆယ့်သုံးရောင်ခြယ်မီးတောက်ဖန်တီးနည်းကို ပုံဖော်ရန် နှစ်ပေါင်းများစွာ ကြာလေသည်။ သို့ထိတိုင် ထိုနှစ်အချိန်အားလုံးနှင့် နိမိတ်ဖတ်ခြင်းအားလုံးဖြင့်ပင် သူက အမှန်တကယ် မီးတောက်ဖန်တီးကြည့်ရန်အထိ ယုံကြည်ချက်လုံလုံလောက်လောက် မရှိသေးပေ။
သူ့တွင် လုပ်ကိုင်ရန် ဝိညာဥ်များ အလွန်နည်းပါးသည့်အချက်ကြောင့် ပိုဆိုးလေသည်။ သူ့မှာရှိသည့် အများစုက ရတနာယပ်တောင်မှ ရရှိခဲ့ခြင်းဖြစ်ပြီး သူ၏တွက်ချက်မှုများအပေါ်အခြေခံ၍ အားထုတ်မှု လေးကြိမ်အတွက်သာ လုံလောက်လေသည်။
သူ လေးကြိမ်ဆက်တိုက် မအောင်မြင်လျှင် အလုပ်ဆက်လုပ်ရန် ဝိညာဥ်လုံလောက်တော့မည် မဟုတ်ပေ။ တော်သေးသည်မှာ ဗဟိုဧကရာဇ်နိုင်ငံတည်ထောင်ပြီးနောက် သူတို့အုပ်ချုပ်သည့်ပိုင်နက်ကို ကောင်းကင်တံတားဒေသကဲ့သို့ ခပ်ဆင်ဆင် ပြောင်းလဲလာစေသော ထူးဆန်းသည့် သဘာဝနိယာမ တစ်ခု ဖြစ်တည်လာခဲ့လေသည်။ ဝိညာဥ်များ စတင် ထွက်ပေါ်လာခဲ့ရာ ပိုင်ရှောင်ချန်းက ၄င်းတို့ကို စုဆောင်းရန် စိတ်စွမ်းအင်အဆင့်မြှင့်တင်သူများကို ဓမ္မအမိန့်တစ်ခု ထုတ်ပြန်စေလိုက်တော့သည်။
လုံလောက်သည့်အချိန် ကုန်လွန်သွားပြီးနောက် မီးတောက်ဖန်တီးရာတွင် အားထုတ်မှုတစ်ခုထပ်မံ ခွင့်ပြုရန် လုံလောက်သော ဝိညာဥ်များ စုဆောင်းပြီးသွားလေသည််။
" အခွင့်အရေးငါးခုပဲ..... "
သူက တွေးသည်။ သူသည် ဝိညာဥ်များကို ကြည့်ပြီးနောက် သူ၏ဖန်တီးနည်းအသစ်ကို ပြန်လည်ဆန်းစစ်လိုက်၏။ နောက်ဆုံး၌ သူ၏မျက်လုံးများက စိတ်ပိုင်းဖြတ်ထားခြင်းများဖြင့် တောက်ပလာပြီး သူ၏ပထမဆုံးဖန်တီးခြင်းအားထုတ်မှု လုပ်ဆောင်တော့သည်။
ဝိညာဥ်များ စုဆုံပြီး ရောင်စုံမီးတောက်တစ်ခုအသွင် ဖြစ်ပေါ်တော့မည့် လက္ခဏာများ စတင်ပြလာစဥ် ပိုင်ရှောင်ချန်း၏ ပြည့်စုံသော အာရုံက လက်ရှိလုပ်ဆောင်နေသည့် အလုပ်အပေါ် စူးစိုက်သွား၏။ ခုနစ်ရက်ကြာပြီးနောက် သူ၏အမူအရာ ရိပ်ခနဲဖြစ်သွားပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက် အလျင်အမြန် ဖော်လိုက်သည်။ သူ့ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို အသုံးပြု၍ သူက မီးတောက် မတည်မငြိမ်ဖြစ်သောအခါ အကျိုးဆက်အဖြစ် ယခုလေးတင် ပေါ်ပေါက်လာခဲ့သည် ပေါက်ကွဲမှုစွမ်းအားကို အတင်းအကြပ်ဖိနှိပ်လေသည်။
သူက ပရမ်းပတာဖြစ်နေသောမီးတောက် တစတစ ပျောက်ကွယ်သွားနေသည်ကို စောင့်ကြည့်နေစဥ် ခပ်အုပ်အုပ် ပေါက်ကွဲသံတစ်သံကြားလိုက်ရလေသည်။ ထို့နောက် သူက မှားသွားခဲ့သည့်အရာကို ဆုံးဖြတ်ရန် ဖြစ်စဥ်ကို ခွဲခြမ်းစိတ်ဖြာနေသဖြင့် မျက်လုံးများနီရဲလျက် သိသိသာသာ မချင့်မရဲဖြစ်နေရင်း မလှုပ်မယှက်ထိုင်နေတော့သည်။
သူသည် နိမိတ်များဖတ်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့ပေါ် လပေါင်းများစွာ အချိန်ပေးလိုက်သည်။ အိိပ်ချိန်များနှင့် နိစ္စဓူဝကိစ္စများကို လျစ်လျူရှုရင်း သူက ယခင်ပြဿနာများအားလုံးကို ဖြေရှင်းရန် ကြိုးစားရာတွင် အရူးအမူးအာရုံထားတော့သည်။ ထိုအချိန်တွင် သူ၏ ဒုတိယမြောက်အားထုတ်မှုကို လုပ်ဆောင်၏။
ကံဆိုးစွာပင် ၄င်းသည်လည်း မအောင်မြင်ပေ။
သူ၏သုံးကြိမ်မြောက်နှင့် လေးကြိမ်မြောက်အားထုတ်မှုများလည်း ထိုနည်းတူပင်။
အကြိမ်တိုင်း သူသည် သူ၏ဖန်တီးနည်းအား ပြီးပြည့်စုံစေရန်နှင့် ပြဿနာများအားလုံး ဖြေရှင်းရန် ကြိုးစားရန် အချိန် ပို၍ကြာကြာပေးထားလေသည်။ သူ၏ ငါးကြိမ်မြောက်အားထုတ်မှုအတွက် အဆင်သင့်ဖြစ်သည့်အချိန်တွင် သုံးနှစ်ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
တပေါက်နှင့် ရှောင်ရှောင်မှာ ခါတိုင်းကဲ့သို့ ဆိုးမြဲဆိုးဆဲဖြစ်ပြီး ဗဟိုဧကရာဇ်နိုင်ငံကား ဆက်လက်တိုးတက်စည်ပင်လာနေလေသည်။ ထိုမျှသာမက စစ်ေအာင်ဘုရင်သည် နောက်ဆုံးအဆင့်တက်သွားပြီး ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်လာလေသည််။
ယခု ဗဟိုဧကရာဇ်နိုင်ငံ၌ ကောင်းကင်ဧကရာဇ်လေးပါးရှိလေပြီ။ နောက်တဖန်ထပ်၍ နိုင်ငံတော်သည် ပို၍ ခိုင်မာတောင့်တင်းပြီး ပို၍အင်အားကြီးလာတော့သည်။
ထိုအချိန် ပိုင်ရှောင်ချန်းက သူ၏ငါးကြိမ်မြောက် အားထုတ်မှုအား စတင်လေသည်။
အကယ်၍ သူမအောင်လျှင် နောက်ထပ်ဝိညာဥ်များရှိတော့မည် မဟုတ်ဘဲ နောက်တစ်ခေါက်ကြိုးစားရန်အတွက် လုံလုံလောက်လောက် မရှာနိုင်ခင် အချိန်မည်မျှကြာလိမ့်မည််ကို မည်သူသိမည်နည်း။ ဤငါးကြိမ်မြောက်အားထုတ်မှုတွင် သူသည် နှစ်ဆယ့်သုံးရောင်ခြယ်မီးတောက်ဖန်တီးရာတွင် အောင်မြင်မည်ဖြစ်ကြောင်း ခုနစ်ဆယ်ရာခိုင်နှုန်း သေချာေနသည်။
ဂရုတစိုက်၊ တိတိကျကျဖြင့် လုပ်ဆောင်ပြီးနောက် သူ့အရှေ့ရှိ ပရမ်းပတာဖြစ်နေသောမီးတောက်တွင် နောက်ထပ်အရောင်တစ်ရောင်ပေါ်လာ၏။ ၄င်း နှစ်ဆယ့်သုံးရောင်မြောက်က အရောင်တစ်ရောင်အဖြစ် သရုပ်ကွဲသွားစဥ် ဖော်ပြ၍ပင်မတတ်နိုင်သော အရှိန်အဝါတစ်ခု ပိုင်ရှောင်ချန်း၏ သီးသန့်အခန်းမှ တဟူးဟူးအုံကြွလာတော့သည်။
သူ၏သီးသန့်အခန်းကို ကာကွယ်ပေးနေသော မန္တန်အစီအရင်ပင် ထိုအရှိန်အဝါကို ထိန်းသိမ်းနိုင်သည်အထိ စွမ်းအားမကြိီးပေ။ အမှန်တွင် ၄င်းမှာ အင်ပါယာနန်းတော်၏ မန္တန်အစီအရင်သာမက မြို့တော်ကို လွှမ်းခြုံထားသောတစ်ခုကိုပင် ဝုန်းခနဲ ဖောက်ထွက်သွားလေသည်။
အရှိန်အဝါ တဟုန်ထိုးထွက်ပေါ်လာသဖြင့် မိုးကောင်းကင်ကြီး မှေးမှိန်သွားပြီး တိမ်တိုက်များ တလိပ်လိပ်ထလာတော့သည်။ ရောင်စုံအလင်းသည် လေထဲကို မတူညီသောအရောင် နှစ်ဆယ်သုံးရောင်ဖြင့် ပြည့်နှက်နေသည့် ကြီးကျယ်ခမ်းနားသော မီးပင်လယ်တစ်ခု ဖြစ်တည်လာသည့်တိုင်အောင် ပြည့်နှက်သွားလေသည်။
၄င်းက ပတ်ဝန်းကျင်ရှိ လူတိုင်း၊ အထူးသဖြင့် ကောင်းကင်တံတားဒေသမှ ကျင့်ကြံသူများ၏ အာရုံကို ချက်ချင်းဆွဲဆောင်လိုက်လေသည်။ ၄င်းမှာ သူ၏သွေးများမှ လာနေသော အာရုံတစ်ခု ဖြစ်ပြီး သူတို့မှာ လေးလေးနက်နက်တုန်လှုပ်သွားကြလေသည်။
" ဒါ.... "
" အဲဒါ အရောင် ဘယ်နှရောင်တုန်း "
" ဘုရားရေ၊ အဲဒါ .... နှစ်ဆယ့်သုံးရောင်ခြယ်မီးတောက်ပဲ "
တအံ့တသြအော်သံများ ဗဟိုဧကရာဇ်နိုင်ငံတွင် ပြည့်နှက်သွားပြီး မကြာခင် ပိုင်ရှောင်ချန်း၏ ရယ်သံကြီးက ၄င်းတို့ဖြင့် ပူးပေါင်းလိုက်လေသည်။
သူက သူ၏လက်ဖဝါးတွင် တဖျပ်ဖျပ်လှုပ်နေသော နှစ်ဆယ့်သုံးရောင်ခြယ်မီးတောက်ကို ကြည့်နေစဥ် သူ၏မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ဝင်းလက်နေတော့သည်။ နှစ်ဆယ့်သုံးရောင်ခြယ်မီးတောက် ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏လက်ခုံပေါ်ရှိ ပိုင်ဟောင်ကို ကိုယ်စားပြုသော အမှတ်အသားက တုန်ရီသွားကြောင်း အာရုံရလိုက်ရာ သူ့အတွက် စိတ်ငြိမ်ငြိမ်ထားရန် တကယ့်ကို မဖြစ်နိုင်တော့ပေ။
ဤနှစ်ဆယ့်သုံးရောင်ခြယ်မီးတောက်သည် ပိုင်ဟောက်အတွက် ကြီးမားသောအကူအညီဖြစ်မည် ဖြစ်သည်။
ပင်ကိုအသိစိတ်သက်သက်အရ ပိုင်ရှောင်ချန်းမှာ ပိုင်ဟောက်၏အမှတ်အသားထဲသို့ နှစ်ဆယ့်သုံးရောင်ခြယ်မီးတောက်ကို ပို့လွှတ်ကာ ကတုန်ကယင်ဖြစ်နေခြင်းအား တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
သူ၏အတွေး အလုပ်ဖြစ်မည်လား သေသေချာချာသိရန် သူ့မှာ နည်းလမ်းမရှိပေ။ သို့သော် ယခုတွင် အမှတ်အသားမှလာနေကြောင်း အာရုံရလိုက်သည့် အခိုးအငွေ့များအရ သူ့မှာ အားကောင်းသော ကြိုတင်သိစိတ်တစ်ခု ရှိလေသည်။
"ငါ သုံးဆယ်ရောင်ခြယ်မီးတောက်ကို ဟောက်အာရဲ့ အမှတ်အသားထဲ ပို့နိုင်ရင် သေချာပေါက် သူ့ကို အသက်ပြန်သွင်းလို့ရလိမ့်မယ် "
ပိုင်ဟောက် မည်ကဲ့သို့သေဆုံးသွားခဲ့ရကြောင်း တွေးမိလိုက်ရုံနှင့် သူ၏နှလုံးသားကို တဆစ်ဆစ် နာကျင်သွားစေလေသည်။
ပိုင်ဟောက်သည်သာ သူ့ဘဝတစ်လျှောက်လုံးတွင် သတ်မှတ်ခဲ့ဖူးသည့် တစ်ဦးတည်းသော တပည့်ဖြစ်သည်။
နှစ်ဆယ့်သုံးရောင်ခြယ်မီးတောက်က သူ၏လက်ပေါ်က အမှတ်အသားအတွင််း အပြည့်အဝပေါင်းစည်းသွားပြီးနောက် ပိုင်ရှောင်ချန်း၏ မျက်လုံးများထဲ စိတ်ပိုင်းဖြတ်ထားမှုများဖြင့် တောက်ပလာတော့သည်။
ယခင်က သူသည် ပိုင်ဟောက်ကို အသက်ပြန်သွင်းရန် မီးတောက်ဖန်တီးခြင်းနည်းလမ်းများကို အသုံးပြုနိုင်ကြောင်း အတည်ပြုရန် သက်သေမရှိခဲ့ပေ။ သို့သော် ဤအခိုက်အတန့်ဝယ် သူ၏အရှေ့တွင် ခင်းထားသည့် လမ်းအသစ် ရှိေနလေပြီ။
" ငါ ဝိညာဥ်တွေ ထပ်လိုတယ်"
သူက တင်းမာခက်ထန်သောအရိပ်အငွေ့များ သူ့မျက်နှာထက် ကြီးစိုးသွားလျက် ပြောသည်။ ဝိညာဥ်လက်ကျန်ပမာဏ ကုန်သွားခဲ့ပြိီဖြစ်ပြီး ရတနာယပ်တောင်ကြီးတွင်လည်း မည်သည့်ဝိညာဥ်မှ မရှိတော့ပေ။ သို့သော် သေချာပေါက် အဆုံးမရှိသော ဝိညာဥ်ပမာဏ ရှိသည့် နေရာတစ်ရာရှိသေးသည်။
သူ ကောင်းကင်ကို မော့ကြည့်သည်တွင် ၎င်းက ကြယ်တာရာကောင်းကင်တစ်ခုနှင့် တူသော်လည်း အမှန်တကယ်တွင် ကျယ်ပြောသော ဟင်းလင်းပြင်ကြီးတစ်ခု ဖြစ်လေသည်။
" အဲဒီ မှောင်မဲနေတဲ့ဟင်းလင်းပြင်မှာ မရေမတွက်နိုင်တဲ့ အပျက်အစီးတွေ၊ အဆုံးမရှိတဲ့ အကျိုးအပဲ့တွေနဲ့ ပြည့်နေတယ်။ အဲဒီမှာ သေဆုံးသွားတဲ့သူတွေရဲ့ အကန့်အသတ်မရှိတဲ့ ဝိညာဥ်တွေလဲ ရှိတယ်" သူက သူ၏နိူင်ငံတော် ထူထောင်ခဲ့ပြီးသည့် နှစ်များကတည်းက စုန့်ချွဲကို စစ်ဆေးရန် ယပ်တောင်ထံ အကြိမ်ရေအနည်းငယ်သာ သွားခဲ့လေသည်။
ယခုတွင် ပိုင်ဟောက်အား မည်သို့အသက်ပြန်သွင်းရမည်ကို သိပြီဖြစ်၍ သူက ဆုံးဖြတ်ချက်အသစ်တစ်ခု ချလိုက်လေသည်။
"ငါ ယပ်တောင်သုံးပြီး မီးတောက်ဖန်တီးရင်း၊ ဝိညာဥ်တွေ စုတောင်းရင်း ဟင်းလင်းပြင်ကို ခရီးနှင်မယ်။ ငါ သုံးဆယ်ရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်တာနဲ့ ဟောက်အာကို အသက်ပြန်သွားမယ် "
ဤသည်မှာ အကောင်းဆုံးအကြံဖြစ်ကြောင်း ကောက်ချက်ချရင်း သူက စုန့်ကျင်းဝမ်၊ ကျိုးကျစ်မို၊ တပေါက်နှင့် ရှောင်ရှောင်ကို စစ်ဆေးရန် နတ်ဘုရားအာရုံ ပို့လွှတ်လိုက်သည်။
သူသည် သူတို့ထံမှ အလွန်ဝေးကွာသောနေရာတွင် ခရီးနှင်နေမည်ဖြစ်သော်လည်း တည်နေရာရွှေ့ပြောင်းခြင်းအားဖြင့် အချိန်မရွေး ဗဟိုဧကရာဇ်နိုင်ငံထံ ပြန်လာနိုင်လေသည်။ သို့သော် အန္တရာယ်ကင်းစေရန်လေးအတွက် သူက လိုအပ်ပါက ချက်ချင်း လှုပ်ရှားရန်အလို့ငှာ အဆင်သင့်ဖြစ်နေသော ကိုယ်ပွားပုံစံဖြင့် နတ်ဘုရားအာရုံတချို့ ချန်ခဲ့ရန် ဆုံးဖြတ်လိုက်သည်။
သူက သူ၏အစီအစဥ်ကို သူ၏မိသားစုထံ မပြောပြပေ။ သူက သူ၏ခေါင်းကိုသာ ထိလိုက်ရာ သူ့ထံမှ ကိုယ်ပွားတစ်ခု လမ်းလျှောက်ထွက်လာပြီး တင်ပျဥ်ခွေထိုင်ကာ တရားထိုင်တော့သည်။
နောက်ထပ်တုံ့ဆိုင်းမနေတော့ဘဲ သူ ပျောက်ကွယ်သွားပြီး ရတနာယပ်တောင်၏အပေါ် ဟင်းလင်းပြင်၏ အမှောင်ထုထဲတွင် ပြန်ပေါ်လာလေသည်။