← Chapters

စက္ကူကမ္ဘာ

Vol. 13 Ch. 1228

စက္ကူကမ္ဘာ

Vol. 13 Ch. 1228

ပိုင်ရှောင်ချန်းက အမှုမထားသလို သူ၏လက်ကိုခါယမ်းရင်း ပြောသည်။

" စိတ်မပူပါနဲ့။ ငါ့မှာ ဒီလိုဟာမျိုးနဲ့ပတ်သက်ရင် အတွေ့အကြုံတွေ အများကြီးရှိပါတယ်ကွ "

ဝိညာဥ်များစွာ ထပ်ရတော့မည့်အရေး တွေးရင်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလျက် သူက စောင့်ရန် ထိုင်ချလိုက်သည်။

ပထမတွင် မီးအိမ်များသည် ရက်အနည်းငယ်ကြာတိုင်း လာတတ်သည်။ သို့သော် လအနည်းငယ်လွန်သော် အကြိမ်နှုန်းကား ရက်သတ္တပတ်အနည်းငယ်ကြာတိုင်း တစ်လုံးအဖြစ် ကျဆင်းသွားလေသည်။

နောက်ဆုံး မီးအိမ်တစ်လုံးမှ ရောက်မလာဘဲ လေးလကုန်ဆုံးသွားပြီဖြစ်၍ သူ စိတ်ပျက်နေတော့သည်။ ထိုမျှသာမက ရေတွင်းမှာ အချိန်မရွေးပျောက်ကွယ်တော့မည့်အလား ထူးဆန်းစွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာလေသည်။

၄င်းကို ကြည့်ခြင်းအားဖြင့် တစ်လအတွင်း ပျောက်ကွယ်တော့မည့်ဟန်တူသည်။ ပိုင်ရှောင်ချန်းက လျှော့မပေးလိုဘဲ နောက်ဆုံး ရေတွင်းကို စူးစိုက်ကြည့်လိုက်သည်။

" ဒီဟာက လျှို့ဝှက်ဆန်းကြယ်လိုက်တာ။ ဘာလဲမသိဘူး။ ငါ ဒီလိုဟာမျိုး နောက်ထပ် တွေ့ဦးမလား သိချင်မိတယ်....."

သူက ဝိညာဥ်များစုဆောင်းလိုစိတ်နှင့် အန္တရာယ်ကိုကြောက်ရွံခြင်းအကြားတွင် အမှန်တကယ် ဝေခွဲရခက်နေတော့သည်။

နောက်ဆုံးတွင် သူသည် အန္တရာယ်ရှိသောအရာတစ်ခုခု မမြင်ဘဲ ဤနေရာတွင် အချိန်အတော်ကြာ ရှိနေခဲ့ပြီးသည်ကို စဥ်းစား၍ နည်းနည်းမျှ ထပ်သွားလိုက်မည်ဟု ကောက်ချက်ချလေ၏။ ထို့နောက် သူက ယပ်တောင်ကို ရေတွင်း အနားပို၍ ကပ်သွားစေပြိီး ယပ်တောင်၏ အခြားအရာများအား ဝါးမျိုနိုင်စွမ်းကို အသက်သွင်းလိုက်သည်။

" ငါ ရေတွင်းကို ယပ်တောင်အထဲ စုပ်ယူနိုင်ရင် အကောင်းဆုံးဖြစ်မှာ "

ပိုင်ရှောင်ချီက ကန့်ကွက်ကြောင်း အော်လိုက်သော်လည်း ဝင်မနှောင့်ယှက်ပေ။ သို့နှင့် ယပ်တောင်ကြီးကား ရေတွင်းထံ တန်းတန်းမတ်မတ် ဝင်တိုက်သွားလေသည်။

ထူးဆန်းစွာပင် ပိုင်ရှောင်ချန်းနှင့် ပိုင်ရှောင်ချီ မျှော်မှန်းထားသကဲ့သို့ မည်သည့်ထစ်ခြုန်းသံများမှ မရှိပေ။ ရေတွင်းမှာ အခြားမတူညီသောနယ်ပယ်တစ်ခုတွင် တည်ရှိသည့်အလား။ သို့မဟုတ် ဖောက်ထွင်းမြင်ရသည့်အလား၊ ယပ်တောင်မှာ ၄င်းကို တည့်တည့်ဖြတ်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ တအံတသြပင့်သက်ရှိုက်မိသွား၏။ ဤသည်မှာ ယပ်တောင်မကိုင်တွယ်နိုင်သည့်အခြေအနေတစ်ရပ်ကို သူ ပထမဆုံးအကြိိမ်တွေ့ကြုံခြင်း ဖြစ်သည်။ ရေတွင်းကို ဖြတ်သွားပြီးနောက် ပိုင်ရှောင်ချန်းက ၄င်းကို ပြန်ကြည့်ပြီး မည်သို့လုပ်ရမည်နှင့်ပတ်သက်၍ အချိန်ကြာမြင့်စွာ ချီတုံချတုံဖြစ်နေတော့သည်။ သူ လက်လျှော့လိုက်နိုင်သော်လည်း တချိန်တည်းမှာပင် ထိုရေတွင်းထဲ၌ ဝိညာဥ်များအားလုံး ရှိနိုင်သည့်အကြောင်းကို မတွေးဘဲမနေနိုင်ပေ။ နောက်ဆုံး သူက တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။

" အထဲကို တစ်ချက်လောက် ကြည့်တာလေးက ပြဿနာမရှိလောက်ပါဘူး...."

သူက အံတင်းတင်းကြိတ်ရင်း ယပ်တောင်ကို ရေတွင်း၏ နှုတ်ခမ်းဝထံ စေလွှတ်လိုက်သည်။

အနားရောက်လျှင်ရောက်ချင်း သူက ကျင့်ကြံခြင်းအခြေခံ စွမ်းအားကို ထုတ်ဖော်ကာ နတ်ဘုရားအာရုံတချို့ ပို့လွှတ်လိုက်သည်။ သို့သော် ရေတွင်းက သီးသန့်တည်ရှိနေဟန်တူရာ အထဲတွင် မည်သည့်အရာရှိသည်ကို နတ်ဘုရားအာရုံဖြင့် ​ကြည့်ရန် မဖြစ်နိုင်အောင် ဖြစ်နေတော့သည်။ သူ လူကိုယ်တိုင်သာ ချဥ်းကပ်သွားနိုင်လေသည်။

အခြေအနေနှင့်ပတ်သက်၍ တစ်စုံတရာမှ အန္တရာယ်များပုံမရဘဲ ထိုသည်က သူ့ကို အတန်ငယ် စိတ်သက်သာရာရကာ သက်ပြင်းချမိသွားစေပါသော်လည်း သတိတော့မလွတ်ပေ။ သူက ရင်တဒိန်းဒိန်းခုန်လျက် ရေတွင်းထဲသို့ ငုံ့ကြည့်လိုက်သည်။

သူမြင်လိုက်သည့်အရာက သူ၏မျက်လုံးများကို ပြူးကျယ်သွားစေလေသည်။

၄င်းကား လုံးဝ အခြားကမ္ဘာတစ်ခုပင်။

ရေတွင်း၏ နှုတ်ခမ်းဝက ထိုကမ္ဘာ၏ မိုးကောင်းကင်အလား ဖြစ်ပေသည်။ ပို၍ အံသြတုန်လှုပ်ဖွယ်ကောင်းသည်က တစ်ကမ္ဘာလုံး စက္ကူဖြင့် ပြုလုပ်ထားပုံရခြင်းပင်။

ကုန်းမြေများ၊ တောင်တန်းများ၊ မြစ်များ၊ အဆောက်အအုံများ။ အရာအားလုံး စက္ကူပင်။ ထိုစက္ကူအားလုံး၏မျက်နှာပြင်များအပေါ် မြင်ရသည်မှာ မရေမတွက်နိုင်သောဝိညာဥ်များ ဖြစ်သည်။ ပိုင်ရှောင်ချန်း စိတ်ကူးနိုင်သော မည်သည့်အရာမဆိုနှင့် သွေဖယ်နေသော ပမာဏဖြစ်၏။

ထိုကမ္ဘာသည် အလွန်စနစ်ကျပုံပေါ်၏။ ဝိညာဥ်များမှာ အဆင့်အလိုက် တင်းကြပ်စွာ အတန်းလိုက်ထားရှိခံရပြီး နတ်အဆင့်ကျင့်ကြံသူများ၊ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများနှင့် ကောင်းကင်ဧကရာဇ်များ၏ ဝိညာဥ်များ ပါရှိလေသည်။ လောကနတ်ဘုရားဝိညာဥ်တစ်ကောင်ပတ်လည်တွင် စုအုံနေသော စက္ကူလူတစ်ဖွဲဲ့ပင် ရှိသည်။

၄င်းတို့အားလုံးမှာ လုံးဝမယုံကြည်နိုင်ဖွယ်ကောင်းသည့်ပုံ ပေါ်နေတော့သည်။ သို့သော် ထိုအချိန် ပိုင်ရှောင်ချီက ရုတ်တရက် ထအော်လိုက်၏။

" သခင်လေး နောက်မှာ… "

ပိုင်ရှောင်ချီ စကားပင် မဆုံးခင် ခြောက်ကပ်နေသောလက်ကြိီးတစ်ဖက်က ပိုင်ရှောင်ချန်းနောက်တွင် ဝုန်းခနဲ ပေါ်လာပြီး သူ့ကို တွန်းလိုက်သည်။

၄င်းက အတော်လေးလျင်မြန်စွာ ရွေ့လျားနေခြင်းမဟုတ်သော်လည်း ပိုင်ရှောင်ချန်းမှာ နောက်လှည့်ကြည့်ရန်သော်လည်းကောင်း၊ အခြားနည်းဖြင့်တုံ့ပြန်ရန်သော်လည်းကောင်း အချိန်မရှိပေ။ မည်သည့်ခုခံမှုမဆို အချည်းနှီးပင်။

ကြီးမားသောအားကြီးက သူ့ကို ဝင်ဆောင်လိုက်ရာ ရေတွင်းထဲတန်းတန်းမတ်မတ် တွန်းချခံလိုက်ရသဖြင့် သူ အထိတ်တလန့် အော်ဟစ်လိုက်တော့သည်။

တချိန်တည်းမှာပင် ပုံရိပ်တစ်ခုပေါ်လာ၏။ လက်တွင် မီးအိမ်တစ်လုံးကိုင်ဆောင်ထားသော ခါးကုန်းကုန်းအဘွားကြီးတစ်ယောက် ဖြစ်သည်။ ပိုင်ရှောင်ချန်းက ရေတွင်းထဲ ကျသွားစဥ် အဘွားကြီးက တွင်းနှုတ်ခမ်းဝတွင်ရပ်၍ နောက်ရှိ ယပ်တောင်ကို ကြည့်နေသည်။

ပိုင်ရှောင်ချီမှာ သူ့ကိုယ်သူ အဘွားကြီး၏ အကြည့်ခံအရာဝတ္ထုဖြစ်ကြောင်း တွေ့လိုက်ရသောအခါ သူ၏အမွှေးများအားလုံး အဆုံးထိထောင်တက်သွားပြီး မိုးမြေဧကရာဇ်၏လက်မောင်းအရှိန်အဝါအပါအဝင် ယပ်တောင်၏ အကာအကွယ်များအားလုံးကို အမြင့်ဆုံးအရှိန်ရောက်စေလိုက်သည်။

ထိုအဘွားကြီး၏ ပါးရေများတွန့်နေသော မျက်နှာတွင် တိိမ်များဖုံးလွှမ်းနေသည့် မျက်လုံးများ တည်ရှိလေသည်။ ရုတ်တရက် သူမက ပြုံးလိုက်၏။ ဝါကြင့်ကြင့်သွားများဖြင့် အရုပ်ဆိုးသောအပြုံးတစ်စ ဖြစ်လေသည်။ ထို့နောက် သူမကလှည့်၍ ပျောက်ကွယ်သွားသည်။

ထိုအချိန် ပိုင်ရှောင်ချန်းမှာ အော်ဟစ်ရင်း အောက်ဖက် စက္ကူကမ္ဘာအတွင်း ကျသွားတော့သည်။ နောက်ဆုံး သူက အဟုန်ကို ထိန်းလိုက်နိုင်ပြီး တုန့်ခနဲရပ်လိုက်၏။ သူ ထိုနေရာတွင် တန့်နေစဥ် ဘေးဘီဝဲယာကို ကြည့်ပြီးနောက် မိုးကောင်းကင်ကို မော့ကြည့်လိုက်ရာ မျက်နှာကိုးခု မြင်လိုက်ရလေသည်။

မျက်နှာအားလုံး အဘွားကြီးနှင့်တူပြီး မျက်နှာသွင်ပြင်များ တထပ်တည်းဖြစ်ကာ မျက်လုံးများပိတ်ထားသော်လည်း ပါးစပ်များ ဟထားလေသည်။ ပိုင်ရှောင်ချန်းက ထိုပါးစ​ပ်​ပေါက် တစ်ပေါက်မှ ကျလာခဲ့ခြင်းဖြစ်ကြောင်း ပြောနိုင်လေသည်။

"ရေတွင်းက တကယ်တမ်း သူတို့ ပါးစပ်ပေါက်တွေလား။ ဘယ်သူငါ့ကို တွန်းလိုက်တာလဲ။ အဘွားကြီးတစ်ယောက်လား။ သူက ဘာကျင့်ကြံခြင်းအဆင့် ရှိတာတုန်း "

သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းရင်း ထွက်ခွာရန် နည်းလမ်းတစ်ခု ရှာရန် ပြင်လိုက်သော်လည်း သူ မပြင်နိုင်ခင် တစ်ခုခု ဖြစ်ပျက်သွားလေသည်။

သူ၏ခန္ဓာကိုယ်ကား စတင်၍ စက္ကူအသွင် ပြောင်းလာလေသည်။

အမှန်တွင် သူ၏လက်များမှာ စက္ကူအတိဖြစ်နေပြိီးလေပြိီ။

ဤသည်မှာ ဗဟိုဧကရာဇ်နိုင်ငံအသစ် တည်ထောင်စဥ်ကတည်းက အန္တရာယ်အများဆုံးသောအခြေအနေဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ၏စိတ်အစဥ်မှာ ချာချာလည်မူးနောက်သွားတော့သည်။

မိစ္ဆာဧကရာဇ်နှင့် တိုက်ပွဲသည်ပင် သူ၏ထိန်းချုပ်နိုင်မှုအတိုင်းအတာအတွင်း ရှိခဲ့သော်လည်း ဤသည်က ခြားနားသည်။ တွေးရန်သော်လည်းကောင်း၊ အစီအစဥ်ဆွဲရန်သော်လည်းကောင်း အချ်ိန်မရှိပေ။ သူက ချက်ချင်းပင် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအားလုံးနှင့် ထာဝရအပိုင်းမှ ပြန်လည်ကောင်းမွန်ခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ သို့သော် ၄င်းတို့က ဖြစ်စဥ်ကို နှေးကွေးအောင် လုပ်နိုင်သော်လည်း မရပ်တန့်နိုင်ပေ။ ကမ္ဘာအတွင်းရှိ သဘာဝနိယာမများက ဝင်ရောက်လာသည့် သက်ရှိအားလုံး စက္ကူဖြစ်လာရန် အဆိုပြုထားသည့်အလားပင်။

" ချီးပဲ ချီးပဲ"

ပိုင်ရှောင်ချန်းမှာ မျက်လုံးများ နီရဲလျက် ဆဲဆိုလိုက်သည်။ သူက တောက်ပနေသော မျက်လုံးနီနီများဖြင့် စက္ကူလူတစ်ယောက် ဖြစ်ချင်လိုစိတ် နည်းနည်းလေးပင် မရှိသောကြောင့် ဟိန်းဟောက်ပြီး ထိုကမ္ဘာမှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။

ကံဆိုးစွာပင် ထိုအချိန် ကမ္ဘာထဲရှိ အခြားစက္ကူလူများအားလုံး မှင်သက်နေသော ပိုင်ရှောင်ချန်းကို ရုတ်တရက် မော့ကြည့်လိုက်သည်။ သူတို့အားလုံးနှင့် ချိတ်ဆက်နေသော ဝိညာဥ်များအားလုံး၌ အေးစက်သောအရှိန်အဝါများရှိိပြီး ၄င်းတို့က ဟိန်းဟောက်ကာ သူရှိရာဘက်သို့ ချီတက်လာကြလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းတို့က မရေမတွက်နိုင်သော နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်များ ထုတ်လွှတ်ရင်း နီးကပ်လာကြတော့သည်။

မှော်များက စက္ကူအပိုင်းအစများအသွင်ဖြစ်ပြီး ဤကမ္ဘာရှိ သဘာဝနိယာမများ၏ စွမ်းအားများဖြင့် တဂျိန်းဂျိန်းမြည်ဟည်းနေလေသည်။ ကံဆိုးစွာပင် ပိုင်ရှောင်ချန်း၏ ထာဝရအပိုင်းပင် သူ့ကိုယ်သူ ကာကွယ်ရန် များများစားစား မလုပ်နိုင်ပေ။ ထိုအခိုက် သူ၏လက်မောင်းတစ်ဖက်လုံး စက္ကူ ဖြစ်သွားလေပြီ။

" အနိုင့်ကျင့်ချက်ပဲ "

သူက အော်လိုက်သည်။ သူ၏ကိုယ်ပိုင် နတ်ဘုရားစွမ်းရည်များသာမက သူ၏ အနာဂတ်ပါရမီကျမ်းပင် လုံးဝထိရောက်ပုံမပေါ်သဖြင့် သူ မချင့်မရဲဖြစ်နေတော့သည်။ သူက အံတင်းတင်းကြိတ်ရင်း သူ၏စက္ကူမဖြစ်သေးသော လက်ကိုသုံး၍ ဝိညာဥ်စုစည်းဆေးလုံး လက်တစ်ဆုပ် ထုတ်ကာ သူ့နောက်ကို ပစ်ပေါက်လိုက်သည်။ ၄င်းတို့ ပေါက်ကွဲသွားစဥ် အနီးနားရှိ ဝိညာဥ်များကိုစုပ်ယူလိုက်ရာ စက္ကူလူများ၏ သက်စောင့်အား ကင်းမဲ့သွားစေပုံရကာ သူတို့အား မြေကြီးပေါ်သို့သာ တလွင့်လွင့်ကျသွားစေတော့သည်။

သူသာ စက္ကူအဖြစ် အပြောင်းမခံရလျှင် ထိုသည်နှင့်ပတ်သက်၍ ကျေနပ်နေခဲ့မည်ဖြစ်ပြီး ဤနေရာကို မြင့်မြင့်​ေသာနယ်မြေတစ်ခုအဖြစ် မြင်မည်ဖြစ်သည်။ သို့သော် သူက ကျေနပ်သည်ထက် အလွန်စိုးရိမ်သောက ရောက်လွန်းနေသည်။ ဝိညာဥ်စုစည်းဆေးလုံးများကို ဘေးဘယ်ညာ ပစ်ပေါက်ပြီး ဖြစ်ပေါ်လာသည့် ဝိညာဥ်စက်လုံးများစုဆောင်းရင်း ကောင်းကင်အမြင့်ရှိ အဘွားကြီး၏ ပါးစပ်များထံ တဟုန်ထိုးသွားလိုက်သည်။

ကံဆိုးစွာပင် စက္ကူလူများမှာ အလွန်များပြားလွန်းသည်။ တစ်ဖွဲ့ဆိုလျှင် ကောင်းကင်ဧကရာဇ်ဝိညာဥ်များဖြင့် အားဖြည့်ပေးထားကာ လောကနတ်ဘုရားဝိညာဥ်တစ်ကောင်က ဦးဆောင်ထား၏။ သူတို့နီးကပ်လာစဥ် ပိုင်ရှောင်ချန်းမှာ သေစေနိုင်သောအန္တရာယ်အာရုံကြိီးတစ်ခုဖြင့် ဖမ်းဆုပ်ခံလိုက်ရပြီး ချက်ချင်း ရတနာယပ်တောင်ထံ ရောက်ရန် ကြိုးစားလိုက်သည်။ ၄င်းနှင့် ဆက်သွယ်သည်ဆိုရုံလေးသာ လုပ်နိုင်လိုက်သော်လည်း အနည်းဆုံးတော့ လောကနတ်ဘုရားအလင်းတန်းတစ်တန်း ဆင့်ခေါ်ရန် လုံလောက်​ေပသည်။

All Chapters