← Chapters

သဲနာရီများ၏ကမ္ဘာ

Vol. 13 Ch. 1231

သဲနာရီများ၏ကမ္ဘာ

Vol. 13 Ch. 1231

ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဝင်းလက်သွား၏။ သူသည် အနှစ်သာရအရှိန်အဝါကို သတိမထားမိခဲ့သော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံ ​တလိပ်လိပ်တက်လာပြီး သူ၏ပဝေသဏီအတွဲက အလိုအလျောက်နိုးကြားထကြွလာခဲ့လေသည်။

ဤကမ္ဘာသည် ရေဆာနေသော ခရီးသွားတစ်ယောက်အတွက် ချိုမြသောနှင်းပေါက်လေးများပမာ ဖြစ်ရာ သူ၏နှလုံးသားကို တဒိန်းဒိန်းခုန်သွားစေတော့သည်။

သို့သော် သရဲအဘွားကြီးနှင့် အဖြစ်အပျက်များပြီးနောက် သူက မည်သည့်အန္တရာယ်အမျိုးအစားအတွက်မဆို သတိထားနေပြီး သေချာပေါက် အလျင်စလို ဆောင်ရွက်မည် မဟုတ်ပေ။ သူ ပထမဆုံးလုပ်သည့်အရာမှာ ကမ္ဘာဖြစ်စေသော သဲနာရီများကိုသာ လေ့လာ့ဆန်းစစ်ရန် သူ၏နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။

သူ ထိုသို့လုပ်လိုက်စဥ် သူ၏အမူအရာ ရိပ်ခနဲဖြစ်သွားပြီး နောက်ဆုံး ဆွံ့အသွားသော အံသြသည့်အရိပ်အယောင်တစ်ခု သူ၏မျက်နှာတွင် ပြည့်နှက်သွားတော့သည်။

" ဟေး အစောင့်အရှောက်ဝိညာဥ်လေး အဲဒီကမ္ဘာကိုကြည့် .... မင်း ဟိုက ... တော်တော်လေးထူးဆန်းတဲ့နေရာကို မြင်ရလား"

ဤအချိန်တွင် ပိုင်ရှောင်ချီမှာ အစောပိုင်းက အံအားသင့်နေရာမှ ပြန်လည်သတိကပ်လာသည်။ ကမ္ဘာကို ငုံကြည့်ပြီးနောက် ပိုင်ရှောင်ချန်း ညွှန်းဆိုသောနေရာကို တွေ့သော်လည်း ပိုင်ရှောင်ချန်းမြင်နိုင်သည်ထက်ပို၍ သဲသဲကွဲကွဲ မမြင်နိုင်ပေ။ သို့သော် မယုံကြည်နိုင်လောက်အောင် အစွမ်းထက်ပုံရသော အခိုးအငွေ့များ ၄င်းမှ လာနေလေသည်။

ပိုင်ရှောင်ချန်းသည်လည်း အခိုးအငွေ့များကို အာရုံရလိုက်ပြီး ၄င်းတို့က သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို တသိမ့်သိမ့်တုန်သွားစေလေသည်။

" မိုးမြေဧကရာဇ်အရှိန်အဝါ။ အဲဒီမှာ မိုးမြေဧကရာဇ် ရှိနေတာပဲ "

ပိုင်ရှောင်ချန်းနှင့် ပိုင်ရှောင်ချီက အံသြတုန်လှုပ်နေသော အကြည့်တစ်ခု ဝေမျှလိုက်ကြသည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းသည် ဖြစ်ပျက်နေသော အရာနှင့်ပတ်သက်၍ ထင်မြင်ချက်အချို့တွေးမိပြီး ဖြစ်လေသည်။

" ဟင်းလင်းပြင်ထဲ ... ဒီနစ်မြုပ်နေတဲ့နေရာဟာ တကယ်ပဲ ဧရာမ သဲနာရီကြီးများလား။ ပြီးတော့ အဲဒီကမ္ဘာက သဲနာရီရဲ့ အလယ်ပိုင်း၊ အဲဒီထူးဆန်းတဲ့နေရာက တကယ်ပဲ သဲနာရီရဲ့ အခြားအပိုင်းဖြစ်လောက်တယ် "

" ငါသာမှန်ရင် ဒီသဲနာရီကြီးက မိုးမြေဧကရာဇ်တစ်ပါးရဲ့ အဖိုးတန်ရတနာဖြစ်ရမယ်။ ပြီးတော့ လောလောဆယ် ပိုင်ရှင်မဲ့နေတာပဲ "

တွေးလိုက်ရုံနှင့် သူ၏မျက်လုံးများ တောက်ပစွာ လင်းလက်လာပြီး သူ၏နှလုံးသားတစ်ခုလုံး ဒုန်းဆိုင်းခုန်လာတော့သည်။ ထို့နောက် သူက ဤသဲနာရီကြီးဖြစ်သည့် အဖိုးတန်ရတနာကို သူနှင့်အတူ ယူသွားနိုင်သည်လား ကြည့်ရန်အလို့ငှာ နေရာကို လှည့်ပတ်ကြည့်ရန် ရည်ရွယ်ချက်ဖြင့် ယပ်တောင်ထံမှ ပျံထွက်လိုက်သည်။

ပိုင်ရှောင်ချီ၏ မျက်လုံးများ ချက်ချင်း ဝိုင်းစက်ပြူးကျယ်သွားလေသည်။

" ထပ်ပြဿနာမရှာနဲ့တော့ ပိုင်ရှောင်ချန်း။ ဒါက ငါနဲ့ဆင်တဲ့ မှော်ပစ္စည်းတစ်ခု ဖြစ်လောက်တယ်။ ပြီးတော့ ပျက်လဲ မပျက်စီးနေသလို၊ မပြည့်စုံနေတာလဲမဟုတ်ဘူး။ မင်း ယီးတားယားတားသွားလုပ်ရင် ငါတို့နှစ်ယောက်လုံး ကိစ္စချောပြီပဲ"

ပိုင်ရှောင်ချန်းက လည်ချောင်းရှင်း၍ ထုံးစံအတိုင်း ပြန်ဖြေ၏။

" စိတ်မပူပါနဲ့ ငါ့မှာ ဒီလိုဟာမျိုးတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံအများကြီးရှိပါတယ်ကွ "

ရှေးမဆွက ဤနည်းအတိုင်း ပိုင်ရှောင်ချန်း တသွေမတိမ်းပြောခဲ့ကြောင်း ပိုင်​​ရှောင်ချီ သဘောပေါက်လိုက်သဖြင့် သူ၏စိတ်အစဥ် ချာလပတ်လည်လာတော့သည်။ ထို့နောက် ဤအခြေအနေတွင် အတွေ့အကြုံရှိသည်ဟု ပိုင်ရှောင်ချန်းပြောဆိုနေသည်က မည်သည်ကိုဆိုလိုကြောင်း သူ သဘောပေါက်လိုက်သည့်အတွက် သူ၏မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်လာလေသည်။

သို့ပေမည့် တခဏကြာသော် ပိုင်ရှောင်ချန်းက သဲနာရီအား မည်သည့်နည်းနှင့်မျှ အောင်အောင်မြင်မြင် အမှန်တကယ် ရယူနိုင်မည်မဟုတ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာမူ အခြေအနေနှင့်ပတ်သက်၍ အလွန်စိတ်သောကရောက်လေသည်။ သဲနာရီမှာ ယပ်တောင်အစုတ်ကြီးနှင့် ကွာခြားသည် မဟုတ်ပါလော။ ယပ်တောင်ကို သူအောင်အောင်မြင်မြင် ရရှိခဲ့သည့် တစ်ခုတည်းသောအကြောင်းရင်းမှာ ၄င်းက ပျက်စီးနေသောကြောင့်ဖြစ်ပါသော်လည်း ဤသဲနာရီမှာ မည်သည့်နည်းနှင့်မှ ထိခိုက်ထားခြင်း မရှိပေ။

သိသာစွာပင် ၄င်းသည် အဖိုးတန်ရတနာတစ်ပါးဖြစ်၍ သေချာပေါက် ၄င်း၏ကိုယ်ပိုင် အစောင့်အရှောက်ဝိညာဥ်ရှိမည် ဖြစ်သည်။ ထို့ပြင် ၄င်းမှာ အမွေအနှစ်ပစ္စည်းတစ်ခုမဟုတ်ကတည်းက မိုးမြေဧကရာဇ်တစ်ပါး၏စွမ်းအားရှိသူမှလွဲ၍ ၄င်းကို အတင်းအဓမ္မ မယူနိုင်ပေ။

သူက လွယ်လွယ်ကူကူ လက်မလျှော့လိုဘဲ ထိုကိစ္စအကြောင်း တွေးတောပြီးနောက် သူ၏လိပ်ဒယ်အိုးကို ထုတ်လိုက်သည်။ သို့သော် ၄င်းအပေါ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဖြင့်ပင် အရာရောက်သည့်ပုံ မပေါ်ပေ။

နောက်ဆုံးတွင် သူ ပြဿနာကို သဘောပေါက်သွား၏။ စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုများက သဲနာရီအပေါ် အလုပ်မလုပ်ခြင်း မဟုတ်ပေ။ ၄င်းက စွမ်းအားကြီးမားလွန်း၍သာ ဖြစ်လေသည်။ ၄င်းအပေါ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းတစ်ဆ ဆောင်ရွက်ခြင်းက အလုပ်ဖြစ်မည်မဟုတ်ဘဲ နောက်ထပ်မြှင့်တင်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းလျှင် သဲနာရီမှ အစောင့်အရှောက်ဝိညာဥ်၏ ဒေါသအိုးကို တုတ်ဖြင့်ထိုးမိနိုင်သည်။

ပိုင်ရှောင်ချီက သူလုပ်နေသောအရာကို သဘောပေါက်လိုက်သောအခါ အော်ဟစ်လိုက်သည်။

" ရပ် ရပ် ။ ငါပြောတာနားထောင် ပိုင်ရှောင်ချန်း။ ဒီအဖိုးတန်ရတနာရဲ့ အစောင့်အရှောက်ဝိညာဥ် အိပ်ပျော်နေတယ်။ မင်း စိတ်စွမ်းအင်အဆင့်မြှင့်တင်လိုက်လို့ သူနိုးလာရင် ငါတို့နှစ်ယောက်လုံး သေပြီပဲ "

ပိုင်ရှောင်ချန်းမှာ အခြေအနေကို ခွဲခြမ်းစိတ်ဖြာရင်း တခဏတာ ချီတုံချတုံဖြစ်သွားသည်။ နောက်ဆုံးတွင် သဲနာရီအပေါ် စိတ်စွမ်းအင်မြှင့်တင်မှုများကို အတင်းအကြပ်လုပ်ဆောင်ရန် ကြိုးစားခြင်းက သေစေနိုင်သော အကျိုးဆက်မုန်တိုင်းတစ်လုံးကို လှုံ့ဆော်မိမည်ဖြစ်သည်။ အတန်ငယ် ချီတုံချတုံထပ်မံဖြစ်နေပြီးနောက် သူက သက်ပြင်းချပြီး အကြံကို စွန့်လွှတ်လိုက်သည်။ သို့သော် သူက လက်လျှော့ရန် အဆင်သင့် မဖြစ်သေးပေ။

ထိုအချိန် ပိုင်ရှောင်ချီမှာ ငိုမဲ့ငိုမဲ့ဖြစ်နေတော့သည်။ နှစ်ပေါင်းများစွာတစ်လျှောက် ပိုင်ရှောင်ချန်းနှင့် အတူနေရခြင်းမှာ အလွန်ရင်တုန်ပန်းတုန်ဖြစ်စရာကောင်းလွန်းသည်ဟု ဆိုရမည်ထက် အလွန်အန္တရာယ်များလွန်းခဲ့သည်ဟု ဆိုရ​ေပမည်။ ပိုင်ရှောင်ချီ ယပ်တောင်အပေါ်တွင် တစ်ယောက်တည်းရှိနေခဲ့တုန်းက တစ်ခါမှ ပြဿနာတစ်စုံတရာ မကြုံတွေ့ခဲ့ရပေ။ သို့သော် ပိုင်ရှောင်ချန်း ရောက်လာပြီးနောက် သူ ပြဿနာတစ်ခုပြီးတစ်ခု ရင်ဆိုင်ရလေသည်။

စက္ကူအဘွားကြီးနှင့်တင် ဆိုးရွားသင့်သလောက် ဆိုးရွားနေပြီဖြစ်သည်။ အချိန်၏အနှစ်သာရဖြင့် ပြည့်နှက်နေသော အဖိုးထိုက်ရတနာတစ်ပါးက သူတို့ကို လိုက်လံသတ်ဖြတ်ခြင်းဖြင့် အဆုံးသတ်သွားလျှင်တော့ ပိုင်ရှောင်ချီမှာ လက်ခံနိုင်သည့်ပုံ မမြင်တော့ပေ။

" ငါ မနိုင်တော့ဘူး ။ တစ်ခါတလေကျ ဒီအယုတ်တမာကောင်က ငကြောက်၊ တစ်ခါတလေကျ အရူးတစ်ယောက်လိုပဲ။ ငါ သူ့ကို နှောင့်ယှက်ဖို့ နည်းလမ်းတစ်ခုခု စဥ်းစားရမယ်။ မဟုတ်ရင် သူ အဲဒီအဖိုးထိုက်ရတနာကို ဒေါသထွက်အောင်လုပ်ရင်းနဲ့ပဲ အဆုံးသတ်သွားမှာ… "

သူက အပေါ်ကိုမော့ကြည့်၍ အချိန်အတော်ကြာတွေးပြီးနောက် သူ၏မျက်လုံးများ ဝင်းလက်သွားသည်။

"သခင်လေး ကြည့် အဲဒီသဲနာရီကမ္ဘာက သေချာပေါက် အချိန်ရဲ့အနှစ်သာရ ဉာဏ်အလင်းရဖို့ အကောင်းဆုံးနေရာပဲ။ သခင်လေး အဲဒီလိုလုပ်ရင် တကယ့်ကို အကျိုးအမြတ်များလိမ့်မယ် "

" ပြီးတော့ သခင်လေး ကျင့်ကြံနေတဲ့ ကျင့်စဥ်က အချိန်ရဲ့အနှစ်သာရနဲ့ တစ်ခုခုပတ်သက်နေတယ်ဆိုတာ ကျွန်တော် အရင်က သတိထားမိတယ်။ ဒီနေရာက သခင်လေးအတွက် အကြမ်းဖျင်းပြောရရင် ​မြင့်မြတ်တဲ့နယ်မြေတစ်ခုပဲ "

"သခင်လေး မီးတောက်ဖန်တီးရာမှာ အဆင့်တစ်ခုမှာ တစ်နေတယ်မလား။ ဒီမှာ အနှစ်သာရကို နည်းနည်းလောက် ဉာဏ်အလင်း ပွင့်သွားရင် အဲဒီအဆင့်ကို ဖောက်ထွက်ဖို့ အကူအညီရလောက်တယ်။ အစောင့်အရှောက်ဝိညာဥ်က အိပ်ပျော်နေတာဆိုတော့ ဒါအချိန်ကောင်းပဲ။ သူ နိုးလာရင် ဒီလိုအခွင့်အရေး နောက်ထပ်ရတော့မှာ မဟုတ်ဘူးလေ "

" မစိုးရိမ်ပါနဲ့ သခင်လေး ကျွန်တော် သခင်လေးအတွက် ဓမ္မအစောင့်အရှောက်အဖြစ် ရပ်နေပေးမယ်။ သခင်လေး ဉာဏ်အလင်းရှာဖွေနေတဲ့အချိန် ကျွန်တော် ဘယ်အန္တရာယ်မှ ဖြစ်ခွင့်ပေးမှာမဟုတ်ဘူး "

ပိုင်ရှောင်ချန်းက သူ့အား မယုံကြည်မည်ကို စိုးရိမ်သဖြင့် သူက နတ်ဘုရားအာရုံကို ခမ်းနားကြီးကျယ်ပြီး အန္တရာယ်များသောအသွင်ဖြင့် ထုတ်လွှတ်လိုက်ရာ ယပ်တောင်၏ စူးစမ်းရှာဖွေခြင်းနှင့် အကာအကွယ်စွမ်းရည်များပါ လှုပ်ရှားသက်ဝင်လာတော့သည်။

ပိုင်ရှောင်ချီ၏ အကြံပြုချက်မှာ ပိုင်ရှောင်ချန်းအတွက် အမှန်တကယ် ကျိုးကြောင်းဆီလျော်၏။ အထူးသဖြင့် သူ၏ ပဝေသဏီအတတ်ကား စိတ်လှုပ်ရှားမှုများဖြင့် ခုန်တက်တော့မည့်အလားပင်။ ထို့ပြင် သူသည် နှစ်ဆယ့်ခုနစ်ရောက်ခြယ်မီးတောက်နှင့်ပတ်သက်၍ အဆင့်တစ်ဆင့်မှာ တစ်ဆို့နေသည်။ သဲနာရီကို နောက်တစ်ခေါက် ကြည့်ပြီးနောက် ဉာဏ်အလင်းတချို့ရရှိခြင်းက ၄င်းကို သူ့အပိုင်အဖြစ် ရရှိရန် ပို၍လွယ်ကူစေမည်ဖြစ်ကြောင်း သူ ဆုံးဖြတ်လိုက်သည်။ ထို့ပြင် အကယ်၍ မရရှိလျှင်တောင်မှ အနည်းဆုံးတော့ အကျိုးအမြတ်တချို့ဖြင့် ထွက်လာနိုင်မည် မဟုတ်ပါလော။

သူ၏အတွေးစများက ဤနေရာရောက်သော် ပိုင်ရှောင်ချီက အမှန်တကယ် မီးကုန်ယမ်းကုန် လုပ်နေသည်ကို ကြည့်၍ သူ သက်ပြင်းချကာ လက်ခံသည့်သဘောဖြင့်ခေါင်းညိတ်ပြလိုက်သည်။ သူက မူမမှန်သောအရာ မရှိကြောင်း သေချာအောင် သူ၏နတ်ဘုရားအာရုံကို ထုတ်ပြီးနောက် သဲနာရီကမ္ဘာထံသို့ ပျံသွားလိုက်သည်။

ထိုအခါ ပိုင်ရှောင်ချီမှာ စိတ်သက်သာရကာ သက်ပြင်းချလိုက်တော့သည်။ တချိန်တည်းမှာပင် ဤကဲ့သို့ အခြေအနေများတွင် ပိုင်ရှောင်ချန်းနှင့် အတူရှိခြင်းက အသက်အန္တရာယ်များလောက်ကြောင်း တွေးမိလိုက်သည်။

ထိုအချိန် ပိုင်ရှောင်ချန်းက သဲနာရီကမ္ဘာထံ နီးကပ်သည်ထက် နီးကပ်သွားတော့သည်။ မည်သည့်အရာကမှ သူ ချဥ်းကပ်လာသည်ကို ဆန့်ကျင်မနေသောကြောင့် မကြာခင် သူသည် ကမ္ဘာအတွင်း ဆင်းသက်သွားလေသည်။

သူ ဆင်းသက်သွားစဥ် အချိန်စီးဆင်းမှုက ကွာခြားကြောင်း သဘောပေါက်လိုက်သဖြင့် သူ၏အမူအရာ ရိပ်ခနဲဖြစ်သွား၏။ အမှန်တွင် အချိန်စီးဆင်းမှုမှာ ကမ္ဘာအတွင်းရှိ နေရာအမျိုးမျိုးမှာပင် ကွဲပြားနေဟန်တူသည်။

အချို့သောနေရာများတွင် အချိန်က ရပ်နေလုနီးပါး နှေးကွေး​ေနသည်။ အခြားနေရာများတွင် အချိန်မှာ ဆယ်ဆ ၊ အဆတစ်ရာ၊ အဆတစ်ထောင်ပင် ပိုမြန်နေကြောင်း သဘောပေါက်လိုက်သဖြင့် သူ အံ့ဩတုန်လှုပ်သွားတော့သည်။

ဤအံ့ဖွယ်ကမ္ဘာကို ဖြတ်၍ သူ သွားလာနေစဥ် အရွယ်အစားအမျိုးမျိုးရှိသော အဆုံးမရှိသည့်သဲနာရီများကို မြင်ရသည်။ တချို့က မီတာ တစ်သောင်းမြင့်ပြီး အချို့က လက်တစ်ဖက်အရွယ်အစားရှိလေသည်။

မကြာမီ သူသည် ဤကမ္ဘာအတွင်းရှိ အချိန်၏ ပရမ်းပတာသဘာဝသည် သဲနာရီများ၏လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။ သဲနာရီတစ်ခုစီတိုင်းတွင် မတူညီသောအချိန်စီဆင်းမှုကိုယ်စီ ရှိကြလေသည်။

"မတူညီတဲ့ ကမ္ဘာ၊ မတူညိီတဲ့ သဘာဝနိယာမတွေ.....အဲဒိီ သရဲအဘွားအိုကြီးရဲ့ကမ္ဘာမှာ မှော်အတတ်တွေနဲ့ နတ်ဘုရားအစွမ်းတွေ အလုပ်မလုပ်ဘူး။ ပြီးတော့ လူတစ်ယောက်ရဲ့ အသွေးအသားက စက္ကူဖြစ်လာတယ်။ ဒီမှာကျ နိယာမတွေက ခြားနားတယ်"

သူသည် ဟင်းလင်းပြင်ခရီးတွင် များစွာ တွေ့ခဲ့ ကြုံခဲ့ဖူးရာ ဘဝအပေါ် တွင် များစွာခြားနားသော အမြင်ရခဲ့လေသည်။

ယခု ဤသဲနာရီတစ်ခုစီတိုင်းတွင် ဤကမ္ဘာ၏သဘာဝနိယာမများ ပါရှိကာ ၄င်းတို့၏ပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်ကြောင်း သူ သိလေသည်။ ကုန်လွန်သွားသည့်အခိုက်အတန့်တိုင်း သူ ပို၍ အံ့ဩတုန်လှုပ်လာတော့သည်။

" ဒါပေမဲ့ ဘယ်အရာက ဒီလိုအချိန်တွေမတူအောင် ဖန်တီးခဲ့တာတုန်း "

All Chapters