← Chapters

မဟူရာတိမ်လွှာတောင်ကြား

Vol. 13 Ch. 1240

မဟူရာတိမ်လွှာတောင်ကြား

Vol. 13 Ch. 1240

ဟင်းလင်းပြင်ရှိ တစ်နေရာ၊ အင်မော်တယ်ကမ္ဘာ၏ အပျက်အစီးများအတွင်း၊ မိုးမြေဧကရာဇ်၏ဘေးတွင် ပိုင်ရှောင်ချီသည် အရာအားလုံးကို သေချာအာရုံစိုက်နေ၏။ သူသည် ပိုင်ရှောင်ချန်း တုန်ရီသွားပြီးနောက် တစ်ခါမှ မကြံဖူးသည့်ပုံစံဖြင့် အားနည်းသွားသည်ကို မြင်လိုက်ရသည်။ သူ အားအင်များ ချက်ချင်းကုန်ခမ်းသွားပုံရပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာကာ ရုပ်ထုကြီးထံမှ ပြုတ်ကျသွားလေသည်။

သို့သော် တချိန်တည်းမှာပင် တုတ်တုတ်မှမလှုပ်ခဲ့သော ချီစီးကြောင်းက နိုးထလာပြီး ၄င်း၏ သုံးဆယ်ရာခိုင်နှုန်းက ပိုင်ရှောင်ချန်းထံ ပြေးဝင်သွားလေသည်။

ထိုချီစီးကြောင်း၏ပမာဏက ပိုင်ရှောင်ချန်းကို တဆတ်ဆတ်တုန်ရီသွားစေလျက် သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။ မကြာမီ သူသည် ပင်ပန်းနွမ်းနယ်နေသော်လည်း စိတ်လှုပ်ရှားနေဟန်ဖြင့် ရတနာယပ်တောင်အပေါ် ပြန်ရောက်လာသည်။ ချီစီးကြောင်း၏ သုံးဆယ်ရာခိုင်နှုန်း သူ့ကိုယ်ထဲဝင်ရောက်သွားသဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားက ရုတ်တရက် အင်မော်တယ်ကမ္ဘာ၏အပျက်အစီးများဖြင့် ပဲ့တင်ရိုက်ခတ်မှုတစ်ခု ဖြစ်ပေါ်သွားလေသည်။

အံသြတုန်လှုပ်ဖွယ် ပြောင်းလဲမှုများ သူ၏ကျင့်ကြံခြင်းအခြေခံတွင် ပေါ်ပေါက်လာသဖြင့် သူ၏စိတ်အစဥ် ချာချာလည်သွားတော့သည်။ ဤအခိုက်အတန့်တွင် ချီစီးကြောင်း၏လက်ကျန်ကို သူ စုပ်ယူနိုင်လျှင် အင်မော်တယ်ကမ္ဘာ၏ အပျက်အစီးများဖြင့် ပြည့်စုံသော ပဲ့တင်ရိုက်ခတ်မှုတစ်ခု ဖြစ်ပေါ်စေပြီးနောက် သေချာပေါက် အဆင့်တက်မည်ဖြစ်ကြောင်း ပိုင်ရှောင်ချန်း သေချာလေသည်။

" မင်း ဘာမြင်ခဲ့လဲ "

ပိုင်ရှောင်ချီက စိုးရိမ်တကြီးမေးသည်။

" ငါမြင်တာက… "

သူ ယခုလေးတင် ကြုံတွေ့ခဲ့ရသည့်အရာကို ပြန်တွေးကြည့်လိုက်သဖြင့် သူ၏မျက်လုံးများထဲတွင် ထူးဆန်းသောအလင်းရောင်များ ဖျတ်ခနဲ လက်သွားလေသည်။ သူက ကျိုးချိန်ဖြစ်ခဲ့ပြီး ပိုင်ရှောင်ချန်းဖြစ်ကြောင်း မေ့နေခဲ့သည်ကို သတိရလိုက်သည်။ သူ အမှန်တကယ် ကျိုးချိန်ဖြစ်လာခဲ့သည့်အလားပင်။

ပို၍တိတိကျကျပြောရလျှင် သူပြောခဲ့သမျှအားလုံးနှင့် သူ၏အတွေးများပင် အကုန်လုံးမှာ မှတ်ဉာဏ်များ၊ ... အတိတ်တုန်းက ဖြစ်ပွားခဲ့သောအရာများ၏ အမှတ်တရများ ဖြစ်သည်။

ပိုင်ရှောင်ချန်းက ပိုင်ရှောင်ချီကို လှမ်းကြည့်သည်။

" အင်မော်တယ်ဧကရာဇ်ရဲ့ နာမည်က ... ကျိုးချိန်လား "

ပိုင်ရှောင်ချီ တုန်ရီသွား၏။ ပိုင်ရှောင်ချန်းကို တအံ့တသြပြန်ကြည့်ရင်း သူက ခပ်တိုးတိုးပြောသည်။

" ဒီတော့ မင်းတကယ် အောင်မြင်သွားတာပဲ… "

သူ စောစောက ပြောခဲ့သည့်အရာအားလုံး အမှန်ဖြစ်ပြီး ထိုချီစီးကြောင်းကို ပိုင်ရှောင်ချန်း ရနိုင်လိမ့်မည်ဟု အမှန်တကယ်မျှော်လင့်ခဲ့သော်လည်း အလွန်ခက်လွန်းသည်ဟု ယုံကြည်ခဲ့လေသည်။ ထို့ပြင် စောစောက ပိုင်ရှောင်ချန်း လဲကျသွားခဲ့တုန်းက သူ စိတ်လေးနေခဲ့ရ၏။

သို့သော် ယခုတွင် ပိုင်ရှောင်ချန်းက အမှန်တကယ်အောင်မြင်ခဲ့ကြောင်း သူတွေ့လိုက်ရလေပြီ။

" ငါ.....အင်မော်တယ်ဧကရာဇ်ကို လူငယ်တစ်ယောက်အနေနဲ့ မြင်ခဲ့တယ် "

ပိုင်ရှောင်ချန်းက မျက်လုံးများပိတ်ပြီး သူမြင့်ခဲ့သမျှအားလုံးကို ပြန်စဥ်းစားလိုက်သည်။ သူက မျက်မှောင်ကြုတ်၍ တစ်နည်းနည်းဖြင့် ယခုလေးတင်ဖြစ်ပျက်ခဲ့သောအရာ၏ သက်ရောက်မှုများအောက်တွင် ရှိနေသေးကြောင်း သဘောပေါက်လိုက်လေသည်။ မိုးမြေဧကရာဇ်၏အစ်ကိုဖြစ်သူအကြောင်း ပြန်တွေးမိသည်နှင့်တစ်ပြိုင်နက် ချစ်ခင်ခြင်းလှိုင်းတံပိုးများ သူ့ နှလုံးသားထဲတွင် မြင့်တက်တော့သည်။

" ငါ ဒါကို ဆက်သွားရင် စိတ်ခံစားမှုဆိုင်ရာသက်ရောက်မှုတွေ ပိုပြီး ပြင်းထန်လာလောက်ပေမယ့် ငါလုပ်မှဖြစ်မယ်။ ငါ အဆင့်တက်ဖို့ ဒိီချီစီးကြောင်းကို ငါလိုအပ်တယ် "

အကြောင်းကိစ္စများအား အတန်ငယ်စဥ်းစားပြီးနောက် သူသည် အန္တရာယ်အနည်းငယ်ရှိသော်လည်း ထိုသည်ကို လက်ခံနိုင်ကြောင်း ဆုံးဖြတ်လိုက်သည်။ သူက စိတ်ပိုင်းဖြတ်ထားခြင်းဖြင့် မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် မိုးမြေဧကရာဇ်၏ခေါင်းအပေါ်သို့ နောက်တစ်ကြိမ်ပျံတက်လိုက်သည်။ အဖြစ်အပျက်ကို တစ်ခါကျော်ဖြတ်ခဲ့ပြီးသည်ဖြစ်ပြီး ချီစီးကြောင်း၏ သုံးဆယ်ရာခိုင်နှုန်းကို ရရှိခဲ့ပြီး ဖြစ်၍ အနာဂတ်ကျမ်းနှင့် အတိတ်ကျမ်းကို အလျင်အမြန်ထုတ်လွှတ်လိုက်လေသည်။

သူ၏စိတ်မှာ ကစဥ့်ကလျားဖြစ်လာပြီး နောက်ဆုံးတစ်ခေါက်ကကဲ့သို့ တူညီသောအရာကို ခံစားလိုက်ရ၏။ သူ၏စိတ်ကား ဗလာကျင်းသွားလေပြီ။ အချိန်များကုန်လွန်သွားပြီးနောက် သူ မျက်လုံးများဖွင့်လိုက်၏။

မျက်စိကျိန်းမတတ်စူးရှသော အလင်းက သူ၏မျက်လုံးများကို ထိုးဖောက်သွားသော်လည်း သူ မပိတ်လိုက်ပေ။ သူသည် မဟူရာတိမ်လွှာတောင်ကြား၏ အပြင်ဘက်တွင် ဖြောင့်မတ်တည်ကြည်ခြင်းနှင့် ​​ြဖတ်လတ်တက်ကြွခြင်း၏ ပုံရိပ်သဖွယ် မားမားမတ်မတ် ခံ့ခံ့ညားညား ရပ်နေချေသည်။

သို့သော် သူ၏နှလုံးသားထဲတွင် နာကျင်စူးအောင့်နေသော တစ်စုံတခု၊ ဖျောက်ပစ်၍မရသောခံစားချက်တစ်ခု ရှိ​ေနသည်။

နောက်ဆုံးတစ်ခေါက် မိုးမြေဧကရာဇ်၏ မှတ်ဉာဏ်များထဲ သူဝင်ရောက်ခဲ့တုန်းက သူက အလွန်ငယ်ခဲ့သော်လည်း ယခုတွင် သူက သက်လက်ပိုင်းအရွယ်ဖြစ်နေလေပြီ။ သူ၏ငယ်ဘဝကတည်းက အကြောင်းကိစ္စအတော်များများ ဖြစ်ပွားခဲ့ပြီး သူ များစွာအောင်မြင်ခဲ့လေသည်။

သူသည် မဟူရာတိမ်လွှာတောင်ကြား၏အပြင်တွင် တစ်ယောက်တည်း ရှိနေသည် မဟုတ်။ သူ့ဘေးတွင် လူရာဂဏန်းမျှရပ်နေပြီး သူတို့အားလုံးက ကျင့်ကြံသူများဖြစ်ကာ နောက်ထပ်ကျင့်ကြံသူထောင်များစွာဖြင့် ခြံရံထားကြလေသည်။ သိသာထင်ရှားစွာပင် သူတို့ ဤနေရာကို တင်းကြပ်စွာ ပိတ်ဆို့ထားခြင်းဖြစ်သည်။

အနောက်ဘက် ခပ်လှမ်းလှမ်းတွင် နေရာအပေါ် ကြီးမားသောဖိအားများ သက်ရောက်နေစေသည့် အဆင့်လိုက် အထပ်ထပ်စုဝေးနေကြသော ကျင့်ကြံသူတစ်သောင်းရှိသည်။ ပတ်ဝန်းကျင်ရှိ အကြည့်များအားလုံးက တစ်ခုတည်းအပေါ် စူးစိုက်ထား၏။ မဟူရာတိမ်လွှာတောင်ကြားကို ကျောပေးလျက် ကျိုးချိန်၏အရှေ့တွင် ရပ်နေသူမှာ ရှည်လျားသော အနက်ရောင်ဆံပင်နှင့် မျက်နှာတစ်ပြင်လုံး သွေးများပေကျံနေလျက်ရှိသော အနက်ရောက်ဝတ်စုံနှင့် သက်လက်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

သူသည်လည်း ချောမောသည့်တိုင် ရက်စက်ကြမ်းကြုတ်ပြီး မကောင်းဆိုးဝါးဆန်သော အသွင်အ​ပြင်ရှိသည်။ သူ၏မျက်လုံးများက ခရမ်းရောင်ဖြစ်ပြီး သူ၏အမူအရာက ရေခဲတမျှ အေးစက်နေသည်။ သူထုတ်လွှတ်နေသော အသတ်အဖြတ်အရှိန်အဝါသည် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေနိုင်ပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတစ်သောင်းပင် ဖိနှိပ်၍ မရနိုင်ချေ။

ကံဆိုးစွာပင် သူ့ရင်ဘတ်က ချို့ဝင်နေကာ သူ့ညာခြေထောက် ကျိုးနေသည်။ နာကျင်မှုက ပြင်းထန်ခဲ့မည်ဖြစ်သော်လည်း သူက ကျင့်ကြံသူတစ်သောင်းကို မဟုတ်ဘဲ တစ်ယောက်တည်းသောလူကိုသာ ကြည့်ရင်း ရပ်နေချေသည်။

ထိုလူသည်ကား ပိုင်ရှောင်ချန်းတဖြစ်လဲ ကျိုးချိန်ပင်။

" အစ်ကိုကြီး....."

ပိုင်ရှောင်ချန်းက နာကျင်မှုများ ပြည့်နှက်နေသော အသံဖြင့် ပြောသည်။ သူ သတိမထားမိသော်လည်း သူ့လေသံ တောင်းပန်တိုလျှိုးနေသည့်ပုံပေါ်လုနီးပါးပင်။

" ကျွန်တော်နဲ့အတူပြန်လိုက်ခဲ့ပါ။ ကျွန်တော် အစ်ကိုကြီးရဲ့ အာမခံဖြစ်ပေးနိုင်တယ်။ ဒါတွေအားလုံးလုပ်ခဲ့တာ အစ်ကိုကြီးအမှား မဟုတ်ပါဘူး။ ကျွန်တော်......"

သူ၏နာကျင်မှုနှင့် အပြစ်ရှိစိတ်များမှာ လွန်ခဲ့သောနှစ်များစွာက သူ့အစ်ကို ကျိုးဖန်ကို ရှာဖွေပေးရန် သူ့ဆရာကို အသနားခံခဲ့ခြင်းမှ အစပြုလေသည်။ ကံဆိုးစွာပင် ထိုအချိန်က သူတို့ သူ့ကိုမရှာနိုင်ခဲ့ပေ။ ထိုအချိန်တွင် သူသည် သူ၏သေဆုံးမှုအတွက် လက်တုံ့ပြန်ရန် ကျိန်ဆိုခဲ့ပြီး အရူးအမူးကျင့်ကြံအားထုတ်ခဲ့သည်။ နောက်ပိုင်း အဖြူရောင်ကျိုင်းကောင်နိုင်ငံတစ်နိုင်ငံလုံးကို သူ အဖြစ်ဖြတ်သုတ်ခဲ့ကာ အင်မော်တယ်ကမ္ဘာ၏ အောက်ပိုင်းကောင်းကင်ဘုံသုံးဘုံကို စိုးမိုးချုပ်ကိုင်ရန် အချိန်ကျရောက်လာခဲ့၏။ နောက်ဆုံး၌ ကမ္ဘာကြီးသည် ပုံမှန်ပြန်ဖြစ်သွားပြီး ကျိုးချိန်မှာ စိတ်လက်သက်သာစွာ အသက်ရှူနိုင်ပြီဖြစ်ကြောင်း ခံစားရလေသည်။ သို့သော် သူ၏အစ်ကိုကြီးအကြောင်းကို သူ ဘယ်တော့မှ မမေ့နိုင်ခဲ့ပေ။

နှစ်အနည်းငယ်ကြာသော် အင်မော်တယ်ကမ္ဘာတွင် ကောင်းကင်ဘုံကိုးခုရှိပြီး သူက အောက်ပိုင်း ကောင်းကင်ဘုံသုံးခုတွင် နေထိုင်နေကြောင်း သူ တွေ့ရှိလာခဲ့၏။ နောက်ဆုံး၌ သူသည် ထိုနေရာတွင် များစွာချစ်ခင်လေးခံရသည့် အကျော်ကြားဆုံး ပုဂ္ဂိလ်ထဲက တစ်ဦးဖြစ်လာခဲ့သည်။ ထိုအချိန် ကျိုးဖန်ပြန်ပေါ်လာ၏။ သူက အဖြူရောင်ကျိုးကောင်နိုင်ငံထက် အဆမတန်ကြောက်စရာကောင်းသော အနက်ရောင်ကျိုင်းကောင်နိုင်ငံ၏ တပ်ဖွဲ့များကို ဦးဆောင်လာလေသည်။ သူတို့က အောက်ပိုင်းကောင်းကင်ဘုံသုံးခုကိုဖြတ်၍ ပျံ့နှံ့သွားစဥ် လမ်းကြောင်းရှိ ရှိရှိသမျှအရာအားလုံးကို စားသောက်ရင်း ဒုက္ခသည်များ၏စွမ်းအားကို ကျိုးဖန်၏ကျင့်ကြံခြင်းအခြေခံထဲ ထည့်ပေါင်းပေးကြလေသည်။

၄င်းမှာ အောက်ပိုင်းကောင်းကင်ဘုံသုံးခု၏ ကျင့်ကြံသူများကြားထဲ အလန့်တကြားဖြစ်သွားစေသည့် ရက်စက်ကြမ်းကြုတ်သောနည်းလမ်းတစ်ရပ် ဖြစ်သည်။ ပြင်းထန်သောစစ်ပွဲတစ်ပွဲ နှစ်ပေါင်းများစွာ ဆင်နွဲခဲ့ရလေသည်။ ၄င်းမှာ ခက်ခဲကြမ်းတမ်းသော ခေတ်တစ်ခတ်ဖြစ်ကာ ဤအဖြစ်အပျက်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

" အစ်ကိုကြီး ဘေးကင်းမယ်ဆိုရင် အလယ်ပိုင်းကောင်းကင်ဘုံသုံးခုဆီရောက်ဖို့ ကျွန်တော့်ရဲ့ပန်းတိုင်ကိုတောင် လက်လျှော့လိုက်မယ် "

ပိုင်ရှောင်ချန်းက ဆက်ပြောသည်။

" အစ်ကိုကြီး ကျေးဇူးပြုပြီး ကျွန်တော်နဲ့ ပြန်လိုက်ခဲ့ပါ...."

အနက်ရောင်ဝတ်ရုံနှင့် ကျုိးဖန်၏မျက်လုံးများထဲတွင် ရောထွေးသောခံစားချက်များကို မြင်နိုင်၏။ သို့သော် သူက ခေါင်းကို ခါရမ်းပြီး သူ၏မျက်လုံးများကား ရေခဲတမျှပြန်လည်အေးစက်သွားလေသည်။

" အခုကစပြီး ချိန်လေး ... မင်းနဲ့ငါက မိသားစုမဟုတ်တော့ဘူး "

သူက ဝန်းရံနေသော ကျင့်ကြံသူများကို ကြည့်ရင်း လှောင်ပြုံးပြုံးပြီးနောက် လှည့်၍ မဟူရာတိမ်လွှာတောင်ကြားထဲ လမ်းလျှောက်သွားတော့သည်။

ဘယ်သူမှ သူ့ကို တားရန် မကြိုးစားပေ။ သူတို့အတွက် ထိုတောင်ကြားထဲဝင်ရောက်ခြင်းက သူ သုတ်သင်ခံရပြီးဖြစ်သည်ဟု ဆိုလိုပေသည်။

ကျိုးဖန်က တိမ်တိုက်များထဲ လျှောက်ဝင်သွားစဥ် ၄င်းတို့က သူ၏ခန္ဓာကိုယ်ကို စားသုံးလာရာ သူတို့ထင်မြင်ချက်များအား သိသိသာသာ အတည်ပြုလိုက်တော့သည်။ သူက တဆတ်ဆတ်တုန်ရီရင်း လမ်းဆက်လျှောက်နေစဥ် သူ၏အသားများ ပုပ်သိုးဆွေးမြည့်လာပြီး အရိုးများ မြင်သာလာလေသည်။ သူ တဖြေးဖြေးယိုယွင်းပျက်စီးလာသဖြင့် အနက်ရောင်ကျ်ိုင်းကောင်အုပ်များက နာနာကျင်ကျင်အော်ဟစ်ရင်း သူ့ကိုယ်အတွင်းမှ ထွက်လာကာ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားလိုက်ကြသည်။ ၄င်းတို့ ထွက်မပြေးနိုင်ခင် တိိမ်တိုက်များက ဖျက်စီးပစ်လိုက်လေသည်။

အခြားလူတိုင်း စိတ်သက်သာရာရသွား၏။ သို့သော် ပိုင်ရှောင်ချန်းတော့မဟုတ်ပေ။ သူ၏အစ်ကို တိမ်တိုက်များ စားသုံးခြင်းခံနေရသည်ကို ကြည့်၍ နာကျင်မှုများက သူ၏နှလုံးသားကို ဖိစီးနှိပ်စက်နေလေသည်။ နောက်ဆုံးတွင် သူကရှေ့တက်ပြီး ကျယ်လောင်သောအသံဖြင့် အော်လိုက်သည်။

" အစ်ကိုကြီး ဘာလို့ဒီလိုလုပ်နေတာလဲ။ ကျွန်တော့်ကို ပြောလေ။ ဘာလို့လဲ "

ကျိုးဖန်မှာ သိသာစွာပင် ရှေ့သို့ဆက်လျှောက်ရန် အားတင်းရုန်းကန်နေရလေသည်။ သူ့ညီ၏အသံကို ကြားသောအခါ သူက တခဏရပ်ပြီးနောက် စကားပြောရန်အလား ပါးစပ်ကိုဟလိုက်သည်။ သို့သော် သူ ဘာမှမပြောချေ။ သူ ခေါင်းငိုက်စိုက်ကျသွားကာ ပုပ်သိုး ပျက်စီးရင်း ရှေ့ဆက်သွား​ေန၏။ ယခုတွင် သူက အရိုးသာကျန်ရှိတော့ရာ လုံးဝကြောက်စရာကောင်းသော မြင်ကွင်းတစ်ရပ်ဖြစ်နေတော့သည်။ သူက တိမ်လွှာတောင်ကြားထဲ လမ်းလျှောက်သွားစဥ် သူ၏မျက်လုံးများက စွဲလမ်းမှုများ၊ အာရုံစိုက်မှုများဖြင့် ဆက်လက်တောက်လောင်နေလေသည်။

မဟူရာတိမ်တိုက်များ၏အတွင်း၊ တောင်ကြား၏အဆုံးတွင် အလွန်ကြီးမားသောအရာတစ်ခုအား သူ မြင်ရနေပြီ ဖြစ်သည်။ ၄င်းကား စစ်သင်္ဘောတစ်စင်းပင်။

***

All Chapters