← Chapters

လောကနတ်ဘုရားအဆင့်

Vol. 13 Ch. 1243

လောကနတ်ဘုရားအဆင့်

Vol. 13 Ch. 1243

ကောင်းကင်ဧကရာဇ်တစ်ပါးက လောကနတ်ဘုရားဖြစ်လာသောအခါ သူ သို့မဟုတ် သူမ၏တာအိုသစ်စေ့သည် ခန္ဓာကိုယ်၏နေရာတိုင်းသို့ အမြစ်များ ပို့လွှတ်ပြီး တာအိုစိတ်ဆန္ဒပန်းတစ်ပွင့် ဖူးပွင့်လာမည်ဖြစ်သည်။

တာအိုသစ်စေ့ ပျောက်ကွယ်သွားသည်နှင့် လောကနတ်ဘုရားကျင့်ကြံသူတစ်ယောက် ဖြစ်လာသည်။ ထိုအခါ အကန့်အသတ်မဲ့ တာအိုစိတ်ဆန္ဒဖြင့် နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်များ ထုတ်လွှတ်ရန် အတွေးစလေးတစ်ခုသာ လိုအပ်မည် ဖြစ်သည်။ တာအိုစိတ်ဆန္ဒသည် လူတစ်ယောက်ကို ထာဝရမပျက်စီးအောင် လုပ်ပေးသည်သာမက ထာဝရဘဝကို အာမခံပေးသည့်အပြင် စစ်မှန်သော သဘာဝလွန်ဖြစ်တည်မှုတစ်ခု ဖြစ်သော လောကီလွန်မြောက်သူတစ်ဦး ဖြစ်လာစေသည်။

ဥပမာဆိုရပါက မိစ္ဆာဧကရာဇ်၏ အကြည့်လေးတစ်ချက်က သာမန်ကောင်းကင်ဧကရာဇ်များကို ကြောက်ဒူးတုန်သွားစေနိုင်၏။ ထို့ပြင် သူတော်စင်ဧကရာဇ်က ဖိအားအနည်းငယ် ထုတ်လွှတ်လိုက်ရုံနှင့် ကောင်းကင်နှင့်မြေပြင်တွင် ပြိုးပြိုးပြက်ပြက် လင်းလက်သွားစေသည်။ ပိုင်ရှောင်ချန်းတွင် ကြောင်ခမန်းလိလိ အပြင်အား၊ သူ၏ကျင့်ကြံခြင်းနှင့်တကွ လောကနတ်ဘုရားအလင်းများသာ မရှိပါက လောကနတ်ဘုရားများကို တိုက်ခိုက်ရန် လိုအပ်သောအတိုက်အခိုက်စွမ်းရည် ဘယ်တော့မှ ရှိမည် မဟုတ်ပေ။

လောကနတ်ဘုရားများက မည်သည့်အတွက်ကြောင့် သူတို့ကို ခစားသည့် သေဆုံးသွားသော ကောင်းကင်ဧကရာဇ်များကို အသက်ပြန်သွင်းနိုင်သည့် အကြောင်းရင်းမှာလည်း တာအိုစိတ်ဆန္ဒဖြင့် ပတ်သက်လေသည်။ ကောင်းကင်ဧကရာဇ်တစ်ပါး၏ တာအိုသစ်စေ့ တစိတ်တပိုင်းကို လက်ခံရရှိလာလျှင် လောကနတ်ဘုရားသည် ၄င်းကို ထာဝရအမှတ်အသားတစ်ခုဖြင့် တံဆိပ်ခတ်နှိပ်ရန် တာအိုစိတ်ဆန္ဒကို အသုံးပြုသည်။ ကောင်းကင်ဧကရာဇ် သေဆုံးသွားခဲ့လျှင် လောကနတ်ဘုရားက တာအိုသစ်စေ့အတွင်း တည်ရှိသော်လည်း ကောင်းကင်ဧကရာဇ်များထိန်းချုပ်နိုင်စွမ်းမရှိသည့် မွေးရာပါပြန်လည်မွေးဖွားခြင်းစွမ်းရည်များကို အသက်သွင်းရန် တာအိုစိတ်ဆန္ဒကို အသုံးပြုနိုင်လေသည်။ ထို့နောက် တာအိုသစ်စေ့သည် ဝိညာဥ်အသစ်၊ ခန္ဓာကိုယ်အသစ်အား ဖန်ဆင်းနိုင်၏။

ထိုကဲ့သို့အရာများလုပ်နိုင်သည့် လောကနတ်ဘုရားများ၏အစွမ်းများကြောင့် အင်ပါယာနိုင်ငံတော်များ နှစ်ပဋိစ္ဆေဒကြာမြင့်စွာ တည်မြဲနေရခြင်း ဖြစ်သည်။

ပိုင်ရှောင်ချန်းက တင်ပျဥ်ခွေထိုင်နေစဥ် သူ၏တာအိုသစ်စေ့မှာ အလွန်စူးရှသော အလင်းဖြင့် တလက်လက် တောက်ပနေလေသည်။ အစေ့က သူ၏ ခန္ဓာကိုယ်အနှံ့သို့ အမြစ်များပို့လွှတ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသော်လည်း တာအိုစိတ်ဆန္ဒ၏ ပန်းပွင့်တစ်ပွင့်အဖြစ် ဘယ်တော့မှ မဖူးပွင့်နိုင်ခဲ့ပေ။ ယခုတွင် သူ့ခန္ဓာကိုယ်ထဲတွင် အင်မော်တယ်ကမ္ဘာ၏ ချီစီးကြောင်းရှိနေရာ ထွက်ပေါ်လာသောတုံ့ပြန်ချက်သည်ကား တပွက်ပွက်ဆူနေသော ဆီအိုးထဲသို့ ရေခဲရေလောင်းထည့်လိုက်သည်နှင့် ဆင်တူလေသည်။

တာအိုသစ်စေ့ ထုတ်လွှတ်လိုက်သည့် အမြစ်များအားလုံး တောက်ပစွာလင်းလက်လာသဖြင့် ထစ်ခြုန်းမြည်သံများ ပြည့်နှက်သွားတော့သည်။

ထိုအချိန် တစ်စုံတယောက်သာ သူ့ကိုမြင်နိုင်ခဲ့ပါက သူသည် စူးရှတောက်ပစွာ လင်းလက်နေသော သွေးကြောပေါင်းများစွာဖြင့် ပြည့်နှက်နေသည့်ပုံပေါ်နေမည် ဖြစ်သည်။ တချိန်တည်းမှာပင် သူ၏အရှိန်အဝါသည် မြင့်သည်ထက် မြင့်လာ၏။

အင်မော်တယ်ကမ္ဘာ၏အပျက်အစီးများ စတင်တုန်ခါလာပြီး မရေမတွက်နိုင်သော ဖုန်မှုန့်များ မြင့်တက်လာပြီးနောက် ပိုင်ရှောင်ချန်းထံ တဖြေးဖြေး မျောလွင့်လာလေသည်။

သူတို့က သူ၏ပတ်လည်တွင် ရေဝဲတစ်ခုအသွင် လည်ပတ်သွားစဥ် အဆင့်တက်ခြင်း၏အာရုံကား ပို၍ပင် ပြင်းထန်လာ၏။ တချိန်တည်းမှာပင် ဟင်လင်းပြင်ကြီး တုန်ခါသွားပြီး သူရှိရာဘက်သို့ ဖုန်လုံးကြီးများ ဝေ့ဝိုက်တက်လာလေသည်။

မကြာမီ သူသည် ပုံပန်းသွင်ပြင်အားဖြင့် အံ့သြတုန်လှုပ်ဖွယ်ကောင်းပြီး ကြီးကျယ်ခမ်းနားသည့် တစ်ဖက်နှင့်တစ်ဖက် မီတာ သုံးသိန်းတိတိရှိသော လေပွေကြီးတစ်ခုဖြင့် ဝန်းရံခံလိုက်ရလေသည်။

သူက ရတနာယပ်တောင်ပေါ်တွင် မလှုပ်မယှက်ထိုင်နေစဥ် အကန့်အသတ်မဲ့အလင်းများ သူ့ထံမှ ဖြာထွက်လာသည်။ ဘေးရှိ ပိုင်ရှာင်ချီမှာ အရေးကြီးသောအဆင့်တစ်ဆင့်သို့ သူရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း သိ၍ ချက်ချင်း နတ်ဘုရားအာရုံတချို့ထုတ်ကာ ဓမ္မစောင့်ရှောက်သူအဖြစ် ရပ်လိုက်၏။

အချိန်များကုန်လွန်သွားသည်။ အလင်းသည် ပို၍စူးရှတောက်ပလာပြီး တဝေါဝါလည်ပတ်နေသော လေပွေကြီးမှာ မီတာသုံးသန်းအရွယ်အစားအထိ ရောက်လာပြီး ပို၍ပင် ကြီးမားလာတော့သည်။

ထိုလေပွေကြီးတွင် ဟင်းလင်းပြင်၏အရာအားလုံးကို ကိုင်လှုပ်နိုင်သော စွမ်းအားများပါဝင်ပုံရပြီး ထိုစွမ်းအားကား ပို၍သာ အားကောင်းလာလေသည်။ အချိန်မှာ နှေးကွေးသွားပုံရ၏။ ကောင်းကင်ဧကရာဇ်များ လောကနတ်ဘုရားဖြစ်လာသောအခါ တစ်ယောက်စီတိုင်း ကွာခြားသည်။ တချို့က လျင်မြန်စွာ အောင်မြင်နိုင်ပြီး အချို့မှာ အချိန်ယူရ၏။ အဓိကအချက်များမှာ လူတစ်ယောက်၏ ခွန်အားအဆင့်နှင့် ကမ္ဘာ၏အသိအမှတ်ပြုမှု ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် ခွန်အားအရ ကောင်းကင်ဧကရာဇ်အဆင့်ထက် အတော်လေးသာလွန်နေပြီဖြစ်ကာ ချီစီးကြောင်းအသွင်ဖြင့် အင်မော်တယ်ကမ္ဘာ၏ အသိအမှတ်ပြုမှုကိုလည်း ရရှိထားသည်။ ထို့ကြောင့် ဖြစ်စဥ်ကား သူ့အတွက် အတော်လေးလျင်မြန်စွာ သွားလေ၏။

အမှန်တကယ်ဆိုရလျှင် ကောင်းကင်ဧကရာဇ်အဆင့်အတွင်းရှိ ပိုင်ရှောင်ချန်း၏အဆင့်အား မိုးကောင်းကင်ကို စိန်ခေါ်ခြင်းအဖြစ်သာ သတ်မှတ်နိုင်တော့သည်။ ထိုသည်က သူ့ကျင့်ကြံခြင်းအခြေခံ၏ အတိုက်အခိုက်စွမ်းရည်၏ သရုပ်သကန်ဖြစ်သော သူ့ကိုဝန်းရံထားသည့် လေပွေကြီးက သက်သေဖြစ်လေသည်။

လေပွေကြီးက ဒေါသတကြီး လည်ပတ်နေစဥ် မကြာခင် မီတာ ကိုးသန်းအရွယ်အစား ရောက်ရှိသွား၏။ ဤတင်မရပ်သေး။ ထို့နောက် မီတာ ဆယ့်ငါးသန်းဖြစ်သွား၏။ အရွယ်အစားသက်သက်ပင် အံ့သြတုန်လှုပ်ဖွယ်ကောင်းသည်သာမက ၄င်း၏ပြန်ကားမှုအမြန်နှုန်းသည်လည်း ထိုနည်းတူပင်။

နောက်ဆုံး ၄င်းက မီတာ သန်းသုံးဆယ် ရောက်ရှိသွားသည့်အခါမှ မျှခြေတစ်ခု ရှာတွေ့သွားပုံရတော့သည်။ နှိုင်းယှဥ်ရန် အခြားလူတစ်ဦးတစ်ယောက်မှ မရှိသောကြောင့် ထိုသည်က မည်မျှအံ့သြတုန်လှုပ်ဖွယ်ကောင်းကြောင်း အမှန်တကယ်ကြည့်ရန် မဖြစ်နိုင်ပေ။

ဥပမာဆိုရလျှင် ထာဝရအင်မော်တယ်နယ်မြေများတွင် မီတာသိန်းဂဏန်းကျော်သော လေပွေများကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။

အင်မော်တယ်ကမ္ဘာ၏နေ့ရက်များမှာပင် ၄င်းက အတိုင်းထက်အလွန် ရှားပါးလှ၏။ လောကတာအို အင်မော်တယ်ဧကရာဇ်တွင် မီတာ ၂၁သန်း ရှိ လေပွေကြီးတစ်ခု ရှိခဲ့ဖူးသည်။ ပိုင်ရှောင်ချန်းနှင့် ယှဥ်နိုင်သည့် တစ်ဦးတည်းသောလူကား မိုးကောင်းကင်ကိုအာခံသော သံယောဇဥ်မဲ့လူသားဖြစ်သော မိစ္ဆာသခင်ပင်။

အချိန်များကုန်လွန်သွား၏။ လေပွေကြီးသည် အင်မော်တယ်ကမ္ဘာ၏အပျက်အစီးများအားလုံးနှင့် အလွန်ဝေးကွာသောနေရာများကိုပင် လှုပ်ခါစေလျက် သုံးနှစ်တိုင်တိုင် ကြာမြင့်လေသည်။ ထိုသုံးနှစ်တာအတောအတွင်း ပိုင်ရှောင်ချန်းမှာ တဝေါဝေါတိုက်ခတ်နေသော လေပြင်းများ၏ သက်ရောက်မှုဒဏ် မခံရပေ။ ထို့ပြင် သူသည် စူးရှတောက်ပစွာလင်းလက်နေသဖြင့် သူ၏ခန္ဓာကိုယ်ပင် ထင်ထင်ရှားရှား မပေါ်တော့ပေ။ သူ့ကိုကြည့်ရသည်မှာ ဟင်းလင်းပြင်တွင် အရှိန်တညီးညီး ထွန်းလင်းတောက်ပနေသည့် တစ်ခုတည်းသောကြယ်ကြီးအလားပင်။

ထို့နောက် မိုးခြိမ်းသံကဲ့သို့ ထစ်ခြုန်းသွားသော်လည်း တဆက်တည်း တီးတိုးဆိုသည်ထက်မပိုသော အသံတစ်သံက အင်မော်တယ်ကမ္ဘာ၏အပျက်အစီးများထဲသို့ စကားပြောလိုက်သည်။

" လောကနတ်ဘုရားအဆင့် "

မီတာ သန်းသုံးဆယ် လေပွေကြီးသည် အင်မော်တယ်ကမ္ဘာ၏ ချောင်ကျိုချောင်ကြားပါမကျန် အရာအားလုံး သက်ရောက်ခံလိုက်ရသည့်တိုင်အောင် ကိုင်လှုပ်ပစ်လိုက်သော ပုံစံဖြင့် ဟိန်းဟောက်အော်မြည်ဟည်း၍ ပြင်းအားကြီးဖြင့် ပေါက်ကွဲထွက်သွားတော့သည်။

၄င်းမှာ ခမ်းနားကြီးကျယ်ကာ အံ့ဩဘနန်းဖြစ်ရပါသည့် မြင်ကွင်းကြီးတစ်ခုပင်။

အင်မော်တယ်ကမ္ဘာကို ဖုံးလွှမ်းထားသော လေပွေကြီးသည် ဟင်းလင်းအပြင်ထဲဝယ် ဖူးပွင့်လာသော ပန်းပွင့်တစ်ပွင့်၏အသွင် တဖြေးဖြေး ဖြစ်ပေါ်လာသဖြင့် ဟင်းလင်းပြင်ကြီး တသိမ့်သိမ့်တုန်ခါသွားတော့သည်။

၄င်းမှာ ပုံရိပ်ယောင်ဖြစ်ပါသော်လည်း သိသိသာသာ မြင်ရသည်။ ထို့နောက် ပုံရိပ်ယောင်ရုပ်သွင်သည် အကောင်အထည်ရှိသော ပန်းတစ်ပွင့်အသွင် လျင်မြန်စွာဖြစ်ပေါ်လာလျက် ကျုံ့လာသဖြင့် အင်မော်တယ်ကမ္ဘာတွင် တည်ရှိသည့် ကျောက်တုံးကျောက်ခဲများ၊ ဖုန်များအားလုံး စတင်တုန်ခါလာ၏။

သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရတနာယပ်တောင်သည် ပိုင်ရှောင်ချန်း၏တာအိုစိတ်ဆန္ဒဖြစ်သော ပန်းပွင့်နှင့်အတူ အင်မော်တယ်ကမ္ဘာ၏အလယ်တွင် မြင်သာလာတော့သည်။

ထိုနေရာတွင် ဖြစ်ပျက်နေသည်များကို လေ့လာစောင့်ကြည့်ရန် တစ်စုံတယောက်ရှိနေခဲ့ပါက အလွန်တရာ အံ့သြတုန်လှုပ်သွားမည် ဖြစ်သည်။

ပန်းသည် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်ကြာသည်အထိ ကျုံ့သွားလေသည်။ ထို့နောက် ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ရာ ပန်းက မြူအမျှင်တန်းများအဖြစ် ပြိုကွဲသွားကာ သူ၏မျက်လုံး၊နား၊ နှာခေါင်းနှင့် ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်။

တဖျစ်ဖျစ်မြည်သံများပဲ့တင်ထပ်လာပြီး သူ၏ဆံပင်က ပို၍ရှည်လျားလာကာ အသားရေမှာ ပို၍ဖြူဖွေးလာသဖြင့် ယခင်ကထက်ပင် ပို၍ ငယ်ရွယ်သည့်ပုံပေါက်သွားတော့သည်။

သူသည် ယခုတွင် ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ပမာ ဖြစ်နေသည့်တိုင် သူ၏မျက်လုံးများကိုဖွင့်လိုက်သောအခါ လွန်စွာ နက်နဲသိမ်မွေ့နေလေ၏။

"လောကနတ်ဘုရားအဆင့် ... "

သူက ထပ်မံတီးတိုးပြောသည်။ သူက စမ်းသပ်ချက်တစ်မျိုးမျိုး လာမည်ဟု ယူဆခဲ့ပြီး သူသာ ထာဝရအင်မော်တယ်နယ်မြေတွင်ဖြစ်ခဲ့ပါက လာခဲ့မည်ဖြစ်သည်။ သို့သော် ယခုတွင် သူသည် အင်မော်တယ်ကမ္ဘာတွင်ဖြစ်ပြီး ၄င်း၏ချီစီးကြောင်းလက်ကျန်ကို စုပ်ယူခဲ့ကာ ၄င်း၏ကာကွယ်စောင့်ရှောက်သူကဲ့သို့ ဖြစ်လာခဲ့၍ စမ်းသပ်ချက်တစ်စုံတရာမလာခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။

သူက ဖြည်းညင်းစွာ ထရပ်လိုက်စဥ် သူ၏အရှိန်အဝါသည် သူ့ပတ်လည်ရှိ ဟင်းလင်းပြင်ကို ပုံပျက်ရှုံ့တွေနေစေတော့သည်။

ဘေးက ပိုင်ရှောင်ချီမှာ တဆတ်ဆတ်တုန်ရီသွား၏။ ပိုင်ရှောင်ချန်းနှင့် သူ၏တဟူးဟူးအုံကြွလျက်ရှိသောစွမ်းအင်ကို ကြည့်ကာ ပိုင်ရှောင်ချီမှာ သူ၏သခင်ဟောင်းကို ကြည့်နေရသည့်အလား ခံစားမိသွားတော့သည်။

All Chapters