← Chapters

လောကတာအို၏ အလျော့မပေးလိုသော စိတ်ဆန္ဒ

Vol. 13 Ch. 1244

လောကတာအို၏ အလျော့မပေးလိုသော စိတ်ဆန္ဒ

Vol. 13 Ch. 1244

ပိုင်ရှောင်ချန်းသည် ရှည်လျားသော ဆံပင်၊ ဖြူဖွေးနုဖတ်သော အသားအရေနှင့် ရပ်နေစဥ် သူ့ရုပ်သွင်က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို ပထမဆုံးဝင်ရောက်ခဲ့စဥ်ကအသွင်သဏ္ဍာန်နှင့် တထေရာတည်းပင်။

သို့သော် သူ၏အရှိန်အဝါက လောကနတ်ဘုရား မဟုတ်သော မည်သည့်ကျင့်ကြံသူကိုမဆို တဆတ်ဆတ်တုန်ရီသွားစေမည် ဖြစ်သည်။ အခြားလောကနတ်ဘုရားများပင် သူက အသားဖြူဖြူ ၊ပိန်ပိန်ပါးပါး ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် ကြောက်စရာကောင်းသော စွမ်းအားတစ်ခု လှုပ်ရှားသက်ဝင်နေကြောင်း ပြောနိုင်သည်။

၄င်းက အပြင်အားမဟုတ်။ ကျင့်ကြံခြင်းအခြေခံစွမ်းအားပင်။ ယခုတွင် သူက တာအိုစိတ်ဆန္ဒ၏ မရေမတွက်နိုင်သော အမျှင်တန်းများဖြင့် ပြည့်နှက်နေပြီး သူ၏အသိစိတ်ပင်လယ်မှာမူ တာအိုသစ်စေ့တစ်စေ့မရှိတော့ဘဲ တာအိုစိတ်ဆန္ဒ၏ပန်းပွင့်တစ်ပွင့် ပါရှိနေလေပြီ။

သူ၏ကျင့်ကြံခြင်းအခြေခံတွင် ပြောင်းလဲမှုများက ထူးဆန်း၏။ သို့သော် သူ၏အပြင်ခန္ဓာကား ယခုတွင် ကျင့်ကြံခြင်းအခြေခံစွမ်းအား၏နောက်တွင် ကျန်ခဲ့ပြီဖြစ်ကြောင်း သူပြောနိုင်ပြီ ဖြစ်သည်။

" ငါ လုပ်ရမယ့် နောက်တစ်ခုက လောကနတ်ဘုရားအဆင့် အပြင်ခန္ဓာကိုယ်ကို ဘယ်လိုရအောင်လုပ်ရမလဲ ရှာဖို့ပဲ... “

ထိုအခါမှသာ သူ့ရင်ထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်ထွက်လာသည်ကို သတိထားမိလိုက်သည်။ များသောအားဖြင့် သူက အဆင့်တက်ခြင်း အောင်မြင်သည်ကို စိတ်လှုပ်ရှားနေတတ်သော လူစားမျိုးဖြစ်ကြောင်း သူ သိသော်လည်း ဤတစ်ကြိမ်တွင် အလွန်တည်ငြိမ်နေလေသည်။ ပထမဆုံး သူ မည်သည့်ခံစားချက်ကိုမျှ မခံစားရပေ။

" အင်မော်တယ်ဧကရာဇ် လောကတာအိုရဲ့ လွှမ်းမိုးမှုဖြစ်ရမယ်... "

ကုန်လွန်သွားသည့်အခိုက်အတန့်တိုင်း စိတ်လှုပ်ရှားမှုများကြီးထွားလာသည်ကို သူ ခံစားလာရပြီး နောက်ဆုံးတွင် ခေါင်းနောက်လှန်၍ အားပါးတရရယ်မောလိုက်တော့သည်။

" ကျုပ် လောကနတ်ဘုရားဖြစ်ပြီ။ နေနှင့်ဦးပေါ့ မိစ္ဆာဧကရာဇ်။ ကျုပ်ပြန်ရောက်ရင် ခင်ဗျားကို တစ်ကွက်၊ နှစ်ကွက်လောက် ပြရသေးတာပေါ့"

ဘေးရှိ ပိုင်ရှောင်ချီမှာ မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း ရပ်နေ၏။ အစောပိုင်းက သူ၏အရှေ့တွင် ရပ်နေသော တင်းမာခက်ထန်သည့်ပုံရိပ်မှာ သူ၏သခင်ဟောင်းကို သတိရစေခဲ့ပြီး သူ့နှလုံးသားကို ရိုသေလေးစားခြင်းများဖြင့် ပြည့်နှက်နေစေခဲ့သည်။ သို့သော် ထိုခံစားချက်မှာ ပိုင်ရှောင်ချန်း၏ရယ်သံကြောင့် ချက်ချင်းဖျက်စီးခံလိုက်ရလေသည်။ ထိုအချိန် ပိုင်ရှောင်ချီမှာ သက်ပြင်းချလိုက်တော့သည်။

ပိုင်ရှောင်ချန်းက ရယ်နေရင်း ယပ်တောင်မျက်နှာထံ နတ်ဘုရားအာရုံကို စေလွှတ်၍ လောကနတ်ဘုရားကျွန်နှစ်ယောက်ကို ဆင့်ခေါ်လိုက်သည်။

ယခုတွင် သူတို့ကို ဆင့်ခေါ်ပြီး ထိန်းချုပ်ရာတွင် များစွာပို၍ လွယ်ကူလေသည်။ ထိုမျှသာမက သူတို့သည် ရတနာယပ်တောင်၏အပြင်တွင် ပို၍ကြာကြာ ရပ်တည်နိုင်လေပြီ။

အမှန်တွင် ယခု လောကနတ်ဘုရားကျွန်များကို သူနှင့်အတူ ထာဝရအင်မော်တယ်နယ်မြေများသို့ ခေါ်ရန် စွမ်းအားအာဏာရှိပြီ ဖြစ်ကြောင်း သူ အာရုံရလိုက်လေသည်။

ထိုနေရာတွင် သူတို့က အများဆုံးရက်အနည်းငယ်ခန့် ခပ်ကြာကြာ မနေနိုင်သေးပါသော်လည်း ထိုသည်က ထိရောက်သော တိုးတက်မှုတစ်ခု ဖြစ်နေသေးသည်။

" လောကနတ်ဘုရားကျွန်နှစ်ယောက်သာ ငါ့ဘေးရှိနေရင် ထာဝရအင်မော်တယ်နယ်မြေတွေထဲမှာ ဘယ်ကောင် ဂြိုဟ်ကြွရဲမတုန်း ကြည့်ကြရသေးတာပေါ့ "

သူက အလွန်စိတ်လှုပ်ရှားနေ၍ ခုန်ဆွခုန်ဆွလုပ်နေသည့်အလား ခံစားနေရလေသည်။ နတ်ဘုရားအာရုံတချို့ ထုတ်လွှတ်ရင်း ယပ်တောင်မျက်နှာထဲရှိ လှေနှင့် ဆက်သွယ်လိုက်ပြီးနောက် သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။

ထစ်ခြုန်းမြည်ဟည်းသံများ ပဲ့ထပ်သွားပြီး လှေက ယပ်တောင်ပျံနိုင်သည်ထက် များစွာပို၍ လျင်လျင်မြန်မြန်ရွေ့လျားကာ ဟင်းလင်းပြင်ထဲ ပျံထွက်လာလေသည်။

ထိုအချိန် ပိုင်ရှောင်ချန်း၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။ လှေသည် သာမန်နှင့်တူဟန်ရှိပါသော်လည်း အမှန်တွင် မိုးမြေဧကရာဇ်အဆင့် အဖိုးတန်ရတနာတစ်ပါး ဖြစ်ကြောင်း သူပြောနိုင်လေသည်။

လှေပေါ်တွင် ရှိနေသော လောကနတ်ဘုရားကျွန်နှစ်ယောက်ဖြင့် ဆိုပါက ၄င်းသည် အဆမတန် မြန်ပြီး ကြောက်ခမန်းလိလိ အတိုက်အခိုက်စွမ်းရည်လည်းရှိမည် ဖြစ်သည်။

" ငါ့အပိုင်ဖြစ်တဲ့ ဒီလှေရယ်၊ ငါ့စွမ်းအားရဲ့ ဗဟိုချက်ဖြစ်တဲ့ယပ်တောင်ရယ်နဲ့ဆို ငါက သေချာပေါက် ခပ်လွယ်လွယ် ရင်ဆိုင်လို့မရတဲ့ကောင်ပဲ "

သူက စိတ်လှုပ်ရှားမှုများဖြင့် ဆူဝေနေသေးလျက် သူ၏အာရုံကို ယပ်တောင်မျက်နှာထဲရှိ မြစ်ထံပြောင်းလိုက်သည်။ သူက လက်ကိုဝှေ့ယမ်း၍ ၄င်းကို ဆင့်ခေါ်ရန် အားထုတ်လိုက်သော်လည်း ၄င်း၏မျက်နှာပြင်တစ်လျှောက် လှိုင်းလုံးအနည်းငယ် ရိုက်ခတ်သွားသည်မှလွဲ၍ ဘာမှမထူးသည်ကိုသာ တွေ့လိုက်ရသည်။

ပိုင်ရှောင်ချီက လည်ချောင်းရှင်းလိုက်၏။

" သခင်လေး ... အဲဒီမြစ်က မိုးမြေဧကရာဇ်အဆင့်ကျင့်ကြံခြင်းအခြေခံနဲ့လူမှ အသုံးပြုလို့ရတာ "

ပိုင်ရှောင်ချန်းမှာ ထိုမျှအလွယ်တကူအရှုံးမပေးလိုဘဲ ထပ်ကာထပ်ကာ ကြိုးစားလိုက်ပါသော်လည်း အချိန်ကုန်သွားသည်ကိုသာ တွေ့လိုက်ရလေသည်။ သို့သော် အကယ်၍ ထိုမြစ်ကို ဆင့်ခေါ်နိုင်ပါက မိစ္ဆာဧကရာဇ်ဖြင့် ထပ်မံတိုက်ခိုက်ရလျှင် အလွယ်တကူသတ်နိုင်မည် ဖြစ်ကြောင်း သူ အာရုံနေပြီ ဖြစ်သည်။

" မိုးမြေဧကရာဇ်အဆင့် နတ်ဘုရားအစွမ်း "

ထို့နောက် သူက ထိပ်တွင် ရှင်သန်ခြင်းနှင့် သေခြင်းတရားတာအိုမျှော်စင် ရှိသော တောင်ကို လှမ်းကြည့်လိုက်သော်လည်း ထိန်းချုပ်ရန်ပင် မကြိုးစားရသေးခင် ပိုင်ရှောင်ချီက နောက်တစ်ကြိမ် ပြောလေသည်။

" တောင်လဲ အတူတူပဲ "

ပိုင်ရှောင်ချန်းမှာ ချီတုံချတုံဖြစ်သွားပြီး အထူးသဖြင့် မျှော်စင်ကို အာရုံစိုက်လိုက်သည်။

" မျှော်စင်လဲ အတူတူပါပဲ "

ပိုင်ရှောင်ချီက ခပ်တိုးတိုးပြော၏။

" ပိတ်ထားစမ်း "

ပိုင်ရှောင်ချန်းက သူ့ကိုစိန်းစိန်းဝါးဝါးစိုက်ကြည့်ရင်း မာဆတ်ဆတ်ပြောလိုက်သည်။ အစောင့်အရှောက်ဝိညာဥ်ကျေးဇူးကြောင့် သူ၏ခံစားချက်များကား ဖျက်စီးခံလိုက်ရလေပြီ။ သူက အေးစက်စက်နှာမှုတ်ရင်း လှေကိုသိမ်းပြီးနောက် ယပ်တောင်၏ ပင်မမျက်နှာပြင်ထံပြန်သွားလိုက်သည်။ အင်မော်တယ်ကမ္ဘာ၏အပျက်အစီးများကို မျှော်ကြည့်ရင်း သရဲအဘွားကြီးနှင့် ထပ်တွေ့ပါက သူမကို ချေမှုန်းနိုင်လောက်မည်ဟု သူ့ဘာသာ ကောက်ချက်ချလိုက်လေသည်။

ထို့နောက် ဖြစ်ပျက်လာသည့်အရာက ပို၍ပင် ထူးဆန်းလာသည်။ သရဲအဘွားကြီးအကြောင်း သူတွေးမိသည်နှင့်တစ်ပြိုင်နက် သူ၏ခံစားချက်များ ထကြွလာသည်ကို ရုတ်ချည်း ခံစားလိုက်ရ၏။ ရုတ်တရက် အကယ်၍ သူမသာ အမှန်တကယ်ပေါ်လာလျှင် သူမထံ အပြေးအလွှားသွားပြီး ဖက်ရန် ပြင်းပြလာမည် ဖြစ်ကြောင်း သူ သဘောပေါက်လိုက်လေသည်။

" ရူးနေတာပဲ။ ငါ စိတ်လှုပ်ရှားတာနည်းအောင် ထိန်းချုပ်နိုင်တယ်။ သံယောဇဥ်မဲ့လူသားရဲ့ ဆွေမျိူးတစ်ယောက်လို ခံစားနေရတာကိုလဲ ထိန်းချုပ်နိုင်တယ်။ ဒါပေမဲ့ ဘာလို့ ဟိုသရဲအဘွားကြီးကို ခံစားချက်တွေရှိနေတာတုန်း။ သောက်ကျိုးနဲ … အဲဒီလိုမဖြစ်ဘူးနော် "

သူက အလွန်ကြောက်လန့်နေသဖြင့် သူ၏မျက်နှာမှ သွေးများပင် ဆုတ်လာတော့သည်။ သရဲအဘွားကြီးပေါ်လာပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်ပါက မည်သို့ဖြစ်လောက်မည်ကို တွေးလိုက်ရုံနှင့် သူ့ကို တဆတ်ဆတ်တုန်ရီသွားစေပြီး ချွေးသီးချွေးပေါက်များပင် ထွက်လာစေတော့သည်။

" ဒီမှာ နားထောင်၊ လူကြီးမင်း လောကတာအို။ ကျုပ်ကို ဒုက္ခမပေးနဲ့။ ကျုပ်က .... ကျုပ်က ခင်ဗျားမဟုတ်ဘူး "

ယခုတွင် သူ၏စိတ်လှုပ်ရှားမှုများမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီး အမှန်တကယ် ငိုချင်နေတော့သည်။

သူ မျက်ရည်ကျတော့မတတ် သုန်မှုန်ဆူပုတ်နေလျက် ထိုင်ချပြီး သရဲအဘွားကြီးအရိပ်အယောင်တစ်စုံတရာရှိ၊ မရှိ ပတ်ဝန်းကျင်ကို စစ်ဆေးရင်း ယပ်တောင်ကို ပျံစေလိုက်သည်။

သို့သော် ယပ်တောင်နှင့်အတူ အချိန်အနည်းငယ်သာ ပျံသန်းပြီးနောက် အင်မော်တယ်ကမ္ဘာ၏အပျက်အစီးများမှပင် မထွက်ခွာရသေးခင် သူ၏အမူအရာရိပ်ခနဲဖြစ်သွားပြီး အောက်ရှိ နေရာတစ်နေရာကို ငုံ့ကြည့်လိုက်သည်။

၄င်းက သရဲအဘွားကြီးမဟုတ်ဘဲ ယခုတွင် ရင်းနှီးနေသည့် အခြားနေရာတစ်နေရာ ဖြစ်သည်။ ထိုနေရာဖြစ်သော အင်မော်တယ်ကမ္ဘာ၏ အပျက်အစီးများထဲ သူမြင်လိုက်ရသည်ကား အနက်ရောင်တိမ်တိုက်များဖြင့် ပြည့်နှက်နေသော တောင်ကြားတစ်ခုပင်။

ထိုတောင်ကြားကို ဝန်းရံထားသည့် ကုန်းမြေသည် ၄င်းပတ်လည်ရှိ ကမ္ဘာ၏ပျက်စီးခြင်းအတောအတွင်း နည်းနည်းလေးပင် မပျက်စီးခဲ့၍ လောကတာအို၏မှတ်ဉာဏ်များထဲတွင် ပိုင်ရှောင်ချန်း မြင်ခဲ့ရသောအချိန်နှင့် တစ်ထပ်တည်း ဖြစ်သည်။

၄င်းသည် သံယောဇဥ်မဲ့လူသားက သူ၏ညီဖြစ်သူနှင့် လမ်းခွဲသွားခဲ့သော နေရာ ဖြစ်၏။

သံယောဇဥ်မဲ့လူသားမှာ ထိုတောင်ကြားကြောင့် အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ ပြောင်းလဲသွားခဲ့ပြီး သူ ပြန်ထွက်လာသောအခါ ကြယ်တာရာကောင်းကင်ကို အမြစ်ဖြုတ်ချေမှုန်းရန် သူ၏ရှာဖွေခြင်းအား စတင်လေသည်။

ရုတ်တရက် ပိုင်ရှောင်ချန်းမှာ မကြံစဖူး လေးနက်လာကြောင်း ခံစားလိုက်ရသည်။ တောင်ကြားထဲရှိ တိမ်တိုက်များကို ကြည့်၍ ရုတ်ချည်း ပြင်းထန်သော အန္တရာယ်အာရုံတစ်ခုကို ခံစားလိုက်ရ၏။ တချိန်တည်းမှာပင် လောကတာအိုနှင့် တစ်ခါက သက်ဆိုင်ခဲ့ဖူးသော မှတ်ဉာဏ်များ သူ၏စိတ်ထဲတွင် နိုးကြားလာတော့သည်။

လောကတာအိုမှာ သံယောဇဥ်မဲ့လူသား မည်သည့်အတွက်ကြောင့် အလွန် ပြောင်းလဲသွားခဲ့ရသည်ကို ဖြေရှင်းချက်တစ်ခုရှာဖွေရန်အလို့ငှာ တောင်ကြားသွားရန် တွေးခဲ့ဖူးကြောင်း သူ မှတ်မိသည်။ ထိုအချိန်က သူသည် မိုးမြေဧကရာဇ်တစ်ပါးဖြစ်လာခဲ့ပြီး ဖြစ်သည့်တိုင် တောင်ကြားကို မရှာနိုင်ခဲ့ပေ။

တောင်ကြားမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည့်အလားပင်။ လောကတာအို မည်မျှရှာဖွေစေကာမူ မရှာနိုင်ခဲ့ပေ။ ၄င်းက သေဆုံးသွားခဲ့သည့်အလားပင်။

သို့သော် ယခုတွင် နှစ်ပေါင်းများစွာအကြာ အင်မော်တယ်ကမ္ဘာ၏ကျန်ရှိသမျှအားလုံးက အပျက်အစီးများသာဖြစ်လာပြီးနောက် တောင်ကြားသည် ပိုင်ရှောင်ချန်း၏တည်ရှိမှု တည့်တည့်တွင် ပြန်ပေါ်လာ၏။ ပိုင်ရှောင်ချန်း၏ပင်ကိုယ်စရိုက်ကို စဥ်းစားကြည့်ပါက ယခု လောကနတ်ဘုရားတစ်ပါးပင် ဖြစ်လင့်ကစား ထိုတောင်ကြားထဲ ခြေပင်ချမည် မဟုတ်ပေ။ သူ လှည့်ပြီး ထွက်သွားမည်သာ ဖြစ်သည်။

သို့ပေမည့် သူ အကြည့်လွှဲပြီး ယပ်တောင်ကို အဝေးသို့ စေလွှတ်ရန် ပြင်လိုက်ချိန်မှာပင် သူ၏အမူအရာရိပ်ခနဲ ဖြစ်သွား၏။ ထို့နောက် သူက သူ၏ခန္ဓာကိုယ်မှာ သူ၏ကိုယ်ပိုင်ထိန်းချုပ်မှုအောက်တွင် မရှိသည့်အလား ယပ်တောင်မှ ထွက်ပြီး တောင်ကြားထံ ဦးတည်သွားလေသည်။

တချိန်တည်းမှာပင် ပြင်းထန်သောစိတ်ခံစားချက်များ သူ၏ခန္ဓာကိုယ်ထဲ တလိပ်လိပ်တက်လာတော့သည်။

ခံစားချက်များက ပိုင်ရှောင်ချန်းနှင့်မသက်ဆိုင်သောအရာတစ်ခုဖြစ်သည့် မြဲမြံသော အာရုံစူးစိုက်မှုတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ၄င်းသည် အင်မော်တယ်ဧကရာဇ် လောကတာအို၏ မှတ်ဉာဏ်များမှ လာဟန်တူသည်။ ၄င်းမှာ ပိုင်ရှောင်ချန်းကို ထိုတောင်ကြားထဲဝင်ရောက်ပြီး အတိတ်ကနှစ်များအတွင်း သူကိုယ်တိုင် မရှာနိုင်ခဲ့သော အမှန်တရားများကိုရှာဖွေရန် ပိုင်ရှောင်ချန်းကို တွန်းအားပေးနေသည့် ရူးသွပ်သောအခြေအနေတစ်ရပ်နှင့် တူလေသည်။

ပိုင်ရှောင်ချန်းက သက်ရောက်မှုများကို ရုန်းကန်နေရသဖြင့် မျက်လုံးများနီရဲလာလျက် ဟိန်းဟောက်လိုက်သည်။ သူ့ခေါင်းထဲတွင် စိတ်နှစ်မျိုးရှိနေပြီး လောကတာအို၏ မြဲမြံသောအာရုံစူးစိုက်မှုမှ ထိန်းချုပ်ခံထားရသော ဘက်ခြမ်းမှာ တောင်ကြား၏လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် မည်သည့်အရာကိုမဆို လုပ်ချင်နေလေသည်။

ဆက်လက်ရုန်းကန်နေချိန်မှာပင် ပိုင်ရှောင်ချန်းမှာ ရှေ့ဆက်လျှောက်သွား၏။ သူ ပြိုင်ဆိုင်နေရသည်မှာ မိုးမြေဧကရာဇ်တစ်ပါး၏စိတ်ဆန္ဒဖြစ်သည် မဟုတ်ပါလော။ လောကတာအိုအတွက် တောင်ကြားမှာ အလွန်အရေးပါလွန်းလေသည်။ မကြာခင် ထိုစိတ်ဆန္ဒမှာ မီးအလား တောင်လောင်လာရာ ပိုင်ရှောင်ချန်း တဆတ်ဆတ်တုန်ရီသွားပြီး တုန့်ခနဲရပ်သွားသည်အထိ သက်ရောက်သွားတော့သည်။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူက ခေါင်းမော့လိုက်သည်။ ထိုအခိုက်အတန့်၌ သူ့ထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါမှာ ပိုင်ရှောင်ချန်း၏အရှိန်အဝါနှင့် အလွန်ကွဲထွက်နေလေသည်။

အင်မော်တယ်ကမ္ဘာ၏ အပျက်အစီးများမှာ ပိုင်ရှောင်ချန်းထံ ဝပ်စင်းလိုသည့်အလား တသိမ့်သိမ့်တုန်ရီလာ၏။ တချိန်တည်းမှာပင် ပိုင်ရှောင်ချီမှာ တဆတ်ဆတ်တုန်ယင်သွားပြီး အော်လိုက်သည်။

" သခင်လေး "

All Chapters