← Chapters

အာဏာပြခြင်း

Vol. 13 Ch. 1250

အာဏာပြခြင်း

Vol. 13 Ch. 1250

လောကနတ်ဘုရားအဆင့်ကျင့်ကြံခြင်းအခြေခံ ရှိသည့်တိုင် ပိုင်ရှောင်ချန်းမှာ လွန်စွာ လှပကြော့ရှင်းသော အမျိုးသမီးများအကြား ရောက်နေသည်ကို တွေ့ရလိုက်သဖြင့် ရှက်သွေးဖြာနေသေးသည်။ သူက ချောင်းဟန့်၍ သူ့တပည့်ပိုင်ဟောက်အတွက် စွန့်စားပေးချင်နေသည့်အပေါ် အံ့သြနေမိတော့သည်။

" ဟောက်အာရေ … မင်းရဲ့ အဲဒီလို စွမ်းအင်အခိုးအငွေ့ကို ခံစားနေရလို့ ဆရာက ပုံမှန်ဆို ဘယ်တော့မှ မလုပ်ချင်တဲ့အရာကို လုပ်ပေးနေတာနော် "

ပိုင်ရှောင်ချန်းမှာ သူကိုယ့်သူ အထင်ကြီးနေတော့သည်။ သူက အင်္ကျီလက်စကို ခါရမ်း၍ ခါယမ်း၍ ကြေညာလိုက်သည်။

" မင်းတို့ရဲ့ အကောင်းဆုံးအစားအစာ ၊ နှစ်ချို့သေရည်တွေ ယူလာခဲ့ကြ "

ဆောင်ကြာမြိုင်၏သခင်မကြီးက ခပ်သွပ်သွက် အမိန့်များပေးလိုက်သည်။ ထိုအချိန် အမျိုးသမီးများက ကားယားကားယားနှင့်ဟိတ်ဟန်ထုတ်နေသော ပိုင်ရှောင်ချန်းကို စံအိမ်ထဲ တွဲခေါ်သွားလေသည်။

စံအိမ်ထဲတွင် မျက်စိကျိန်းမတတ် စူးရှသောအလင်းများဖြင့် တဖျပ်ဖျပ်လက်နေပြီး အလွန်အကျွံ အလှဆင်ထား၏။ သူ၏ဘဝတွင် များစွာ တွေ့မြင်ခဲ့ဖူးသည့် ပိုင်ရှောင်ချန်းပင် အထင်ကြီးသွားလေသည်။ စားပွဲများ၊ ထိုင်ခုံများမှာ အင်မော်တယ်ကျောက်စိမ်းဖြင့် ထွင်းထုထားခြင်းဖြစ်ပြီး ကြမ်းခင်းကြွေပြားများသည်လည်း ထိုနည်းတူပင်။ တစ်နေရာလုံးကို နတ်ဘုံနတ်နန်းပမာ ဖြစ်စေရန် မန္တန်ဝင်္ကပါများကိုလည်း ခင်းကျင်းထားလေသည်။

အတွင်းကို အလင်းပေးထားသော ဖယောင်းတိုင်များအား စျေးကြီးသောဆေးပင်ပစ္စည်းများဖြင့် ပြုလုပ်ထား၏။ ဆေးတာအိုပညာတွင် မဟာသခင်တစ်ယောက်ဖြစ်၍ ပိုင်ရှောင်ချန်းသည် တစ်ရှိုက်ကလေးရှူလိုက်ရုံနှင့် အနည်းဆုံး ထိုဆေးပင် ခုနစ်ပင် ၊ ရှစ်ပင်ခန့်မှာ မခန့်မှန်းနိုင်သောတန်ဖိုးရှိသည့် ဒဏ္ဍာရီလာ အင်မော်တယ်ဆေးပင်များဖြစ်ကြောင်း ပြောနိုင်လေသည်။

သို့ထိတိုင် ထိုကဲ့သို့ဖယောင်းတိုင်တစ်ထောင်ကျော်ရှိရာ အံ့သြတုန်လှုပ်နေသော ပိုင်ရှောင်ချန်းမှာ ထိုလူများက သေချာပေါက် အလွန်ချမ်းသာကြောင်း ကောက်ချက်ချမိလိုက်တော့သည်။

အားလုံးအထဲ အံ့သြစရာအကောင်းဆုံးက နတ်ဘုရားအာရုံအရဖြစ်စေ၊ ပကတိအမြင်အာရုံအရဖြစ်စေ၊ သူ့ပတ်လည်ရှိ အရာအားလုံးမှာ ပုံရိပ်ယောင် မဟုတ်ပေ။ တစ်နည်းဆိုရလျှင် စံအိမ်၊ ဖယောင်းတိုင်များနှင့် ကြမ်းခင်းကြွေပြားများအားလုံး အစစ်အမှန်ဖြစ်လေသည်။

ကလူမြူဆွယ်သောအမျိုးသမီးများက အံ့အားသင့်နေသောသူ့ကို ကျောက်စိမ်းဖြင့်ပြုလုပ်ထားသော ထိုင်ခုံတစ်ခုံထံ ခေါ်ဆောင်သွားပြီး ထိုထိုင်ခုံတွင် သူက ရင်တဒိန်းဒိန်းခုန်နေလျက် ထိုင်ချလိုက်၏။ အမျိုးသမီးများက စားစရာများ၊ ဝိုင်များဖြင့် တည်ခင်းဧည်ခံရင်း ဆံပင်ကလေးများကို စွဲမက်ဖွယ်ကောင်းစွာ ပွတ်သပ်လိုက်၊ ချစ်စဖွယ်အသံလေးများဖြင့် စကားပြောလိုက်နှင့် သူ့ပတ်လည်တွင် ဝိုင်းထိုင်နေကြလေသည်။

တန်ခိုးအရှိန်အဝါကြီးမားသော ဗဟိုဧကရာဇ်တစ်ပါး ဖြစ်သည့်တိုင် ပိုင်ရှောင်ချန်းမှာ ဤကဲ့သို့ ဖူးဖူးမှုတ် မခံခဲ့ရဖူးပေ။ သူ၏အဖော်မဲ့ဟင်းလင်းပြင်ခရီးစဥ်များက အတော်လေး ငြီးငွေ့စိတ်ကုန်စရာကောင်းသည့်အချက်ကို ထည့်ပေါင်းလျှင် ဤရုတ်ချည်း ခြေလှမ်းအပြောင်းအလဲမှာ အမှန်တကယ် အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းလေသည်။

သူက ဝိုင်ခွက်ကို အနီးကပ်လေ့လာစစ်ဆေးပြီးနောက် အားပါးတရရယ်ပြီး တစ်ခွက်လုံး မော့ချလိုက်သည်။ ထို့နောက် သူက အရသာရှိသော စားစရာများနှင့် ဝိညာဥ်သစ်သီးများအား စားသောက်လေသည်။ အမျိုးသမီးများမှာ သိသိသာသာ ကလူမြူဆွယ်စွာ စကားပြောလိုက်၊ ရှက်ရွံစွာ ရှောင်ဖယ်လိုက်နှင့် မူနေလေသည်။ အတန်ငယ်ကြာသော် မိန်းမပျိုတချို့က ရှေ့တက်လာပြီး မြင်ကွင်းတစ်ခုလုံးကို ယခင်ထက်ပင်ပို၍ အသက်ဝင်သွားစေသည့် အကတစ်ကွက်ဖြင့် စတင်ဖျော်ဖြေတော့သည်။

အပျိုစင်မိန်းကလေးနှစ်ယောက်က ပိုင်ရှောင်ချန်း၏ဂုတ်နှင့် ပခုံးတို့ကို လာရောက်နှိပ်နယ်ပေးပြီး အတော်လေး စွဲမက်ဖွယ်ကောင်းသော အမျိုးသမီးတစ်ယောက်က သူ သောက်ရန်အတွက် သူ၏ဝိုင်ခွက်ကို မြှောက်ပေးလေသည်။ သခင်မကြီးမှာမူ ဖော်ရွေစွာပြုံးရင်း ဘေးတွင်ရပ်နေ၏။

လောကနတ်ဘုရားကျွန်နှစ်ယောက်သည်လည်း အမျိုးသမီးများစွာဖြင့် ဝတ္တရားသိတတ်စွာ အပြုစုခံနေကြလေသည်။ စကားပြောသံများ၊ ရယ်သံများနှင့် သီချင်းသံတို့ အတူတကွပေါင်းစပ်သွားသဖြင့် ပိုင်ရှောင်ချန်းက တဟားဟားအော်ရယ်လိုက်ပြီး သူ၏မျက်လုံးများတွင် စူးရှတောက်ပသောအလင်းများဖြင့် လင်းလက်လာတော့သည်။

ပိုင်ဟောက်၏အမှတ်အသား ဆက်လက်သက်ဝင်နေသော အချက်ကြောင့်သာမဟုတ်လျှင် ပိုင်ရှောင်ချန်းမှာ ခရီးရှည်များပြီးနောက် စိတ်အေးလက်အေးသာ ပျော်မွေ့နေမိမည်ဖြစ်သည်။ သို့သော် အချိန်တို့ကုန်လွန်လာသည်နှင့်အမျှ သခင်မကြီး၏ အပြုံးမှာ ပို၍ လျှို့ဝှက်ဆန်းကြယ်လာသည်။ ထို့ပြင် ကချေသည်များဖြစ်စေ၊ တေးသီဆိုသူများဖြစ်စေ၊ ပိုင်ရှောင်ချန်းကို နှိပ်နယ်ပေးနေသော အပျိုစင်မိန်းကလေးနှစ်ယောက်ပင် ထူးဆန်းသောအလင်းများဖြင့် မျက်ဝန်းများ တောက်ပလာတော့သည်။

သူတို့၏ လက်သည်းများက အနက်ရောင်ပြောင်းသွားပြီး ပို၍ရှည်လာကာ သူတို့၏အမူအရာများမှာ ရက်စက်ကြမ်းကြုတ်သည့်အသွင်ပြောင်းလာလေသည်။ သူတို့၏ဆံပင်များမှာ ပို၍ ရှည်လာ၏။ ပိုင်ရှောင်ချန်းက မျက်လုံးများပိတ်လျက် ဇိမ်ခံနေစဥ် ၄င်းတို့အားလုံး လျင်မြန်စွာဖြစ်ပျက်သွားခြင်း ဖြစ်သည်။

တခဏလေးအတွင်း သခင်မကြီးသည် ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါးသရဲအသွင် ပြောင်းလဲသွားခဲ့လေပြီ။ သူမက လောဘများဖြင့် မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် ပိုင်ရှောင်ချန်းထံ ခုန်အုပ်လိုက်၏။

ကြည့်ရသရွေ့ သူမ၏လှုပ်ရှားမှုက အချက်ပြခြင်းဖြစ်တန်ရာသည်။ အခြားအမျိုးသမီးများသည်လည်း မကောင်းဆိုးဝါးများအသွင် ပြောင်းလဲသွားကာ ပိုင်ရှောင်ချန်းနှင့် သူ၏လောကနတ်ဘုရားကျွန်နှစ်ယောက်အပေါ် ခုန်အုပ်လိုက်သည်။

သီချင်းသံရပ်သွားကာ စူးစူးဝါးဝါးဟိန်းဟောက်သံများ လေထဲ ပြည့်နှက်သွားပြီး ဖယောင်းတိုင်အလင်းမှာ ရုတ်တရက် အစိမ်းရောင်သမ်းသွားပြီး သေမင်းအငွေ့အသက်များ ထုတ်လွှတ်လာ၏။ မြေကြီးသည်လည်း မတူတော့ပေ။ ကြမ်းခင်းကြွေပြားများကား ယခုတွင် အရိုးများမှ ပြုလုပ်ထားရာ တစ်နေရာလုံး သင်္ချိုင်းကုန်းတစ်ခုပမာ ဖြစ်နေတော့သည်။

စံအိမ်ကား သင်္ချိုင်းကုန်းပမာ ဖြစ်လာကာ ပို၍ ခြောက်ကပ်လာသည်။

ထူးဆန်းစွာပင် အရသာရှိသောစားစရာများနှင့် ဝိုင်များကား ပြောင်းလဲမသွားပေ။ တစ်နည်းနည်းဖြင့် ဤမကောင်းဆိုးဝါးသရဲများကား အမှန်ပင် တကယ့်စားစရာများနှင့် ယဇ်ရွှေရည်များ ဖန်တီးခဲ့ဟန်တူသည်။

ဤပြောင်းလဲမှုများအားလုံး ဖြစ်ပျက်သွားပြီး အမျိုးသမီးများက မကောင်းဆိုးဝါးသရဲများအသွင်ပြောင်းကာ ပိုင်ရှောင်ချန်းနှင့် သူ၏လောကနတ်ဘုရားကျွန်များထံ ခုန်အုပ်လိုက်စဥ် ပိုင်ရှောင်ချန်းမှာ သီချင်းလေး တသည်းညည်းနှင့် မလှုပ်မယှက်ထိုင်နေလေသည်။ သို့သော်ငြား သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်သွား၏။

" မဆူစမ်းနဲ့ "

သူက ဒေါသထွက်နေဟန်ဖြင့် ပြောလိုက်သည်။ သူက အင်္ကျီလက်စကို ခါယမ်း၍ စွမ်းအင်တစ်ချက် ပို့လွှတ်လိုက်ရာ မကောင်းဆိုးဝါးများ နောက်သို့ လူးလိမ့်ထွက်သွားသဖြင့် ၄င်းတို့၏ပါးစပ်များမှ မချိတင်ကဲအော်သံများ ပဲ့တင်ထပ်သွားပြီး မျက်လုံးများထဲတွင် အံ့သြမှုအရိပ်အယောင်များ လက်သွားလေသည်။

လောကနတ်ဘုရားကျွန်များက သူတို့ကျင့်ကြံခြင်းအခြေခံ စွမ်းအားအပြည့်ကို ဆင့်ခေါ်၍ ရိပ်ခနဲလှုပ်ရှားကာ ရှေ့ပေါက်နှင့်နောက်ပေါက်ကို ပိတ်လိုက်ကြသည်။ နတ်ဘုရားအာရုံများ ထွက်ပေါ်လာပြီး မည်သည်မကောင်းဆိုးဝါးမှ ထွက်မပြေးအောင် တားဆီးလိုက်ကြလေသည်။

မကောင်းဆိုးဝါးသရဲများ ဆက်လက်အော်ဟစ်နေကြပြီး ပိုင်ရှောင်ချန်းကြောင့် ထိခိုက်အောင်လုပ်ထားသူများ နောက်သို့ လူးလိမ့်သွားသည့်အချိန်မှာပင် သူက သူ၏အကြည့်ကို သခင်မကြီးထံ လွှဲလိုက်သည်။

သူမ မျက်နှာပျက်သွားပြီး ထွက်ပြေးရန်ပြင်လိုက်သော်လည်း မပြေးနိုင်ခင် ပိုင်ရှောင်ချန်းက သူမကို လှမ်းဆွဲလိုက်လေသည်။

" အခုချက်ချင်းပြန်ပြောင်းစမ်း"

သူက ခေါင်းကိုမော့၍ ပြောလိုက်သည်။

" ကိုယ်တော်ပိုင်က သာမန်သရဲလေးတွေကို သိပ်မြင်ရတတ်တာမဟုတ်ဘူး။ မင်းက ရာရာစစ အသွင်ပြောင်းပြီး ငါ့ကို ခြောက်ရဲတယ်ပေါ့။ မြန်မြန်လုပ်စမ်း။ စကားပြောတာ တော်သင့်ပြီ။ ပြန်ပြောင်းပြီး ပြန်ကကြ "

နှစ်နှင့်ချီ၍ သရဲများကို သူ ကြောက်ခဲ့ရပြီး သရဲများအား ခြောက်လှန့်နိုင်မည့် နေ့တစ်နေ့ ရောက်ရှိလာလိမ့်မည်ဟု သူ တစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။ သူ့အတွက် ဘဝ၏အထွပ်အထိပ်သို့ရောက်ရန် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။ သို့သော် တစ်ခုခုလိုနေသည့်အလား သူ ခံစားနေရဆဲဖြစ်ပြီး မီးတောက်ဖန်တီးရန် သခင်မကြီး၏ဝိညာဥ်ကိုအသုံးပြုခြင်းက ပြီးပြည့်စုံသောအတွေ့အထိဖြစ်၊မဖြစ် ချင့်ချိန်စဥ်းစားကြည့်လေသည်။ သို့သော် ထိုအချိန် ပိုင်ဟောက်ထံမှ လာနေသောအခိုးအငွေ့များကား ပို၍ပြင်းထန်လာတော့သည်။

" အီး "

ပိုင်ရှောင်ချန်းက ညည်းညူလိုက်၏။ တခဏကြာတွေးပြီးနောက် သူသည် သခင်မကြီး၏ဝိညာဥ်ကို သူ့လက်ခုံပေါ်ရှိ အမှတ်အသားထံသို့ ဖိချလိုက်လေသည်။ သူတို့နှစ်ခုထိသည်နှင့်တစ်ပြိုင်နက် အမှတ်အသားမှာ ဆွဲငင်အားဖြင့် ပေါက်ကွဲထွက်သွားပြီး အော်ဟစ်နေသော သခင်မကြီးကို အထဲဆွဲငင်လိုက်၏။

သခင်မကြီး၏ဝိညာဥ်ကို စုပ်ယူပြီးနောက် ကျေနပ်သွားသောအခိုးအငွေ့များ ပိုင်ဟောက်၏အမှတ်အသားမှ ထွက်ပေါ်လာပြီး တခဏကြာသော် တစတစငြိမ်သက်သွားလေသည်။ ကြည့်ရသရွေ့ လိုအပ်ခဲ့သည်မှာ သခင်မကြီး၏ဝိညာဥ်သာ ဖြစ်ပုံရသည်။ ပိုင်ဟောက်သည် အခြားသရဲများကို နည်းနည်းလေးပင် ဂရုစိုက်ပုံမရပေ။

ပိုင်ရှောင်ချန်းက မခိုးမခန့်ရယ်၍ စားပွဲကို ဝုန်းခနဲ ထုလိုက်လေသည်။

" ငါ ဝိုင်ကုန်သွားပြီး။ သွားထပ်ယူချည် "

မကောင်းဆိုးဝါးသရဲများအားလုံး အလွန်လှပသောအမျိုးသမီးများအသွင် အလျင်အမြန်ပြောင်းလဲသွားကြပြီး ပိုင်ရှောင်ချန်းကိုကြည့်နေသော သူတို့၏မျက်ဝန်းကလေးများမှာ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် လင်းလက်နေတော့သည်။ သခင်မကြီး၏ဝိညာဥ်ကို သူစုပ်ယူခဲ့သည့်အချက်မှာ သူတို့အတွက် ကြောက်မက်ဖွယ်ကောင်းလေရာ သူတို့ကို တုန်ရီသွားစေသည်။ ချက်ချင်းပင် သူတို့က သီဆိုကခုန်ခြင်းများ ပြန်စလိုက်ပြီး ပိုင်ရှောင်ချန်းကို ထပ်မံဧည့်ခံလာကြ၏။

သို့သော် သူတို့ အလွန်အမင်း ကြောက်လန့်နေသဖြင့် ကခုန်၊ သီဆိုနေသည်ကို ကူးစက်သွားလေသည်။ သူ၏ပခုံးနှစ်ဖက်ကို နှိပ်နယ်ပေးနေသော မိန်းကလေးများသည်လည်း ထိုနည်းတူပင်။

ပိုင်ရှောင်ချန်းက မျက်လုံးများကို ပိတ်၍ သူ၏အောင်မြင်မှုကို ခံစားနေတော့သည်။ တဖြေးဖြေးနှင့် အမျိုးသမီးများမှာ တည်ငြိမ်လာပြီး သူမြန်နိုင်သမျှမြန်မြန် ထွက်သွားစေရန်သာ ဆုတောင်းနေတော့သည်။

အမှန်ပင် ပိုင်ရှောင်ချန်းကား ဘယ်နည်းနှင့်မှ သူတို့ကို အသာတကြည် အလွှတ်ပေးမည် မဟုတ်ပေ။ သူက စားကောင်းသောက်ဖွယ်များကို မြိန်ရေရှက်ရေ သုံးဆောင်၍ ဘေးပတ်ဝန်းကျင်ကို တစ်နေ့လုံး ဇိမ်ခံနေတော့သည်။ နောက်တစ်နေ့ညနေတွင် သူက မျက်လုံးများဖွင့်ပြီး အဖော်မဲ့ဟင်းလင်းပြင်ခရီးစဥ်ကို ပြန်စတင်ရန် အချိန်ကျပြီဖြစ်ကြောင်း သဘောပေါက်လိုက်၏။

သို့သော်ငြား သူ အလွန်စိတ်ကြည်နေသည်။ ဤကဲ့သို့ စိတ်ကြည်နူးဖွယ်အခိုက်အတန့်မျိုးအား ရှာဖွေရန် ခက်ခဲသည် မဟုတ်ပါလော။

" ဒီအမျိုးသမီးတွေအားလုံးက ဝိညာဥ်တွေဖြစ်ပေမယ့် သေချာပေါက် ထူးခြားတယ်။ သူတို့ကို ဒီမှာ ထားခဲ့ရင် အလကားဖြစ်ရာကျတာပေါ့။ ငါ ဗဟိုဧကရာဇ်နိုင်ငံပြန်ရောက်ရင် သူတို့ကို သီချင်းဆိုခိုင်း ကခုန်ခိုင်းလို့ ရလောက်မှာပဲ … "

ဤသည်က သေချာပေါက် အကောင်းဆုံးစိတ်ကူးဖြစ်ကြောင်း ကောက်ချက်ချလိုက်ရင်း သူ၏နှလုံးသားတစ်ခုလုံး တဒိန်းဒိန်းခုန်လာတော့သည်။ သူ၏ရည်းစားစာများ သိမ်းပိုက်ခံခဲ့ရကတည်းက သူ့အိတ်ထဲတွင် သူတစ်ခုခုလိုနေသလို ခံစားနေခဲ့ရသည် မဟုတ်ပါလော။

သူက ဝင်းလက်နေသော မျက်ဝန်းများဖြင့် ပြော၏။

" ငါလိုနေခဲ့တာက သီချင်းကောင်းလေးတွေနဲ့ ကကွက်နည်းနည်းပါးပါးကိုး။ ဟုတ်တယ်၊ ငါ သူတို့ကို ငါနဲ့အတူခေါ်သွားရမယ်။ နောက်တစ်ခေါက် သူတော်စင်ဧကရာဇ်နဲ့တွေ့ရင် သူ့ကို ပြမယ်။ အဲ့ဘိုးတော်ကြီးတော့ လုံးဝမနာလိုဖြစ်သွားမှာပဲ"

ဤသည်မှာ လုပ်ဆောင်ရန်အကောင်းဆုံးအရာဖြစ်ကြောင်း ယုံကြည်၍ သူက ထရပ်ပြီး လက်ကိုဝှေ့ယမ်းလိုက်လေသည်။

" အခုစပြီး မင်းတို့မိန်းကလေးတွေအားလုံး ငါနဲ့ အတူရှိရမယ် "

All Chapters