← Chapters

ပိုင်ဟောက်ကို အသက်သွင်းခြင်း

Vol. 13 Ch. 1252

ပိုင်ဟောက်ကို အသက်သွင်းခြင်း

Vol. 13 Ch. 1252

သူက အသက်ပြင်းပြင်းတစ်ချက်ရှူ၍ သုံးဆယ်ရောင်ခြယ်မီးတောက်ကို သူ့လက်ခုံပေါ်ရှိ အမှတ်အသားထံသို့ ဖြည်းညင်းစွာ ရွှေ့လိုက်သည်။ သူ ထိုသို့လုပ်လိုက်စဥ် ပိုင်ဟောက်၏ဝိညာဥ်သည် မကြုံစဖူး ပြင်းထန်သော အခိုးအငွေ့များ ထုတ်လွှတ်လာတော့သည်။

" ဟောက်အာ ... "

သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထို့နောက် သူသည် နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရပြီး များပြားသောရင်းမြစ်များနှင့် အားထုတ်ခဲ့ရသည့် သုံးဆယ်ရောင်ခြယ်မီးတောက်ကိုယူပြီး အမှတ်အပေါ် တင်လိုက်၏။

ထိုသို့ သူ လုပ်လိုက်သည့်အခိုက်အတန့်တွင် စူးရှတောက်ပသောအလင်းရောင်များ ဖြာထွက်လာ၏။ လွန်ခဲ့သောနှစ်များစွာက ပိုင်ဟောက်သည် ပိုင်ရှောင်ချန်းအား သေရေးရှင်ရေးအခြေအနေမှ ကယ်တင်ရန်အလို့ငှာ လိုအပ်သည့် နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးရန် သူ့ကိုယ်သူ စတေးခဲ့၏။

အတုံ့အလှည့်အနေဖြင့် ပိုင်ရှောင်ချန်းက တစ်ခါက ပိုင်ဟောက်၏ကျန်ခဲ့သမျှအားလုံးဖြစ်ခဲ့သော အမှတ်အတွင်းမှ ပိုင်ဟောက်ကို အသက်ပြန်သွင်းရန် အလွန်တရာများပြားသောတန်ဖိုးတစ်ခု ပေးဆပ်ခဲ့လေသည်။

အမှတ်မှ ဖြာထွက်တောက်ပနေသော အလင်းက ပို၍တောက်ပလာစဥ် ပိုင်ရှောင်ချန်း၏ စိုးရိမ်စိတ်များ မြင့်တက်လာ၏။ သူက ၄င်းကို စိုက်ကြည့်ပြီးရင်း ကြည့်နေပြီး နောက်ဆုံး အမှတ်သည် သူ၏လက်မှ အပေါ်တက်၍ သူ့အရှေ့တွင် ဝဲနေပြီးနောက် ဝိညာဥ်အခိုးအငွေ့များ ထုတ်လွှတ်လာတော့သည်။

ဝိညာဥ်၏ပုံရိပ် ပုံပေါ်လာသဖြင့် အခိုးအငွေ့များ ပို၍ပြင်းထန်လာ၏။ ပိုင်ရှောင်ချန်း ကြည့်နေချိန်မှာပင် ၄င်းက ပိုင်ဟောက် ဖြစ်လာလေသည်။

"ဟောက်အာ... "

သူက စိတ်လှုပ်တရှား အသက်ရှူလိုက်၏။ ပိုင်ဟောက်၏မျက်ခွံများ တဖျပ်ဖျပ်လှုပ်လာပြီး မျက်လုံးများ ဖွင့်လိုက်လေပြီ။ စစချင်း ဇဝေဇဝါဖြစ်နေလျက် သူ၏အကြည့်သည် နောက်ဆုံး ပိုင်ရှောင်ချန်းအပေါ် ကျရောက်လာပြီး သူ့တစ်ကိုယ်လုံး တုန်ရီသွားလေသည်။

" ဆရာ "

ပိုင်ရှောင်ချန်း၏မျက်နှာပေါ်တွင် နှစ်လိုဖွယ်အပြုံးလေးတစ်စ ဖြစ်ထွန်းလာ၏။ ဤပြန်လည်ဆုံးစည်းမှုအတွက် နှစ်ပေါင်းများစွာ သူ စောင့်စားနေခဲ့ရလေသည်။ ပိုင်ဟောက်၏မှတ်ဉာဏ်များမှာ အနည်းငယ်ရှုပ်ထွေးနေသေးသော်လည်း သူ့ဆရာကို သူမြင်သောအခါ အရာအားလုံး အဆင်ပြေသွားပုံပေါ်ပြီး စိတ်တည်ငြိမ်သွားလေသည်။ နှစ်ပေါင်းများစွာတစ်လျှောက်လုံး သူ့ဆရာသာ သူ၏တစ်ဦးတည်းသော မိသားစုဝင်ဖြစ်ခဲ့သည် မဟုတ်ပါလော။

ယခု သူတို့နှစ်ယောက် အတူတူပြန်ရှိသွားပြီဖြစ်ရာ အရာအားလုံး တည်ငြိမ်အေးချမ်းသွားပုံရလေသည်။ တဖြေးဖြေးနှင့် အပြုံးတစ်စသည် ပိုင်ဟောက်မျက်နှာပေါ်တွင်လည်း ဖြစ်ထွန်းလာ၏။ သူက ဒူးထောက်၍ သုံးကြိမ်တိုင်တိုင် ဂါဝရပြုအရိုအသေပေးလိုက်လေသည်။

" အရမ်းကြာခဲ့တယ် ဆရာရယ်... "

ရယ်သံများက နွေးထွေးမှုဖြစ်လာပြီး ဝမ်းမြောက်ခြင်းကား မိသားစုအချစ်အသွင် ပြောင်းလဲသွားတော့သည်။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းနှင့် ပိုင်ဟောက်သည် စကားစမြည်ပြောဆိုလာပြီး ဘယ်တော့မှ အဆုံးသတ်တော့မည့်ဟန်မတူပေ။ ပိုင်ရှောင်ချန်းက လေလုံးထွားနေစဥ် ပိုင်ဟောက်မှာ သူ သေဆုံးပြီးနောက် ဖြစ်ပျက်ခဲ့သော အရာအားလုံးကို တဖြေးဖြေးနားလည်လာတော့သည်။ ကောင်းကင်တံတားဒေသ မည်သို့ဖျက်စီးခံခဲ့ရကြောင်း သိရပြီး ထာဝရအင်မော်တယ်နယ်မြေများအကြောင်းလည်း သိရှိလာလေသည်။ သူ့ဆရာ ရရှိခဲ့သောဂုဏ်ကျက်သရေများနှင့် သူ့ကြောင့် တတိယမြောက်အင်အားကြီးနိုင်ငံ မည်ကဲ့သို့ ပေါ်ထွက်လာခဲ့ကြောင်း ကြားသိလာရသည်။

" ေဩာ် … ဟုတ်သားပဲ ။ မင်းရဲ့ ဆရာက အခု လောကနတ်ဘုရားတစ်ပါးကွ။ လောကနတ်ဘုရားတွေအကြောင်းကြားဖူးလား။ ထာဝရအင်မော်တယ်နယ်မြေအားလုံးမှာ သုံးယောက်ပဲရှိတာ “

" ပြီးတော့ ငါက သာမန်လောကနတ်ဘုရားမဟုတ်ဘူး။ မိစ္ဆာဧကရာဇ်နဲ့ သူတော်စင်ဧကရာဇ်နှစ်ယောက်လုံးကို အသာလေး ချေမှုန်းနိုင်တယ် "

ဘေးက ပိုင်ဟောက်မှာ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်၏။ သို့သော် ပိုင်ရှောင်ချန်းအကြောင်း ကောင်းကောင်းသိထားပြီး သူသဘောကျသည့်အရာကို နားလည်လေသည်။ သူက လေးစားကြည်ညိုစွာရွှန်းလက်နေသော မျက်ဝန်းများဖြင့် ပြောသည်။

" ဆရာ၊ ဆရာက အမြဲတမ်း တစ်မိုးအောက် ပြိုင်ဘက်ကင်းခဲ့တာပဲ။ ဆရာ ဘယ်သွားသွား အမြဲတမ်း အုတ်အော်သောင်းနင်းဖြစ်သွားစေခဲ့တာပဲလေ။ ကျွန်တော်ကတော့ အဲဒီလို လေးစားမှုအရာမှာတော့ ဆရာ့ခြေဖျားတောင် မမှီဘူးဗျာ။ ကျွန်တော် တိုးတက်ဖို့ အကောင်းဆုံးကြိုးစားရမယ်ထင်တယ် "

ပိုင်ဟောက်၏ ရိုးသားသောမြှောက်လုံးများကြောင့် ပိုင်ရှောင်ချန်းက တဟားဟားရယ်လိုက်သည်။ ထို့နောက် သူက ပိုင်ဟောက်ကို လက်ညှိုးထိုပြီး ခက်ခဲသော်လည်း အတန်ငယ်ပို၍လေးလေးနက်နက် ပြုမူရန်ကြိုးစားလိုက်၏။

" ဟောက်အာ ငါ မင်းနဲ့ပတ်သက်ပြီး အမြဲသဘောကျတဲ့ အရာတွေထဲက တစ်ခုက မင်း အမြဲတမ်း အမှန်ပြောတာပဲကွ။ မဆိုးဘူး။ လုံးဝမဆိုးဘူး "

ပိုင်ဟောက်က ရယ်သည်။ သူ့ဆရာပျော်သရွေ့ သူလည်း ပျော်သည်။ သူ့ဆရာက သူ့ကိုကယ်တင်ရန် ဖြတ်သန်းခဲ့ရသည့်အရာအားလုံးကို တွေးလိုက်ရုံနှင့် သူ၏နှလုံးသားထဲတွင် နွေးထွေးသော ခံစားချက်များ ပေါက်ဖွားလာတော့သည်။

ဤအချိန်တွင် ပိုင်ရှောင်ချန်းက သူ၏လက်ကို ဝှေ့ယမ်းပြီး ကြွားလုံးအနည်းငယ်ထပ်ထုတ်ရန် ပြင်လိုက်ချိန်မှာပင် ရုတ်တရက် ယပ်တောင်မျက်နှာ၏ အတွင်းက တောင်ပေါ်ရှိ ရှင်သန်ခြင်းနှင့်သေခြင်းတရားတာအိုအနှစ်သာရ တည်ရှိရာ ဧရာမမျှော်စင်ကြီးက ရုတ်တရက် တုန်ခါသွားပြီး အနက်ရောင်နှင့်အဖြူရောင်အလင်းနှစ်မျိုးလုံး စတင်ထုတ်လွှတ်လာလေသည်။

ပိုင်ရှောင်ချန်းမှာ ချက်ချင်းပါးစပ်အဟောင်းသားဖြစ်သွားပြီး ဘေးရှိ ပိုင်ရှောင်ချီက အော်လိုက်၏။

" ရှင်သန်ခြင်းနဲ့ သေခြင်းတရား တာအိုအနှစ်သာရ စုပ်ယူခံရတယ်။ ဘုရားရေ … ဘယ်...ဘယ်လိုလုပ် ဖြစ်နိုင်တာတုန်း "

ရှေးမဆွက အစောင့်အရှောက်ဝိညာဥ်မှာ ပိုင်ရှောင်ချန်း၏ ကြွားလုံးထုတ်နေသည့်အပေါ် လှောင်ပြုံးပြုံးနေခဲ့သော်လည်း ယခုတွင် ရှင်သန်ခြင်းနှင့် သေခြင်းတရား တာအိုမျှော်စင်ထံ တန်းတန်းမတ်မတ် ပျံသန်းသွား၏။ ပိုင်ရှောင်ချန်းနှင့် ပိုင်ဟောက်သည်လည်း အလွန်လေးနက်သောအသွင်များဖြင့် အပြေးအလွှားသွားလိုက်သည်။

ယပ်တောင်၏မျက်နှာထဲ ဝင်လိုက်သည်နှင့် ပိုင်ရှောင်ချန်းက သူ၏နတ်ဘုရားအာရုံကို မျှော်စင်ထဲ ပို့လွှတ်လိုက်ရာ လေထဲလွင့်မျောနေသော စုန့်ချွဲ၏အလောင်းကို မြင်လိုက်ရလေသည်။

ရှင်သန်ခြင်းနှင့် သေခြင်းတရား တာအိုအနှစ်သာရမှ ဖြစ်ပေါ်လာသာ မြူစီးကြောင်းနှစ်ကြောင်းက သူ့ကိုရစ်ပတ်ထားပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ တဖြေးဖြေး စီးဝင်နေလေသည်။

" သူ....သူ... သူတကယ်ကြီး အလုပ်ဖြစ်အောင် လုပ်လိုက်တာလား "

ပိုင်ရှောင်ချီ လွှတ်ခနဲပြောလိုက်၏။

" မဖြစ်နိုင်ဘူး။ အဓိပ္ပါယ်မှ မရှိတာ... "

ရုတ်တရက် အသံကျယ်ကျယ်ပြောမိလိုက်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ ပင့်သက်ရှိုက်သွားပြီး ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။ ပိုင်ရှောင်ချန်းက စုန့်ချွဲအပေါ်တွင်သာ လုံးလုံးလျားလျား အာရုံစိုက်နေကြောင်း သတိထားမိသည်နှင့် သူ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်လေသည်။

အမှန်တွင် အောင်မြင်နိုင်ခြေများမှာ လွန်ခဲ့သောနှစ်များက ပိုင်ရှောင်ချီ ညွှန်းဆိုခဲ့သည်ထက် ပို၍ အလွန်တရာ နည်းပါးသည်။ ဤမျှော်စင်မှာ လောကတာအို၏ ကနဦးလေ့လာမှုအဆင့်များတွင်သာ ရှိခဲ့သည် မဟုတ်ပါလော။ သို့သော် ယခုတွင် သူ၏အယူအဆများ မှန်ကန်ကြောင်း သက်သေပြခံလိုက်ရလေပြီ။

" စုန့်ချွဲ... "

ပိုင်ရှောင်ချန်းက ခပ်တိုးတိုးရေရွတ်လိုက်သည်။ စုန့်ချွဲတွင် နက်ရှိုင်းသော သေခြင်းအရှိန်အဝါတစ်ခုရှိသေးသော်လည်း ယခုတွင် ကွဲပြားသည့်ပုံပေါ်ပြီး သိသာထင်ရှားစွာပင် မတည်ရှိခြင်းချောက်နက်အတွင်းမှ ပြန်လှည့်လာနေပြီ ဖြစ်သည်။

သေချာစွာ စုန့်ချွဲမှာ ရှင်သန်ခြင်းနှင့် သေခြင်းတရားတာအိုအနှစ်သာရဖြင့် ပေါင်းစည်းနေပြီး သူအောင်မြင်သွားလျှင် အသက်ပြန်ရှင်လာမည် ဖြစ်သည်။ ထိုမျှသာမက မည်သို့မည်ဖုံဖြစ်ကြောင်း ပြသရန် ခက်ခဲပါသော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်က ခြားနားသွားလောက်မည်ဖြစ်၏။ ကံဆိုးစွာပင် ပိုင်ရှောင်ချန်းတွင် အသေးစိတ်ဆုံးဖြတ်ရန် နည်းလမ်း မရှိပေ။ ပိုင်ရှောင်ချီမှာမူ အံသြတုန်လှုပ်နေရာမှ အသိပြန်ဝင်လာပြီး ပိုင်ရှောင်ချန်းတွေးနေသောအရာကို သဘောပေါက်ပြီးနောက် အလျင်အမြန် ရှင်းပြပေးလေသည်။

" သခင်လေး ဒီတာအိုရောင်ရင်းက တာအိုအနှစ်သာရနဲ့ ကောင်းကောင်းပေါင်းစည်းနိုင်ပါတယ်။ ဘယ်ကမ္ဘာရဲ့ အသိအမှတ်ပြုမှုကိုမှ မရနိုင်တာကြောင့် မိုးမြေဧကရာဇ်အစစ်ဖြစ်လာမှာမဟုတ်ပေမယ့် အဲဒီအဆင့်ကိုမရောက်ဘဲ သခင်လေးရနိုင်သလို စွမ်းအားကြီးလိမ့်မယ်။ သူက မိုးမြေဧကရာဇ်တစ်ပိုင်းအဆင့်ရဲ့ အထွတ်အထိပ်မှာ ဖြစ်မယ် “

" ဒါပေမဲ့ ပေါင်းစည်းခြင်းဖြစ်စဥ် မြန်မလား၊ နှေးမလားကတော့ သူ့ကံတရားအပေါ် မူတည်တယ်။ ဘာပဲပြောပြော ဒါမျိုး အရင်က တစ်ခါမှ မဖြစ်ခဲ့ဖူးဘူးလေ "

ပိုင်ရှောင်ချီက မျက်နှာပေါ်တွင် ရောထွေးသောခံစားချက်များဖြင့် စုန့်ချွဲကို လှမ်းကြည့်လိုက်သည်။ ရှင်သန်ခြင်းနှင့် သေခြင်းတရား တာအိုအနှစ်သာရမှာ အင်မော်တယ်ဧကရာဇ် လောကတာအို၏ တာအို ဖြစ်သည်။ အကယ်၍ စုန့်ချွဲသာ ပေါင်းစည်းမှုဖြစ်စဥ်ကို အောင်မြင်လျှင်တော့ တစ်နည်းနည်းဖြင့် သူသည် လောကတာအို၏ အဓိကတာအိုသင်ခန်းစာများနှင့်အယူဝါဒများ၏ စစ်မှန်သောဆက်ခံသူ ဖြစ်လာမည် ဖြစ်သည်။

ပိုင်ရှောင်ချီ၏ ရှင်းပြချက်ကို ကြားပြီး စုန့်ချွဲကို တခဏအနီးကပ်ကြည့်ရှုပြီးနောက် ပိုင်ရှောင်ချန်း၏နှလုံးသားမှာ ပျော်ရွှင်ဝမ်းမြောက်မှုများဖြင့် ခုန်လာတော့သည်။ ပိုင်ဟောက်က ပိုင်ရှောင်ချန်း၏ အသက်ကို ကယ်ခဲ့သည်ဟု ပြောနိုင်သော်လည်း စုန့်ချွဲက သူ့တာအိုလက်တွဲဖော်များ၏အသက်နှင့် မမွေးသေးသောကလေးများကို ကယ်တင်ခဲ့လေသည်။ ထိုသည်မှာ ပိုင်ရှောင်ချန်း ဘယ်တော့မှ မေ့မည်မဟုတ်သည့် ကြင်နာမှုတစ်ရပ် ဖြစ်ပေသည်။

သူက မျက်လုံးများ တလက်လက်တောက်ပနေလျက် သက်ပြင်းချပြီး လက်ယှက်၍ စုန့်ချွဲကို ဦးညွှတ်လိုက်သည်။ ထို့နောက် လှည့်ထွက်သွားလေသည်။

ထိုအခိုက်အတန့်တွင် ထာဝရအင်မော်တယ်နယ်မြေများရှိ အင်ပါယာနိုင်ငံသုံးနိုင်ငံမှာ ကျလာခဲ့သော ကျောက်တုံးများကို ရှာဖွေနေကြပြီး ရှာတွေ့သော သက်ရှိအရာများကို ဖမ်းလျှင်ဖမ်း၊ ဖျက်ဆီးလျှင်ဖျက်ဆီးနေကြသည်။

သို့သော် အကြောင်းကိစ္စများကား ကောင်းကောင်းသွားမနေပေ။ ကျောက်တုံးများမှာ မိုးမြေဧကရာဇ်၏အရှိန်အဝါဖြင့် သက်ရောက်ခံထားရပြီး သူတို့ကျရောက်သည့် နယ်မြေတိုင်းကို ပုပ်သိုးဆွေးမြည့်သွားစေလေသည်။ အကယ်၍ အလျင်အမြန်ရှာတွေ့ပါက အကျိုးဆက်များကို အတိုင်းအတာတစ်ခုအထိ တိုက်ခိုက်ချေမှုန်းနိုင်သေး၏။ ကံဆိုးစွာပင် တချို့နေရာများမှာ ကောင်းကင်ဧကရာဇ်တစ်ပါး ဝင်ပါရန် လိုအပ်လေသည်။

တစ်လကုန်ဆုံးသွားပြီး ကျောက်တုံးများစွာအား ခြေရာခံရှာဖွေခဲ့ကြသော်လည်း အားလုံးမှာ အစိုင်အခဲအတိ ဖြစ်နေကြ၏။ တစ်ခုမှာ အပေါ်ထက် မိုးမြေဧကရာဇ်၏ အသွေးသားကိုယ်ပွားများ ပါရှိပုံမရပေ။ အမှန်တကယ်ဆိုရလျှင် ကိုယ်ပွားတစ်ကိုယ်ပါဝင်သည့် ကျောက်တုံးတစ်တုံးသာ ပေါ်ပေါက်ခဲ့ပြီး ထိုသည်က သူတော်စင်ဧကရာဇ်နိုင်ငံအတွင်း ဖြစ်သည်။

ဗဟိုဧကရာဇ်နိုင်ငံနှင့် မိစ္ဆာဧကရာဇ်နိုင်ငံ၏ နယ်စပ်အနား တစ်နေရာတွင် သရဲကြီးဘုရင်က လေဟုန်ခွင်းလျက် ပျံသန်းနေလေသည်။ ကောင်းကင်ဧကရာဇ်တစ်ပါးအနေဖြင့် သူသည် ကျဆင်းလာခဲ့သော ကျောက်တုံးခုနစ်တုံးကို တာဝန်ယူပြီး ဖျက်စီးလျှင်ဖျက်စီး၊ သို့မဟုတ် စုဆောင်းလျှင်စုဆောင်းခဲ့၏။ ယခုတွင် သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက် နောက်ထပ် ကျဆင်းလာခဲ့သောကျောက်တုံးတစ်တုံးအား ရှာဖွေတွေ့ရှိခဲ့သည့်နေရာကို ဦးတည်နေခြင်း ဖြစ်သည်။

ကံကောင်းထောက်မစွာ ၄င်းမှာ ဘယ်သူမှ မနေထိုင်သော ချောင်ကျသည့်မြေရိုင်းတစ်နေရာဖြစ်သည်။ ထို့ကြောင့် ပျံနှံ့လာသော ဆွေးမြေ့ခြင်း၏သက်ရောက်မှုများမှာ အန္တရာယ်သိပ်မများပေ။ ထိုမျှသာမက သရဲကြီးဘုရင်၏ ကောင်းကင်ဧကရာဇ်ကျင့်ကြံခြင်းအခြေခံက ဆွေးမြေ့ခြင်းသက်ရောက်မှုများကို ပျောက်ပြယ်စေနိုင်စွမ်း ရှိလေသည်။ သူ တရိပ်ရိပ်ပျံသန်းနေစဥ် ကျောက်တုံး၏တည်နေရာသည်လည်း နီးသည်ထက် နီးလာတော့သည်။

" ဒီကျောက်တုံးနဲ့ ရင်ဆိုင်ပြီးရင် ငါမြို့တော်ကိုပြန်မယ် "

သူက သက်ပြင်းချရင်း တွေးလိုက်သည်။ "ဒီအဖြစ်အပျက်က အကျိုးဆက်တွေများမှာ စိုးလိုက်တာ "

All Chapters